[Unicode]
အိမ်ငှါးစာချုပ်ချုပ်ပြီးသွားပေမဲ့၊ အခုမှရှင်းလင်းပြင်ဆင်နေတုန်းပင်။
ဟယ်ရှင်းချွမ်တို့ညီအစ်ကိုဟာ ဖက်တီးအိမ်မှာပဲ ရှိနေရသေးတယ်။
ကံကောင်းတာက၊ ဖက်တီးမိဘတွေဟာ အိမ်မှာရှိမနေတတ်တာပဲများတယ်။
အဲ့လိုသာမဟုတ်ရင် ဟယ်ရှင်းချွမ်ခေါင်းဖော်နိုင်မှာတောင်မဟုတ်ဘူး။
"ဖက်တီး၊ သူတို့အိပ်သွားပြီလား?"
ဖက်တီးက သူ့အခန်းထဲကနေတိတ်တိတ်လေးထွက်လာတယ်၊ ဖုန်းကိုလက်ထဲကိုင်ထားကာ
"အကြီးရော အငယ်ရောအိပ်သွားပြီ၊ အခုထွက်တော့မှာလား?"
"အင်း အရင်လူတွေပါခေါ်လိုက်"
"ဟုတ်ပြီ!"
ပါးစပ်ထဲကချိုချဉ်ဟာ မက်မွန်သီးအရသာလေး၊ ဟယ်ရှင်းချွမ်က အိတ်ကပ်ထဲထည့်ထားပေးခဲ့တာ။
"အစ်ကိုကြီး! အစ်ကိုကြီး! ကျွန်တော် တောင်းပန်ပါတယ်။ တကယ် ကျွန်တော်မလုပ်ရဲပါဘူး..."
ယန်ထန်က သူ့ရှေ့ရှိလူကိုမျက်လုံးပင့်ကြည့်လာတယ်၊ ပါးစပ်ထဲကချိုချဉ်ကြောင့် စကားသံဟာ မသဲမကွဲဖြင့်။
"အင်းပါ၊ အဲ့အကြောင်းတွေက နောက်မှပြောကျတာပေါ့။ အခုတော့ ပစ္စည်းကိုအရင်ကောက်ပေးဦး"
"ရေတွင်းထဲမှာ ရေရှိနေမှန်းမသိခဲ့လို့ပါ! အစ်ကိုကြီး ကျွန်တော်အခုချိန်ဆင်းသွားရင် သေသွားလိမ့်မယ်!"
"မဟုတ်တာ၊ ဘယ်သူမှလွယ်လွယ်မသေပါဘူး"
ယန်ထန်ကပြောရင်းနဲ့ပဲ ဝူကျင်းကိုမျက်ခုံးလှမ်းပင့်ပြတယ်။
"လာ သူ့ကိုဆုံးမလိုက်"
လည်ပင်းမှာ ထူးဆန်းတဲ့တက်တူးတွေနဲ့လူဟာ ထိုလူ့ခါးကိုကြိုးနဲ့ချည်တယ်။
ထို့နောက်မှာတော့ ရေတွင်းထဲပစ်ချတယ်။
ကြိုးအရှိန်က လျင်မြန်စွာအောက်ကျနေတယ်၊ ရေနဲ့ နီးကပ်လာချိန်မှပဲ ကြိုးကရပ်တန့်လို့သွားတယ်။
"ဝူကျင်း သူရှာမတွေ့ရင် တစ်ခါတည်းသာလွှတ်ချလိုက်တော့"
"မလုပ်ပါနဲ့! မလုပ်ပါနဲ့! ကျွန်တော်ရှာပါ့မယ်!"
