Scroll down for Zawgyi.
Unicode
၀တုတ်ရဲ့မိဘတွေဟာ ညနေခြောက်နာရီထိုးသည်အထိ ရောက်မလာခဲ့ပေ။ဒါပေမယ့် ၀တုတ်ရဲ့မိသားစု၀င်ပါလို့ အခိုင်အမာပြောနေတဲ့ driver တစ်ယောက်သာ ဒီနေရာကို ရောက်လာလေသည်။
ဋ္ဌာနမှူးက ဖရဲသီးလေး ထပ်ပြီး အနိုင်ကျင့်မခံရဖို့ကို ပေါ်ယွီဆီမှာ ထပ်ကာထပ်ကာ အာမခံပြီး ဖရဲသီးလေးအတွက် ဆရာအသစ်တစ်ယောက် ပြောင်းပေးဖို့ကို သဘောတူလိုက်သည်။အဲဒီနောက် ပေါ်ယွီက ဖရဲသီးလေးကို ခေါ်ကာ ထွက်သွားတော့သည်။
ဆရာမချန်ဟာ ဋ္ဌာနမှူးနဲ့ပေါ်ယွီတို့ရဲ့ တဖြည်းဖြည်း မှေးမှိန်သွားတဲ့ ပုံရိပ်တွေကို မကျေနပ်တဲ့ခံစားချက်တွေနဲ့အတူ စိုက်ကြည့်နေသည်။
ဖရဲသီးလေးက ကလေးတစ်ယောက်ပဲရှိသေးတာလေ။သူ့ရဲ့မိဘဖြစ်တဲ့ ရှင့်မှာတောင် သူ့ကို တစ်နေကုန် ဂရုစိုက်ပေးဖို့ အချိန်မရှိသေးတာ ဆရာမဖြစ်တဲ့ကျွန်မက နေ့တိုင်း သူ့ကိုပဲ အာရုံစိုက်မနေနိုင်ဘူး။
ပေါ်ယွီက ကျိုးကြောင်းမညီညွတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပေ။ဒါပေမယ့် သူ ကိစ္စတစ်ခုလုံးကို အေးအေးဆေးဆေး စဉ်းစားကြည့်လိုက်တဲ့အခါမှာ သူ တွေးမိသည်။အကယ်၍ သူသာ ဒီကိစ္စကို ကောင်းကောင်းမွန်မွန် သေချာ မကိုင်တွယ်ရင် ဆရာမချန်က ဖရဲသီးလေး အနိုင်ကျင့်ခံနေရတာကို ဆက်ပြီးခွင့်ပြုထားမှာဖြစ်သည်။
သူ ဖရဲသီးလေးကို ဒီမူကြိုကျောင်းဆီ ပို့ရတဲ့ အကြောင်းအရင်းတွေက ကျောင်းရဲ့အဆင့်မြင့်လုံခြုံရေးနဲ့ တစ်ယောက်ချင်းစီကို ဂရုစိုက်ပေးတာကြောင့်ပဲဖြစ်သည်။ဒါပေမယ့် သူ ကိစ္စတစ်ခုလုံးကို သိသွားတဲ့အချိန်မှာ သူ ဒီမူကြိုကျောင်းကို မကျေမနပ် ဖြစ်မိသည်။
ပြီးတော့ သူက ဇာတ်လမ်းရိုက်ဖို့အတွက် ရိုက်ကွင်းကို သွားရဦးမှာဖြစ်ပြီး ပေါ်ယွီက ဖရဲသီးလေးကို ရိုက်ကွင်းဆီခေါ်သွားလို့လည်း မရပေ။ဒါကြောင့် သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ရတော့သည်။
ဝတုတ်ကတော့ driver က သူ့ကိုပေးတဲ့ lollipop လေးကို ပါးစပ်ထဲ ထည့်ထားသည်။သူ့မိဘတွေက ဒီကိုရောက်မလာကြတာကို သိကတည်းက သူ ငိုနေတာ ရပ်သွားပြီး စိတ်အခြေအနေ ပိုကောင်းလာသည်။
" ဝတုတ်လေး , မင်းရဲ့နာမည်က ဘာလဲ ? " ပေါ်ယွီက သူ့ရဲ့မျက်ခုံးတွေကို ပင့်ပြီး driver ရဲ့လက်တွေထဲမှာ ပွေ့ချီခံထားရတဲ့ ၀တုတ်ကို အထင်သေးသလို ကြည့်လိုက်သည်။
ဝတုတ်ကတော့ ပေါ်ယွီကို အလွန်မုန်းတီးနေလေသည်။ဒါပေမယ့် သူ့မိဘတွေက ဒီနေရာမှာ မရှိကြပြီး ဘယ်သူကမှ သူ့ကို အကူအညီမပေးနိုင်တာကြောင့် ၀တုတ်က သူ့ပါးစပ်ထဲမှာ စုပ်နေတဲ့ lollipop ကို ထုတ်ကာ ဖားတဲ့အနေနဲ့ ပေါ်ယွီဆီ ကမ်းပေးလိုက်သည်။
lollipop လေးက လေထုအလယ်မှာ ရပ်တန့်နေလေသည်။တံတွေးတွေနဲ့ ရောနေတဲ့ သကြားရည်တွေဟာ အောက်ကို တစ်တောက်တောက်ကျနေပြီး အဲဒါကပဲ ပေါ်ယွီကို မြင်မြင်ချင်းမှာတင် စားချင်သောက်ချင်စိတ် ကုန်ဆုံးသွားအောင် လုပ်နေသည်။
ပေါ်ယွီက သူ့ကို တမင်တကာ လျစ်လျူရှူလိုက်ပြီး ၀တုတ်ရဲ့ lollipop ကို ထိဖို့ ငြင်းပယ်လိုက်သည်။ " ကောင်းပြီလေ , ငါ ဒီတစ်ခေါက် မင်းကို အလွတ်ပေးလိုက်မယ် ဒါပေမယ့် မင်း နောက်တစ်ခါ သူ့ကို ထပ်ပြီး အနိုင်ကျင့်ရင် ငါ မင််းရဲ့အတွင်းခံဘောင်းဘီကို ဆွဲချွတ်ပစ်ပြီး ကျောင်းပေါက်၀မှာ မင်းကို ကိုယ်တုံးလုံးချွတ် ချိတ်ထားပစ်မယ် "
၀တုတ်က ပေါ်ယွီကို ကြောက်လန့်စွာ ကြည့်လိုက်သည်။သူ ပေါ်ယွီလိုမျိုး ကလေးတစ်ယောက်ကိုတောင် ခြိမ်းခြောက်တတ်တဲ့ အရှက်မရှိတဲ့ လူကြီးတစ်ယောက်ကို တစ်ခါမှ မမြင်ဘူးတာ သေချာသလောက်ရှိသည်။ဝတုတ် အချိန်ခဏလောက် ကြက်သေသေကာ ဆွံ့အသွားတော့သည်။
ဋ္ဌာနမှူးကတော့ သူ့ဘေးမှာ ကိုးရို့ကားရားနိုင်စွာနဲ့ မတ်တပ်ရပ်နေသည်။
ကလေးတစ်ယော်ကို ခြိမ်းခြောက်လိုက်မိတာက နည်းနည်း မကောင်းသလို ပေါ်ယွီ ခံစားလိုက်ရတာကြောင့် သူ စကားဆက်မပြောတော့ဘဲ သူ့လက်မောင်းထဲမှာ ဖရဲသီးလေးကို ချီကာ ထွက်သွားလိုက်သည်။
ကားထဲမှာ ထိုင်ပြီးတဲ့အခါ ပေါ်ယွီက ဖရဲသီးလေးအတွက် ကလေးထိုင်ခုံမှာရှိတဲ့ လုံခြုံရေးခါးပတ်လေးကို ပတ်ပေးလိုက်ပြီး လေးနက်စွာ ဆိုလိုက်သည်။ " တကယ်လို့ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လာခဲ့ရင် နောက်တစ်ခါ ငါ့ကိုသာခေါ်လိုက် ဟုတ်ပြီလား။ မင်း ထောင့်လေးမှာ ကပ်ငိုနေတဲ့အချိန်တိုင်း မင်း တွေ့သမျှလူတွေက လူကောင်းမဟုတ်ဘူး "
ဖရဲသီးလေးကတော့ အဲဒီကိစ္စအပေါ်မှာ အာရုံမရှိပေ။ " ပါးပါး , သားလည်း lollipop စားချင်တယ် "
ပေါ်ယွီ ; " .......... "
သူ့သား အူကြောင်ကြောင်နိုင်ပုံကတော့ !!!
