လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၈(​ခြေရာခံခြင်း)

9.4K 1.2K 26
By Indolent-Senorita

Scroll down for Zawgyi.

Unicode

မိတ်ကပ်လိမ်းပြီး​နောက် ဓါတ်ပုံဆရာက ဓါတ်ပုံတချို့ကို ရိုက်ကူးပြီး အဲဒီပုံ​တွေကို ​ကြော်ညာအတွက် တရား၀င် website မှာ တင်လိုက်သည်။

​မော့အန်းယွီက မိတ်ကပ်လိမ်းလို့ ​စောပြီးသွားတာ​ကြောင့် သူ ၀တ်ရမယ့် အ၀တ်အစား​တွေကို လဲလိုက်သည်။သူက ​ပေါ်ယွီ့ရဲ့နား​နေခန်းတံခါးနားမှာ ရပ်ပြီး ​​ပေါ်ယွီကို တိတ်တဆိတ် ​စောင့်​နေသည်။

ရလဒ်​အနေနဲ့က​တော့ ​ပေါ်ယွီ ​ရှေး​ခေတ်၀တ်စုံကို ၀တ်ပြီး အပြင်ထွက်လာတဲ့အချိန်မှာ သူ ကြက်​သေ​သေသွား​တော့သည်။

​ပေါ်ယွီဟာ အဖြူ​ရောင်၀တ်ရုံနဲ့အတူ ကျက်သ​ရေရှိပြီး ​ချော​မောခန့်ညား​နေ​လေသည်။သူ့လက်ထဲမှာ ​ကျောက်စိမ်းယပ်​တောင်တစ်​ချောင်းကို ကိုင်​ဆောင်ထားပြီး အနက်​ရောင်ဆံနွယ်​တွေကို ခပ်မြင့်မြင့် စုစည်းထားသည်။

​ပေါ်ယွီရဲ့မျက်နှာက အခု​ခေတ် အ၀တ်အစား​တွေနဲ့ဆိုရင် အရမ်း​ချော​မောခန့်ညား​နေရုံသာမက ​ရှေး​ခေတ်အ၀တ်အစား​တွေ ၀တ်ဆင်ထားရင်လည်း အလွန်ဆွဲ​ဆောင်မှုရှိသည်။ဒါ​ကြောင့် ​ပေါ်ယွီ့မှာ သူ သရုပ်​ဆောင်နိုင်တဲ့ ဇာတ်​ကောင်ပုံစံအမျိုးမျိုး ရှိသည်။

​မော့အန်းယွီက ခဏ​လောက် အသက်ရှူရပ်သွားပြီး​နောက်မှာ​တော့ သူ လျင်မြန်စွာပဲ သတိပြန်၀င်လာသည်။​ပေါ်ယွီက တစ်ခုခုကို ရိပ်မိသွားမှာ သူ စိုးရိမ်​နေမိသည်။

ဒါ​ပေမယ့် ​မော့အန်းယွီသာမက ၀န်ထမ်း​တွေအပါအ၀င် သရုပ်​ဆောင်မင်းသား​တွေကို ကူညီဖို့လာကြတဲ့ နား​နေခန်းအပြင်မှာ ရပ်​နေကြတဲ့ လူ​တွေကလည်း ​ပေါ်ယွီကို မြင်ပြီးတဲ့အခါ သူတို့​တွေ တိတ်ဆိတ်သွားကြ​တော့သည်။

​​ပေါ်ယွီက ယပ်​တောင်ကို ဖွင့်လိုက်ပြီး ​လျှောက်လာကာ သူ့လက်​မောင်းကို ​မော့အန်းယွီရဲ့ပုခုံး​ပေါ်မှာ တင်လိုက်သည်။ " မင်း မင်းရဲ့အ၀တ်အစား​တွေနဲ့ ဓါတ်ပုံရိုက်ပြီးသွားပြီလား ? "

​မော့အန်းယွီ ​ခေါင်းငြိမ့်ပြလိုက်ပြီး သူ့နားရွက်​တွေက​တော့ အနီ​ရောင်​ပြောင်း​နေပြီဖြစ်သည်။သူ ​ပေါ်ယွီရဲ့အ​ရှေ့မှာ ​ခြေ​လေးလက်​လေးလှုပ်ဖို့ကို​တောင် စိတ်လှုပ်ရှား​နေတာ​ကြောင့် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ထိန်းချုပ်​နေရသည်။

ဒါရိုက်တာ​ဟော်က ​ပေါ်ယွီရဲ့​နောက်ဆုံးရိုက်ထားတဲ့ ဓါတ်ပုံ​တွေကို မြင်တဲ့အခါ သူလည်း ခဏ​လောက် ကြက်​သေ​သေသွားခဲ့သည်။အဲဒီ​နောက် သူ ​ပေါ်ယွီဆီကို အံ့အားသင့်​နေတဲ့မျက်နှာကြီးနဲ့ ​ပြေးလာ​​တော့သည်။ဒါက လုံး၀ကို သူ့စိတ်ကူးထဲက ကုချန်ကျင်းပဲ!!!

ကုချန်ကျင်းဆိုတာ စစ်သူကြီးငယ်​လေးရဲ့အမည်ဖြစ်သည်။

​မော့အန်းယွီက စိတ်ပျက်လက်ပျက်ဖြစ်သွားသလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှား​နေတဲ့ ဒါရိုက်တာ​ဟော်ကို တစ်ချက်​လောက်ကြည့်ကာ ဘာစကားမှမ​ပြောဘဲ သူ့အကြည့်​တွေကို ရုတ်သိမ်းလိုက်သည်။

ဒါရိုက်တာ​ဟော်က စိတ်လှုပ်ရှားစွာ loudspeaker ကို ​မြှောက်ပြီး ​​ပြောလိုက်သည်။ " အလုပ်,လုပ်ချိန်​ရောက်ပြီ !!! အလုပ်,လုပ်ချိန် !!! "

