[Unicode]
"စိတ်မပူနဲ့ မင်းအစ်ကိုကြီးဖက်တီးအိမ်မှာ ဘယ်သူမှမရှိဘူး! စိတ်ချလက်ချသာနေကျ"
ဖက်တီးက ဟယ်ရှင်းလျန်ကိုလှမ်းဆွဲကာ
"ကလေး အသက်ဘယ်လောက်လဲ?"
"ကျွန်တော်က ဆယ်နှစ်"
"ဆယ်နှစ်ပဲရှိသေးတာလား? ထန်ကောတို့ အသက်ဆယ်နှစ်တုန်းကဆို မင်းထက်ခေါင်းတစ်ဝက်လောက်ပိုရှည်နေပြီ"
"တကယ်လား? ယန်ထန်ကောက ဘာတွေစားလို့လဲ?"
"နွားနို့သောက်လို့လေ၊ အိပ်ရာမဝင်ခင် နွားနို့တိုက်မယ် လိမ်လိမ်မာမာသောက်ရမယ်နော် ဟုတ်ပြီလား?"
"နွားနို့ကညှီတယ်"
"ထန်ကောလိုအရပ်မရှည်ချင်တော့ဘူးလား?"
"ရှည်ချင်တယ်!"
"ဒါဆိုနွားနို့သောက်ရမယ်လေ"
"...သကြားထည့်လို့ရမလားဟင်?"
"အိမ်မှာ သကြားမရှိဘူးထင်တယ်၊ ပျားရည်ရှာပေးမယ်လေ။ လာ သွားရှာရအောင်!"
ဖက်တီးက ဟယ်ရှင်းလျန်ကိုအိမ်ထဲခေါ်သွားတယ်။
ဟယ်ရှင်းချွမ်ကတော့ အိမ်ထဲမဝင်ခင်တုံ့ဆိုင်းနေမိသေး။
သူ့အိမ်သူ့ရာအလားပဲ၊ ယန်ထန်က ရေခဲသေတ္တာဖွင့်ကာ ဓာတ်ဆားရည်တစ်ဗူးကိုအဖုံးဖွင့်ရင်း ဟယ်ရှင်းချွမ်ဆီကမ်းပေးလာတယ်။
"ဒီတစ်ညတော့ ဒီမှာအိပ်လိုက်၊ မနက်ဖြန် အိမ်ငှါးဖို့ရှာပေးမယ်"
"ငါ...ငါ...ငါ့ဝမ်းကွဲအိမ်ပဲပြန်လိုက်တော့မယ်"
"ဘာပြန်လုပ်မှာလဲ? ဆေးလိပ်မီးနဲ့အတို့ခံရတာ မလုံလောက်သေးဘူးလား?"
"...မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့ကြောင့်နဲ့ပြဿနာမဖြစ်စေချင်ဘူး"
"ပြဿနာလား?"
ယန်ထန်ဟာ လေးနက်တဲ့အကြည့်တစ်ချို့ကို ဟယ်ရှင်းချွမ်ဆီဦးတည်လိုက်တယ်။
"သင့်တော်တဲ့အချိန်မှာ ခေါင်းငုံ့လို့ရတယ်၊ ဒါပေမဲ့ ခေါင်းပြန်မော့ချိန်မှာ ငါတို့ကစိတ်ထဲမထားဘူး၊ မင်းဝမ်းကွဲအိမ်ကတော့ စိတ်ထဲထားမယ်ထင်တာပဲ။ ငါဆိုလိုချင်တာကို နားလည်လား?"
