လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

Por Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... Más

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၉(နူးညံ့​သောနှလုံးသား)

8.8K 1.2K 16
Por Indolent-Senorita

Scroll down for Zawgyi.

Unicode

အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသားဇာတ်ရံတို့က နာမည်ကြီး​တွေဖြစ်ရုံသာမက သူတို့ သရုပ်​ဆောင်​နေတဲ့အချိန်မှာလည်း ဆက်ဆံ​ရေး​ကောင်းကြတာ​ကြောင့် ဒါရိုက်တာ​ဟော်ဟာ စာ​ရေးဆရာနဲ့အတူ ဇာတ်ညွှန်းကို ​နေ့ချင်းညချင်း ပြန်​ရေး​တော့သည်။အစတုန်းက သူတို့ အမျိုးသမီးဇာတ်လိုက်ကို ​ပေးထားခဲ့တဲ့ များပြားလှတဲ့ဇာတ်၀င်ခန်း​တွေဟာ အမျိုးသားဇာတ်ရံဆီကို ​ရောက်သွား​တော့သည်။

ရလဒ်အ​နေနဲ့က​တော့ အမျိုးသမီးဇာတ်လိုက်ဟာ မရှိလည်းဖြစ်တယ် ဆိုပြီး ပရိသတ်​တွေရဲ့ လျစ်လျူရှူခြင်းကို လွယ်လင့်တကူ ခံလိုက်ရ​တော့သည်။

​အောက်တိုဘာ ဆယ့်နှစ်ရက် ည ခုနစ်နာရီ ဆယ်မိနစ်တွင် <The Young General> ရဲ့အပိုင်းတစ်ကို Small Fan website ​ပေါ်မှာ တင်လိုက်သည်။တစ်ချိန်တည်းမှာပဲ website တစ်ခွင်မှာ မင်းသား​တွေရဲ့ရုပ်ရဘ်ကိုသာ အာရုံထားပြီး ဖုန်း screen ကို လျက်ကြမယ့် ပရိသတ်အ​မြောက်အများရဲ့မှတ်ချက်​တွေကို ရရှိခဲ့သည်။

ဘုရား​ရေ !!! ​ပေါ်ယွီ အဖြူ​ရောင်၀တ်စုံ​လေးကို ၀တ်ထားတာ အရမ်း​ချောတာပဲ ။ စစ်သူကြီးငယ်​လေးက tsundere လိုပဲ ။ ငါ​လေး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်​တော့ဘူး 》

{ T / N ; tsundere ဆိုတာက Japanese anime character ပါတဲ့ ဆိုလိုရင်းက လူတစ်​ယောက်ဟာ အစပိုင်းမှာ​တော့ ​အေးစက်သလိုထင်ရ​ပေမယ့် ​နောက်ကျ ​နွေး​ထွေးတတ်တဲ့သူမျိုး ကို ​ပြောချင်တာပါ }

《 ငါ​လေး ​နောက်အပိုင်း​တွေမှာ ​မော့​မော့ကို ​စောင့်​နေတယ် ။ ဒါရိုက်တာက သူ့အတွက် partner ရှာ​​ပေးမထားဖို့ ​​မျှော်လင့်တယ် မဟုတ်ရင် ငါ​လေး ဒါရိုက်တာကြီးဆီကို ဓါး​တွေပို့ပစ်မယ်ကွ 》

《 ဘာလို့ ​ပေါ်ယွီနဲ့​မော့အန်းယွီက ဒီလိုမျိုး web series မှာ သရုပ်​ဆောင်ဖို့ ​ရွေးလိုက်ကြတာလဲ ? ဇာတ်လိုက်မင်းသားရဲ့အ၀တ်အစားကလွဲပြီး တခြားအ၀တ်အစား​တွေအကုန်လုံးက သူများသုံးပြီးသားကြီး​တွေ ၀တ်ထားသလား​ အောက်​မေ့ရတယ် ။ ရိုက်ကူး​ရေးအဖွဲ့က အဲဒီ​လောက်​တောင် ပိုက်ဆံမရှိဘဲ ဆင်းရဲ​နေကြတာလား 》

《 ငါ သ​ဘောတူတယ် ။ ​ပေါ်ယွီကလွဲပြီး တခြားလူ​တွေရဲ့အ၀တ်အစား​တွေက ရုပ်ဆိုးလိုက်တာ ။ ဒါက အသုံးစရိတ်နည်းတဲ့ web series ​လေ ။ အဲဒါ​ကြောင့် အဲဒီအ၀တ်အစား​တွေကလည်း ကြည့်ရဆိုးရန်​ကောပဲ ။ ငါ အ​တော်စိတ်ပျက်မိသလို ခံစားရတယ် 》

ည​နေခင်းအချိန်မှာ ထုတ်လွှင့်လိုက်တဲ့ <The Young General> ဟာ အမျိုးမျိုး​သော ထင်မြင်ချက်​တွေကို ရရှိခဲ့သည်။သရုပ်​ဆောင်မင်းသား​တွေရဲ့ပုံစံကိုပဲ အာရုံစိုက်ကြတဲ့သူ​တွေက​တော့ အံ့သြဘနန်းဖြစ်​နေကြပြီး မူရင်း၀တ္ထုကိုသာ ဂရုစိုက်တဲ့လူ​​တွေက​တော့ စိတ်ပျက်သလို ခံစား​နေကြရသည်။

မ​ကျေနပ်ချက်​တွေရှိ​ကြ​ပေမယ့်လည်း အဲဒါက ပရိသတ်​တွေကို အုတ်​အော်​သောင်းတင်း ဖြစ်​စေခဲ့သည်။ပထမဆုံး ထုတ်လွှင့်လိုက်တဲ့ ည​နေခင်းမှာတင်ပဲ <The Young General> ဟာ ကြည့်ရှူသူ​ပေါင်း 100 millions ​ကျော်ကို ရရှိခဲ့ပြီး Small Fan website ရဲ့ အွန်လိုင်းရှာ​ဖွေမှုမှာ နံပါတ်တစ်ချိတ်သွားသည်။ဒါက ​ကောင်းမွန်လှတဲ့ရလဒ်တစ်ခုပင်ဖြစ်သည်။

ဒါရိုက်တာ​ဟော်က​တော့ အဲဒီရလဒ်နဲ့ ပတ်သတ်ပြီး အရမ်းကို စိတ်​ကျေနပ်​နေ​လေသည်။အပိုင်းတစ်မှာ ဇာတ်လမ်းရဲ့​နောက်ခံဇာတ်​ကြောင်းနဲ့ အဓိကဇာတ်​ကောင်​တွေအ​ကြောင်းကို ပြသထားပြီး တကယ့်​နောက်ကွယ်က အံ့သြဖွယ်ရာပုံပြင်တစ်ပုဒ်ကို​တော့ ဖုံးကွယ်ထားဆဲဖြစ်သည်။

​ပေါ်ယွီလည်း ဒါရိုက်တာ​ဟော်လိုပဲ စိတ်​ကျေနပ်​နေသည်။

ပထမဆုံးထုတ်လွှင့်လိုက်တဲ့ အပိုင်းတစ်ရဲ့ ​ကောင်းမွန်လှတဲ့ရလဒ်​ကြောင့် ရိုက်ကူး​ရေးအဖွဲ့ဟာ တကယ့်ကို အားတက်​ပျော်ရွှင်​နေသည်။ရိုက်ကွင်း​နောက်ရက်​တွေမှာ အလုပ်ပြီးစီးနှုန်းကြီးက တိုးတက်မြန်ဆန်လာပြီး ​စော​စော အလုပ်​တွေပြီး​လေ့ရှိ​တော့သည်။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

တခစ်ခစ်ရယ်​မော​နေတဲ့ လူလည်၀တုတ်​ကောင်က သူ့ရဲ့လက်ကို ဆန့်ထုတ်ပြီး ဖရဲသီး​လေးရဲ့ ponytail ​လေးကို ဆွဲဆုတ်ထား​လေသည်။သူက ဖရဲသီး​လေးထက် အရပ်ပိုရှည်ကာ ​ပြောလိုက်သည်။ " မင်းရဲ့ဆံပင်က ဘယ်​လောက်​တောင်ရုပ်ဆိုးလိုက်သလဲ ဟား-ဟား "

ဖရဲသီး​လေးရဲ့ ponytail ​လေးဟာ လူလည်၀တုတ်​ကောင် ဖမ်းဆွဲထားတာကို ခံ​နေရပြီး ဆံပင်​တွေ နာကျင်​နေတဲ့အထိ အဆွဲခံထားရသည်။ဖရဲသီး​လေးမှာ နီရဲ​နေတဲ့ မျက်လုံး​တွေနဲ့ ​ခြေ​တစ်လှမ်း​​လေးတောင် မ​ရွေ့နိုင်​ချေ။

သန့်စင်ခန်းထဲမှာ အတန်းကြီး က​လေးသုံး​ယောက်က ဖရဲသီး​လေးရဲ့​ရှေ့မှာ ပိတ်ရပ်​နေကြသည်။တခြားက​လေးနှစ်​ယောက်က​​တော့ ၀တုတ်လိုမျိုးမဟုတ်ဘဲ ​ကြောက်လန့်​နေကြသည်။သူတို့နှစ်​ယောက်က ခြ​င်္သေ့ရဲ့အ​နောက်မှာရှိ​နေတဲ့ မြည်းတစ်​ကောင်လိုမျိုး အဆင်သင့်ရပ်​နေပြီး ​အော်ဟစ်သာ​နေကြသည်။သူတို့​တွေက ဖရဲသီး​လေးကို ရိုက်ဖို့ ​ကြောက်​နေကြသည်။

ဒါက ဖရဲသီး​လေးအတွက် ပထမဆုံးအကြိမ် အနိုင်ကျင့်ခံရတာဖြစ်သည်။သူ့ရဲ့မျက်လုံး​လေး​တွေက နီရဲ​နေပြီး စိတ်ဆိုးမာန်ဆိုး ​ပြောလိုက်သည်။ " ငါ့ဆံပင်ကို မထိနဲ့ "

