[Unicode]
များပြားလှတဲ့ ကျောင်းပျက်ရက်တွေကြားမှာ၊ ဟယ်ရှင်းချွမ်အဆင့်တွေဟာ လျင်မြန်စွာပဲထိုးကျသွားခဲ့တယ်။
အဆင့်၁ကနေ အဆင့်၂၅အထိတောင်ကျသွားခဲ့တာ။
ဆရာ၊ဆရာမတွေအကုန်လုံးနီးပါးက သူ့ကိုခေါ်စကားပြောတယ်။
ဟယ်ရှင်းချွမ်က အောင်မြင်မှုကြောင့် မာနမကြီးတတ်သလို၊ ကျရှုံးမှုကြောင့်လည်း စိတ်မပျက်တတ်တဲ့လူစားမျိုး။
အဆူခံရပေမဲ့ ကိုယ့်ပုံမှန်အရှိန်လေးနဲ့ပဲစာပြန်လုပ်တယ်၊ ဆရာ ဆရာမတွေစကားကို နားထဲတောင်ထည့်ပုံမပေါ်ပေ။
သုံးကြိမ်မြောက်လပတ်စာမေးပွဲမှာ အဆင့်၁နေရာဆီပြန်ရောက်သွားခဲ့တယ်၊ အဆင့်၂ထက် အမှတ်ပေါင်း၄၀လောက်ပိုများပြီးပေါ့။
ယန်ထန်ကိုအိမ်မှာတွေ့မြင်နေရတာနဲ့ ဟယ်ရှင်းချွမ်အသားကျနေခဲ့ပြီ။
အပြင်ကကြည့်ရင် ကျားနဲ့တူပေမဲ့၊ အကျင့်စရိုက်က တကယ့်ကြောင်အစစ်ပဲ။
"ထန်ကော ဆိုဖာပေါ်မအိပ်နဲ့၊ အအေးမိလိမ့်မယ်"
ယန်ထန်က အအေးကြိုက်တယ်၊ လေအေးပေးစက်က အမြဲလိုလို၁၆ဒီဂရီမှာရှိနေတတ်တယ်။
ဟယ်ရှင်းချွမ်နှိုးတာခံလိုက်ရချိန်မှာ၊ ယန်ထန်က မျက်မှောင်တွေကြုတ်ပြီးထလာတယ်။
တက်လာတဲ့ဒေါသတွေပျောက်ကွယ်သွားစေရန် ခဏစောင့်လိုက်ပြီးမှ
"ဘယ်အချိန်ရှိပြီလဲ?"
"ရှစ်နာရီခွဲသွားပြီ၊ ညစာမစားရသေးဘူးမလား ဘာလုပ်ပေးရမလဲ?"
"အဆင်ပြေတာသာလုပ်"
ယန်ထန်က ပြန်အိပ်ပျော်သွားတယ်။
ဟယ်ရှင်းချွမ်ဟာ နားရွက်ဖျားလေးတွေကိုထိတွေ့နေမိပြီး၊ လူငယ်ကတော့ ခေါင်းလေးစောင်းရင်း ပိုမိုအိပ်မောကျသွားခဲ့တယ်။
အိပ်ပျော်နေတဲ့ ကျားလေး။
ညစာစားပြီးချိန်မှာ၊ ယန်ထန်ကရေချိုးခန်းထဲဝင်သွားခဲ့တယ်။
ရေမိုးချိုးပြီးတော့ ညအိပ်ဝတ်စုံမပါလာတာကိုတွေ့သွားတယ်။
အဲ့တော့ တာဝါတစ်ထည်ကိုသာပတ်လိုက်ပြီး အပြင်ထွက်လာခဲ့တယ်။
အပြင်ထွက်ထွက်ချင်းမှာပဲ ဟယ်ရှင်းချွမ်နဲ့တန်းတိုးလေတယ်။
ဟယ်ရှင်းချွမ်မျက်လုံးတွေက ပြူးကျယ်သွားရကာ
"ထန်ကော! ဘာလို့အဝတ်အစားတွေမဝတ်တာလဲ!?"
