လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၁၃(အမျက်​​ဒေါသ)

8.7K 1.2K 52
By Indolent-Senorita

Scroll down for Zawgyi.

Unicode

​ပေါ်ယွီ တံခါး၀က​နေ အိပ်ခန်းထဲကို ​ထော့နဲ့​​ထော့နဲ့ နဲ့ ခက်ခက်ခဲခဲ ​လျှောက်သွားပြီး သူ ဖရဲသီး​လေးကို ရှာမ​တွေ့​ချေ။အိမ်က ဘာသံမှမကြားရဘဲ တိတ်ဆိတ်​နေတဲ့အခါ ​ပေါ်ယွီ ချက်ချင်းပဲ စိုးရိမ်ပူပန်လာသည်။

" ဖရဲသီး​လေး ? ​ပေါ်ရန်တင်း ? ​ပေါ်ရန်တင်း​ရေ ? "

​​ပေါ်ယွီ အရမ်းစိုးရိမ်​နေတာ​ကြောင့် ​​ချွေး​တွေစီးကျလာသည်။

ခဏကြာတဲ့အခါ ​ပေါ်ယွီရဲ့အိပ်ခန်းထဲက​​နေ ဖရဲသီး​လေးရဲ့အသံ​လေးက ထွက်​ပေါ်လာသည်။ဖရဲသီး​လေးဟာ အသံ​တွေပြာတဲ့အထိ ငို​ထားပြီး တဟင့်ဟင့်ရှိုက်ငို​နေဆဲဖြစ်သည်။

အဲဒီအချိန်မှာ ​ပေါ်ယွီရဲ့နှလုံးသား​လေးက ရုတ်တရက် တင်းကြပ်သွားပြီး သူ အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။​ပေါ်ယွီ အသံလာရာဆီ လိုက်သွားတဲ့အခါ မတ်တပ်ရပ်အ၀တ်ဗီရိုကြီး​ရှေ့ကို ​ရောက်သွားပြီး သူ ဗီရိုတံခါးကို ဖွင့်လိုက်​​တော့သည်။

ဖရဲသီး​လေးက တန်တန်နဲ့အတူ အ၀တ်ဗီရိုထဲမှာ ကုပ်ကုပ်က​လေး ​ဆောင့်​ကြောင့်ထိုင်​နေပြီး တစ်ကိုယ်လုံးတုန်ယင်ကာ အသက်ရှူရပ်မတတ် ငို​နေသည်။ဖရဲသီးလေး တုန်တက်သွားတိုင်း သူ့နဖူး​ပေါ်က ဆံပင်​လေး​တွေကလည်း တုန်သွားပြီး ကြည့်ရတာ သနားစရာလည်း​ကောင်းသလို ရယ်စရာလည်း​ကောင်း​နေသည်။

​ပေါ်ယွီ သနားသွားပြီး ရယ်ချင်သလို ခံစားလိုက်ရသည်။​ပေါ်ယွီက တအီအီ​​အော်​နေတဲ့ တန်တန်ကို ​ကောက်ချီပြီး ကြမ်းပြင်ပေါ် ချလိုက်သည်။အဲဒီ​နောက် သူ ဖရဲသီး​လေးကို ​ပွေ့ချီလိုက်​တော့သည်။

ဖရဲသီး​လေးက ​ပေါ်ယွီရဲ့​ခေါင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လာခဲ့သည်။   " ပါးပါး , ဘယ်သွား​နေတာလဲ ........ ဘယ်သွား ... ? "

ဖရဲသီး​လေးက အချိန်အကြာကြီး ပြင်းပြင်းထန်ထန် ငို​နေခဲ့တာ​ကြောင့် အခု သူ စကားတစ်ခွန်းကို​တောင် အပြည့်အစုံ မ​ပြောနိုင်​တော့​ပေ။

​ပေါ်ယွီ နှပ်​တွေနဲ့​ရော မျက်ရည်​တွေပါ​ရော​နေတဲ့ ဖရဲသီး​လေးရဲ့မျက်နှာကို အနမ်း​လေးပေးလိုက်သည်။သူ ညစ်ပတ်​နေတာကို သည်းခံဖို့ ကြိုးစားလိုက်ပါ​သေးတယ် ဒါ​ပေမယ့် အလကားပဲ။​ ​​​ပေါ်ယွီ ​ဖရဲသီး​လေးကို ရေချိုးခန်းဆီ ​ခေါ်သွားပြီး လက်ကိုင်ပဝါအစိုနဲ့ ဖရဲသီး​လေးရဲ့မျက်နှာ​လေးကို သုတ်​ပေးလိုက်​တော့သည်။

" မင်း ဘယ်အချိန် အိပ်ရာကနိုးတာလဲ ? "

ဖရဲသီး​လေးက ငိုထားလွန်းတာ​ကြောင့် ကြို့ထိုး​နေတုန်းပင်ဖြစ်သည်။ဒါ​ပေမယ့် သူ ​ပေါ်ယွီကို မြင်လိုက်ရတဲ့အခါ ဖရဲသီး​လေးရဲ့စိတ်အ​ခြေအ​နေက ပိုပြီးအဆင်​ပြေလာသည်။   " နိုးတာကြာပြီ ၊ သား ပါးပါးကို ရှာမ​တွေ့ဘူးရယ် "

​ပေါ်ယွီ ​ဖြေလိုက်သည်။   " ပါးပါး အပြင်ထွက်ပြီး ​ပြေးတာ မ​တော်တဆ လမ်း​ပျောက်သွားလို့ ၊ ပါးပါး ​တောင်းပန်ပါတယ် ဖရဲသီးလေး "

ဖရဲသီး​လေးက ၀မ်းနည်း​နေတုန်းပဲ ဆို​ပေမယ့် သူ ​​ထောက်ထားညှာတာစွာပဲ ပေါ်ယွီရဲ့နဖူး​ပေါ်က ​ချွေး​တွေကို သူ့လက်​လေးနဲ့ သုတ်​ပေးလာသည်။   " ပါးပါး ​ကျေးဇူးပြုပြီး ​ပြေးဖို့မသွားပါနဲ့​တော့ "

လိမ်​ပြောရာမှာ အရမ်းကျွမ်းကျင်​နေတဲ့ ​ပေါ်ယွီက​တော့ သူ့သား​လေးရဲ့နူးညံ့တဲ့မျက်နှာကိုကြည့်ပြီး လိပ်ပြာမလုံကာ အပြစ်ရှိစိတ်မျိုး နည်းနည်းမှမဖြစ်ဘဲ ​ခေါင်းငြိမ့်ပြလိုက်သည်။   " ပါးပါး ​နောက်တစ်ခါ ​ပြေးဖို့ ထွက်မသွား​တော့ဘူး "

တကယ်လို့ အဲဒီ​ထောင်​ချောက်ထဲမှာသာ သူ ​နောက်တစ်ကြိမ် မိသွားရင် သူ အရူးတစ်​ယောက်ဖြစ်သင့်​နေပြီ !!!

ရုတ်တရက် ​ဘေးက​နေ တန်တန်က ​ပြေးလာပြီး ခုန်ဆွခုန်ဆွလုပ်ကာ သူ့သွား​လေး​တွေနဲ့ ​ပေါ်ယွီရဲ့ရှပ်အင်္ကျီအနားစကို ကိုက်ဆွဲ​နေသည်။တန်တန်ဟာ ​သေခြင်းတရားက နီးကပ်လာတာကို မသိဘဲ မျက်နှာချို​သွေး​နေ​လေသည်။

​ပေါ်ယွီက ဖရဲသီး​လေးကို ​အောက်ချ​ပေးလိုက်ပြီး ​နောက်လှည့်ကာ တန်တန်ကို ဖမ်းကိုင်လိုက်သည်။အဲဒီ​နောက် သူ တန်တန်ကို ​ရေချိုးခန်းအပြင်ဘက်ဆီ ကန်ထုတ်ပစ်လိုက်သည်။

ဖရဲသီး​လေးဟာ မှန်​ရှေ့က မှန်တင်ခုံ​ပေါ်မှာ ထိုင်​နေပြီး ​ပေါ်ယွီဆီကို ​ပွေ့ဖက်​ပေးဖို့ လက်လှမ်းလိုက်သည်။သူက ​​ပေါ်ယွီရဲ့​ခေါင်း​လေးကိုသာ ဖက်မထားရရင် သူ လုံခြုံတယ်လို့ မခံစားရ​ပေ။

​​ပေါ်ယွီ ဖရဲသီး​လေးကို ​ပွေ့ဖက်​ပေးလိုက်သည်။သူ မ​နေ့ညက တစ်ညလုံး ပြန်မလာခဲ့​ပေ။အကယ်၍ မဟုတ်လျှင် ဖရဲသီးလေးလည်း ဒီလိုမျိုး ဖြစ်​နေမှာမဟုတ်​ချေ။

ဒါ​ပေမယ့် ဘာပဲဖြစ်ဖြစ် သူက ဘယ်သူပြင်ထားတဲ့ သံပရာရည်ကို မ​တော်တဆ ​သောက်ခဲ့လိုက်မိတာလဲ?

​ပေါ်ယွီ သူ့မျက်လုံး​တွေကို ​မှေးစင်းကာ သူ့ရဲ့သိချင်စိတ်​တွေကို ချိုးနှိမ်ပြီး စဉ်းစားကြည့်လိုက်သည်။ဒီကိစ္စက အရမ်းမရိုးရှင်းနိုင်​လောက်ဘူး။

ဒါ​ပေမယ့် ​ပေါ်ယွီက သူ့ကိုယ်ပိုင်အလုပ်နဲ့လူမှုအဆင့်အတန်း​ပေါ်မှာ မူတည်ပြီး​တော့ကာ အမှန်တရားကို ရှာမ​တွေ့နိုင်​ပေ။ဒါ​ကြောင့် သူ ခဏ​လောက် အဲဒီကိစ္စကို ​မေ့ပစ်လိုက်ပြီး သူ့​ခေါင်းထဲပဲ ထည့်ထားလိုက်​တော့သည်။

_____________

ချီယန်က​တော့ အရှက်ကွဲမှု​တွေက​နေပြီး ​ဒေါသ​တွေထွက်လာသည်။   " ငါက ​နှောင့်ယှက်ခံလိုက်ရတာပဲ ။ တစ်​ယောက်​ယောက်က ငါ့အစီအစဉ်ထဲကိုလာပြီး တစ်ခုခုလုပ်လိုက်တာပဲဖြစ်ရမယ် ။ ငါ့ကို ​နောက်ထပ်အခွင့်အ​ရေး​ပေးပါ ။ ငါ ဒီတစ်​ခေါက်ကို​တော့ ​အောင်မြင်​အောင်လုပ်ပါ့မယ် "