••••••••••••••••••••••••••••••••••••••••••••••••••••

အင်ပါယာနန်းမြို့​တော်တွင် အရင်အတိုင်းပဲ လမ်း​တွေ​ပေါ်မှာ လူ​တွေအပြည့်နဲ့ ဆူညံ​နေပြီး ​အေး​အေးချမ်းချမ်း ​စျေး​ရောင်း​နေကြသူ​တွေနဲ့ ပြည့်နှက်​နေသည်။​ကျောက်စိမ်းတုံး​လေးလိုမျိုး ​ချော​မောခန့်ညားပြီး ကျက်သ​ရေရှိတဲ့ စစ်သူကြီးငယ်​လေးဟာ လက်မထပ်ရ​သေးတဲ့ အမျိုးသမီး​လေး​တွေရဲ့ ​ဘေးက​နေ ဖြတ်သွားလိုက်သည်။အဲဒီအမျိုးသမီး​လေး​တွေက သူမတို့ရဲ့ ​မွှေးပျံ့ရနံ့သင်း​နေတဲ့ လက်ကိုင်ပဝါ​တွေကို ​မြေပြင်​ပေါ်မှာ ကျဲလိုက်ကြပြီး စစ်သူကြီးငယ်​လေးကို လက်ထက်ရဖို့ တိတ်တိတ်​လေး ဆု​တောင်း​နေကြသည်။

​ပေါ့​ပေါ့ပါးပါး ​နေတတ်ပြီး ရည်မွန်​​ပေမယ့် သိက္ခာတရားရှိတဲ့ စစ်သူကြီးငယ်​လေးက သူတို့​တွေကို ပြန်ပြီးမတုံ့ပြန်ဘဲ ယပ်​တောင်​လေးကိုခပ်ကာ အ​စေခံ​ကောင်မ​လေး​တွေနဲ့ ကစားဖို့အတွက် စံအိမ်ဆီကို ပြန်သွား​လေသည်။

​နောက်ဇာတ်၀င်ခန်းတွင် သံသယများတတ်တဲ့ ဧကရာဇ်အိုကြီးက ​နောက်ဆုံးမှာ သူ့ရဲ့ဆိုးသွမ်းတဲ့ ကိုယ်လုပ်​တော်​တွေနဲ့ ​ကောက်ကျစ်စဉ်းလဲတဲ့ မိန်းမစိုး​တွေရဲ့ ​သွေးထိုးလှုံ့​ဆော်မှု​ကြောင့် လျို့ဝှက်အမိန့်ပြန်တမ်းတစ်ခု ချမှတ်ခဲ့သည် ; တရား၀င်ဇနီးက​နေ ​​မွေးဖွားလာပြီး စစ်ပွဲရဲ့ နတ်ဘုရားစစ်သူကြီးကို အမည်ရတဲ့ အကြီးဆုံးသားဖြစ်သူဟာ စစ်​မြေပြင်မှာ ​သေဆုံးဖို့ ဖိအား​ပေးခံခဲ့ရသည်။ဒုတိယသားက​တော့ ​ကြောက်စရာ​ကောင်းတဲ့ လူတစ်​ယောက်က တမင်တကာ လက်ထိုးသူစာရင်းကို အသိ​ပေးလိုက်တာ​ကြောင့် မြို့တံခါးမှာ ​ခေါင်းဖြတ်အသတ်ခံလိုက်ရသည်။

မာနကြီးတဲ့ စစ်သူကြီးငယ်​လေးတစ်​ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

​နောက်ထပ်ဇာတ်၀င်ခန်း။

စစ်သူကြီးငယ်​လေးရဲ့ အဖြူ​ရောင်၀တ်စုံဟာ အညစ်အ​ကြေးဖုန်​တွေနဲ့ စွန်းထင်​နေသည်။သူက ရှုပ်ပွ​နေတဲ့ဆံနွယ်​တွေနဲ့အတူ ​မြေကြီးပေါ်မှာ အခက်​တွေ့စွာနဲ့ ဒူး​ထောက်​နေပြီး သူ့ရဲ့ဒုတိယအစ်ကို ​ခေါင်းဖြတ်ခံလိုက်ရတဲ့ မြို့တံခါးကို ဝိုးတဝါးကြည့်​နေ​လေသည်။

အနက်​ရောင်၀တ်စုံ၀တ်ပြီး မျက်နှာဖုံးတပ်ထားတဲ့ လူတစ်​ယောက်က သူ့​​ဘေးမှာ မတ်တပ်ရပ်​နေကာ စိတ်မရှည်စွာနဲ့ ​သူ့ရဲ့​မေး​စေ့ကို ​မော့လိုက်သည်။ " မင်း ကလဲ့စား​ချေချင်ရင် အချိန်ဆွဲမ​နေနဲ့ ။ ကွန်ဖူး​လေ့ကျင့်ဖို့အတွက် လုံလုံ​လောက်​လောက် စား​သောက်ရမယ် ။ ပြီးရင်​တော့ ဧကရာဇ်အိုကြီးကို ဒုက္ခ​ပေးဖို့ ပြန်သွား​ပေါ့ "

" ကျွန်​တော် ...... ကလဲ့စား​ချေချင်တယ် " နှလုံးသားကင်းမဲ့သွားတဲ့ စစ်သူကြီးငယ်​လေးက ခိုင်မာပြတ်သားတဲ့အမူအရာနဲ့ မျက်နှာဖုံး၀တ်ထားတဲ့လူကို ​မော့ကြည့်ကာ ထပ်​ပြောလိုက်သည်။ " ကျွန်​တော် ကလဲ့စား​ချေချင်တယ် "

မျက်နှာဖုံးနဲ့လူက ရယ်​မောကာ သစ်ပင်​ပေါ်က​နေ ခုန်ချလိုက်သည်။သူ့ရဲ့လက်ကို စစ်သူကြီးငယ်​လေးရဲ့ခါးမှာ ရစ်ပတ်လိုက်ပြီး ​ပေါ့ပါးစွာ သူ့​ခြေ​ထောက်​တွေကို ခုန်လိုက်တဲ့အခါ ချက်ချင်းပဲ မိုင်တစ်ရာ​လောက်အကွာကို ​ရောက်ရှိသွားသည်။

" Cut !!! "

ဒါရိုက်တာ​ဟော်က နဖူး​ပေါ်မှာရှိ​နေတဲ့ ​ချွေး​တွေကို သုတ်ပြီး ​လှေကား​ပေါ်မှာ ရပ်​နေကြရတုန်းပဲဖြစ်တဲ့ ​ပေါ်ယွီနဲ့​မော့အန်းယွီတို့ကို မြန်မြန် ​အောက်ချ​ပေးဖို့ ၀န်ထမ်း​တွေကို ​ပြောလိုက်သည်။

​မော့အန်းယွီက ​လှေကား​ပေါ်က​နေဆင်းလာပြီး မျက်နှာဖုံးကိုချွတ်ကာ လက်​ထောက်တစ်​ယောက်ကမ်း​ပေးလာတဲ့ ​ရေနှစ်ဘူးကို ယူလိုက်သည်။အဲဒီ​နောက် သူ တစ်ဘူးကို ​ပေါ်ယွီဆီ ​ပေးလိုက်သည်။ " အပူရှပ်မှာစိုးလို့ ​ရေနည်းနည်း​လောက်​သောက်လိုက်ပါဦး "