"ညအိပ်ဝတ်စုံယူဖို့မေ့သွားတာ"
ဟယ်ရှင်းချွမ်မျက်နှာရဲရဲကိုမြင်ချိန်မှာ ယန်ထန်ကပိုစချင်သွားတယ်၊ အနားတိုးကပ်သွားလိုက်ပြီး
"ဘာလို့လဲ? ထန်ကောခန္ဓာကိုယ်က အမိုက်စားမဟုတ်ဘူးလား? ဘာလဲ သဘောမကျဘူးလား?"
"မ...မဟုတ်ဘူး...အခန်းထဲပြန်သွား အမြန်အင်္ကျီဝတ်တော့...အအေးပတ်မယ်"
"မဟုတ်ဘူးလား? အဲ့ဒါဆို ဘာလို့မကြည့်ရဲတာလဲ?"
စကားသံအဆုံးမှာ၊ ဟယ်ရှင်းချွမ်ဟာ နှလုံးတောင်မခိုင်တော့သလိုပဲ။
မျက်နှာလေးဟာ ပိုမိုနီရဲလာရပြီး
"လာစမနေနဲ့! လူမိုက်ကြီးကျနေတာပဲ!"
ရန်တွေ့စကားတွေက ယန်ထန်ကိုပိုလို့တောင်ရယ်ချင်စေမိတယ်။
အရှက်ကြီးသူလေးကို လွှတ်ပေးလိုက်ပါမယ်လေ။
"ကောင်မလေးကျနေတာပဲ"
ဟယ်ရှင်းချွမ်ဟာ အခန်းတံခါးမှာမှီနေမိပြီး၊ မနည်းစိတ်ပြန်ထိန်းနေရတယ်။
ရေချိုးခန်းထဲဝင်ချိန်မှာ၊ သူ့အောက်ကဖောင်းနေတဲ့အရာကိုကြည့်ပြီး ဘာလုပ်ရမှန်းတောင်မသိတော့ပေ။
ထန်ကော...ထန်ကော...
စာသင်ချိန်အတွင်းမှာ မုန့်ခိုးစားတဲ့လူတွေအမြဲရှိတတ်တယ်။
လူအမျိုးအစားသုံးမျိုးရှိတယ်။
ပထမတစ်မျိုးကတော့ သတ္တိရှိပြီး သတိကြီးတဲ့လူ။
ဥပမာ ဝမ်ဘင်းဘင်းလိုပေါ့။
Matcha Towelကိုလက်ထဲကိုင်ရင်း၊ သင်္ချာဆရာစာလှည့်ရေးချိန်မှာ အမြန်တစ်ကိုက်ကိုက်တယ်။
လက်ဖက်စိမ်းနဲ့ ခရင်မ်အနံ့လေးဟာ မွှေးပျံ့လို့သွားတယ်။
ဒုတိယတစ်မျိုးကတော့ သတ္တိမရှိပေမဲ့ ဗိုက်ဆာလွန်းလို့သည်းမခံနိုင်တော့သူလေး။
ဥပမာကတော့ ဟယ်ရှင်းချွမ်ပါ။
ဟယ်ရှင်းချွမ်ဟာ အများကြီးခိုးမစားရဲဘူး၊ စာအုပ်ကိုထောင်ကာ ဘီစကစ်တွေကိုအရှေ့ပုံထားတယ်။
ပါးစပ်ထဲအမြန်ထိုးထည့်ပြီး ယန်ထန်ကိုပါ တစ်ဝက်ဖဲ့ပေးလိုက်သေး။
တတိယတစ်မျိုးကတော့ ဘာမှဂရုမစိုက်တဲ့လူမျိုး။
ဥပမာကတော့ အသေအချာကိုယန်ထန်ပဲ။
သစ်သီးပန်ကိတ်စားထားပေမဲ့ ဗိုက်ကဆာနေတုန်းပဲ။
ဟယ်ရှင်းချွမ်ဘီစကွတ်လှမ်းပေးချိန်မှာ၊ ဟန်တောင်မဆောင်နိုင်တော့ဘဲ ချက်ချင်းစားလိုက်တယ်။
သင်္ချာဆရာကတော့ လည်ပင်းကြောတောင်ထောင်လာရပြီ။
အနောက်တံခါးရဲ့ထောင့်နားကို လက်ညှိုးထိုးပြကာ
"ဟိုသုံးယောက်! ငါ့ကိုကန်းနေတယ်ထင်နေကျလား!? အတန်းလာတက်တာလား မုန့်လာခိုးစားကျတာလား!? မုန့်စားချင်ရင် သွား အပြင်ထွက်စားကျ!"
