လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

827K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)

7.6K 1.1K 20
By Indolent-Senorita

Scroll down for Zawgyi.

Unicode

" ​ပေါ်ယွီက မင်း စုန့်ရှီလင်ကိုပေးမယ့် ​သံပရာရည်ကို မှား​သောက်မိခဲ့တာလို့ မင်း ပြောခဲ့တယ်​လေ ။ အခု မင်း ဘာလို့အဲ့လိုလုပ်ခဲ့ရတယ်ဆိုတာ ငါ့ကို ​ပြောပြမလား ? "

ချီယန်က သူ့ကိုယ်သူ ​ကျေနပ်အားရ​နေတဲ့အချိန်မှာ ​​မော့အန်းယွီက ရုတ်တရက် ​မေးလိုက်သည်။

ချီယန်ရဲ့ မျက်နှာအမူအရာက ချက်ချင်း ​ပြောင်းလဲသွားသည်။

​မော့အန်းယွီက မတ်တပ်ရပ်ကာ ဖန်ခွက်အသစ်တစ်လုံးကို ယူလိုက်ပြီး ဝိုင်နီ​တွေ ​လောင်းထည့်ကာ သူ့လက်ထဲကခွက်ကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။

ချီယန်ရဲ့ ​နောက်​ကျောက ရုတ်တရက် ​ချွေး​တွေစိုရွှဲလာသည်။

" အရင်တုန်းက ငါ မင်းလိမ်တာခံရလုနီးပါးပဲ​လေ ။ ဒါ​ပေမယ့် အခု​တော့ အဲဒါကို သ​ဘော​ပေါက်နားလည်ဖို့ အရမ်းကြီး ​နောက်မကျ​သေးပါဘူး "   ​မော့အန်းယွီက ​အေးစက်စွာ ​ပြောလိုက်သည်။   " ငါ့ခွင့်ပြုချက်မရှိဘဲ မင်းကို အဲဒီအစီအစဉ်အ​ကောင်အထည်​ဖော်ဖို့ ဘယ်သူကများ ခွင့်ပြု​ပေးလိုက်တာပါလိမ့် ?? "

ချီယန် မသိလိုက်ဘဲနဲ့ ပြန်လည်တုန့်ပြန်​ပြောဆိုလိုက်မိသည်။   " ငါ မ​စောင့်နိုင်​တော့ဘူး ။ ​ပေါ်ယွီကလည်း ဟွားချန်မြို့​တော်ကို ပြန်​ရောက်​နေပြီး ​ပေါ်ယွီအ​ပေါ်ထားတဲ့ စုန့်ရှီလင်ရဲ့သ​ဘောထားကလည်း စိတ်မချရတာကို ၊ ငါ စဉ်းစားလိုက်မိတာနဲ့ ...... ​​မော့အန်းယွီ , မင်းလည်း ဒီကိစ္စမှာ တာ၀န်ရှိတာပဲ​လေ။ ငါတို့နှစ်​ယောက်လုံး အခုဖြစ်ပျက်​နေတဲ့အရာတိုင်းအတွက် တာ၀န်ယူဖို့ ​ခေါင်း​ရှောင်​​နေလို့မရနိုင်ဘူး "

​မော့အန်းယွီ မတ်တပ်ရပ်ကာ ချီယန်ရဲ့မျက်လုံး​တွေကို တည့်တည့်ကြည့်ရင်း စကားလုံးတစ်လုံးချင်းစီကို ဖိ​​ပြောလိုက်သည်။   " ​ပေါ်ယွီ့အနားက​နေ စုန့်ရှီလင်ကို ချက်ချင်း ဖယ်ထုတ်ပစ်ဖို့ ငါ မင်းကို ​နောက်ထပ်အခွင့်အ​ရေးတစ်ခု​ပေးမယ် ။ မင်း အဲဒါကို မလုပ်နိုင်ဘူးလို့​တော့ ငါ့ကို လာမ​ပြောနဲ့ ! "

" ငါ မလုပ်နိုင်​တော့ဘူး "   ချီယန်က ​မော့အန်းယွီရဲ့မျက်၀န်း​တွေကို ​ကြောက်လန့်​နေသည်။ဒါ​ပေမယ့် တစ်ချိန်တည်းမှာပဲ ​မော့အန်းယွီရဲ့အမိန့်​တွေက သူ့အတွက် ဘယ်​တော့မှ အပြီးမသတ်နိုင်​တော့ဘူးဆိုတာကိုလည်း ချီယန် အရမ်း ရှင်းရှင်းလင်းလင်း သိသည်။

ဒါ့ပြင် စုန့်ရီီလင်ရဲ့သူ့အ​ပေါ်ထားတဲ့သ​ဘောထားကလည်း ခုတစ်မျိုး ​တော်ကြာတစ်မျိုး ဖြစ်​နေသည်။လွန်ခဲ့တဲ့ဆယ်နှစ်က သူ စုန့်ရှီလင်ဆီက​နေ ထွက်မလာခင်တုန်းက​တောင် စုန့်ရှီလင်က သူ့စကားကို တစ်ခါမှ နား​ထောင်ခဲ့တာမဟုတ်ပါ​ချေ။

" အဲဒါဆိုရင်လည်း ဒီ​လောကကြီးမှာ ချီယန်ဆိုတဲ့ idol star  တစ်​ယောက် မရှိနိုင်​တော့ဘူး​ပေါ့​လေ ။ ချီယန်လို့အမည်ရတဲ့ ​အောက်​ခြေအညတရလူတစ်​ယောက်ပဲ ရှိ​တော့မှာ "   ​မော့အန်းယွီက ချီယန်ကို ခြိမ်း​ခြောက်သတိ​ပေးလိုက်သည်။

ချီယန် နောက်ကို လှည့်လိုက်တဲ့အချိန်မှာ သူ့ရဲ့​ကြောက်စိတ်​​တွေက ​လျော့ပါး​မှေးမှိန်သွားသည်။​မော့အန်းယွီကို ​ကျော​ပေးထားတဲ့ ချီယန်ရဲ့မျက်နှာ​ပေါ်မှာ ​အောင်နိုင်ခြင်းရဲ့အပြုံးတစ်ခုက ​ပေါ်​ပေါက်လာခဲ့သည်။သူ ​မော့အန်းယွီကို ​အေးစက်​နေတဲ့​လေသံနဲ့အတူ ​ပြောဆိုလိုက်သည်။   " ငါတို့​တွေ ပန်းတိုင်ကို ​ရောက်တဲ့အချိန်ကျရင်​တော့ ငါတို့ပူး​​ပေါင်းထားတဲ့ဆက်ဆံ​ရေးက လုံး၀ကို ပြီးပြီ​နော် "

​မော့အန်းယွီက ​နောက်ထပ်တစ်ကြိမ် ဘိလိယက်ထိုးတဲ့တုတ်တံကို ​ကောက်ယူကာ ​ပြောလိုက်သည်။   " ဒါ​ပေါ့ "

ချီယန် သီးသန့်အခန်းထဲက​နေ ထွက်သွား​တော့သည်။

" ဘန်း "   ​ဘောလုံးဟာ တွင်းထဲကို ​ရောက်ရှိသွား​လေသည်။

______________

" မား ? "   စုန့်ရှီလင် ဖုန်းထုတ်ကြည့်လိုက်တဲ့အခါ ဖုန်း​ခေါ်တဲ့သူက သူ့အ​မေဖြစ်​နေတာကို ​တွေ့လိုက်ရသည်။စုန့်ရှီလင် ဖုန်း​ဖြေလိုက်သည်။

စုန့်ရှီလင်ရဲ့အ​မေဖြစ်သူက ​လေးနက်တဲ့အသံနဲ့အတူ ​မေးလာခဲ့သည်။   " မင်း ​ပေါ်ယွီနဲ့အတူရှိ​နေတုန်းလား ? "

" ဟိုးအရင်ကတည်းက ကျွန်​တော်တို့ ပြတ်သွားကြပြီ​လေ "   စုန့်ရှီလင်က အမှန်အတိုင်း ပြန်​ဖြေလိုက်သည်။

" ငါ့ကို မညာနဲ့ ! "   စုန့်ရှီလင်ရဲ့အ​မေက စိတ်လှုပ်ရှား​နေသည်။   " ချီယန်​လေးက ငါ့ကို ​ပြောတယ် ။ မင်း အိမ်ကိုပြန်မလာဘဲနဲ့ ​ပေါ်ယွီ့​ဘေးမှာ အိမ်တစ်လုံး​တောင် ၀ယ်လိုက်​သေးတယ်ဆို ။ အဲဒါ​တောင်မှ အခု မင်းက ​ပေါ်ယွီနဲ့ဆက်ဆံ​ရေးမရှိ​တော့ပါဘူးလို့ ငါ့ကို လာ​ပြော​နေတာလား ? "

ချီယန် ?  စုန့်ရှီလင်ရဲ့မျက်၀န်း​တွေက ကျဉ်း​မြောင်းသွားသည်။

" ​ပေါ်ယွီတို့မိသားစုက မရိုးသားတဲ့အပြင် သိက္ခာလည်းမရှိဘူး ။ မင်း ​ပေါ်ယွီကလွဲရင် ဘယ်သူနဲ့မဆို ပတ်သတ်လို့ရတယ် ! "   စုန့်ရှီလင်ရဲ့အ​မေက စိတ်မ​ကောင်းဖြစ်​နေဟန်နဲ့ ​ပြောလိုက်သည်။   " ငါ မင်းအတွက် ညစာစားပွဲတစ်ခု စီစဉ်​ပေးထားပြီးပြီ ။ အဲဒီက​လေးမ​လေးက ဦး​လေးဟန်ရဲ့သမီးပဲ ။ မင်း ဒီတစ်​ခေါက် ချိန်းထားတဲ့ ညစာစားပွဲဆီ သွားကိုသွားရမယ် !!! "

" မား , ကုမ္ပဏီမှာ ကျွန်​တော် ​ဖြေရှင်းမှရမယ့် ကိစ္စ​တွေရှိတယ် ။ ကျွန်​တော် ထွက်လာလို့မရဘူး "   စုန့်ရှီလင်က ​ပေါ့​​ပေါ့ပါးပါး ပြန်​ပြောလိုက်သည်။

စုန့်ရှီလင်ရဲ့အ​​မေက ခိုင်မာစွာ ​ပြောလာခဲ့သည်။   " ​ကောင်းပြီ ၊ မင်း ညစာစားပွဲကို မသွားလည်းရတယ် ။ ဒါ​​ပေမယ့် မင်း အိမ်​ပြောင်းရမယ် ! "

" မ​ပြောင်းဘူး "   စုန့်ရှီလင်မှာ သူကိုယ်တိုင်​တောင် မသိလိုက်ဘဲ ငြင်းဆန်လိုက်မိသည်။

စုန့်ရှီလင်ရဲ့အ​မေက ​လှောင်​ပြောင်ခနဲ့လိုက်သည်။   " မင်းပဲ ​ပေါ်ယွီနဲ့ ပြတ်သွားပါပြီဆို "

စုန့်ရှီလင် ဆက်လက်ရှင်းပြမ​နေ​တော့​ပေ။

စုန့်ရှီလင်ရဲ့အ​မေက သ​ရော်​လှောင်​ပြောင်လိုက်ပြန်သည်။   " မင်းတို့ အရင်က ဘယ်လိုပြတ်ခဲ့လဲဆိုတာ ကိစ္စမရှိဘူး ။ ဒါ​ပေမယ့် အခုချိန်မှာ​တော့ မင်း စိတ်ကူး​ပေါက်ရာ ထင်တိုင်းကြဲ​နေလို့မရဘူး ။ မနက်ဖြန်ညကျရင် ညစာချိန်းထားတာကို မင်း သွားရမယ် ။ ငါ မင်းကို ​ခေါ်ဖို့ ကုမ္ပဏီကို လာခဲ့လိုက်မယ် "

စကားဆုံးတာနဲ့ စုန့်ရှီလင်ရဲ့အ​မေက သူ့ရဲ့ရှင်းပြချက်ကို​တောင် နားမ​ထောင်​တော့ဘဲ ​တွေ​ဝေတုံ့ဆိုင်းခြင်းမရှိ ဖုန်းချသွား​လေသည်။

စုန့်ရှီလင်ရဲ့မျက်ခုံးနှစ်ဖက်ဟာ ​တောင်တန်း​တွေလို စုကြုံ့လာသည်။အချိန်အ​​တော်ကြာတဲ့အခါ သူ လက်ကိုဆန့်ထုတ်ကာ နက်​မှောင်​နေတဲ့ မျက်၀န်း​တွေနဲ့အတူ ဖုန်းချပြီး နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ပိတ်လိုက်သည်။သူ ဘာ​တွေစဉ်းစား​နေလဲဆိုတာ ဘယ်သူမှ မသိနိုင်​ပေ။

စုန့်ရှီလင် ဖုန်းချသွားပြီး​နောက် သူမက သူမ​ဘေးမှာ ထိုင်​နေတဲ့ ချီယန်ကို ပြုံးပြကာ အံ့သြစွာနဲ့ ဆိုလိုက်သည်။   " ချီယန်​လေး , မင်း ဘာလို့များ ဖြူ​ဖျော့​နေရတာလဲကွယ် ? ​နေမ​ကောင်းဘူး လား ? "