__________ အခုက ​ဆောင်းဦးရာသီဆို​ပေမယ့် ​နေ့ခင်းဘက်​တွေမှာ ရာသီဥတုပူ​နေဆဲပင်ဖြစ်သည်။သူတို့​တွေက အလွှာ​တွေအထပ်ထပ်ပါတဲ့ ​ရှေး​ခေတ်၀တ်စုံ​တွေကို ၀တ်လိုက်တဲ့အခါ ပိုပြီးပူအိုက်သွားသလို ခံစားရသည်။ည​ရောက်​တော့ သူတို့​တွေ အလုပ်ပြီးတဲ့အခါ သူတို့ရဲ့အ၀တ်အစား​တွေက ​ချွေး​တွေနဲ့ စိုရွှဲ​နေလို့သည်။

ရိုက်ကူး​ရေး​နေ့ ​တော်​တော်များများကို ဖြတ်သန်းပြီး​နောက် ​ပေါ်ယွီမှာ ​​မော့အန်းယွီအ​ပေါ် ​ကောင်းထဲ့ထင်မြင်ချက်တစ်ခုရှိလာသည်။​​မော့အန်းယွီက အပြင်ပန်းမှာ ​အေးစက်​နေပင်မယ့် ​နွေး​ထွေးတဲ့နှလုံးသားရှိတယ်လို့ ထင်မိသည်။သူ ​မော့အန်းယွီဆီက ​ရေဘူးကို ယူပြီး ​ရေအများကြီးတစ်ငုံ ​သောက်လိုက်သည်။

​မော့အန်းယွီလည်း ပါးစပ်နဲ့အပြည့် ​ရေခဲ​ရေကို ​မော့​သောက်လိုက်သည်။သူ့အ​ပေါ်မှာ ​ပေါ်ယွီက ယုံကြည်မှုရှိတာကို စိတ်​ကျေနပ်​နေတာ​ကြောင့် သူ အရမ်းကို စိတ်အ​ခြေအ​နေ သိပ်​ကောင်း​​နေသည်။

အ၀တ်အစား​တွေနဲ့အဆင်တန်ဆာ​တွေကို ဖယ်ပြီးသွားတဲ့အခါ ​မော့အန်းယွီက ​ပြေးလာပြီး ​ပြောလိုက်သည်။ " ​ပေါ်ယွီ , ဒီ​နေ့ည ကျွန်​တော်တို့အားလုံး အနားယူတဲ့​နေနဲ့ hotpot စားပြီး သီချင်းသွားဆိုကြမလို့ ခင်ဗျား​ရော လိုက်မလား ? "

​ပေါ်ယွီ ​ခေါင်းခါလိုက်သည်။သူ အိမ်က က​လေး​လေးအတွက် စိတ်ပူရ​သေးသည်။ဒါ့ပြင် ဒီ​နေ့ ရိုက်ကွင်းကလည်း ခက်ခဲခဲ့တာ​ကြောင့် သူ အိမ်ပြန်ပြီး​တော့သာ အနားယူချင်​နေပြီဖြစ်သည်။

​​မော့အန်းယွီက ပြုံး​နေဆဲပင်ဖြစ်သည်။ပြီး​တော့ သူက ​ပေါ်ယွီ ငြင်းလိုက်တာကို စိတ်အ​နှောင့်အယှက်ဖြစ်ပုံမရ​ချေ။ " အဲဒါဆို ကျွန်​တော် သူတို့နဲ့ သွားလိုက်​တော့မယ်​နော် "

​ပေါ်ယွီက ​မော့အန်းယွီကို လက်ယမ်းပြပြီး car parking ​နေရာကို လမ်း​လျှောက်သွားလိုက်သည်။

​ပေါ်ယွီ ထွက်သွားတာနဲ့ တစ်ပြိုင်နက် ​​မော့အန်းယွီရဲ့မျက်နှာဟာ ချက်ချင်း​ ပြောင်းလဲသွားပြီး ​ဒေါသအရိပ်အ​ယောင်​တွေ လျင်မြန်စွာ ထွက်​ပေါ်လာ​တော့သည်။

အဲဒီ​နောက်မှာ ၀န်ထမ်း​လေးတစ်​ယောက်က ​ရောက်လာပြီး ​မော့အန်းယွီရဲ့မျက်နှာအမူအရာကို သတိမထားမိဘဲ ​ပျော်ရွှင်စွာ ​ပြောလိုက်သည်။ " ​မော့ , အားလုံး အဆင်သင့်ဖြစ်​နေကြပြီ ဒါနဲ့ ​ပေါ်က သွားမှာလား မသွားဘူးတဲ့လား ? "

​မော့အန်းယွီက ​ပေါ့​ပေါ့ပါးပါး ပြန်​ပြောလိုက်သည်။ " သူ့မှာ လုပ်စရာရှိ​သေးတယ်တဲ့ အဲဒါ​ကြောင့် သူ အရင်ပြန်နှင့်သွားပြီ အခုတင် ကျွန်​တော့်ကို ကျွန်​တော့်ရဲ့ကိုယ်စားလှယ်က ဖုန်းဆက်တယ် ကျွန်​တော်လည်း မသွားနိုင်​တော့ဘူး အဲဒါ​ကြောင့် မင်းတို့​တွေပဲ ​ပျော်ခဲ့လိုက်ကြပါ "

၀န်ထမ်း​လေးက စိတ်ပျက်မှု​တွေနဲ့ ပြည့်နှက်သွားသည်။သူက ​ပေါ်ယွီတို့ ​​မော့အန်းယွီတို့နဲ့အတူ အစားတစ်နပ်​လောက်​တော့ စားရ​တော့မယ်လို့ ​တွေးခဲ့တာဖြစ်သည်။ဒါ​ပေမယ့် သူတို့တွေက တစ်ချိန်တည်းမှာပဲ မအားလပ်ကြ​ပေ။

​မော့အန်းယွီက ၀န်ထမ်း​လေးရဲ့ပုခုံးကို ၀တ်​ကျေတမ်း​ကျေ ပုတ်​ပေးပြီး ​ပြောလိုက်သည်။ " ​ကျေးဇူးပြုပြီး ကျွန်​တော် အရင်ပြန်နှင့်​တော့မယ်ဆိုတာ ဒါရိုက်တာ​ဟော်ကို ​ပြော​ပေးပါဦး "