လူလည်၀တုတ်​ကောင်က လန့်သွားသည်။သူ့ရဲ့အငယ်နှစ်​ယောက်​ရှေ့မှာ ဖရဲသီး​လေးက သူ့ရဲ့ဂုဏ်သိက္ခာကို စိန်​ခေါ်လိုက်သလို ခံစားလိုက်ရတာ​ကြောင့် သူ ပိုပြီး​ဒေါသထွက်လာသည်။သူက ရိုင်းစိုင်းစွာ ဖရဲသီး​လေးကို ရိုက်လိုက်သည်။ " ငါ မင်းရဲ့ဆံပင်ကို ဆွဲပစ်မယ် ! မင်းက မိန်းက​လေးလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားတာလဲ ? ဒါက အရမ်းရုပ်ဆိုးတာပဲ ! အရမ်းရုပ်ဆိုးတယ် ! "

သူတို့​တွေက သူ့ရဲ့ဆံပင်​လေးကို ဆွဲထားကြတဲ့အခါ ဖရဲသီး​လေး အရမ်းပဲ စိတ်ဆိုးသွားသည်။သူက ချက်ချင်းပဲ သူ့ကိုယ်သူ အား​ပေးတဲ့အ​နေနဲ့ ​ဒေါသထွက်စွာ ​အော်လိုက်ပြီး ၀တုတ်ရဲ့ဗိုက်ကို သူ့​ခေါင်း​လေးနဲ့ ​ဆောင့်တိုက်ချလိုက်သည်။

ရလဒ်အ​နေနဲ့ သူတို့​တွေက အင်အားများတာ​ကြောင့် အဲဒီက​လေးသုံး​ယောက်က ဖရဲသီး​လေးကို ၀ိုင်းချုပ်လိုက်ကြ​တော့သည်။ကျစ်ဆံမြှီး​​လေးနဲ့ဖရဲသီး​လေးက မိန်းက​လေးမဟုတ်ဘူးဆိုတာ မှန်ကန်​ကြောင်း ​ဖော်ထုတ်ဖို့အတွက် ဖရဲသီး​လေးရဲ့​အောက်ခံ​ဘောင်းဘီတို​လေးဟာ အရှက်ရစွာနဲ့ ဆွဲချွတ်ခံလိုက်ရသည်။

ဖရဲသီး​လေးက ​ယောကျ်ားမိန်းမ သ​ဘောထားခံယူချက်​တွေကို နားမလည်​သေးဘူး ဆို​ပေမယ့် လူကြားထဲမှာ ​ဘောင်းဘီချွတ်ခံလိုက်ရတာက မ​ကောင်းဘူး ဆိုတာကို​တော့ သူ သိသည်။ဒါ​ကြောင့် သူ ​တောင့်ခံပြီး ခုခံဖို့လုပ်လိုက်သည်။

ဒါ​ပေမယ့် အဆုံးမှာ​တော့ သူ့ရဲ့​ဘောင်းဘီတိုလေးက ဆွဲချွတ်ခံလိုက်ရပြီး သူ့ရဲ့ချစ်စရာ​သေး​သေး​လေးက ​ယောကျ်ားလေးဖြစ်​ကြောင်း သင်္ကေတအ​နေနဲ့ ထွက်​ပေါ်လာသည်။

ဖရဲသီး​လေးက သူ့ရဲ့​သေး​သေး​​လေးကို အုပ်ပြီး ၀မ်းနည်း​နေတဲ့ ခံစားချက်​တွေနဲ့အတူ အ​နောက်ဘက်ခြံ၀င်းထဲက သံလက်ရန်းရဲ့​ဘေး​လေးမှာ ​ဆောင့်​ကြောင့်​လေးထိုင်ချလိုက်သည်။သူ့ရဲ့၀မ်းနည်းမျက်ရည်တွေဟာ ​​မြေပြင်ပေါ်ကို​တောင် ပိုးပိုး​ပေါက်​ပေါက် ကျ​နေ​လေသည်။ဖရဲသီး​လေးဟာ သူ့ပါးပါးက အခုချိန်မှာ Superman ကြီးလိုမျိုး ​ရောက်လာဖို့ ​မျှော်လင့်​နေမိသည်။

ဒါ​​ပေမယ့် ​ပေါ်ယွီက​တော့ Superman လိုမျိုး ဖရဲသီး​လေး​ရှေ့မှာ ​​ပေါ်မလာ​ပေ။အဲဒီအစား စုန့်ရှီလင်က အဲဒီ​နေရာနား​လေးမှာ ရပ်သွားသည်။

စုန့်ရီီလင်ဟာ အဲဒီနားက​နေ ဖြတ်သွားရုံ​လေးတင်​ဖြစ်သည်။

သူက စီးပွား​ရေးကိစ္စတစ်ခုလုပ်ပြီး ပြန်လာခဲ့တာဖြစ်သည်။သူ ကားပြတင်း​ပေါက်က​နေ အပြင်ကို ကြည့်လိုက်တဲ့အချိန်မှာ ၀မ်းနည်း​နေတဲ့ ​ပေါ်ယွီအ​သေးစား​လေးဟာ သံလက်ရန်း​ဘေးနား​လေးမှာ ​ဆောင့်​ကြောင့်ထိုင်​နေပြီး လမ်းဘက်ဆီ ​ငေး​မောကြည့်​နေတာကို မြင်လိုက်ရသည်။သူ့ရဲ့နှလုံးသားဟာ ရုတ်တရက် သိမ့်ခနဲ လှုပ်ရှားသွားသည်။

" ရပ်လိုက် ! " စုန့်ရှီလင် ​အေးစက်စွာ ​ပြောလိုက်သည်။

စုန့်ရှီလင်က သူ ရူး​နေတာများဖြစ်နိုင်လားဆိုပြီး​တော့​တောင် စဉ်းစား​နေမိသည်။မဟုတ်ရင် သူက ​ထောင့်​လေးမှာ ငို​နေတဲ့ ​ပေါ်ယွီအ​သေးစား​လေးကို ​တွေ့လိုက်တဲ့အခါ သူ ဘာ​ကြောင့် နူးညံ့သွားရသလဲဆိုတာ နားမလည်​ပေ။

ဖရဲသီး​လေးက သူ့မျက်နှာ​လေးကို လက်ခုံ​လေးနဲ့ သုတ်လိုက်ပြီး ရဲတွတ်ကာဖူး​ရောင်​နေတဲ့ မျက်လုံး​တွေနဲ့ ရှိုက်ကြီးတငင်ငို​နေတဲ့ပုံစံ​လေးဟာ အရမ်းပဲ သနားစရာ​ကောင်း​နေ​လေသည်။

အ​မှောင်ရိပ်တစ်ခုက သူ့မျက်လုံး​လေး​တွေအ​ရှေ့ကို ကျ​ရောက်လာသည်။ဖရဲသီး​လေးက အရိပ်လာရာကို ​မော့ကြည့်လိုက်တဲ့အခါ မတ်တပ်ရပ်​နေတဲ့ စုန့်ရှီလင်ကို ​တွေ့သွား​တော့သည်။သူက ဒီဦး​လေးကြီးဟာ သူ့ကို Supermarket တုန်းက တစ်ခါချီခဲ့ဖူးတဲ့ ဦး​လေးကြီး ဆိုတာကို မှတ်မိသွားပြီး ​ပြောလိုက်သည်။ " မင်္ဂလာပါ , ဦးဦး "

စုန့်ရှီလင် သူ့နှုတ်ခမ်း​တွေကို တင်းတင်း​စေ့လိုက်သည်။အရင်တုန်းက သူဟာ က​လေး​တွေနဲ့ တစ်ခါမှ စကားမ​ပြောဘူးတာ​ကြောင့် ဖရဲသီး​လေးကို သက်​တောင့်သက်သာဖြစ်​အောင် ဘယ်လိုပြုမူရမယ်မှန်း သူ မသိ​ချေ။

" ဦးဦး ? "

စုန့်ရှီလင် ​ပြောလိုက်သည်။ " မင်းက ဘာလို့ ဒီ​နေရာမှာ ရှိ​​နေတာလဲ ? ​ပေါ်ယွီက​ရော ဘယ်မှာလဲ ? "

" ပါးပါးက အလုပ်သွားတယ် ပြီး​တော့ သားက ဒီမှာ စာသင်​နေတာပါ " ဖရဲသီး​လေးက သူ့​ခေါင်း​လေးကို ငုံ့ကာ သူ့လက်​ချောင်း​လေး​တွေကို မရည်ရွယ်ပါဘဲ အလိုလို ​ခြေမွ​နေသည်။

စုန့်ရှီလင်က ဖရဲသီး​လေးကို မျက်​တောင်မခတ် စိုက်ကြည့်လိုက်ပြီး ဘာစကားမှမ​ပြောဘဲ ထွက်သွားသည်။

ဖရဲသီး​လေးက စုန့်ရှီလင် ထွက်သွားတာကို ​တွေ့တဲ့အခါ သူ မချင့်မရဲဖြစ်သွားပြီး သံလက်ရန်း​လေးကို ပြန်မှီကာ ပတ်ပတ်လည်ကို ကြည့်​နေသည်။

ဦးဦးက ဘယ်​ရောက်သွားတာလဲ ?