ချီယန်က မတ်တပ်ထရပ်ကာ မြန်မြန် နှုတ်ဆက်စကား​ပြောချင်​နေပြီဖြစ်သည်။စုန့်ရှီလင်ကို ဆန့်ကျင်ပြီး သတင်း​ပေးလိုက်တဲ့လူက သူဆိုတာကို စုန့်ရှီလင်ရဲ့အ​မေက တိုက်ရိုက်ကြီး စုန့်ရှီလင်ဆီ ​ပြောလိုက်လိမ့်မယ်လို့ သူ တစ်ခါမှ မ​တွေးမိ​ပေ။

" အန်တီစုန့် , ကျွန်​တော် လုပ်စရာအလုပ်​လေး​တွေ ရှိ​သေးလို့ အဲဒါ​ကြောင့် ကျွန်​တော် အရင်ပြန်လိုက်ပါဦးမယ် ၊ ​နောက်မှ​တွေ့မယ်​နော် "   ချီယန် မတ်တပ်ရပ်လိုက်ပြီး ဖြူဆုတ်​နေတဲ့ပုံစံနဲ့ သူမကို နှုတ်ဆက်စကားဆိုလိုက်သည်။

စုန့်ရှီလင်ရဲ့အ​မေက မ​ကျေနပ်ဟန်နဲ့ မျက်​မှောင်ကြုတ်လိုက်ပြီး ချီယန်ကို ဆွဲထားကာ စကားအနည်းငယ်​ပြောလိုက်သည်။အဲဒီ​နောက် သူမက ချီယန်ကို သူ့ရဲ့နားလည်​ပေးမှုအတွက် ချီးကျူးလိုက်ပြီး ​ပေါ်ယွီက ​နောက်တစ်ခါ သူမရဲ့သားဖြစ်သူကို မြှူဆွယ်​နေတဲ့အ​ကြောင်း ​ပြောပြတာအတွက်လည်း ​ကျေးဇူးတင်လိုက်သည်။

ချီယန်မှာ​တော့ ပိုပိုပြီး စိတ်မငြိမ်မသက်ဖြစ်လာသည်။

စုန့်ရှီလင်ရဲ့အ​မေက ချီယန်ကို ထွက်သွားလို့ရပြီဖြစ်​ကြောင်း လက်ဟန်ပြလိုက်သည်။

ချီယန် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ​ကော်ဖီဆိုင်အပြင်ကို ထွက်လာခဲ့သည်။သူ ကားပါကင်ဆီ ​လမ်းလျှောက်သွားတဲ့အချိန်မှာ ကားတံခါးက အဆင်သင့် ပွင့်​နေသည်။သူ့ကို ပုံမှန်မဟုတ်တဲ့ အ၀တ်အစား​တွေ၀တ်ထားတဲ့ ကိုယ်ရံ​တော်နှစ်​ယောက်က ပိတ်တားလိုက်ကြသည်။   " မစ္စတာချီ , ကျွန်​တော်တို့ရဲ့သူ​ဋ္ဌေးက မစ္စတာကိုပြောစရာတချို့ရှိတယ်တဲ့ "

ချီယန်က ကိုယ်ရံ​တော်​တွေ သူ့ကို ​ပြောတဲ့​နေရာဆီ ကြည့်လိုက်တဲ့အခါ သူ တဆတ်ဆတ် တုန်ယင်လာပြီး ​သော့က ကြမ်းပြင်​​ပေါ်ကို ပြုတ်ကျသွားခဲ့​လေသည်။

_________________

​ပေါ်ယွီ အ၀တ်လဲခန်းထဲမှာ ထိုင်​နေရင်း iPad ထဲက​နေတစ်ဆင့် ဇာတ်ညွှန်းဖတ်​နေသည်။အခန်းထဲတွင် ​နောက်ထပ် အမျိုးသားကြယ်ပွင့် သုံးဦးရှိသည်။

star လေး​ယောက်လုံးက မတူညီတဲ့ ​နေရာ​တွေ အသီးသီးမှာ ထိုင်​နေကြပြီး တစ်​ယောက်ကို တစ်​ယောက် စကားလည်း မ​ပြောကြ​ပေ။

ဒီ​နေရာက <Three Thousand Disasters> အမည်ရတဲ့ ​ရှေး​ခေတ်ရှန်းရှ တီဗွီဇာတ်လမ်းတွဲရဲ့ aidition ​နေရာပဲ ဖြစ်သည်။တခြားအမျိုးသားသုံး​ယောက်က​တော့ အခုချိန်မှာ ငယ်ရွယ်​ရေပန်းစား​ကျော်ကြား​နေတဲ့ star ​တွေဖြစ်သည်။သူတို့​တွေက တစ်​ယောက်နဲ့ တစ်​ယောက် မရင်းနှီးကြ​ပေ။ဒါ့ပြင် သူတို့အားလုံးက ဇာတ်​ကောင်​နေရာတစ်ခုတည်းအတွက် audition လာ​ဖြေကြတာဖြစ်သည်။သူတို့ အခန်းထဲကို ၀င်လာတဲ့အချိန်တုန်းက ကိုယ့်ကိုကိုယ် မိတ်ဆက်ခဲ့ကြတာကလွဲရင် သူတို့မှာ ​ပြောဆိုဆက်ဆံမှာမရှိကြ​ချေ။

​ပေါ်ယွီ မျက်လုံးလှန်ပြီး သူတို့ထဲက နှစ်​ယောက်ကို လျင်မြန်စွာနဲ့ ဖျတ်ခနဲ ကြည့်လိုက်တဲ့အခါ သူ အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။ဒီလူနှစ်​ယောက် Weibo ​ပေါ်မှာ သူတို့အချင်းချင်း မကြာခဏ ဆက်သွယ်တတ်ကြသည်။သူတို့​တွေဟာ ရသစုံရှိုးပွဲ​တွေကို အတူတူ တက်​ရောက်ကြတဲ့အချိန်တိုင်းမှာလည်း သူတို့နှစ်​ယောက်က ညီအစ်ကို​ကောင်း ၊ သူငယ်ချင်း​ကောင်း​တွေဖြစ်​ကြောင်း အတိအလင်း ထုတ်​ဖော်​ပြောဆိုကာ အလွန်အမင်း ​ကြော်ငြာ​လေ့ရှိသည်။

ဒါ​ပေမယ့် ဒီသူငယ်ချင်း​ကောင်း​တွေပါဆိုတဲ့ နှစ်​ယောက်က ပရိသတ်​တွေနဲ့ ကင်မရာ​တွေရဲ့ ​နောက်ကွယ်မှာ​တော့ မယုံကြည်နိုင်​လောက်​အောင်ပဲ သူတို့အချင်းချင်း နာရီဝက်​လောက်​တောင် မျက်နှာချင်းမဆိုင်ကြတာကို ဘယ်သူမှ မသိကြ​ပေ။

ဒါ​ပေမယ့် ​ပေါ်ယွီက​တော့ သူတို့ကို နားလည်​ပေးနိုင်သည်။အဆုံးမှာ​တော့ အကယ်၍များ လူတစ်​ယောက်က entertainment ​လောကထဲမှာ ပိုက်ဆံရှာချင်ရင် အဲဒီလူဟာ သူ့ရဲ့စီးပွား​ရေးတန်ဖိုးနဲ့ ​ကျော်ကြားမှုကို ထိန်းသိမ်း​စောင့်​ရှောက်ရမည်ဖြစ်သည်။တကယ်လို့ သူတို့​တွေနဲ့တခြားလူ​တွေကြားမှာ ကွာခြားချက်သာမရှိရင် ဘယ်သူကမှ သူတို့ကို သရုပ်​ဆောင်​ပေးဖို့ ​ပြော​ရေးဆိုခွင့်ရှိသူ(spokesman)အဖြစ် လုပ်​ဆောင်​ပေးဖို့ ​​မေးမြန်းကမ်းလှမ်းကြမှာမဟုတ်​ပေ။

ဒါ​ပေမယ့် ​ပေါ်ယွီ သူ့နှလုံးသားထဲမှာ ​ပြောလိုက်မိသည်။ ' နားလည်​ပေးနိုင်တယ်ဆိုတာက လက်ခံသ​ဘောတူတယ်လို့ ဆိုလိုတာမဟုတ်ဘူး ' ။ ​ပေါ်ယွီ အကြည့်လွှဲလိုက်ပြီး iPad ကိုပိတ်ကာ သူ့ရဲ့စိတ်ဝိဉာဏ်ကို ပြန်လည်လန်းဆန်းလာ​အောင် အနား​ပေးတဲ့အ​နေနဲ့ သူ့မျက်လုံး​တွေကို မှိတ်ချလိုက်​တော့သည်။

ပိတ်ထားတဲ့ အခန်းတံခါးက ပွင့်လာ​လေသည်။

အမျိုးသမီးလက်​ထောက်က အခန်းထဲကို ​ခေါင်းပြူ၀င်ကာ ဂရုတစိုက် ​ပြောလိုက်သည်။   " audition စပါပြီ ။ ဒါရိုက်တာကြီးနဲ့ ပရိုဂျူဆာကြီးတို့က ​ဘေးခန်းမှာ ​စောင့်​နေကြပါတယ် "

အဲဒါကို ကြားတဲ့အခါ လူ​လေး​ယောက်လုံးက တစ်ချိန်တည်းမှာ မတ်တပ်ရပ်လိုက်ကြပြီး တံခါးဆီကို ​လျှောက်သွားလိုက်ကြသည်။

______ <Three Thousand Disasters> ဟာ ကျင့်ကြံခြင်း​လောကရဲ့ အရှင်သခင်နဲ့ ကျင့်ကြံခြင်း​လောကထဲ​ရောက်ခါစ လူသစ်​လေးတို့စုံတွဲကြားက လှပတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။အမျိုးသမီးဇာတ်လိုက်က အ​ကျော်ကြားဆုံး အမျိုးသမီး star ဖြစ်တဲ့ ချူး၀မ်၀မ်ဖြစ်သည်။အဲဒီ​နောက် အမျိုးသားဇာတ်လိုက်ကို​တော့ ဒီ​လေး​ယောက်ထဲက​နေ ​ရွေးချယ်မှာဖြစ်သည်။

ချူး၀မ်၀မ်မှာ သရုပ်​ဆောင်အရည်အချင်း​ကောင်း​တွေလည်းရှိပြီး ဒါရိုက်တာကလည်း အမျိုးသမီးဇာတ်လိုက်မှာ ဖြူစင်ရိုးသားတဲ့ ပုံပန်းသဏ္ဍာန်မျိုးရှိသင့်တယ်လို့ ​မျှော်လင့်တာ​ကြောင့် သူမဟာ အမျိုးသမီးဇာတ်လိုက်​နေရာအတွက် လျင်မြန်စွာပဲ အတည်ပြုခံလိုက်ရသည်။

အမျိုးသမီးဇာတ်လိုက်​နေရာအတွက် ဒါရိုက်တာရဲ့​တောင်းဆိုချက်​တွေက မမြင့်​​ပေ။ဒါ​ပေမယ့် အမျိုးသားဇာတ်လိုက်အတွက်က​တော့ အလွန်မြင့်မားလှသည်။

အမျိုးသားဇာတ်လိုက်ဟာ လန်းဆန်းတက်ကြွပြီး ရိုးသား​ဖြောင့်မတ်တဲ့ စိတ်​နေသ​ဘောထားရှိတဲ့ ရှန်းမာန်ဂိုဏ်းရဲ့ ​ခေါင်း​ဆောင်ဖြစ်သည်။ကျင့်ကြံခြင်းကို ​လေ့ကျင့်သူဖြစ်တာ​ကြောင့် သူဟာ ကိ​လေသာခုနစ်ပါးနဲ့ ခံစားမှုအာရုံ​ခြောက်ပါးတို့ကို ဟိုးအရင်ကတည်းက ဖယ်ရှားထားခဲ့သည်။ဒါ​ကြောင့် သူ့နှလုံးသားထဲမှာ ဆန္ဒလည်းမရှိ ၊ ဝမ်းနည်းမှုလည်းမရှိ ၊ ​ပျော်ရွှင်မှုလည်းမရှိ​ပေ။

ဒါ​ကြောင့် အမျိုးသားဇာတ်လိုက်ရဲ့စိတ်ခံစားချက်​တွေကို သူ့မျက်၀န်း​တွေတစ်မျိုးထဲမှာသာ ​ဖော်ပြနိုင်ပြီး သူ့မျက်နှာ​ပေါ်မှာ​တော့ ဘယ်လိုအမူအရာမှ ဖြစ်လို့မရ​ပေ။

ရိုးရိုးသားသား ​ပြောရရင် ဒီဇာတ်​ကောင်နေရာဟာ သရုပ်​ဆောင်မင်းသားရဲ့အရည်အချင်းကို စစ်​ဆေးတဲ့ ကြီးမားလှတဲ့ စမ်းသပ်ချက်ပင်ဖြစ်သည်။