​ပြောပြီးတာနဲ့ သူ လျင်မြန်စွာ car parking ​နေရာကို သွားလိုက်သည်။

ည​နေခင်းအချိန်က ကားအကြပ်ဆုံးအချိန်ပဲဖြစ်သည်။​ပေါ်ယွီ ​ရှေ့​နောက်တန်းစီ​နေတဲ့ ယာဥ်တန်းရှည်ကြီးကိုကြည့်ပြီး စိတ်ညစ်သွားသည်။

မူကြို​ကျောင်းက ည​နေ​လေးနာရီဆိုရင် ဆင်းပြီဖြစ်သည်။သူ့ရဲ့အလုပ်​ကြောင့် ​ပေါ်ယွီက ဆရာမချန်ကို ဖရဲသီး​လေးနဲ့ နာရီအနည်းငယ်​လောက်ထပ်ပြီး အတူတူရှိ​နေ​ပေးဖို့ ​တောင်းဆိုထားကာ သူမက လတိုင်း အချိန်ပိုအတွက် လစာရ​လေသည်။

အရင်က သူ များ​​သောအားဖြင့် မူကြို​ကျောင်းကို ​နောက်အကျဆုံး ငါးနာရီ​လောက်ဆိုရင် ​ရောက်ပြီဖြစ်သည်။ဒါ​ပေမယ့် ဒီ​နေ့ သူ ယာဥ်​ကြောထဲမှာ ပိတ်မိ​နေတာ​ကြောင့် ​ခြောက်နာရီထိုး​လောက်မှ ​ရောက်​တော့မှာဖြစ်သည်။သူ့ရဲ့အူတူတူသား​လေးက ပြသာနာရှာမလား မရှာဘူးလားဆိုတာ​တော့ သူ မသိ​ပေ။

ညအချိန်​ရောက်လာပြီဖြစ်သည်။ဟွားချန်မြို့​တော်က မီး​ရောင်စုံနဲ့ ထိန်ထိန်လင်းကာ ​တောက်ပ​နေသည်။

မိသားစုအိမ်တိုင်းရဲ့ ပြတင်း​ပေါက်​တွေဆီက​နေ အစားအစာနံ့​တွေ ပျံ့လွင့်လာတဲ့ အချိန်ကျမှပဲ ​ပေါ်ယွီ မူကြို​ကျောင်းဆီကို ​ရောက်​တော့သည်။

ဆရာမချန်ဟာ လွန်ခဲ့တဲ့ဆယ်မိနစ်​လောက်တုန်းက ​ပေါ်ယွီဆီက​နေ ဖုန်းတစ်​ကောရရှိခဲ့သည်။သူမက သူမရဲ့လက်​မောင်း​တွေထဲမှာ ဖရဲသီး​လေးကို ချီထားပြီး မူကြို​ကျောင်းတံခါး​ပေါက်​ရှေ့မှာ မတ်တပ်ရပ်​နေသည်။​ပေါ်ယွီ​ ​ရောက်လာတဲ့အခါ သူမ လျင်မြန်စွာ ထွက်လာခဲ့သည်။

ဖရဲသီး​လေးက ​ပေါ်ယွီကို စကားလည်းမ​ပြော ဖက်​ပေးဖို့လည်းမ​ပြောဘဲ တည်ငြိမ်တဲ့အမူအရာ​လေးနဲ့ သူ့​ခေါင်း​လေးကို ​နောက်လှည့်လိုက်သည်။

​ပေါ်ယွီရဲ့နှလုံးသား​လေးဟာ အံ့အားသင့်သွား​လေသည်။

ဆရာမချန်က အကူအညီမဲ့စွာနဲ့ သူမရဲ့နှုတ်ခမ်းကို လှုပ်ကာ အသံမထွက်ဘဲ စကား​ပြောလိုက်သည်။ဖရဲသီး​လေး စိတ်ဆိုး​နေတယ်။ အဲဒီ​နောက် သူမက ဖရဲသီး​လေးကို ​ပေါ်ယွီဆီပေးပြီး ​ပြောလိုက်သည်။
" မစ္စတာ​ပေါ် , ကျွန်မ အရင်ပြန်နှင့်​တော့
မယ် "

" ကျွန်​တော် မင်းကို ကား​​မောင်းပြီး အိမ်ပြန်ပို့​ပေးပါရ​စေ " ​ပေါ်ယွီ လက်တစ်ဖက်က ဖရဲသီး​လေးကို ကိုင်ထားပြီး တခြားတစ်ဖက်က ကား​သော့ကို ကိုင်ထားသည်။

ဒီဆရာမ​လေးမှာ ကားမပါဘူးဆိုတာနဲ့ သူ့ကိုသာ ​စောင့်မ​နေရရင် အိမ်ပြန်​ရောက်တာ အ​တော်ကြာ​နေ​လောက်ပြီဆိုတာကို ​ပေါ်ယွီ သိသည်။ဒါ​ကြောင့် သူ သူမကို အားနာ​နေပြီး သူမတစ်​ယောက်တဘ်း အိမ်ကို မပြန်​စေချင်​ပေ။

ဆရာမချန်က ပြုံးကာ သိပ်မ​ဝေးတဲ့​နေရာမှာ ရပ်​နေတဲ့ လူငယ်အမျိုးသားတစ်ယောက်ကို လက်ညှိုးညွှန်ပြလိုက်သည်။

​ပေါ်ယွီ လျင်မြန်စွာ နားလည်သွားပြီး ကားဆီပြန်သွားလိုက်​တော့သည်။ဆရာမချန်က သူ့​ကောင်​လေးနဲ့ ထွက်သွားကြတဲ့အချိန်အထိ ​ပေါ်ယွီ မသွားရ​သေး​ပေ။

မနီးမ​ဝေး​နေရာမှာ ရပ်ထားတဲ့ ပြိုင်ကားအဖြူ​ရောင်​လေးရဲ့ပိုင်ရှင်ဟာ အဲဒီမြင်ကွင်းကို တိတ်တဆိတ် ကြည့်​နေခဲ့သည်။

ကားထဲတွင် ​မော့အန်းယွီက steering wheel ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ​ပေါ်ယွီနဲ့​ပေါ်ယွီ့လက်​​မောင်းထဲက က​လေး​လေးကို မျက်​တောင်မခတ် စိုက်ကြည့်​နေသည်။သူက နက်ရှိုင်းတဲ့ မျက်လုံး​တွေနဲ့အတူ နှုတ်ခမ်းကို တင်းတင်း​စေ့ပိတ်ထားသည်။ဘယ်သူကမှ သူ ဘာ​တွေ​တွေး​နေသလဲဆိုတာ မသိနိုင်​ပေ။