အာရုဏ်တက်ချိန်မှာ၊ တစ်ကိုယ်လုံးဖြူဆုတ်နေရှာတဲ့ထိုလူဟာ ပစ္စည်းကိုရှာတွေ့သွားခဲ့ပြီ။
နွေဦးအစက အေးတယ်၊ အချိန်အကြာကြီးရေထဲနှစ်ထားရတဲ့လက်တွေဟာ တွန့်ပွနေခဲ့တယ်။
တုန်တုန်ရီရီနဲ့ ဗူးကိုယန်ထန်ဆီကမ်းပေးရင်း
"အစ်ကိုကြီး...ကျွန်တော် ရှာတွေ့ပြီ..."
ယန်ထန်က လှမ်းယူလိုက်တယ်။
သေချာကြည့်လိုက်တော့ ဗူးကကွဲတောင်ကွဲနေပြီ၊ မျက်ကပ်မှန်တွေသန့်သေးရဲ့လားတောင် မသိဘူး။
မျက်လုံးအတွက်သုံးရမှာဆိုတော့ သေချာဂရုစိုက်သင့်တယ်လေ။
ထိုလူကတော့ စိတ်အေးသွားပုံပင်။
"ဒီကိစ္စတော့ပြီးပြီ၊ အခု သူများအိမ်ကိုဖျက်စီးတဲ့ကိစ္စလေးပြောကျတာပေါ့"
ထိုစကားကိုကြားချိန်မှာ ဝူကျင်းကကြက်သီးထစရာအပြုံးကြီးပြုံးတယ်။
ဖက်တီးကတော့ ရင်တောင်တုန်သွားရတယ်၊ ယန်ထန်နောက်ကပ်လိုက်ရင်း ခြံဝန်းထဲမှပြေးထွက်လာလိုက်တယ်။
"ဝူကျင်းကတော့ အခုထိတော်နေတုန်းပဲ၊ သူ့နည်းလမ်းတွေက အံ့ဩစရာတွေချည်းပဲနော်"
ယန်ထန်က ခေါင်းညိတ်ပြတယ်။
မျက်ကပ်မှန်ဗူးကို အိတ်ကပ်ထဲထည့်လိုက်ပြီး
"အရင်ပြန်နှင့်၊ ငါဝယ်စရာလေးရှိသေးလို့"
"Wow ကိုကို! သားအခန်းကအကျယ်ကြီးပဲ!"
ဟယ်ရှင်းလျန်ဟာအပြုံးအပြည့်နဲ့ ဟယ်ရှင်းချွမ်ကိုသူ့အခန်းထဲဆွဲခေါ်နေတယ်။
ကျိုးသွားတဲ့Bumblebeeအရုပ်လေးဟာဖြင့် တစ်ခြားအရုပ်တွေနဲ့အတူစီရီလျက်။
ဟယ်ရှင်းလျန်ရဲ့ပြုံးပျော်နေပုံကြောင့် ဟယ်ရှင်းချွမ်စိတ်အေးသွားရတယ်။
အဲ့နေ့တုန်းကအရိပ်မဲကြီးကို သတိမရတော့တာကြောင့်ပင်။
သူ့အခန်းဆီပြန်လာတော့ ဘေးစားပွဲပေါ်မှာတင်ထားတဲ့ဗူးလေးတစ်ခု။
ဖွင့်ကြည့်ချိန်မှာ၊ ဟယ်ရှင်းချွမ်ဟာ သဘောတကျရယ်မိသွားတယ်။
ထန်ကောက ဘယ်တော့မှသူ့ကိုမလိမ်ဘူး။
ပြန်ရှာပေးမယ်လို့ပြောရင် ရအောင်ပြန်ရှာပေးတယ်။
ကျောင်းပြန်တက်တော့ တစ်ပတ်တောင်ကြာသွားပြီ။
ဟယ်ရှင်းချွမ်က အိမ်ကိစ္စလေးတွေရှိလို့ကျောင်းမလာတာ၊ ယန်ထန်ကတော့ မတူဘူး။
ကျောင်းကိုတစ်ပတ်မလာတာဟာ အပြစ်ဒဏ်ခံရလို့တဲ့။
"အတန်းခေါင်းဆောင် အဆင်ပြေရဲ့လား? အခုဘယ်မှာနေတာလဲ?"