"...အင်း"
ဖက်တီးတို့နဲ့တွဲတုန်းက ရန်ဖြစ်တဲ့အကြိမ်ရေပေါင်းမနည်းခဲ့ဘူး။
အဲ့တော့ ဆေးပေါင်းမျိုးစုံကအိမ်မှာရှိတယ်။
ယန်ထန်က ဆေးဗူးတစ်ခုကိုယူလိုက်ပြီး၊ အိပ်ရာပေါ်ထိုင်နေကာ ရေချိုးခန်းထဲကထွက်လာမဲ့ ဟယ်ရှင်းချွမ်ကိုစောင့်နေခဲ့တယ်။
ထွက်လာချိန်မှာ အိပ်ရာကိုပုတ်ပြကာ
"ဒီလာခဲ့"
ဟယ်ရှင်းချွမ်က ယန်ထန့်အမူအရာကိုနားမလည်ဘူး။
ခေါင်းသုတ်ရင်းပဲ ဘေးနားဝင်ထိုင်လိုက်တယ်။
သူ့အိမ်မှမဟုတ်တာ၊ အဲ့တော့ လှုပ်ရှားမှုတွေဟာလည်း တောင့်တင်းလို့။
မထင်မှတ်ထားစွာပဲ၊ ယန်ထန်က သူ့ပုခုံးကိုအနောက်ဆွဲယူလိုက်ကာ ဟယ်ရှင်းချွမ်ကတော့ ယန်ထန့်ပေါင်ပေါ်ရောက်လုလုပင်။
ရှပ်အင်္ကျီဟာ မတင်ခံလိုက်ရတယ်။
ကျောအောက်နားကဒဏ်ရာတွေကို တွေးမိချိန်မှာ၊ ဟယ်ရှင်းချွမ်ဟာ မျက်နှာပူသွားရတယ်။
"ထန်ကော...ဆေး ငါ့ဘာသာပဲလိမ်းလိုက်မယ်..."
ယန်ထန်က ကျောပြင်အောက်နားရှိမီးလောင်ရာတွေကို စိုက်ကြည့်နေခဲ့တာ။
မေးရိုးကြွက်သားတွေဟာ တစ်ခဏတော့တောင့်တင်းသွားခဲ့တယ်။
လူငယ်လေးဟာ ကြည့်ကောင်းတဲ့နောက်ကျောပြင်ကိုပိုင်ဆိုင်ထားတယ်။
ကျောပြင်ထက်မှာတော့ မည်သည့်အမာရွတ်မှရှိမနေခဲ့ဘူး၊ ခါးအနီးနားတစ်ဝိုက်မှာတော့ ဆေးလိပ်မီးရာတွေအများအပြားရှိနေတယ်။
အထူးသဖြင့် ဘယ်ဘက်ခြမ်းမှာ။
လောလောလတ်လတ်တစ်ခုဟာဖြင့် သွေးတောင်ထွက်နေတုန်းပဲ၊ အခြားဟာတွေကတော့ အနာကျက်သွားပြီး အဝါရောင်ဖျော့ဖျော့အရာတွေသာကျန်ခဲ့တယ်။
ယန်ထန့်အသံကိုမကြားရတာကြောင့်၊ ဟယ်ရှင်းချွမ်ဟာ ကျောလေးမတ်ရင်း အင်္ကျီစကိုပြန်ဆွဲယူဖို့ကြိုးစားတယ်။
ယန်ထန်က သူ့လက်ကိုဖမ်းဆွဲတယ်၊ ခဏအကြာမှ ပြောလာတယ်
"အနာမကျက်သေးဘူးဆိုရင် ဒီဆေးလိမ်းလို့မရသေးဘူး။ အရင်နားလိုက်ဦး၊ ငါခဏနေမှ ပြန်လာခဲ့မယ်"
ယန်ထန်ဟာ ဆေးဗူးကိုင်လျက် အခန်းထဲမှပြန်ထွက်လာခဲ့တယ်။
ဖက်တီးက အခုလေးတင်ပဲ ဟယ်ရှင်းလျန်ကိုသိပ်နိုင်ခဲ့တာ။
ချွေးအပြည့်နဲ့ အခန်းထဲကတိတ်တိတ်လေးထွက်လာချိန်မှာ၊ ဝရန်တာမှာ ဆေးလိပ်သောက်နေသူကိုမြင်လိုက်ရတယ်။
ရေခဲသေတ္တာထဲက ဘီယာနှစ်ဗူးထုတ်ယူလိုက်ရင်း၊ ဝရန်တာဆီထွက်လာခဲ့လိုက်တယ်။
ယန်ထန့်ဆီတစ်ဗူးကမ်းပေးကာ
"ဘာဖြစ်လို့လဲ? ဆေးလိပ်ဖြတ်လိုက်ပြီထင်နေတာ"
ယန်ထန်က မေးခွန်းကိုလျစ်လျူရှုလိုက်ပြီး၊ ဆေးလိပ်မီးကို လက်နဲ့သာငြိမ်းသတ်တယ်။
လက်ချောင်းထိပ်ကအရေပြားတွေဟာ အမာရွတ်ထင်သွားခဲ့ပြီ။
"အဲ့အုပ်စုက ဘယ်ကလဲ? လီဝမ်ယုလူတွေလား?"
