"မင်းမကြိုက်တဲ့စီးကရက်တွေက ခါးသက်တယ် ဒါပေမဲ့ အဲ့ဒီနှုတ်ခမ်းပါးတွေနဲ့ပဲ မင်းကိုမှတပ်တပ်မက်မက်စွဲယူနမ်းရှိုက်ချင်နေတာခက်တယ်"
JeonJungKook
CEO of V.E.N Jewelly Company
(This is the largest Company of underground's Jewelly world)
Age 23 (Alpha)
"ပထမဆုံး မင်းရဲ့အနမ်းကြမ်းတွေမှာ စီးကရက်ရဲ့ခါးသက်မှုကိုငါမကြိုက်ဘူး ဂျွန် ဒါပေမဲ့မင်းအနမ်းချိုချိုတွေကိုတော့သဘောကျတယ် မင်းအချစ်ကိုစွဲလမ်းမိမှတော့လည်း မင်းအတွက်ငါကပါရမီဖြည့်ပေးရတော့မှာပေါ့"
KimTaeHyung
The owner of Luxurious Bar
Age 25 (Omega)
Luxurious Link's Introduction ends here. This fanfiction Including Adult Scenes. So, if you are under 18, this is not for you 🔞
Let's start this story ♡
မတူညီသောနေရာမှာ သီးခြားစီရှိခဲ့ကြလည်း တွေ့ဆုံဖို့ကံကြမ္မာပါလာခဲ့ရင်တော့ တစ်နေ့ကျဆုံကြရမှာပါ။ ကမ္ဘာကြီးကကျဥ်းတယ်မဟုတ်လား...။
Luxurious Link
တိတ်ဆိတ်နေသောအမှောင်ထု၏ ညသန်းခေါင်ယံအချိန်သည် ခြောက်ခြားဖွယ်အတိပြီးသည်။ နွေဦးညအလယ် ပတ်ဝန်းကျင်အရပ်ရှစ်မျက်နှာတစ်ခွင်သည် ပုရစ်ကောင်တို့၏အသံများပင်ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။
ထူထပ်သောတောနက်တစ်နေရာက မြို့ပြနှင့်အလှမ်းဝေး၏။ ရှင်းလင်းသောမြေကွက်ထက် ပေါက်နေသောမျက်ခင်းပြင်သည် ညီညာသည်။ လွင်ပြင်ကဲ့သလို့ထိုနေရာ၌ ဂိုထောင်တစ်ခုဟာ ထီးထီးမားမားတည်ရှိနေသည်။ ပစ္စည်းတွေသိုလှောင်သည်လား။ ထိုကဲ့သို့ပြော၍ရပါသည်။ ဒါပေမဲ့ ပိုမိုတိကျစွာပြောရလျှင်တော့ ဒီနေရာသည်ဘဝတစ်ခု၏စီမံရာ။ တစ်နည်းအားဖြင့် သစ္စာဖောက်တို့အသက်ရှင်မှု၏နောက်ဆုံးတည်ရှိရသည့်နေရာတစ်ခု ဟုဆိုလျှင်မှားမည်မဟုတ်ခဲ့ပါ။
အိစက်နေသောထိုင်ခုံတစ်ခုသည်တစ်စုံတစ်ခုကိုတင်ဆောင်ထား၏။ ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းပါးသည် စီးကရက်တစ်ခုကို ငုံခဲထားခဲ့သည်။ ပါးလျပ်သောနှုတ်ခမ်းထဲမှ အဖြူရောင်အငွေ့တစ်ချို့ထွက်လာတဲ့အချိန် မျက်စိရှေ့မှခေါင်းငိုက်စိုက်ကျနေတဲ့လူကိူ အသံတိတ်တဆိတ်သာသူစိုက်ကြည့်မိတယ်။ သွေးအလိမ်းလိမ်းဖြင့်လဲကျနေခဲ့သောလူက ရွံရှာဖွယ်အတိ။ ကောင်းကောင်းမနေချင်ပဲ လောဘမာန်တက်မှတော့ မထင်ရက်လောက်တဲ့အလုပ်ကိုသေသေချာချာကိုလုပ်ချသွားခဲ့တာပဲ။
"မထင်ရက်စရာပဲ မစ္စတာဂျူ"
တိကျစွာခနဲ့သလိုထွက်လာသည့် လေသံမာမာသည် တိတ်ဆိတ်နေသောအမှောင်ထုကိုဖြိုခွင်းသည်။ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခဲ့တဲ့လူက တစ်ချိန်ကနက်နက်နဲနဲယုံကြည်ခဲ့ရသူတဲ့လေ။ လုပ်ချသွားသောငွေပမာဏက အနည်းငယ်ထိခိုက်စေသော်လည်း သူ့ဘဝပျက်လောက်သွားသည်အထိတော့မဟုတ်ခဲ့။ ဟက် ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။ အလုပ်တစ်ခုလုပ်နေပြီး ပိပိရိရိမလုပ်နိုင်တာတော့ စိတ်မကောင်းစရာပဲ။
"ဘယ်အရာမဆို အလုပ်လုပ်ရင်အကွက်စေ့အောင်လုပ်တတ်ရတယ်ဗျ ပြီးတော့ ကျုပ်လိုကောင်က လူတိုင်းကိုအလွယ်တကူယုံကြည်ထားတယ်ထင်နေလို့လား မစ္စတာဂျူ"
ခေါင်မိုးအပေါ် မျက်နှာကျက်မှာတည်ရှိသည့် တစ်လုံးတည်းသောမီးလုံးသည် တစ်နေရာတည်းကိုသာအလင်းရောင်ဖျန့်ကျက်သည်။ ထိုနေရာမှလွဲ၍ ပတ်ဝန်းကျင်ကိုအနည်းငယ်သာ အလင်းရောင်ပြုနေသည်။ သားကောင်။ မုဆိုး၏သားကောင်။ ခန္ဓာကိုယ်တစ်ခုလုံးကိုချုပ်နှောင်ထားသော ကြိုးတွေသည်တင်းကြပ်လွန်းသည်။ ပေါက်ပြဲဒဏ်ရာများကြောင့်ကျနေသောသွေးတွေသည် ကြမ်းပြင်ပေါ်၌ညစ်ပေမှူကိုဖြစ်စေ၏။ သူ့မျက်နှာကိုစေ့စေ့တောင်မကြည့်နိုင်သော ထိုလူသည် မျက်နှာကိုမြေပြင်သို့သာဦးတည်ထားခဲ့သည်။