ဖုန်းတစ်ဖက်မှာရှိ​နေတဲ့ အမျိုးသားက ​လှောင်​ပြောင်လိုက်သည်။   " မင်း စုန့်ရှီလင်ကို မင်းရဲ့အ​စေခံလို့များ စဉ်းစား​နေတာလား ? မင်းရဲ့အစီအစဉ်ကို ပြီးပြည့်စုံ​​အောင်ဆွဲဖို့အတွက် မင်းကို ဒုတိယအခွင့်အ​ရေး​ပေးဖို့​တောင်းတဲ့အထိ မင်း ရူးမ​နေသင့်ဘူး "

ချီယန်က အမျိုးသားကို အတိုက်အခံလုပ်ကာ ​ပြောလိုက်သည်။   " အဲဒီကိစ္စကို လုပ်တဲ့သူက ငါဆိုတာ သူ မသိဘူး​လေ ။ အဲဒါက ငါ့မှာ အခွင့်အ​ရေးရှိတယ်လို့ ဆိုလိုတာပဲ "

အမျိုးသားမှာ ချီယန်ရဲ့တုံးအမှုကြီးကို ဆွံ့အသွား​လေသည်။   " သတိထားပြီးလုပ် ။ သူ့ကို သက်​သေရမသွား​စေနဲ့ ၊ ဒါပဲ "

​ပြောပြီးတာနဲ့ အမျိုးသားက ဖုန်းချသွားသည်။

ချီယန် ဖုန်းကို ကြမ်းပြင်​ပေါ်လွှင့်ပစ်ချလိုက်ပြီး သီချင်း​လေးတသည်းသည်းလုပ်​နေ​တော့သည်။

အဲဒီအမျိုးသားက သူ့ကို အဟန့်အတားခလုတ်ကန်သင်း​တွေရှင်းပစ်ဖို့ ကူညီ​ပေးနိုင်ပြီး ချီယန်ကို စုန့်ရှီလင်အနားမှာ ​နေနိုင်​အောင်လုပ်​ပေးခဲ့တာ​ကြောင့် ချီယန်က အမြဲတမ်း အဲဒီအမျိုးသားရဲ့အကြံအစည်အတိုင်း လိုက်နာ​​လေ့ရှိသည်။

ဒါက ရယ်စရာ​တော့ ​ကောင်းသားပဲ။

ဒါ​ပေမယ့် မ​နေ့ညက သူ စုန့်ရှီလင်အတွက် ပြင်ဆင်ထားတဲ့ သံပရာရည်ကို ​ပေါ်ယွီက ​သောက်လိုက်မိသည်။ဒါ​ကြောင့် ​ပေါ်ယွီက​တော့ တခြားလူ​တွေနဲ့ အတူအိပ်ရ​တော့မှာပဲလို့ ချီယန် ဖျက်လိုဖျက်ဆီး ခန့်မှန်းကြည့်လိုက်သည်။

အဲဒီကိစ္စကြီးကို ချီယန် စဉ်းစားကြည့်လိုက်တာနဲ့ သူ အဲဒါက အရမ်းရွံရှာစက်ဆုပ်စရာ​ကောင်းသလို ခံစားရသည်။

တကယ်လို့ သူ ​ပေါ်ယွီရဲ့အားနည်းချက်ကိုသာ ဖမ်းမိရင် သူ့အခွင့်အ​ရေးကို ဖျက်လိုဖျက်ဆီးလုပ်သွားတဲ့​ပေါ်ယွီကို သူ ဒုက္ခ​ရောက်​အောင်လုပ်ပစ်မယ်။

ချီယန်ရဲ့မျက်လုံး​တွေက ပုံမှန်ပြန်ဖြစ်သွားသည်။

တစ်ညတာအတွက် ​ပေါ်ယွီနဲ့အတူအိပ်ခဲ့တဲ့ စုန့်ရှီလင်က​တော့ ချီယန်ဟာ ဒီပြသာနာကိုမီး​မွှေးတဲ့ ကြံရာပါမှန်း လုံး၀မသိ​ပေ။​ပေါ်ယွီ ထွက်သွားပြီး​နောက် သူ ​ရေချိုခန်းထဲပြန်၀င်ပြီး ​ရေဆက်ချိုးလိုက်သည်။

ဆံပင်​တွေက အ​ခြောက်မခံရ​သေးတာ​ကြောင့် စို​နေဆဲဖြစ်သည်။စုန့်ရှီလင် ဝိုင်ခွက်ကိုယူပြီး ဝိုင်နီတစ်ငုံ​သောက်လိုက်သည်။သူ့ရဲ့ဥပက္ခာပြုတတ်ပြီးနက်ရှိုင်းတဲ့မျက်၀န်း​တွေက​တော့ ​ဒေါသထွက်​နေဟန်ရှိသည်။

သူက ငတုံးတစ်​ယောက်မဟုတ်​ပေ။

မ​နေ့ညက သန့်စင်ခန်းတံခါးမှာ မူး​နေခဲ့တာကလွဲရင် ​ပေါ်ယွီက ပုံမှန်ပဲဖြစ်သည်။စုန့်ရှီလင်က သူ့ကို မိနစ်နည်းနည်းပါးပါး​လောက် ကြည့်မထားလိုက်မိတဲ့အချိန်မှာ တခြားလူရဲ့ထောင်​ခြောက်​ကြောင့် ​ပေါ်ယွီ စိတ်ကြွ​ဆေးစားမိသွားတယ်ဆိုတာကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?

စုန့်ရှီလင် ရုတ်တရက် အ​ကြောင်းပြချက်မရှိဘဲ စင်္ကြံလမ်း​ထောင့်က​နေ သံပရာရည်တစ်ခွက်နဲ့ ​ပေါ်လာတဲ့ waiter နဲ့ ​​ပေါ်ယွီ သံပရာရည်​သောက်ပြီး​တဲ့နောက်မှာ waiter ထိပ်ထိပ်ပျာပျာဖြစ်သွားခဲ့တာကို သတိရသွားသည်။သူ ဝိုးတိုးဝါးတားနဲ့ပဲ အမှန်တရားဆီကို နီးကပ်လာသည်။

စုန့်ရှီလင် မျက်​မှောင်ကြုတ်လိုက်ပြီး ဒီလိုကိစ္စမျိုးကို ​ပြောင်ပြောင်တင်းတင်း စုံစမ်းဖို့ မသင့်​တော်ဘူးလို့ ​တွေးမိသည်။

ဒီကိစ္စက အင်ပါယာမြို့​တော်ထဲမှာ ဖြစ်သွားခဲ့တာဖြစ်ပြီး တခြားလူရဲ့​ထောင်​ခြောက်​ကြောင့် ​ပေါ်ယွီကလည်း စိတ်ကြွ​ဆေးမိသွားခဲ့သည်။အကယ်၍ ဒီကိစ္စကိုသာ လူထုကများ သိသွားခဲ့ရင် အဲဒါက ​ဟော်တယ်နဲ့​​ပေါ်ယွီတို့ရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်​စေလိမ့်မည်။

စုန့်ရှီလင်က မျက်နှာ​ပေါ်မှာ ခန့်မှန်းရခက်တဲ့အမူအရာနဲ့ သူ့လက်​ချောင်း​တွေကို ​ကွေးကာ စားပွဲ​ပေါ် ထုလိုက်ပြီး ဗြုန်းခနဲအသံတစ်ခုကို ပြုလုပ်လိုက်သည်။

ဒါ​ပေမယ့် စုန့်ရှီလင် သူ ဒီ​စော်ကားခံရမှုနဲ့ အရှက်တကွဲဖြစ်ခဲ့ရတာ​တွေကို တိတ်တဆိတ် မျိုချပြီး မ​နေနိုင်​​ပေ။အဲဒါ​ကြောင့် စုံစမ်းစစ်​ဆေးတာကို ​ပေါ်တင် လုပ်မယ့်အစား လျို့ဝှက်စွာ လုပ်​ဆောင်ရမည်ဖြစ်သည်။

____________

မနက်အ​စောကြီးမှာပဲ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာတုန်လှုပ်မှုကို ခံစားလိုက်ရတဲ့ ဖရဲသီး​လေး​ကြောင့် ​ပေါ်ယွီ ခွင့်တစ်ရက်ယူပြီး အိမ်မှာ​နေကာ ဖရဲသီး​လေးနဲ့အတူတူ Superman တို့ ရှီယန်ယန်တို့လိုမျိုး ကာတွန်းကား​တွေကို ​ပျော်​ပျော်ရွှင်ရွှင် ကြည့်​ပေး​နေသည်။

​မြေ​ခွေးက သိုး​လေး​တွေနဲ့ monster ​လေး​တွေကို ဖမ်းတဲ့အခန်းကိုပဲ တစ်​နေကုန်ကြည့်​နေတာ​ကြောင့် ​ပေါ်ယွီ မူး​နောက်​နေပြီး ​အော်ဟစ်​နေတဲ့ တန်တန်ကို ဂရုစိုက်​ပေးချင်စိတ်လည်း မရှိ​တော့​ပေ။

ဖရဲသီး​လေးက ဆိုဖာ​ပေါ်မှာ ​ပျော်​ပျော်ရွှင်ရွှင် ထိုင်ပြီး ကိတ်မုန့်​လေးတစ်လုံးကို စား​​နေသည်။ကိတ်မုန့်​လေးရဲ့ သုံးပုံပုံတစ်ပုံ​လောက်ထိ ကျန်​တော့တဲ့အချိန်မှာ ဖရဲသီး​လေးက အင်တင်တင်နဲ့ပဲ သူ ကိတ်မုန့်စား​နေတာကို အမြှီး​လေးယမ်းကာ ကြည့်​နေတဲ့ တန်တန်ရဲ့​ရှေ့ကို ကိတ်မုန့်ယူသွား​ပေးလိုက်သည်။

မီးဖို​ချောင်တံခါး၀မှာ ​ပေါ်ယွီက မီးဖို​ချောင်သုံးဓါးတစ်​ချောင်းနဲ့ မတ်တပ်ရပ်​နေပြီး မျက်​မှောင်ကြုတ်လိုက်သည်။   " သူ့ကို ကိတ်မုန့်မ​ကျွေးနဲ့ ၊ ကိတ်မုန့်က သူ့ကို ​​နေမ​ကောင်းဖြစ်​စေတယ် "

ဖရဲသီး​လေးက ​နောက်ကိုလှည့်ကာ ပြန်​ဖြေလိုက်သည်။   " ပါးပါးပဲ အရင်တစ်ခါ တန်တန်ရဲ့​မွေး​နေ့တုန်းက အိမ်မှာရှိတဲ့ ကိတ်မုန့်​လေးကို တန်တန်ဆီ ​ပေးခဲ့တယ်မဟုတ်ဘူးလား ? "

​ပေါ်ယွီ တိတ်တဆိတ်ပဲ မီးဖို​ချောင်ထဲကို ပြန်၀င်သွား​တော့သည်။

ကောင်စုတ်က​လေး ! အဲဒီတုန်းက တန်တန်ကို ကိတ်မုန်​ကျွေးလိုက်တယ်ဆိုတာက သူတို့မှာ ကိတ်​တွေအများကြီးကျန်​​နေ​သေးလို့​လေ။အခု ကိတ်မုန့်​လေးကကျ​တော့ ဖရဲသီး​လေးအတွက်​တောင် မ​လောက်တဲ့ ကိတ်မုန့်​သေး​သေး​လေး​လေ ။ အမှန်ဆို ဖရဲသီး​လေးက တန်တန်ဆီ ကျန်တဲ့ကိတ်မုန့်​လေးကို မ​ပေးလိုက်သင့်ဘူးမလား ? အရမ်းမိုက်မဲတာပဲ !!!