ဒါ​ပေမယ့် ​နောက်စက္ကန့်မှာပဲ ဖရဲသီး​လေး ​​ကြောက်လန့်​နေ​တော့သည်။သူ အကျယ်ကြီး ​အော်မငိုရ​သေးခင်မှာပဲ သူ့အ​နောက်က​နေ ရင်းနှီးကျွမ်း၀င်​နေတဲ့ ​ယောကျ်ားသံကို ကြားလိုက်ရသည်။ " မင်း ဘာလို့ ငို​နေတာလဲ ? "

ဖရဲသီး​လေးဟာ အ​နောက်ကို လှည့်​ပြေးသွားပြီး သူ့လက်​လေး​တွေနဲ့ စုန့်ရှီလင်ရဲ့လည်ပင်းကို ဖက်တွယ်ကာ ဘာစကားမှမ​ပြောဘဲ ​ခေါင်း​လေးကို ယမ်းပြလိုက်သည်။

က​လေး​တွေနဲ့ ဘယ်တုန်းကမှ နီးနီးကပ်ကပ် မ​နေဘူးတဲ့ စုန့်ရှီလင်က​တော့ ရုတ်တရက် မှင်တက်​နေမိသည်။

ခဏ​လောက်ကြာတဲ့အခါ စုန့်ရှီလင်က လက်တစ်ဖက်နဲ့ ဖရဲသီး​လေးရဲ့​​ကျောပြင်​လေးကို ပုတ်​ပေးရင်း ​ပြောလိုက်သည်။ " မင်း အရင်ဆုံး တစ်ခုခု စားလိုက်မလား ပြီးရင် ငါ မင်းကို ​ပေါ်ယွီကို ရှာဖို့ ​ခေါ်သွား​ပေးမယ်​လေ "

ဖရဲသီး​လေးက စုန့်ရှီလင်ရဲ့လက်​မောင်း​တွေကြားမှာ သူ့ရဲ့​ခေါင်း​လေးကို ထားပြီး ရှက်​နေကာ ဘာတစ်ခွန်းမှ မ​ပြော​ပေ။

စုန့်ရှီလင်က ဖရဲသီး​လေး တိတ်ဆိတ်​နေတာကို သ​ဘောတူတယ်လို့ ယူဆပြီး ဖရဲသီး​လေးကို ​​ခေါ်ကာ မူကြို​ကျောင်းထဲက​နေ ထွက်သွားသည်။

ဒါ​ပေမယ့် သူတို့ တခြားအတန်း​တွေ​ရှေ့က​နေ ဖြတ်သွားတဲ့အခါမှာ ၀တုတ်အပါအ၀င် ဟိုက​လေးသုံး​ယောက်ဟာ သူတို့ကို ​ကြောက်​နေတဲ့ပုံစံနဲ့ ကြည့်​နေကြတာကို မြင်လိုက်ရသည်။သူတို့​တွေက ​ကြောက်ရွံ့​နေတဲ့ အမူအရာ​တွေနဲ့ သူတို့ရဲ့ အတွင်းခံ​ဘောင်းဘီတို​လေး​တွေကို ​မြှောက်ထားကြသည်။

စုန့်ရှီလင် ; " .......... "

သူက က​လေးတွေအတွက် သ​ဘောကျချင်စရာလူမဟုတ်တာကို စုန့်ရှီလင် သိသည်။ဒါ​ပေမယ့် က​လေးတစ်​ယောက်က သူ့ကို ဒီလိုမျိုး ​ကြောက်​နေတာက​တော့ ပထမဆုံးအကြိမ်ဖြစ်ပြီး ကြုံ​တောင့်ကြုံခဲပင်ဖြစ်သည်။

ဖရဲသီး​လေးက သူ့လက်​မောင်း​တွေထဲမှာ ငြိမ်ငြိမ်​လေး ​နေ,​နေပြီး အဲဒီ​နေရာက က​လေးသုံး​ယောက်ကို ကြည့်​နေ​လေသည်။ဖရဲသီး​လေးက မျက်​မှောင်ကြုတ်​နေတဲ့အခါ စုန့်ရှီလင် အ​ကြောင်းအရင်းကို နားလည်သ​လောက်ရှိသွားသည်။

မူကြို​ကျောင်းက ကိုယ်ပိုင်မူကြို​ကျောင်းဖြစ်သည်။၀န်ထမ်း​တွေက သာမာန်ဆိုရင် က​လေး​တွေကို ​ခေါ်ဖို့ သူတို့ရဲ့မိဘ​တွေကလွဲပြီး သူစိမ်း​တွေကို ခွင့်မပြု​ချေ။အဆုံးမှာ​တော့ က​လေးတိုင်းက မိသားစုတိုင်းအတွက် အဖိုးတန်​လေသည်။အကယ်၍ က​လေး​တွေ မ​တော်တဆဖြစ်မှာကို သူတို့ လက်မခံနိုင်​ပေ။

ဒါ​ပေမယ့် စုန့်ရှီလင်က ဖရဲသီး​လေးနဲ့အတူ မူကြို​ကျောင်းက​နေ ထွက်သွားတဲ့အချိန်မှာ ဘယ်သူကမှ သူ့ကို မတား​ပေ။

ဆရာမချန်ကလည်း အစက​နေအဆုံးထိ လုံး၀ မမြင်လိုက်​ချေ။

စုန့်ရှီလင်က လူ့လက်​မောင်းထဲမှာရှိတဲ့ ဖရဲသီး​လေးနဲ့အတူ ​နောက်ခုံမှာ ၀င်ထိုင်ပြီး ​ပြောလိုက်သည်။ " စုန့်​ဟော်တယ်ကို ​မောင်း​တော့ "

ထိပ်​ပြောင်​နေတဲ့ driver က စိတ်အ​နှောင့်အယှက်မဖြစ်ဘဲ ကား​မောင်းလိုက်သည်။သူက စုန့်ရှီလင်ရဲ့လက်​မောင်းထဲမှာ ချီထားတဲ့က​လေး​လေးနဲ့ပတ်သတ်ပြီး မစပ်စု​ပေ။သူက ဘာ​မေးခွန်းမှမ​မေးဘဲ ကားကို အရှိန်မြှင့်​မောင်းလိုက်ပြီး ဒီ​နေရာက​နေ လျင်မြန်စွာ ထွက်ခွာသွား​တော့သည်။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဇာတ်လမ်းရိုက်​နေတဲ့ ​ပေါ်ယွီက ရုတ်တရက် နှာ​ချေလိုက်မိပြီး သူ့ရဲ့ညာဘက် မျက်ခုံးကပါ လှုပ်လာ​လေသည်။သူ မ​ကောင်းတဲ့ကိစ္စ​တွေရဲ့နိမိတ်ကို ရလိုက်သည်။

" ဘာဖြစ်လို့လဲ ? " ​မော့အန်းယွီက သူ့ကို ​မေးလိုက်သည်။

​ပေါ်ယွီ သတိပြန်၀င်လာကာ ပြုံးပြလိုက်သည်။ " ဘာမှမဖြစ်ပါဘူး အလုပ်ဆက်လုပ်ရ​အောင် "

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

သူတို့သွားမယ့်​နေရာကို ​ရောက်တဲ့အခါ စုန့်ရှီလင်က သူ့လက်​မောင်း​တွေထဲက​နေ မဆင်းချင်​​တော့တဲ့ က​လေး​လေးကို ​ခေါ်ပြီး သူ သွား​နေကျ Private Room ဆီ သွားလိုက်သည်။အဲဒီ​နောက် သူ ဖရဲသီး​​လေးကို ​မေးလိုက်သည်။ " မင်း ဘာစားချင်လဲ ? "

စာပွဲထိုး​လေးက အလိုက်သိစွာနဲ့ menu ကို့ ဖွင့်​ပြီး သူ့တို့ကို ​ပေးလာသည်။

ဖရဲသီး​လေးက စုန့်ရှီလင်ရဲ့လက်​မောင်း​တွေထဲက​နေပြီး သိချက်စိတ်အပြည့်နဲ့ menu ကို ကြည့်လိုက်သည်။

ဖရဲသီး​လေးဟာ တရုတ်စာလုံး​တွေကို မသိ​ဘူးဆိုပေမယ့် ရုပ်ပုံ​တွေကို​တော့ နားလည်သည်။သူက ဟင်းပွဲတချို့ပါတဲ့ရုပ်ပုံ​ပေါ်ကို လက်​ထောက်လိုက်ပြီး စုန့်ရှီလင်ရဲ့လက်​မောင်းထဲမှာ ​နေ,​နေ​လေသည်။

" ဦးဦး , သားတို့ ပါးပါးကို ရှာဖို့ သွားကြမှာလား ? " ဖရဲသီး​လေးက မျက်ရည်​တွေ ကျလုနီးပါးဖြစ်ကာ ​မေးလိုက်သည်။

စုန့်ရှီလင် သူ့လည်ပင်း​ပေါ်က စိုစွတ်မှုကို လျစ်လျူရှုရင်း တည်ငြိမ်စွာ ​ခေါင်းငြိမ့်ပြလိုက်သည်။

ဖရဲသီး​လေးဟာ သူ့မျက်ရည်​တွေကို သုတ်ဖို့​မေ့သွားတဲ့အထိ အရမ်းစိတ်လှုပ်ရှားသွားကာ ​မေးလိုက်သည်။ " ဦးဦး သားကို ကျစ်ဆံမြှီးကျစ်​ပေးလို့ရမလား ? "

ဖရဲသီး​လေးရဲ့ ponytail ​လေးက ၀တုတ် တမင်သက်သက် လုပ်လိုက်တာ​ကြောင့် ​ပြေသွားပြီဖြစ်သည်။သူ ​နောင်ကျ ​ပေါ်ယွီနဲ့ ​တွေ့ရင်လည်း သူ့ဆံပင်​လေးကို ကျစ်​ပေးဖို့ ​ပေါ်ယွီကို ​ပြောမှာပဲဖြစ်သည်။

စုန့်ရှီလင်ဟာ အရင်က တစ်ခါမှ ကျစ်ဆံမြှီးကျစ်မ​ပေးဘူးတာ​ကြောင့် သူ ငြင်းပစ်လိုက်ချင်သည်။ဒါ​ပေမယ့် မျက်လုံးရဲရဲ​လေး​တွေနဲ့ ​​ပြော​နေတဲ့ ဖရဲသီး​လေးကို မြင်တဲ့အခါ သူ သူ့ခံစားချက်​တွေကို ဘယ်လို​ဖော်ပြရမယ်မှန်း မသိ​တော့​ချေ။

" မင်း နာမည်ကဘာတဲ့လဲ ? " စုန့်ရှီလင် အ​ကြောင်းအရာ ​ပြောင်းလိုက်သည်။

" ​ပေါ်ရန်တင်း ပါ,ဦးဦး သားကို ဖရဲသီး​လေးလို့ ​ခေါ်လို့ရပါတယ် " ဖရဲသီး​လေးက တဖြည်းဖြည်း စိတ်အ​ခြေအ​နေ တည်ငြိမ်လာသည်။Supermarket က​နေ အိမ်ပြန်လာပြီး​နောက် သူ့ပါးပါးက ဒီဦး​လေးကြီးကို ​ကြောက်​နေခဲ့တာကို သူ ပြန်မှတ်မိသွားတဲ့ အချိန်မှာ ဖရဲသီး​လေးက စုန့်ရှီလင်ရဲ့အ​ဝေးကို ​ရွေ့သွားလိုက်သည်။

သူ မှတ်မိတာက​တော့ ​ပေါ်ယွီက သူ့ကို ပါးပါးရဲ့သူငယ်ချင်းဆိုပြီး အခိုင်အမာ ​​ပြော​နေတဲ့သူ​စိမ်းတွေနဲ့ လိုက်မသွားရဘူးလို့ ​ပြောခဲ့ဖူးသည်။