"အိမ်အသစ်ငှါးလိုက်ပြီ၊ စိတ်မပူပါနဲ့ အခုအဆင်ပြေသွားပြီ"
ဝမ်ဘင်းဘင်းက သက်ပြင်းတစ်ချက်ချကာ
"အဲ့လိုပါပဲ ရုပ်ချောတဲ့လူတွေဆို ဒုက္ခပေးနေတတ်တယ်! အတန်းခေါင်းဆောင် တစ်ခုခုလိုရင် ဖုန်းဆက်နော်! ရှုပမ်းကိုချက်ချင်းလွှတ်ပေးလိုက်မယ်"
ရုတ်တရပ်ကြီး တာဝန်ရသွားတဲ့ရှုပမ်းကတော့ မျက်လုံးအပြူးသားလေးဖြင့်။
"ဘာလို့ငါလဲဟ???"
ဒီလိုနဲ့ပဲ နှစ်ယောက်သား ရန်ထဖြစ်ပြန်ပါလေရော။
ဟယ်ရှင်းချွမ်က ပြုံးလိုက်မိတယ်။
သူ့ဘေးကယန်ထန်ဟာ အိပ်ပျော်နေခဲ့တာ၊ ဒါပေမဲ့ အိပ်ပျော်နေတဲ့မျက်နှာလေးဟာ နူးညံ့လွန်းနေခဲ့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
အိမ္ငွါးစာခ်ဳပ္ခ်ဳပ္ၿပီးသြားေပမဲ့၊ အခုမွရွင္းလင္းျပင္ဆင္ေနတုန္းပင္။
ဟယ္ရွင္းခြၽမ္တို႔ညီအစ္ကိုဟာ ဖက္တီးအိမ္မွာပဲ ရွိေနရေသးတယ္။
ကံေကာင္းတာက၊ ဖက္တီးမိဘေတြဟာ အိမ္မွာရွိမေနတတ္တာပဲမ်ားတယ္။
အဲ့လိုသာမဟုတ္ရင္ ဟယ္ရွင္းခြၽမ္ေခါင္းေဖာ္ႏိုင္မွာေတာင္မဟုတ္ဘူး။
"ဖက္တီး၊ သူတို႔အိပ္သြားၿပီလား?"
ဖက္တီးက သူ႔အခန္းထဲကေနတိတ္တိတ္ေလးထြက္လာတယ္၊ ဖုန္းကိုလက္ထဲကိုင္ထားကာ
"အႀကီးေရာ အငယ္ေရာအိပ္သြားၿပီ၊ အခုထြက္ေတာ့မွာလား?"
"အင္း အရင္လူေတြပါေခၚလိုက္"
"ဟုတ္ၿပီ!"
ပါးစပ္ထဲကခ်ိဳခ်ဥ္ဟာ မက္မြန္သီးအရသာေလး၊ ဟယ္ရွင္းခြၽမ္က အိတ္ကပ္ထဲထည့္ထားေပးခဲ့တာ။
"အစ္ကိုႀကီး! အစ္ကိုႀကီး! ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ တကယ္ ကြၽန္ေတာ္မလုပ္ရဲပါဘူး..."
ယန္ထန္က သူ႔ေရွ႕ရွိလူကိုမ်က္လုံးပင့္ၾကည့္လာတယ္၊ ပါးစပ္ထဲကခ်ိဳခ်ဥ္ေၾကာင့္ စကားသံဟာ မသဲမကြဲျဖင့္။
"အင္းပါ၊ အဲ့အေၾကာင္းေတြက ေနာက္မွေျပာက်တာေပါ့။ အခုေတာ့ ပစၥည္းကိုအရင္ေကာက္ေပးဦး"
"ေရတြင္းထဲမွာ ေရရွိေနမွန္းမသိခဲ့လို႔ပါ! အစ္ကိုႀကီး ကြၽန္ေတာ္အခုခ်ိန္ဆင္းသြားရင္ ေသသြားလိမ့္မယ္!"