ဖရဲသီး​လေးနဲ့တန်တန်ဟာ ကိတ်မုန့်​လေးကို အတူတူ မျှစားပြီးတဲ့​​နောက်မှာ သူတို့ရဲ့သံ​ယောဇဉ်​တွေက ပိုပြီးနက်ရှိုင်းလာသည်။ဒါ​ကြောင့် ဖရဲသီး​လေး ​ရေချိုး​နေတဲ့အချိန်မှာ တန်တန်က အမြှီး​လေးကို ယမ်းကာ bathtub ​ဘေးနားမှာ စက်ဝိုင်းပုံ​လေးလှည့်ပတ်သွား​​နေသည်။ပါပီ​လေးရဲ့မျက်နှာက ​ရေအတူတူချိုးရဖို့အတွက် စိတ်အားထက်သန်မှုအပြည့်ဖြစ်​နေ​လေသည်။

စူးရှတဲ့မျက်လုံး​တွေနဲ့ လျင်မြန်ဖြတ်လတ်တဲ့ လက်​တွေရှိတဲ့​ပေါ်ယွီက တန်တန်ကို ​ရေနဲ့ပက်လိုက်သည်။အဲဒီအခါ တန်တန်က နည်းနည်း​ဝေးတဲ့​နေရာကို ပြန်​ပြေးသွားပြီး ​ပေါ်ယွီ သတိ​ပေးလိုက်သည်။   " ရပ် !!! အဲဒီ​နေရာမှာ မတ်တပ်ရပ်​နေ ၊ ဒီ​​နေရာကို မလာခဲ့နဲ့ "

ဖရဲသီး​လေးက မ​ပျော်ရွှင်​တော့​ပေ။သူက တန်တန်နဲ့အတူ bathtub ထဲမှာ ​ရေချိုးဖို့အတွက် တန်တန်ကို ​ခေါ်ဖို့ bathtub အပြင်ကို ခုန်ထွက်လို့ရ​အောင် ရုန်းကန်လိုက်သည်။

​ပေါ်ယွီက ဖရဲသီး​လေးရဲ့ ဆံပင်အမြှီး​လေးကို ဆွဲထားလိုက်ပြီး စိတ်တို​နေတဲ့ ဖရဲသီး​လေးရဲ့မျက်လုံး​လေး​တွေကို မသိချင်​ယောင်​ဆောင်ကာ မာန်ပါပါဆိုလိုက်သည်။   " ​ရေချိုးမလား ဒါမှမဟုတ် ငါ မင်းရဲ့ဆံပင်အမြှီး​လေးကို ဖြတ်ပစ်ပြီး မင်းဆံပင်​တွေအားလုံးကို ရှင်းလင်းသွား​အောင် ရိတ်​ပေးရမလား "

ဖရဲသီး​လေးက စိတ်မပါလက်မပါနဲ့ပဲ bathtub ထဲမှာ ပြန်ထိုင်လိုက်ပြီး ဘဲရုပ်က​လေး​တွေနဲ့အတူတူ ကစား​နေ​တော့သည်။သူ့နှုတ်ခမ်း​လေးက အ​ရှေ့ကို အ​တော်​လေးစူထွက်​နေပြီး သူ စိတ်မ​ကျေနပ်​ကြောင်းကို ပြသ​ထားသည်။   " တန်တန်လည်း ​ရေချိုးချင်​နေမှာပဲကို "

" သူ့မှာ သူ့ရဲ့ကိုယ်ပိုင် bathtub ရှိတယ်​လေ။ ငါ တန်တန်ကို မင်းနဲ့အတူ ​ရေချိုးဖို့ ခွင့်ပြုမ​ပေးနိုင်ဘူး အဲဒီ​တော့ ​ကျေးဇူးပြုပြီး အဲဒီအကြံကို စွန့်လွှတ်လိုက်​တော့ "   ​ပေါ်ယွီက ​အေးစက်စွာ ​ပြောပြီး ဖရဲသီး​လေးရဲ့နှလုံးသားထဲမှာ ​လောင်ကျွမ်း​နေတဲ့ မီး​တောက်​လေးကို နင်း​ချေလိုက်သည်။

ကြမ်းပြင်​ပေါ်မှာ လဲ​နေရာက​နေ ခက်ခက်ခဲခဲ မတ်တပ်ရပ်​နေရတဲ့ တန်တန်က သူနဲ့အတူ ​ရေချိုး​ပေးဖို့ စိတ်အားထက်သန်မှုအပြည့်နဲ့ အ​ဝေးက ဖရဲသီး​လေးကို ကြည့်​နေ​လေသည်။

​နောက်ဆုံးမှာ​တော့ ဖရဲသီး​လေး ​ရေချိုးလို့ပြီးသွားပြီဖြစ်သည်။ဖရဲသီး​လေးဟာ တန်တန်နဲ့အတူ ဖိနပ်မပါဘဲ ဧည့်ခန်းထဲမှာ ပတ်​ပြေး​နေကြသည်။

​ပေါ်ယွီ မျက်ခုံး​တွေ မြင့်တက်သွားပြီး ​ဒေါသထွက်လာ​တော့သည်။အဲဒီလိုဖြစ်​နေချိန်မှာပဲ သူ့ဖုန်းက အသံမြည်လာခဲ့သည်။​ပေါ်ယွီက ဘယ်သူ​ခေါ်တယ်ဆိုတာကို မကြည့်ဘဲ ဖုန်း​ဖြေချလိုက်မိသည်။

​မော့အန်းယွီက အပြုံး​လေးနဲ့ ​ပြောလာသည်။   " ​ပေါ်ယွီ , မနက်ဖြန် ရိုက်ကွင်းကို လာမှာလားဟင် ? "

​ပေါ်ယွီ ​ခေါင်းငြိမ့်လိုက်သည်။သူ ပြန်မ​ဖြေခင်မှာပဲ သူ့လက်​မောင်းထဲမှာ တန်တန်ကို ​ပွေ့ပြီး ​ဘေးနားမှာ ​ပြေးလွှား​နေတဲ့ က​လေးဆိုး​လေးက ​အော်လိုက်သည်။   " ပါးပါး , ဒီကိုလာပါဦး ၊ တန်တန်ကို ​ရေချိုး​ပေးရ​အောင် သား ဒီ​နေ့ တန်တန်နဲ့အတူတူ အိပ်ချင်လို့ "

က​လေး​လေးရဲ့ နူးညံ့လတ်ဆတ်တဲ့ က​လေးဆန်ဆန် အသံ​လေးက ​ပေါ်ယွီရဲ့နားထဲက​နေတစ်ဆင့် ဖုန်းကိုဖြတ်ပြီး တစ်ဖက်က ​မော့အန်းယွီဆီ ​ရောက်သွား​လေသည်။

​မော့အန်းယွီ , " ........ "

​ပေါ်ယွီ , " ........ "

ဗု​ဒ္ဓေါ ဘုရားသခင် ???

​ပေါ်ယွီ သူ့​ခေါင်းထဲမှာ တဝီဝီမြည်လာပြီး ​နောင်တရစွာနဲ့ပဲ သူ့ရဲ့သတိလစ်ဟင်းသွားမှုအတွက် သူ့ကိုယ်သူ အကြိမ်ကြိမ် ဆူပူ​နေမိသည်။

တစ်ဖက်က ​မော့အန်းယွီလည်း ​နေရခက်သွားသည်။ဒါက သူငယ်ချင်းဖြစ်သူဆီကို ရိုးရိုးရှင်းရှင်း ဖုန်းဆက်တာဖြစ်သည်။ဒါ​ပေမယ့် သူက သူ့သူငယ်ချင်းရဲ့လျှို့ဝှက်ချက်ကို ​တွေ့သွားတာ​ကြောင့် ​နေရခက်လာသည်။

​ပေါ်ယွီ ​ချောင်းဆိုးလိုက်ပြီး ​ရေခဲလိုအ​ခြေအ​နေကြီးကို ဖြိုခွဲလိုက်သည်။   " သူက ငါ့သား​လေး​လေ "

ဖရဲသီး​လေးက နားပါး​လေသည်။​ပေါ်ယွီက ဖုန်းတစ်ဖက်ကလူဆီ သူ့အ​ကြောင်းမိတ်ဆက်​ပေး​နေတာကို ကြားသွား​တော့သည်။ဖရဲသီး​လေးက လျင်မြန်စွာနဲ့ တန်တန်ကို ​အောက်ချလိုက်ပြီး ​ပေါ်ယွီဆီ ​ပြေးလာ​လိုက်သည်။

​ပေါ်ယွီက ဖရဲသီး​လေးရဲ့ဆံပင်အမြှီး​လေးကို ဆွဲလိုက်ပြီး တစ်ဖက်လူက သူ့အမြင်ကို ​ပြောပြတာ ​စောင့်​နေလိုက်သည်။

​မော့အန်းယွီ ​ပြောလိုက်သည်။   " မင်းမှာ အသက်ငယ်ငယ် က​လေး​လေးတစ်​ယောက်ရှိတာပဲ "

ဒီလိုမျိုး ကို့ရို့ကားရားနိုင်တဲ့အ​ခြေအ​နေကြီးမှာ ​ပေါ်ယွီရဲ့စကား​ပြောစွမ်းရည်က ​အေးခဲ​နေပြီး သူ အချိန်မီအ​ကြောင်းအရာကို မလိုက်နိုင်ခဲ့​ပေ။

" သူ့နာမည်က ဘာတဲ့လဲ ? "   ​မော့အန်းယွီ ဖြည်းညင်းစွာ ​မေးလိုက်သည်။​ပေါ်ယွီက ဖရဲသီး​လေးရဲ့ဆံပင်အမြှီး​လေးကို လှုပ်လိုက်ပြီး ဖရဲသီး​လေးကို သူကိုယ်တိုင်ပြန်​ဖြေဖို့အတွက် လှုံ့​ဆောင်လိုက်သည်။

" ဖရဲသီး​လေးပါ!"   ဖရဲသီး​လေးက ဂုဏ်ယူ​နေတဲ့ အမူအရာ​လေးနဲ့ ကျယ်​လောင်စွာ ​ဖြေလိုက်သည်။   " ဟယ်လို , ဦး​လေး "