"စိတ်မကောင်းစရာပဲ ခင်ဗျားက ကျုပ်ကိုမှလာဆွတာကိုး"
"တောင်းပန်ပါတယ်"
အသံတိုးလျစွာဖြင့်ထွက်လာသည်က တောင်းပန်ပါသည်တဲ့။ ဟက် စိတ်ပျက်စရာကောင်းလိုက်တာ။ အခုလိုစကားမျိုးကိုအမုန်းဆုံးပဲ။ ပြုလုပ်ခဲ့တဲ့အပြစ်တွေကို တောင်းပန်ပါတယ်ဆိုရုံနဲ့ပြီးသွားမယ်တဲ့လား။
"အ..အသက်ချမ်းသာပေးပါ"
"စိတ်ပျက်စရာကောင်းလိုက်တာဗျာ အခုလိုခယတောင်းပန်နေတာခင်ဗျားမရှက်ဘူးလား ကျုပ်ကခင်ဗျားထက်ငယ်တယ်လေ မစ္စတာဂျူ အရှက်တရားလေးရှိစမ်းပါဗျာ"
အသက်ချမ်းသာပေးရန်သာ အကြိမ်ကြိမ်တောင်းဆိုနေသောထိုလူကို ဂျောင်ကုစက်ဆုပ်မိသည်။ အခုလိုအခြေအနေမရောက်ချင်ရင် ဖြစ်လာမဲ့အခြေအနေကိုလည်းမလုပ်နဲ့လေ။ ပို့ဆောင်ရမဲ့ပစ္စည်းတွေ ၊ အလုပ်လက်တွဲပြီးသားဖြစ်တဲ့တန်ဖိုးကြီးရတနာတွေကို ကိုယ့်အကျိုးအတွက်အလွဲသုံးစားလုပ်ပစ်တာတော့ သည်းခံနိုင်စွမ်းကိုစစ်ဆေးတာ ခင်ဗျားလွန်သွားပြီ။
ချိတ်ထိုင်ထားသောခြေနှစ်ဖက်သည် မူလအတိုင်းပြန်လည်နေရာယူ၏။ ကြောက်ဒူးတုန်နေသောသွေးတွေနှင့်လူဆီ တစ်လှမ်းချင်းလျှောက်လာသောခြေလှမ်းတွေဟာ သေမင်း၏အမိန့်တစ်ခုကိုယူဆောင်သည်။
"ဘယ်လိုလုပ်မလဲ ကျုပ်ဆိုတဲ့ကောင်က သစ္စာမရှိတာကိုအမုန်းဆုံးပဲ"
နားနားကပ်ကာပြောသော ဂျောင်ကု၏လေသံခပ်တိုးတိုးသည် သူ့ဘဝကိုအဆုံးအဖြတ်ပေးခဲ့လိုက်သည်။ မစ္စတာဂျူသွေးပျက်သွားခဲ့သည်။ သူမှားခဲ့တာ။ ယုန်သူငယ်လိုဖြူစင်တဲ့မျက်နှာလေးနှင့် မြေခွေးနီလိုကောက်ကျစ်မှုတွေပြည့်စုံနေတဲ့ကောင် ၊ ဘယ်အရာမဆိုအကွက်စေ့အောင်လုပ်နိုင်တဲ့လူကိုမှ သူသွားစမိလိုက်တာပဲ။ ဂျောင်ကုကအင်အားကြီးအုပ်စုရဲ့Alphaဖြစ်နေတဲ့အတွက်အင်အားချင်းယှဥ်ဖို့လည်းမဖြစ်နိုင်ခဲ့။ ယုံကြည်မှုကို သူ့အားဂျောင်ကုပေးခဲ့သည်။ ထိုအရာကိုသူလျော့တွက်ခဲ့မိသည်ပဲ။ ယုံကြည်မှုနောက်ကွယ်ကအမြဲသတိထားနေခဲ့တဲ့ ဂျောင်ကုတစ်ဖက်ခြမ်းကို သူလျော့တွက်ခဲ့မိတာ။
ထွက်ခွာသွားသောခြေလှမ်းတွေအဆုံး ကျန်ခဲ့သောကျောပြင်အနောက်မှကြားလိုက်ရသော ဒိုင်းခနဲအသံကျယ်ကျယ်တစ်ချက်။ ဂျေင်ကုခပ်ဟဟရယ်လိုက်သည်။ အားနာပေမဲ့ ဒါသစ္စာဖောက်တို့လျှောက်ရတဲ့လမ်းစဥ်ပဲ မစ္စတာဂျူမင်ဟန်။
"အိမ်ကိုမောင်း"
"ဟုတ်ကဲ့"
စီးပွားရေးလောကနှင့်အတူ မြေအောက်အမှောင်လောက၌နာမည်ကြီးသော ညငှက်တစ်ကောင်။ အန္တရာယ်များလွန်းသောအနက်ရောင်တောင်ပံတွေနှင့်ထိုဇာမဏီငှက်ငယ်က အဖြူရောင်ကောင်းကင်လွှာထက် အနက်ရောင်ကောင်းကင်မည်း၏အနက်ရောင်သွင်ပြင်ကိုပဲ သိပ်သဘောကျသည်။ တန်ဖိုးကြီးရတနာပစ္စည်းများစွာလက်ဝယ်ပိုင်ဆိုင်ထားသော မြင့်မားလွန်းသည့်ငွေကြေးရဲ့နောက်ကွယ်၌ တရားမဝင်အခွန်ရှောင်သောရတနာမှန်သမျှ သူ့လက်ထဲမှပဲတစ်ဆင့် ကမ္ဘာအရပ်ရပ်မှမှောင်ခိုရောင်းဝယ်မှုဆီစီးဆင်းသည်။
ဖြုန်းတီးမှုကိုကစားသလို ငွေကြေးစီးဆင်းမှုကိုလိုအပ်ဖြစ်စွာလှည့်စားထိန်းချုပ်နိုင်သည့် လျို့ဝှက်သောပညာရှင်တွေဖြင့် ချုပ်တည်းထားသောနောက်ခံအင်အားအတောင့်ဆုံးအဖွဲ့သည် သူ့အနောက်မှာရှိသည်။ လက်တွဲလုပ်နိုင်သည့်သူများဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့လူဟာ သာမန်လူဖြစ်မည်မဟုတ်တန်ရာ။ တရားဝင်လုပ်ငန်းများစွာကိုဦးစီးထားသည့်စီးပွားရေးလုပ်ငန်းရှင် သူဟာလက်ဖျောက်တစ်ချက်တီးရုံဖြင့် အဆက်အသွယ်ပေါင်းများစွာအဆင်သင့်ရှိ၏။ ထိုလူသည် V.E.M ကုမ္မဏီ၏ စီအီးအိုဂျွန်ဂျောင်ကု။
တဖြူးဖြူးတိုက်နေတဲ့ညလေအေးတွေကူးလူးဖြတ်သန်းနေကြပေမဲ့ စိတ်တွေရှုပ်နေတာဖြစ်လို့ ဝတ်ထားသောနက်ကတိုင်ကိုလျော့ရင်း ကားမှန်တံခါးချလိုက်သည်။ စိမ့်ခနဲဝင်လာသောလေအေးတွေဖြစ်လည်း သူ့စိတ်တော့မကြည်ခဲ့။ အကြောင်းကား...