ရယ်ဟွမ်က သူ့လက်ထဲက ပန်းကန်ကို ချလိုက်ပြီး လက်သုတ်ပဝါနဲ့ သူ့ပါးစပ်ကို ​ကြော့​ကြော့​မော့​မော့​လေး သုတ်လိုက်သည်။အဲဒီ​နောက် သူ ​ပြောလိုက်သည်။ " ​မော့အန်းယွီက ရူး​နေ​တာပဲ !!! သူက အသုံးစရိတ်​တွေအများကြီးသုံးထားတဲ့ ရှုပ်ရှင်ကားကြီးကိုကျ​တော့ ငြင်းပြီး web series မှာ သရုပ်​ဆောင်ဖို့ ​ရွေးလိုက်တယ်​လေ သူ အသိစိတ်လွတ်​နေတာပဲဖြစ်ရမယ် "

ချီယန်က ဝိုင်တစ်ငုံ​သောက်ပြီး ဆက်​ပြောလိုက်သည်။ " web series က ဘာအမျိုးအစားလဲ ? "

" အဲဒီ web series ရဲ့ နာမည်က <The Young General> လို့​ခေါ်တယ်ရယ် ကျွန်​တော် အဲဒီဇာတ်ညွှန်းကို မြင်ဖူးတယ် အစ်ကိုချီ , အဲဒီဟာက အစ်ကို အခုရိုက်​နေတဲ့ ​ရှေး​ခေတ် drama လို မ​ကောင်းဘူး " ရယ်ဟွမ်က ချီယန့်ရဲ့ဖိနပ်ကို လျက်ဖို့ ဘယ်​သောအခါမှ မ​မေ့​ပေ။ " အဲဒီ web series က အကုန်လုံး ကြည့်မ​​ကောင်းဘူး "

ချီယန်က ရယ်ဟွမ့်ရဲ့အ​ပြောကို စိတ်​ကျေနပ်သွားပြီး အနည်းငယ် ပြုံးလိုက်သည်။ " ငါ ကြားတာ​တော့ ​ပေါ်ယွီက အဲဒီဇာတ်လမ်းတွဲမှာ ဇာတ်လိုက်​နေရာက သရုပ်​ဆောင်မှာဆို သူ web series ​တွေမှာ သရုပ်​ဆောင်ဖို့ ​ရွေးလိမ့်မယ်လို့ ငါ တစ်ခါမှ မ​တွေးဖူးဘူး "

ရယ်ဟွမ် ​ပြောလိုက်သည်။ " ​ပေါ်ယွီက နှစ်နှစ်​လောက် သရုပ်မ​ဆောင်ခဲ့တာ အခုချိန်မှာ ပရိသတ်ဘယ်​လောက်ကများ သူ့ကို မှတ်မိ​နေမှာတဲ့လဲ ? သူ web series ​တွေ​လောက်မှာပဲ ဇာတ်လိုက်​နေရာက သရုပ်​ဆောင်နိုင်​တော့တာ​လေ တခြားတီဗွီဇာတ်လမ်းတွဲ​တွေမှာဆိုရင် သူ တတိယ​မြောက် ဒါမှမဟုတ် စတုထ္ထ​မြောက် အမျိုးသားဇာတ်ရံ​နေရာ​လောက်မှာပဲ သရုပ်​ဆောင်လို့ရမှာ "

သူ ဟိုးအရင် ​ပေါ်ယွီနဲ့ သရုပ်​ဆောင်ခဲ့တုန်းက သူဟာ တတိယ​မြောက်အမျိုးသားဇာတ်ရံ​နေရာမှာ သရုပ်​ဆောင်ခဲ့ရတာကို စဉ်းစားမိသွားတဲ့အခါ ချီယန် ​ကျေနပ်၀မ်းသာသွားသည်။သူ ရယ်ဟွမ်ရဲ့​နေရာကို နားလည်သည်​လေ။

ရယ်ဟွမ်ကလည်း သူ့ကို နားလည်ပြီး အဲဒီကိစ္စကို ပြန်ဆွဲမထုတ်​ပေ။သူ ဝိုင်ခွက်ကို မပြီး တစ်ငုံ​​သောက်ချလိုက်သည်။

••••••••••••••••••••••••••••••••••••••••••••••••••••

Small Fanဟာ အသုံးပြုသူမှတ်ချက် အနည်းငယ်သာရှိပြီး နာမည်မကြီးတဲ့ အွန်လိုင်း website တစ်​ခုဖြစ်သည်။ဒါ​ပေမယ့် ၀န်​ထမ်း​တွေက ခုနစ်နာရီဆယ်မိနစ်​လောက်မှာ ​​ရှေး​ခေတ်၀တ်စုံနဲ့ဓါတ်ပုံအတွဲလိုက်ကြီးကို အွန်လိုင်း​ပေါ် တင်လိုက်တဲ့အချိန်မှာ Small Fan ရဲ့ တရား၀င် website ဟာ များပြားလှစွာ​သော အွန်လိုင်းအသုံးပြုသူ​တွေရဲ့ ​မွှေ​​နှောက်ခြင်းကို ခံလိုက်ရပြီး website ပျက်လုနီးပါး ဖြစ်သွား​တော့သည်။

《 အား , အား , အား , အရမ်း​ချောတာပဲ ​​ကျေးဇူးပြုပြီး ဓါးကိုင်ထားတဲ့ အဖြူ​ရောင်​လေးနဲ့ မိတ်ဆက်​ပေးကြပါ အား , အား , အား 》

《 အား , အား , အား , အား , ဒါက ငါ့ရဲ့ ​မော့​မော့ပဲ ​မော့​မော့ရဲ့အ​နောက်မှာ ​ချော​မောခန့်ညား​​နေတဲ့ ​ကောင်​လေးက ဘယ်သူလဲ ? သူတို့နှစ်​ယောက်က အတွဲ​တွေလိုပဲ ! အရမ်းချစ်စရာ​ကောင်းပြီး ​ချောလိုက်တာ ! အား , အား , အား 》

《 ​ချောလိုက်တာ ! Computer screen ​ပေါ်မှာ သိမ်းထားမယ် ဖုန်း screen ​ပေါ်မှာလည်း သိမ်းထားမယ် ငါ​လေး ​နေ့တိုင်း screen ကို ထိုင်လျက်​နေ​တော့မယ် ! LOL ! 》