​မော့အန်းယွီ ပြုံးလိုက်သည်။လူကြီးနှစ်​ယောက်ကြားက အ​နေခက်​နေတာလည်း ​ပျောက်ကွယ်သွားပြီဖြစ်သည်။ 
" ဒါရိုက်တာ​ဟော်က ​ပေါ်ယွီ မနက်ဖြန်ရိုက်ကွင်းကို လာမှာလားလို့ ကျွန်​တော့်ကို ​မေး​နေတယ် ။ ကျွန်​တော်တို့ အရင်ဆုံး ဇာတ်သိမ်းပိုင်းကို ပြီး​အောက်ရိုက်ပြီး အရင်အပိုင်း​တွေကို ​နောက်မှရိုက်ကြမှာ "

​မော့အန်းယွီက သူ့ကိုလာပြီး ဘာဖြစ်လို့ ဒီလိုအ​ရေးမပါတဲ့ အ​သေးအဖွဲကိစ္စ​လေး​တွေကို ​ပြော​နေရသလဲဆိုတာ ​ပေါ်ယွီ နားမလည်​ပေ။ဒါ​ပေမယ့် သူ အဲဒါကို ထုတ်​မေးမ​နေ​တော့ဘဲ ၀မ်းသာစွာ ​ခေါင်းငြိမ့်ပြလိုက်သည်။
   " ​ကောင်းပြီ ငါ နားလည်ပြီ ၊ မနက်ဖြန်မှ ​တွေ့မယ်​နော် "

​မော့အန်းယွီက နည်းနည်း အလုပ်ရှုပ်​နေတာဖြစ်ရမည်။သာမာန်စကားစမြည် ​ပြောပြီးတဲ့​နောက် ​မော့အန်းယွီက ဖုန်းချလိုက်​လေသည်။ဒီတစ်​ခေါက်က အရင် သူတို့ အချိန်အကြာကြီး စကား​ပြောခဲ့ကြတာနဲ့ မတူ​ပေ။

ဖုန်းကိုကိုင်ရင်း ​ပေါ်ယွီ ​မော့အန်းယွီက ​နေရခက်သွား​လောက်တယ်လို့ ​တွေးလိုက်မိသည်။သူ သက်ပြင်းတစ်ချက်ချကာ ဖရဲသီး​လေးကိုချီပြီး အိပ်ရာဆီသွားလိုက်​တော့သည်။

သူ ​ဒီရက်ပိုင်းမှာ ​တော်​တော်​လေးကံဆိုး​နေသည်။​ပေါ်ယွီ အကူအညီမဲ့စွာနဲ့ပဲ သူ ဘယ်ဘုရားသခင်ကိုများ အပြစ်ပြုမိလို့လဲဆိုပြီး​တော့​တောင် စဉ်းစားမိသည်။အကယ်၍ မဟုတ်လျှင် သူ လုပ်သမျှအရာတိုင်းက ​နှောင့်ယှက်ခံ​နေရမှာမဟုတ်​ပေ။

__________

ဖုန်းချပြီးတာနဲ့ ​မော့အန်းယွီရဲ့ ကြင်နာတတ်တဲ့မျက်နှာပုံစံ​လေးက ချက်ချင်း ​ပြောင်းလဲသွားသည်။သူက bar ​ပေါ်မှာရှိတဲ့ ပုလင်း​တွေနဲ့ဖန်ခွက်​တွေကို ကြမ်းပြင်​ပေါ် တွန်းချပစ်လိုက်တာ​ကြောင့် တ​ဖြောင်း​ဖြောင်းမြည်သံ​တွေ ထွက်​ပေါ်လာသည်။

​မော့အန်းယွီက ဝိုင်ဗီရိုဆီကိုသွားလိုက်ပြီး ဝိုင်နီတစ်ပုလင်းကိုထုတ်ကာ အဆို့ကိုဖွင့်လိုက်သည်။အဲဒီ​နောက် သူ ဝိုင်ပုလင်းကို သူ့ပါးစပ်ထဲ ​လောင်းချလိုက်​တော့သည်။

အရင်တုန်းက သူ ​ပေါ်ယွီဘယ်မှာ​နေတယ်ဆိုတာကို စုံစမ်းဖို့အတွက် ​ပေါ်ယွီ့​နောက်ကို လိုက်သွားခဲ့ဖူးသည်။ဒါ​ပေမယ့် ​ပေါ်ယွီက က​လေး​လေးတစ်​ယောက်ကို ​ကောက်ချီလိုက်လိမ့်မယ်လို့​တော့ သူ တစ်ခါမှမ​တွေးခဲ့​ပေ။

အဲဒီအချိန်တုန်းက ပတ်၀န်းကျင်ကလည်း ​မှောင်မည်း​နေပြီး က​လေးက ဘယ်လိုပုံသံလဲဆိုတာကို သူ ​သေချာမမြင်နိုင်ခဲ့​ပေ။ဒါ​ကြောင့် သူက သူ့ကိုယ်သူ အဲဒီက​လေးက ​ပေါ်ယွီရဲ့​ဆွေမျိုးတစ်​ယောက်​ယောက်ပဲဖြစ်မှာပါဆိုပြီး နှစ်သိမ့်ခဲ့သည်။မျှော်လင့်မထားတာက အဲဒီက​လေး​လေးက ​ပေါ်ယွီရဲ့သားတဲ့လား !!!!!!

အဲဒီ​တော့ ​ပေါ်ယွီက မိန်းမပျက်တစ်​ယောက်နဲ့ က​လေးရှိ​နေလို့ ပြီးခဲ့တဲ့နှစ်နှစ်က ​ပျောက်​နေခဲ့တာ​ပေါ့​လေ !!!

​​မော့အန်းယွီ အဲဒီကိစ္စကို ​တွေး​လေ သူ ပိုပြီး ​ဒေါသထွက်​လေဖြစ်သည်။သူ ရုတ်တရက် ​ဝိုင်ပုလင်းကို ကြမ်းပြင်​ပေါ် ပစ်​ပေါက်လိုက်ပြီး ပြင်းပြင်းထန်ထန် အသက်ရှူ​နေသည်။သူ့မျက်လုံး​တွေက သိသိသာသာကို နီရဲ​နေကာ အရမ်း​ဒေါသထွက်​နေဟန်ရှိသည်။

သူက ဘယ်လိုလုပ်ပြီး တခြားလူနဲ့ က​လေးရှိ​နေနိုင်ရတာလဲ ???

မင်းက ငါ့ပိုင်တာပဲ !!!

​မော့အန်းယွီရဲ့ရင်ဘတ်ဟာ အသက်ရှူနှုန်း​ကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်​နေပြီး သူ့မျက်လုံးထဲမှာလည်း ယုတ်မာမှု​တွေက တလက်လက် ​တောက်ပလာ​တော့သည်။

___________

​ပေါ်ယွီ က​လေးကို အိပ်​ပျော်​အောင် သိပ်လိုက်ပြီး ဒီမနက် အပြန်လမ်းမှာ သူ ၀င်၀ယ်လာခဲ့တဲ့ ​လိမ်း​ဆေးဘူး​လေးကိုထုတ်ကာ အိပ်ရာ​ပေါ်မှာ ​ဆောင့်​ကြောင့်​လေးထိုင်ရင်း သူ့ကိုယ်သူ လိမ်းလိုက်သည်။

" ရှက်စရာ ​ကောင်းလိုက်တာ ! "   သူ့ကိုယ်သူ ​ဆေးလိမ်းပြီး​နောက် ​ပေါ်ယွီ အိပ်ရာ​ပေါ်မှာ မလှုပ်မယှက် လှဲချလိုက်​တော့သည်။
  " တခြားလူကို ငါ့ကိုယ်ငါ ​ပေးလိုက်ရရုံသာမက ​ဆေးကိုပါ ကိုယ့်ဟာကိုယ် လိမ်း​နေရတာပဲ ။ ဘယ်လို​တောင် ကံ​ကောင်းမှုကြီးလဲ !! "

​ပေါ်ယွီ အိပ်ရာ​ပေါ်မှာ ပက်လက်လှန်လိုက်ပြီး မျက်နှာကြက်ကို မျက်​တောင်မခတ် စိုက်ကြည့်​နေ​လေသည်။သူ မ​နေ့ညက ဘာ​တွေဖြစ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားမိသွားတဲ့အခါ ​ပေါ်ယွီ တမ်းတစွာ ​ပြောလိုက်သည်။
  " အရမ်း​အေးတာပဲ ။ အချိန်အကြာကြီး မိုး​ခေါင်ပြီးရင်​တော့ ​မြေပြင်​ပေါ်ကို မိုးစက်က​လေး​တွေ ကျလာတန်​ကောင်းပါရဲ့​လေ "

{ T / N ; ​ပေါ်ယွီ​လေးက BOSSစုန့်ကို လွမ်း​​နေတာပါကွယ် 😿😿😿 }

​ပေါ်ယွီ မ​နေ့ညက စုန့်ရှီလင်နဲ့အတူ ချစ်ခဲ့ကြတာကို ​တွေးရင်းနဲ့ပဲ ​ခေါင်း​လေး​စောင်းကာ အိပ်​ပျော်သွား​တော့သည်။

.
.
.
.
.
.

Thank you for reading .

Zawgyi


ေပၚယြီ တံခါး၀က​ေန အိပ္ခန္းထဲကို ​ေထာ့နဲ႔​​ေထာ့နဲ႔ နဲ႔ ခက္ခက္ခဲခဲ ​ေလွ်ာက္သြားၿပီး သူ ဖရဲသီး​ေလးကို ႐ွာမ​ေတြ႕​ေခ်။အိမ္က ဘာသံမွမၾကားရဘဲ တိတ္ဆိတ္​ေနတဲ့အခါ ​ေပၚယြီ ခ်က္ခ်င္းပဲ စိုးရိမ္ပူပန္လာသည္။

" ဖရဲသီး​ေလး ? ​ေပၚရန္တင္း ? ​ေပၚရန္တင္း​ေရ ? "

​​ေပၚယြီ အရမ္းစိုးရိမ္​ေနတာ​ေၾကာင့္ ​​ေခြၽး​ေတြစီးက်လာသည္။

ခဏၾကာတဲ့အခါ ​ေပၚယြီရဲ႕အိပ္ခန္းထဲက​​ေန ဖရဲသီး​ေလးရဲ႕အသံ​ေလးက ထြက္​ေပၚလာသည္။ဖရဲသီး​ေလးဟာ အသံ​ေတြျပာတဲ့အထိ ငို​ထားၿပီး တဟင့္ဟင့္႐ိႈက္ငို​ေနဆဲျဖစ္သည္။

အဲဒီအခ်ိန္မွာ ​ေပၚယြီရဲ႕ႏွလုံးသား​ေလးက ႐ုတ္တရက္ တင္းၾကပ္သြားၿပီး သူ အိပ္ခန္းတံခါးကို ဆြဲဖြင့္လိုက္သည္။​ေပၚယြီ အသံလာရာဆီ လိုက္သြားတဲ့အခါ မတ္တပ္ရပ္အ၀တ္ဗီ႐ိုႀကီး​ေ႐ွ႕ကို ​ေရာက္သြားၿပီး သူ ဗီ႐ိုတံခါးကို ဖြင့္လိုက္​​ေတာ့သည္။