"ဂျီမင်း LAကိုပို့ရမဲ့စျေးကွက်ကဘယ်လိုဖြစ်သွားရတာလဲ"
"ချိန်းထားတဲ့နေရာကိုရဲအင်အားစုများပြီးရောက်လာတယ် ဘင်ဂျူးကရိပ်မိသွားခဲ့ပေမဲ့ ငါတို့ဘက်ကထောင်ချောက်ထဲဝင်သွားမိသွားပြီ အပစ်အခတ်ရှိကြတော့ ငါးယောက်မှာနှစ်ယောက်ပဲလွတ်သွားတယ်"
"တောက်စ်"
ခပ်တင်းတင်းပေါ်လာသောအသံသည် အပေါ်ထပ်ရှည်Long coatဝတ်ထားသော အရပ်မြင့်မြင့်ယောကျ်ားတစ်ယောက်ဆီမှ။ လက်အတွင်းကိုင်ထားသောအညိုစာအိတ်အတွင်း၌ ဓာတ်ပုံပေါင်းဆယ်ပုံမကရှိနေသည်။ ဆိပ်ကမ်းတစ်နေရာ ၊ ကွန်တိန်နာဝန်းအတွင်းလူသေအလောင်းသုံးလောင်းထွက်လာသည်။ ဂျောင်ကုဘက်မှလူယုံတွေဆုံးရှုံးလိုက်ရတဲ့အတွက် ဒေါသအမြက်ချောင်းချောင်းထွက်နေခဲ့သည်။ တစ်ကွက်ကျော်ရိုက်ချသွားသော ရဲဘက်ရောက်သွားသည့်သတင်းမှာ တရားဝင်လဲလှယ်မှုကိစ္စအလင်းပေါ်သွားခဲ့သည်။ တန်ဖိုးကြီးရှားပါးပစ္စည်းလည်းပါသွားသလို ထိုသတင်းသည်လည်းရဲဘက်မှာမတွေ့။ အယောင်ဆောင်သည်ဖြစ်စေ မလှိမ့်တစ်ပတ်ယူသွားခြင်း။
"တစ်ဖက်ကပါတနာကိုအကြောင်းကြားထားလိုက် ခဏတော့စောင့်ပေးဖို့တောင်းပန်လိုက် မကြာခင်ရက်အတွင်းမှာတော့ လက်ထဲရအောင်ထည့်ပေးမယ်ဆိုတဲ့အကြောင်းလည်းပြောလိုက်"
"OK"
"မင်း တစ်ထပ်တည်းအရည်အသွေးတူတဲ့စိန်ကိုရှာဖို့ကြိုးစားကြည့်ပေးနိုင်မလား"
"Sorry ဂျောင်ကု အခုတစ်ခေါက်က ကာရက်အရမ်းများတဲ့အတွက် ပစ္စည်းကိုအစားထိုးနိုင်ဖို့ကမလွယ်ဘူး အဲ့တာအပြင် တစ်ဖက်ကနေ ငါတို့ကိုပေးထားတဲ့ငွေအမောက်ပမာဏကလည်းနည်းတာမဟုတ်ဘူး အကယ်၍ငါပြောလို့ သူတို့ဘက်ကစောင့်ပေးတယ်ထားကွာ 143ကာရက်လောက်ရှိတဲ့ ဒီလိုစိန်မျိုးကချက်ချင်းထပ်ရှာတွေ့ဖို့မလွယ်ဘူး အချိန်တွေအများကြီးပေးရလိမ့်မယ်"
အရည်အသွေးမြင့်မားလွန်းသောရတနာအရိုင်းတုံး...ဂျောင်ကုလက်ထဲရောက်လာခဲ့သည့်အတွက် တိတ်တဆိတ်လက်ကြိတ်ထိုးသတင်းပျံသွားတဲ့အချိန်မှာ ကမ္ဘာအရပ်ရပ်မှဝယ်လိုသူ သူဋ္ဌေးကြီးများလုယက်လာကြသည်။ အမြင့်ဆုံးကြေးပေးနိုင်ခဲ့သည့်လူက သူတို့နှင့်တစ်ကြိမ်တစ်ခါမကသောလက်တွဲအလုပ်လုပ်ဖူးသူပင်။ LA ရဲ့ အကြီးဆုံး Casinoပိုင်ရှင် Mr.Rathan အရပ်ပုပု အသားဖြူဖြူ လူဝတစ်ဦး။ ဒေါသကြီးတဲ့အပြင်နောက်ခံအင်အားစုလည်းကြီးသည်။ ဒီ့အတွက်ဒီပြဿနာကတော်ရုံဖြေရှင်းနိုင်မည်မဟုတ်။
ဂျီမင်းငြင်းဆန်လာသော မဖြစ်နိုင်သည့်ကိစ္စမှာ တွန့်ချိုးထားသောသူ့မျက်ခုံးကြောတွေတောင့်တင်းရသည်။ မပွင့်တစ်ပွင့်ပြောသောစကားတွေဖြင့်...