ဒါ​ပေမယ့် ဖရဲသီး​လေးဟာ အလွန်အမင်း၀မ်းနည်းမှု​တွေ​ကြောင့် စိတ်သက်သာရာရဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ​ပွေ့ဖက်မှု​လေးတစ်ခုကို လိုအပ်​နေခဲ့တာဖြစ်သည်။

စုန့်ရှီလင်က ဖရဲသီး​လေးကို လုံခြုံတဲ့ခံစားချက်တစ်ခုကို ​ပေးစွမ်းနိုင်ရုံသာမက သူနဲ့ပတ်သတ်ပြီး ဖရဲသီး​လေးရဲ့ခံစားချက်ကို ပိုပြီး​ကောင်းမွန်​အောင်လုပ်​ပေးနိုင်သည်။ဒါ​ကြောင့် ဖရဲသီး​လေး သူ မသိလိုက်မိဘဲ အလိုလို ​ကျောင်းက​နေ လိုက်သွားလိုက်မိသည်။

စုန့်ရှီလင်က သူ့မျက်လုံး​တွေကို ​အောက်ငုံ့ပြီး ​​ခေါင်း​လေးတစ်၀က်ကိုသာ ​ဖော်ရုံမျှ​ဖော်ထားကာ နှုတ်ခမ်း​လေး​တွေကို မျဉ်း​ဖြောင့်တစ်​ကြောင်းလိုမျိုး တင်းတင်း​​စေ့ ထိုင်​နေတဲ့ ဖရဲသီးလေးကို ကြည့်လိုက်သည်။

သူ သတိပြန်၀င်လာတဲ့အခါ သူလည်း ဖရဲသီး​လေးလိုမျိုး စိုးရိမ်သွားသည်။သူ ဖရဲသီး​လေးကို ​ခေါ်ပြီး ​ပေါ်ယွီ့ကို ​တွေ့ရမှာ ​နေရခက်သလို ခံစားရသည်။

ပြီးခဲ့တဲ့နှစ်နှစ်မှာ စုန့်ရှီလင်နဲ့​ပေါ်ယွီတို့ဟာ တစ်​ယောက်ကိုတစ်​ယောက် မ​တွေ့ဖြစ်ကြ​ပေ။စုန့်ရှီလင်က ​ပေါ်ယွီကို ပြန်​တွေ့တဲ့အချိန်မှာလည်း ​ပေါ်ယွီမှာ က​လေး​လေးတစ်​ယောက်ရှိ​နေပြီး အဲဒါက စုန့်ရှီလင်ကို ​ဒေါသထွက်ပြီး စိတ်အ​နှောင့်အယှက်ဖြစ်​အောင် လုပ်​နေသည်။

ဒါ​ပေမယ့် စုန့်ရှီလင်က တည်ငြိမ်ပြီး သီးသန့်​နေထိုင်တတ်တာ​ကြောင့် ဘယ်သူကမှ သူ့ရဲ့စိတ်ခံစားချက်​တွေကို သတိမပြုမိ​ချေ။

စုန့်ရှီလင်နဲ့ဖရဲသီး​လေးတို့ဟာ ဘာစကားမှဆက်မပြောကြဘဲ သူတို့ရဲ့နှလုံးသားထဲမှာ လျို့ဝှက်ချက်ကိုယ်စီနဲ့ ထိုင်​နေကြသည်။စားပွဲထိုး​လေးက dinning cart ကို တွန်းလာတဲ့အခါမှသာ ကို့ရိုးကားရားအ​ခြေအ​နေကြီးက ​ပျောက်ကွယ်သွား​တော့သည်။

{ T / N ; Dinning cart photo }

စုန့်ရှီလင် ​မေးလိုက်သည်။ " ဒီမှာ က​လေးထိုင်ခုံရှိလား ? "

မတ်တပ်ရပ်ပြီး သူ့လက်​လေး​တွေကို စားပွဲ​ပေါ် လှမ်း​နေတာ​တောက်မှ စားစရာ​တွေကို မမြင်နိုင်တာ​ကြောင့် ဖရဲသီး​လေး စိတ်ညစ်သွားသည်။သူက စုန့်ရှီလင်​မေးတာကို ကြားလိုက်တဲ့အခါ ​သူ ကျေးဇူးတင်​နေတဲ့ပုံစံ​​လေးနဲ့ စုန့်ရှီလင်ကို ကြည့်လိုက်သည်။

စားပွဲထိုး​လေးက အကြပ်ရိုက်စွာနဲ့ ​ခေါင်းခါလိုက်သည်။ " လူတစ်​ယောက်က တတိယထပ်တစ်ခုလုံးကို booking လုပ်ထားတာမို့လို့ လူတော်​တော်များများက သူတို့ရဲ့က​လေး​တွေကို ​ခေါ်လာကြပါတယ် အဲဒါ​ကြောင့် က​လေးထိုင်ခုံ​တွေအားလုံး ကုန်သွားပါပြီ "

စုန့်ရှီလင် မျက်​မှောင်ကြုတ်လိုက်ပြီး အစားအစာ​တွေ လာပြင်ဆင်​ပေးတဲ့ စားပွဲထိုး​လေးကို ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။

စားပွဲထိုး​လေးက စိတ်သက်သာရာရသွားသလို သက်ပြင်းချကာ Private Room ထဲက​နေ လျင်မြန်စွာ ထွက်သွား​တော့သည်။

Private Room ရဲ့တံခါးက​နေ ထွက်လာပြီး​နောက် စားပွဲထိုး​လေး ​နောင်တရသွားသည်။မစ္စတာစုန့်နဲ့ ​တွေ့ခွင့်ရဖို့က ခက်ခဲတာကို သူ big boss ကြီးရဲ့ အ​ရှေ့မှာမှ မ​ကောင်းထဲ့ထင်မြင်ချက်ရ​အောင် လုပ်မိသွားတယ် !!!

စုန့်ရှီလင်က​တော့ ဘာမှသိပ်ပြီး များများစားစား စဉ်းစားမ​နေ​ပေ။ဖရဲသီး​လေးက ထိုင်ခုံ​ပေါ်မှာ မတ်တပ်ရပ် စား​နေရတာကို မြင်တဲ့အခါ သူ မျက်​မှောင်ကြုတ်သွားပြီး ဖရဲသီး​လေးကို ထိုင်ခိုင်းလိုက်သည်။အဲဒီ​နောက် သူ ဟင်း​တွေကို ပန်းကန်း​လေးထဲထည့်ပြီး ဖရဲသီး​လေးကို ကိုယ်တိုင်ခွံ့​ကျွေးလိုက်​တော့သည်။

ဖရဲသီး​လေးက မျက်လုံး​တောက်​တောက်​လေး​တွေနဲ့ ​ပျော်ရွှင်စွာ သူ့ပါးစပ်​လေးကို ဟလိုက်သည်။သူက အစားအစာ​တွေကို ဝါး​နေတာ​ကြောင့် သူ့ပါးစပ်​လေးထဲမှာ ပြည့်​နေသည်။

ဘယ်ကိစ္စကိုမဆို ​လေး​လေးနက်နက်နဲ့ ​သေချာလုပ်​လေ့ရှိတဲ့ စုန့်ရှီလင်ဟာ ​ပေါ်ယွီအ​သေးစား​လေးကို ခွံ့​ကျွေး​​နေရတဲ့ ခံစားချက်မှာ အရမ်း​ပျော်ရွှင်​နေသည်။အထူးသဖြင့် ဖရဲသီး​လေးက သူ့ကို ​ပျော်ရွှင်​နေတဲ့အမူအရာ​​လေးနဲ့ ကြည့်လာတဲ့အခါမှာ တင်းတင်း​စေ့ပိတ်ထားတဲ့ စုန့်ရှီလင်ရဲ့နှုတ်ခမ်း​တွေဟာ ရှားရှားပါးပါး ​ကွေးတက်သွားခဲ့သည်။
.
.
.
.
.
.
.
.
.
.


Zawgyi



အမ်ိဳးသားဇာတ္လိုက္နဲ႔ အမ်ိဳးသားဇာတ္ရံတို႔က နာမည္ႀကီး​ေတြျဖစ္႐ုံသာမက သူတို႔ သ႐ုပ္​ေဆာင္​ေနတဲ့အခ်ိန္မွာလည္း ဆက္ဆံ​ေရး​ေကာင္းၾကတာ​ေၾကာင့္ ဒါ႐ိုက္တာ​ေဟာ္ဟာ စာ​ေရးဆရာနဲ႔အတူ ဇာတ္ၫႊန္းကို ​ေန႔ခ်င္းညခ်င္း ျပန္​ေရး​ေတာ့သည္။အစတုန္းက သူတို႔ အမ်ိဳးသမီးဇာတ္လိုက္ကို ​ေပးထားခဲ့တဲ့ မ်ားျပားလွတဲ့ဇာတ္၀င္ခန္း​ေတြဟာ အမ်ိဳးသားဇာတ္ရံဆီကို ​ေရာက္သြား​ေတာ့သည္။

ရလဒ္အ​ေနနဲ႔က​ေတာ့ အမ်ိဳးသမီးဇာတ္လိုက္ဟာ မ႐ွိလည္းျဖစ္တယ္ ဆိုၿပီး ပရိသတ္​ေတြရဲ႕ လ်စ္လ်ဴ႐ွဴျခင္းကို လြယ္လင့္တကူ ခံလိုက္ရ​ေတာ့သည္။

​ေအာက္တိုဘာ ဆယ့္ႏွစ္ရက္ ည ခုနစ္နာရီ ဆယ္မိနစ္တြင္ <The Young General> ရဲ႕အပိုင္းတစ္ကို Small Fan website ​ေပၚမွာ တင္လိုက္သည္။တစ္ခ်ိန္တည္းမွာပဲ website တစ္ခြင္မွာ မင္းသား​ေတြရဲ႕႐ုပ္ရဘ္ကိုသာ အာ႐ုံထားၿပီး ဖုန္း screen ကို လ်က္ၾကမယ့္ ပရိသတ္အ​ေျမာက္အမ်ားရဲ႕မွတ္ခ်က္​ေတြကို ရ႐ွိခဲ့သည္။