စုန့်ရှီလင်က သူ့ရဲ့တိုက်ခန်းဆီ ပြန်ရောက်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။အဲဒီအခါ အခန်းက မှောင်မည်းနေလေသည်။သူက တသ်ယောက်တည်းနေရတာကို သဘောကျပြီး ဗီလာမှာနေရမှာကို စိတ်မ၀င်စားပေ။ဒါကြောင့် သူ ကုမ္ပဏီနားက တိုက်ခန်းတစ်ခန်းကို ၀ယ်လိုက်တာဖြစ်သည်။
ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါ အသီးအနှံအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်ပေါင်းစုံ ရှိနေပေမယ့် စုန့်ရှီလင်က အဲဒီအရာတွေကို တစ်ချက်မကြည့်ပေ။
စုန့်ရှီလင်က မချက်ပြုတ်တတ်ချေ။များသောအားဖြင့် သူက take-away မှာစားရင်စား မဟုတ်ရင် business dinner တွေမှာ စားလေ့ရှိသည်။ဒါပေမယ့် သူက ရေခဲသေတ္တာ အလွတ်ကြီးဖြစ်နေမှာကို မမြင်ချင်တာကြောင့် သူ့လက်ထောက်ကို ရေခဲသေတ္တာထဲ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ ဖြည့်ပေးဖို့ ပြောထားလိုက်သည်။
ဘာမှမရှိတဲ့ ရေခဲသေတ္တာ အလွတ်ကြီးက သူ့ရဲ့ စိတ်ခံစားချက်တွေကို ဆိုးဝါးစေသည်။
ညတွင် စုန့်ရှီလင်ဟာ ထုံးစံအတိုင်း computer ကို ဖွင့်ပြီး အလုပ်စလုပ်ရတော့မယ့်အစား သူ sofa ပေါ်မှာ တွေဝေမိန်းမောကာ ထိုင်နေလေသည်။
ဖရဲသီးလေးက ပေါ်ယွီရဲ့သားလေးဖြစ်တာကြောင့် သူ ဖရဲသီးလေးကို သဘောကျသည်။ဖရဲသီးလေးကို ကြည့်ပြီး ပေါ်ယွီ အဲဒီအရွယ်တုန်းကရော အဲ့လိုကလေးလေးများလားလို့ သူ အကူအညီမဲ့စွာနဲ့ စဉ်းစားနေမိသည်။
ဒါပေမယ့် စုန့်ရှီလင် ဒီနေ့ သူ ပေါ်ယွီနဲ့ စကားများခဲ့တာကို သတိရသွားတဲ့အချိန်မှာ သူ့ရဲ့မျက်နှာအမူအရာက ချက်ချင်းပဲ တင်းမာလာသည်။
နောက်ပိုင်းတွင် စုန့်ရှီလင်ရဲ့မျက်လုံးထဲမှာရှိတဲ့ မည်းမှောင်မှုတွေ လျော့ပါးသွားပြီး သူ့မျက်နှာက ဂရုမစိုက်တဲ့ပုံစံပြန်ဖြစ်သွားသည်။
ပြီးခဲ့တာတွေ ပြီးပြီပဲ။သူတို့ လမ်းခွဲသင့်ရင် ခွဲရမှာပေါ့လေ။
အဲဒါကို တွေးတောနေရင်း စုန့်ရှီလင်ရဲ့မျက်လုံးတွေက သူ့ဘေးနားမှာရှိတဲ့ ဖုန်းဆီမှာ ရပ်တန့်သွားသည်။ချီယန်ဆီက ဖုန်းလာနေလေသည်။
ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တဲ့ကိစ္စဖြစ်တာကြောင့် သူနဲ့ မရေမရာဆက်ဆံရေးမျိုးရှိနေဖို့ မလိုအပ်ချေ။
__________
<The Young General> ရဲ့ အပိုင်းသုံးကို Small Fan Website မှာ ထုတ်လွှင့်တဲ့အထိ ရှေးခေတ် costume web series က လုံး၀ကို နာမည်ကြီးလာသည်။
အောင်မြင်ကျော်ကြားမှုက အရမ်းကို မြင့်မားနေဆဲဖြစ်ပြီး <The Young General> ဟာ နာမည်ကြီး idol တွေ၊ဝါရင့်သရုပ်ဆောင်တွေ ရိုက်ကူးကြတဲ့ တခြား ရှေးခေတ် costume series တွေနဲ့ idol series တွေထက် ပိုမိုလူကြိုက်များလေသည်။
အ၀တ်အစားကောင်းတွေ ၀တ်ဆင်ထားတဲ့ စစ်သူကြီးငယ်လေးနဲ့ နစ်လိုဖွယ်ကောင်းပြီး မှုန်သုန်နေတဲ့ ဂိုဏ်းချုပ်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီကာ အရမ်းချစ်စရာကောင်းနေသည်။
[ WTF !!! ဒီလိုအချိန်မျိုးမှာ ဂိုဏ်းချုပ်က စစ်သူကြီးလေးကို တကယ် နမ်းလိုက်တာလား ??? ဂိုဏ်းချုပ်က မျက်နှာဖုံးကို ချွတ်လိုက်ပြီး စစ်သူကြီးလေးကို ကြင်ကြင်နာနာနဲ့ စိုက်ကြည့်နေတာ အရမ်းချောတာပဲ ]
[ ငါလေးမှာ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ကလူအီသို့ မြှူအီသို့ လုပ်တဲ့အချိန်တိုင်း နှာခေါင်းသွေးလျှံနေရတယ် ။ စစ်သူကြီးငယ်လေးရေ , သူ ချစ်တယ် ပြောနေတာကို မြန်မြန် လက်ခံလိုက်ပါတော့ ]
[ အမျိုးသမီးဇာတ်လိုက်က ပရိသတ်တွေ လျစ်လျူရှူတာ ခံနေရတာပဲ ။ ငါ တကယ့်ကို ဂုဏ်းချုပ်ရဲ့ ချိုမြိန်တဲ့ နေ့စဉ်ဘ၀လေးကို ကြည့်ရတာ ကြိုက်တယ် ။ ဂိုဏ်းချုပ်ရေ , ငါလေးကို စကားပြန်ဖြေပါဦး ]
[ ဂိုဏ်းချုပ်က ချစ်စရာကောင်းပြီး ပါပီလေးတစ်ကောင်လိုမျိုး သစ္စာရှိတယ်လို့ တွေးမိတာ ငါ တစ်ယောက်တည်းလား ? ဘာလို့လဲဆို သူက သူ့မိန်းမနဲ့အတူနေချင်တာနဲ့ပဲ နောက်လိုက်တစ်ထောင်ကျော်ကို ဘေးဖယ်ထားလိုက်တယ်လေ ]
[ အပေါ်ထပ်ရေ , မင်း တစ်ယောက်တည်း မဟုတ်ဘူး ။ ငါ အိပ်ရာပေါ်က ဇာတ်၀င်ခန်းကိုပဲ ပြန်ကြည့်တာ အခေါက်ငါးရာကျော်လောက် ရှိတော့မယ် ။ အဲဒါက အရမ်း ချစ်ဖို့လည်းကောင်းပြီး စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်နော် ]
နောက်တစ်နေ့ရောက်တဲ့အချိန်မှာ Weibo Hot Search list ရဲ့ ထိပ်ဆုံးသုံးနေရာက #ဂိုဏ်းချုပ် #စစ်သူကြီးငယ်လေး #ဂိုဏ်းချုပ်ရဲ့မြှူဆွယ်တတ်တဲ့အရည်အချင်း ဆိုပြီး ချိတ်နေတော့သည်။
<The Young General> က အရမ်းကို ကျော်ကြားလာပြီး လူတိုင်းကို အံ့အားသင့်သွားစေသည်။
ဒါရိုက်တာဟော်ကတော့ အခုအချိန်မှာ သူ့ရဲ့အောင်မြင်မှုကြီးကို အလွန်အမင်း ဂုဏ်ယူနေလေသည်။သူက တစ်နေကုန် ပေါ်ယွီနဲ့မော့အန်းယွီတို့ကို ဂရုစိုက်ပြီး အလေးထားကာ ပစားနေသည်။
ရိုးရိုးသားသား ပြောရရင် ပေါ်ယွီက ဒါရိုက်တာဟော်ရဲ့ အတွေးတွေကို နားလည်နိုင်ပေသည်။သတ်လတ်ပိုင်းအရွယ်မှာ ဒီနာမည်ကြီး web series ကြောင့် ပရိသတ်တွေက သူ့ကို မှတ်မိနေတော့မှာဖြစ်ပြီး အဲဒီ web series ရဲ့ အောင်မြင်မှုကြောင့်ပဲ နောင်တွင် သူ့မှာ ရင်းနှီးမြှုပ်နှံမှုမရရှိတဲ့ အကျပ်အတည်း ပြသာနာမျိုးကို ရင်ဆိုင်စရာ မလိုတော့ပေ။
သူကိုယ်တိုင်အနေနဲ့ကတော့ အခု ပေါ်ယွီ entertainment လောကထဲကို ပြန်လာတာက ပိုက်ဆံရှာဖို့ပဲဖြစ်သည်။သူက အခုချိန်မှာ နာမည်ကျော်ကြားနေတာကြောင့် သူ့ရဲ့၀င်ငွေနဲ့ သရုပ်ဆောင်ဖို့အခွင့်အလမ်းတွေက အများကြီး တိုးတက်လာပြီး ပေါ်ယွီကို စိတ်ကျေနပ်စေသည်။
မော့အန်းယွီက သူ့မျက်နှာပေါ်မှာ ဘာအမူအရာမျိုးမှ မရှိဘဲ အေးတိအေးစက်နေနေဆဲပင်ဖြစ်သည်။သူ့ကို ကြည့်ရတာ သူ့ရဲ့အောင်မြင်မှုကို အရေးပါတဲ့ကိစ္စမဟုတ်ဘူးလို့ သဘောထားနေပုံရပြီး ပျော်ရွှင်တာ ၀မ်းနည်းတာမျိုး မရှိချေ။