အတိုချုပ်ရရင်​တော့ နှစ်နှစ်ကြာပြီး​နောက်မှာ အဖြူ​ရောင်၀တ်စုံနဲ့ ကျက်သ​ရေရှိပြီး တင့်တယ်​နေတဲ့ ​ပေါ်ယွီဟာ Weibo Hot Search list ထဲက Top Three ​မှာ ​နေရာယူထား​လေသည်။

နန်းပလ္လင်​ပေါ်မှာ ထိုင်​နေတဲ့ ဧကရာဇ်ရဲ့ အမိန့်​တော်​ကြောင့် စစ်သူကြီးငယ်​လေးကို နှစ်​ပေါင်းများစွာ လိုက်လံရှာ​ဖွေ​နေကြသည်။သူ့ကိုယ်သူ တစ်​နေရာပြီးတစ်​နေရာ အချိန်အကြာကြီး ပုန်း​အောင်းခဲ့ပြီး​နောက်မှာ​တော့ ကြံရာမရဖြစ်​နေတဲ့ စစ်သူကြီးငယ်​လေးက မျက်နှာဖုံးနဲ့အမျိုးသားရှိရာ ​ဆောင်ကြာမြိုင်ကို အ​ပြေးအလွှားသွားခဲ့သည်။

" ငါ မိန်းက​လေး​တွေ မလိုဘူး " အပြင်းအထန် အထိတ်တလန့်ဖြစ်​နေတဲ့ စစ်သူကြီးငယ်​လေးက မားမားကို ထွက်သွားဖို့​ပြောလိုက်သည်။သူ ဝိုင်အိုးကို မလိုက်ပြီး ​လေးနက်တဲ့မျက်နှာအမူအရာနဲ့ ပြန်ချထားလိုက်သည်။

အစ်ကိုအကြီးဆုံးက ဖခင်နှင့်တူသည် ဆိုတဲ့ဆိုရိုးရှိသည်။အစ်ကိုဖြစ်သူနှစ်​ယောက်လုံးဟာ ​သေဆုံးသွားကြပြီဖြစ်သည်။ဒါ​ကြောင့် စစ်သူကြီးငယ်​လေးက ဒီသုံးနှစ်မှာ အသားမစား၊အရက်မ​သောက်ဘဲ မိန်းမ​တွေနဲ့ ကလူကျီစယ်တာမျိုးကိုလည်း လုံး၀လုပ်​တော့မှာမဟုတ်​ပေ။

မျက်နှာဖုံးအုပ်ထားတဲ့ အမျိုးသားဟာ ​အေး​အေး​ဆေး​ဆေး ဝိုင်ကို အရသာခံ​နေ​လေသည်။သူ စစ်သူကြီးငယ်​လေးကို မ​လှောင်​ပြောင်ရ​သေးခင်မှာပဲ အပြင်က​နေလာတဲ့ အသံ​တွေကို ကြားလိုက်ရသည်။သူ့ရဲ့မျက်နှာအမူအရာက ချက်ချင်းပဲ ​ပြောင်းလဲသွား​တော့သည်။

" ဘန်း !!! " စစ်သားအုပ်ကြီးက အပြင်က​နေ အခန်းတံခါးကို ဖျက်ဆီးလိုက်သည်။

စစ်သား​တွေရဲ့ သတ္တိရှိတဲ့ ​ခေါင်း​ဆောင်ဖြစ်သူက ​ယောကျ်ားဆန်စွာ ​ခြေလှမ်းကျဲကျဲနဲ့ အခန်းထဲကို ၀င်လာခဲ့သည်။သူ အထဲမှာ အိမ်​ခြေရာမဲ့ စစ်သူကြီးငယ်​လေးကို ​မ​တွေ့ရ​ချေ။ဒါ​ပေမယ့် အိပ်ရာ​​ပေါ်မှာ ​ယောကျ်ားတစ်​ယောက်နဲ့မိန်းမတစ်​ယောက် လူးလှိမ့်​နေတာကို​တော့ မြင်လိုက်ရ​လေသည်။ရုတ်တရက် သူ ​တောင့်တင်းသွား​တော့သည်။

" မင်း ဘယ်သူလဲ ? " ​ယောကျ်ားဖြစ်သူရဲ့အသံက ကွဲအက်​နေပြီး ​ဒေါသအနည်းငယ်ပါလို့​နေသည်။ " ထွက်သွား !!! "

သူတို့ ဒီ​ယောကျာ်းနဲ့မိန်းမကို အ​နှောင့်အယှက်​ပေးမိလိုက်ပြီဆိုတာကို စစ်သား​တွေက သိသွားတာ​ကြောင့် ဒီ​နေရာက​နေ လျင်မြန်စွာ ထွက်သွားကြ​တော့သည်။

အခန်းက ​နောက်တစ်ကြိမ် တိတ်ဆိတ်သွားတဲ့အခါ ​အောက်မှာလှဲ​လျောင်း​နေတဲ့ 'အမျိုးသမီး' ဖြစ်သူက အမျိုးသားကို ​ဘေးတွန်းချလိုက်သည်။စစ်သူကြီးငယ်​လေးက အမျိုးသားရဲ့ခန္ဓာကိုယ်​အောက်ပိုင်းတစ်​နေရာကို မျက်နှာနီနီနဲ့ ညွှန်ပြလိုက်ပြီး စိတ်ဆိုးစွာ ​ပြောလိုက်သည်။ " ခင်ဗျားက ၀တ်ရုံလက်ပြတ်လား ? "

[ T / N ; အမှန်​တော့ ​နောက်ဆုံးစာ​ကြောင်းကို You are gay ? လို့​ရေးထားတာ ဒါ​ပေမယ့် အဲ့ဒါ​ရှေး​ခေတ်ဆို​တော့ gay ဆိုတဲ့အသုံးကရှိမှာ မဟုတ်ဘူး​လေ လိင်တူနှစ်သက်တဲ့သူလား ဆိုကျ​တော့လည်း စကား​ပြောကြီးဆို​တော့ နည်းနည်း​ထောက်​နေတယ်ထင်လို့ ၀တ်ရုံလက်ပြတ်လို့ပဲ​ရေးလိုက်​တော့တယ် ]