"ဒါဆိုလည်း ငါ့ထက်လျင်တဲ့ကောင်ကိုရှာကြရုံပေါ့"
Luxurious Link
"Morning hyung"
"Morning ထယ်ယောင်း ဒီနေ့စောလှချည်လား"
မြူထနေသောတက္ကသိုလ်ကျောင်းတော်၏ အရှေ့လမ်းမ ၊ မနက်ခင်းအချိန်သည် လှပသည်။ အဖြူရောင်ကောင်းကင်အောက် သိုးမွှေးအဖြူရောင်ဝတ်ထားသောယောကျ်ားလေးတစ်ယောက်ဟာ မနက်ခင်းအလင်းရောင်အောက်မှာအိန်ဂျယ်လ်တစ်ပါးလိုတောင်ထင်းနေသည်မို့ ဆော့ဂျင်တစ်ယောက် သူတောင်ငေးခနဲဖြစ်သွားသည်အထိ။ ဒီကောင် ထယ်ယောင်းတော်တော်လှသည်။
"လာလေ မင်းကိုစောင့်နေတာ"
မနက်စောစောမို့အေးလို့ထင်၏။ ခေါက်ထားသောလည်ပိတ်အကျီကို လှန်ကာပါးစပ်နားအထိထယ်ယောင်းဆွဲတင်လာသည်။ ထယ်ယောင်းကိုကြည့်ရင်း အခုမှသူပါအေးလာသလို။
"အဆင်ပြေခဲ့လား"
"Perfect"
ကျေကျေနပ်နပ်ပြုံးသွားသောhyungရဲ့မျက်နှာကိုကြည့်ပြီး ထယ်ယောင်းပါလိုက်ပြုံးလိုက်သည်။ ကမ်းလှမ်းလာသည့် ဒီလိုကိစ္စတွေဆိုတာမှာ သူ့အတွက်မခက်ခဲ။ ကျွမ်းကျင်ရာဘာသာရပ်တွေမှာ လျင်မြန်သောအချက်အချာကျသည့် Systemနှင့်ပတ်သတ်ရခြင်းသည် ပျော်မွေ့ဖွယ်သိပ်ကောင်းသည်။
"ညကျမင်းရဲ့Barမှာတွေ့ကြမယ်"
"Ok hyung ကျွန်တော်သွားပြီ"
မျက်လုံးတစ်ဖက်မှိတ်ပြကာfly kissပုံစံလုပ်ရင်း ကျောခိုင်းထွက်သွားတဲ့hyungကိုကြည့်ပြီး ထယ်ယောင်းကျောင်းထဲဝင်လာခဲ့သည်။
"ထယ်ယောင်း"
ကျောင်းဝင်းထဲမှ စာကြည့်တိုက်ရှိရာဆီလာခဲ့တော့ တွေ့ပါပြီ သူငယ်ချင်းလေး။ အပေါက်ဝမှာလွယ်အိတ်ကိုတစ်ဖက်တည်းလွယ်ထားလျက် လက်ကိုဘောင်းဘီအိပ်ကပ်ထဲထည့်ပြီးရပ်နေသော ထယ်ယောင်းရဲ့သူငယ်ချင်း ပတ်ဒိုဆော့။ ထယ်ယောင်းကိုတွေ့တွေ့ချင်း လက်ပြကာနှုတ်ဆက်လာသည်။
"သွားရအောင် ငါတို့လုပ်စရာရှိသေးတယ်"
လိုအပ်လာ၍အသက်လွန်ပညာရေးကိုပါ အာရုံစိုက်ထားသောသူသည် ကြင်နာစိတ်ရှိပြီး ရင့်ကျက်တည်ငြိမ်သင့်တဲ့နေရာမှာတည်ငြိမ်သလို ကလေးဆန်ပြီးလည်းချစ်ဖို့ကောင်းပြန်သည်။ သိပ်လှပ၍အပြစ်ကင်းစင်သောမျက်နှာလှလှလေးမှာ ခန့်မှန်းရခက်ခဲသောတစ်ဖက်ခြမ်းရှိ၏။ သိုသိုသိပ်သိပ်နေထိုင်တတ်ခြင်းမှာ မည်သူမှသူ့အကြောင်းသိပ်မသိကြ။ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်သော ထိုကောင်လေးသည် ကင်မ်ထယ်ယောင်း။
ရုတ်တရက်ဆန်စွာထိပ်တိုက်တွေ့ဆုံလာခြင်းမှာ ဆံပင်ငွေမှင်ရောင်နှင့်အိန်ဂျယ်အယောင်ဆောင်သော စေတန်နတ်ဆိုးလေးတစ်ပါးကို ဂျွန်ဂျောင်ကုတစ်ယောက်ကြွေကျမိသွားခဲ့ချိန်မှစ၍ ခန့်မှန်းရခက်ခဲသောပုံပြင်တစ်ပုဒ်အစပြုလာခဲ့သည်။
Luxurious Link
......................................................................