ပေါ်ယွီ အကူအညီမဲ့စွာနဲ့ပဲ မော့အန်းယွီအပေါ် သုံးသပ်ချက်အသစ်ရလာလေသည်။
မော့အန်းယွီက ဂရုမစိုက်ဟန်ဆောင်တာပဲဖြစ်စေ တကယ်ဂရုမစိုက်တာပဲဖြစ်စေ ကိစ္စမရှိချေ။သူ့ရဲ့ မြင့်မားလှတဲ့ EQ နဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မှုစွမ်းရည်ကတော့ entertainment လောကနဲ့ ကိုက်ညီအောင် သူ့ကို ကံကြမ္မာက စီစဉ်ပေးလိုက်တာပဲဖြစ်သည်။
အဲဒီအချိန်မှာပဲ မန်နေဂျာကျန်းရဲ့ရုံးခန်းတွင် ဖြစ်သည်။
ရယ်ဟွမ်ရဲ့လက်တွေက တဆတ်ဆတ် တုန်ယင်နေပြီး သူက ဒေါသတကြီးနဲ့ မန်နေဂျာကျန်းကို စွပ်စွဲအပြစ်တင်လိုက်သည်။ " ခင်ဗျား ပေါ်ယွီနဲ့ပေါင်းပြီး လိမ်ကြံခဲ့ကြတာလား ? အစတုန်းက ကမ်းလှမ်းခံခဲ့ရတာ ကျွန်တော်လေ ။ နောက်ဆုံးကျခါမှ ဘာကိစ္စ ပေါ်ယွီနဲ့မော့အန်းယွီက ဇာတ်လိုက်နဲ့ဇာတ်ရံနေရာမှာ သရုပ်ဆောင်သွားရတာလဲ ? "
မန်နေဂျာကျန်းက ရယ်ဟွမ်ရဲ့ပုံစံကို အရမ်းစိတ်ပျက်သွားပြီး သူ့လေသံကလည်း မကျေမနပ်ဖြစ်နေသည်။ " ငါ မင်းကို အဲဒီ web series ရဲ့ ဇာတ်ညွှန်းပေးတဲ့အချိန်တုန်းက ဒီလို web series မျိုးမှာ သရုပ်မဆောင်နိုင်ဘူးဆိုပြီး ဇာတ်ညွှန်းကို တစ်ချက်တောင် မကြည့်ဘဲ ငါ့ကို ငြင်းခဲ့တာ မင်းလေ !! သူတို့က ဒီweb series မှာ သရုပ်ဆောင်လို့တောင် ပြီးသွားပြီ !!! အခုချိန်ကျမှ မင်းက ဘာကို ဘယ်လိုလုပ်ချင်နေတာလဲကွ ?!! "
ရယ်ဟွမ်ရဲ့ရင်ဘတ်က အသက်ရှူနှုန်းကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး သူ အခုအချိန်မှာ ပြသာနာရှာလို့မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သည်။ဒါပေမယ့်လည်း သူ အေးစက်စက်မျက်နှာနဲ့ သူ့စိတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးပေ။
မန်နေဂျာကျန်းက ရယ်ဟွမ် နောက်ဆုံး စိတ်တည်ငြိမ်လာတာကို မြင်တဲ့အခါ သူ တမင်တကာ အငြင်းပွားတာကို ပြေလည်ဖို့အတွက် ပြေရာပြေကြောင်း ပြောလိုက်သည်။ " လာ ဒီမှာ , ငါ မင်းအတွက် တီဗွီဇာတ်လမ်းတွဲ တော်တော်များများကို ရွေးထုတ်ပေးထားတယ် ။ မင်း မင်းသဘောကျတဲ့ဟာကို ရွေးလိုက်လို့ရတယ် "
ရယ်ဟွမ်က မန်နေဂျာကျန်းကို မကျေမနပ်နဲ့ ကြည့်လိုက်ပြီး ဇာတ်ညွှန်းတချို့ကို လက်ထဲယူလိုက်သည်။ဒါပေမယ့် သူ ပိုင်ဆိုင်ရသင့်တဲ့ အောင်မြင်ကျော်ကြားမှုတွေကို ပေါ်ယွီက လုယူသွားတယ်လို့ စဉ်းစားလိုက်မိတဲ့အခါ သူက ချက်ချင်းပဲ ဒေါသထွက်သွားပြီး ဇာတ်ညွှန်းတွေကို ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်။
" မင်း ဒေါသထွက်နေတာကို ရပ်လိုက်လို့ရမလား ?! " မန်နေဂျာကျန်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ရယ်ဟွမ်ကို စိန်းစိန်းဝါးဝါး ကြည့်လာသည်။ " မင်း တကယ်လို့ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ရင် မင်းအိမ်မှာသာ သွားနေချေ ။ ဒါ မင်းအိမ် မဟုတ်ဘူးကွ !!! "
ရယ်ဟွမ် သူ မှားတယ်ဆိုတာကို သိပေမယ့် သူက မန်နေဂျာကျန်းကို တောင်းပန်ဖို့ ရှက်နေလေသည်။သူက မည်းမှောင်နေတဲ့ မျက်နှာကြီးနဲ့အတူ လျင်မြန်စွာ ထွက်သွားတော့သည်။
မန်နေဂျာကျန်းက ရယ်ဟွမ် ထွက်သွားတာကို ကြည့်ပြီး ဒေါသထွက်ကာ ခေါင်းခါလိုက်သည်။
ချီယန်ရဲ့တုံ့ပြန်မှုကတော့ သိပ်မကြီးမားချေ။သူက ပေါ်ယွီကို အထင်သေးပြီး မျက်လုံးထဲမထည့်တာကြောင့် သူက ပေါ်ယွီ ဒီ web series နဲ့ နာမည်ကြီးသလား မကြီးသလား ဂရုမစိုက်ပေ။
ဒါ့ပြင် သူက စုန့်ရှီလင်ဆီ ကိစ္စတစ်ခုကို ဘယ်လိုထုတ်မေးရမလဲဆိုတာ စဉ်းစားနေရတာနဲ့ အလုပ်ရှုပ်နေသည်လေ။
စုန့်ရှီလင် အစည်းအဝေးခန်းထဲကနေ ထွက်လာတဲ့အချိန်မှာ ချီယန်က သူ့ရုံးခန်းတံခါးမှာ ရပ်စောင့်နေတာကို တွေ့လိုက်ရသည်။ချီယန်ရဲ့မျက်ခုံးတွေက တွန့်ရှုံ့နေပြီး အားနည်းတဲ့မျက်နှာအမူအရာလေးဖြစ်နေပင်မယ့် စိတ်ဆိုးနေပုံတော့ မရချေ။
ချီယန်က စုန့်ရှီလင် အနောက်ကနေလိုက်ပြီး သူ့ရုံးခန်းထဲကို ၀င်လာလေသည်။
ဒီရက်တွေမှာ စိတ်ဒုက္ခရောက်နေခဲ့တာကြောင့် ချီယန်က စုန့်ရှီလင်နဲ့ စကားပြောချင်ခဲ့သည်။ဒါပေမယ့် စုန့်ရှီလင်က သူ့ကို ဘယ်တော့မှမတွေ့တာကြောင့် ချီယန်က သူ့ကို ရှာဖို့အတွက် စုန့်ကုမ္ပဏီကိုပဲ တိုက်ရိုက်လာလိုက်တော့သည်။
" မင်းက ဘာလို့ ဒီမှာရှိနေတာလဲ ? " စုန့်ရှီလင် မေးလိုက်သည်။
ချီယန်က ညင်သာစွာ ပြန်ဖြေလိုက်သည်။ " ငါ မင်းကို လွမ်းလို့ အဲဒါကြောင့် ငါ ဒီကိုလာပြီး မင်းကို တွေ့ရုံလေးတင်ပါ "
စုန့်ရှီလင်ရဲ့ဘောပင်ကိုင်ပြီး လက်မှတ်ထိုးနေတဲ့ လက်တွေက ရပ်တန့်သွားလေသည်။စုန့်ရှီလင်ရဲ့ နက်ရှိုင်းတဲ့ မျက်၀န်းတွေထဲမှာ ရှိနေတာတွေကက ပျော်ရွှင်မှုလား ဒေါသလား ဆိုတာ ခွဲခြားသိဖို့ ခက်ခဲလှသည်။ " နောက်ကျရင် အဲဒီလိုစကားမျိုးတွေ မပြောနဲ့တော့ "
ချီယန် လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး စိတ်မပါစွာ ပြောလိုက်သည်။ " ဒီနေ့ည ညစာ အတူတူ စားရအောင် ၊ ငါတို့ စားသောက်ဆိုင်မှာ မစားဘူး ငါ အိမ်မှာ ချက်ကျွေးမယ်လေ "
စုန့်ရှီလင်က ခေါင်းတောင် မော့ကြည့်မလာဘဲ ငြင်းလိုက်သည်။ " ငါ အလုပ်များနေတယ် ။ ဒီနေ့ညနေ ငါ့ကို dinner ဖိတ်ထားတာရှိတယ် "
ချီယန် သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလာပြန်သည်။ " မင်း မနက်ဖြန်ညကျရင် အင်ပါယာမြို့တော်မှာ ကျင်းပမယ့် ကော့တေးပါတီကို တက်မှာလား ဟင် ? "
စုန့်ရှီလင် ခေါင်းငြိမ့်ပြလိုက်သည်။မနက်ဖြန်ညမှာ အင်ပါယာမြို့တော်တွင် ကျင်းပမယ့် ပါတီက သူ့အတွက် ရှောင်လွှဲကာ ငြင်းလို့မရပေ။ဒါကြောင့် သူ အဲဒီပါတီကို မဖြစ်မနေ တက်ရောက်ရမှာဖြစ်သည်။
ချီယန်က အဲဒီအကြောင်းကို ဘာလို့ မေးရတာလဲ ?