အမျိုးသားရဲ့မျက်နှာက အရင်ဆုံး ​အေးစက်လာသည်။အဲဒီ​နောက် သူက စစ်သူကြီးငယ်​လေးရဲ့အနားကို တိုးကပ်သွားပြီး နားရွက်ဖျား​တွေ နီသလိုဖြစ်​နေတဲ့ စစ်သူကြီးငယ်​လေးကို ဟိုလိုလို ဒီလိုလို စကား​ပြောလိုက်သည်။ " ကိုယ်က တရုတ်ပြည်ရဲ့​နွေဦးနဲ့​ဆောင်းဦးကာလထဲက ​ဝေ့နိုင်ငံရဲ့ဘုရင်မင်းမြတ်နဲ့ မီကျစ်ရှာတို့လိုမျိုး မင်းနဲ့အတူ မက်မွန်ပန်း​တွေကို မျှ​ဝေခံစားဖို့ ဆန္ဒရှိတယ် အဲဒါ​ကြောင့် မင်း​က​ရော ဟန်မင်းဆက်ရဲ့ဧကရာဇ်နဲ့တုန်းရှန့်လိုမျိုး ကိုယ့်အတွက် မင်းရဲ့၀တ်ရုံလက်ကို ဖြတ်ချင်လား ? "

အနီ​ရောင်ခန်းဆီး ကန့်လန့်ကာ​တွေ ​အောက်မှာ စစ်သူကြီးငယ်​လေးက ​ယောကျ်ားလား မိန်းမလား ​ပြောရခက်တဲ့ တစ်ဖက်လူကိုဘကြည့်​နေသည်။သူ့မျက်နှာ​လေးက အနီ​ရောင်​ပြောင်းသွားပြီး ခဏ​လောက်တုံ့ဆိုင်း​နေတဲ့ အမူအရာ​လေးနဲ့ ဘာမှ​ပြောမလာခဲ့​ပေ။

" Cut ! " ဒါရိုက်တာ​ဟော် စိတ်လှုပ်ရှားစွာနဲ့ သူ့လက်​တွေကို ပွတ်လိုက်မိသည်။သူ ဘယ်၀န်ထမ်းကိုမှ သူတို့နှစ်​ယောက်အနားကို သွားဖို့ ခွင့်မပြု​ပေ။သူကသာ အိပ်ရာ​ပေါ်က​နေဆင်းလာတဲ့ အမျိုးသားကြယ်ပွင့်နှစ်​ယောက်ဆီကို လျင်မြန်သွာ သွားလိုက်သည်။

​ပေါ်ယွီက မျက်နှာ​ပေါ်မှာ ရှက်ရွံ့​နေတဲ့အမူအရာမရှိဘဲ အရမ်းကို တည်ငြိမ်​နေသည်။​ဒါရိုက်တာ​ဟော် အူလှိုက်သည်းလှိုက် အကူအညီမဲ့စွာ ​တွေးလိုက်မိသည်။သူက တကယ့်ကို professional သရုပ်​ဆောင်ပါပဲ လက်ရှိ​လောကကို တန်းပြီး ပြန်​ရောက်လာနိုင်တယ်။

တခြား professional မင်းသားဖြစ်တဲ့ ​မော့အန်းယွီမှာ​တော့ အနည်းငယ် ပုံမှန်အတိုင်းမဟုတ်တဲ့ မျက်နှာအမူအရာမျိုးရှိ​နေသည်။ကံ​ကောင်းစွာနဲ့ သူက အခု​ ​ရှေး​ခေတ်၀တ်စုံကို ၀တ်ထားဆဲဖြစ်သည်။တစ်နည်း​ပြောရရင် သူ ရှက်​နေတယ်ဆိုတာကို ရှာ​တွေ့ဖို့ မဖြစ်နိုင်​ချေ။
[ T / N ; မျက်နှာဖုံးမချွတ်ရ​သေးလို့ပါ ]

​ပေါ်ယွီ သူ့ကို ဖျက်ကနဲ ကြည့်လိုက်သည်။

​မော့အန်းယွီက ရှက်​နေတယ်။

ဒါရိုက်တာ​ဟော်က ကြယ်ပွင့်နှစ်ယောက်ကြားမှာ ရှိ​နေတဲ့ လျှို့ဝှက်ဆက်သွယ်မှုကြီးကို နားမလည်ဘဲ ​နောက်ထပ်ဇာတ်၀င်ခန်းကို ရှင်းပြ​နေသည်။ " ​နောက်ဇာတ်၀င်ခန်းကကျ​တော့ သစ္စာ​ဖောက်ကို ​ဖြေရှင်းဖို့ နန်း​တော်ကို ဂိုဏ်းချုပ်က ​ရောက်လာပြီး စစ်သူကြီးငယ်​လေးက​တော့ မ​တော်တဆ အမှတ်မထင်နဲ့ အန္တရာယ်ရှိတဲ့​နေရာကို သွားမိသွားမယ် "

" ကျွန်​တော် အရင်ဆုံး ​သန့်စင်ခန်း သွားချင်လို့ပါ " ရုတ်တရက် ဂိုဏ်းချုပ်​နေရာမှာ သရုပ်​ဆောင်တဲ့ ​မော့အန်းယွီက ​​ပြောလိုက်သည်။

ဒါရိုက်တာ​ဟော်ဟာ မ​​မျှော်လင့်ဘဲ စကားဖြတ်​ပြောခံလိုက်ရတဲ့အခါ သူ့ရဲ့စိတ်လှုပ်ရှား​နေတဲ့မျက်နှာအမူအရာက ​ပျောက်ကွယ်သွားသည်။

​ပေါ်ယွီရဲ့မျက်နှာမှာ ခပ်​ဖျော့​ဖျော့ အပြုံးတစ်ခု ​ပေါ်လာသည်။သူ အ​ပေးအယူအတွက် ကူညီလိုက်သည်။ " မင်း ရိုက်ကွင်းမစခင်က ​​ရေ​တွေအများကြီး​သောက်ထားတာ အခုချိန်ထိ ​အောင့်ထားရတာ ခက်ခဲမှာပဲ သန့်စင်ခန်းသွားလိုက်ပါ "

ဒါရိုက်​တာဟော်ရဲ့မျက်နှာ​ပေါ်မှာ ရှက်ရွံ့မှု​တွေနဲ့မ​ကျေနပ်ချက်​တွေအစား စိတ်သက်သာရာရပြီး ရယ်​မောခြင်း​တွေက အစားထိုးလာ​တော့သည်။

ဒီအဓိပ္ပါယ်ပြည့်၀တဲ့ ပူး​ပေါင်း​ဆောင်ရွက်​ပေးမှုက ​မော့အန်းယွီကို ပိုပြီးရှက်​အောင်လုပ်​နေသည်။သူ ဘာမှပြန်မ​ပြော​တော့ဘဲ သန့်စင်ခန်းဆီ ​လျှောက်သွားလိုက်သည်။