​ပေါ်ယွီက သုံး​ယောက်​မြောက် audition ​ဖြေရမယ့်သူဖြစ်သည်။သရုပ်​ဆောင်ရမှာက မဆိုး​ပေမယ့် အခက်အခဲက ကြီးမားသည်။

ပထမဆုံး audition ​ဖြေတဲ့ လျူရန်က သုန်မှုန်​နေသည်။မကြာခင်မှာပဲ သူက သူ့ရဲ့စိတ်အ​ခြေအ​နေကို လျင်မြန်စွာနဲ့ ထိန်းသိမ်းလိုက်သည်။

______ အကယ်၍ ပထမဆုံးလူကသာ ​​ကောင်း​ကောင်းမွန်မွန် တင်ဆက်နိုင်ခဲ့ရင် သူဟာ ဒါရိုက်တာကြီးရဲ့ချီးကျူးမှုနဲ့ အားရ​ကျေနပ်ခြင်းကို ရရှိရုံသာမက ​နောက်လူ​တွေကိုလည်း စိတ်ဖိစီးပြီး သရုပ်​ဆောင်တဲ့​နေရာမှာ အခက်​တွေ့​အောင် လုပ်နိုင်မှာဖြစ်သည်။

_______________

လျူရန်က သူ့​ရှေ့မှာရှိတဲ့ ​ကောင်မ​လေးကို ဂရုမစိုက်ဟန်နဲ့ ကြည့်လိုက်သည်။   " ငါ တပည့်သစ် လက်မခံဘူး "

​ကောင်မ​လေးက ဇာတ်လမ်းစာသားတစ်​ကြောင်းကို ​ပြောလိုက်သည်။ဒါ​ပေမယ့် လျူရန်က ပိုပြီး​တော့​တောင် လျစ်လျူရှူလိုက်သည်။   " ထပ်​ပြောစရာမလိုဘူး ။ ကျူးယာက ဒီတစ်ဘ၀လုံးမှာ ဘယ်သူ့ကိုမှ တပည့်အဖြစ်လက်ခံမှာမဟုတ်ဘူး "

​ပြောပြီးတဲ့​နောက် လျူရန်ဟာ ဝါး​​တောအုပ်ထဲက မ​သေမျိုးထာ၀ရရှင်သန်သူဟန်ပန်နဲ့ သူ့လက်​တွေကို ခါချလိုက်ပြီး လျစ်လျူရှူစွာ ဆိုလိုက်သည်။   " ပြန်​တော့ ၊ ဒီ​နေရာကို ​နောက်တစ်ခါ ထပ်မလာနဲ့​တော့ "

ခဏကြာတဲ့အခါ လျူရန်က သူ့ရဲ့​အေးစက်စက် မျက်နှာအမူအရာနဲ့ သရုပ်​ဆောင်​နေတာကို ရပ်တန့်လိုက်ပြီး ခုံမှာထိုင်​နေကြတဲ့ ဒါရိုက်တာ ၊ ပရိုဂျူဆာနဲ့ စာ​ရေးဆရာတို့ဘက်ကို ဦးညွှတ်လိုက်သည်။

ဒါရိုက်တာက ​လှောင်​ပြောင်သ​​ရော်လိုက်သည်။   " ဇာတ်လိုက် ကျူးယာက ​ဒေါသထွက်မ​နေသင့်ဘူး ။ မင်း တင်ဆက်သွားတာ ပိုလွန်း​နေတယ် "

လျူရန် မ​ပျော်မရွှင်ခံစားလိုက်ရသည်။ဒါ​ပေမယ့် သူက ဒါရိုက်တာရဲ့ဖြစ်တည်မှုကို ​ကြောက်ရတာ​ကြောင့် သူ သိပ်ပြီး များများစားစား မ​ပြောရဲဘဲ ​ဒေါသထွက်​နေတဲ့ အမူအရာနဲ့အတူ ​ဘေးထွက်ထိုင်​နေလိုက်ရသည်။

လျူရန်က အရမ်းကို ​ကောင်း​ကောင်း တင်ဆက်သွားခဲ့တာ​ကြောင့် သူ့မှာ အခွင့်အ​ရေးမရှိ​တော့ဘူးလို့ ဒုတိယ​မြောက် audition ​ဖြေမယ့်သရုပ်​ဆောင်က ​တွေးလိုက်သည်။ဒါ​ပေမယ့် ဒါရိုက်တာရဲ့အဲဒီစကား​တွေကို ကြားလိုက်ရတဲ့အခါ သူ ချက်ချင်းကို အရမ်းပဲ ​ပျော်ရွှင်သွားပြီး သရုပ်​ဆောင်ဖို့အတွက် ​ရှေ့ကို ထွက်လာ​တော့သည်။

ဒုတိယ​မြောက် သရုပ်​ဆောင်မင်းသားက ရွှန်းလက်​နေတဲ့ အပြုံးနဲ့အတူ ​တောက်ပ​နေသည်။သူ သရုပ်​ဆောင်နယ်ပယ်ထဲကို ၀င်လာပြီး​နောက်ပိုင်းမှာ သူ့ရဲ့သရုပ်​ဆောင်စွမ်းရည်က သိပ်မဆိုး​ပေ။ဒါ​ပေမယ့် ဒါရိုက်တာက​တော့ သူ့ရဲ့သရုပ်​ဆောင်အရည်အချင်းက သူလိုချင်တဲ့အထိ​ရောက်ဖို့ အ​တော်​လေး လိုအပ်​နေ​သေးတယ်လို့ ​ပြောလိုက်သည်။

​ပေါ်ယွီ နည်းနည်း စိတ်ဖိစီးသွားသလို ခံစားလိုက်ရသည်။အရင်က သူ တီဗွီဇာတ်လမ်းတွဲနှစ်ခုနဲ့ ဇာတ်​ကောင်​နေရာ​တွေကို လိုချင်သည်။တစ်ခုက နိုင်ငံကို သိမ်းပိုက်​အောင်နိုင်ခဲ့တဲ့ ​​တော်၀င်မင်းသား​နေရာဖြစ်ပြီး ​နောက်တစ်ခုက ဒီဟာဖြစ်သည်။သူက နိုင်ငံကို သိမ်းပိုက်​အောင်မြင်တဲ့ မင်းသားဇာတ်​ကောင်​​နေရာအတွက် ​ရွေးချယ်မခံရ​ပေ။ဒါ​ကြောင့် တကယ်လို့များ သူ ဒီဟာကိုပါ ထပ်အ​ရွေးမခံရရင် သူ့ကိုယ်သူ စိတ်ပျက်မိမှာဖြစ်ပြီး ​လောင်ကျန်းကိုလည်း ရှင်းပြနိုင်​တော့မှာ မဟုတ်​ချေ။

ဒါ့ပြင် ​ပေါ်ယွီ <The Young General> မှာ သရုပ်​ဆောင်ခဲ့ပြီးတဲ့​နောက် သူ ပို​ကောင်းတဲ့ တီဗွီဇာတ်လမ်းတွဲတစ်ခုမှာ သရုပ်​ဆောင်ဖို့ လိုအပ်သည်။ဒါမှသာ လူထုကြားက သူ့ရဲ့ပုံရိပ်ကို ​ပြောင်းလဲပစ်ပြီး ပိုမိုများပြားတဲ့ ပရိသတ်​တွေက သူ့ကို မှတ်မိသတိရ​နေမှာဖြစ်သည်။

ဒီတီဗွီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်လိုက်​နေရာက သူ့အတွက် လက်ရှိအချိန်မှာ ​ပြောင်းလဲပစ်ဖို့အတွက် အ​ကောင်းဆုံးအခွင့်အ​ရေးဖြစ်သည်။

​​ပေါ်ယွီ အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်ကာ မတ်တပ်ရပ်လိုက်သည်။

________________

​​ပေါ်ယွီရဲ့ ပုံပန်းသွင်ပြင်က သူ့ရဲ့ကြီးမားတဲ့ အားသာချက်ပဲဖြစ်သည်။ပြီး​တော့ သူ့ရဲ့​​အေးစက်ပြီး ​ကြော့ရှင်းရည်မွန်တဲ့ ပင်ကိုယ်စရိုက်ကလည်း သူ့ကို အလွန်နူးညံ့သိမ်​မွေ့ပြီး စိတ်ကူးယဉ်ဆန်​စေသည်။

______ ​ပေါ်ယွီက ဘယ်အရာမှ ဒီမ​သေမျိုးအမတရှင်ကို လာ​ရောက်မ​နှောင့်ယှက်နိုင်သလိုမျိုး ​လျစ်လျူရှုတတ်တဲ့ မျက်၀န်း​တွေနဲ့အတူ သူ့​ကျော​နောက်မှာ လက်​တွေကို ချိတ်ယှက်လိုက်သည်။
{ T / N ; လက်​နောက်ပစ်ထားတယ်ဟုဆိုလိုသည် }

" ​ကျေးဇူးပြုပြီး ကျွန်မကို ရှင့်ရဲ့တပည့်အဖြစ် ​ခေါ်ထား​ပေးပါ ...... "   အဲဒီအချိန်မှာ ဖြူစင်တဲ့ က​လေးမ​လေးက မျက်ရည်​တွေ ဝိုင်း​နေတဲ့ မျက်လုံး​တွေနဲ့အတူ သူ့​ကျော​နောက်မှာ လက်​တွေကို ယှက်ကာ မတ်တပ်ရပ်​နေတဲ့ အမျိုးသားကို ကြည့်လိုက်သည်။

" ငါ ဘယ်တပည့်မှ လက်မခံဘူး ၊ ငါ့ကို မင်း ထပ်​ပြောဖို့မလိုဘူး "   ​ပေါ်ယွီက ​ခေါင်းကို အနည်းငယ် ​စောင်းငဲ့လိုက်တာ​ကြောင့် သူ့ရဲ့ပိတုန်း​ရောင်ဆံနွယ်​တွေက သူ့မျက်လုံး​တွေကို ဖုံးအုပ်လာသည်။သူ တည်ငြိမ်နေတဲ့ မျက်နှာအမူအရာနဲ့အတူ သူ့​မေး​စေ့ကို ​မော့လိုက်သည်။

" ပြန်​တော့၊ ဒီကိုနောက်တစ်ခါထပ်မလာခဲ့နဲ့ "

သူ့ရဲ့လက်​ချောင်းထိပ်​လေး​တွေက ​မြေပြင်​ပေါ်ကို အနည်းငယ် ထိလိုက်တဲ့အခါ ဝါးရွက်​ထောင်ချီက ပျံဝဲလာပြီး ဝဲဂယက်သဏ္ဍာန် စုစည်းသွားကြသည်။အဲဒါကို အ​ဝေးက​နေ ကြည့်ရတာ အလွန်ထိတ်လန့်စရာ​ကောင်းဟန်​ပေါ်သည်။

ဝါး​တောအုပ်အစွန်မှာ​တော့ ဖြူစင်ရိုးသားတဲ့ မိန်းမငယ်​လေးဟာ သူမရဲ့မမြင်နိုင်တဲ့ အရိပ်​လေးကိုသာ ချန်ထားခဲ့ပြီး မျက်ရည်​တွေအပြည့်နဲ့ ထွက်ခွာသွား​လေသည်။

စာ​ရေးဆရာက ​ပေါ်ယွီကို မျက်​တောင်မခတ်ကြည့်​နေရင်း သတိမမူမိဘဲ သူ့အင်္ကျီအစွန်း​လေးကို လက်​ချောင်း​တွေနဲ့ ဆုပ်ထား​နေမိသည်။

ဇီဇာ​​ကြောင်တဲ့ ဒါရိုက်တာလည်း ​နောက်ဆုံး​တော့ အားရ​ကျေနပ်သွားသည်။ဒါ​ပေမယ့် သူက ဆုံးဖြတ်ချက်ကို အ​လောတကြီး မချမှတ်ဘဲ ​ပြောလိုက်သည်။   " အရမ်း​ကောင်းတယ် ၊ အရမ်း​ကောင်းတယ် ။ ​နောက်တစ်​ယောက် "

​ပေါ်ယွီက သူ့​နေရာသူ ပြန်ထိုင်လ်ုက်သည်။ခဏတဖြုတ်ကြာတဲ့အခါ သူ စိတ်တည်ငြိမ်သွားပြီး ​လေး​ယောက်​မြောက်မင်းသား သရုပ်​ဆောင်တာကို ​​စောင့်​နေလိုက်သည်။

​လေး​ယောက်မြောက် သရုပ်​ဆောင်မင်းသားရဲ့ နဖူး​ပေါ်မှာ ​ချွေး​စေး​တွေ ထွက်​နေပြီဖြစ်သည်။သူဟာ အရင်တစ်​ယောက် အထူးသဖြင့် ​ပေါ်ယွီရဲ့ ပြီးပြည့်စုံလှတဲ့ သရုပ်​ဆောင်စွမ်းရည်ကို မြင်ကာ ကြီးမားလွန်းတဲ့ ဖိအား​အောက်ကို ​ရောက်ရှိ​နေပြီး သူ စိတ်ပူပန်ထိတ်လန့်​နေသည်။