ချီယန်က သူ့ကို ဖြောင့်ဖြောင့်တန်းတန်း အဖြေကို ပြန်မပြောဘဲ ချက်ချင်း တခြားအကြောင်းအရာတစ်ခုကို ပြောင်းပြောတော့သည်။
စုန့်ရှီလင်က ကော့တေးပါတီကို တက်မယ်ဆိုတဲ့ သတင်းကို ကြားပြီးနောက်မှာ ချီယန်က အကူအညီမဲ့စွာနဲ့ ပျော်ရွှင်သွားပြီး ဘာစကားမှမပြောဘဲ ထွက်သွားတော့သည်။
စုန့်ရှီလင် သံသယ၀င်သွားပင်မယ့် ဘာရှင်းပြချက်မှ မေးမနေတော့ပေ။အင်ပါယာမြို့တော်ထဲကို ၀င်ချင်ရင် ဖိတ်စာမပါဘဲ ချီယန် ၀င်မရနိုင်ဘူးလို့ သူ တွေးမိသည်။
__________
ပေါ်ယွီက ညနေခင်းအချိန်မှပဲ တိုက်ခိုက်ရတဲ့ဇာတ်၀င်ခန်းတွေကို ရိုက်ကူးလို့ ပြီးစီးသွားသည်။အဲဒီနောက် သူ သူ့ရဲ့ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကြီးကိုသယ်ကာ အိမ်ပြန်ပြီး ရေမိုးချိုး အနားယူလိုက်သည်။ဒါပေမယ့် သူ အိပ်မပျော်ခင်အချိန်လေးမှာပဲ သူ့ဖုန်းက အသံမြည်လာတော့သည်။
" ပြော ! " ပေါ်ယွီ screen ပေါ်က ခေါ်ဆိုသူအမည်ကို မကြည့်ဘဲ စိတ်ဆိုးမာန်ဆိုး ဖြေလိုက်သည်။
တစ်ဖက်မှာရှိတဲ့ မန်နေဂျာကျန်းက အံ့သြသွားပြီး မပျော်မရွှင် ပြောလိုက်သည်။ " မနက်ဖြန်ညကျရင် အင်ပါယာမြို့တော်ရဲ့ ရှစ်လွှာမှာ ကျင်းပမယ့် ကော့တေးပါတီတစ်ခုရှိတယ် အဲဒီကို entertainment လောကက နာမည်ကြီး ဒါရိုက်တာတွေ ပရိုဂျူဆာတွေ အားကြီး တက်ကြမှာ ။ အဲဒီတော့ မင်း သွားချင်လား ? "
ဒါပေါ့။ပေါ်ယွီ သွားမှာပေါ့။ဒါပေမယ့် ဒီလို ကိစ္စကောင်းကြီးက သူ့ဆီမှာလာပြီး မဖြစ်နိုင်ဘူးလားလို့လေ။
မန်နေဂျာကျန်းက အချိန်အတော်လေးကြာတဲ့အထိ ပေါ်ယွီရဲ့တုံ့ပြန်မှုကို မရတဲ့အခါ သူ ပေါ်ယွီရဲ့သံသယတွေကို နားလည်သွားသည်။ " ရယ်ဟွမ်က ဖျားနေတယ် ။ မော့အန်းယွီကလည်း ပါတီသွားရတာ မကြိုက်ဘူးတဲ့ ။ မင်းရော အဲဒီကို သွားမလား ? "
" ကျွန်တော် သွားမယ် " ပေါ်ယွီ ခဏလောက် ချီတုံချတုံ ဖြစ်နေပြီးနောက် ခေါင်းငြိမ့်လိုက်တော့သည်။entertainment လောကထဲက နာမည်ကြီးဒါရိုက်တာတွေနဲ့ အဆက်အသွယ်ရနိုင်ဖို့အတွက် သူ ဒီအခွင့်အရေးကို ဖမ်းဆုပ်ထားရမည်။
ပေါ်ယွီမှာ ဒီလိုပါတီမျိုးကို ငြင်းဆန်နိုင်စွမ်းမရှိချေ။သူ ဘယ်လိုအလုပ်မျိုးကိုပဲလုပ်လုပ် လူမှုဆက်ဆံရေးမှာ ပါ၀င်ရမည်ဖြစ်သည်။
ဖုန်းချပြီးနောက် မန်နေဂျာကျန်းဟာ လေးနက်တဲ့အမူအရာနဲ့ စားပွဲအံဆွဲထဲမှာရှိတဲ့ ဇာတ်ညွှန်းတွေကို လွှင့်ပစ်လိုက်တော့သည်။
မန်နေဂျာကျန်းက ဒီလိုမျိုး ကြီးကြီးမားမား ကြိုးစားအားထုတ်ပြီးခါမှရခဲ့တဲ့ အခွင့်အရေးကို ရယ်ဟွမ်ဆီ ပေးချင်ခဲ့တာဖြစ်သည်။ဒါပေမယ့် ရယ်ဟွမ်က ကျေးဇူးမတင်တဲ့အပြင် မန်နေဂျာကျန်း စကားမဆုံးသေးခင်မှာပဲ ဖုန်းချသွားခဲ့သည်။ရယ်ဟွမ်က တကယ်ပဲ သူ့ကိုယ်သူ နာမည်ကြီးတစ်ယောက်လို့ ထင်နေတာပဲ။
သူ့ရဲ့အကူအညီသာမရှိရင် ရယ်ဟွမ်က ဇာတ်ကောင်နေရာသေးသေးလေးတွေမှာပဲ သရုပ်ဆောင်နေရမှာဖြစ်သည်။ရယ်ဟွမ် သူက အတောင်မစုံခင်မှာပဲ သူ့အတောင်တွေကို ဖြန့်ပြီး ပျံသန်းချင်နေပြီပေါ့ ၊ ပြုတ်ကျပြီးသေမှာကို မကြောက်ဘဲနဲ့လေ ။
__________
ချီယန်က လူကြီးတစ်ယောက် တုန်ယင်နေတဲ့ လက်တွေနဲ့ ပေးလာတဲ့ ဆေးပုလင်းသေးသေးလေးကို ဆွဲယူလိုက်သည်။သူ ဘူးလေးကို လှုပ်ကြည့်တဲ့အခါ အထဲမှာ ဆေးပြားလေး တစ်ပြားသာရှိသည်။
" ဆေးတစ်ပြားဆိုရင်ကို ယောကျ်ားတစ်ယောက်အတွက် လုံလောက်တယ် ။ မစိုးရိမ်ပါနဲ့ " လူကြီးက စိတ်မချမ်းမသာနဲ့ ပြုံးပြလာသည်။ " ခင်ဗျားက အရမ်းစိတ်လှုပ်ရှားနေတာပဲ ! "
ချီယန် ဒေါသထွက်စွာနဲ့ အဲဒီလူကြီးကို ပိုက်ဆံပစ်ပေးလိုက်ပြီး ဆေးပုလင်းကိုယူကာ ထွက်သွားတော့သည်။
အကျင့်မကောင်းတဲ့လူကြီးက အထင်သေးရွံရှာတဲ့ အမူအရာနဲ့ ချီယန်ရဲ့နောက်ကျောကို တံတွေးနဲ့ထွေးလိုက်သည်။ချီယန် ဒင်းက သူ့ကိုယ်သူရောင်းစားတဲ့ကောင်တစ်ယောက်သာသာပဲဟာကို ရိုးသားသလို ဟန်ဆောင်ပြနေသေးတယ် !!!
.
.
.
.
.
.