Z
awgyi
"မင္းမႀကိဳက္တဲ့စီးကရက္ေတြက ခါးသက္တယ္ ဒါေပမဲ့ အဲ့ဒီႏႈတ္ခမ္းပါးေတြနဲ႕ပဲ မင္းကိုမွတပ္တပ္မက္မက္စြဲယူနမ္းရွိုက္ခ်င္ေနတာခက္တယ္"
JeonJungKook
CEO of V.E.N Jewelly Company
(This is the largest Company of underground's Jewelly world)
Age 23 (Alpha)
"ပထမဆုံး မင္းရဲ႕အနမ္းၾကမ္းေတြမွာ စီးကရက္ရဲ႕ခါးသက္မႈကိုငါမႀကိဳက္ဘူး ဂြၽန္ ဒါေပမဲ့မင္းအနမ္းခ်ိဳခ်ိဳေတြကိုေတာ့သေဘာက်တယ္ မင္းအခ်စ္ကိုစြဲလမ္းမိမွေတာ့လည္း မင္းအတြက္ငါကပါရမီျဖည့္ေပးရေတာ့မွာေပါ့"
KimTaeHyung
The owner of Luxurious Bar
Age 25 (Omega)
Luxurious Link's Introduction ends here. This fanfiction Including Adult Scenes. So, if you are under 18, this is not for you 🔞
Let's start this story ♡
မတူညီေသာေနရာမွာ သီးျခားစီရွိခဲ့ၾကလည္း ေတြ႕ဆုံဖို႔ကံၾကမၼာပါလာခဲ့ရင္ေတာ့ တစ္ေန႕က်ဆဳံၾကရမွာပါ။ ကမၻာႀကီးကက်ဥ္းတယ္မဟုတ္လား...။
Luxurious Link
တိတ္ဆိတ္ေနေသာအေမွာင္ထု၏ ညသန္းေခါင္ယံအခ်ိန္သည္ ေျခာက္ျခားဖြယ္အတိၿပီးသည္။ ႏြေဦးညအလယ္ ပတ္ဝန္းက်င္အရပ္ရွစ္မ်က္ႏွာတစ္ခြင္သည္ ပုရစ္ေကာင္တို႔၏အသံမ်ားပင္ၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနခဲ့သည္။
ထူထပ္ေသာေတာနက္တစ္ေနရာက ၿမိဳ႕ျပႏွင့္အလွမ္းေဝး၏။ ရွင္းလင္းေသာေျမကြက္ထက္ ေပါက္ေနေသာမ်က္ခင္းျပင္သည္ ညီညာသည္။ လြင္ျပင္ကဲ့သလို႔ထိုေနရာ၌ ဂိုေထာင္တစ္ခုဟာ ထီးထီးမားမားတည္ရွိေနသည္။ ပစၥည္းေတြသိုေလွာင္သည္လား။ ထိုကဲ့သို႔ေျပာ၍ရပါသည္။ ဒါေပမဲ့ ပိုမိုတိက်စြာေျပာရလွ်င္ေတာ့ ဒီေနရာသည္ဘဝတစ္ခု၏စီမံရာ။ တစ္နည္းအားျဖင့္ သစၥာေဖာက္တို႔အသက္ရွင္မႈ၏ေနာက္ဆုံးတည္ရွိရသည့္ေနရာတစ္ခု ဟုဆိုလွ်င္မွားမည္မဟုတ္ခဲ့ပါ။
အိစက္ေနေသာထိုင္ခုံတစ္ခုသည္တစ္စုံတစ္ခုကိုတင္ေဆာင္ထား၏။ ခပ္တင္းတင္းေစ့ထားေသာႏႈတ္ခမ္းပါးသည္ စီးကရက္တစ္ခုကို ငုံခဲထားခဲ့သည္။ ပါးလ်ပ္ေသာႏႈတ္ခမ္းထဲမွ အျဖဴေရာင္အေငြ႕တစ္ခ်ိဳ႕ထြက္လာတဲ့အခ်ိန္ မ်က္စိေရွ႕မွေခါင္းငိုက္စိုက္က်ေနတဲ့လူကိူ အသံတိတ္တဆိတ္သာသူစိုက္ၾကည့္မိတယ္။ ေသြးအလိမ္းလိမ္းျဖင့္လဲက်ေနခဲ့ေသာလူက ႐ြံရွာဖြယ္အတိ။ ေကာင္းေကာင္းမေနခ်င္ပဲ ေလာဘမာန္တက္မွေတာ့ မထင္ရက္ေလာက္တဲ့အလုပ္ကိုေသေသခ်ာခ်ာကိုလုပ္ခ်သြားခဲ့တာပဲ။
"မထင္ရက္စရာပဲ မစၥတာဂ်ဴ"
တိက်စြာခနဲ႕သလိုထြက္လာသည့္ ေလသံမာမာသည္ တိတ္ဆိတ္ေနေသာအေမွာင္ထုကိုၿဖိဳခြင္းသည္။ ယုံၾကည္မႈကိုအလြဲသုံးစားလုပ္ခဲ့တဲ့လူက တစ္ခ်ိန္ကနက္နက္နဲနဲယုံၾကည္ခဲ့ရသူတဲ့ေလ။ လုပ္ခ်သြားေသာေငြပမာဏက အနည္းငယ္ထိခိုက္ေစေသာ္လည္း သူ႕ဘဝပ်က္ေလာက္သြားသည္အထိေတာ့မဟုတ္ခဲ့။ ဟက္ ဘယ္ေလာက္ရယ္စရာေကာင္းလိုက္သလဲ။ အလုပ္တစ္ခုလုပ္ေနၿပီး ပိပိရိရိမလုပ္နိုင္တာေတာ့ စိတ္မေကာင္းစရာပဲ။
"ဘယ္အရာမဆို အလုပ္လုပ္ရင္အကြက္ေစ့ေအာင္လုပ္တတ္ရတယ္ဗ် ၿပီးေတာ့ က်ဳပ္လိုေကာင္က လူတိုင္းကိုအလြယ္တကူယုံၾကည္ထားတယ္ထင္ေနလို႔လား မစၥတာဂ်ဴ"
ေခါင္မိုးအေပၚ မ်က္ႏွာက်က္မွာတည္ရွိသည့္ တစ္လုံးတည္းေသာမီးလုံးသည္ တစ္ေနရာတည္းကိုသာအလင္းေရာင္ဖ်န့္က်က္သည္။ ထိုေနရာမွလြဲ၍ ပတ္ဝန္းက်င္ကိုအနည္းငယ္သာ အလင္းေရာင္ျပဳေနသည္။ သားေကာင္။ မုဆိုး၏သားေကာင္။ ခႏၶာကိုယ္တစ္ခုလုံးကိုခ်ဳပ္ႏွောင္ထားေသာ ႀကိဳးေတြသည္တင္းၾကပ္လြန္းသည္။ ေပါက္ၿပဲဒဏ္ရာမ်ားေၾကာင့္က်ေနေသာေသြးေတြသည္ ၾကမ္းျပင္ေပၚ၌ညစ္ေပမႉကိုျဖစ္ေစ၏။ သူ႕မ်က္ႏွာကိုေစ့ေစ့ေတာင္မၾကည့္နိုင္ေသာ ထိုလူသည္ မ်က္ႏွာကိုေျမျပင္သို႔သာဦးတည္ထားခဲ့သည္။
