Hedgehog And Tiger [Myanmar T...

By Prunus_Tae

327K 53.8K 1.3K

Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I do... More

|Intro|
|1|
|2|
|3|
|4|
|5|
|6|
|7|
|8|
|9|
|10|
|11|
|12|
|13|
|14|
|15|
|16|
|17|
|18|
|19|
|20|
|21|
|22|
|23|
|24|
|25|
|26|
|27|
|28|
|29|
|30|
|31|
|32|
|33|
|34|
|35|
|36|
|37|
|38|
|39|
|40|
|41|
|42|
|44|
|45|
|46|
|47|
|48|
|49|
|50|
|51|
|52|
|53|
|54|
|55|
|56|
|57|
|58|
|59|
|60|
|61|
|62|
|63|
|64|
|65|
|66|
|67|
|68|
|69|
|70|
|71|
|72|
|73|
|74|
|75|
|76|
|77|
|78|
|79|
|80|
|81|
|82|
|83|
|84|
|85|
|86|
|87|
|88|
|89|
|90|
|91|
|92|
|93|
|94|
|95|
|96|
|97|
|98|
|99|
|100|
|101|
|102|
|103|
|104|
|105|
|106|
|107|
|108|
|109|
|110|
|111|
|112|
|113|
|114|
|115|
|116|
|117|
|118|
|119|
|120|
|121|
|122|
|123|
|124|
|125|
|126|
|127|
|128|
|129 - END|
|Extra 1|
|Extra 2|
|Extra 3|
|Extra 4|
|Extra 5|
|Extra 6|
|Extra 7|
|Extra 8|
|Extra 9|

|43|

2.2K 427 7
By Prunus_Tae

[Unicode]

ဖြစ်စဉ်တစ်ခုလုံးက ရိုးရှင်းလှပါတယ်။

ချစ်ကျွမ်းဝင်နေတဲ့စုံတွဲဟာ လတ်တလောမှာ ဟယ်ရှင်းချွမ်နဲ့တွေ့ထားမိတယ်။
ဒီမနက်မှာတော့ ကျောင်းအုပ်ကြီးဆူတာကိုခံလိုက်ရတယ်။
သူတို့တွေးမိတာက 'ဟယ်ရှင်းချွမ်တိုင်လိုက်တာပဲဖြစ်ရမယ်' ဆိုပြီးပေါ့။

ကောင်လေးက ဒေါသကြီးသူတစ်ယောက်။
အတန်းထဲပြန်ရောက်ရောက်ချင်းမှာပဲ ဟယ်ရှင်းချွမ်ကိုဆွဲထိုးလေတော့တယ်။

ဟယ်ရှင်းချွမ်ဆိုတာ ငယ်ငယ်လေးကတည်းကလက်မပါတတ်တဲ့သူ၊ အဲ့တော့ ထိုးနှက်ချက်ကိုခံလိုက်ရတယ်။
အတန်းသားတွေသာဝိုင်းမဆွဲခဲ့ဘူးဆိုရင်၊ ဟယ်ရှင်းချွမ်မျက်နှာပေါ်မှာ ဒီ့ထက်ပိုပြီးဒဏ်ရာတွေများလောက်တယ်။

ဆရာမကတော့ သူ့ဘက်မှာရပ်တည်ပေးခဲ့ပါတယ်။
သို့သော်လည်း...ဘာမှမဆိုင်ပဲအထိုးခံလိုက်ရတာ...ဟယ်ရှင်းချွမ် စိတ်တိုနေတုန်းပဲ။

မုန့်တစ်ကိုက်ကိုက်တိုင်း တကျွတ်ကျွတ်ဖြစ်နေတဲ့ဖြူလေးကြောင့်၊ ယန်ထန်လည်း စိတ်မကောင်းနိုင်တော့ဘူး။
စိတ်မကောင်းပေမဲ့ မဆူလို့လည်းမဖြစ်ပြန်ဘူးလေ
"မင်းရည်းစားက ရန်ပွဲတိုင်းအနိုင်ယူခဲ့တာ! မင်းက ဒီပုံစံအရိုက်ခံလာရလား? အဓိပ္ပာယ်မရှိတာကွာ!"