ဒါ​ကြောင့် သူ သရုပ်​ဆောင်တာက သူ့ရဲ့ဆိုးဝါး​နေတဲ့ စိတ်အ​ခြေအ​နေ​ကြောင့် စိတ်​ကျေနပ်မှုမရ​ပေ။သူ တင်ဆက်ပြီးတဲ့အချိန်မှာ ဒါရိုက်တာရဲ့အရင်က​လျော့ပါးပြီးတဲ့ မျက်နှာအမူအရာက ရုတ်တရက် ​အေးခဲလာပြီး ' ဟွန်း ' ဟု အသံပြုသ​ရော်ကာ ​ပြောလိုက်သည်။   " ဟုတ်ပြီ ။ ဒါအကုန်ပဲ​ပေါ့ "

ဒါရိုက်တာ ၊ စာ​ရေးဆရာနဲ့ ပရိုဂျူဆာတို့က မတ်တပ်ရပ်ကာ အခန်းတစ်ခန်းဆီကို ​လျှောက်သွားကြသည်။

သူတို့​လေး​ယောက်လည်း audition room ထဲက​နေ ထွက်လာခဲ့သည်။

ခဏ​လောက်ကြာတဲ့အခါ ပရိုဂျူဆာက ထွက်လာပြီး နူးညံ့တဲ့ မျက်နှာထားနဲ့ ​ပြောလာခဲ့သည်။   " မင်းတို့​တွေ ကြိုးစားခဲ့ကြတယ် ။ ဒီ​နေ့​တော့ ဒီ​လောက်ပဲ ။ အရင်ဆုံး မင်းတို့ ပြန်လိုက်ကြပါ ။ ပြီးရင် ငါတို့ ​ဆွေး​နွေးပြီး ရလဒ်ကို အ​ကြောင်းကြား​ပေးမယ် "

​ပြောပြီးတာနဲ့ ပရိုဂျူဆာက တကယ့်ကို အလုပ်ရှုပ်​နေဟန်​ပေါ်ကာ ​လော​လော ​လော​လောနဲ့ ထွက်သွား​လေသည်။

​ပေါ်ယွီ သူ နာရီကို တစ်ချက်ကြည့်ကာ ထွက်သွားဖို့ အရင်ဆုံး မတ်တပ်ထရပ်လိုက်သည်။ သူ လုပ်နိုင်တာ အကုန်လုပ်ခဲ့ပြီးပြီ။ကျန်တာက​တော့ သူ့ကံအ​ပေါ်ပဲ မူတည်တယ်။

လျူရန်မှာ စူးရှတဲ့မျက်လုံး​တွေရှိပြီး သူက ​ပေါ်ယွီကို ခင်မင်ရင်းနှီးဟန်နဲ့ ​ပြောလိုက်သည်။   " ​ပေါ်​ကော , ​စောပါ​သေးတယ် ။ ကျွန်​တော်တို့ ဒီည hotpot သွားစားကြရင်​ရော ဘယ်လိုလဲ ? "

မ​ကောင်းဘူး ။ ​ပေါ်ယွီ သူ့နှလုံးသားထဲက​နေ ငြင်းဆန်လိုက်သည်။

သူ နှစ်နှစ်​လောက် အ​ပျော်အပါး​ရှောင်ကြဉ်ပြီးတဲ့ ​နောက်ဆုံး​တော့ သူ့မှာ တစ်ညလုံး အိပ်ရာ​ပေါ်မှာ လူးလှိမ့်ဖို့အတွက် အခွင့်အ​ရေးရှိပြီဖြစ်သည်။တကယ်လို့ သူသာ ဘာမှမလုပ်ဘဲ တစ်ညထပ်​နေရရင် အဲဒါက သူ့အတွက်​တော့ ဒုက္ခကြီးပဲ !!!

အချိန်အကြာကြီး ထိန်းထိန်းသိမ်းသိမ်း​နေခဲ့ရတဲ့ ​ပေါ်ယွီအတွက် ​ဒီကိစ္စက နားလည်လို့ရသည်။ဒီ​နေ့မနက်ဆိုရင် သူ့နဖူး​ပေါ်မှာ ၀က်ခြံ​သေး​သေး​လေးတစ်ခုကို​တောင် ​တွေ့ခဲ့ရပြီး အရမ်းကို စိတ်ဓါတ်ကျစရာ​​တောင်ကောင်း​​နေသည်။

သူက တကယ့်ကို အရည်အချင်းပြည့်၀တဲ့ သရုပ်​ဆောင်တစ်​ယောက်ဆို​ပေမယ့် သူ့ရဲ့​ချော​မောခန့်ညားတဲ့ မျက်နှာကလည်း သူ့ရဲ့​ကျော်ကြားမှုကို မြှင့်တင်ဖို့ ​သော့ချက်တစ်ခုဖြစ်သည်။

" ငါ ​လော​လောဆယ် ဝိတ်ကျဖို့ ကြိုးစား​နေတာမို့လို့ အဲဒါကို ​မေ့လိုက်ရ​အောင် "   ​ပေါ်ယွီက ​ရှောင်ကျန်းဆီက​နေ mask ကို ယူ၀တ်လိုက်သည်။

လျူရန်က အစ​တော့ မင်တက်သွားပြီး ​ပြောလိုက်သည်။   " ဟုတ်ကဲ့ , အဲဒါဆိုလည်း ​ကောင်းပါပြီ "   သူက ​ပေါ်ယွီရဲ့စကားလုံး​တွေကို သ​ဘောတူလိုက်​ပေမယ့် သူ့နှလုံးသားထဲမှာ​တော့ ​ပေါ်ယွီရဲ့လျစ်လျူရှူမှု​ကြောင့် လျူရန် စိတ်အ​နှောင့်အယှက်ဖြစ်သွားရသည်။

​ပေါ်ယွီက သူ့ရဲ့ငြင်းဆန်မှု​ကြောင့် လျူရန် ​နေရခက်သွားတာကို မသိ​ပေ။သူက သူ့ဖုန်းကို သာမာန်မျှ ဟို​ရွေ့ဒီ​ရွေ့လုပ်လိုက်ပြီး ​ခေါင်းငြိမ့်ကာ ဆိုလိုက်သည်။   " ငါ အရင်ပြန်နှင့်​တော့မယ် ။ ​နောက်တစ်​ခေါက်ကျရင် ငါ မင်းတို့ကို ၀ယ်​ကျွေးမယ်​လေ "

စကားဆုံးတာနဲ့ ​ပေါ်ယွီက သူ့​ခြေ​ထောက်​တွေကိုမကာ သိပ်မ​ဝေးတဲ့​နေရာမှာ ရပ်ထားတဲ့ nanny car ဆီကို ​လျှောက်သွားလိုက်သည်။

လျူရန်က သူ့လက်ကို ​တောင့်တင်းစွာ ​မြှောက်လိုက်ပြီး ​ပေါ်ယွီရဲ့​နောက်​ကျောကို ​ဝှေ့ယမ်းပြလိုက်သည်။

​ရှောင်ကျန်းက စူးစမ်းတဲ့မျက်လုံး​တွေနဲ့အတူ ရယ်ချင်ရက်ပက်ကျိနဲ လျူရန်ကို ကြည့်လိုက်သည်။

လျူရန် ​အေးစက်စွာ သ​ရော်လိုက်သည်။သူ ​ပေါ်ယွီကို ​အဆင်မ​ပြေတဲ့မျက်နှာမျိုးနဲ့ မဆက်ဆံရဲ​ပေ။ဒါ​ပေမယ့် သူ့အတွက် လက်​ထောက်​လေးတစ်​ယောက်​ကို မျက်နှာလိုမျက်နှာရလုပ်ဖို့လည်း မလို​ချေ။

​ရှောင်ကျန်း ​တောင့်တင်းစွာ ကြည့်လိုက်ပြီး ထွက်သွား​တော့သည်။

" ​ပေါ်​ကော , ဖုန်းမြည်သွားတယ် ။ ဒါ​ပေမယ့် ကျွန်​တော် ဖုန်းမ​ဖြေလိုက်ရဲလို့ "   ​ရှောင်ကျန်းက ​ရှေ့ခုံမှာ ထိုင်​နေပြီး ခဏ​လောက် ချီတုံချတုံဖြစ်ကာ ​ပြောလာခဲ့သည်။

​ပေါ်ယွီ မျက်​​မှောင်ကြုတ်လိုက်ပြီး ​ရှောင်ကျန်း သူ့ဆီ ကမ်း​ပေးလာတဲ့ဖုန်းကို ယူလိုက်သည်။missed call list ထဲမှာ ​ပေါ်​နေတဲ့ နာမည်ကို ကြည့်ပြီးတဲ့နောက် သူ ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့သည်။

ခဏ​လောက်ကြာတဲ့အခါ ​ရှောင်ကျန်း သူ ​ပေါ်ယွီရဲ့နဖူးမှာ ​​ချွေး​တွေထွက်​နေတာကို ​တွေ့လိုက်ရသည်။ရုတ်တရက်ကြီး သူ ဘယ်သူကများ ​ပေါ်ယွီဆီ ဖုန်း​ခေါ်လိုက်လဲဆိုတာကို သိချင်မိသွား​လေသည်။

.
.
.
.
.
.

မ​နေ့က တင်​ပေးမလို့ဟာကို ခြံအသစ်၀ယ်ထားတာ လိုက်စပ်စု​နေလို့ ခုမှတင်လိုက်ရတာ ၊ စိတ်မဆိုးကြဘူးမလား ? 😅

ပြီး​တော့ ဒါက အပိုင်း-၂၁ မှာ ဖရဲသီး​လေး စိတ်​ကောက်ပြီး ​စောင်​အောက်မှာ ​နေ​နေတဲ့ပုံစံ​လေး ။ အဲ့တုန်းက ထည့်မ​ပေးလိုက်ရလို့

Zawgyi

" ​ေပၚယြီက မင္း စုန္႔႐ွီလင္ကိုေပးမယ့္ ​သံပရာရည္ကို မွား​ေသာက္မိခဲ့တာလို႔ မင္း ေျပာခဲ့တယ္​ေလ ။ အခု မင္း ဘာလို႔အဲ့လိုလုပ္ခဲ့ရတယ္ဆိုတာ ငါ့ကို ​ေျပာျပမလား ? "

ခ်ီယန္က သူ႕ကိုယ္သူ ​ေက်နပ္အားရ​ေနတဲ့အခ်ိန္မွာ ​​ေမာ့အန္းယြီက ႐ုတ္တရက္ ​ေမးလိုက္သည္။

ခ်ီယန္ရဲ႕ မ်က္ႏွာအမူအရာက ခ်က္ခ်င္း ​ေျပာင္းလဲသြားသည္။

​ေမာ့အန္းယြီက မတ္တပ္ရပ္ကာ ဖန္ခြက္အသစ္တစ္လုံးကို ယူလိုက္ၿပီး ဝိုင္နီ​ေတြ ​ေလာင္းထည့္ကာ သူ႕လက္ထဲကခြက္ကို အနည္းငယ္ လႈပ္ယမ္းလိုက္သည္။

ခ်ီယန္ရဲ႕ ​ေနာက္​ေက်ာက ႐ုတ္တရက္ ​ေခြၽး​ေတြစို႐ႊဲလာသည္။

" အရင္တုန္းက ငါ မင္းလိမ္တာခံရလုနီးပါးပဲ​ေလ ။ ဒါ​ေပမယ့္ အခု​ေတာ့ အဲဒါကို သ​ေဘာ​ေပါက္နားလည္ဖို႔ အရမ္းႀကီး ​ေနာက္မက်​ေသးပါဘူး "   ​ေမာ့အန္းယြီက ​ေအးစက္စြာ ​ေျပာလိုက္သည္။   " ငါ့ခြင့္ျပဳခ်က္မ႐ွိဘဲ မင္းကို အဲဒီအစီအစဥ္အ​ေကာင္အထည္​ေဖာ္ဖို႔ ဘယ္သူကမ်ား ခြင့္ျပဳ​ေပးလိုက္တာပါလိမ့္ ?? "

ခ်ီယန္ မသိလိုက္ဘဲနဲ႔ ျပန္လည္တုန္႔ျပန္​ေျပာဆိုလိုက္မိသည္။   " ငါ မ​ေစာင့္ႏိုင္​ေတာ့ဘူး ။ ​ေပၚယြီကလည္း ဟြားခ်န္ၿမိဳ႕​ေတာ္ကို ျပန္​ေရာက္​ေနၿပီး ​ေပၚယြီအ​ေပၚထားတဲ့ စုန္႔႐ွီလင္ရဲ႕သ​ေဘာထားကလည္း စိတ္မခ်ရတာကို ၊ ငါ စဥ္းစားလိုက္မိတာနဲ႔ ...... ​​ေမာ့အန္းယြီ , မင္းလည္း ဒီကိစၥမွာ တာ၀န္႐ွိတာပဲ​ေလ။ ငါတို႔ႏွစ္​ေယာက္လုံး အခုျဖစ္ပ်က္​ေနတဲ့အရာတိုင္းအတြက္ တာ၀န္ယူဖို႔ ​ေခါင္း​ေ႐ွာင္​​ေနလို႔မရႏိုင္ဘူး "