😍
Zawgyi
၀တုတ္ရဲ႕မိဘေတြဟာ ညေနေျခာက္နာရီထိုးသည္အထိ ေရာက္မလာခဲ့ေပ။ဒါေပမယ့္ ၀တုတ္ရဲ႕မိသားစု၀င္ပါလို႔ အခိုင္အမာေျပာေနတဲ့ driver တစ္ေယာက္သာ ဒီေနရာကို ေရာက္လာေလသည္။
႒ာနမႉးက ဖရဲသီးေလး ထပ္ၿပီး အႏိုင္က်င့္မခံရဖို႔ကို ေပၚယြီဆီမွာ ထပ္ကာထပ္ကာ အာမခံၿပီး ဖရဲသီးေလးအတြက္ ဆရာအသစ္တစ္ေယာက္ ေျပာင္းေပးဖို႔ကို သေဘာတူလိုက္သည္။အဲဒီေနာက္ ေပၚယြီက ဖရဲသီးေလးကို ေခၚကာ ထြက္သြားေတာ့သည္။
ဆရာမခ်န္ဟာ ႒ာနမႉးနဲ႔ေပၚယြီတို႔ရဲ႕ တျဖည္းျဖည္း ေမွးမွိန္သြားတဲ့ ပုံရိပ္ေတြကို မေက်နပ္တဲ့ခံစားခ်က္ေတြနဲ႔အတူ စိုက္ၾကည့္ေနသည္။
ဖရဲသီးေလးက ကေလးတစ္ေယာက္ပဲ႐ွိေသးတာေလ။သူ႕ရဲ႕မိဘျဖစ္တဲ့ ႐ွင့္မွာေတာင္ သူ႕ကို တစ္ေနကုန္ ဂ႐ုစိုက္ေပးဖို႔ အခ်ိန္မ႐ွိေသးတာ ဆရာမျဖစ္တဲ့ကြၽန္မက ေန႔တိုင္း သူ႕ကိုပဲ အာ႐ုံစိုက္မေနႏိုင္ဘူး။
ေပၚယြီက က်ိဳးေၾကာင္းမညီၫြတ္တဲ့ ပုဂၢိဳလ္တစ္ေယာက္ မဟုတ္ေပ။ဒါေပမယ့္ သူ ကိစၥတစ္ခုလုံးကို ေအးေအးေဆးေဆး စဥ္းစားၾကည့္လိုက္တဲ့အခါမွာ သူ ေတြးမိသည္။အကယ္၍ သူသာ ဒီကိစၥကို ေကာင္းေကာင္းမြန္မြန္ ေသခ်ာ မကိုင္တြယ္ရင္ ဆရာမခ်န္က ဖရဲသီးေလး အႏိုင္က်င့္ခံေနရတာကို ဆက္ၿပီးခြင့္ျပဳထားမွာျဖစ္သည္။
သူ ဖရဲသီးေလးကို ဒီမူႀကိဳေက်ာင္းဆီ ပို႔ရတဲ့ အေၾကာင္းအရင္းေတြက ေက်ာင္းရဲ႕အဆင့္ျမင့္လုံျခဳံေရးနဲ႔ တစ္ေယာက္ခ်င္းစီကို ဂ႐ုစိုက္ေပးတာေၾကာင့္ပဲျဖစ္သည္။ဒါေပမယ့္ သူ ကိစၥတစ္ခုလုံးကို သိသြားတဲ့အခ်ိန္မွာ သူ ဒီမူႀကိဳေက်ာင္းကို မေက်မနပ္ ျဖစ္မိသည္။
ၿပီးေတာ့ သူက ဇာတ္လမ္း႐ိုက္ဖို႔အတြက္ ႐ိုက္ကြင္းကို သြားရဦးမွာျဖစ္ၿပီး ေပၚယြီက ဖရဲသီးေလးကို ႐ိုက္ကြင္းဆီေခၚသြားလို႔လည္း မရေပ။ဒါေၾကာင့္ သူ႕မွာ ေ႐ြးခ်ယ္စရာမ႐ွိေတာ့ဘဲ ဒီကိစၥကို ဒီမွာပဲ ထားလိုက္ရေတာ့သည္။
ဝတုတ္ကေတာ့ driver က သူ႕ကိုေပးတဲ့ lollipop ေလးကို ပါးစပ္ထဲ ထည့္ထားသည္။သူ႕မိဘေတြက ဒီကိုေရာက္မလာၾကတာကို သိကတည္းက သူ ငိုေနတာ ရပ္သြားၿပီး စိတ္အေျခအေန ပိုေကာင္းလာသည္။
" ဝတုတ္ေလး , မင္းရဲ႕နာမည္က ဘာလဲ ? " ေပၚယြီက သူ႕ရဲ႕မ်က္ခုံးေတြကို ပင့္ၿပီး driver ရဲ႕လက္ေတြထဲမွာ ေပြ႕ခ်ီခံထားရတဲ့ ၀တုတ္ကို အထင္ေသးသလို ၾကည့္လိုက္သည္။
ဝတုတ္ကေတာ့ ေပၚယြီကို အလြန္မုန္းတီးေနေလသည္။ဒါေပမယ့္ သူ႕မိဘေတြက ဒီေနရာမွာ မ႐ွိၾကၿပီး ဘယ္သူကမွ သူ႕ကို အကူအညီမေပးႏိုင္တာေၾကာင့္ ၀တုတ္က သူ႕ပါးစပ္ထဲမွာ စုပ္ေနတဲ့ lollipop ကို ထုတ္ကာ ဖားတဲ့အေနနဲ႔ ေပၚယြီဆီ ကမ္းေပးလိုက္သည္။
lollipop ေလးက ေလထုအလယ္မွာ ရပ္တန္႔ေနေလသည္။တံေတြးေတြနဲ႔ ေရာေနတဲ့ သၾကားရည္ေတြဟာ ေအာက္ကို တစ္ေတာက္ေတာက္က်ေနၿပီး အဲဒါကပဲ ေပၚယြီကို ျမင္ျမင္ခ်င္းမွာတင္ စားခ်င္ေသာက္ခ်င္စိတ္ ကုန္ဆုံးသြားေအာင္ လုပ္ေနသည္။
ေပၚယြီက သူ႕ကို တမင္တကာ လ်စ္လ်ဴ႐ွဴလိုက္ၿပီး ၀တုတ္ရဲ႕ lollipop ကို ထိဖို႔ ျငင္းပယ္လိုက္သည္။ " ေကာင္းၿပီေလ , ငါ ဒီတစ္ေခါက္ မင္းကို အလြတ္ေပးလိုက္မယ္ ဒါေပမယ့္ မင္း ေနာက္တစ္ခါ သူ႕ကို ထပ္ၿပီး အႏိုင္က်င့္ရင္ ငါ မင္္းရဲ႕အတြင္းခံေဘာင္းဘီကို ဆြဲခြၽတ္ပစ္ၿပီး ေက်ာင္းေပါက္၀မွာ မင္းကို ကိုယ္တုံးလုံးခြၽတ္ ခ်ိတ္ထားပစ္မယ္ "
၀တုတ္က ေပၚယြီကို ေၾကာက္လန္႔စြာ ၾကည့္လိုက္သည္။သူ ေပၚယြီလိုမ်ိဳး ကေလးတစ္ေယာက္ကိုေတာင္ ၿခိမ္းေျခာက္တတ္တဲ့ အ႐ွက္မ႐ွိတဲ့ လူႀကီးတစ္ေယာက္ကို တစ္ခါမွ မျမင္ဘူးတာ ေသခ်ာသေလာက္႐ွိသည္။ဝတုတ္ အခ်ိန္ခဏေလာက္ ၾကက္ေသေသကာ ဆြံ႕အသြားေတာ့သည္။
႒ာနမႉးကေတာ့ သူ႕ေဘးမွာ ကိုး႐ို႕ကားရားႏိုင္စြာနဲ႔ မတ္တပ္ရပ္ေနသည္။
ကေလးတစ္ေယာ္ကို ၿခိမ္းေျခာက္လိုက္မိတာက နည္းနည္း မေကာင္းသလို ေပၚယြီ ခံစားလိုက္ရတာေၾကာင့္ သူ စကားဆက္မေျပာေတာ့ဘဲ သူ႕လက္ေမာင္းထဲမွာ ဖရဲသီးေလးကို ခ်ီကာ ထြက္သြားလိုက္သည္။
ကားထဲမွာ ထိုင္ၿပီးတဲ့အခါ ေပၚယြီက ဖရဲသီးေလးအတြက္ ကေလးထိုင္ခုံမွာ႐ွိတဲ့ လုံျခဳံေရးခါးပတ္ေလးကို ပတ္ေပးလိုက္ၿပီး ေလးနက္စြာ ဆိုလိုက္သည္။ " တကယ္လို႔ တစ္ေယာက္ေယာက္က မင္းကို အႏိုင္က်င့္လာခဲ့ရင္ ေနာက္တစ္ခါ ငါ့ကိုသာေခၚလိုက္ ဟုတ္ၿပီလား။ မင္း ေထာင့္ေလးမွာ ကပ္ငိုေနတဲ့အခ်ိန္တိုင္း မင္း ေတြ႕သမွ်လူေတြက လူေကာင္းမဟုတ္ဘူး "
ဖရဲသီးေလးကေတာ့ အဲဒီကိစၥအေပၚမွာ အာ႐ုံမ႐ွိေပ။ " ပါးပါး , သားလည္း lollipop စားခ်င္တယ္ "
ေပၚယြီ ; " .......... "
သူ႕သား အူေၾကာင္ေၾကာင္ႏိုင္ပုံကေတာ့ !!!