ဟယ်ရှင်းချွမ်ကတော့ မသိချင်ယောင်ဆောင်ထားပုံပဲ၊ မုန့်ကိုသာငုံ့ကြည့်နေတယ်။

"ဘယ်သူကပြောခဲ့တာလဲ? ငါ့လက်တွေကဘောပင်ကိုင်ဖို့သပ်သပ်ဆို! ရန်ဖြစ်ဖို့မဟုတ်ဘူးဆို!"

"ဒါဆိုထမင်းစားရင် ခြေထောက်နဲ့တူကိုင်မှာလား? ဘောပင်ကိုင်ပြောတာနဲ့ ဘာမှမလုပ်တော့ဘူးလား?"

မုန့်စားလို့ပြီးချိန်မှာ၊ ဟယ်ရှင်းချွမ်လက်တွေဟာ ယန်ထန့်ပါးတွေကိုဆွဲညှစ်လို့နေတယ်။
"အကျင့်မကောင်းတဲ့လူကြီး!"

စိတ်တိုရတာမှန်ပေမဲ့ ဖြူလေးလည်းဝမ်းနည်းနေသေးပုံပဲ...

ဟယ်ရှင်းချွမ်မျက်နှာကိုကြည့်မိတိုင်း ယန်ထန့်စိတ်တွေဟာ မအီမသာဖြစ်နေရတုန်း။
အတန်းတက်ခေါင်းလောင်းသံကို ကြားရတော့
"အတန်းမတက်နဲ့တော့၊ အပြင်ထွက်လည်ရအောင်"

ဟယ်ရှင်းချွမ်က ရုပ်သေလေးနဲ့ပြန်ကြည့်တယ်
"ငါ့အဆင့်တွေ? ကျသွားရင်တာဝန်ယူမှာလား?"

စိတ်ဆိုးချင်ယောင်ဆောင်နေတဲ့ဖြူလေးကြောင့် ယန်ထန့်နှလုံးသားဟာ ကလိကလိဖြစ်နေရပြီ။
မေးစေ့လေးကိုဆွဲမော့စေလိုက်ပြီး
"တက္ကသိုလ်မတက်ရရင်အောင် ထန်ကောက တင်ကျွေးထားနိုင်ပါတယ်"

"ဖတ်! ဖတ်! လွဲပါစေ! ချော်ပါစေ!"

ကျောင်းလုံခြုံရေးအလစ်မှာ၊ အုတ်နံရံကိုကျော်ခွကာ ကျောင်းလစ်ခဲ့ကျတယ်။

ဟယ်ရှင်းချွမ်က ကျောင်းယူနီဖောင်းကိုမှ ဝတ်စုံပြည့်နဲ့။
တရုတ်ကျောင်းယူနီဖောင်းတွေက တကယ်ကြီးရုပ်ဆိုးတာ...နက်ပြာရောင်နဲ့ အဖြူရောင်ကို ရောစပ်ထားတယ်။
ရုပ်ဆိုးပေမဲ့၊ ဟယ်ရှင်းချွမ်ဝတ်ရင်တော့ အလိုလိုကြည့်ကောင်းသွားသလိုပဲ!

ယန်ထန်၏နှစ်ဖက်မြင်အဆင့်အတန်းများ။

နှစ်ယောက်က မောလ်တစ်ခုဆီလျှောက်လာခဲ့ကျတာ၊ ဒီရာသီက အနည်းငယ်အေးတယ်။
ဆောင်းဦးရဲ့လေပြေလေညှင်းတွေဟာ အေးစိမ့်စိမ့်ခံစားချက်မျိုးလေး။

"ဒီဟာစမ်းဝတ်ကြည့်"
ဟယ်ရှင်းချွမ်ကို အဝတ်လဲခန်းထဲတွန်းပို့ထားပြီး၊ ယန်ထန့်တာဝန်ကတော့ အဝတ်တွေရွေးပေးဖို့။

အဆက်မပြတ်အဝတ်လဲနေရသူလေးဟယ်ရှင်းချွမ်ဟာ တိတ်တိတ်လေးခိုးကျိန်ဆဲချင်နေပြီ။

ထားပါတော့လေ...ယောက်ျားကောင်းတစ်ယောက်က သူ့ချစ်သူလေးစကားကိုနားထောင်သင့်တယ်!