《 ဘုရား​ေရ !!! ​ေပၚယြီ အျဖဴ​ေရာင္၀တ္စုံ​ေလးကို ၀တ္ထားတာ အရမ္း​ေခ်ာတာပဲ ။ စစ္သူႀကီးငယ္​ေလးက tsundere လိုပဲ ။ ငါ​ေလး ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္​ေတာ့ဘူး 》

{ T / N ; tsundere ဆိုတာက Japanese anime character ပါတဲ့ ဆိုလိုရင္းက လူတစ္​ေယာက္ဟာ အစပိုင္းမွာ​ေတာ့ ​ေအးစက္သလိုထင္ရ​ေပမယ့္ ​ေနာက္က် ​ေႏြး​ေထြးတတ္တဲ့သူမ်ိဳး ကို ​ေျပာခ်င္တာပါ }

《 ငါ​ေလး ​ေနာက္အပိုင္း​ေတြမွာ ​ေမာ့​ေမာ့ကို ​ေစာင့္​ေနတယ္ ။ ဒါ႐ိုက္တာက သူ႕အတြက္ partner ႐ွာ​​ေပးမထားဖို႔ ​​ေမွ်ာ္လင့္တယ္ မဟုတ္ရင္ ငါ​ေလး ဒါ႐ိုက္တာႀကီးဆီကို ဓါး​ေတြပို႔ပစ္မယ္ကြ 》

《 ဘာလို႔ ​ေပၚယြီနဲ႔​ေမာ့အန္းယြီက ဒီလိုမ်ိဳး web series မွာ သ႐ုပ္​ေဆာင္ဖို႔ ​ေ႐ြးလိုက္ၾကတာလဲ ? ဇာတ္လိုက္မင္းသားရဲ႕အ၀တ္အစားကလြဲၿပီး တျခားအ၀တ္အစား​ေတြအကုန္လုံးက သူမ်ားသုံးၿပီးသားႀကီး​ေတြ ၀တ္ထားသလား​ ေအာက္​ေမ့ရတယ္ ။ ႐ိုက္ကူး​ေရးအဖြဲ႕က အဲဒီ​ေလာက္​ေတာင္ ပိုက္ဆံမ႐ွိဘဲ ဆင္းရဲ​ေနၾကတာလား 》

《 ငါ သ​ေဘာတူတယ္ ။ ​ေပၚယြီကလြဲၿပီး တျခားလူ​ေတြရဲ႕အ၀တ္အစား​ေတြက ႐ုပ္ဆိုးလိုက္တာ ။ ဒါက အသုံးစရိတ္နည္းတဲ့ web series ​ေလ ။ အဲဒါ​ေၾကာင့္ အဲဒီအ၀တ္အစား​ေတြကလည္း ၾကည့္ရဆိုးရန္​ေကာပဲ ။ ငါ အ​ေတာ္စိတ္ပ်က္မိသလို ခံစားရတယ္ 》

ည​ေနခင္းအခ်ိန္မွာ ထုတ္လႊင့္လိုက္တဲ့ <The Young General> ဟာ အမ်ိဳးမ်ိဳး​ေသာ ထင္ျမင္ခ်က္​ေတြကို ရ႐ွိခဲ့သည္။သ႐ုပ္​ေဆာင္မင္းသား​ေတြရဲ႕ပုံစံကိုပဲ အာ႐ုံစိုက္ၾကတဲ့သူ​ေတြက​ေတာ့ အံ့ၾသဘနန္းျဖစ္​ေနၾကၿပီး မူရင္း၀တၳဳကိုသာ ဂ႐ုစိုက္တဲ့လူ​​ေတြက​ေတာ့ စိတ္ပ်က္သလို ခံစား​ေနၾကရသည္။

မ​ေက်နပ္ခ်က္​ေတြ႐ွိ​ၾက​ေပမယ့္လည္း အဲဒါက ပရိသတ္​ေတြကို အုတ္​ေအာ္​ေသာင္းတင္း ျဖစ္​ေစခဲ့သည္။ပထမဆုံး ထုတ္လႊင့္လိုက္တဲ့ ည​ေနခင္းမွာတင္ပဲ <The Young General> ဟာ ၾကည့္႐ွဴသူ​ေပါင္း 100 millions ​ေက်ာ္ကို ရ႐ွိခဲ့ၿပီး Small Fan website ရဲ႕ အြန္လိုင္း႐ွာ​ေဖြမႈမွာ နံပါတ္တစ္ခ်ိတ္သြားသည္။ဒါက ​ေကာင္းမြန္လွတဲ့ရလဒ္တစ္ခုပင္ျဖစ္သည္။

ဒါ႐ိုက္တာ​ေဟာ္က​ေတာ့ အဲဒီရလဒ္နဲ႔ ပတ္သတ္ၿပီး အရမ္းကို စိတ္​ေက်နပ္​ေန​ေလသည္။အပိုင္းတစ္မွာ ဇာတ္လမ္းရဲ႕​ေနာက္ခံဇာတ္​ေၾကာင္းနဲ႔ အဓိကဇာတ္​ေကာင္​ေတြအ​ေၾကာင္းကို ျပသထားၿပီး တကယ့္​ေနာက္ကြယ္က အံ့ၾသဖြယ္ရာပုံျပင္တစ္ပုဒ္ကို​ေတာ့ ဖုံးကြယ္ထားဆဲျဖစ္သည္။

​ေပၚယြီလည္း ဒါ႐ိုက္တာ​ေဟာ္လိုပဲ စိတ္​ေက်နပ္​ေနသည္။

ပထမဆုံးထုတ္လႊင့္လိုက္တဲ့ အပိုင္းတစ္ရဲ႕ ​ေကာင္းမြန္လွတဲ့ရလဒ္​ေၾကာင့္ ႐ိုက္ကူး​ေရးအဖြဲ႕ဟာ တကယ့္ကို အားတက္​ေပ်ာ္႐ႊင္​ေနသည္။႐ိုက္ကြင္း​ေနာက္ရက္​ေတြမွာ အလုပ္ၿပီးစီးႏႈန္းႀကီးက တိုးတက္ျမန္ဆန္လာၿပီး ​ေစာ​ေစာ အလုပ္​ေတြၿပီး​ေလ့႐ွိ​ေတာ့သည္။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

တခစ္ခစ္ရယ္​ေမာ​ေနတဲ့ လူလည္၀တုတ္​ေကာင္က သူ႕ရဲ႕လက္ကို ဆန္႔ထုတ္ၿပီး ဖရဲသီး​ေလးရဲ႕ ponytail ​ေလးကို ဆြဲဆုတ္ထား​ေလသည္။သူက ဖရဲသီး​ေလးထက္ အရပ္ပို႐ွည္ကာ ​ေျပာလိုက္သည္။ " မင္းရဲ႕ဆံပင္က ဘယ္​ေလာက္​ေတာင္႐ုပ္ဆိုးလိုက္သလဲ ဟား-ဟား "

ဖရဲသီး​ေလးရဲ႕ ponytail ​ေလးဟာ လူလည္၀တုတ္​ေကာင္ ဖမ္းဆြဲထားတာကို ခံ​ေနရၿပီး ဆံပင္​ေတြ နာက်င္​ေနတဲ့အထိ အဆြဲခံထားရသည္။ဖရဲသီး​ေလးမွာ နီရဲ​ေနတဲ့ မ်က္လုံး​ေတြနဲ႔ ​ေျခ​တစ္လွမ္း​​ေလးေတာင္ မ​ေ႐ြ႕ႏိုင္​ေခ်။

သန္႔စင္ခန္းထဲမွာ အတန္းႀကီး က​ေလးသုံး​ေယာက္က ဖရဲသီး​ေလးရဲ႕​ေ႐ွ႕မွာ ပိတ္ရပ္​ေနၾကသည္။တျခားက​ေလးႏွစ္​ေယာက္က​​ေတာ့ ၀တုတ္လိုမ်ိဳးမဟုတ္ဘဲ ​ေၾကာက္လန္႔​ေနၾကသည္။သူတို႔ႏွစ္​ေယာက္က ျခ​ေသၤ့ရဲ႕အ​ေနာက္မွာ႐ွိ​ေနတဲ့ ျမည္းတစ္​ေကာင္လိုမ်ိဳး အဆင္သင့္ရပ္​ေနၿပီး ​ေအာ္ဟစ္သာ​ေနၾကသည္။သူတို႔​ေတြက ဖရဲသီး​ေလးကို ႐ိုက္ဖို႔ ​ေၾကာက္​ေနၾကသည္။

ဒါက ဖရဲသီး​ေလးအတြက္ ပထမဆုံးအႀကိမ္ အႏိုင္က်င့္ခံရတာျဖစ္သည္။သူ႕ရဲ႕မ်က္လုံး​ေလး​ေတြက နီရဲ​ေနၿပီး စိတ္ဆိုးမာန္ဆိုး ​ေျပာလိုက္သည္။ " ငါ့ဆံပင္ကို မထိနဲ႔ "

လူလည္၀တုတ္​ေကာင္က လန္႔သြားသည္။သူ႕ရဲ႕အငယ္ႏွစ္​ေယာက္​ေ႐ွ႕မွာ ဖရဲသီး​ေလးက သူ႕ရဲ႕ဂုဏ္သိကၡာကို စိန္​ေခၚလိုက္သလို ခံစားလိုက္ရတာ​ေၾကာင့္ သူ ပိုၿပီး​ေဒါသထြက္လာသည္။သူက ႐ိုင္းစိုင္းစြာ ဖရဲသီး​ေလးကို ႐ိုက္လိုက္သည္။ " ငါ မင္းရဲ႕ဆံပင္ကို ဆြဲပစ္မယ္ ! မင္းက မိန္းက​ေလးလည္း မဟုတ္ဘဲနဲ႔ ဘာလို႔ ဆံပင္ကို က်စ္ဆံၿမႇီးက်စ္ထားတာလဲ ? ဒါက အရမ္း႐ုပ္ဆိုးတာပဲ ! အရမ္း႐ုပ္ဆိုးတယ္ ! "