ဖရဲသီး​ေလးက တန္တန္နဲ႔အတူ အ၀တ္ဗီ႐ိုထဲမွာ ကုပ္ကုပ္က​ေလး ​ေဆာင့္​ေၾကာင့္ထိုင္​ေနၿပီး တစ္ကိုယ္လုံးတုန္ယင္ကာ အသက္႐ွဴရပ္မတတ္ ငို​ေနသည္။ဖရဲသီးေလး တုန္တက္သြားတိုင္း သူ႕နဖူး​ေပၚက ဆံပင္​ေလး​ေတြကလည္း တုန္သြားၿပီး ၾကည့္ရတာ သနားစရာလည္း​ေကာင္းသလို ရယ္စရာလည္း​ေကာင္း​ေနသည္။

​ေပၚယြီ သနားသြားၿပီး ရယ္ခ်င္သလို ခံစားလိုက္ရသည္။​ေပၚယြီက တအီအီ​​ေအာ္​ေနတဲ့ တန္တန္ကို ​ေကာက္ခ်ီၿပီး ၾကမ္းျပင္ေပၚ ခ်လိုက္သည္။အဲဒီ​ေနာက္ သူ ဖရဲသီး​ေလးကို ​ေပြ႕ခ်ီလိုက္​ေတာ့သည္။

ဖရဲသီး​ေလးက ​ေပၚယြီရဲ႕​ေခါင္းကို တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္လာခဲ့သည္။   " ပါးပါး , ဘယ္သြား​ေနတာလဲ ........ ဘယ္သြား ... ? "

ဖရဲသီး​ေလးက အခ်ိန္အၾကာႀကီး ျပင္းျပင္းထန္ထန္ ငို​ေနခဲ့တာ​ေၾကာင့္ အခု သူ စကားတစ္ခြန္းကို​ေတာင္ အျပည့္အစုံ မ​ေျပာႏိုင္​ေတာ့​ေပ။

​ေပၚယြီ ႏွပ္​ေတြနဲ႔​ေရာ မ်က္ရည္​ေတြပါ​ေရာ​ေနတဲ့ ဖရဲသီး​ေလးရဲ႕မ်က္ႏွာကို အနမ္း​ေလးေပးလိုက္သည္။သူ ညစ္ပတ္​ေနတာကို သည္းခံဖို႔ ႀကိဳးစားလိုက္ပါ​ေသးတယ္ ဒါ​ေပမယ့္ အလကားပဲ။​ ​​​ေပၚယြီ ​ဖရဲသီး​ေလးကို ေရခ်ိဳးခန္းဆီ ​ေခၚသြားၿပီး လက္ကိုင္ပဝါအစိုနဲ႔ ဖရဲသီး​ေလးရဲ႕မ်က္ႏွာ​ေလးကို သုတ္​ေပးလိုက္​ေတာ့သည္။

" မင္း ဘယ္အခ်ိန္ အိပ္ရာကႏိုးတာလဲ ? "

ဖရဲသီး​ေလးက ငိုထားလြန္းတာ​ေၾကာင့္ ႀကိဳ႕ထိုး​ေနတုန္းပင္ျဖစ္သည္။ဒါ​ေပမယ့္ သူ ​ေပၚယြီကို ျမင္လိုက္ရတဲ့အခါ ဖရဲသီး​ေလးရဲ႕စိတ္အ​ေျခအ​ေနက ပိုၿပီးအဆင္​ေျပလာသည္။   " ႏိုးတာၾကာၿပီ ၊ သား ပါးပါးကို ႐ွာမ​ေတြ႕ဘူးရယ္ "

​ေပၚယြီ ​ေျဖလိုက္သည္။   " ပါးပါး အျပင္ထြက္ၿပီး ​ေျပးတာ မ​ေတာ္တဆ လမ္း​ေပ်ာက္သြားလို႔ ၊ ပါးပါး ​ေတာင္းပန္ပါတယ္ ဖရဲသီးေလး "

ဖရဲသီး​ေလးက ၀မ္းနည္း​ေနတုန္းပဲ ဆို​ေပမယ့္ သူ ​​ေထာက္ထားညႇာတာစြာပဲ ေပၚယြီရဲ႕နဖူး​ေပၚက ​ေခြၽး​ေတြကို သူ႕လက္​ေလးနဲ႔ သုတ္​ေပးလာသည္။   " ပါးပါး ​ေက်းဇူးျပဳၿပီး ​ေျပးဖို႔မသြားပါနဲ႔​ေတာ့ "

လိမ္​ေျပာရာမွာ အရမ္းကြၽမ္းက်င္​ေနတဲ့ ​ေပၚယြီက​ေတာ့ သူ႕သား​ေလးရဲ႕ႏူးညံ့တဲ့မ်က္ႏွာကိုၾကည့္ၿပီး လိပ္ျပာမလုံကာ အျပစ္႐ွိစိတ္မ်ိဳး နည္းနည္းမွမျဖစ္ဘဲ ​ေခါင္းၿငိမ့္ျပလိုက္သည္။   " ပါးပါး ​ေနာက္တစ္ခါ ​ေျပးဖို႔ ထြက္မသြား​ေတာ့ဘူး "

တကယ္လို႔ အဲဒီ​ေထာင္​ေခ်ာက္ထဲမွာသာ သူ ​ေနာက္တစ္ႀကိမ္ မိသြားရင္ သူ အ႐ူးတစ္​ေယာက္ျဖစ္သင့္​ေနၿပီ !!!

႐ုတ္တရက္ ​ေဘးက​ေန တန္တန္က ​ေျပးလာၿပီး ခုန္ဆြခုန္ဆြလုပ္ကာ သူ႕သြား​ေလး​ေတြနဲ႔ ​ေပၚယြီရဲ႕႐ွပ္အက်ႌအနားစကို ကိုက္ဆြဲ​ေနသည္။တန္တန္ဟာ ​ေသျခင္းတရားက နီးကပ္လာတာကို မသိဘဲ မ်က္ႏွာခ်ိဳ​ေသြး​ေန​ေလသည္။

​ေပၚယြီက ဖရဲသီး​ေလးကို ​ေအာက္ခ်​ေပးလိုက္ၿပီး ​ေနာက္လွည့္ကာ တန္တန္ကို ဖမ္းကိုင္လိုက္သည္။အဲဒီ​ေနာက္ သူ တန္တန္ကို ​ေရခ်ိဳးခန္းအျပင္ဘက္ဆီ ကန္ထုတ္ပစ္လိုက္သည္။

ဖရဲသီး​ေလးဟာ မွန္​ေ႐ွ႕က မွန္တင္ခုံ​ေပၚမွာ ထိုင္​ေနၿပီး ​ေပၚယြီဆီကို ​ေပြ႕ဖက္​ေပးဖို႔ လက္လွမ္းလိုက္သည္။သူက ​​ေပၚယြီရဲ႕​ေခါင္း​ေလးကိုသာ ဖက္မထားရရင္ သူ လုံျခဳံတယ္လို႔ မခံစားရ​ေပ။

​​ေပၚယြီ ဖရဲသီး​ေလးကို ​ေပြ႕ဖက္​ေပးလိုက္သည္။သူ မ​ေန႔ညက တစ္ညလုံး ျပန္မလာခဲ့​ေပ။အကယ္၍ မဟုတ္လွ်င္ ဖရဲသီးေလးလည္း ဒီလိုမ်ိဳး ျဖစ္​ေနမွာမဟုတ္​ေခ်။

ဒါ​ေပမယ့္ ဘာပဲျဖစ္ျဖစ္ သူက ဘယ္သူျပင္ထားတဲ့ သံပရာရည္ကို မ​ေတာ္တဆ ​ေသာက္ခဲ့လိုက္မိတာလဲ?

​ေပၚယြီ သူ႕မ်က္လုံး​ေတြကို ​ေမွးစင္းကာ သူ႕ရဲ႕သိခ်င္စိတ္​ေတြကို ခ်ိဳးႏွိမ္ၿပီး စဥ္းစားၾကည့္လိုက္သည္။ဒီကိစၥက အရမ္းမ႐ိုး႐ွင္းႏိုင္​ေလာက္ဘူး။

ဒါ​ေပမယ့္ ​ေပၚယြီက သူ႕ကိုယ္ပိုင္အလုပ္နဲ႔လူမႈအဆင့္အတန္း​ေပၚမွာ မူတည္ၿပီး​ေတာ့ကာ အမွန္တရားကို ႐ွာမ​ေတြ႕ႏိုင္​ေပ။ဒါ​ေၾကာင့္ သူ ခဏ​ေလာက္ အဲဒီကိစၥကို ​ေမ့ပစ္လိုက္ၿပီး သူ႕​ေခါင္းထဲပဲ ထည့္ထားလိုက္​ေတာ့သည္။

_____________

ခ်ီယန္က​ေတာ့ အ႐ွက္ကြဲမႈ​ေတြက​ေနၿပီး ​ေဒါသ​ေတြထြက္လာသည္။   " ငါက ​ေႏွာင့္ယွက္ခံလိုက္ရတာပဲ ။ တစ္​ေယာက္​ေယာက္က ငါ့အစီအစဥ္ထဲကိုလာၿပီး တစ္ခုခုလုပ္လိုက္တာပဲျဖစ္ရမယ္ ။ ငါ့ကို ​ေနာက္ထပ္အခြင့္အ​ေရး​ေပးပါ ။ ငါ ဒီတစ္​ေခါက္ကို​ေတာ့ ​ေအာင္ျမင္​ေအာင္လုပ္ပါ့မယ္ "

ဖုန္းတစ္ဖက္မွာ႐ွိ​ေနတဲ့ အမ်ိဳးသားက ​ေလွာင္​ေျပာင္လိုက္သည္။   " မင္း စုန္႔႐ွီလင္ကို မင္းရဲ႕အ​ေစခံလို႔မ်ား စဥ္းစား​ေနတာလား ? မင္းရဲ႕အစီအစဥ္ကို ၿပီးျပည့္စုံ​​ေအာင္ဆြဲဖို႔အတြက္ မင္းကို ဒုတိယအခြင့္အ​ေရး​ေပးဖို႔​ေတာင္းတဲ့အထိ မင္း ႐ူးမ​ေနသင့္ဘူး "

ခ်ီယန္က အမ်ိဳးသားကို အတိုက္အခံလုပ္ကာ ​ေျပာလိုက္သည္။   " အဲဒီကိစၥကို လုပ္တဲ့သူက ငါဆိုတာ သူ မသိဘူး​ေလ ။ အဲဒါက ငါ့မွာ အခြင့္အ​ေရး႐ွိတယ္လို႔ ဆိုလိုတာပဲ "

အမ်ိဳးသားမွာ ခ်ီယန္ရဲ႕တုံးအမႈႀကီးကို ဆြံ႕အသြား​ေလသည္။   " သတိထားၿပီးလုပ္ ။ သူ႕ကို သက္​ေသရမသြား​ေစနဲ႔ ၊ ဒါပဲ "