ဒီလိုနဲ့ပဲ၊ ဟယ်ရှင်းချွမ်ဟာ မပြီးစီးနိုင်သော အဝတ်အစားရှိုးပွဲကြီးဆင်နွှဲနေရရှာတယ်။

"ဒီအရောင်က မင်းနဲ့မလိုက်ဘူး၊ မီးခိုးရောင်နဲ့လဲဝတ်ကြည့်"
ယန်ထန်ကတော့ သူ့ဖြူလေးကိုအဝတ်အစားဆင်ရတာ သဘောတွေ့နေပုံပါပဲ။

ထန်ကောရဲ့ အေးတိအေးစက်မျက်နှာကိုပဲမကြည့်နဲ့!
တကယ်တော့ ယန်ထန်ကဖက်ရှင်အမြင်အရမ်းရှိတာ..အဝတ်ဗီရိုမှာဆို ဟယ်ရှင်းချွမ်အခြမ်းက ချောင်ချောင်ချိချိနဲ့၊ ယန်ထန့်ဘက်ကတော့ ကျပ်သိပ်နေတတ်တယ်။
ဟယ်ရှင်းချွမ်ဘက်ခြမ်းကိုတောင် သူ့အင်္ကျီတွေလာထည့်ထားသေး!

မီးခိုးဖျော့ရောင်သိုးမွှေးအင်္ကျီ၊ အတွင်းမှာက အဖြူရောင်တီရှပ်နဲ့၊ ကာကီရောင်ဘောင်းဘီရှည်ရယ် ဘွတ်ဖိနပ်ရယ်။

ဟယ်ရှင်းချွမ်ပုံကိုကြည့်ပြီး ယန်ထန်ကတော့အပြည့်အဝကျေနပ်သွားရပြီ။
ခပ်ဟဟပေါ်နေတဲ့ညှပ်ရိုးတွေကို လှမ်းထိတွေ့လိုက်ကာ
"အေးနေလား?"

"ဟင့်အင်း လေမှသိပ်မတိုက်တာ"

အေးတဲ့အချိန်ကျမှ လည်စည်းဝယ်ပေးရမယ်!
ယန်ထန်က တွေးလိုက်ပြီး၊ ငွေရှင်းဖို့အတွက် ကတ်ထုတ်ပေးလိုက်တယ်။

ဆိုင်ဝန်ထမ်းက နှစ်ယောက်စီလာဖို့တွေးနေတာကြာခဲ့ပြီ။ ဒါပေမဲ့၊ အင်္ကျီရွေးပေးနေတဲ့ယန်ထန်ကိုမြင်ချိန်မှာ နှစ်ယောက်ရဲ့ဆက်ဆံရေးကိုခန့်မှန်းဖို့ကိုပဲ ပိုစိတ်အားထက်သန်သွားတယ်။

ကျောင်းယူနီဖောင်းနဲ့တစ်ယောက်က အရပ်ရှည်တယ်၊ ဒါပေမဲ့ ပိုပိန်တယ်။
နှုတ်ခမ်းထောင့်နားမှာ အနာကပ်ပလာစတာကပ်ထားပြီး၊ အနည်းငယ် ခပ်ဆိုးဆိုးပုံလေးပေါက်နေတယ်။ မျက်ခုံးတန်းတန်းလေးတွေနဲ့၊ ညာဘက်မျက်လုံးကတော့ မျက်ကပ်မှန်တပ်ထားလားမသိဘူး အရောင်ဖျော့ဖျော့မျိုးလေး။
တစ်ဖက်လူက အဆက်မပြတ်အဝတ်လဲခိုင်းနေပေမဲ့၊ နည်းနည်းလေးတောင်မှ စိတ်မရှည်ပုံမပေါ်ဘူး။