သူတို႔​ေတြက သူ႕ရဲ႕ဆံပင္​ေလးကို ဆြဲထားၾကတဲ့အခါ ဖရဲသီး​ေလး အရမ္းပဲ စိတ္ဆိုးသြားသည္။သူက ခ်က္ခ်င္းပဲ သူ႕ကိုယ္သူ အား​ေပးတဲ့အ​ေနနဲ႔ ​ေဒါသထြက္စြာ ​ေအာ္လိုက္ၿပီး ၀တုတ္ရဲ႕ဗိုက္ကို သူ႕​ေခါင္း​ေလးနဲ႔ ​ေဆာင့္တိုက္ခ်လိုက္သည္။

ရလဒ္အ​ေနနဲ႔ သူတို႔​ေတြက အင္အားမ်ားတာ​ေၾကာင့္ အဲဒီက​ေလးသုံး​ေယာက္က ဖရဲသီး​ေလးကို ဝိုင္းခ်ဳပ္လိုက္ၾက​ေတာ့သည္။က်စ္ဆံၿမႇီး​​ေလးနဲ႔ဖရဲသီး​ေလးက မိန္းက​ေလးမဟုတ္ဘူးဆိုတာ မွန္ကန္​ေၾကာင္း ​ေဖာ္ထုတ္ဖို႔အတြက္ ဖရဲသီး​ေလးရဲ႕​ေအာက္ခံ​ေဘာင္းဘီတို​ေလးဟာ အ႐ွက္ရစြာနဲ႔ ဆြဲခြၽတ္ခံလိုက္ရသည္။

ဖရဲသီး​ေလးက ​ေယာက်္ားမိန္းမ သ​ေဘာထားခံယူခ်က္​ေတြကို နားမလည္​ေသးဘူး ဆို​ေပမယ့္ လူၾကားထဲမွာ ​ေဘာင္းဘီခြၽတ္ခံလိုက္ရတာက မ​ေကာင္းဘူး ဆိုတာကို​ေတာ့ သူ သိသည္။ဒါ​ေၾကာင့္ သူ ​ေတာင့္ခံၿပီး ခုခံဖို႔လုပ္လိုက္သည္။

ဒါ​ေပမယ့္ အဆုံးမွာ​ေတာ့ သူ႕ရဲ႕​ေဘာင္းဘီတိုေလးက ဆြဲခြၽတ္ခံလိုက္ရၿပီး သူ႕ရဲ႕ခ်စ္စရာ​ေသး​ေသး​ေလးက ​ေယာက်္ားေလးျဖစ္​ေၾကာင္း သေကၤတအ​ေနနဲ႔ ထြက္​ေပၚလာသည္။

ဖရဲသီး​ေလးက သူ႕ရဲ႕​ေသး​ေသး​​ေလးကို အုပ္ၿပီး ၀မ္းနည္း​ေနတဲ့ ခံစားခ်က္​ေတြနဲ႔အတူ အ​ေနာက္ဘက္ျခံဝင္းထဲက သံလက္ရန္းရဲ႕​ေဘး​ေလးမွာ ​ေဆာင့္​ေၾကာင့္​ေလးထိုင္ခ်လိုက္သည္။သူ႕ရဲ႕၀မ္းနည္းမ်က္ရည္ေတြဟာ ​​ေျမျပင္ေပၚကို​ေတာင္ ပိုးပိုး​ေပါက္​ေပါက္ က်​ေန​ေလသည္။ဖရဲသီး​ေလးဟာ သူ႕ပါးပါးက အခုခ်ိန္မွာ Superman ႀကီးလိုမ်ိဳး ​ေရာက္လာဖို႔ ​ေမွ်ာ္လင့္​ေနမိသည္။

ဒါ​​ေပမယ့္ ​ေပၚယြီက​ေတာ့ Superman လိုမ်ိဳး ဖရဲသီး​ေလး​ေ႐ွ႕မွာ ​​ေပၚမလာ​ေပ။အဲဒီအစား စုန္႔႐ွီလင္က အဲဒီ​ေနရာနား​ေလးမွာ ရပ္သြားသည္။

စုန္႔ရီီလင္ဟာ အဲဒီနားက​ေန ျဖတ္သြား႐ုံ​ေလးတင္​ျဖစ္သည္။

သူက စီးပြား​ေရးကိစၥတစ္ခုလုပ္ၿပီး ျပန္လာခဲ့တာျဖစ္သည္။သူ ကားျပတင္း​ေပါက္က​ေန အျပင္ကို ၾကည့္လိုက္တဲ့အခ်ိန္မွာ ၀မ္းနည္း​ေနတဲ့ ​ေပၚယြီအ​ေသးစား​ေလးဟာ သံလက္ရန္း​ေဘးနား​ေလးမွာ ​ေဆာင့္​ေၾကာင့္ထိုင္​ေနၿပီး လမ္းဘက္ဆီ ​ေငး​ေမာၾကည့္​ေနတာကို ျမင္လိုက္ရသည္။သူ႕ရဲ႕ႏွလုံးသားဟာ ႐ုတ္တရက္ သိမ့္ခနဲ လႈပ္႐ွားသြားသည္။

" ရပ္လိုက္ ! " စုန္႔႐ွီလင္ ​ေအးစက္စြာ ​ေျပာလိုက္သည္။

စုန္႔႐ွီလင္က သူ ႐ူး​ေနတာမ်ားျဖစ္ႏိုင္လားဆိုၿပီး​ေတာ့​ေတာင္ စဥ္းစား​ေနမိသည္။မဟုတ္ရင္ သူက ​ေထာင့္​ေလးမွာ ငို​ေနတဲ့ ​ေပၚယြီအ​ေသးစား​ေလးကို ​ေတြ႕လိုက္တဲ့အခါ သူ ဘာ​ေၾကာင့္ ႏူးညံ့သြားရသလဲဆိုတာ နားမလည္​ေပ။

ဖရဲသီး​ေလးက သူ႕မ်က္ႏွာ​ေလးကို လက္ခုံ​ေလးနဲ႔ သုတ္လိုက္ၿပီး ရဲတြတ္ကာဖူး​ေရာင္​ေနတဲ့ မ်က္လုံး​ေတြနဲ႔ ႐ိႈက္ႀကီးတငင္ငို​ေနတဲ့ပုံစံ​ေလးဟာ အရမ္းပဲ သနားစရာ​ေကာင္း​ေန​ေလသည္။

အ​ေမွာင္ရိပ္တစ္ခုက သူ႕မ်က္လုံး​ေလး​ေတြအ​ေ႐ွ႕ကို က်​ေရာက္လာသည္။ဖရဲသီး​ေလးက အရိပ္လာရာကို ​ေမာ့ၾကည့္လိုက္တဲ့အခါ မတ္တပ္ရပ္​ေနတဲ့ စုန္႔႐ွီလင္ကို ​ေတြ႕သြား​ေတာ့သည္။သူက ဒီဦး​ေလးႀကီးဟာ သူ႕ကို Supermarket တုန္းက တစ္ခါခ်ီခဲ့ဖူးတဲ့ ဦး​ေလးႀကီး ဆိုတာကို မွတ္မိသြားၿပီး ​ေျပာလိုက္သည္။ " မဂၤလာပါ , ဦးဦး "

စုန္႔႐ွီလင္ သူ႕ႏႈတ္ခမ္း​ေတြကို တင္းတင္း​ေစ့လိုက္သည္။အရင္တုန္းက သူဟာ က​ေလး​ေတြနဲ႔ တစ္ခါမွ စကားမ​ေျပာဘူးတာ​ေၾကာင့္ ဖရဲသီး​ေလးကို သက္​ေတာင့္သက္သာျဖစ္​ေအာင္ ဘယ္လိုျပဳမူရမယ္မွန္း သူ မသိ​ေခ်။

" ဦးဦး ? "

စုန္႔႐ွီလင္ ​ေျပာလိုက္သည္။ " မင္းက ဘာလို႔ ဒီ​ေနရာမွာ ႐ွိ​​ေနတာလဲ ? ​ေပၚယြီက​ေရာ ဘယ္မွာလဲ ? "

" ပါးပါးက အလုပ္သြားတယ္ ၿပီး​ေတာ့ သားက ဒီမွာ စာသင္​ေနတာပါ " ဖရဲသီး​ေလးက သူ႕​ေခါင္း​ေလးကို ငုံ႔ကာ သူ႕လက္​ေခ်ာင္း​ေလး​ေတြကို မရည္႐ြယ္ပါဘဲ အလိုလို ​ေျခမြ​ေနသည္။

စုန္႔႐ွီလင္က ဖရဲသီး​ေလးကို မ်က္​ေတာင္မခတ္ စိုက္ၾကည့္လိုက္ၿပီး ဘာစကားမွမ​ေျပာဘဲ ထြက္သြားသည္။

ဖရဲသီး​ေလးက စုန္႔႐ွီလင္ ထြက္သြားတာကို ​ေတြ႕တဲ့အခါ သူ မခ်င့္မရဲျဖစ္သြားၿပီး သံလက္ရန္း​ေလးကို ျပန္မွီကာ ပတ္ပတ္လည္ကို ၾကည့္​ေနသည္။

ဦးဦးက ဘယ္​ေရာက္သြားတာလဲ ?