ကျောင်းသားသုံးယောက်တောင်းပန်မှာကို သင်္ချာဆရာဟာစောင့်နေခဲ့ပေမဲ့၊ သုံးယောက်ကတော့ မုန့်ထုပ်ကိုယ်စီနဲ့ အခန်းအပြင်ထွက်သွားလေရဲ့။
"ဟေး အတန်းခေါင်းဆောင်! ဒီMatchaက တော်တော်ကောင်းတာပဲ! မနက်ဖြန်ထပ်ယူလာပါဦးလား?"
"အိုကေ နှစ်ခုဝယ်လာပေးမယ်၊ ပိုက်ဆံတော့ပေးလိုက်"
"သဘောတူတယ်!"
သင်္ချာဆရာ: ?????
မနက်ပိုင်းအတန်းချိန်ပြီးချိန်မှာ၊ ရှုပမ်းဟာ အခန်းတံခါးကိုမှီလျက် အပြင်ကသုံးယောက်ကိုကြည့်နေရင်း
"အံ့ဩစရာကြီးပါလား! အဲ့လောက်စကားနားထောင်တာ မမြင်ဖူးဘူး!"
ဝမ်ဘင်းဘင်းက ရှုပမ်းကိုလက်ညှိုးထိုးလာပြီး
"ဘာလို့ နင်ကဘာမှမယူလာတာလဲ? ငါတို့ချည်းပဲစားရတာ ပျင်းစရာကြီး!"
ဟယ်ရှင်းချွမ်: ငါတို့ပဲစားတော့မယ်
ယန်ထန်: မင်းကိုမခေါ်တော့ဘူး
ဟယ်ရှင်းချွမ်: ဂိမ်းကစားရင်ရောပဲ
ယန်ထန်: မင်းကိုမထည့်တော့ဘူး
ရှုပမ်း: ???
"ဒီနေ့မနက်က ရှားရှားပါးပါးမနက်စာစားရလို့ဟာ! ကျောင်းမလာခင် ပေါက်စီသုံးလုံးနဲ့ ကြက်ဥလိပ်စားလာတယ်လေ"
ရှုပမ်းက အမြန်ရှင်းပြလိုက်ရတယ်။
"ဟုတ်သားပဲ! ပြောစရာတစ်ခုရှိသေးတယ်! မေလလူငယ်ပရိုဂရမ်မှာပါရအောင် အတန်းခေါင်းဆောင်! အတန်းထဲမှာပါပြောပြလိုက်!"
ဟယ်ရှင်းချွမ်က ခေါင်းညိတ်ပြပြီး
"သတ်မှတ်ချက်တွေကရော?"