နောက်တစ်ယောက်ကတော့ ခဏခဏစျေးဝယ်ထွက်ဖူးတာဖြစ်ရမယ်၊ မြင်ဖူးနေတဲ့မျက်နှာပဲ။
မြင်လိုက်တိုင်း မတူညီတဲ့အားကစားဖိနပ်တွေနဲ့၊ ပိုက်ဆံရှိအသိုင်းအဝိုင်းကဆိုတာ အသိအသာကြီး!

အရပ်ရှည်ရှည် မျက်လုံးစူးစူးတွေရှိတယ်။
စိုက်ကြည့်နေချိန်မျိုးမှာ လူကိုချွေးပြန်အောင်လုပ်နိုင်စွမ်းတွေရှိတယ်...အခုလက်ရှိလိုပေါ့...

ဆိုင်ဝန်ထမ်းဟာ အပြုံးတွေကိုမနည်းချိတ်ဆွဲထားရတယ်၊ ငွေဖြတ်ပိုင်းကမ်းပေးပြီးမှပဲ သက်ပြင်းချနိုင်တော့တယ်။

ငွေဖြတ်ပိုင်းသာမကမ်းပေးမိရင် ငါ့များထရိုက်တော့မလားမသိဘူး!?

အပြင်မှာကအေးတယ်။
ယန်ထန်က ဟယ်ရှင်းချွမ်လက်ကို သူ့အိတ်ကပ်ထဲထည့်ပေးထားတယ်။
"နေ့လည်အတွက် ဘာစားချင်လဲ?"

ပတ်ဝန်းကျင်မှာ လူသူနည်းပါးနေတာကြောင့်၊ ဟယ်ရှင်းချွမ်ဟာလည်း ယန်ထန့်လက်ဖဝါးကိုတင်းတင်းဆုတ်ကိုင်ထားမိတယ်။
"အပြင်မှာမစားဘဲ၊ အိမ်ပြန်ပြီး ဟော့ပေါ့လုပ်စားရင်ရော?"

"ရတယ်လေ၊ အအေးသက်သာအောင် အစပ်တစ်အိုးပါလုပ်စားရအောင်"

ဟယ်ရှင်းချွမ်အကြည့်တွေဟာ ယန်ထန့်ဘက်ရောက်လာတယ်
"တစ်ယောက်တစ်လှမ်းဆုတ်ရအောင်! ငါကအစပ်စားမယ်၊ မင်းလည်း ဂျင်းပြုတ်ရည်သောက်ပေးရမယ်နော်!"

သူတို့နှစ်ယောက်ရဲ့အစားအသောက်ခံတွင်းတွေ့မှုက လုံးဝကွာခြားတယ်လို့ပဲဆိုရလိမ့်မယ်။

ဟယ်ရှင်းချွမ်က ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်မျိုးသဘောကျတယ်၊ အစပ်သိပ်မစားဘူး။

ယန်ထန်ကတော့ ခပ်ပြင်းပြင်းအရသာမျိုးကိုကြိုက်တာ၊ အရမ်းလည်းဂျီးများသေးတယ်။
အထူးသဖြင့် ဂျင်းပြုတ်ရည်ပေါ့၊ သောက်ခိုင်းတိုင်း ရန်ဖြစ်ရတယ်။

လမ်းလည်ခေါင်မှာရပ်တန့်နေရင်း၊ နှစ်ယောက်သားအကြည့်ချင်းဆုံနေမိတယ်။ ဘယ်သူ့ဖက်ကမှ အလျော့ပေးချင်ပုံမရဘူး။