"မဟုတ္တာ၊ ဘယ္သူမွလြယ္လြယ္မေသပါဘူး"
ယန္ထန္ကေျပာရင္းနဲ႔ပဲ ဝူက်င္းကိုမ်က္ခုံးလွမ္းပင့္ျပတယ္။
"လာ သူ႔ကိုဆုံးမလိုက္"
လည္ပင္းမွာ ထူးဆန္းတဲ့တက္တူးေတြနဲ႔လူဟာ ထိုလူ႔ခါးကိုႀကိဳးနဲ႔ခ်ည္တယ္။
ထို႔ေနာက္မွာေတာ့ ေရတြင္းထဲပစ္ခ်တယ္။
ႀကိဳးအရွိန္က လ်င္ျမန္စြာေအာက္က်ေနတယ္၊ ေရနဲ႔ နီးကပ္လာခ်ိန္မွပဲ ႀကိဳးကရပ္တန္႔လို႔သြားတယ္။
"ဝူက်င္း သူရွာမေတြ႕ရင္ တစ္ခါတည္းသာလႊတ္ခ်လိုက္ေတာ့"
"မလုပ္ပါနဲ႔! မလုပ္ပါနဲ႔! ကြၽန္ေတာ္ရွာပါ့မယ္!"
အာ႐ုဏ္တက္ခ်ိန္မွာ၊ တစ္ကိုယ္လုံးျဖဴဆုတ္ေနရွာတဲ့ထိုလူဟာ ပစၥည္းကိုရွာေတြ႕သြားခဲ့ၿပီ။
ေႏြဦးအစက ေအးတယ္၊ အခ်ိန္အၾကာႀကီးေရထဲႏွစ္ထားရတဲ့လက္ေတြဟာ တြန္႔ပြေနခဲ့တယ္။
တုန္တုန္ရီရီနဲ႔ ဗူးကိုယန္ထန္ဆီကမ္းေပးရင္း
"အစ္ကိုႀကီး...ကြၽန္ေတာ္ ရွာေတြ႕ၿပီ..."
ယန္ထန္က လွမ္းယူလိုက္တယ္။
ေသခ်ာၾကည့္လိုက္ေတာ့ ဗူးကကြဲေတာင္ကြဲေနၿပီ၊ မ်က္ကပ္မွန္ေတြသန္႔ေသးရဲ႕လားေတာင္ မသိဘူး။
မ်က္လုံးအတြက္သုံးရမွာဆိုေတာ့ ေသခ်ာဂ႐ုစိုက္သင့္တယ္ေလ။
ထိုလူကေတာ့ စိတ္ေအးသြားပုံပင္။
"ဒီကိစၥေတာ့ၿပီးၿပီ၊ အခု သူမ်ားအိမ္ကိုဖ်က္စီးတဲ့ကိစၥေလးေျပာက်တာေပါ့"
ထိုစကားကိုၾကားခ်ိန္မွာ ဝူက်င္းကၾကက္သီးထစရာအၿပဳံးႀကီးၿပဳံးတယ္။
ဖက္တီးကေတာ့ ရင္ေတာင္တုန္သြားရတယ္၊ ယန္ထန္ေနာက္ကပ္လိုက္ရင္း ၿခံဝန္းထဲမွေျပးထြက္လာလိုက္တယ္။
"ဝူက်င္းကေတာ့ အခုထိေတာ္ေနတုန္းပဲ၊ သူ႔နည္းလမ္းေတြက အံ့ဩစရာေတြခ်ည္းပဲေနာ္"
ယန္ထန္က ေခါင္းညိတ္ျပတယ္။
မ်က္ကပ္မွန္ဗူးကို အိတ္ကပ္ထဲထည့္လိုက္ၿပီး
"အရင္ျပန္ႏွင့္၊ ငါဝယ္စရာေလးရွိေသးလို႔"
"Wow ကိုကို! သားအခန္းကအက်ယ္ႀကီးပဲ!"