စုန္႔႐ွီလင္က သူ႕ရဲ႕တိုက္ခန္းဆီ ျပန္ေရာက္ၿပီး အခန္းတံခါးကို ဖြင့္လိုက္သည္။အဲဒီအခါ အခန္းက ေမွာင္မည္းေနေလသည္။သူက တသ္ေယာက္တည္းေနရတာကို သေဘာက်ၿပီး ဗီလာမွာေနရမွာကို စိတ္မ၀င္စားေပ။ဒါေၾကာင့္ သူ ကုမၸဏီနားက တိုက္ခန္းတစ္ခန္းကို ၀ယ္လိုက္တာျဖစ္သည္။
ေရခဲေသတၱာကို ဖြင့္လိုက္တဲ့အခါ အသီးအႏွံအမ်ိဳးမ်ိဳးနဲ႔ ဟင္းသီးဟင္း႐ြက္ေပါင္းစုံ ႐ွိေနေပမယ့္ စုန္႔႐ွီလင္က အဲဒီအရာေတြကို တစ္ခ်က္မၾကည့္ေပ။
စုန္႔႐ွီလင္က မခ်က္ျပဳတ္တတ္ေခ်။မ်ားေသာအားျဖင့္ သူက take-away မွာစားရင္စား မဟုတ္ရင္ business dinner ေတြမွာ စားေလ့႐ွိသည္။ဒါေပမယ့္ သူက ေရခဲေသတၱာ အလြတ္ႀကီးျဖစ္ေနမွာကို မျမင္ခ်င္တာေၾကာင့္ သူ႕လက္ေထာက္ကို ေရခဲေသတၱာထဲ ဟင္းသီးဟင္း႐ြက္နဲ႔အသီးအႏွံေတြ ျဖည့္ေပးဖို႔ ေျပာထားလိုက္သည္။
ဘာမွမ႐ွိတဲ့ ေရခဲေသတၱာ အလြတ္ႀကီးက သူ႕ရဲ႕ စိတ္ခံစားခ်က္ေတြကို ဆိုးဝါးေစသည္။
ညတြင္ စုန္႔႐ွီလင္ဟာ ထုံးစံအတိုင္း computer ကို ဖြင့္ၿပီး အလုပ္စလုပ္ရေတာ့မယ့္အစား သူ sofa ေပၚမွာ ေတြေဝမိန္းေမာကာ ထိုင္ေနေလသည္။
ဖရဲသီးေလးက ေပၚယြီရဲ႕သားေလးျဖစ္တာေၾကာင့္ သူ ဖရဲသီးေလးကို သေဘာက်သည္။ဖရဲသီးေလးကို ၾကည့္ၿပီး ေပၚယြီ အဲဒီအ႐ြယ္တုန္းကေရာ အဲ့လိုကေလးေလးမ်ားလားလို႔ သူ အကူအညီမဲ့စြာနဲ႔ စဥ္းစားေနမိသည္။
ဒါေပမယ့္ စုန္႔႐ွီလင္ ဒီေန႔ သူ ေပၚယြီနဲ႔ စကားမ်ားခဲ့တာကို သတိရသြားတဲ့အခ်ိန္မွာ သူ႕ရဲ႕မ်က္ႏွာအမူအရာက ခ်က္ခ်င္းပဲ တင္းမာလာသည္။
ေနာက္ပိုင္းတြင္ စုန္႔႐ွီလင္ရဲ႕မ်က္လုံးထဲမွာ႐ွိတဲ့ မည္းေမွာင္မႈေတြ ေလ်ာ့ပါးသြားၿပီး သူ႕မ်က္ႏွာက ဂ႐ုမစိုက္တဲ့ပုံစံျပန္ျဖစ္သြားသည္။
ၿပီးခဲ့တာေတြ ၿပီးၿပီပဲ။သူတို႔ လမ္းခြဲသင့္ရင္ ခြဲရမွာေပါ့ေလ။
အဲဒါကို ေတြးေတာေနရင္း စုန္႔႐ွီလင္ရဲ႕မ်က္လုံးေတြက သူ႕ေဘးနားမွာ႐ွိတဲ့ ဖုန္းဆီမွာ ရပ္တန္႔သြားသည္။ခ်ီယန္ဆီက ဖုန္းလာေနေလသည္။
႐ွင္း႐ွင္းလင္းလင္း လုပ္ထားသင့္တဲ့ကိစၥျဖစ္တာေၾကာင့္ သူနဲ႔ မေရမရာဆက္ဆံေရးမ်ိဳး႐ွိေနဖို႔ မလိုအပ္ေခ်။
__________
<The Young General> ရဲ႕ အပိုင္းသုံးကို Small Fan Website မွာ ထုတ္လႊင့္တဲ့အထိ ေ႐ွးေခတ္ costume web series က လုံး၀ကို နာမည္ႀကီးလာသည္။
ေအာင္ျမင္ေက်ာ္ၾကားမႈက အရမ္းကို ျမင့္မားေနဆဲျဖစ္ၿပီး <The Young General> ဟာ နာမည္ႀကီး idol ေတြ၊ဝါရင့္သ႐ုပ္ေဆာင္ေတြ ႐ိုက္ကူးၾကတဲ့ တျခား ေ႐ွးေခတ္ costume series ေတြနဲ႔ idol series ေတြထက္ ပိုမိုလူႀကိဳက္မ်ားေလသည္။
အ၀တ္အစားေကာင္းေတြ ၀တ္ဆင္ထားတဲ့ စစ္သူႀကီးငယ္ေလးနဲ႔ နစ္လိုဖြယ္ေကာင္းၿပီး မႈန္သုန္ေနတဲ့ ဂိုဏ္းခ်ဳပ္တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ လိုက္ဖက္ညီကာ အရမ္းခ်စ္စရာေကာင္းေနသည္။
[ WTF !!! ဒီလိုအခ်ိန္မ်ိဳးမွာ ဂိုဏ္းခ်ဳပ္က စစ္သူႀကီးေလးကို တကယ္ နမ္းလိုက္တာလား ??? ဂိုဏ္းခ်ဳပ္က မ်က္ႏွာဖုံးကို ခြၽတ္လိုက္ၿပီး စစ္သူႀကီးေလးကို ၾကင္ၾကင္နာနာနဲ႔ စိုက္ၾကည့္ေနတာ အရမ္းေခ်ာတာပဲ ]
[ ငါေလးမွာ သူတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ကလူအီသို႔ ျမႇဴအီသို႔ လုပ္တဲ့အခ်ိန္တိုင္း ႏွာေခါင္းေသြးလွ်ံေနရတယ္ ။ စစ္သူႀကီးငယ္ေလးေရ , သူ ခ်စ္တယ္ ေျပာေနတာကို ျမန္ျမန္ လက္ခံလိုက္ပါေတာ့ ]
[ အမ်ိဳးသမီးဇာတ္လိုက္က ပရိသတ္ေတြ လ်စ္လ်ဴ႐ွဴတာ ခံေနရတာပဲ ။ ငါ တကယ့္ကို ဂုဏ္းခ်ဳပ္ရဲ႕ ခ်ိဳၿမိန္တဲ့ ေန႔စဥ္ဘ၀ေလးကို ၾကည့္ရတာ ႀကိဳက္တယ္ ။ ဂိုဏ္းခ်ဳပ္ေရ , ငါေလးကို စကားျပန္ေျဖပါဦး ]
[ ဂိုဏ္းခ်ဳပ္က ခ်စ္စရာေကာင္းၿပီး ပါပီေလးတစ္ေကာင္လိုမ်ိဳး သစၥာ႐ွိတယ္လို႔ ေတြးမိတာ ငါ တစ္ေယာက္တည္းလား ? ဘာလို႔လဲဆို သူက သူ႕မိန္းမနဲ႔အတူေနခ်င္တာနဲ႔ပဲ ေနာက္လိုက္တစ္ေထာင္ေက်ာ္ကို ေဘးဖယ္ထားလိုက္တယ္ေလ ]
[ အေပၚထပ္ေရ , မင္း တစ္ေယာက္တည္း မဟုတ္ဘူး ။ ငါ အိပ္ရာေပၚက ဇာတ္၀င္ခန္းကိုပဲ ျပန္ၾကည့္တာ အေခါက္ငါးရာေက်ာ္ေလာက္ ႐ွိေတာ့မယ္ ။ အဲဒါက အရမ္း ခ်စ္ဖို႔လည္းေကာင္းၿပီး စိတ္လႈပ္႐ွားစရာလည္း ေကာင္းတယ္ေနာ္ ]
ေနာက္တစ္ေန႔ေရာက္တဲ့အခ်ိန္မွာ Weibo Hot Search list ရဲ႕ ထိပ္ဆုံးသုံးေနရာက #ဂိုဏ္းခ်ဳပ္ #စစ္သူႀကီးငယ္ေလး #ဂိုဏ္းခ်ဳပ္ရဲ႕ျမႇဴဆြယ္တတ္တဲ့အရည္အခ်င္း ဆိုၿပီး ခ်ိတ္ေနေတာ့သည္။
<The Young General> က အရမ္းကို ေက်ာ္ၾကားလာၿပီး လူတိုင္းကို အံ့အားသင့္သြားေစသည္။
ဒါ႐ိုက္တာေဟာ္ကေတာ့ အခုအခ်ိန္မွာ သူ႕ရဲ႕ေအာင္ျမင္မႈႀကီးကို အလြန္အမင္း ဂုဏ္ယူေနေလသည္။သူက တစ္ေနကုန္ ေပၚယြီနဲ႔ေမာ့အန္းယြီတို႔ကို ဂ႐ုစိုက္ၿပီး အေလးထားကာ ပစားေနသည္။
႐ိုး႐ိုးသားသား ေျပာရရင္ ေပၚယြီက ဒါ႐ိုက္တာေဟာ္ရဲ႕ အေတြးေတြကို နားလည္ႏိုင္ေပသည္။သတ္လတ္ပိုင္းအ႐ြယ္မွာ ဒီနာမည္ႀကီး web series ေၾကာင့္ ပရိသတ္ေတြက သူ႕ကို မွတ္မိေနေတာ့မွာျဖစ္ၿပီး အဲဒီ web series ရဲ႕ ေအာင္ျမင္မႈေၾကာင့္ပဲ ေနာင္တြင္ သူ႕မွာ ရင္းႏွီးျမႇဳပ္ႏွံမႈမရ႐ွိတဲ့ အက်ပ္အတည္း ျပသာနာမ်ိဳးကို ရင္ဆိုင္စရာ မလိုေတာ့ေပ။
သူကိုယ္တိုင္အေနနဲ႔ကေတာ့ အခု ေပၚယြီ entertainment ေလာကထဲကို ျပန္လာတာက ပိုက္ဆံ႐ွာဖို႔ပဲျဖစ္သည္။သူက အခုခ်ိန္မွာ နာမည္ေက်ာ္ၾကားေနတာေၾကာင့္ သူ႕ရဲ႕၀င္ေငြနဲ႔ သ႐ုပ္ေဆာင္ဖို႔အခြင့္အလမ္းေတြက အမ်ားႀကီး တိုးတက္လာၿပီး ေပၚယြီကို စိတ္ေက်နပ္ေစသည္။
ေမာ့အန္းယြီက သူ႕မ်က္ႏွာေပၚမွာ ဘာအမူအရာမ်ိဳးမွ မ႐ွိဘဲ ေအးတိေအးစက္ေနေနဆဲပင္ျဖစ္သည္။သူ႕ကို ၾကည့္ရတာ သူ႕ရဲ႕ေအာင္ျမင္မႈကို အေရးပါတဲ့ကိစၥမဟုတ္ဘူးလို႔ သေဘာထားေနပုံရၿပီး ေပ်ာ္႐ႊင္တာ ၀မ္းနည္းတာမ်ိဳး မ႐ွိေခ်။