​ေမာ့အန္းယြီ မတ္တပ္ရပ္ကာ ခ်ီယန္ရဲ႕မ်က္လုံး​ေတြကို တည့္တည့္ၾကည့္ရင္း စကားလုံးတစ္လုံးခ်င္းစီကို ဖိ​​ေျပာလိုက္သည္။   " ​ေပၚယြီ႕အနားက​ေန စုန္႔႐ွီလင္ကို ခ်က္ခ်င္း ဖယ္ထုတ္ပစ္ဖို႔ ငါ မင္းကို ​ေနာက္ထပ္အခြင့္အ​ေရးတစ္ခု​ေပးမယ္ ။ မင္း အဲဒါကို မလုပ္ႏိုင္ဘူးလို႔​ေတာ့ ငါ့ကို လာမ​ေျပာနဲ႔ ! "

" ငါ မလုပ္ႏိုင္​ေတာ့ဘူး "   ခ်ီယန္က ​ေမာျအန္းယြီရဲ႕မ်က္၀န္း​ေတြကို ​ေၾကာက္လန္႔​ေနသည္။ဒါ​ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ​ေမာ့အန္းယြီရဲ႕အမိန္႔​ေတြက သူ႕အတြက္ ဘယ္​ေတာ့မွ အၿပီးမသတ္ႏိုင္​ေတာ့ဘူးဆိုတာကိုလည္း ခ်ီယန္ အရမ္း ႐ွင္း႐ွင္းလင္းလင္း သိသည္။

ဒါ့ျပင္ စုန္႔ရီီလင္ရဲ႕သူ႕အ​ေပၚထားတဲ့သ​ေဘာထားကလည္း ခုတစ္မ်ိဳး ​ေတာ္ၾကာတစ္မ်ိဳး ျဖစ္​ေနသည္။လြန္ခဲ့တဲ့ဆယ္ႏွစ္က သူ စုန္႔႐ွီလင္ဆီက​ေန ထြက္မလာခင္တုန္းက​ေတာင္ စုန္႔႐ွီလင္က သူ႕စကားကို တစ္ခါမွ နား​ေထာင္ခဲ့တာမဟုတ္ပါ​ေခ်။

" အဲဒါဆိုရင္လည္း ဒီ​ေလာကႀကီးမွာ ခ်ီယန္ဆိုတဲ့ idol star  တစ္​ေယာက္ မ႐ွိႏိုင္​ေတာ့ဘူး​ေပါ့​ေလ ။ ခ်ီယန္လို႔အမည္ရတဲ့ ​ေအာက္​ေျခအညတရလူတစ္​ေယာက္ပဲ ႐ွိ​ေတာ့မွာ "   ​ေမာ့အန္းယြီက ခ်ီယန္ကို ၿခိမ္း​ေျခာက္သတိ​ေပးလိုက္သည္။

ခ်ီယန္ ေနာက္ကို လွည့္လိုက္တဲ့အခ်ိန္မွာ သူ႕ရဲ႕​ေၾကာက္စိတ္​​ေတြက ​ေလ်ာ့ပါး​ေမွးမွိန္သြားသည္။​ေမာ့အန္းယြီကို ​ေက်ာ​ေပးထားတဲ့ ခ်ီယန္ရဲ႕မ်က္ႏွာ​ေပၚမွာ ​ေအာင္ႏိုင္ျခင္းရဲ႕အျပဳံးတစ္ခုက ​ေပၚ​ေပါက္လာခဲ့သည္။သူ ​ေမာ့အန္းယြီကို ​ေအးစက္​ေနတဲ့​ေလသံနဲ႔အတူ ​ေျပာဆိုလိုက္သည္။   " ငါတို႔​ေတြ ပန္းတိုင္ကို ​ေရာက္တဲ့အခ်ိန္က်ရင္​ေတာ့ ငါတို႔ပူး​​ေပါင္းထားတဲ့ဆက္ဆံ​ေရးက လုံး၀ကို ၿပီးၿပီ​ေနာ္ "

​ေမာ့အန္းယြီက ​ေနာက္ထပ္တစ္ႀကိမ္ ဘိလိယက္ထိုးတဲ့တုတ္တံကို ​ေကာက္ယူကာ ​ေျပာလိုက္သည္။   " ဒါ​ေပါ့ "

ခ်ီယန္ သီးသန္႔အခန္းထဲက​ေန ထြက္သြား​ေတာ့သည္။

" ဘန္း "   ​ေဘာလုံးဟာ တြင္းထဲကို ​ေရာက္႐ွိသြား​ေလသည္။

______________

" မား ? "   စုန္႔႐ွီလင္ ဖုန္းထုတ္ၾကည့္လိုက္တဲ့အခါ ဖုန္း​ေခၚတဲ့သူက သူ႕အ​ေမျဖစ္​ေနတာကို ​ေတြ႕လိုက္ရသည္။စုန္႔႐ွီလင္ ဖုန္း​ေျဖလိုက္သည္။

စုန္႔႐ွီလင္ရဲ႕အ​ေမျဖစ္သူက ​ေလးနက္တဲ့အသံနဲ႔အတူ ​ေမးလာခဲ့သည္။   " မင္း ​ေပၚယြီနဲ႔အတူ႐ွိ​ေနတုန္းလား ? "

" ဟိုးအရင္ကတည္းက ကြၽန္​ေတာ္တို႔ ျပတ္သြားၾကၿပီ​ေလ "   စုန္႔႐ွီလင္က အမွန္အတိုင္း ျပန္​ေျဖလိုက္သည္။

" ငါ့ကို မညာနဲ႔ ! "   စုန္႔႐ွီလင္ရဲ႕အ​ေမက စိတ္လႈပ္႐ွား​ေနသည္။   " ခ်ီယန္​ေလးက ငါ့ကို ​ေျပာတယ္ ။ မင္း အိမ္ကိုျပန္မလာဘဲနဲ႔ ​ေပၚယြီ႕​ေဘးမွာ အိမ္တစ္လုံး​ေတာင္ ၀ယ္လိုက္​ေသးတယ္ဆို ။ အဲဒါ​ေတာင္မွ အခု မင္းက ​ေပၚယြီနဲ႔ဆက္ဆံ​ေရးမ႐ွိ​ေတာ့ပါဘူးလို႔ ငါ့ကို လာ​ေျပာ​ေနတာလား ? "

ခ်ီယန္ ?  စုန္႔႐ွီလင္ရဲ႕မ်က္၀န္း​ေတြက က်ဥ္း​ေျမာင္းသြားသည္။

" ​ေပၚယြီတို႔မိသားစုက မ႐ိုးသားတဲ့အျပင္ သိကၡာလည္းမ႐ွိဘူး ။ မင္း ​ေပၚယြီကလြဲရင္ ဘယ္သူနဲ႔မဆို ပတ္သတ္လို႔ရတယ္ ! "   စုန္႔႐ွီလင္ရဲ႕အ​ေမက စိတ္မ​ေကာင္းျဖစ္​ေနဟန္နဲ႔ ​ေျပာလိုက္သည္။   " ငါ မင္းအတြက္ ညစာစားပြဲတစ္ခု စီစဥ္​ေပးထားၿပီးၿပီ ။ အဲဒီက​ေလးမ​ေလးက ဦး​ေလးဟန္ရဲ႕သမီးပဲ ။ မင္း ဒီတစ္​ေခါက္ ခ်ိန္းထားတဲ့ ညစာစားပြဲဆီ သြားကိုသြားရမယ္ !!! "

" မား , ကုမၸဏီမွာ ကြၽန္​ေတာ္ ​ေျဖ႐ွင္းမွရမယ့္ ကိစၥ​ေတြ႐ွိတယ္ ။ ကြၽန္​ေတာ္ ထြက္လာလို႔မရဘူး "   စုန္႔႐ွီလင္က ​ေပါ့​​ေပါ့ပါးပါး ျပန္​ေျပာလိုက္သည္။

စုန္႔႐ွီလင္ရဲ႕အ​​ေမက ခိုင္မာစြာ ​ေျပာလာခဲ့သည္။   " ​ေကာင္းၿပီ ၊ မင္း ညစာစားပြဲကို မသြားလည္းရတယ္ ။ ဒါ​​ေပမယ့္ မင္း အိမ္​ေျပာင္းရမယ္ ! "

" မ​ေျပာင္းဘူး "   စုန္႔႐ွီလင္မွာ သူကိုယ္တိုင္​ေတာင္ မသိလိုက္ဘဲ ျငင္းဆန္လိုက္မိသည္။

စုန္႔႐ွီလင္ရဲ႕အ​ေမက ​ေလွာင္​ေျပာင္ခနဲ႔လိုက္သည္။   " မင္းပဲ ​ေပၚယြီနဲ႔ ျပတ္သြားပါၿပီဆို "

စုန္႔႐ွီလင္ ဆက္လက္႐ွင္းျပမ​ေန​ေတာ့​ေပ။

စုန္႔႐ွီလင္ရဲ႕အ​ေမက သ​ေရာ္​ေလွာင္​ေျပာင္လိုက္ျပန္သည္။   " မင္းတို႔ အရင္က ဘယ္လိုျပတ္ခဲ့လဲဆိုတာ ကိစၥမ႐ွိဘူး ။ ဒါ​ေပမယ့္ အခုခ်ိန္မွာ​ေတာ့ မင္း စိတ္ကူး​ေပါက္ရာ ထင္တိုင္းႀကဲ​ေနလို႔မရဘူး ။ မနက္ျဖန္ညက်ရင္ ညစာခ်ိန္းထားတာကို မင္း သြားရမယ္ ။ ငါ မင္းကို ​ေခၚဖို႔ ကုမၸဏီကို လာခဲ့လိုက္မယ္ "

စကားဆုံးတာနဲ႔ စုန္႔႐ွီလင္ရဲ႕အ​ေမက သူ႕ရဲ႕႐ွင္းျပခ်က္ကို​ေတာင္ နားမ​ေထာင္​ေတာ့ဘဲ ​ေတြ​ေဝတုံ႔ဆိုင္းျခင္းမ႐ွိ ဖုန္းခ်သြား​ေလသည္။

စုန္႔႐ွီလင္ရဲ႕မ်က္ခုံးႏွစ္ဖက္ဟာ ​ေတာင္တန္း​ေတြလို စုၾကဳံ႕လာသည္။အခ်ိန္အ​​ေတာ္ၾကာတဲ့အခါ သူ လက္ကိုဆန္႔ထုတ္ကာ နက္​ေမွာင္​ေနတဲ့ မ်က္၀န္း​ေတြနဲ႔အတူ ဖုန္းခ်ၿပီး ႏႈတ္ခမ္း​ေတြကို တင္းတင္း​ေစ့ပိတ္လိုက္သည္။သူ ဘာ​ေတြစဥ္းစား​ေနလဲဆိုတာ ဘယ္သူမွ မသိႏိုင္​ေပ။

စုန္႔႐ွီလင္ ဖုန္းခ်သြားၿပီး​ေနာက္ သူမက သူမ​ေဘးမွာ ထိုင္​ေနတဲ့ ခ်ီယန္ကို ျပဳံးျပကာ အံ့ၾသစြာနဲ႔ ဆိုလိုက္သည္။   " ခ်ီယန္​ေလး , မင္း ဘာလို႔မ်ား ျဖဴ​ေဖ်ာ့​ေနရတာလဲကြယ္ ? ​ေနမ​ေကာင္းဘူး လား ? "

ခ်ီယန္က မတ္တပ္ထရပ္ကာ ျမန္ျမန္ ႏႈတ္ဆက္စကား​ေျပာခ်င္​ေနၿပီျဖစ္သည္။စုန္႔႐ွီလင္ကို ဆန္႔က်င္ၿပီး သတင္း​ေပးလိုက္တဲ့လူက သူဆိုတာကို စုန္႔႐ွီလင္ရဲ႕အ​ေမက တိုက္႐ိုက္ႀကီး စုန္႔႐ွီလင္ဆီ ​ေျပာလိုက္လိမ့္မယ္လို႔ သူ တစ္ခါမွ မ​ေတြးမိ​ေပ။

" အန္တီစုန္႔ , ကြၽန္​ေတာ္ လုပ္စရာအလုပ္​ေလး​ေတြ ႐ွိ​ေသးလို႔ အဲဒါ​ေၾကာင့္ ကြၽန္​ေတာ္ အရင္ျပန္လိုက္ပါဦးမယ္ ၊ ​ေနာက္မွ​ေတြ႕မယ္​ေနာ္ "   ခ်ီယန္ မတ္တပ္ရပ္လိုက္ၿပီး ျဖဴဆုတ္​ေနတဲ့ပုံစံနဲ႔ သူမကို ႏႈတ္ဆက္စကားဆိုလိုက္သည္။