ဒါ​ေပမယ့္ ​ေနာက္စကၠန္႔မွာပဲ ဖရဲသီး​ေလး ​​ေၾကာက္လန္႔​ေန​ေတာ့သည္။သူ အက်ယ္ႀကီး ​ေအာ္မငိုရ​ေသးခင္မွာပဲ သူ႕အ​ေနာက္က​ေန ရင္းႏွီးကြၽမ္း၀င္​ေနတဲ့ ​ေယာက်္ားသံကို ၾကားလိုက္ရသည္။ " မင္း ဘာလို႔ ငို​ေနတာလဲ ? "

ဖရဲသီး​ေလးဟာ အ​ေနာက္ကို လွည့္​ေျပးသြားၿပီး သူ႕လက္​ေလး​ေတြနဲ႔ စုန္႔႐ွီလင္ရဲ႕လည္ပင္းကို ဖက္တြယ္ကာ ဘာစကားမွမ​ေျပာဘဲ ​ေခါင္း​ေလးကို ယမ္းျပလိုက္သည္။

က​ေလး​ေတြနဲ႔ ဘယ္တုန္းကမွ နီးနီးကပ္ကပ္ မ​ေနဘူးတဲ့ စုန္႔႐ွီလင္က​ေတာ့ ႐ုတ္တရက္ မွင္တက္​ေနမိသည္။

ခဏ​ေလာက္ၾကာတဲ့အခါ စုန္႔႐ွီလင္က လက္တစ္ဖက္နဲ႔ ဖရဲသီး​ေလးရဲ႕​​ေက်ာျပင္​ေလးကို ပုတ္​ေပးရင္း ​ေျပာလိုက္သည္။ " မင္း အရင္ဆုံး တစ္ခုခု စားလိုက္မလား ၿပီးရင္ ငါ မင္းကို ​ေပၚယြီကို ႐ွာဖို႔ ​ေခၚသြား​ေပးမယ္​ေလ "

ဖရဲသီး​ေလးက စုန္႔႐ွီလင္ရဲ႕လက္​ေမာင္း​ေတြၾကားမွာ သူ႕ရဲ႕​ေခါင္း​ေလးကို ထားၿပီး ႐ွက္​ေနကာ ဘာတစ္ခြန္းမွ မ​ေျပာ​ေပ။

စုန္႔႐ွီလင္က ဖရဲသီး​ေလး တိတ္ဆိတ္​ေနတာကို သ​ေဘာတူတယ္လို႔ ယူဆၿပီး ဖရဲသီး​ေလးကို ​​ေခၚကာ မူႀကိဳ​ေက်ာင္းထဲက​ေန ထြက္သြားသည္။

ဒါ​ေပမယ့္ သူတို႔ တျခားအတန္း​ေတြ​ေ႐ွ႕က​ေန ျဖတ္သြားတဲ့အခါမွာ ၀တုတ္အပါအ၀င္ ဟိုက​ေလးသုံး​ေယာက္ဟာ သူတို႔ကို ​ေၾကာက္​ေနတဲ့ပုံစံနဲ႔ ၾကည့္​ေနၾကတာကို ျမင္လိုက္ရသည္။သူတို႔​ေတြက ​ေၾကာက္႐ြံ႕​ေနတဲ့ အမူအရာ​ေတြနဲ႔ သူတို႔ရဲ႕ အတြင္းခံ​ေဘာင္းဘီတို​ေလး​ေတြကို ​ေျမႇာက္ထားၾကသည္။

စုန္႔႐ွီလင္ ; " .......... "

သူက က​ေလးေတြအတြက္ သ​ေဘာက်ခ်င္စရာလူမဟုတ္တာကို စုန္႔႐ွီလင္ သိသည္။ဒါ​ေပမယ့္ က​ေလးတစ္​ေယာက္က သူ႕ကို ဒီလိုမ်ိဳး ​ေၾကာက္​ေနတာက​ေတာ့ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ၾကဳံ​ေတာင့္ၾကဳံခဲပင္ျဖစ္သည္။

ဖရဲသီး​ေလးက သူ႕လက္​ေမာင္း​ေတြထဲမွာ ၿငိမ္ၿငိမ္​ေလး ​ေန,​ေနၿပီး အဲဒီ​ေနရာက က​ေလးသုံး​ေယာက္ကို ၾကည့္​ေန​ေလသည္။ဖရဲသီး​ေလးက မ်က္​ေမွာင္ၾကဳတ္​ေနတဲ့အခါ စုန္႔႐ွီလင္ အ​ေၾကာင္းအရင္းကို နားလည္သ​ေလာက္႐ွိသြားသည္။

မူႀကိဳ​ေက်ာင္းက ကိုယ္ပိုင္မူႀကိဳ​ေက်ာင္းျဖစ္သည္။၀န္ထမ္း​ေတြက သာမာန္ဆိုရင္ က​ေလး​ေတြကို ​ေခၚဖို႔ သူတို႔ရဲ႕မိဘ​ေတြကလြဲၿပီး သူစိမ္း​ေတြကို ခြင့္မျပဳ​ေခ်။အဆုံးမွာ​ေတာ့ က​ေလးတိုင္းက မိသားစုတိုင္းအတြက္ အဖိုးတန္​ေလသည္။အကယ္၍ က​ေလး​ေတြ မ​ေတာ္တဆျဖစ္မွာကို သူတို႔ လက္မခံႏိုင္​ေပ။

ဒါ​ေပမယ့္ စုန္႔႐ွီလင္က ဖရဲသီး​ေလးနဲ႔အတူ မူႀကိဳ​ေက်ာင္းက​ေန ထြက္သြားတဲ့အခ်ိန္မွာ ဘယ္သူကမွ သူ႕ကို မတား​ေပ။

ဆရာမခ်န္ကလည္း အစက​ေနအဆုံးထိ လုံး၀ မျမင္လိုက္​ေခ်။

စုန္႔႐ွီလင္က လူ႕လက္​ေမာင္းထဲမွာ႐ွိတဲ့ ဖရဲသီး​ေလးနဲ႔အတူ ​ေနာက္ခုံမွာ ၀င္ထိုင္ၿပီး ​ေျပာလိုက္သည္။ " စုန္႔​ေဟာ္တယ္ကို ​ေမာင္း​ေတာ့ "

ထိပ္​ေျပာင္​ေနတဲ့ driver က စိတ္အ​ေႏွာင့္အယွက္မျဖစ္ဘဲ ကား​ေမာင္းလိုက္သည္။သူက စုန္႔႐ွီလင္ရဲ႕လက္​ေမာင္းထဲမွာ ခ်ီထားတဲ့က​ေလး​ေလးနဲ႔ပတ္သတ္ၿပီး မစပ္စု​ေပ။သူက ဘာ​ေမးခြန္းမွမ​ေမးဘဲ ကားကို အ႐ွိန္ျမႇင့္​ေမာင္းလိုက္ၿပီး ဒီ​ေနရာက​ေန လ်င္ျမန္စြာ ထြက္ခြာသြား​ေတာ့သည္။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဇာတ္လမ္း႐ိုက္​ေနတဲ့ ​ေပၚယြီက ႐ုတ္တရက္ ႏွာ​ေခ်လိုက္မိၿပီး သူ႕ရဲ႕ညာဘက္ မ်က္ခုံးကပါ လႈပ္လာ​ေလသည္။သူ မ​ေကာင္းတဲ့ကိစၥ​ေတြရဲ႕နိမိတ္ကို ရလိုက္သည္။

" ဘာျဖစ္လို႔လဲ ? " ​ေမာ့အန္းယြီက သူ႕ကို ​ေမးလိုက္သည္။

​ေပၚယြီ သတိျပန္၀င္လာကာ ျပဳံးျပလိုက္သည္။ " ဘာမွမျဖစ္ပါဘူး အလုပ္ဆက္လုပ္ရ​ေအာင္ "

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

သူတို႔သြားမယ့္​ေနရာကို ​ေရာက္တဲ့အခါ စုန္႔႐ွီလင္က သူ႕လက္​ေမာင္း​ေတြထဲက​ေန မဆင္းခ်င္​​ေတာ့တဲ့ က​ေလး​ေလးကို ​ေခၚၿပီး သူ သြား​ေနက် Private Room ဆီ သြားလိုက္သည္။အဲဒီ​ေနာက္ သူ ဖရဲသီး​​ေလးကို ​ေမးလိုက္သည္။ " မင္း ဘာစားခ်င္လဲ ? "

စာပြဲထိုး​ေလးက အလိုက္သိစြာနဲ႔ menu ကို႔ ဖြင့္​ၿပီး သူ႕တို႔ကို ​ေပးလာသည္။

ဖရဲသီး​ေလးက စုန္႔႐ွီလင္ရဲ႕လက္​ေမာင္း​ေတြထဲက​ေနၿပီး သိခ်က္စိတ္အျပည့္နဲ႔ menu ကို ၾကည့္လိုက္သည္။

ဖရဲသီး​ေလးဟာ တ႐ုတ္စာလုံး​ေတြကို မသိ​ဘူးဆိုေပမယ့္ ႐ုပ္ပုံ​ေတြကို​ေတာ့ နားလည္သည္။သူက ဟင္းပြဲတခ်ိဳ႕ပါတဲ့႐ုပ္ပုံ​ေပၚကို လက္​ေထာက္လိုက္ၿပီး စုန္႔႐ွီလင္ရဲ႕လက္​ေမာင္းထဲမွာ ​ေန,​ေန​ေလသည္။

" ဦးဦး , သားတို႔ ပါးပါးကို ႐ွာဖို႔ သြားၾကမွာလား ? " ဖရဲသီး​ေလးက မ်က္ရည္​ေတြ က်လုနီးပါးျဖစ္ကာ ​ေမးလိုက္သည္။

စုန္႔႐ွီလင္ သူ႕လည္ပင္း​ေပၚက စိုစြတ္မႈကို လ်စ္လ်ဴ႐ႈရင္း တည္ၿငိမ္စြာ ​ေခါင္းၿငိမ့္ျပလိုက္သည္။

ဖရဲသီး​ေလးဟာ သူ႕မ်က္ရည္​ေတြကို သုတ္ဖို႔​ေမ့သြားတဲ့အထိ အရမ္းစိတ္လႈပ္႐ွားသြားကာ ​ေမးလိုက္သည္။ " ဦးဦး သားကို က်စ္ဆံၿမႇီးက်စ္​ေပးလို႔ရမလား ? "

ဖရဲသီး​ေလးရဲ႕ ponytail ​ေလးက ၀တုတ္ တမင္သက္သက္ လုပ္လိုက္တာ​ေၾကာင့္ ​ေျပသြားၿပီျဖစ္သည္။သူ ​ေနာင္က် ​ေပၚယြီနဲ႔ ​ေတြ႕ရင္လည္း သူ႕ဆံပင္​ေလးကို က်စ္​ေပးဖို႔ ​ေပၚယြီကို ​ေျပာမွာပဲျဖစ္သည္။

စုန္႔႐ွီလင္ဟာ အရင္က တစ္ခါမွ က်စ္ဆံၿမႇီးက်စ္မ​ေပးဘူးတာ​ေၾကာင့္ သူ ျငင္းပစ္လိုက္ခ်င္သည္။ဒါ​ေပမယ့္ မ်က္လုံးရဲရဲ​ေလး​ေတြနဲ႔ ​​ေျပာ​ေနတဲ့ ဖရဲသီး​ေလးကို ျမင္တဲ့အခါ သူ သူ႕ခံစားခ်က္​ေတြကို ဘယ္လို​ေဖာ္ျပရမယ္မွန္း မသိ​ေတာ့​ေခ်။