"မဟုတ်ဘူး၊ လီဝမ်ယု ဟယ်ရှင်းချွမ်ကိုမထိရဲပါဘူး။ သူက ထန်ကောအကြောင်းကောင်းကောင်းသိပြီးသားပဲဟာ"
ဖက်တီးက ဘီယာတစ်ငုံသောက်လိုက်ပြီးမှ၊ စကားဆက်တယ်
"ဝူကျင်းကိုမေးကြည့်ထားတယ်။ အိမ်ရှင်က အိမ်ငှါးအသစ်လိုချင်နေတာ၊ အဲ့တော့ ဟယ်ရှင်းချွမ်တို့ကို မောင်းထုတ်ချင်နေတာလေ။ ဟယ်ရှင်းချွမ်က အိမ်ငှါးစာချုပ်မလုပ်ထားဘူး၊ တိုက်ရိုက်ပဲငှါးခဲ့တာ။ တရားစွဲဖို့တော့ ခက်မယ်ထင်တယ်"
ယန်ထန်က အဓိပ္ပာယ်ဖော်လို့မရတဲ့အမူအရာနဲ့ပဲ ခေါင်းငြိမ့်ပြတယ်။
ဖုန်းထုတ်ကာ တစ်ခုခုကိုစစ်ဆေးနေပြီးမှ
"သူ့ဝမ်းကွဲအကြောင်းကရော?"
ဒီစကားကြားချိန်မှာ၊ ဖက်တီးက ဧည့်ခန်းထဲကိုတစ်ချက်လှမ်းကြည့်တယ်။
ဘယ်သူမှမရှိတာသေချာသွားမှ အသံကိုနှိမ့်ချကာ
"ဟယ်ရှင်းချွမ်မိသားစုအကြောင်း ဘယ်သူမှမသိကျဘူး။ သူ့မိဘတွေပျောက်သွားတာ ကြာပြီတဲ့၊ ဇာတိမြို့ကနေ ညီအစ်ကိုနှစ်ယောက်တည်းကျောင်းလာတက်ကျတာ"
"အင်း"
"ဟယ်ရှင်းချွမ်က တစ်ဦးတည်းသောသား၊ သူ့မိဘတွေပျောက်ကတည်းက သူပဲကျန်ခဲ့တာ။ ဒီရောက်လာတော့ ဟယ်ရှင်းလျန်ဆိုတဲ့ညီတစ်ယောက်ပါလာတယ်"
ယန်ထန်က မျက်မှောင်ကြုတ်မိသွားတယ်၊ အခုမှပဲရိပ်မိသွားခဲ့တာ...မိဘတွေပျောက်နေတယ်ဆိုရင် ဟယ်ရှင်းလျန်က ဘယ်ကထွက်လာတာလဲ?