"အများကြီးမရှိပါဘူး၊ အထက်တန်းဒုတိယနှစ်တွေနဲ့ တတိယနှစ်တွေအကုန်ပါလို့ရတယ်"
"ဟုတ်ပြီ"
Matcha Towel(Japanese GreenTea Dessert)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
မ်ားျပားလွတဲ့ ေက်ာင္းပ်က္ရက္ေတြၾကားမွာ၊ ဟယ္ရွင္းခြၽမ္အဆင့္ေတြဟာ လ်င္ျမန္စြာပဲထိုးက်သြားခဲ့တယ္။
အဆင့္၁ကေန အဆင့္၂၅အထိေတာင္က်သြားခဲ့တာ။
ဆရာ၊ဆရာမေတြအကုန္လုံးနီးပါးက သူ႔ကိုေခၚစကားေျပာတယ္။
ဟယ္ရွင္းခြၽမ္က ေအာင္ျမင္မႈေၾကာင့္ မာနမႀကီးတတ္သလို၊ က်ရႈံးမႈေၾကာင့္လည္း စိတ္မပ်က္တတ္တဲ့လူစားမ်ိဳး။
အဆူခံရေပမဲ့ ကိုယ့္ပုံမွန္အရွိန္ေလးနဲ႔ပဲစာျပန္လုပ္တယ္၊ ဆရာ ဆရာမေတြစကားကို နားထဲေတာင္ထည့္ပုံမေပၚေပ။
သုံးႀကိမ္ေျမာက္လပတ္စာေမးပြဲမွာ အဆင့္၁ေနရာဆီျပန္ေရာက္သြားခဲ့တယ္၊ အဆင့္၂ထက္ အမွတ္ေပါင္း၄၀ေလာက္ပိုမ်ားၿပီးေပါ့။
ယန္ထန္ကိုအိမ္မွာေတြ႕ျမင္ေနရတာနဲ႔ ဟယ္ရွင္းခြၽမ္အသားက်ေနခဲ့ၿပီ။
အျပင္ကၾကည့္ရင္ က်ားနဲ႔တူေပမဲ့၊ အက်င့္စ႐ိုက္က တကယ့္ေၾကာင္အစစ္ပဲ။
"ထန္ေကာ ဆိုဖာေပၚမအိပ္နဲ႔၊ အေအးမိလိမ့္မယ္"
ယန္ထန္က အေအးႀကိဳက္တယ္၊ ေလေအးေပးစက္က အၿမဲလိုလို၁၆ဒီဂရီမွာရွိေနတတ္တယ္။
ဟယ္ရွင္းခြၽမ္ႏႈိးတာခံလိုက္ရခ်ိန္မွာ၊ ယန္ထန္က မ်က္ေမွာင္ေတြၾကဳတ္ၿပီးထလာတယ္။
တက္လာတဲ့ေဒါသေတြေပ်ာက္ကြယ္သြားေစရန္ ခဏေစာင့္လိုက္ၿပီးမွ
"ဘယ္အခ်ိန္ရွိၿပီလဲ?"
"ရွစ္နာရီခြဲသြားၿပီ၊ ညစာမစားရေသးဘူးမလား ဘာလုပ္ေပးရမလဲ?"
"အဆင္ေျပတာသာလုပ္"
ယန္ထန္က ျပန္အိပ္ေပ်ာ္သြားတယ္။
ဟယ္ရွင္းခြၽမ္ဟာ နား႐ြက္ဖ်ားေလးေတြကိုထိေတြ႕ေနမိၿပီး၊ လူငယ္ကေတာ့ ေခါင္းေလးေစာင္းရင္း ပိုမိုအိပ္ေမာက်သြားခဲ့တယ္။
အိပ္ေပ်ာ္ေနတဲ့ က်ားေလး။
ညစာစားၿပီးခ်ိန္မွာ၊ ယန္ထန္ကေရခ်ိဳးခန္းထဲဝင္သြားခဲ့တယ္။
ေရမိုးခ်ိဳးၿပီးေတာ့ ညအိပ္ဝတ္စုံမပါလာတာကိုေတြ႕သြားတယ္။
အဲ့ေတာ့ တာဝါတစ္ထည္ကိုသာပတ္လိုက္ၿပီး အျပင္ထြက္လာခဲ့တယ္။
အျပင္ထြက္ထြက္ခ်င္းမွာပဲ ဟယ္ရွင္းခြၽမ္နဲ႔တန္းတိုးေလတယ္။
ဟယ္ရွင္းခြၽမ္မ်က္လုံးေတြက ျပဴးက်ယ္သြားရကာ
"ထန္ေကာ! ဘာလို႔အဝတ္အစားေတြမဝတ္တာလဲ!?"