ခဏအကြာမှာတော့ ယန်ထန့်အသံထွက်လာတယ်
"တစ်ခွက်ပဲနော်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]

ျဖစ္စဥ္တစ္ခုလုံးက ႐ိုးရွင္းလွပါတယ္။

ခ်စ္ကြၽမ္းဝင္ေနတဲ့စုံတြဲဟာ လတ္တေလာမွာ ဟယ္ရွင္းခြၽမ္နဲ႔ေတြ႕ထားမိတယ္။
ဒီမနက္မွာေတာ့ ေက်ာင္းအုပ္ႀကီးဆူတာကိုခံလိုက္ရတယ္။
သူတို႔ေတြးမိတာက 'ဟယ္ရွင္းခြၽမ္တိုင္လိုက္တာပဲျဖစ္ရမယ္' ဆိုၿပီးေပါ့။

ေကာင္ေလးက ေဒါသႀကီးသူတစ္ေယာက္။
အတန္းထဲျပန္ေရာက္ေရာက္ခ်င္းမွာပဲ ဟယ္ရွင္းခြၽမ္ကိုဆြဲထိုးေလေတာ့တယ္။

ဟယ္ရွင္းခြၽမ္ဆိုတာ ငယ္ငယ္ေလးကတည္းကလက္မပါတတ္တဲ့သူ၊ အဲ့ေတာ့ ထိုးႏွက္ခ်က္ကိုခံလိုက္ရတယ္။
အတန္းသားေတြသာဝိုင္းမဆြဲခဲ့ဘူးဆိုရင္၊ ဟယ္ရွင္းခြၽမ္မ်က္ႏွာေပၚမွာ ဒီ့ထက္ပိုၿပီးဒဏ္ရာေတြမ်ားေလာက္တယ္။

ဆရာမကေတာ့ သူ႔ဘက္မွာရပ္တည္ေပးခဲ့ပါတယ္။
သို႔ေသာ္လည္း...ဘာမွမဆိုင္ပဲအထိုးခံလိုက္ရတာ...ဟယ္ရွင္းခြၽမ္ စိတ္တိုေနတုန္းပဲ။

မုန္႔တစ္ကိုက္ကိုက္တိုင္း တကြၽတ္ကြၽတ္ျဖစ္ေနတဲ့ျဖဴေလးေၾကာင့္၊ ယန္ထန္လည္း စိတ္မေကာင္းႏိုင္ေတာ့ဘူး။
စိတ္မေကာင္းေပမဲ့ မဆူလို႔လည္းမျဖစ္ျပန္ဘူးေလ
"မင္းရည္းစားက ရန္ပြဲတိုင္းအႏိုင္ယူခဲ့တာ! မင္းက ဒီပုံစံအ႐ိုက္ခံလာရလား? အဓိပၸာယ္မရွိတာကြာ!"

ဟယ္ရွင္းခြၽမ္ကေတာ့ မသိခ်င္ေယာင္ေဆာင္ထားပုံပဲ၊ မုန္႔ကိုသာငုံ႔ၾကည့္ေနတယ္။

"ဘယ္သူကေျပာခဲ့တာလဲ? ငါ့လက္ေတြကေဘာပင္ကိုင္ဖို႔သပ္သပ္ဆို! ရန္ျဖစ္ဖို႔မဟုတ္ဘူးဆို!"

"ဒါဆိုထမင္းစားရင္ ေျခေထာက္နဲ႔တူကိုင္မွာလား? ေဘာပင္ကိုင္ေျပာတာနဲ႔ ဘာမွမလုပ္ေတာ့ဘူးလား?"

မုန္႔စားလို႔ၿပီးခ်ိန္မွာ၊ ဟယ္ရွင္းခြၽမ္လက္ေတြဟာ ယန္ထန္႔ပါးေတြကိုဆြဲညႇစ္လို႔ေနတယ္။
"အက်င့္မေကာင္းတဲ့လူႀကီး!"