ဖက်တီးက ဘာမှဆက်မပြောတော့ဘဲ၊ ယန်ထန့်ပုခုံးကိုသာပုတ်ပေးလာတယ်။
"ဒါတွေကအမှန်ဟုတ်မဟုတ် ငါလည်းမသိဘူး။ သေချာတာတော့ သူတို့ညီအစ်ကို ဒုက္ခတွေများခဲ့မှာပဲ။ မနက်ဖြန် ဟိုအုပ်စုကဘယ်သူတွေလဲဆိုတာ ငါထပ်ရှာကြည့်ပေးမယ်"
ယန်ထန်က ခေါင်းငြိမ့်ပြရင်း၊ အဝေးက ညမီးရောင်မှိန်မှိန်တွေကိုငေးနေမိတယ်။
တောက်ပတဲ့အဝါရောင်မီးတွေ...နွေးထွေးစေတယ်။
ဒါပေမဲ့...ဟယ်ရှင်းချွမ်နောက်ကျောက အဝါရောင်ဟာ ဆေးလိပ်မီးရာတွေ။
ဟယ်ရှင်းလျန်က သူ့ကိုကိုထက် အစ်ကိုဖက်တီးကိုပိုသဘောကျနေခဲ့တယ်။
ညတိုင်းအတူသွားအိပ်တတ်ပြီး၊ ဧည့်သည်အခန်းထဲမှာတော့ ဟယ်ရှင်းချွမ်တစ်ယောက်တည်းသာ လှဲလျောင်းနေရတယ်။
လက်ထဲမှာ ယွမ်နှစ်သောင်းတော့ကျန်သေးတယ်။
တင်းကြပ်တဲ့အခြေအနေမှာ သူနေထိုင်တတ်ပါတယ်၊ ဒါပေမဲ့ ငှါးထားတဲ့အိမ်လေးမရှိတော့ဘူး။
ထပ်သာငှါးရင် စရန်ခကပေးရဦးမှာပဲ၊ ယွမ်တစ်သောင်းလောက်ပဲ ကျန်ခဲ့လိမ့်မယ်။
မကြာခင် ရှင်းလျန်ကကျောင်းတက်ရတော့မှာ၊ သူကလည်း ဒုတိယနှစ်ရောက်တော့မယ်။
ခြောက်တန်းစာအထိ သူသင်ပေးလို့ရပေမဲ့၊ နောက်ပိုင်းအတန်းစာတွေဆို သူမသင်ပေးနိုင်တော့ဘူး။
ဘယ်လိုလုပ်ရပါ့မလဲ။
ဟယ်ရှင်းချွမ်ဟာ သက်ပြင်းကြီးကြီးချမိသွားပြီး၊ ခေါင်းကိုက်ဒဏ်ကိုပါခံနေရရှာပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
"စိတ္မပူနဲ႔ မင္းအစ္ကိုႀကီးဖက္တီးအိမ္မွာ ဘယ္သူမွမရွိဘူး! စိတ္ခ်လက္ခ်သာေနက်"
ဖက္တီးက ဟယ္ရွင္းလ်န္ကိုလွမ္းဆြဲကာ
"ကေလး အသက္ဘယ္ေလာက္လဲ?"
"ကြၽန္ေတာ္က ဆယ္ႏွစ္"
"ဆယ္ႏွစ္ပဲရွိေသးတာလား? ထန္ေကာတို႔ အသက္ဆယ္ႏွစ္တုန္းကဆို မင္းထက္ေခါင္းတစ္ဝက္ေလာက္ပိုရွည္ေနၿပီ"
"တကယ္လား? ယန္ထန္ေကာက ဘာေတြစားလို႔လဲ?"
"ႏြားႏို႔ေသာက္လို႔ေလ၊ အိပ္ရာမဝင္ခင္ ႏြားႏို႔တိုက္မယ္ လိမ္လိမ္မာမာေသာက္ရမယ္ေနာ္ ဟုတ္ၿပီလား?"
"ႏြားႏို႔ကညႇီတယ္"
"ထန္ေကာလိုအရပ္မရွည္ခ်င္ေတာ့ဘူးလား?"
"ရွည္ခ်င္တယ္!"
"ဒါဆိုႏြားႏို႔ေသာက္ရမယ္ေလ"
"...သၾကားထည့္လို႔ရမလားဟင္?"
"အိမ္မွာ သၾကားမရွိဘူးထင္တယ္၊ ပ်ားရည္ရွာေပးမယ္ေလ။ လာ သြားရွာရေအာင္!"
ဖက္တီးက ဟယ္ရွင္းလ်န္ကိုအိမ္ထဲေခၚသြားတယ္။
ဟယ္ရွင္းခြၽမ္ကေတာ့ အိမ္ထဲမဝင္ခင္တုံ႔ဆိုင္းေနမိေသး။
သူ႔အိမ္သူ႔ရာအလားပဲ၊ ယန္ထန္က ေရခဲေသတၱာဖြင့္ကာ ဓာတ္ဆားရည္တစ္ဗူးကိုအဖုံးဖြင့္ရင္း ဟယ္ရွင္းခြၽမ္ဆီကမ္းေပးလာတယ္။
"ဒီတစ္ညေတာ့ ဒီမွာအိပ္လိုက္၊ မနက္ျဖန္ အိမ္ငွါးဖို႔ရွာေပးမယ္"
"ငါ...ငါ...ငါ့ဝမ္းကြဲအိမ္ပဲျပန္လိုက္ေတာ့မယ္"
"ဘာျပန္လုပ္မွာလဲ? ေဆးလိပ္မီးနဲ႔အတို႔ခံရတာ မလုံေလာက္ေသးဘူးလား?"