"ညအိပ္ဝတ္စုံယူဖို႔ေမ့သြားတာ"
ဟယ္ရွင္းခြၽမ္မ်က္ႏွာရဲရဲကိုျမင္ခ်ိန္မွာ ယန္ထန္ကပိုစခ်င္သြားတယ္၊ အနားတိုးကပ္သြားလိုက္ၿပီး
"ဘာလို႔လဲ? ထန္ေကာခႏၶာကိုယ္က အမိုက္စားမဟုတ္ဘူးလား? ဘာလဲ သေဘာမက်ဘူးလား?"
"မ...မဟုတ္ဘူး...အခန္းထဲျပန္သြား အျမန္အက်ႌဝတ္ေတာ့...အေအးပတ္မယ္"
"မဟုတ္ဘူးလား? အဲ့ဒါဆို ဘာလို႔မၾကည့္ရဲတာလဲ?"
စကားသံအဆုံးမွာ၊ ဟယ္ရွင္းခြၽမ္ဟာ ႏွလုံးေတာင္မခိုင္ေတာ့သလိုပဲ။
မ်က္ႏွာေလးဟာ ပိုမိုနီရဲလာရၿပီး
"လာစမေနနဲ႔! လူမိုက္ႀကီးက်ေနတာပဲ!"
ရန္ေတြ႕စကားေတြက ယန္ထန္ကိုပိုလို႔ေတာင္ရယ္ခ်င္ေစမိတယ္။
အရွက္ႀကီးသူေလးကို လႊတ္ေပးလိုက္ပါမယ္ေလ။
"ေကာင္မေလးက်ေနတာပဲ"
ဟယ္ရွင္းခြၽမ္ဟာ အခန္းတံခါးမွာမွီေနမိၿပီး၊ မနည္းစိတ္ျပန္ထိန္းေနရတယ္။
ေရခ်ိဳးခန္းထဲဝင္ခ်ိန္မွာ၊ သူ႔ေအာက္ကေဖာင္းေနတဲ့အရာကိုၾကည့္ၿပီး ဘာလုပ္ရမွန္းေတာင္မသိေတာ့ေပ။
ထန္ေကာ...ထန္ေကာ...
စာသင္ခ်ိန္အတြင္းမွာ မုန္႔ခိုးစားတဲ့လူေတြအၿမဲရွိတတ္တယ္။
လူအမ်ိဳးအစားသုံးမ်ိဳးရွိတယ္။
ပထမတစ္မ်ိဳးကေတာ့ သတၱိရွိၿပီး သတိႀကီးတဲ့လူ။
ဥပမာ ဝမ္ဘင္းဘင္းလိုေပါ့။
Matcha Towelကိုလက္ထဲကိုင္ရင္း၊ သခ်ၤာဆရာစာလွည့္ေရးခ်ိန္မွာ အျမန္တစ္ကိုက္ကိုက္တယ္။
လက္ဖက္စိမ္းနဲ႔ ခရင္မ္အနံ႔ေလးဟာ ေမႊးပ်ံ႕လို႔သြားတယ္။
ဒုတိယတစ္မ်ိဳးကေတာ့ သတၱိမရွိေပမဲ့ ဗိုက္ဆာလြန္းလို႔သည္းမခံႏိုင္ေတာ့သူေလး။
ဥပမာကေတာ့ ဟယ္ရွင္းခြၽမ္ပါ။
ဟယ္ရွင္းခြၽမ္ဟာ အမ်ားႀကီးခိုးမစားရဲဘူး၊ စာအုပ္ကိုေထာင္ကာ ဘီစကစ္ေတြကိုအေရွ႕ပုံထားတယ္။
ပါးစပ္ထဲအျမန္ထိုးထည့္ၿပီး ယန္ထန္ကိုပါ တစ္ဝက္ဖဲ့ေပးလိုက္ေသး။
တတိယတစ္မ်ိဳးကေတာ့ ဘာမွဂ႐ုမစိုက္တဲ့လူမ်ိဳး။
ဥပမာကေတာ့ အေသအခ်ာကိုယန္ထန္ပဲ။
သစ္သီးပန္ကိတ္စားထားေပမဲ့ ဗိုက္ကဆာေနတုန္းပဲ။
ဟယ္ရွင္းခြၽမ္ဘီစကြတ္လွမ္းေပးခ်ိန္မွာ၊ ဟန္ေတာင္မေဆာင္ႏိုင္ေတာ့ဘဲ ခ်က္ခ်င္းစားလိုက္တယ္။
သခ်ၤာဆရာကေတာ့ လည္ပင္းေၾကာေတာင္ေထာင္လာရၿပီ။
အေနာက္တံခါးရဲ႕ေထာင့္နားကို လက္ညႇိဳးထိုးျပကာ
"ဟိုသုံးေယာက္! ငါ့ကိုကန္းေနတယ္ထင္ေနက်လား!? အတန္းလာတက္တာလား မုန္႔လာခိုးစားက်တာလား!? မုန္႔စားခ်င္ရင္ သြား အျပင္ထြက္စားက်!"