စုန္႔႐ွီလင္ရဲ႕အ​ေမက မ​ေက်နပ္ဟန္နဲ႔ မ်က္​ေမွာင္ၾကဳတ္လိုက္ၿပီး ခ်ီယန္ကို ဆြဲထားကာ စကားအနည္းငယ္​ေျပာလိုက္သည္။အဲဒီ​ေနာက္ သူမက ခ်ီယန္ကို သူ႕ရဲ႕နားလည္​ေပးမႈအတြက္ ခ်ီးက်ဴးလိုက္ၿပီး ​ေပၚယြီက ​ေနာက္တစ္ခါ သူမရဲ႕သားျဖစ္သူကို ျမႇဴဆြယ္​ေနတဲ့အ​ေၾကာင္း ​ေျပာျပတာအတြက္လည္း ​ေက်းဇူးတင္လိုက္သည္။

ခ်ီယန္မွာ​ေတာ့ ပိုပိုၿပီး စိတ္မၿငိမ္မသက္ျဖစ္လာသည္။

စုန္႔႐ွီလင္ရဲ႕အ​ေမက ခ်ီယန္ကို ထြက္သြားလို႔ရၿပီျဖစ္​ေၾကာင္း လက္ဟန္ျပလိုက္သည္။

ခ်ီယန္ စိတ္သက္သာရာရစြာနဲ႔ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ​ေကာ္ဖီဆိုင္အျပင္ကို ထြက္လာခဲ့သည္။သူ ကားပါကင္ဆီ ​လမ္းေလွ်ာက္သြားတဲ့အခ်ိန္မွာ ကားတံခါးက အဆင္သင့္ ပြင့္​ေနသည္။သူ႕ကို ပုံမွန္မဟုတ္တဲ့ အ၀တ္အစား​ေတြ၀တ္ထားတဲ့ ကိုယ္ရံ​ေတာ္ႏွစ္​ေယာက္က ပိတ္တားလိုက္ၾကသည္။   " မစၥတာခ်ီ , ကြၽန္​ေတာ္တို႔ရဲ႕သူ​ေ႒းက မစၥတာကိုေျပာစရာတခ်ိဳ႕႐ွိတယ္တဲ့ "

ခ်ီယန္က ကိုယ္ရံ​ေတာ္​ေတြ သူ႕ကို ​ေျပာတဲ့​ေနရာဆီ ၾကည့္လိုက္တဲ့အခါ သူ တဆတ္ဆတ္ တုန္ယင္လာၿပီး ​ေသာ့က ၾကမ္းျပင္​​ေပၚကို ျပဳတ္က်သြားခဲ့​ေလသည္။

_________________

​ေပၚယြီ အ၀တ္လဲခန္းထဲမွာ ထိုင္​ေနရင္း iPad ထဲက​ေနတစ္ဆင့္ ဇာတ္ၫႊန္းဖတ္​ေနသည္။အခန္းထဲတြင္ ​ေနာက္ထပ္ အမ်ိဳးသားၾကယ္ပြင့္ သုံးဦး႐ွိသည္။

star ေလး​ေယာက္လုံးက မတူညီတဲ့ ​ေနရာ​ေတြ အသီးသီးမွာ ထိုင္​ေနၾကၿပီး တစ္​ေယာက္ကို တစ္​ေယာက္ စကားလည္း မ​ေျပာၾက​ေပ။

ဒီ​ေနရာက <Three Thousand Disasters> အမည္ရတဲ့ ​ေ႐ွး​ေခတ္႐ွန္း႐ွ တီဗြီဇာတ္လမ္းတြဲရဲ႕ aidition ​ေနရာပဲ ျဖစ္သည္။တျခားအမ်ိဳးသားသုံး​ေယာက္က​ေတာ့ အခုခ်ိန္မွာ ငယ္႐ြယ္​ေရပန္းစား​ေက်ာ္ၾကား​ေနတဲ့ star ​ေတြျဖစ္သည္။သူတို႔​ေတြက တစ္​ေယာက္နဲ႔ တစ္​ေယာက္ မရင္းႏွီးၾက​ေပ။ဒါ့ျပင္ သူတို႔အားလုံးက ဇာတ္​ေကာင္​ေနရာတစ္ခုတည္းအတြက္ audition လာ​ေျဖၾကတာျဖစ္သည္။သူတို႔ အခန္းထဲကို ၀င္လာတဲ့အခ်ိန္တုန္းက ကိုယ့္ကိုကိုယ္ မိတ္ဆက္ခဲ့ၾကတာကလြဲရင္ သူတို႔မွာ ​ေျပာဆိုဆက္ဆံမွာမ႐ွိၾက​ေခ်။

​ေပၚယြီ မ်က္လုံးလွန္ၿပီး သူတို႔ထဲက ႏွစ္​ေယာက္ကို လ်င္ျမန္စြာနဲ႔ ဖ်တ္ခနဲ ၾကည့္လိုက္တဲ့အခါ သူ အကူအညီမဲ့စြာ ျပဳံးလိုက္မိသည္။ဒီလူႏွစ္​ေယာက္ Weibo ​ေပၚမွာ သူတို႔အခ်င္းခ်င္း မၾကာခဏ ဆက္သြယ္တတ္ၾကသည္။သူတို႔​ေတြဟာ ရသစုံ႐ိႈးပြဲ​ေတြကို အတူတူ တက္​ေရာက္ၾကတဲ့အခ်ိန္တိုင္းမွာလည္း သူတို႔ႏွစ္​ေယာက္က ညီအစ္ကို​ေကာင္း ၊ သူငယ္ခ်င္း​ေကာင္း​ေတြျဖစ္​ေၾကာင္း အတိအလင္း ထုတ္​ေဖာ္​ေျပာဆိုကာ အလြန္အမင္း ​ေၾကာ္ျငာ​ေလ့႐ွိသည္။

ဒါ​ေပမယ့္ ဒီသူငယ္ခ်င္း​ေကာင္း​ေတြပါဆိုတဲ့ ႏွစ္​ေယာက္က ပရိသတ္​ေတြနဲ႔ ကင္မရာ​ေတြရဲ႕ ​ေနာက္ကြယ္မွာ​ေတာ့ မယုံၾကည္ႏိုင္​ေလာက္​ေအာင္ပဲ သူတို႔အခ်င္းခ်င္း နာရီဝက္​ေလာက္​ေတာင္ မ်က္ႏွာခ်င္းမဆိုင္ၾကတာကို ဘယ္သူမွ မသိၾက​ေပ။

ဒါ​ေပမယ့္ ​ေပၚယြီက​ေတာ့ သူတို႔ကို နားလည္​ေပးႏိုင္သည္။အဆုံးမွာ​ေတာ့ အကယ္၍မ်ား လူတစ္​ေယာက္က entertainment ​ေလာကထဲမွာ ပိုက္ဆံ႐ွာခ်င္ရင္ အဲဒီလူဟာ သူ႕ရဲ႕စီးပြား​ေရးတန္ဖိုးနဲ႔ ​ေက်ာ္ၾကားမႈကို ထိန္းသိမ္း​ေစာင့္​ေ႐ွာက္ရမည္ျဖစ္သည္။တကယ္လို႔ သူတို႔​ေတြနဲ႔တျခားလူ​ေတြၾကားမွာ ကြာျခားခ်က္သာမ႐ွိရင္ ဘယ္သူကမွ သူတို႔ကို သ႐ုပ္​ေဆာင္​ေပးဖို႔ ​ေျပာ​ေရးဆိုခြင့္႐ွိသူ(spokesman)အျဖစ္ လုပ္​ေဆာင္​ေပးဖို႔ ​​ေမးျမန္းကမ္းလွမ္းၾကမွာမဟုတ္​ေပ။

ဒါ​ေပမယ့္ ​ေပၚယြီ သူ႕ႏွလုံးသားထဲမွာ ​ေျပာလိုက္မိသည္။ ' နားလည္​ေပးႏိုင္တယ္ဆိုတာက လက္ခံသ​ေဘာတူတယ္လို႔ ဆိုလိုတာမဟုတ္ဘူး ' ။ ​ေပၚယြီ အၾကည့္လႊဲလိုက္ၿပီး iPad ကိုပိတ္ကာ သူ႕ရဲ႕စိတ္ဝိဉာဏ္ကို ျပန္လည္လန္းဆန္းလာ​ေအာင္ အနား​ေပးတဲ့အ​ေနနဲ႔ သူ႕မ်က္လုံး​ေတြကို မွိတ္ခ်လိုက္​ေတာ့သည္။

ပိတ္ထားတဲ့ အခန္းတံခါးက ပြင့္လာ​ေလသည္။

အမ်ိဳးသမီးလက္​ေထာက္က အခန္းထဲကို ​ေခါင္းျပဴ၀င္ကာ ဂ႐ုတစိုက္ ​ေျပာလိုက္သည္။   " audition စပါၿပီ ။ ဒါ႐ိုက္တာႀကီးနဲ႔ ပ႐ိုဂ်ဴဆာႀကီးတို႔က ​ေဘးခန္းမွာ ​ေစာင့္​ေနၾကပါတယ္ "

အဲဒါကို ၾကားတဲ့အခါ လူ​ေလး​ေယာက္လုံးက တစ္ခ်ိန္တည္းမွာ မတ္တပ္ရပ္လိုက္ၾကၿပီး တံခါးဆီကို ​ေလွ်ာက္သြားလိုက္ၾကသည္။

______ <Three Thousand Disasters> ဟာ က်င့္ၾကံျခင္း​ေလာကရဲ႕ အ႐ွင္သခင္နဲ႔ က်င့္ၾကံျခင္း​ေလာကထဲ​ေရာက္ခါစ လူသစ္​ေလးတို႔စုံတြဲၾကားက လွပတဲ့အခ်စ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္သည္။အမ်ိဳးသမီးဇာတ္လိုက္က အ​ေက်ာ္ၾကားဆုံး အမ်ိဳးသမီး star ျဖစ္တဲ့ ခ်ဴး၀မ္၀မ္ျဖစ္သည္။အဲဒီ​ေနာက္ အမ်ိဳးသားဇာတ္လိုက္ကို​ေတာ့ ဒီ​ေလး​ေယာက္ထဲက​ေန ​ေ႐ြးခ်ယ္မွာျဖစ္သည္။

ခ်ဴး၀မ္၀မ္မွာ သ႐ုပ္​ေဆာင္အရည္အခ်င္း​ေကာင္း​ေတြလည္း႐ွိၿပီး ဒါ႐ိုက္တာကလည္း အမ်ိဳးသမီးဇာတ္လိုက္မွာ ျဖဴစင္႐ိုးသားတဲ့ ပုံပန္းသ႑ာန္မ်ိဳး႐ွိသင့္တယ္လို႔ ​ေမွ်ာ္လင့္တာ​ေၾကာင့္ သူမဟာ အမ်ိဳးသမီးဇာတ္လိုက္​ေနရာအတြက္ လ်င္ျမန္စြာပဲ အတည္ျပဳခံလိုက္ရသည္။

အမ်ိဳးသမီးဇာတ္လိုက္​ေနရာအတြက္ ဒါ႐ိုက္တာရဲ႕​ေတာင္းဆိုခ်က္​ေတြက မျမင့္​​ေပ။ဒါ​ေပမယ့္ အမ်ိဳးသားဇာတ္လိုက္အတြက္က​ေတာ့ အလြန္ျမင့္မားလွသည္။

အမ်ိဳးသားဇာတ္လိုက္ဟာ လန္းဆန္းတက္ႂကြၿပီး ႐ိုးသား​ေျဖာင့္မတ္တဲ့ စိတ္​ေနသ​ေဘာထား႐ွိတဲ့ ႐ွန္းမာန္ဂိုဏ္းရဲ႕ ​ေခါင္း​ေဆာင္ျဖစ္သည္။က်င့္ၾကံျခင္းကို ​ေလ့က်င့္သူျဖစ္တာ​ေၾကာင့္ သူဟာ ကိ​ေလသာခုနစ္ပါးနဲ႔ ခံစားမႈအာ႐ုံ​ေျခာက္ပါးတို႔ကို ဟိုးအရင္ကတည္းက ဖယ္႐ွားထားခဲ့သည္။ဒါ​ေၾကာင့္ သူ႕ႏွလုံးသားထဲမွာ ဆႏၵလည္းမ႐ွိ ၊ ဝမ္းနည္းမႈလည္းမ႐ွိ ၊ ​ေပ်ာ္႐ႊင္မႈလည္းမ႐ွိ​ေပ။

ဒါ​ေၾကာင့္ အမ်ိဳးသားဇာတ္လိုက္ရဲ႕စိတ္ခံစားခ်က္​ေတြကို သူ႕မ်က္၀န္း​ေတြတစ္မ်ိဳးထဲမွာသာ ​ေဖာ္ျပႏိုင္ၿပီး သူ႕မ်က္ႏွာ​ေပၚမွာ​ေတာ့ ဘယ္လိုအမူအရာမွ ျဖစ္လို႔မရ​ေပ။

႐ိုး႐ိုးသားသား ​ေျပာရရင္ ဒီဇာတ္​ေကာင္ေနရာဟာ သ႐ုပ္​ေဆာင္မင္းသားရဲ႕အရည္အခ်င္းကို စစ္​ေဆးတဲ့ ႀကီးမားလွတဲ့ စမ္းသပ္ခ်က္ပင္ျဖစ္သည္။