"...မဟုတ္ဘူး၊ ဒါေပမဲ့ ငါတို႔ေၾကာင့္နဲ႔ျပႆနာမျဖစ္ေစခ်င္ဘူး"
"ျပႆနာလား?"
ယန္ထန္ဟာ ေလးနက္တဲ့အၾကည့္တစ္ခ်ိဳ႕ကို ဟယ္ရွင္းခြၽမ္ဆီဦးတည္လိုက္တယ္။
"သင့္ေတာ္တဲ့အခ်ိန္မွာ ေခါင္းငုံ႔လို႔ရတယ္၊ ဒါေပမဲ့ ေခါင္းျပန္ေမာ့ခ်ိန္မွာ ငါတို႔ကစိတ္ထဲမထားဘူး၊ မင္းဝမ္းကြဲအိမ္ကေတာ့ စိတ္ထဲထားမယ္ထင္တာပဲ။ ငါဆိုလိုခ်င္တာကို နားလည္လား?"
"...အင္း"
ဖက္တီးတို႔နဲ႔တြဲတုန္းက ရန္ျဖစ္တဲ့အႀကိမ္ေရေပါင္းမနည္းခဲ့ဘူး။
အဲ့ေတာ့ ေဆးေပါင္းမ်ိဳးစုံကအိမ္မွာရွိတယ္။
ယန္ထန္က ေဆးဗူးတစ္ခုကိုယူလိုက္ၿပီး၊ အိပ္ရာေပၚထိုင္ေနကာ ေရခ်ိဳးခန္းထဲကထြက္လာမဲ့ ဟယ္ရွင္းခြၽမ္ကိုေစာင့္ေနခဲ့တယ္။
ထြက္လာခ်ိန္မွာ အိပ္ရာကိုပုတ္ျပကာ
"ဒီလာခဲ့"
ဟယ္ရွင္းခြၽမ္က ယန္ထန္႔အမူအရာကိုနားမလည္ဘူး။
ေခါင္းသုတ္ရင္းပဲ ေဘးနားဝင္ထိုင္လိုက္တယ္။
သူ႔အိမ္မွမဟုတ္တာ၊ အဲ့ေတာ့ လႈပ္ရွားမႈေတြဟာလည္း ေတာင့္တင္းလို႔။
မထင္မွတ္ထားစြာပဲ၊ ယန္ထန္က သူ႔ပုခုံးကိုအေနာက္ဆြဲယူလိုက္ကာ ဟယ္ရွင္းခြၽမ္ကေတာ့ ယန္ထန္႔ေပါင္ေပၚေရာက္လုလုပင္။
ရွပ္အက်ႌဟာ မတင္ခံလိုက္ရတယ္။
ေက်ာေအာက္နားကဒဏ္ရာေတြကို ေတြးမိခ်ိန္မွာ၊ ဟယ္ရွင္းခြၽမ္ဟာ မ်က္ႏွာပူသြားရတယ္။
"ထန္ေကာ...ေဆး ငါ့ဘာသာပဲလိမ္းလိုက္မယ္..."