"စိတ္မေကာင္းစရာပဲ ခင္ဗ်ားက က်ဳပ္ကိုမွလာဆြတာကိုး"
"ေတာင္းပန္ပါတယ္"
အသံတိုးလ်စြာျဖင့္ထြက္လာသည္က ေတာင္းပန္ပါသည္တဲ့။ ဟက္ စိတ္ပ်က္စရာေကာင္းလိုက္တာ။ အခုလိုစကားမ်ိဳးကိုအမုန္းဆုံးပဲ။ ျပဳလုပ္ခဲ့တဲ့အျပစ္ေတြကို ေတာင္းပန္ပါတယ္ဆို႐ုံနဲ႕ၿပီးသြားမယ္တဲ့လား။
"အ..အသက္ခ်မ္းသာေပးပါ"
"စိတ္ပ်က္စရာေကာင္းလိုက္တာဗ်ာ အခုလိုခယေတာင္းပန္ေနတာခင္ဗ်ားမရွက္ဘူးလား က်ဳပ္ကခင္ဗ်ားထက္ငယ္တယ္ေလ မစၥတာဂ်ဴ အရွက္တရားေလးရွိစမ္းပါဗ်ာ"
အသက္ခ်မ္းသာေပးရန္သာ အႀကိမ္ႀကိမ္ေတာင္းဆိုေနေသာထိုလူကို ေဂ်ာင္ကုစက္ဆုပ္မိသည္။ အခုလိုအေျခအေနမေရာက္ခ်င္ရင္ ျဖစ္လာမဲ့အေျခအေနကိုလည္းမလုပ္နဲ႕ေလ။ ပို႔ေဆာင္ရမဲ့ပစၥည္းေတြ ၊ အလုပ္လက္တြဲၿပီးသားျဖစ္တဲ့တန္ဖိုးႀကီးရတနာေတြကို ကိုယ့္အက်ိဳးအတြက္အလြဲသုံးစားလုပ္ပစ္တာေတာ့ သည္းခံနိုင္စြမ္းကိုစစ္ေဆးတာ ခင္ဗ်ားလြန္သြားၿပီ။
ခ်ိတ္ထိုင္ထားေသာေျခႏွစ္ဖက္သည္ မူလအတိုင္းျပန္လည္ေနရာယူ၏။ ေၾကာက္ဒူးတုန္ေနေသာေသြးေတြႏွင့္လူဆီ တစ္လွမ္းခ်င္းေလွ်ာက္လာေသာေျခလွမ္းေတြဟာ ေသမင္း၏အမိန့္တစ္ခုကိုယူေဆာင္သည္။
"ဘယ္လိုလုပ္မလဲ က်ဳပ္ဆိုတဲ့ေကာင္က သစၥာမရွိတာကိုအမုန္းဆုံးပဲ"
နားနားကပ္ကာေျပာေသာ ေဂ်ာင္ကု၏ေလသံခပ္တိုးတိုးသည္ သူ႕ဘဝကိုအဆုံးအျဖတ္ေပးခဲ့လိုက္သည္။ မစၥတာဂ်ဴေသြးပ်က္သြားခဲ့သည္။ သူမွားခဲ့တာ။ ယုန္သူငယ္လိုျဖဴစင္တဲ့မ်က္ႏွာေလးႏွင့္ ေျမေခြးနီလိုေကာက္က်စ္မႈေတြျပည့္စုံေနတဲ့ေကာင္ ၊ ဘယ္အရာမဆိုအကြက္ေစ့ေအာင္လုပ္နိုင္တဲ့လူကိုမွ သူသြားစမိလိုက္တာပဲ။ ေဂ်ာင္ကုကအင္အားႀကီးအုပ္စုရဲ႕Alphaျဖစ္ေနတဲ့အတြက္အင္အားခ်င္းယွဥ္ဖို႔လည္းမျဖစ္နိုင္ခဲ့။ ယုံၾကည္မႈကို သူ႕အားေဂ်ာင္ကုေပးခဲ့သည္။ ထိုအရာကိုသူေလ်ာ့တြက္ခဲ့မိသည္ပဲ။ ယုံၾကည္မႈေနာက္ကြယ္ကအၿမဲသတိထားေနခဲ့တဲ့ ေဂ်ာင္ကုတစ္ဖက္ျခမ္းကို သူေလ်ာ့တြက္ခဲ့မိတာ။
ထြက္ခြာသြားေသာေျခလွမ္းေတြအဆုံး က်န္ခဲ့ေသာေက်ာျပင္အေနာက္မွၾကားလိုက္ရေသာ ဒိုင္းခနဲအသံက်ယ္က်ယ္တစ္ခ်က္။ ေဂ်င္ကုခပ္ဟဟရယ္လိုက္သည္။ အားနာေပမဲ့ ဒါသစၥာေဖာက္တို႔ေလွ်ာက္ရတဲ့လမ္းစဥ္ပဲ မစၥတာဂ်ဴမင္ဟန္။
"အိမ္ကိုေမာင္း"
"ဟုတ္ကဲ့"
စီးပြားေရးေလာကႏွင့္အတူ ေျမေအာက္အေမွာင္ေလာက၌နာမည္ႀကီးေသာ ညငွက္တစ္ေကာင္။ အႏၱရာယ္မ်ားလြန္းေသာအနက္ေရာင္ေတာင္ပံေတြႏွင့္ထိုဇာမဏီငွက္ငယ္က အျဖဴေရာင္ေကာင္းကင္လႊာထက္ အနက္ေရာင္ေကာင္းကင္မည္း၏အနက္ေရာင္သြင္ျပင္ကိုပဲ သိပ္သေဘာက်သည္။ တန္ဖိုးႀကီးရတနာပစၥည္းမ်ားစြာလက္ဝယ္ပိုင္ဆိုင္ထားေသာ ျမင့္မားလြန္းသည့္ေငြေၾကးရဲ႕ေနာက္ကြယ္၌ တရားမဝင္အခြန္ေရွာင္ေသာရတနာမွန္သမွ် သူ႕လက္ထဲမွပဲတစ္ဆင့္ ကမၻာအရပ္ရပ္မွေမွာင္ခိုေရာင္းဝယ္မႈဆီစီးဆင္းသည္။
ျဖဳန္းတီးမႈကိုကစားသလို ေငြေၾကးစီးဆင္းမႈကိုလိုအပ္ျဖစ္စြာလွည့္စားထိန္းခ်ဳပ္နိုင္သည့္ လ်ိဳ႕ဝွက္ေသာပညာရွင္ေတြျဖင့္ ခ်ဳပ္တည္းထားေသာေနာက္ခံအင္အားအေတာင့္ဆုံးအဖြဲ႕သည္ သူ႕အေနာက္မွာရွိသည္။ လက္တြဲလုပ္နိုင္သည့္သူမ်ားဖိန့္ဖိန့္တုန္ေအာင္ေၾကာက္ရတဲ့လူဟာ သာမန္လူျဖစ္မည္မဟုတ္တန္ရာ။ တရားဝင္လုပ္ငန္းမ်ားစြာကိုဦးစီးထားသည့္စီးပြားေရးလုပ္ငန္းရွင္ သူဟာလက္ေဖ်ာက္တစ္ခ်က္တီး႐ုံျဖင့္ အဆက္အသြယ္ေပါင္းမ်ားစြာအဆင္သင့္ရွိ၏။ ထိုလူသည္ V.E.M ကုမၼဏီ၏ စီအီးအိုဂြၽန္ေဂ်ာင္ကု။
တျဖဴးျဖဴးတိုက္ေနတဲ့ညေလေအးေတြကူးလူးျဖတ္သန္းေနၾကေပမဲ့ စိတ္ေတြရႈပ္ေနတာျဖစ္လို႔ ဝတ္ထားေသာနက္ကတိုင္ကိုေလ်ာ့ရင္း ကားမွန္တံခါးခ်လိဳက္သည္။ စိမ့္ခနဲဝင္လာေသာေလေအးေတြျဖစ္လည္း သူ႕စိတ္ေတာ့မၾကည္ခဲ့။ အေၾကာင္းကား...