​ေပၚယြီက သုံး​ေယာက္​ေျမာက္ audition ​ေျဖရမယ့္သူျဖစ္သည္။သ႐ုပ္​ေဆာင္ရမွာက မဆိုး​ေပမယ့္ အခက္အခဲက ႀကီးမားသည္။

ပထမဆုံး audition ​ေျဖတဲ့ လ်ဴရန္က သုန္မႈန္​ေနသည္။မၾကာခင္မွာပဲ သူက သူ႕ရဲ႕စိတ္အ​ေျခအ​ေနကို လ်င္ျမန္စြာနဲ႔ ထိန္းသိမ္းလိုက္သည္။

______ အကယ္၍ ပထမဆုံးလူကသာ ​​ေကာင္း​ေကာင္းမြန္မြန္ တင္ဆက္ႏိုင္ခဲ့ရင္ သူဟာ ဒါ႐ိုက္တာႀကီးရဲ႕ခ်ီးက်ဴးမႈနဲ႔ အားရ​ေက်နပ္ျခင္းကို ရ႐ွိ႐ုံသာမက ​ေနာက္လူ​ေတြကိုလည္း စိတ္ဖိစီးၿပီး သ႐ုပ္​ေဆာင္တဲ့​ေနရာမွာ အခက္​ေတြ႕​ေအာင္ လုပ္ႏိုင္မွာျဖစ္သည္။

_______________

လ်ဴရန္က သူ႕​ေ႐ွ႕မွာ႐ွိတဲ့ ​ေကာင္မ​ေလးကို ဂ႐ုမစိုက္ဟန္နဲ႔ ၾကည့္လိုက္သည္။   " ငါ တပည့္သစ္ လက္မခံဘူး "

​ေကာင္မ​ေလးက ဇာတ္လမ္းစာသားတစ္​ေၾကာင္းကို ​ေျပာလိုက္သည္။ဒါ​ေပမယ့္ လ်ဴရန္က ပိုၿပီး​ေတာ့​ေတာင္ လ်စ္လ်ဴ႐ွဴလိုက္သည္။   " ထပ္​ေျပာစရာမလိုဘူး ။ က်ဴးယာက ဒီတစ္ဘ၀လုံးမွာ ဘယ္သူ႕ကိုမွ တပည့္အျဖစ္လက္ခံမွာမဟုတ္ဘူး "

​ေျပာၿပီးတဲ့​ေနာက္ လ်ဴရန္ဟာ ဝါး​​ေတာအုပ္ထဲက မ​ေသမ်ိဳးထာ၀ရ႐ွင္သန္သူဟန္ပန္နဲ႔ သူ႕လက္​ေတြကို ခါခ်လိုက္ၿပီး လ်စ္လ်ဴ႐ွဴစြာ ဆိုလိုက္သည္။   " ျပန္​ေတာ့ ၊ ဒီ​ေနရာကို ​ေနာက္တစ္ခါ ထပ္မလာနဲ႔​ေတာ့ "

ခဏၾကာတဲ့အခါ လ်ဴရန္က သူ႕ရဲ႕​ေအးစက္စက္ မ်က္ႏွာအမူအရာနဲ႔ သ႐ုပ္​ေဆာင္​ေနတာကို ရပ္တန္႔လိုက္ၿပီး ခုံမွာထိုင္​ေနၾကတဲ့ ဒါ႐ိုက္တာ ၊ ပ႐ိုဂ်ဴဆာနဲ႔ စာ​ေရးဆရာတို႔ဘက္ကို ဦးၫႊတ္လိုက္သည္။

ဒါ႐ိုက္တာက ​ေလွာင္​ေျပာင္သ​​ေရာ္လိုက္သည္။   " ဇာတ္လိုက္ က်ဴးယာက ​ေဒါသထြက္မ​ေနသင့္ဘူး ။ မင္း တင္ဆက္သြားတာ ပိုလြန္း​ေနတယ္ "

လ်ဴရန္ မ​ေပ်ာ္မ႐ႊင္ခံစားလိုက္ရသည္။ဒါ​ေပမယ့္ သူက ဒါ႐ိုက္တာရဲ႕ျဖစ္တည္မႈကို ​ေၾကာက္ရတာ​ေၾကာင့္ သူ သိပ္ၿပီး မ်ားမ်ားစားစား မ​ေျပာရဲဘဲ ​ေဒါသထြက္​ေနတဲ့ အမူအရာနဲ႔အတူ ​ေဘးထြက္ထိုင္​ေနလိုက္ရသည္။

လ်ဴရန္က အရမ္းကို ​ေကာင္း​ေကာင္း တင္ဆက္သြားခဲ့တာ​ေၾကာင့္ သူ႕မွာ အခြင့္အ​ေရးမ႐ွိ​ေတာ့ဘူးလို႔ ဒုတိယ​ေျမာက္ audition ​ေျဖမယ့္သ႐ုပ္​ေဆာင္က ​ေတြးလိုက္သည္။ဒါ​ေပမယ့္ ဒါ႐ိုက္တာရဲ႕အဲဒီစကား​ေတြကို ၾကားလိုက္ရတဲ့အခါ သူ ခ်က္ခ်င္းကို အရမ္းပဲ ​ေပ်ာ္႐ႊင္သြားၿပီး သ႐ုပ္​ေဆာင္ဖို႔အတြက္ ​ေ႐ွ႕ကို ထြက္လာ​ေတာ့သည္။

ဒုတိယ​ေျမာက္ သ႐ုပ္​ေဆာင္မင္းသားက ႐ႊန္းလက္​ေနတဲ့ အျပဳံးနဲ႔အတူ ​ေတာက္ပ​ေနသည္။သူ သ႐ုပ္​ေဆာင္နယ္ပယ္ထဲကို ၀င္လာၿပီး​ေနာက္ပိုင္းမွာ သူ႕ရဲ႕သ႐ုပ္​ေဆာင္စြမ္းရည္က သိပ္မဆိုး​ေပ။ဒါ​ေပမယ့္ ဒါ႐ိုက္တာက​ေတာ့ သူ႕ရဲ႕သ႐ုပ္​ေဆာင္အရည္အခ်င္းက သူလိုခ်င္တဲ့အထိ​ေရာက္ဖို႔ အ​ေတာ္​ေလး လိုအပ္​ေန​ေသးတယ္လို႔ ​ေျပာလိုက္သည္။

​ေပၚယြီ နည္းနည္း စိတ္ဖိစီးသြားသလို ခံစားလိုက္ရသည္။အရင္က သူ တီဗြီဇာတ္လမ္းတြဲႏွစ္ခုနဲ႔ ဇာတ္​ေကာင္​ေနရာ​ေတြကို လိုခ်င္သည္။တစ္ခုက ႏိုင္ငံကို သိမ္းပိုက္​ေအာင္ႏိုင္ခဲ့တဲ့ ​​ေတာ္၀င္မင္းသား​ေနရာျဖစ္ၿပီး ​ေနာက္တစ္ခုက ဒီဟာျဖစ္သည္။သူက ႏိုင္ငံကို သိမ္းပိုက္​ေအာင္ျမင္တဲ့ မင္းသားဇာတ္​ေကာင္​​ေနရာအတြက္ ​ေ႐ြးခ်ယ္မခံရ​ေပ။ဒါ​ေၾကာင့္ တကယ္လို႔မ်ား သူ ဒီဟာကိုပါ ထပ္အ​ေ႐ြးမခံရရင္ သူ႕ကိုယ္သူ စိတ္ပ်က္မိမွာျဖစ္ၿပီး ​ေလာင္က်န္းကိုလည္း ႐ွင္းျပႏိုင္​ေတာ့မွာ မဟုတ္​ေခ်။

ဒါ့ျပင္ ​ေပၚယြီ <The Young General> မွာ သ႐ုပ္​ေဆာင္ခဲ့ၿပီးတဲ့​ေနာက္ သူ ပို​ေကာင္းတဲ့ တီဗြီဇာတ္လမ္းတြဲတစ္ခုမွာ သ႐ုပ္​ေဆာင္ဖို႔ လိုအပ္သည္။ဒါမွသာ လူထုၾကားက သူ႕ရဲ႕ပုံရိပ္ကို ​ေျပာင္းလဲပစ္ၿပီး ပိုမိုမ်ားျပားတဲ့ ပရိသတ္​ေတြက သူ႕ကို မွတ္မိသတိရ​ေနမွာျဖစ္သည္။

ဒီတီဗြီဇာတ္လမ္းတြဲရဲ႕ အဓိကဇာတ္လိုက္​ေနရာက သူ႕အတြက္ လက္႐ွိအခ်ိန္မွာ ​ေျပာင္းလဲပစ္ဖို႔အတြက္ အ​ေကာင္းဆုံးအခြင့္အ​ေရးျဖစ္သည္။

​​ေပၚယြီ အသက္ျပင္းျပင္းတစ္ခ်က္ ႐ွဴ႐ိႈက္ကာ မတ္တပ္ရပ္လိုက္သည္။

________________

​​ေပၚယြီရဲ႕ ပုံပန္းသြင္ျပင္က သူ႕ရဲ႕ႀကီးမားတဲ့ အားသာခ်က္ပဲျဖစ္သည္။ၿပီး​ေတာ့ သူ႕ရဲ႕​​ေအးစက္ၿပီး ​ေၾကာ့႐ွင္းရည္မြန္တဲ့ ပင္ကိုယ္စ႐ိုက္ကလည္း သူ႕ကို အလြန္ႏူးညံ့သိမ္​ေမြ႕ၿပီး စိတ္ကူးယဥ္ဆန္​ေစသည္။

______ ​ေပၚယြီက ဘယ္အရာမွ ဒီမ​ေသမ်ိဳးအမတ႐ွင္ကို လာ​ေရာက္မ​ေႏွာင့္ယွက္ႏိုင္သလိုမ်ိဳး ​လ်စ္လ်ဴ႐ႈတတ္တဲ့ မ်က္၀န္း​ေတြနဲ႔အတူ သူ႕​ေက်ာ​ေနာက္မွာ လက္​ေတြကို ခ်ိတ္ယွက္လိုက္သည္။
{ T / N ; လက္​ေနာက္ပစ္ထားတယ္ဟုဆိုလိုသည္ }

" ​ေက်းဇူးျပဳၿပီး ကြၽန္မကို ႐ွင့္ရဲ႕တပည့္အျဖစ္ ​ေခၚထား​ေပးပါ ...... "   အဲဒီအခ်ိန္မွာ ျဖဴစင္တဲ့ က​ေလးမ​ေလးက မ်က္ရည္​ေတြ ဝိုင္း​ေနတဲ့ မ်က္လုံး​ေတြနဲ႔အတူ သူ႕​ေက်ာ​ေနာက္မွာ လက္​ေတြကို ယွက္ကာ မတ္တပ္ရပ္​ေနတဲ့ အမ်ိဳးသားကို ၾကည့္လိုက္သည္။

" ငါ ဘယ္တပည့္မွ လက္မခံဘူး ၊ ငါ့ကို မင္း ထပ္​ေျပာဖို႔မလိုဘူး "   ​ေပၚယြီက ​ေခါင္းကို အနည္းငယ္ ​ေစာင္းငဲ့လိုက္တာ​ေၾကာင့္ သူ႕ရဲ႕ပိတုန္း​ေရာင္ဆံႏြယ္​ေတြက သူ႕မ်က္လုံး​ေတြကို ဖုံးအုပ္လာသည္။သူ တည္ၿငိမ္ေနတဲ့ မ်က္ႏွာအမူအရာနဲ႔အတူ သူ႕​ေမး​ေစ့ကို ​ေမာ့လိုက္သည္။

" ျပန္​ေတာ့၊ ဒီကိုေနာက္တစ္ခါထပ္မလာခဲ့နဲ႔ "

သူ႕ရဲ႕လက္​ေခ်ာင္းထိပ္​ေလး​ေတြက ​ေျမျပင္​ေပၚကို အနည္းငယ္ ထိလိုက္တဲ့အခါ ဝါး႐ြက္​ေထာင္ခ်ီက ပ်ံဝဲလာၿပီး ဝဲဂယက္သ႑ာန္ စုစည္းသြားၾကသည္။အဲဒါကို အ​ေဝးက​ေန ၾကည့္ရတာ အလြန္ထိတ္လန္႔စရာ​ေကာင္းဟန္​ေပၚသည္။

ဝါး​ေတာအုပ္အစြန္မွာ​ေတာ့ ျဖဴစင္႐ိုးသားတဲ့ မိန္းမငယ္​ေလးဟာ သူမရဲ႕မျမင္ႏိုင္တဲ့ အရိပ္​ေလးကိုသာ ခ်န္ထားခဲ့ၿပီး မ်က္ရည္​ေတြအျပည့္နဲ႔ ထြက္ခြာသြား​ေလသည္။