​ေျပာၿပီးတာနဲ႔ အမ်ိဳးသားက ဖုန္းခ်သြားသည္။

ခ်ီယန္ ဖုန္းကို ၾကမ္းျပင္​ေပၚလႊင့္ပစ္ခ်လိုက္ၿပီး သီခ်င္း​ေလးတသည္းသည္းလုပ္​ေန​ေတာ့သည္။

အဲဒီအမ်ိဳးသားက သူ႕ကို အဟန္႔အတားခလုတ္ကန္သင္း​ေတြ႐ွင္းပစ္ဖို႔ ကူညီ​ေပးႏိုင္ၿပီး ခ်ီယန္ကို စုန္႔႐ွီလင္အနားမွာ ​ေနႏိုင္​ေအာင္လုပ္​ေပးခဲ့တာ​ေၾကာင့္ ခ်ီယန္က အၿမဲတမ္း အဲဒီအမ်ိဳးသားရဲ႕အၾကံအစည္အတိုင္း လိုက္နာ​​ေလ့႐ွိသည္။

ဒါက ရယ္စရာ​ေတာ့ ​ေကာင္းသားပဲ။

ဒါ​ေပမယ့္ မ​ေန႔ညက သူ စုန္႔႐ွီလင္အတြက္ ျပင္ဆင္ထားတဲ့ သံပရာရည္ကို ​ေပၚယြီက ​ေသာက္လိုက္မိသည္။ဒါ​ေၾကာင့္ ​ေပၚယြီက​ေတာ့ တျခားလူ​ေတြနဲ႔ အတူအိပ္ရ​ေတာ့မွာပဲလို႔ ခ်ီယန္ ဖ်က္လိုဖ်က္ဆီး ခန္႔မွန္းၾကည့္လိုက္သည္။

အဲဒီကိစၥႀကီးကို ခ်ီယန္ စဥ္းစားၾကည့္လိုက္တာနဲ႔ သူ အဲဒါက အရမ္း႐ြံ႐ွာစက္ဆုပ္စရာ​ေကာင္းသလို ခံစားရသည္။

တကယ္လို႔ သူ ​ေပၚယြီရဲ႕အားနည္းခ်က္ကိုသာ ဖမ္းမိရင္ သူ႕အခြင့္အ​ေရးကို ဖ်က္လိုဖ်က္ဆီးလုပ္သြားတဲ့​ေပၚယြီကို သူ ဒုကၡ​ေရာက္​ေအာင္လုပ္ပစ္မယ္။

ခ်ီယန္ရဲ႕မ်က္လုံး​ေတြက ပုံမွန္ျပန္ျဖစ္သြားသည္။

တစ္ညတာအတြက္ ​ေပၚယြီနဲ႔အတူအိပ္ခဲ့တဲ့ စုန္႔႐ွီလင္က​ေတာ့ ခ်ီယန္ဟာ ဒီျပသာနာကိုမီး​ေမႊးတဲ့ ၾကံရာပါမွန္း လုံး၀မသိ​ေပ။​ေပၚယြီ ထြက္သြားၿပီး​ေနာက္ သူ ​ေရခ်ိဳခန္းထဲျပန္၀င္ၿပီး ​ေရဆက္ခ်ိဳးလိုက္သည္။

ဆံပင္​ေတြက အ​ေျခာက္မခံရ​ေသးတာ​ေၾကာင့္ စို​ေနဆဲျဖစ္သည္။စုန္႔႐ွီလင္ ဝိုင္ခြက္ကိုယူၿပီး ဝိုင္နီတစ္ငုံ​ေသာက္လိုက္သည္။သူ႕ရဲ႕ဥပကၡာျပဳတတ္ၿပီးနက္႐ိႈင္းတဲ့မ်က္၀န္း​ေတြက​ေတာ့ ​ေဒါသထြက္​ေနဟန္႐ွိသည္။

သူက ငတုံးတစ္​ေယာက္မဟုတ္​ေပ။

မ​ေန႔ညက သန္႔စင္ခန္းတံခါးမွာ မူး​ေနခဲ့တာကလြဲရင္ ​ေပၚယြီက ပုံမွန္ပဲျဖစ္သည္။စုန္႔႐ွီလင္က သူ႕ကို မိနစ္နည္းနည္းပါးပါး​ေလာက္ ၾကည့္မထားလိုက္မိတဲ့အခ်ိန္မွာ တျခားလူရဲ႕ေထာင္​ေျခာက္​ေၾကာင့္ ​ေပၚယြီ စိတ္ႂကြ​ေဆးစားမိသြားတယ္ဆိုတာႀကီးက ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ?

စုန္႔႐ွီလင္ ႐ုတ္တရက္ အ​ေၾကာင္းျပခ်က္မ႐ွိဘဲ စႀကႍလမ္း​ေထာင့္က​ေန သံပရာရည္တစ္ခြက္နဲ႔ ​ေပၚလာတဲ့ waiter နဲ႔ ​​ေပၚယြီ သံပရာရည္​ေသာက္ၿပီး​တဲ့ေနာက္မွာ waiter ထိပ္ထိပ္ပ်ာပ်ာျဖစ္သြားခဲ့တာကို သတိရသြားသည္။သူ ဝိုးတိုးဝါးတားနဲ႔ပဲ အမွန္တရားဆီကို နီးကပ္လာသည္။

စုန္႔႐ွီလင္ မ်က္​ေမွာင္ၾကဳတ္လိုက္ၿပီး ဒီလိုကိစၥမ်ိဳးကို ​ေျပာင္ေျပာင္တင္းတင္း စုံစမ္းဖို႔ မသင့္​ေတာ္ဘူးလို႔ ​ေတြးမိသည္။

ဒီကိစၥက အင္ပါယာၿမိဳ႕​ေတာ္ထဲမွာ ျဖစ္သြားခဲ့တာျဖစ္ၿပီး တျခားလူရဲ႕​ေထာင္​ေျခာက္​ေၾကာင့္ ​ေပၚယြီကလည္း စိတ္ႂကြ​ေဆးမိသြားခဲ့သည္။အကယ္၍ ဒီကိစၥကိုသာ လူထုကမ်ား သိသြားခဲ့ရင္ အဲဒါက ​ေဟာ္တယ္နဲ႔​​ေပၚယြီတို႔ရဲ႕ နာမည္ဂုဏ္သတင္းကို ထိခိုက္​ေစလိမ့္မည္။

စုန္႔႐ွီလင္က မ်က္ႏွာ​ေပၚမွာ ခန္႔မွန္းရခက္တဲ့အမူအရာနဲ႔ သူ႕လက္​ေခ်ာင္း​ေတြကို ​ေကြးကာ စားပြဲ​ေပၚ ထုလိုက္ၿပီး ျဗဳန္းခနဲအသံတစ္ခုကို ျပဳလုပ္လိုက္သည္။

ဒါ​ေပမယ့္ စုန္႔႐ွီလင္ သူ ဒီ​ေစာ္ကားခံရမႈနဲ႔ အ႐ွက္တကြဲျဖစ္ခဲ့ရတာ​ေတြကို တိတ္တဆိတ္ မ်ိဳခ်ၿပီး မ​ေနႏိုင္​​ေပ။အဲဒါ​ေၾကာင့္ စုံစမ္းစစ္​ေဆးတာကို ​ေပၚတင္ လုပ္မယ့္အစား လ်ိဳ႕ဝွက္စြာ လုပ္​ေဆာင္ရမည္ျဖစ္သည္။

____________

မနက္အ​ေစာႀကီးမွာပဲ ျပင္းထန္တဲ့ စိတ္ပိုင္းဆိုင္ရာတုန္လႈပ္မႈကို ခံစားလိုက္ရတဲ့ ဖရဲသီး​ေလး​ေၾကာင့္ ​ေပၚယြီ ခြင့္တစ္ရက္ယူၿပီး အိမ္မွာ​ေနကာ ဖရဲသီး​ေလးနဲ႔အတူတူ Superman တို႔ ႐ွီယန္ယန္တို႔လိုမ်ိဳး ကာတြန္းကား​ေတြကို ​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္ ၾကည့္​ေပး​ေနသည္။

​ေျမ​ေခြးက သိုး​ေလး​ေတြနဲ႔ monster ​ေလး​ေတြကို ဖမ္းတဲ့အခန္းကိုပဲ တစ္​ေနကုန္ၾကည့္​ေနတာ​ေၾကာင့္ ​ေပၚယြီ မူး​ေနာက္​ေနၿပီး ​ေအာ္ဟစ္​ေနတဲ့ တန္တန္ကို ဂ႐ုစိုက္​ေပးခ်င္စိတ္လည္း မ႐ွိ​ေတာ့​ေပ။

ဖရဲသီး​ေလးက ဆိုဖာ​ေပၚမွာ ​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္ ထိုင္ၿပီး ကိတ္မုန္႔​ေလးတစ္လုံးကို စား​​ေနသည္။ကိတ္မုန္႔​ေလးရဲ႕ သုံးပုံပုံတစ္ပုံ​ေလာက္ထိ က်န္​ေတာ့တဲ့အခ်ိန္မွာ ဖရဲသီး​ေလးက အင္တင္တင္နဲ႔ပဲ သူ ကိတ္မုန္႔စား​ေနတာကို အၿမႇီး​ေလးယမ္းကာ ၾကည့္​ေနတဲ့ တန္တန္ရဲ႕​ေ႐ွ႕ကို ကိတ္မုန္႔ယူသြား​ေပးလိုက္သည္။

မီးဖို​ေခ်ာင္တံခါး၀မွာ ​ေပၚယြီက မီးဖို​ေခ်ာင္သုံးဓါးတစ္​ေခ်ာင္းနဲ႔ မတ္တပ္ရပ္​ေနၿပီး မ်က္​ေမွာင္ၾကဳတ္လိုက္သည္။   " သူ႕ကို ကိတ္မုန္႔မ​ေကြၽးနဲ႔ ၊ ကိတ္မုန္႔က သူ႕ကို ​​ေနမ​ေကာင္းျဖစ္​ေစတယ္ "

ဖရဲသီး​ေလးက ​ေနာက္ကိုလွည့္ကာ ျပန္​ေျဖလိုက္သည္။   " ပါးပါးပဲ အရင္တစ္ခါ တန္တန္ရဲ႕​ေမြး​ေန႔တုန္းက အိမ္မွာ႐ွိတဲ့ ကိတ္မုန္႔​ေလးကို တန္တန္ဆီ ​ေပးခဲ့တယ္မဟုတ္ဘူးလား ? "

​ေပၚယြီ တိတ္တဆိတ္ပဲ မီးဖို​ေခ်ာင္ထဲကို ျပန္၀င္သြား​ေတာ့သည္။

​ေကာင္စုတ္က​ေလး ! အဲဒီတုန္းက တန္တန္ကို ကိတ္မုန္​ေကြၽးလိုက္တယ္ဆိုတာက သူတို႔မွာ ကိတ္​ေတြအမ်ားႀကီးက်န္​​ေန​ေသးလို႔​ေလ။အခု ကိတ္မုန္႔​ေလးကက်​ေတာ့ ဖရဲသီး​ေလးအတြက္​ေတာင္ မ​ေလာက္တဲ့ ကိတ္မုန္႔​ေသး​ေသး​ေလး​ေလ ။ အမွန္ဆို ဖရဲသီး​ေလးက တန္တန္ဆီ က်န္တဲ့ကိတ္မုန္႔​ေလးကို မ​ေပးလိုက္သင့္ဘူးမလား ? အရမ္းမိုက္မဲတာပဲ !!!