စိတ္တိုရတာမွန္ေပမဲ့ ျဖဴေလးလည္းဝမ္းနည္းေနေသးပုံပဲ...

ဟယ္ရွင္းခြၽမ္မ်က္ႏွာကိုၾကည့္မိတိုင္း ယန္ထန္႔စိတ္ေတြဟာ မအီမသာျဖစ္ေနရတုန္း။
အတန္းတက္ေခါင္းေလာင္းသံကို ၾကားရေတာ့
"အတန္းမတက္နဲ႔ေတာ့၊ အျပင္ထြက္လည္ရေအာင္"

ဟယ္ရွင္းခြၽမ္က ႐ုပ္ေသေလးနဲ႔ျပန္ၾကည့္တယ္
"ငါ့အဆင့္ေတြ? က်သြားရင္တာဝန္ယူမွာလား?"

စိတ္ဆိုးခ်င္ေယာင္ေဆာင္ေနတဲ့ျဖဴေလးေၾကာင့္ ယန္ထန္႔ႏွလုံးသားဟာ ကလိကလိျဖစ္ေနရၿပီ။
ေမးေစ့ေလးကိုဆြဲေမာ့ေစလိုက္ၿပီး
"တကၠသိုလ္မတက္ရရင္ေအာင္ ထန္ေကာက တင္ေကြၽးထားႏိုင္ပါတယ္"

"ဖတ္! ဖတ္! လြဲပါေစ! ေခ်ာ္ပါေစ!"

ေက်ာင္းလုံၿခဳံေရးအလစ္မွာ၊ အုတ္နံရံကိုေက်ာ္ခြကာ ေက်ာင္းလစ္ခဲ့က်တယ္။

ဟယ္ရွင္းခြၽမ္က ေက်ာင္းယူနီေဖာင္းကိုမွ ဝတ္စုံျပည့္နဲ႔။
တ႐ုတ္ေက်ာင္းယူနီေဖာင္းေတြက တကယ္ႀကီး႐ုပ္ဆိုးတာ...နက္ျပာေရာင္နဲ႔ အျဖဴေရာင္ကို ေရာစပ္ထားတယ္။
႐ုပ္ဆိုးေပမဲ့၊ ဟယ္ရွင္းခြၽမ္ဝတ္ရင္ေတာ့ အလိုလိုၾကည့္ေကာင္းသြားသလိုပဲ!

ယန္ထန္၏ႏွစ္ဖက္ျမင္အဆင့္အတန္းမ်ား။

ႏွစ္ေယာက္က ေမာလ္တစ္ခုဆီေလွ်ာက္လာခဲ့က်တာ၊ ဒီရာသီက အနည္းငယ္ေအးတယ္။
ေဆာင္းဦးရဲ႕ေလေျပေလညႇင္းေတြဟာ ေအးစိမ့္စိမ့္ခံစားခ်က္မ်ိဳးေလး။

"ဒီဟာစမ္းဝတ္ၾကည့္"
ဟယ္ရွင္းခြၽမ္ကို အဝတ္လဲခန္းထဲတြန္းပို႔ထားၿပီး၊ ယန္ထန္႔တာဝန္ကေတာ့ အဝတ္ေတြေ႐ြးေပးဖို႔။

အဆက္မျပတ္အဝတ္လဲေနရသူေလးဟယ္ရွင္းခြၽမ္ဟာ တိတ္တိတ္ေလးခိုးက်ိန္ဆဲခ်င္ေနၿပီ။

ထားပါေတာ့ေလ...ေယာက္်ားေကာင္းတစ္ေယာက္က သူ႔ခ်စ္သူေလးစကားကိုနားေထာင္သင့္တယ္!