"ဂ်ီမင္း LAကိုပို႔ရမဲ့ေစ်းကြက္ကဘယ္လိုျဖစ္သြားရတာလဲ"
"ခ်ိန္းထားတဲ့ေနရာကိုရဲအင္အားစုမ်ားၿပီးေရာက္လာတယ္ ဘင္ဂ်ဴးကရိပ္မိသြားခဲ့ေပမဲ့ ငါတို႔ဘက္ကေထာင္ေခ်ာက္ထဲဝင္သြားမိသြားၿပီ အပစ္အခတ္ရွိၾကေတာ့ ငါးေယာက္မွာႏွစ္ေယာက္ပဲလြတ္သြားတယ္"
"ေတာက္စ္"
ခပ္တင္းတင္းေပၚလာေသာအသံသည္ အေပၚထပ္ရွည္Long coatဝတ္ထားေသာ အရပ္ျမင့္ျမင့္ေယာက်္ားတစ္ေယာက္ဆီမွ။ လက္အတြင္းကိုင္ထားေသာအညိုစာအိတ္အတြင္း၌ ဓာတ္ပုံေပါင္းဆယ္ပုံမကရွိေနသည္။ ဆိပ္ကမ္းတစ္ေနရာ ၊ ကြန္တိန္နာဝန္းအတြင္းလူေသအေလာင္းသုံးေလာင္းထြက္လာသည္။ ေဂ်ာင္ကုဘက္မွလူယုံေတြဆုံးရႈံးလိုက္ရတဲ့အတြက္ ေဒါသအျမက္ေခ်ာင္းေခ်ာင္းထြက္ေနခဲ့သည္။ တစ္ကြက္ေက်ာ္ရိုက္ခ်သြားေသာ ရဲဘက္ေရာက္သြားသည့္သတင္းမွာ တရားဝင္လဲလွယ္မႈကိစၥအလင္းေပၚသြားခဲ့သည္။ တန္ဖိုးႀကီးရွားပါးပစၥည္းလည္းပါသြားသလို ထိုသတင္းသည္လည္းရဲဘက္မွာမေတြ႕။ အေယာင္ေဆာင္သည္ျဖစ္ေစ မလွိမ့္တစ္ပတ္ယူသြားျခင္း။
"တစ္ဖက္ကပါတနာကိုအေၾကာင္းၾကားထားလိုက္ ခဏေတာ့ေစာင့္ေပးဖို႔ေတာင္းပန္လိုက္ မၾကာခင္ရက္အတြင္းမွာေတာ့ လက္ထဲရေအာင္ထည့္ေပးမယ္ဆိုတဲ့အေၾကာင္းလည္းေျပာလိုက္"
"OK"
"မင္း တစ္ထပ္တည္းအရည္အေသြးတူတဲ့စိန္ကိုရွာဖို႔ႀကိဳးစားၾကည့္ေပးနိုင္မလား"
"Sorry ေဂ်ာင္ကု အခုတစ္ေခါက္က ကာရက္အရမ္းမ်ားတဲ့အတြက္ ပစၥည္းကိုအစားထိုးနိုင္ဖို႔ကမလြယ္ဘူး အဲ့တာအျပင္ တစ္ဖက္ကေန ငါတို႔ကိုေပးထားတဲ့ေငြအေမာက္ပမာဏကလည္းနည္းတာမဟုတ္ဘူး အကယ္၍ငါေျပာလို႔ သူတို႔ဘက္ကေစာင့္ေပးတယ္ထားကြာ 143ကာရက္ေလာက္ရွိတဲ့ ဒီလိုစိန္မ်ိဳးကခ်က္ခ်င္းထပ္ရွာေတြ႕ဖို႔မလြယ္ဘူး အခ်ိန္ေတြအမ်ားႀကီးေပးရလိမ့္မယ္"
အရည္အေသြးျမင့္မားလြန္းေသာရတနာအရိုင္းတုံး...ေဂ်ာင္ကုလက္ထဲေရာက္လာခဲ့သည့္အတြက္ တိတ္တဆိတ္လက္ႀကိတ္ထိုးသတင္းပ်ံသြားတဲ့အခ်ိန္မွာ ကမၻာအရပ္ရပ္မွဝယ္လိုသူ သူ႒ေးႀကီးမ်ားလုယက္လာၾကသည္။ အျမင့္ဆုံးေၾကးေပးနိုင္ခဲ့သည့္လူက သူတို႔ႏွင့္တစ္ႀကိမ္တစ္ခါမကေသာလက္တြဲအလုပ္လုပ္ဖူးသူပင္။ LA ရဲ႕ အႀကီးဆုံး Casinoပိုင္ရွင္ Mr.Rathan အရပ္ပုပု အသားျဖဴျဖဴ လူဝတစ္ဦး။ ေဒါသႀကီးတဲ့အျပင္ေနာက္ခံအင္အားစုလည္းႀကီးသည္။ ဒီ့အတြက္ဒီျပႆနာကေတာ္႐ုံေျဖရွင္းနိုင္မည္မဟုတ္။
ဂ်ီမင္းျငင္းဆန္လာေသာ မျဖစ္နိုင္သည့္ကိစၥမွာ တြန့္ခ်ိဳးထားေသာသူ႕မ်က္ခုံးေၾကာေတြေတာင့္တင္းရသည္။ မပြင့္တစ္ပြင့္ေျပာေသာစကားေတြျဖင့္...