ဖရဲသီး​ေလးနဲ႔တန္တန္ဟာ ကိတ္မုန္႔​ေလးကို အတူတူ မွ်စားၿပီးတဲ့​​ေနာက္မွာ သူတို႔ရဲ႕သံ​ေယာဇဥ္​ေတြက ပိုၿပီးနက္႐ိႈင္းလာသည္။ဒါ​ေၾကာင့္ ဖရဲသီး​ေလး ​ေရခ်ိဳး​ေနတဲ့အခ်ိန္မွာ တန္တန္က အၿမႇီး​ေလးကို ယမ္းကာ bathtub ​ေဘးနားမွာ စက္ဝိုင္းပုံ​ေလးလွည့္ပတ္သြား​​ေနသည္။ပါပီ​ေလးရဲ႕မ်က္ႏွာက ​ေရအတူတူခ်ိဳးရဖို႔အတြက္ စိတ္အားထက္သန္မႈအျပည့္ျဖစ္​ေန​ေလသည္။

စူး႐ွတဲ့မ်က္လုံး​ေတြနဲ႔ လ်င္ျမန္ျဖတ္လတ္တဲ့ လက္​ေတြ႐ွိတဲ့​ေပၚယြီက တန္တန္ကို ​ေရနဲ႔ပက္လိုက္သည္။အဲဒီအခါ တန္တန္က နည္းနည္း​ေဝးတဲ့​ေနရာကို ျပန္​ေျပးသြားၿပီး ​ေပၚယြီ သတိ​ေပးလိုက္သည္။   " ရပ္ !!! အဲဒီ​ေနရာမွာ မတ္တပ္ရပ္​ေန ၊ ဒီ​​ေနရာကို မလာခဲ့နဲ႔ "

ဖရဲသီး​ေလးက မ​ေပ်ာ္႐ႊင္​ေတာ့​ေပ။သူက တန္တန္နဲ႔အတူ bathtub ထဲမွာ ​ေရခ်ိဳးဖို႔အတြက္ တန္တန္ကို ​ေခၚဖို႔ bathtub အျပင္ကို ခုန္ထြက္လို႔ရ​ေအာင္ ႐ုန္းကန္လိုက္သည္။

​ေပၚယြီက ဖရဲသီး​ေလးရဲ႕ ဆံပင္အၿမႇီး​ေလးကို ဆြဲထားလိုက္ၿပီး စိတ္တို​ေနတဲ့ ဖရဲသီး​ေလးရဲ႕မ်က္လုံး​ေလး​ေတြကို မသိခ်င္​ေယာင္​ေဆာင္ကာ မာန္ပါပါဆိုလိုက္သည္။   " ​ေရခ်ိဳးမလား ဒါမွမဟုတ္ ငါ မင္းရဲ႕ဆံပင္အၿမႇီး​ေလးကို ျဖတ္ပစ္ၿပီး မင္းဆံပင္​ေတြအားလုံးကို ႐ွင္းလင္းသြား​ေအာင္ ရိတ္​ေပးရမလား "

ဖရဲသီး​ေလးက စိတ္မပါလက္မပါနဲ႔ပဲ bathtub ထဲမွာ ျပန္ထိုင္လိုက္ၿပီး ဘဲ႐ုပ္က​ေလး​ေတြနဲ႔အတူတူ ကစား​ေန​ေတာ့သည္။သူ႕ႏႈတ္ခမ္း​ေလးက အ​ေ႐ွ႕ကို အ​ေတာ္​ေလးစူထြက္​ေနၿပီး သူ စိတ္မ​ေက်နပ္​ေၾကာင္းကို ျပသ​ထားသည္။   " တန္တန္လည္း ​ေရခ်ိဳးခ်င္​ေနမွာပဲကို "

" သူ႕မွာ သူ႕ရဲ႕ကိုယ္ပိုင္ bathtub ႐ွိတယ္​ေလ။ ငါ တန္တန္ကို မင္းနဲ႔အတူ ​ေရခ်ိဳးဖို႔ ခြင့္ျပဳမ​ေပးႏိုင္ဘူး အဲဒီ​ေတာ့ ​ေက်းဇူးျပဳၿပီး အဲဒီအၾကံကို စြန္႔လႊတ္လိုက္​ေတာ့ "   ​ေပၚယြီက ​ေအးစက္စြာ ​ေျပာၿပီး ဖရဲသီး​ေလးရဲ႕ႏွလုံးသားထဲမွာ ​ေလာင္ကြၽမ္း​ေနတဲ့ မီး​ေတာက္​ေလးကို နင္း​ေခ်လိုက္သည္။

ၾကမ္းျပင္​ေပၚမွာ လဲ​ေနရာက​ေန ခက္ခက္ခဲခဲ မတ္တပ္ရပ္​ေနရတဲ့ တန္တန္က သူနဲ႔အတူ ​ေရခ်ိဳး​ေပးဖို႔ စိတ္အားထက္သန္မႈအျပည့္နဲ႔ အ​ေဝးက ဖရဲသီး​ေလးကို ၾကည့္​ေန​ေလသည္။

​ေနာက္ဆုံးမွာ​ေတာ့ ဖရဲသီး​ေလး ​ေရခ်ိဳးလို႔ၿပီးသြားၿပီျဖစ္သည္။ဖရဲသီး​ေလးဟာ တန္တန္နဲ႔အတူ ဖိနပ္မပါဘဲ ဧည့္ခန္းထဲမွာ ပတ္​ေျပး​ေနၾကသည္။

​ေပၚယြီ မ်က္ခုံး​ေတြ ျမင့္တက္သြားၿပီး ​ေဒါသထြက္လာ​ေတာ့သည္။အဲဒီလိုျဖစ္​ေနခ်ိန္မွာပဲ သူ႕ဖုန္းက အသံျမည္လာခဲ့သည္။​ေပၚယြီက ဘယ္သူ​ေခၚတယ္ဆိုတာကို မၾကည့္ဘဲ ဖုန္း​ေျဖခ်လိုက္မိသည္။

​ေမာ့အန္းယြီက အျပဳံး​ေလးနဲ႔ ​ေျပာလာသည္။   " ​ေပၚယြီ , မနက္ျဖန္ ႐ိုက္ကြင္းကို လာမွာလားဟင္ ? "

​ေပၚယြီ ​ေခါင္းၿငိမ့္လိုက္သည္။သူ ျပန္မ​ေျဖခင္မွာပဲ သူ႕လက္​ေမာင္းထဲမွာ တန္တန္ကို ​ေပြ႕ၿပီး ​ေဘးနားမွာ ​ေျပးလႊား​ေနတဲ့ က​ေလးဆိုး​ေလးက ​ေအာ္လိုက္သည္။   " ပါးပါး , ဒီကိုလာပါဦး ၊ တန္တန္ကို ​ေရခ်ိဳး​ေပးရ​ေအာင္ သား ဒီ​ေန႔ တန္တန္နဲ႔အတူတူ အိပ္ခ်င္လို႔ "

က​ေလး​ေလးရဲ႕ ႏူးညံ့လတ္ဆတ္တဲ့ က​ေလးဆန္ဆန္ အသံ​ေလးက ​ေပၚယြီရဲ႕နားထဲက​ေနတစ္ဆင့္ ဖုန္းကိုျဖတ္ၿပီး တစ္ဖက္က ​ေမာ့အန္းယြီဆီ ​ေရာက္သြား​ေလသည္။

​ေမာ့အန္းယြီ , " ........ "

​ေပၚယြီ , " ........ "

ဗု​ေဒၶါ ဘုရားသခင္ ???

​ေပၚယြီ သူ႕​ေခါင္းထဲမွာ တဝီဝီျမည္လာၿပီး ​ေနာင္တရစြာနဲ႔ပဲ သူ႕ရဲ႕သတိလစ္ဟင္းသြားမႈအတြက္ သူ႕ကိုယ္သူ အႀကိမ္ႀကိမ္ ဆူပူ​ေနမိသည္။

တစ္ဖက္က ​ေမာ့အန္းယြီလည္း ​ေနရခက္သြားသည္။ဒါက သူငယ္ခ်င္းျဖစ္သူဆီကို ႐ိုး႐ိုး႐ွင္း႐ွင္း ဖုန္းဆက္တာျဖစ္သည္။ဒါ​ေပမယ့္ သူက သူ႕သူငယ္ခ်င္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ​ေတြ႕သြားတာ​ေၾကာင့္ ​ေနရခက္လာသည္။

​ေပၚယြီ ​ေခ်ာင္းဆိုးလိုက္ၿပီး ​ေရခဲလိုအ​ေျခအ​ေနႀကီးကို ၿဖိဳခြဲလိုက္သည္။   " သူက ငါ့သား​ေလး​ေလ "

ဖရဲသီး​ေလးက နားပါး​ေလသည္။​ေပၚယြီက ဖုန္းတစ္ဖက္ကလူဆီ သူ႕အ​ေၾကာင္းမိတ္ဆက္​ေပး​ေနတာကို ၾကားသြား​ေတာ့သည္။ဖရဲသီး​ေလးက လ်င္ျမန္စြာနဲ႔ တန္တန္ကို ​ေအာက္ခ်လိုက္ၿပီး ​ေပၚယြီဆီ ​ေျပးလာ​လိုက္သည္။

​ေပၚယြီက ဖရဲသီး​ေလးရဲ႕ဆံပင္အၿမႇီး​ေလးကို ဆြဲလိုက္ၿပီး တစ္ဖက္လူက သူ႕အျမင္ကို ​ေျပာျပတာ ​ေစာင့္​ေနလိုက္သည္။

​ေမာ့အန္းယြီ ​ေျပာလိုက္သည္။   " မင္းမွာ အသက္ငယ္ငယ္ က​ေလး​ေလးတစ္​ေယာက္႐ွိတာပဲ "

ဒီလိုမ်ိဳး ကို႔႐ို႕ကားရားႏိုင္တဲ့အ​ေျခအ​ေနႀကီးမွာ ​ေပၚယြီရဲ႕စကား​ေျပာစြမ္းရည္က ​ေအးခဲ​ေနၿပီး သူ အခ်ိန္မီအ​ေၾကာင္းအရာကို မလိုက္ႏိုင္ခဲ့​ေပ။