ဒီလိုနဲ႔ပဲ၊ ဟယ္ရွင္းခြၽမ္ဟာ မၿပီးစီးႏိုင္ေသာ အဝတ္အစားရႈိးပြဲႀကီးဆင္ႏႊဲေနရရွာတယ္။

"ဒီအေရာင္က မင္းနဲ႔မလိုက္ဘူး၊ မီးခိုးေရာင္နဲ႔လဲဝတ္ၾကည့္"
ယန္ထန္ကေတာ့ သူ႔ျဖဴေလးကိုအဝတ္အစားဆင္ရတာ သေဘာေတြ႕ေနပုံပါပဲ။

ထန္ေကာရဲ႕ ေအးတိေအးစက္မ်က္ႏွာကိုပဲမၾကည့္နဲ႔!
တကယ္ေတာ့ ယန္ထန္ကဖက္ရွင္အျမင္အရမ္းရွိတာ..အဝတ္ဗီ႐ိုမွာဆို ဟယ္ရွင္းခြၽမ္အျခမ္းက ေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ႔၊ ယန္ထန္႔ဘက္ကေတာ့ က်ပ္သိပ္ေနတတ္တယ္။
ဟယ္ရွင္းခြၽမ္ဘက္ျခမ္းကိုေတာင္ သူ႔အက်ႌေတြလာထည့္ထားေသး!

မီးခိုးေဖ်ာ့ေရာင္သိုးေမႊးအက်ႌ၊ အတြင္းမွာက အျဖဴေရာင္တီရွပ္နဲ႔၊ ကာကီေရာင္ေဘာင္းဘီရွည္ရယ္ ဘြတ္ဖိနပ္ရယ္။

ဟယ္ရွင္းခြၽမ္ပုံကိုၾကည့္ၿပီး ယန္ထန္ကေတာ့အျပည့္အဝေက်နပ္သြားရၿပီ။
ခပ္ဟဟေပၚေနတဲ့ညႇပ္႐ိုးေတြကို လွမ္းထိေတြ႕လိုက္ကာ
"ေအးေနလား?"

"ဟင့္အင္း ေလမွသိပ္မတိုက္တာ"

ေအးတဲ့အခ်ိန္က်မွ လည္စည္းဝယ္ေပးရမယ္!
ယန္ထန္က ေတြးလိုက္ၿပီး၊ ေငြရွင္းဖို႔အတြက္ ကတ္ထုတ္ေပးလိုက္တယ္။

ဆိုင္ဝန္ထမ္းက ႏွစ္ေယာက္စီလာဖို႔ေတြးေနတာၾကာခဲ့ၿပီ။ ဒါေပမဲ့၊ အက်ႌေ႐ြးေပးေနတဲ့ယန္ထန္ကိုျမင္ခ်ိန္မွာ ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကိုခန္႔မွန္းဖို႔ကိုပဲ ပိုစိတ္အားထက္သန္သြားတယ္။

ေက်ာင္းယူနီေဖာင္းနဲ႔တစ္ေယာက္က အရပ္ရွည္တယ္၊ ဒါေပမဲ့ ပိုပိန္တယ္။
ႏႈတ္ခမ္းေထာင့္နားမွာ အနာကပ္ပလာစတာကပ္ထားၿပီး၊ အနည္းငယ္ ခပ္ဆိုးဆိုးပုံေလးေပါက္ေနတယ္။ မ်က္ခုံးတန္းတန္းေလးေတြနဲ႔၊ ညာဘက္မ်က္လုံးကေတာ့ မ်က္ကပ္မွန္တပ္ထားလားမသိဘူး အေရာင္ေဖ်ာ့ေဖ်ာ့မ်ိဳးေလး။
တစ္ဖက္လူက အဆက္မျပတ္အဝတ္လဲခိုင္းေနေပမဲ့၊ နည္းနည္းေလးေတာင္မွ စိတ္မရွည္ပုံမေပၚဘူး။

ေနာက္တစ္ေယာက္ကေတာ့ ခဏခဏေစ်းဝယ္ထြက္ဖူးတာျဖစ္ရမယ္၊ ျမင္ဖူးေနတဲ့မ်က္ႏွာပဲ။
ျမင္လိုက္တိုင္း မတူညီတဲ့အားကစားဖိနပ္ေတြနဲ႔၊ ပိုက္ဆံရွိအသိုင္းအဝိုင္းကဆိုတာ အသိအသာႀကီး!