စာ​ေရးဆရာက ​ေပၚယြီကို မ်က္​ေတာင္မခတ္ၾကည့္​ေနရင္း သတိမမူမိဘဲ သူ႕အက်ႌအစြန္း​ေလးကို လက္​ေခ်ာင္း​ေတြနဲ႔ ဆုပ္ထား​ေနမိသည္။

ဇီဇာ​​ေၾကာင္တဲ့ ဒါ႐ိုက္တာလည္း ​ေနာက္ဆုံး​ေတာ့ အားရ​ေက်နပ္သြားသည္။ဒါ​ေပမယ့္ သူက ဆုံးျဖတ္ခ်က္ကို အ​ေလာတႀကီး မခ်မွတ္ဘဲ ​ေျပာလိုက္သည္။   " အရမ္း​ေကာင္းတယ္ ၊ အရမ္း​ေကာင္းတယ္ ။ ​ေနာက္တစ္​ေယာက္ "

​ေပၚယြီက သူ႕​ေနရာသူ ျပန္ထိုင္လ္ုက္သည္။ခဏတျဖဳတ္ၾကာတဲ့အခါ သူ စိတ္တည္ၿငိမ္သြားၿပီး ​ေလး​ေယာက္​ေျမာက္မင္းသား သ႐ုပ္​ေဆာင္တာကို ​​ေစာင့္​ေနလိုက္သည္။

​ေလး​ေယာက္ေျမာက္ သ႐ုပ္​ေဆာင္မင္းသားရဲ႕ နဖူး​ေပၚမွာ ​ေခြၽး​ေစး​ေတြ ထြက္​ေနၿပီျဖစ္သည္။သူဟာ အရင္တစ္​ေယာက္ အထူးသျဖင့္ ​ေပၚယြီရဲ႕ ၿပီးျပည့္စုံလွတဲ့ သ႐ုပ္​ေဆာင္စြမ္းရည္ကို ျမင္ကာ ႀကီးမားလြန္းတဲ့ ဖိအား​ေအာက္ကို ​ေရာက္႐ွိ​ေနၿပီး သူ စိတ္ပူပန္ထိတ္လန္႔​ေနသည္။

ဒါ​ေၾကာင့္ သူ သ႐ုပ္​ေဆာင္တာက သူ႕ရဲ႕ဆိုးဝါး​ေနတဲ့ စိတ္အ​ေျခအ​ေန​ေၾကာင့္ စိတ္​ေက်နပ္မႈမရ​ေပ။သူ တင္ဆက္ၿပီးတဲ့အခ်ိန္မွာ ဒါ႐ိုက္တာရဲ႕အရင္က​ေလ်ာ့ပါးၿပီးတဲ့ မ်က္ႏွာအမူအရာက ႐ုတ္တရက္ ​ေအးခဲလာၿပီး ' ဟြန္း ' ဟု အသံျပဳသ​ေရာ္ကာ ​ေျပာလိုက္သည္။   " ဟုတ္ၿပီ ။ ဒါအကုန္ပဲ​ေပါ့ "

ဒါ႐ိုက္တာ ၊ စာ​ေရးဆရာနဲ႔ ပ႐ိုဂ်ဴဆာတို႔က မတ္တပ္ရပ္ကာ အခန္းတစ္ခန္းဆီကို ​ေလွ်ာက္သြားၾကသည္။

သူတို႔​ေလး​ေယာက္လည္း audition room ထဲက​ေန ထြက္လာခဲ့သည္။

ခဏ​ေလာက္ၾကာတဲ့အခါ ပ႐ိုဂ်ဴဆာက ထြက္လာၿပီး ႏူးညံ့တဲ့ မ်က္ႏွာထားနဲ႔ ​ေျပာလာခဲ့သည္။   " မင္းတို႔​ေတြ ႀကိဳးစားခဲ့ၾကတယ္ ။ ဒီ​ေန႔​ေတာ့ ဒီ​ေလာက္ပဲ ။ အရင္ဆုံး မင္းတို႔ ျပန္လိုက္ၾကပါ ။ ၿပီးရင္ ငါတို႔ ​ေဆြး​ေႏြးၿပီး ရလဒ္ကို အ​ေၾကာင္းၾကား​ေပးမယ္ "

​ေျပာၿပီးတာနဲ႔ ပ႐ိုဂ်ဴဆာက တကယ့္ကို အလုပ္႐ႈပ္​ေနဟန္​ေပၚကာ ​ေလာ​ေလာ ​ေလာ​ေလာနဲ႔ ထြက္သြား​ေလသည္။

​ေပၚယြီ သူ နာရီကို တစ္ခ်က္ၾကည့္ကာ ထြက္သြားဖို႔ အရင္ဆုံး မတ္တပ္ထရပ္လိုက္သည္။ သူ လုပ္ႏိုင္တာ အကုန္လုပ္ခဲ့ၿပီးၿပီ။က်န္တာက​ေတာ့ သူ႕ကံအ​ေပၚပဲ မူတည္တယ္။

လ်ဴရန္မွာ စူး႐ွတဲ့မ်က္လုံး​ေတြ႐ွိၿပီး သူက ​ေပၚယြီကို ခင္မင္ရင္းႏွီးဟန္နဲ႔ ​ေျပာလိုက္သည္။   " ​ေပၚ​ေကာ , ​ေစာပါ​ေသးတယ္ ။ ကြၽန္​ေတာ္တို႔ ဒီည hotpot သြားစားၾကရင္​ေရာ ဘယ္လိုလဲ ? "

မ​ေကာင္းဘူး ။ ​ေပၚယြီ သူ႕ႏွလုံးသားထဲက​ေန ျငင္းဆန္လိုက္သည္။

သူ ႏွစ္ႏွစ္​ေလာက္ အ​ေပ်ာ္အပါး​ေ႐ွာင္ၾကဥ္ၿပီးတဲ့ ​ေနာက္ဆုံး​ေတာ့ သူ႕မွာ တစ္ညလုံး အိပ္ရာ​ေပၚမွာ လူးလွိမ့္ဖို႔အတြက္ အခြင့္အ​ေရး႐ွိၿပီျဖစ္သည္။တကယ္လို႔ သူသာ ဘာမွမလုပ္ဘဲ တစ္ညထပ္​ေနရရင္ အဲဒါက သူ႕အတြက္​ေတာ့ ဒုကၡႀကီးပဲ !!!

အခ်ိန္အၾကာႀကီး ထိန္းထိန္းသိမ္းသိမ္း​ေနခဲ့ရတဲ့ ​ေပၚယြီအတြက္ ​ဒီကိစၥက နားလည္လို႔ရသည္။ဒီ​ေန႔မနက္ဆိုရင္ သူ႕နဖူး​ေပၚမွာ ၀က္ျခံ​ေသး​ေသး​ေလးတစ္ခုကို​ေတာင္ ​ေတြ႕ခဲ့ရၿပီး အရမ္းကို စိတ္ဓါတ္က်စရာ​​ေတာင္ေကာင္း​​ေနသည္။

သူက တကယ့္ကို အရည္အခ်င္းျပည့္၀တဲ့ သ႐ုပ္​ေဆာင္တစ္​ေယာက္ဆို​ေပမယ့္ သူ႕ရဲ႕​ေခ်ာ​ေမာခန္႔ညားတဲ့ မ်က္ႏွာကလည္း သူ႕ရဲ႕​ေက်ာ္ၾကားမႈကို ျမႇင့္တင္ဖို႔ ​ေသာ့ခ်က္တစ္ခုျဖစ္သည္။

" ငါ ​ေလာ​ေလာဆယ္ ဝိတ္က်ဖို႔ ႀကိဳးစား​ေနတာမို႔လို႔ အဲဒါကို ​ေမ့လိုက္ရ​ေအာင္ "   ​ေပၚယြီက ​ေ႐ွာင္က်န္းဆီက​ေန mask ကို ယူ၀တ္လိုက္သည္။

လ်ဴရန္က အစ​ေတာ့ မင္တက္သြားၿပီး ​ေျပာလိုက္သည္။   " ဟုတ္ကဲ့ , အဲဒါဆိုလည္း ​ေကာင္းပါၿပီ "   သူက ​ေပၚယြီရဲ႕စကားလုံး​ေတြကို သ​ေဘာတူလိုက္​ေပမယ့္ သူ႕ႏွလုံးသားထဲမွာ​ေတာ့ ​ေပၚယြီရဲ႕လ်စ္လ်ဴ႐ွဴမႈ​ေၾကာင့္ လ်ဴရန္ စိတ္အ​ေႏွာင့္အယွက္ျဖစ္သြားရသည္။

​ေပၚယြီက သူ႕ရဲ႕ျငင္းဆန္မႈ​ေၾကာင့္ လ်ဴရန္ ​ေနရခက္သြားတာကို မသိ​ေပ။သူက သူ႕ဖုန္းကို သာမာန္မွ် ဟို​ေ႐ြ႕ဒီ​ေ႐ြ႕လုပ္လိုက္ၿပီး ​ေခါင္းၿငိမ့္ကာ ဆိုလိုက္သည္။   " ငါ အရင္ျပန္ႏွင့္​ေတာ့မယ္ ။ ​ေနာက္တစ္​ေခါက္က်ရင္ ငါ မင္းတို႔ကို ၀ယ္​ေကြၽးမယ္​ေလ "

စကားဆုံးတာနဲ႔ ​ေပၚယြီက သူ႕​ေျခ​ေထာက္​ေတြကိုမကာ သိပ္မ​ေဝးတဲ့​ေနရာမွာ ရပ္ထားတဲ့ nanny car ဆီကို ​ေလွ်ာက္သြားလိုက္သည္။

လ်ဴရန္က သူ႕လက္ကို ​ေတာင့္တင္းစြာ ​ေျမႇာက္လိုက္ၿပီး ​ေပၚယြီရဲ႕​ေနာက္​ေက်ာကို ​ေဝွ႔ယမ္းျပလိုက္သည္။

​ေ႐ွာင္က်န္းက စူးစမ္းတဲ့မ်က္လုံး​ေတြနဲ႔အတူ ရယ္ခ်င္ရက္ပက္က်ိနဲ လ်ဴရန္ကို ၾကည့္လိုက္သည္။

လ်ဴရန္ ​ေအးစက္စြာ သ​ေရာ္လိုက္သည္။သူ ​ေပၚယြီကို ​အဆင္မ​ေျပတဲ့မ်က္ႏွာမ်ိဳးနဲ႔ မဆက္ဆံရဲ​ေပ။ဒါ​ေပမယ့္ သူ႕အတြက္ လက္​ေထာက္​ေလးတစ္​ေယာက္​ကို မ်က္ႏွာလိုမ်က္ႏွာရလုပ္ဖို႔လည္း မလို​ေခ်။

​ေ႐ွာင္က်န္း ​ေတာင့္တင္းစြာ ၾကည့္လိုက္ၿပီး ထြက္သြား​ေတာ့သည္။

" ​ေပၚ​ေကာ , ဖုန္းျမည္သြားတယ္ ။ ဒါ​ေပမယ့္ ကြၽန္​ေတာ္ ဖုန္းမ​ေျဖလိုက္ရဲလို႔ "   ​ေ႐ွာင္က်န္းက ​ေ႐ွ႕ခုံမွာ ထိုင္​ေနၿပီး ခဏ​ေလာက္ ခ်ီတုံခ်တုံျဖစ္ကာ ​ေျပာလာခဲ့သည္။

​ေပၚယြီ မ်က္​​ေမွာင္ၾကဳတ္လိုက္ၿပီး ​ေ႐ွာင္က်န္း သူ႕ဆီ ကမ္း​ေပးလာတဲ့ဖုန္းကို ယူလိုက္သည္။missed call list ထဲမွာ ​ေပၚ​ေနတဲ့ နာမည္ကို ၾကည့္ၿပီးတဲ့ေနာက္ သူ ႐ုတ္တရက္ႀကီး တိတ္ဆိတ္သြားခဲ့သည္။

ခဏ​ေလာက္ၾကာတဲ့အခါ ​ေ႐ွာင္က်န္း သူ ​ေပၚယြီရဲ႕နဖူးမွာ ​​ေခြၽး​ေတြထြက္​ေနတာကို ​ေတြ႕လိုက္ရသည္။႐ုတ္တရက္ႀကီး သူ ဘယ္သူကမ်ား ​ေပၚယြီဆီ ဖုန္း​ေခၚလိုက္လဲဆိုတာကို သိခ်င္မိသြား​ေလသည္။

.
.
.
.
.
.

မ​ေန႔က တင္​ေပးမလို႔ဟာကို ျခံအသစ္၀ယ္ထားတာ လိုက္စပ္စု​ေနလို႔ ခုမွတင္လိုက္ရတာ ၊ စိတ္မဆိုးၾကဘူးမလား ? 😅

ၿပီး​ေတာ့ ဒါက အပိုင္း-၂၁ မွာ ဖရဲသီး​ေလး စိတ္​ေကာက္ၿပီး ​ေစာင္​ေအာက္မွာ ​ေန​ေနတဲ့ပုံစံ​ေလး ။ အဲ့တုန္းက ထည့္မ​ေပးလိုက္ရလို႔

Continue Reading

You'll Also Like

1.4M 60.3K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
137K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.2M 90.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.