ယန္ထန္က ေက်ာျပင္ေအာက္နားရွိမီးေလာင္ရာေတြကို စိုက္ၾကည့္ေနခဲ့တာ။
ေမး႐ိုးႂကြက္သားေတြဟာ တစ္ခဏေတာ့ေတာင့္တင္းသြားခဲ့တယ္။
လူငယ္ေလးဟာ ၾကည့္ေကာင္းတဲ့ေနာက္ေက်ာျပင္ကိုပိုင္ဆိုင္ထားတယ္။
ေက်ာျပင္ထက္မွာေတာ့ မည္သည့္အမာ႐ြတ္မွရွိမေနခဲ့ဘူး၊ ခါးအနီးနားတစ္ဝိုက္မွာေတာ့ ေဆးလိပ္မီးရာေတြအမ်ားအျပားရွိေနတယ္။
အထူးသျဖင့္ ဘယ္ဘက္ျခမ္းမွာ။
ေလာေလာလတ္လတ္တစ္ခုဟာျဖင့္ ေသြးေတာင္ထြက္ေနတုန္းပဲ၊ အျခားဟာေတြကေတာ့ အနာက်က္သြားၿပီး အဝါေရာင္ေဖ်ာ့ေဖ်ာ့အရာေတြသာက်န္ခဲ့တယ္။
ယန္ထန္႔အသံကိုမၾကားရတာေၾကာင့္၊ ဟယ္ရွင္းခြၽမ္ဟာ ေက်ာေလးမတ္ရင္း အက်ႌစကိုျပန္ဆြဲယူဖို႔ႀကိဳးစားတယ္။
ယန္ထန္က သူ႔လက္ကိုဖမ္းဆြဲတယ္၊ ခဏအၾကာမွ ေျပာလာတယ္
"အနာမက်က္ေသးဘူးဆိုရင္ ဒီေဆးလိမ္းလို႔မရေသးဘူး။ အရင္နားလိုက္ဦး၊ ငါခဏေနမွ ျပန္လာခဲ့မယ္"
ယန္ထန္ဟာ ေဆးဗူးကိုင္လ်က္ အခန္းထဲမွျပန္ထြက္လာခဲ့တယ္။
ဖက္တီးက အခုေလးတင္ပဲ ဟယ္ရွင္းလ်န္ကိုသိပ္ႏိုင္ခဲ့တာ။
ေခြၽးအျပည့္နဲ႔ အခန္းထဲကတိတ္တိတ္ေလးထြက္လာခ်ိန္မွာ၊ ဝရန္တာမွာ ေဆးလိပ္ေသာက္ေနသူကိုျမင္လိုက္ရတယ္။
ေရခဲေသတၱာထဲက ဘီယာႏွစ္ဗူးထုတ္ယူလိုက္ရင္း၊ ဝရန္တာဆီထြက္လာခဲ့လိုက္တယ္။
ယန္ထန္႔ဆီတစ္ဗူးကမ္းေပးကာ
"ဘာျဖစ္လို႔လဲ? ေဆးလိပ္ျဖတ္လိုက္ၿပီထင္ေနတာ"
ယန္ထန္က ေမးခြန္းကိုလ်စ္လ်ဴရႈလိုက္ၿပီး၊ ေဆးလိပ္မီးကို လက္နဲ႔သာၿငိမ္းသတ္တယ္။
လက္ေခ်ာင္းထိပ္ကအေရျပားေတြဟာ အမာ႐ြတ္ထင္သြားခဲ့ၿပီ။
"အဲ့အုပ္စုက ဘယ္ကလဲ? လီဝမ္ယုလူေတြလား?"
"မဟုတ္ဘူး၊ လီဝမ္ယု ဟယ္ရွင္းခြၽမ္ကိုမထိရဲပါဘူး။ သူက ထန္ေကာအေၾကာင္းေကာင္းေကာင္းသိၿပီးသားပဲဟာ"
ဖက္တီးက ဘီယာတစ္ငုံေသာက္လိုက္ၿပီးမွ၊ စကားဆက္တယ္
"ဝူက်င္းကိုေမးၾကည့္ထားတယ္။ အိမ္ရွင္က အိမ္ငွါးအသစ္လိုခ်င္ေနတာ၊ အဲ့ေတာ့ ဟယ္ရွင္းခြၽမ္တို႔ကို ေမာင္းထုတ္ခ်င္ေနတာေလ။ ဟယ္ရွင္းခြၽမ္က အိမ္ငွါးစာခ်ဳပ္မလုပ္ထားဘူး၊ တိုက္႐ိုက္ပဲငွါးခဲ့တာ။ တရားစြဲဖို႔ေတာ့ ခက္မယ္ထင္တယ္"
ယန္ထန္က အဓိပၸာယ္ေဖာ္လို႔မရတဲ့အမူအရာနဲ႔ပဲ ေခါင္းၿငိမ့္ျပတယ္။
ဖုန္းထုတ္ကာ တစ္ခုခုကိုစစ္ေဆးေနၿပီးမွ
"သူ႔ဝမ္းကြဲအေၾကာင္းကေရာ?"