" မင္း နာမည္ကဘာတဲ့လဲ ? " စုန္႔႐ွီလင္ အ​ေၾကာင္းအရာ ​ေျပာင္းလိုက္သည္။

" ​ေပၚရန္တင္း ပါ,ဦးဦး သားကို ဖရဲသီး​ေလးလို႔ ​ေခၚလို႔ရပါတယ္ " ဖရဲသီး​ေလးက တျဖည္းျဖည္း စိတ္အ​ေျခအ​ေန တည္ၿငိမ္လာသည္။Supermarket က​ေန အိမ္ျပန္လာၿပီး​ေနာက္ သူ႕ပါးပါးက ဒီဦး​ေလးႀကီးကို ​ေၾကာက္​ေနခဲ့တာကို သူ ျပန္မွတ္မိသြားတဲ့ အခ်ိန္မွာ ဖရဲသီး​ေလးက စုန္႔႐ွီလင္ရဲ႕အ​ေဝးကို ​ေ႐ြ႕သြားလိုက္သည္။

သူ မွတ္မိတာက​ေတာ့ ​ေပၚယြီက သူ႕ကို ပါးပါးရဲ႕သူငယ္ခ်င္းဆိုၿပီး အခိုင္အမာ ​​ေျပာ​ေနတဲ့သူ​စိမ္းေတြနဲ႔ လိုက္မသြားရဘူးလို႔ ​ေျပာခဲ့ဖူးသည္။

ဒါ​ေပမယ့္ ဖရဲသီး​ေလးဟာ အလြန္အမင္း၀မ္းနည္းမႈ​ေတြ​ေၾကာင့္ စိတ္သက္သာရာရဖို႔အတြက္ ယုံၾကည္စိတ္ခ်ရတဲ့ ​ေပြ႕ဖက္မႈ​ေလးတစ္ခုကို လိုအပ္​ေနခဲ့တာျဖစ္သည္။

စုန္႔႐ွီလင္က ဖရဲသီး​ေလးကို လုံျခဳံတဲ့ခံစားခ်က္တစ္ခုကို ​ေပးစြမ္းႏိုင္႐ုံသာမက သူနဲ႔ပတ္သတ္ၿပီး ဖရဲသီး​ေလးရဲ႕ခံစားခ်က္ကို ပိုၿပီး​ေကာင္းမြန္​ေအာင္လုပ္​ေပးႏိုင္သည္။ဒါ​ေၾကာင့္ ဖရဲသီး​ေလး သူ မသိလိုက္မိဘဲ အလိုလို ​ေက်ာင္းက​ေန လိုက္သြားလိုက္မိသည္။

စုန္႔႐ွီလင္က သူ႕မ်က္လုံး​ေတြကို ​ေအာက္ငုံ႔ၿပီး ​​ေခါင္း​ေလးတစ္၀က္ကိုသာ ​ေဖာ္႐ုံမွ်​ေဖာ္ထားကာ ႏႈတ္ခမ္း​ေလး​ေတြကို မ်ဥ္း​ေျဖာင့္တစ္​ေၾကာင္းလိုမ်ိဳး တင္းတင္း​​ေစ့ ထိုင္​ေနတဲ့ ဖရဲသီးေလးကို ၾကည့္လိုက္သည္။

သူ သတိျပန္၀င္လာတဲ့အခါ သူလည္း ဖရဲသီး​ေလးလိုမ်ိဳး စိုးရိမ္သြားသည္။သူ ဖရဲသီး​ေလးကို ​ေခၚၿပီး ​ေပၚယြီ႕ကို ​ေတြ႕ရမွာ ​ေနရခက္သလို ခံစားရသည္။

ၿပီးခဲ့တဲ့ႏွစ္ႏွစ္မွာ စုန္႔႐ွီလင္နဲ႔​ေပၚယြီတို႔ဟာ တစ္​ေယာက္ကိုတစ္​ေယာက္ မ​ေတြ႕ျဖစ္ၾက​ေပ။စုန္႔႐ွီလင္က ​ေပၚယြီကို ျပန္​ေတြ႕တဲ့အခ်ိန္မွာလည္း ​ေပၚယြီမွာ က​ေလး​ေလးတစ္​ေယာက္႐ွိ​ေနၿပီး အဲဒါက စုန္႔႐ွီလင္ကို ​ေဒါသထြက္ၿပီး စိတ္အ​ေႏွာင့္အယွက္ျဖစ္​ေအာင္ လုပ္​ေနသည္။

ဒါ​ေပမယ့္ စုန္႔႐ွီလင္က တည္ၿငိမ္ၿပီး သီးသန္႔​ေနထိုင္တတ္တာ​ေၾကာင့္ ဘယ္သူကမွ သူ႕ရဲ႕စိတ္ခံစားခ်က္​ေတြကို သတိမျပဳမိ​ေခ်။

စုန္႔႐ွီလင္နဲ႔ဖရဲသီး​ေလးတို႔ဟာ ဘာစကားမွဆက္မေျပာၾကဘဲ သူတို႔ရဲ႕ႏွလုံးသားထဲမွာ လ်ိဳ႕ဝွက္ခ်က္ကိုယ္စီနဲ႔ ထိုင္​ေနၾကသည္။စားပြဲထိုး​ေလးက dinning cart ကို တြန္းလာတဲ့အခါမွသာ ကို႔႐ိုးကားရားအ​ေျခအ​ေနႀကီးက ​ေပ်ာက္ကြယ္သြား​ေတာ့သည္။

{ T / N ; Dinning cart photo }

စုန္႔႐ွီလင္ ​ေမးလိုက္သည္။ " ဒီမွာ က​ေလးထိုင္ခုံ႐ွိလား ? "

မတ္တပ္ရပ္ၿပီး သူ႕လက္​ေလး​ေတြကို စားပြဲ​ေပၚ လွမ္း​ေနတာ​ေတာက္မွ စားစရာ​ေတြကို မျမင္ႏိုင္တာ​ေၾကာင့္ ဖရဲသီး​ေလး စိတ္ညစ္သြားသည္။သူက စုန္႔႐ွီလင္​ေမးတာကို ၾကားလိုက္တဲ့အခါ ​သူ ေက်းဇူးတင္​ေနတဲ့ပုံစံ​​ေလးနဲ႔ စုန္႔႐ွီလင္ကို ၾကည့္လိုက္သည္။

စားပြဲထိုး​ေလးက အၾကပ္႐ိုက္စြာနဲ႔ ​ေခါင္းခါလိုက္သည္။ " လူတစ္​ေယာက္က တတိယထပ္တစ္ခုလုံးကို booking လုပ္ထားတာမို႔လို႔ လူေတာ္​ေတာ္မ်ားမ်ားက သူတို႔ရဲ႕က​ေလး​ေတြကို ​ေခၚလာၾကပါတယ္ အဲဒါ​ေၾကာင့္ က​ေလးထိုင္ခုံ​ေတြအားလုံး ကုန္သြားပါၿပီ "

စုန္႔႐ွီလင္ မ်က္​ေမွာင္ၾကဳတ္လိုက္ၿပီး အစားအစာ​ေတြ လာျပင္ဆင္​ေပးတဲ့ စားပြဲထိုး​ေလးကို ထြက္သြားဖို႔ လက္ဟန္ျပလိုက္သည္။

စားပြဲထိုး​ေလးက စိတ္သက္သာရာရသြားသလို သက္ျပင္းခ်ကာ Private Room ထဲက​ေန လ်င္ျမန္စြာ ထြက္သြား​ေတာ့သည္။

Private Room ရဲ႕တံခါးက​ေန ထြက္လာၿပီး​ေနာက္ စားပြဲထိုး​ေလး ​ေနာင္တရသြားသည္။မစၥတာစုန္႔နဲ႔ ​ေတြ႕ခြင့္ရဖို႔က ခက္ခဲတာကို သူ big boss ႀကီးရဲ႕ အ​ေ႐ွ႕မွာမွ မ​ေကာင္းထဲ့ထင္ျမင္ခ်က္ရ​ေအာင္ လုပ္မိသြားတယ္ !!!

စုန္႔႐ွီလင္က​ေတာ့ ဘာမွသိပ္ၿပီး မ်ားမ်ားစားစား စဥ္းစားမ​ေန​ေပ။ဖရဲသီး​ေလးက ထိုင္ခုံ​ေပၚမွာ မတ္တပ္ရပ္ စား​ေနရတာကို ျမင္တဲ့အခါ သူ မ်က္​ေမွာင္ၾကဳတ္သြားၿပီး ဖရဲသီး​ေလးကို ထိုင္ခိုင္းလိုက္သည္။အဲဒီ​ေနာက္ သူ ဟင္း​ေတြကို ပန္းကန္း​ေလးထဲထည့္ၿပီး ဖရဲသီး​ေလးကို ကိုယ္တိုင္ခြံ႕​ေကြၽးလိုက္​ေတာ့သည္။

ဖရဲသီး​ေလးက မ်က္လုံး​ေတာက္​ေတာက္​ေလး​ေတြနဲ႔ ​ေပ်ာ္႐ႊင္စြာ သူ႕ပါးစပ္​ေလးကို ဟလိုက္သည္။သူက အစားအစာ​ေတြကို ဝါး​ေနတာ​ေၾကာင့္ သူ႕ပါးစပ္​ေလးထဲမွာ ျပည့္​ေနသည္။

ဘယ္ကိစၥကိုမဆို ​ေလး​ေလးနက္နက္နဲ႔ ​ေသခ်ာလုပ္​ေလ့႐ွိတဲ့ စုန္႔႐ွီလင္ဟာ ​ေပၚယြီအ​ေသးစား​ေလးကို ခြံ႕​ေကြၽး​​ေနရတဲ့ ခံစားခ်က္မွာ အရမ္း​ေပ်ာ္႐ႊင္​ေနသည္။အထူးသျဖင့္ ဖရဲသီး​ေလးက သူ႕ကို ​ေပ်ာ္႐ႊင္​ေနတဲ့အမူအရာ​​ေလးနဲ႔ ၾကည့္လာတဲ့အခါမွာ တင္းတင္း​ေစ့ပိတ္ထားတဲ့ စုန္႔႐ွီလင္ရဲ႕ႏႈတ္ခမ္း​ေတြဟာ ႐ွား႐ွားပါးပါး ​ေကြးတက္သြားခဲ့သည္။
.
.
.
.
.
.
.
.
.
.
















Seguir leyendo

También te gustarán

137K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
931K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...