"ဒါဆိုလည္း ငါ့ထက္လ်င္တဲ့ေကာင္ကိုရွာၾက႐ုံေပါ့"
Luxurious Link
"Morning hyung"
"Morning ထယ္ေယာင္း ဒီေန႕ေစာလွခ်ည္လား"
ျမဴထေနေသာတကၠသိုလ္ေက်ာင္းေတာ္၏ အေရွ႕လမ္းမ ၊ မနက္ခင္းအခ်ိန္သည္ လွပသည္။ အျဖဴေရာင္ေကာင္းကင္ေအာက္ သိုးေမႊးအျဖဴေရာင္ဝတ္ထားေသာေယာက်္ားေလးတစ္ေယာက္ဟာ မနက္ခင္းအလင္းေရာင္ေအာက္မွာအိန္ဂ်ယ္လ္တစ္ပါးလိုေတာင္ထင္းေနသည္မို႔ ေဆာ့ဂ်င္တစ္ေယာက္ သူေတာင္ေငးခနဲျဖစ္သြားသည္အထိ။ ဒီေကာင္ ထယ္ေယာင္းေတာ္ေတာ္လွသည္။
"လာေလ မင္းကိုေစာင့္ေနတာ"
မနက္ေစာေစာမို႔ေအးလို႔ထင္၏။ ေခါက္ထားေသာလည္ပိတ္အက်ီကို လွန္ကာပါးစပ္နားအထိထယ္ေယာင္းဆြဲတင္လာသည္။ ထယ္ေယာင္းကိုၾကည့္ရင္း အခုမွသူပါေအးလာသလို။
"အဆင္ေျပခဲ့လား"
"Perfect"
ေက်ေက်နပ္နပ္ၿပဳံးသြားေသာhyungရဲ႕မ်က္ႏွာကိုၾကည့္ၿပီး ထယ္ေယာင္းပါလိုက္ၿပဳံးလိုက္သည္။ ကမ္းလွမ္းလာသည့္ ဒီလိုကိစၥေတြဆိုတာမွာ သူ႕အတြက္မခက္ခဲ။ ကြၽမ္းက်င္ရာဘာသာရပ္ေတြမွာ လ်င္ျမန္ေသာအခ်က္အခ်ာက်သည့္ Systemႏွင့္ပတ္သတ္ရျခင္းသည္ ေပ်ာ္ေမြ႕ဖြယ္သိပ္ေကာင္းသည္။
"ညက်မင္းရဲ႕Barမွာေတြ႕ၾကမယ္"
"Ok hyung ကြၽန္ေတာ္သြားၿပီ"
မ်က္လုံးတစ္ဖက္မွိတ္ျပကာfly kissပုံစံလုပ္ရင္း ေက်ာခိုင္းထြက္သြားတဲ့hyungကိုၾကည့္ၿပီး ထယ္ေယာင္းေက်ာင္းထဲဝင္လာခဲ့သည္။
"ထယ္ေယာင္း"
ေက်ာင္းဝင္းထဲမွ စာၾကည့္တိုက္ရွိရာဆီလာခဲ့ေတာ့ ေတြ႕ပါၿပီ သူငယ္ခ်င္းေလး။ အေပါက္ဝမွာလြယ္အိတ္ကိုတစ္ဖက္တည္းလြယ္ထားလ်က္ လက္ကိုေဘာင္းဘီအိပ္ကပ္ထဲထည့္ၿပီးရပ္ေနေသာ ထယ္ေယာင္းရဲ႕သူငယ္ခ်င္း ပတ္ဒိုေဆာ့။ ထယ္ေယာင္းကိုေတြ႕ေတြ႕ခ်င္း လက္ျပကာႏႈတ္ဆက္လာသည္။
"သြားရေအာင္ ငါတို႔လုပ္စရာရွိေသးတယ္"
လိုအပ္လာ၍အသက္လြန္ပညာေရးကိုပါ အာ႐ုံစိုက္ထားေသာသူသည္ ၾကင္နာစိတ္ရွိၿပီး ရင့္က်က္တည္ၿငိမ္သင့္တဲ့ေနရာမွာတည္ၿငိမ္သလို ကေလးဆန္ၿပီးလည္းခ်စ္ဖို႔ေကာင္းျပန္သည္။ သိပ္လွပ၍အျပစ္ကင္းစင္ေသာမ်က္ႏွာလွလွေလးမွာ ခန့္မွန္းရခက္ခဲေသာတစ္ဖက္ျခမ္းရွိ၏။ သိုသိုသိပ္သိပ္ေနထိုင္တတ္ျခင္းမွာ မည္သူမွသူ႕အေၾကာင္းသိပ္မသိၾက။ ကိုယ့္ေျခေထာက္ကိုယ္ရပ္တည္ေသာ ထိုေကာင္ေလးသည္ ကင္မ္ထယ္ေယာင္း။
႐ုတ္တရက္ဆန္စြာထိပ္တိုက္ေတြ႕ဆုံလာျခင္းမွာ ဆံပင္ေငြမွင္ေရာင္ႏွင့္အိန္ဂ်ယ္အေယာင္ေဆာင္ေသာ ေစတန္နတ္ဆိုးေလးတစ္ပါးကို ဂြၽန္ေဂ်ာင္ကုတစ္ေယာက္ေႂကြက်မိသြားခဲ့ခ်ိန္မွစ၍ ခန့္မွန္းရခက္ခဲေသာပုံျပင္တစ္ပုဒ္အစျပဳလာခဲ့သည္။
Luxurious Link
......................................................................