ဟယ္ရွင္းလ်န္ဟာအၿပဳံးအျပည့္နဲ႔ ဟယ္ရွင္းခြၽမ္ကိုသူ႔အခန္းထဲဆြဲေခၚေနတယ္။
က်ိဳးသြားတဲ့Bumblebeeအ႐ုပ္ေလးဟာျဖင့္ တစ္ျခားအ႐ုပ္ေတြနဲ႔အတူစီရီလ်က္။
ဟယ္ရွင္းလ်န္ရဲ႕ၿပဳံးေပ်ာ္ေနပုံေၾကာင့္ ဟယ္ရွင္းခြၽမ္စိတ္ေအးသြားရတယ္။
အဲ့ေန႔တုန္းကအရိပ္မဲႀကီးကို သတိမရေတာ့တာေၾကာင့္ပင္။
သူ႔အခန္းဆီျပန္လာေတာ့ ေဘးစားပြဲေပၚမွာတင္ထားတဲ့ဗူးေလးတစ္ခု။
ဖြင့္ၾကည့္ခ်ိန္မွာ၊ ဟယ္ရွင္းခြၽမ္ဟာ သေဘာတက်ရယ္မိသြားတယ္။
ထန္ေကာက ဘယ္ေတာ့မွသူ႔ကိုမလိမ္ဘူး။
ျပန္ရွာေပးမယ္လို႔ေျပာရင္ ရေအာင္ျပန္ရွာေပးတယ္။
ေက်ာင္းျပန္တက္ေတာ့ တစ္ပတ္ေတာင္ၾကာသြားၿပီ။
ဟယ္ရွင္းခြၽမ္က အိမ္ကိစၥေလးေတြရွိလို႔ေက်ာင္းမလာတာ၊ ယန္ထန္ကေတာ့ မတူဘူး။
ေက်ာင္းကိုတစ္ပတ္မလာတာဟာ အျပစ္ဒဏ္ခံရလို႔တဲ့။
"အတန္းေခါင္းေဆာင္ အဆင္ေျပရဲ႕လား? အခုဘယ္မွာေနတာလဲ?"
"အိမ္အသစ္ငွါးလိုက္ၿပီ၊ စိတ္မပူပါနဲ႔ အခုအဆင္ေျပသြားၿပီ"
ဝမ္ဘင္းဘင္းက သက္ျပင္းတစ္ခ်က္ခ်ကာ
"အဲ့လိုပါပဲ ႐ုပ္ေခ်ာတဲ့လူေတြဆို ဒုကၡေပးေနတတ္တယ္! အတန္းေခါင္းေဆာင္ တစ္ခုခုလိုရင္ ဖုန္းဆက္ေနာ္! ရႈပမ္းကိုခ်က္ခ်င္းလႊတ္ေပးလိုက္မယ္"
႐ုတ္တရပ္ႀကီး တာဝန္ရသြားတဲ့ရႈပမ္းကေတာ့ မ်က္လုံးအျပဴးသားေလးျဖင့္။
"ဘာလို႔ငါလဲဟ???"
ဒီလိုနဲ႔ပဲ ႏွစ္ေယာက္သား ရန္ထျဖစ္ျပန္ပါေလေရာ။
ဟယ္ရွင္းခြၽမ္က ၿပဳံးလိုက္မိတယ္။
သူ႔ေဘးကယန္ထန္ဟာ အိပ္ေပ်ာ္ေနခဲ့တာ၊ ဒါေပမဲ့ အိပ္ေပ်ာ္ေနတဲ့မ်က္ႏွာေလးဟာ ႏူးညံ့လြန္းေနခဲ့တယ္။