ေပၚယြီ အကူအညီမဲ့စြာနဲ႔ပဲ ေမာ့အန္းယြီအေပၚ သုံးသပ္ခ်က္အသစ္ရလာေလသည္။
ေမာ့အန္းယြီက ဂ႐ုမစိုက္ဟန္ေဆာင္တာပဲျဖစ္ေစ တကယ္ဂ႐ုမစိုက္တာပဲျဖစ္ေစ ကိစၥမ႐ွိေခ်။သူ႕ရဲ႕ ျမင့္မားလွတဲ့ EQ နဲ႔ စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္မႈစြမ္းရည္ကေတာ့ entertainment ေလာကနဲ႔ ကိုက္ညီေအာင္ သူ႕ကို ကံၾကမၼာက စီစဥ္ေပးလိုက္တာပဲျဖစ္သည္။
အဲဒီအခ်ိန္မွာပဲ မန္ေနဂ်ာက်န္းရဲ႕႐ုံးခန္းတြင္ ျဖစ္သည္။
ရယ္ဟြမ္ရဲ႕လက္ေတြက တဆတ္ဆတ္ တုန္ယင္ေနၿပီး သူက ေဒါသတႀကီးနဲ႔ မန္ေနဂ်ာက်န္းကို စြပ္စြဲအျပစ္တင္လိုက္သည္။ " ခင္ဗ်ား ေပၚယြီနဲ႔ေပါင္းၿပီး လိမ္ၾကံခဲ့ၾကတာလား ? အစတုန္းက ကမ္းလွမ္းခံခဲ့ရတာ ကြၽန္ေတာ္ေလ ။ ေနာက္ဆုံးက်ခါမွ ဘာကိစၥ ေပၚယြီနဲ႔ေမာ့အန္းယြီက ဇာတ္လိုက္နဲ႔ဇာတ္ရံေနရာမွာ သ႐ုပ္ေဆာင္သြားရတာလဲ ? "
မန္ေနဂ်ာက်န္းက ရယ္ဟြမ္ရဲ႕ပုံစံကို အရမ္းစိတ္ပ်က္သြားၿပီး သူ႕ေလသံကလည္း မေက်မနပ္ျဖစ္ေနသည္။ " ငါ မင္းကို အဲဒီ web series ရဲ႕ ဇာတ္ၫႊန္းေပးတဲ့အခ်ိန္တုန္းက ဒီလို web series မ်ိဳးမွာ သ႐ုပ္မေဆာင္ႏိုင္ဘူးဆိုၿပီး ဇာတ္ၫႊန္းကို တစ္ခ်က္ေတာင္ မၾကည့္ဘဲ ငါ့ကို ျငင္းခဲ့တာ မင္းေလ !! သူတို႔က ဒီweb series မွာ သ႐ုပ္ေဆာင္လို႔ေတာင္ ၿပီးသြားၿပီ !!! အခုခ်ိန္က်မွ မင္းက ဘာကို ဘယ္လိုလုပ္ခ်င္ေနတာလဲကြ ?!! "
ရယ္ဟြမ္ရဲ႕ရင္ဘတ္က အသက္႐ွဴႏႈန္းေၾကာင့္ နိမ့္လိုက္ျမင့္လိုက္ ျဖစ္ေနၿပီး သူ အခုအခ်ိန္မွာ ျပသာနာ႐ွာလို႔မရဘူးဆိုတာကို ႐ွင္း႐ွင္းလင္းလင္း နားလည္သည္။ဒါေပမယ့္လည္း သူ ေအးစက္စက္မ်က္ႏွာနဲ႔ သူ႕စိတ္ကို ေကာင္းေကာင္း မထိန္းခ်ဳပ္ႏိုင္ေသးေပ။
မန္ေနဂ်ာက်န္းက ရယ္ဟြမ္ ေနာက္ဆုံး စိတ္တည္ၿငိမ္လာတာကို ျမင္တဲ့အခါ သူ တမင္တကာ အျငင္းပြားတာကို ေျပလည္ဖို႔အတြက္ ေျပရာေျပေၾကာင္း ေျပာလိုက္သည္။ " လာ ဒီမွာ , ငါ မင္းအတြက္ တီဗြီဇာတ္လမ္းတြဲ ေတာ္ေတာ္မ်ားမ်ားကို ေ႐ြးထုတ္ေပးထားတယ္ ။ မင္း မင္းသေဘာက်တဲ့ဟာကို ေ႐ြးလိုက္လို႔ရတယ္ "
ရယ္ဟြမ္က မန္ေနဂ်ာက်န္းကို မေက်မနပ္နဲ႔ ၾကည့္လိုက္ၿပီး ဇာတ္ၫႊန္းတခ်ိဳ႕ကို လက္ထဲယူလိုက္သည္။ဒါေပမယ့္ သူ ပိုင္ဆိုင္ရသင့္တဲ့ ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ေပၚယြီက လုယူသြားတယ္လို႔ စဥ္းစားလိုက္မိတဲ့အခါ သူက ခ်က္ခ်င္းပဲ ေဒါသထြက္သြားၿပီး ဇာတ္ၫႊန္းေတြကို ၾကမ္းျပင္ေပၚ လႊင့္ပစ္လိုက္သည္။
" မင္း ေဒါသထြက္ေနတာကို ရပ္လိုက္လို႔ရမလား ?! " မန္ေနဂ်ာက်န္းက ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္ၿပီး ရယ္ဟြမ္ကို စိန္းစိန္းဝါးဝါး ၾကည့္လာသည္။ " မင္း တကယ္လို႔ ကိုယ့္စိတ္ကိုယ္ မထိန္းခ်ဳပ္ႏိုင္ရင္ မင္းအိမ္မွာသာ သြားေနေခ် ။ ဒါ မင္းအိမ္ မဟုတ္ဘူးကြ !!! "
ရယ္ဟြမ္ သူ မွားတယ္ဆိုတာကို သိေပမယ့္ သူက မန္ေနဂ်ာက်န္းကို ေတာင္းပန္ဖို႔ ႐ွက္ေနေလသည္။သူက မည္းေမွာင္ေနတဲ့ မ်က္ႏွာႀကီးနဲ႔အတူ လ်င္ျမန္စြာ ထြက္သြားေတာ့သည္။
မန္ေနဂ်ာက်န္းက ရယ္ဟြမ္ ထြက္သြားတာကို ၾကည့္ၿပီး ေဒါသထြက္ကာ ေခါင္းခါလိုက္သည္။
ခ်ီယန္ရဲ႕တုံ႔ျပန္မႈကေတာ့ သိပ္မႀကီးမားေခ်။သူက ေပၚယြီကို အထင္ေသးၿပီး မ်က္လုံးထဲမထည့္တာေၾကာင့္ သူက ေပၚယြီ ဒီ web series နဲ႔ နာမည္ႀကီးသလား မႀကီးသလား ဂ႐ုမစိုက္ေပ။
ဒါ့ျပင္ သူက စုန္႔႐ွီလင္ဆီ ကိစၥတစ္ခုကို ဘယ္လိုထုတ္ေမးရမလဲဆိုတာ စဥ္းစားေနရတာနဲ႔ အလုပ္႐ႈပ္ေနသည္ေလ။
စုန္႔႐ွီလင္ အစည္းအေဝးခန္းထဲကေန ထြက္လာတဲ့အခ်ိန္မွာ ခ်ီယန္က သူ႕႐ုံးခန္းတံခါးမွာ ရပ္ေစာင့္ေနတာကို ေတြ႕လိုက္ရသည္။ခ်ီယန္ရဲ႕မ်က္ခုံးေတြက တြန္႔႐ႈံ႕ေနၿပီး အားနည္းတဲ့မ်က္ႏွာအမူအရာေလးျဖစ္ေနပင္မယ့္ စိတ္ဆိုးေနပုံေတာ့ မရေခ်။
ခ်ီယန္က စုန္႔႐ွီလင္ အေနာက္ကေနလိုက္ၿပီး သူ႕႐ုံးခန္းထဲကို ၀င္လာေလသည္။
ဒီရက္ေတြမွာ စိတ္ဒုကၡေရာက္ေနခဲ့တာေၾကာင့္ ခ်ီယန္က စုန္႔႐ွီလင္နဲ႔ စကားေျပာခ်င္ခဲ့သည္။ဒါေပမယ့္ စုန္႔႐ွီလင္က သူ႕ကို ဘယ္ေတာ့မွမေတြ႕တာေၾကာင့္ ခ်ီယန္က သူ႕ကို ႐ွာဖို႔အတြက္ စုန္႔ကုမၸဏီကိုပဲ တိုက္႐ိုက္လာလိုက္ေတာ့သည္။
" မင္းက ဘာလို႔ ဒီမွာ႐ွိေနတာလဲ ? " စုန္႔႐ွီလင္ ေမးလိုက္သည္။
ခ်ီယန္က ညင္သာစြာ ျပန္ေျဖလိုက္သည္။ " ငါ မင္းကို လြမ္းလို႔ အဲဒါေၾကာင့္ ငါ ဒီကိုလာၿပီး မင္းကို ေတြ႕႐ုံေလးတင္ပါ "
စုန္႔႐ွီလင္ရဲ႕ေဘာပင္ကိုင္ၿပီး လက္မွတ္ထိုးေနတဲ့ လက္ေတြက ရပ္တန္႔သြားေလသည္။စုန္႔႐ွီလင္ရဲ႕ နက္႐ိႈင္းတဲ့ မ်က္၀န္းေတြထဲမွာ ႐ွိေနတာေတြကက ေပ်ာ္႐ႊင္မႈလား ေဒါသလား ဆိုတာ ခြဲျခားသိဖို႔ ခက္ခဲလွသည္။ " ေနာက္က်ရင္ အဲဒီလိုစကားမ်ိဳးေတြ မေျပာနဲ႔ေတာ့ "
ခ်ီယန္ လက္သီးေတြကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိၿပီး စိတ္မပါစြာ ေျပာလိုက္သည္။ " ဒီေန႔ည ညစာ အတူတူ စားရေအာင္ ၊ ငါတို႔ စားေသာက္ဆိုင္မွာ မစားဘူး ငါ အိမ္မွာ ခ်က္ေကြၽးမယ္ေလ "
စုန္႔႐ွီလင္က ေခါင္းေတာင္ ေမာ့ၾကည့္မလာဘဲ ျငင္းလိုက္သည္။ " ငါ အလုပ္မ်ားေနတယ္ ။ ဒီေန႔ညေန ငါ့ကို dinner ဖိတ္ထားတာ႐ွိတယ္ "
ခ်ီယန္ သူ႕ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ပိတ္လိုက္ၿပီး ေပါ့ေပါ့ပါးပါး ေမးလာျပန္သည္။ " မင္း မနက္ျဖန္ညက်ရင္ အင္ပါယာၿမိဳ႕ေတာ္မွာ က်င္းပမယ့္ ေကာ့ေတးပါတီကို တက္မွာလား ဟင္ ? "
စုန္႔႐ွီလင္ ေခါင္းၿငိမ့္ျပလိုက္သည္။မနက္ျဖန္ညမွာ အင္ပါယာၿမိဳ႕ေတာ္တြင္ က်င္းပမယ့္ ပါတီက သူ႕အတြက္ ေ႐ွာင္လႊဲကာ ျငင္းလို႔မရေပ။ဒါေၾကာင့္ သူ အဲဒီပါတီကို မျဖစ္မေန တက္ေရာက္ရမွာျဖစ္သည္။
ခ်ီယန္က အဲဒီအေၾကာင္းကို ဘာလို႔ ေမးရတာလဲ ?