ဒီစကားၾကားခ်ိန္မွာ၊ ဖက္တီးက ဧည့္ခန္းထဲကိုတစ္ခ်က္လွမ္းၾကည့္တယ္။
ဘယ္သူမွမရွိတာေသခ်ာသြားမွ အသံကိုႏွိမ့္ခ်ကာ
"ဟယ္ရွင္းခြၽမ္မိသားစုအေၾကာင္း ဘယ္သူမွမသိက်ဘူး။ သူ႔မိဘေတြေပ်ာက္သြားတာ ၾကာၿပီတဲ့၊ ဇာတိၿမိဳ႕ကေန ညီအစ္ကိုႏွစ္ေယာက္တည္းေက်ာင္းလာတက္က်တာ"
"အင္း"
"ဟယ္ရွင္းခြၽမ္က တစ္ဦးတည္းေသာသား၊ သူ႔မိဘေတြေပ်ာက္ကတည္းက သူပဲက်န္ခဲ့တာ။ ဒီေရာက္လာေတာ့ ဟယ္ရွင္းလ်န္ဆိုတဲ့ညီတစ္ေယာက္ပါလာတယ္"
ယန္ထန္က မ်က္ေမွာင္ၾကဳတ္မိသြားတယ္၊ အခုမွပဲရိပ္မိသြားခဲ့တာ...မိဘေတြေပ်ာက္ေနတယ္ဆိုရင္ ဟယ္ရွင္းလ်န္က ဘယ္ကထြက္လာတာလဲ?
ဖက္တီးက ဘာမွဆက္မေျပာေတာ့ဘဲ၊ ယန္ထန္႔ပုခုံးကိုသာပုတ္ေပးလာတယ္။
"ဒါေတြကအမွန္ဟုတ္မဟုတ္ ငါလည္းမသိဘူး။ ေသခ်ာတာေတာ့ သူတို႔ညီအစ္ကို ဒုကၡေတြမ်ားခဲ့မွာပဲ။ မနက္ျဖန္ ဟိုအုပ္စုကဘယ္သူေတြလဲဆိုတာ ငါထပ္ရွာၾကည့္ေပးမယ္"
ယန္ထန္က ေခါင္းၿငိမ့္ျပရင္း၊ အေဝးက ညမီးေရာင္မွိန္မွိန္ေတြကိုေငးေနမိတယ္။
ေတာက္ပတဲ့အဝါေရာင္မီးေတြ...ေႏြးေထြးေစတယ္။
ဒါေပမဲ့...ဟယ္ရွင္းခြၽမ္ေနာက္ေက်ာက အဝါေရာင္ဟာ ေဆးလိပ္မီးရာေတြ။
ဟယ္ရွင္းလ်န္က သူ႔ကိုကိုထက္ အစ္ကိုဖက္တီးကိုပိုသေဘာက်ေနခဲ့တယ္။
ညတိုင္းအတူသြားအိပ္တတ္ၿပီး၊ ဧည့္သည္အခန္းထဲမွာေတာ့ ဟယ္ရွင္းခြၽမ္တစ္ေယာက္တည္းသာ လွဲေလ်ာင္းေနရတယ္။
လက္ထဲမွာ ယြမ္ႏွစ္ေသာင္းေတာ့က်န္ေသးတယ္။
တင္းၾကပ္တဲ့အေျခအေနမွာ သူေနထိုင္တတ္ပါတယ္၊ ဒါေပမဲ့ ငွါးထားတဲ့အိမ္ေလးမရွိေတာ့ဘူး။
ထပ္သာငွါးရင္ စရန္ခကေပးရဦးမွာပဲ၊ ယြမ္တစ္ေသာင္းေလာက္ပဲ က်န္ခဲ့လိမ့္မယ္။
မၾကာခင္ ရွင္းလ်န္ကေက်ာင္းတက္ရေတာ့မွာ၊ သူကလည္း ဒုတိယႏွစ္ေရာက္ေတာ့မယ္။
ေျခာက္တန္းစာအထိ သူသင္ေပးလို႔ရေပမဲ့၊ ေနာက္ပိုင္းအတန္းစာေတြဆို သူမသင္ေပးႏိုင္ေတာ့ဘူး။
ဘယ္လိုလုပ္ရပါ့မလဲ။
ဟယ္ရွင္းခြၽမ္ဟာ သက္ျပင္းႀကီးႀကီးခ်မိသြားၿပီး၊ ေခါင္းကိုက္ဒဏ္ကိုပါခံေနရရွာၿပီ။