" သူ႕နာမည္က ဘာတဲ့လဲ ? "   ​ေမာ့အန္းယြီ ျဖည္းညင္းစြာ ​ေမးလိုက္သည္။​ေပၚယြီက ဖရဲသီး​ေလးရဲ႕ဆံပင္အၿမႇီး​ေလးကို လႈပ္လိုက္ၿပီး ဖရဲသီး​ေလးကို သူကိုယ္တိုင္ျပန္​ေျဖဖို႔အတြက္ လႈံ႕​ေဆာင္လိုက္သည္။

" ဖရဲသီး​ေလးပါ!"   ဖရဲသီး​ေလးက ဂုဏ္ယူ​ေနတဲ့ အမူအရာ​ေလးနဲ႔ က်ယ္​ေလာင္စြာ ​ေျဖလိုက္သည္။   " ဟယ္လို , ဦး​ေလး "

​ေမာ့အန္းယြီ ျပဳံးလိုက္သည္။လူႀကီးႏွစ္​ေယာက္ၾကားက အ​ေနခက္​ေနတာလည္း ​ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ 
" ဒါ႐ိုက္တာ​ေဟာ္က ​ေပၚယြီ မနက္ျဖန္႐ိုက္ကြင္းကို လာမွာလားလို႔ ကြၽန္​ေတာ္႕ကို ​ေမး​ေနတယ္ ။ ကြၽန္​ေတာ္တို႔ အရင္ဆုံး ဇာတ္သိမ္းပိုင္းကို ၿပီး​ေအာက္႐ိုက္ၿပီး အရင္အပိုင္း​ေတြကို ​ေနာက္မွ႐ိုက္ၾကမွာ "

​ေမာ့အန္းယြီက သူ႕ကိုလာၿပီး ဘာျဖစ္လို႔ ဒီလိုအ​ေရးမပါတဲ့ အ​ေသးအဖြဲကိစၥ​ေလး​ေတြကို ​ေျပာ​ေနရသလဲဆိုတာ ​ေပၚယြီ နားမလည္​ေပ။ဒါ​ေပမယ့္ သူ အဲဒါကို ထုတ္​ေမးမ​ေန​ေတာ့ဘဲ ၀မ္းသာစြာ ​ေခါင္းၿငိမ့္ျပလိုက္သည္။
   " ​ေကာင္းၿပီ ငါ နားလည္ၿပီ ၊ မနက္ျဖန္မွ ​ေတြ႕မယ္​ေနာ္ "

​ေမာ့အန္းယြီက နည္းနည္း အလုပ္႐ႈပ္​ေနတာျဖစ္ရမည္။သာမာန္စကားစျမည္ ​ေျပာၿပီးတဲ့​ေနာက္ ​ေမာ့အန္းယြီက ဖုန္းခ်လိုက္​ေလသည္။ဒီတစ္​ေခါက္က အရင္ သူတို႔ အခ်ိန္အၾကာႀကီး စကား​ေျပာခဲ့ၾကတာနဲ႔ မတူ​ေပ။

ဖုန္းကိုကိုင္ရင္း ​ေပၚယြီ ​ေမာ့အန္းယြီက ​ေနရခက္သြား​ေလာက္တယ္လို႔ ​ေတြးလိုက္မိသည္။သူ သက္ျပင္းတစ္ခ်က္ခ်ကာ ဖရဲသီး​ေလးကိုခ်ီၿပီး အိပ္ရာဆီသြားလိုက္​ေတာ့သည္။

သူ ​ဒီရက္ပိုင္းမွာ ​ေတာ္​ေတာ္​ေလးကံဆိုး​ေနသည္။​ေပၚယြီ အကူအညီမဲ့စြာနဲ႔ပဲ သူ ဘယ္ဘုရားသခင္ကိုမ်ား အျပစ္ျပဳမိလို႔လဲဆိုၿပီး​ေတာ့​ေတာင္ စဥ္းစားမိသည္။အကယ္၍ မဟုတ္လွ်င္ သူ လုပ္သမွ်အရာတိုင္းက ​ေႏွာင့္ယွက္ခံ​ေနရမွာမဟုတ္​ေပ။

__________

ဖုန္းခ်ၿပီးတာနဲ႔ ​ေမာ့အန္းယြီရဲ႕ ၾကင္နာတတ္တဲ့မ်က္ႏွာပုံစံ​ေလးက ခ်က္ခ်င္း ​ေျပာင္းလဲသြားသည္။သူက bar ​ေပၚမွာ႐ွိတဲ့ ပုလင္း​ေတြနဲ႔ဖန္ခြက္​ေတြကို ၾကမ္းျပင္​ေပၚ တြန္းခ်ပစ္လိုက္တာ​ေၾကာင့္ တ​ေျဖာင္း​ေျဖာင္းျမည္သံ​ေတြ ထြက္​ေပၚလာသည္။

​ေမာ့အန္းယြီက ဝိုင္ဗီ႐ိုဆီကိုသြားလိုက္ၿပီး ဝိုင္နီတစ္ပုလင္းကိုထုတ္ကာ အဆို႔ကိုဖြင့္လိုက္သည္။အဲဒီ​ေနာက္ သူ ဝိုင္ပုလင္းကို သူ႕ပါးစပ္ထဲ ​ေလာင္းခ်လိုက္​ေတာ့သည္။

အရင္တုန္းက သူ ​ေပၚယြီဘယ္မွာ​ေနတယ္ဆိုတာကို စုံစမ္းဖို႔အတြက္ ​ေပၚယြီ႕​ေနာက္ကို လိုက္သြားခဲ့ဖူးသည္။ဒါ​ေပမယ့္ ​ေပၚယြီက က​ေလး​ေလးတစ္​ေယာက္ကို ​ေကာက္ခ်ီလိုက္လိမ့္မယ္လို႔​ေတာ့ သူ တစ္ခါမွမ​ေတြးခဲ့​ေပ။

အဲဒီအခ်ိန္တုန္းက ပတ္၀န္းက်င္ကလည္း ​ေမွာင္မည္း​ေနၿပီး က​ေလးက ဘယ္လိုပုံသံလဲဆိုတာကို သူ ​ေသခ်ာမျမင္ႏိုင္ခဲ့​ေပ။ဒါ​ေၾကာင့္ သူက သူ႕ကိုယ္သူ အဲဒီက​ေလးက ​ေပၚယြီရဲ႕​ေဆြမ်ိဳးတစ္​ေယာက္​ေယာက္ပဲျဖစ္မွာပါဆိုၿပီး ႏွစ္သိမ့္ခဲ့သည္။ေမွ်ာ္လင့္မထားတာက အဲဒီက​ေလး​ေလးက ​ေပၚယြီရဲ႕သားတဲ့လား !!!!!!

အဲဒီ​ေတာ့ ​ေပၚယြီက မိန္းမပ်က္တစ္​ေယာက္နဲ႔ က​ေလး႐ွိ​ေနလို႔ ၿပီးခဲ့တဲ့ႏွစ္ႏွစ္က ​ေပ်ာက္​ေနခဲ့တာ​ေပါ့​ေလ !!!

​​ေမာ့အန္းယြီ အဲဒီကိစၥကို ​ေတြး​ေလ သူ ပိုၿပီး ​ေဒါသထြက္​ေလျဖစ္သည္။သူ ႐ုတ္တရက္ ​ဝိုင္ပုလင္းကို ၾကမ္းျပင္​ေပၚ ပစ္​ေပါက္လိုက္ၿပီး ျပင္းျပင္းထန္ထန္ အသက္႐ွဴ​ေနသည္။သူ႕မ်က္လုံး​ေတြက သိသိသာသာကို နီရဲ​ေနကာ အရမ္း​ေဒါသထြက္​ေနဟန္႐ွိသည္။

သူက ဘယ္လိုလုပ္ၿပီး တျခားလူနဲ႔ က​ေလး႐ွိ​ေနႏိုင္ရတာလဲ ???

မင္းက ငါ့ပိုင္တာပဲ !!!

​ေမာ့အန္းယြီရဲ႕ရင္ဘတ္ဟာ အသက္႐ွဴႏႈန္း​ေၾကာင့္ နိမ့္လိုက္ျမင့္လိုက္ ျဖစ္​ေနၿပီး သူ႕မ်က္လုံးထဲမွာလည္း ယုတ္မာမႈ​ေတြက တလက္လက္ ​ေတာက္ပလာ​ေတာ့သည္။

___________

​ေပၚယြီ က​ေလးကို အိပ္​ေပ်ာ္​ေအာင္ သိပ္လိုက္ၿပီး ဒီမနက္ အျပန္လမ္းမွာ သူ ၀င္၀ယ္လာခဲ့တဲ့ ​လိမ္း​ေဆးဘူး​ေလးကိုထုတ္ကာ အိပ္ရာ​ေပၚမွာ ​ေဆာင့္​ေၾကာင့္​ေလးထိုင္ရင္း သူ႕ကိုယ္သူ လိမ္းလိုက္သည္။

" ႐ွက္စရာ ​ေကာင္းလိုက္တာ ! "   သူ႕ကိုယ္သူ ​ေဆးလိမ္းၿပီး​ေနာက္ ​ေပၚယြီ အိပ္ရာ​ေပၚမွာ မလႈပ္မယွက္ လွဲခ်လိုက္​ေတာ့သည္။
  " တျခားလူကို ငါ့ကိုယ္ငါ ​ေပးလိုက္ရ႐ုံသာမက ​ေဆးကိုပါ ကိုယ့္ဟာကိုယ္ လိမ္း​ေနရတာပဲ ။ ဘယ္လို​ေတာင္ ကံ​ေကာင္းမႈႀကီးလဲ !! "

​ေပၚယြီ အိပ္ရာ​ေပၚမွာ ပက္လက္လွန္လိုက္ၿပီး မ်က္ႏွာၾကက္ကို မ်က္​ေတာင္မခတ္ စိုက္ၾကည့္​ေန​ေလသည္။သူ မ​ေန႔ညက ဘာ​ေတြျဖစ္ခဲ့တယ္ဆိုတာကို ျပန္စဥ္းစားမိသြားတဲ့အခါ ​ေပၚယြီ တမ္းတစြာ ​ေျပာလိုက္သည္။
  " အရမ္း​ေအးတာပဲ ။ အခ်ိန္အၾကာႀကီး မိုး​ေခါင္ၿပီးရင္​ေတာ့ ​ေျမျပင္​ေပၚကို မိုးစက္က​ေလး​ေတြ က်လာတန္​ေကာင္းပါရဲ႕​ေလ "

{ T / N ; ​ေပၚယြီ​ေလးက BOSSစုန္႔ကို လြမ္း​​ေနတာပါကြယ္ 😿😿😿 }

​ေပၚယြီ မ​ေန႔ညက စုန္႔႐ွီလင္နဲ႔အတူ ခ်စ္ခဲ့ၾကတာကို ​ေတြးရင္းနဲ႔ပဲ ​ေခါင္း​ေလး​ေစာင္းကာ အိပ္​ေပ်ာ္သြား​ေတာ့သည္။

.
.
.
.
.
.

Thank you for reading .


Continue Reading

You'll Also Like

1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.4M 59.7K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...