ေက်ာင္းသားသုံးေယာက္ေတာင္းပန္မွာကို သခ်ၤာဆရာဟာေစာင့္ေနခဲ့ေပမဲ့၊ သုံးေယာက္ကေတာ့ မုန္႔ထုပ္ကိုယ္စီနဲ႔ အခန္းအျပင္ထြက္သြားေလရဲ႕။
"ေဟး အတန္းေခါင္းေဆာင္! ဒီMatchaက ေတာ္ေတာ္ေကာင္းတာပဲ! မနက္ျဖန္ထပ္ယူလာပါဦးလား?"
"အိုေက ႏွစ္ခုဝယ္လာေပးမယ္၊ ပိုက္ဆံေတာ့ေပးလိုက္"
"သေဘာတူတယ္!"
သခ်ၤာဆရာ: ?????
မနက္ပိုင္းအတန္းခ်ိန္ၿပီးခ်ိန္မွာ၊ ရႈပမ္းဟာ အခန္းတံခါးကိုမွီလ်က္ အျပင္ကသုံးေယာက္ကိုၾကည့္ေနရင္း
"အံ့ဩစရာႀကီးပါလား! အဲ့ေလာက္စကားနားေထာင္တာ မျမင္ဖူးဘူး!"
ဝမ္ဘင္းဘင္းက ရႈပမ္းကိုလက္ညႇိဳးထိုးလာၿပီး
"ဘာလို႔ နင္ကဘာမွမယူလာတာလဲ? ငါတို႔ခ်ည္းပဲစားရတာ ပ်င္းစရာႀကီး!"
ဟယ္ရွင္းခြၽမ္: ငါတို႔ပဲစားေတာ့မယ္
ယန္ထန္: မင္းကိုမေခၚေတာ့ဘူး
ဟယ္ရွင္းခြၽမ္: ဂိမ္းကစားရင္ေရာပဲ
ယန္ထန္: မင္းကိုမထည့္ေတာ့ဘူး
ရႈပမ္း: ???
"ဒီေန႔မနက္က ရွားရွားပါးပါးမနက္စာစားရလို႔ဟာ! ေက်ာင္းမလာခင္ ေပါက္စီသုံးလုံးနဲ႔ ၾကက္ဥလိပ္စားလာတယ္ေလ"
ရႈပမ္းက အျမန္ရွင္းျပလိုက္ရတယ္။
"ဟုတ္သားပဲ! ေျပာစရာတစ္ခုရွိေသးတယ္! ေမလလူငယ္ပ႐ိုဂရမ္မွာပါရေအာင္ အတန္းေခါင္းေဆာင္! အတန္းထဲမွာပါေျပာျပလိုက္!"
ဟယ္ရွင္းခြၽမ္က ေခါင္းညိတ္ျပၿပီး
"သတ္မွတ္ခ်က္ေတြကေရာ?"
"အမ်ားႀကီးမရွိပါဘူး၊ အထက္တန္းဒုတိယႏွစ္ေတြနဲ႔ တတိယႏွစ္ေတြအကုန္ပါလို႔ရတယ္"
"ဟုတ္ၿပီ"
Matcha Towel(Japanese GreenTea Dessert)