ခ်ီယန္က သူ႕ကို ေျဖာင့္ေျဖာင့္တန္းတန္း အေျဖကို ျပန္မေျပာဘဲ ခ်က္ခ်င္း တျခားအေၾကာင္းအရာတစ္ခုကို ေျပာင္းေျပာေတာ့သည္။
စုန္႔႐ွီလင္က ေကာ့ေတးပါတီကို တက္မယ္ဆိုတဲ့ သတင္းကို ၾကားၿပီးေနာက္မွာ ခ်ီယန္က အကူအညီမဲ့စြာနဲ႔ ေပ်ာ္႐ႊင္သြားၿပီး ဘာစကားမွမေျပာဘဲ ထြက္သြားေတာ့သည္။
စုန္႔႐ွီလင္ သံသယ၀င္သြားပင္မယ့္ ဘာ႐ွင္းျပခ်က္မွ ေမးမေနေတာ့ေပ။အင္ပါယာၿမိဳ႕ေတာ္ထဲကို ၀င္ခ်င္ရင္ ဖိတ္စာမပါဘဲ ခ်ီယန္ ၀င္မရႏိုင္ဘူးလို႔ သူ ေတြးမိသည္။
__________
ေပၚယြီက ညေနခင္းအခ်ိန္မွပဲ တိုက္ခိုက္ရတဲ့ဇာတ္၀င္ခန္းေတြကို ႐ိုက္ကူးလို႔ ၿပီးစီးသြားသည္။အဲဒီေနာက္ သူ သူ႕ရဲ႕ပင္ပန္းေနတဲ့ ခႏၶာကိုယ္ႀကီးကိုသယ္ကာ အိမ္ျပန္ၿပီး ေရမိုးခ်ိဳး အနားယူလိုက္သည္။ဒါေပမယ့္ သူ အိပ္မေပ်ာ္ခင္အခ်ိန္ေလးမွာပဲ သူ႕ဖုန္းက အသံျမည္လာေတာ့သည္။
" ေျပာ ! " ေပၚယြီ screen ေပၚက ေခၚဆိုသူအမည္ကို မၾကည့္ဘဲ စိတ္ဆိုးမာန္ဆိုး ေျဖလိုက္သည္။
တစ္ဖက္မွာ႐ွိတဲ့ မန္ေနဂ်ာက်န္းက အံ့ၾသသြားၿပီး မေပ်ာ္မ႐ႊင္ ေျပာလိုက္သည္။ " မနက္ျဖန္ညက်ရင္ အင္ပါယာၿမိဳ႕ေတာ္ရဲ႕ ႐ွစ္လႊာမွာ က်င္းပမယ့္ ေကာ့ေတးပါတီတစ္ခု႐ွိတယ္ အဲဒီကို entertainment ေလာကက နာမည္ႀကီး ဒါ႐ိုက္တာေတြ ပ႐ိုဂ်ဴဆာေတြ အားႀကီး တက္ၾကမွာ ။ အဲဒီေတာ့ မင္း သြားခ်င္လား ? "
ဒါေပါ့။ေပၚယြီ သြားမွာေပါ့။ဒါေပမယ့္ ဒီလို ကိစၥေကာင္းႀကီးက သူ႕ဆီမွာလာၿပီး မျဖစ္ႏိုင္ဘူးလားလို႔ေလ။
မန္ေနဂ်ာက်န္းက အခ်ိန္အေတာ္ေလးၾကာတဲ့အထိ ေပၚယြီရဲ႕တုံ႔ျပန္မႈကို မရတဲ့အခါ သူ ေပၚယြီရဲ႕သံသယေတြကို နားလည္သြားသည္။ " ရယ္ဟြမ္က ဖ်ားေနတယ္ ။ ေမာ့အန္းယြီကလည္း ပါတီသြားရတာ မႀကိဳက္ဘူးတဲ့ ။ မင္းေရာ အဲဒီကို သြားမလား ? "
" ကြၽန္ေတာ္ သြားမယ္ " ေပၚယြီ ခဏေလာက္ ခ်ီတုံခ်တုံ ျဖစ္ေနၿပီးေနာက္ ေခါင္းၿငိမ့္လိုက္ေတာ့သည္။entertainment ေလာကထဲက နာမည္ႀကီးဒါ႐ိုက္တာေတြနဲ႔ အဆက္အသြယ္ရႏိုင္ဖို႔အတြက္ သူ ဒီအခြင့္အေရးကို ဖမ္းဆုပ္ထားရမည္။
ေပၚယြီမွာ ဒီလိုပါတီမ်ိဳးကို ျငင္းဆန္ႏိုင္စြမ္းမ႐ွိေခ်။သူ ဘယ္လိုအလုပ္မ်ိဳးကိုပဲလုပ္လုပ္ လူမႈဆက္ဆံေရးမွာ ပါ၀င္ရမည္ျဖစ္သည္။
ဖုန္းခ်ၿပီးေနာက္ မန္ေနဂ်ာက်န္းဟာ ေလးနက္တဲ့အမူအရာနဲ႔ စားပြဲအံဆြဲထဲမွာ႐ွိတဲ့ ဇာတ္ၫႊန္းေတြကို လႊင့္ပစ္လိုက္ေတာ့သည္။
မန္ေနဂ်ာက်န္းက ဒီလိုမ်ိဳး ႀကီးႀကီးမားမား ႀကိဳးစားအားထုတ္ၿပီးခါမွရခဲ့တဲ့ အခြင့္အေရးကို ရယ္ဟြမ္ဆီ ေပးခ်င္ခဲ့တာျဖစ္သည္။ဒါေပမယ့္ ရယ္ဟြမ္က ေက်းဇူးမတင္တဲ့အျပင္ မန္ေနဂ်ာက်န္း စကားမဆုံးေသးခင္မွာပဲ ဖုန္းခ်သြားခဲ့သည္။ရယ္ဟြမ္က တကယ္ပဲ သူ႕ကိုယ္သူ နာမည္ႀကီးတစ္ေယာက္လို႔ ထင္ေနတာပဲ။
သူ႕ရဲ႕အကူအညီသာမ႐ွိရင္ ရယ္ဟြမ္က ဇာတ္ေကာင္ေနရာေသးေသးေလးေတြမွာပဲ သ႐ုပ္ေဆာင္ေနရမွာျဖစ္သည္။ရယ္ဟြမ္ သူက အေတာင္မစုံခင္မွာပဲ သူ႕အေတာင္ေတြကို ျဖန္႔ၿပီး ပ်ံသန္းခ်င္ေနၿပီေပါ့ ၊ ျပဳတ္က်ၿပီးေသမွာကို မေၾကာက္ဘဲနဲ႔ေလ ။
__________
ခ်ီယန္က လူႀကီးတစ္ေယာက္ တုန္ယင္ေနတဲ့ လက္ေတြနဲ႔ ေပးလာတဲ့ ေဆးပုလင္းေသးေသးေလးကို ဆြဲယူလိုက္သည္။သူ ဘူးေလးကို လႈပ္ၾကည့္တဲ့အခါ အထဲမွာ ေဆးျပားေလး တစ္ျပားသာ႐ွိသည္။
" ေဆးတစ္ျပားဆိုရင္ကို ေယာက်္ားတစ္ေယာက္အတြက္ လုံေလာက္တယ္ ။ မစိုးရိမ္ပါနဲ႔ " လူႀကီးက စိတ္မခ်မ္းမသာနဲ႔ ျပဳံးျပလာသည္။ " ခင္ဗ်ားက အရမ္းစိတ္လႈပ္႐ွားေနတာပဲ ! "
ခ်ီယန္ ေဒါသထြက္စြာနဲ႔ အဲဒီလူႀကီးကို ပိုက္ဆံပစ္ေပးလိုက္ၿပီး ေဆးပုလင္းကိုယူကာ ထြက္သြားေတာ့သည္။
အက်င့္မေကာင္းတဲ့လူႀကီးက အထင္ေသး႐ြံ႐ွာတဲ့ အမူအရာနဲ႔ ခ်ီယန္ရဲ႕ေနာက္ေက်ာကို တံေတြးနဲ႔ေထြးလိုက္သည္။ခ်ီယန္ ဒင္းက သူ႕ကိုယ္သူေရာင္းစားတဲ့ေကာင္တစ္ေယာက္သာသာပဲဟာကို ႐ိုးသားသလို ဟန္ေဆာင္ျပေနေသးတယ္ !!!
.
.
.
.
.
.