အရပ္ရွည္ရွည္ မ်က္လုံးစူးစူးေတြရွိတယ္။
စိုက္ၾကည့္ေနခ်ိန္မ်ိဳးမွာ လူကိုေခြၽးျပန္ေအာင္လုပ္ႏိုင္စြမ္းေတြရွိတယ္...အခုလက္ရွိလိုေပါ့...

ဆိုင္ဝန္ထမ္းဟာ အၿပဳံးေတြကိုမနည္းခ်ိတ္ဆြဲထားရတယ္၊ ေငြျဖတ္ပိုင္းကမ္းေပးၿပီးမွပဲ သက္ျပင္းခ်ႏိုင္ေတာ့တယ္။

ေငြျဖတ္ပိုင္းသာမကမ္းေပးမိရင္ ငါ့မ်ားထ႐ိုက္ေတာ့မလားမသိဘူး!?

အျပင္မွာကေအးတယ္။
ယန္ထန္က ဟယ္ရွင္းခြၽမ္လက္ကို သူ႔အိတ္ကပ္ထဲထည့္ေပးထားတယ္။
"ေန႔လည္အတြက္ ဘာစားခ်င္လဲ?"

ပတ္ဝန္းက်င္မွာ လူသူနည္းပါးေနတာေၾကာင့္၊ ဟယ္ရွင္းခြၽမ္ဟာလည္း ယန္ထန္႔လက္ဖဝါးကိုတင္းတင္းဆုတ္ကိုင္ထားမိတယ္။
"အျပင္မွာမစားဘဲ၊ အိမ္ျပန္ၿပီး ေဟာ့ေပါ့လုပ္စားရင္ေရာ?"

"ရတယ္ေလ၊ အေအးသက္သာေအာင္ အစပ္တစ္အိုးပါလုပ္စားရေအာင္"

ဟယ္ရွင္းခြၽမ္အၾကည့္ေတြဟာ ယန္ထန္႔ဘက္ေရာက္လာတယ္
"တစ္ေယာက္တစ္လွမ္းဆုတ္ရေအာင္! ငါကအစပ္စားမယ္၊ မင္းလည္း ဂ်င္းျပဳတ္ရည္ေသာက္ေပးရမယ္ေနာ္!"

သူတို႔ႏွစ္ေယာက္ရဲ႕အစားအေသာက္ခံတြင္းေတြ႕မႈက လုံးဝကြာျခားတယ္လို႔ပဲဆိုရလိမ့္မယ္။

ဟယ္ရွင္းခြၽမ္က က်န္းမာေရးနဲ႔ညီၫြတ္တဲ့အစားအေသာက္မ်ိဳးသေဘာက်တယ္၊ အစပ္သိပ္မစားဘူး။

ယန္ထန္ကေတာ့ ခပ္ျပင္းျပင္းအရသာမ်ိဳးကိုႀကိဳက္တာ၊ အရမ္းလည္းဂ်ီးမ်ားေသးတယ္။
အထူးသျဖင့္ ဂ်င္းျပဳတ္ရည္ေပါ့၊ ေသာက္ခိုင္းတိုင္း ရန္ျဖစ္ရတယ္။

လမ္းလည္ေခါင္မွာရပ္တန္႔ေနရင္း၊ ႏွစ္ေယာက္သားအၾကည့္ခ်င္းဆုံေနမိတယ္။ ဘယ္သူ႔ဖက္ကမွ အေလ်ာ့ေပးခ်င္ပုံမရဘူး။

ခဏအၾကာမွာေတာ့ ယန္ထန္႔အသံထြက္လာတယ္
"တစ္ခြက္ပဲေနာ္"

Continue Reading

You'll Also Like

1.8K 189 2
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - My wife is straight Original Autho...
507K 83K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
4M 415K 41
Myanmar BL
201K 7.6K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...