​ပေါ်ယွီ သူ့လျှာကို သပ်လိုက်သည်။ဒီလူငယ်​လေးကို စိတ်ဆိုး​​အောင်လုပ်ရတာ လွယ်လိုက်တာ။

ဒါရိုက်တာ​ဟော်က ​ချောင်းဟန့်ပြီး ဆက်​ပြောလာသည်။ " ဒါနဲ့ မနက်ဖြန်ကျရင် ငါတို့ အင်တာနက်​ပေါ်မှာ အပိုင်းတစ်ကို တင်​တော့မှာ ​ကြော်ညာအတွက် အဲဒါကို အား​ပေးဖို့ မ​မေ့နဲ့​နော် "

ရိုက်ကူး​ရေးက အပိုင်းသုံးပိုင်း​လောက်ထိ ရိုက်ကူးပြီးပြီဖြစ်သည်။တစ်ပတ်မှာ တစ်ပိုင်းတင်ပြီး အဲဒီတစ်ပိုင်းရဲ့ကြည့်ရှူနှုန်းအရ ပထမဆုံးအပိုင်းကို တင်ရမယ့်အချိန်ဖြစ်သည်။

​ပေါ်ယွီ ​ခေါင်းငြိမ့်ပြလိုက်သည်။

••••••••••••••••••••••••••••••••••••••••••••••••••••

​ရေချိုးခန်းထဲတွင် ​မော့အန်းယွီရဲ့မျက်နှာက နီရဲ​နေပြီး သူ့လက်​တွေက​တော့ ခပ်မှန်မှန်​လေး လှုပ်ရှား​နေသည်။သူ့စိတ်ထဲမှာ ရှက်​သွေးဖြာ​နေတဲ့မျက်နှာ​လေးနဲ့ ​ပေါ်ယွီဟာ သူ့​အောက်မှာ လှဲ​လျောင်း​နေတဲ့ ပုံရိပ်​လေးက တဝဲလည်လည်ဖြစ်​နေသည်။

သူ့နှုတ်ခမ်း​တွေဟာ ​ရွေ့လျားသွားပြီး သူ အသံမထွက်ဘဲ ရွတ်လိုက်မိသည်။
" ပေါ်ယွီ "
.
.
.
.
.
.
.
.
.
.

Zawgyi

မိတ္ကပ္လိမ္းၿပီး​ေနာက္ ဓါတ္ပုံဆရာက ဓါတ္ပုံတခ်ိဳ႕ကို ႐ိုက္ကူးၿပီး အဲဒီပုံ​ေတြကို ​ေၾကာ္ညာအတြက္ တရား၀င္ website မွာ တင္လိုက္သည္။

​ေမာ့အန္းယြီက မိတ္ကပ္လိမ္းလို႔ ​ေစာၿပီးသြားတာ​ေၾကာင့္ သူ ၀တ္ရမယ့္ အ၀တ္အစား​ေတြကို လဲလိုက္သည္။သူက ​ေပၚယြီ႕ရဲ႕နား​ေနခန္းတံခါးနားမွာ ရပ္ၿပီး ​​ေပၚယြီကို တိတ္တဆိတ္ ​ေစာင့္​ေနသည္။

ရလဒ္​အေနနဲ႔က​ေတာ့ ​ေပၚယြီ ​ေ႐ွး​ေခတ္၀တ္စုံကို ၀တ္ၿပီး အျပင္ထြက္လာတဲ့အခ်ိန္မွာ သူ ၾကက္​ေသ​ေသသြား​ေတာ့သည္။

​ေပၚယြီဟာ အျဖဴ​ေရာင္၀တ္႐ုံနဲ႔အတူ က်က္သ​ေရ႐ွိၿပီး ​ေခ်ာ​ေမာခန္႔ညား​ေန​ေလသည္။သူ႕လက္ထဲမွာ ​ေက်ာက္စိမ္းယပ္​ေတာင္တစ္​ေခ်ာင္းကို ကိုင္​ေဆာင္ထားၿပီး အနက္​ေရာင္ဆံႏြယ္​ေတြကို ခပ္ျမင့္ျမင့္ စုစည္းထားသည္။

​ေပၚယြီရဲ႕မ်က္ႏွာက အခု​ေခတ္ အ၀တ္အစား​ေတြနဲ႔ဆိုရင္ အရမ္း​ေခ်ာ​ေမာခန္႔ညား​ေန႐ုံသာမက ​ေ႐ွး​ေခတ္အ၀တ္အစား​ေတြ ၀တ္ဆင္ထားရင္လည္း အလြန္ဆြဲ​ေဆာင္မႈ႐ွိသည္။ဒါ​ေၾကာင့္ ​ေပၚယြီ႕မွာ သူ သ႐ုပ္​ေဆာင္ႏိုင္တဲ့ ဇာတ္​ေကာင္ပုံစံအမ်ိဳးမ်ိဳး ႐ွိသည္။

​ေမာ့အန္းယြီက ခဏ​ေလာက္ အသက္႐ွဴရပ္သြားၿပီး​ေနာက္မွာ​ေတာ့ သူ လ်င္ျမန္စြာပဲ သတိျပန္၀င္လာသည္။​ေပၚယြီက တစ္ခုခုကို ရိပ္မိသြားမွာ သူ စိုးရိမ္​ေနမိသည္။

ဒါ​ေပမယ့္ ​ေမာ့အန္းယြီသာမက ၀န္ထမ္း​ေတြအပါအ၀င္ သ႐ုပ္​ေဆာင္မင္းသား​ေတြကို ကူညီဖို႔လာၾကတဲ့ နား​ေနခန္းအျပင္မွာ ရပ္​ေနၾကတဲ့ လူ​ေတြကလည္း ​ေပၚယြီကို ျမင္ၿပီးတဲ့အခါ သူတို႔​ေတြ တိတ္ဆိတ္သြားၾက​ေတာ့သည္။

​​ေပၚယြီက ယပ္​ေတာင္ကို ဖြင့္လိုက္ၿပီး ​ေလွ်ာက္လာကာ သူ႕လက္​ေမာင္းကို ​ေမာ့အန္းယြီရဲ႕ပုခုံး​ေပၚမွာ တင္လိုက္သည္။ " မင္း မင္းရဲ႕အ၀တ္အစား​ေတြနဲ႔ ဓါတ္ပုံ႐ိုက္ၿပီးသြားၿပီလား ? "

​ေမာ့အန္းယြီ ​ေခါင္းၿငိမ့္ျပလိုက္ၿပီး သူ႕နား႐ြက္​ေတြက​ေတာ့ အနီ​ေရာင္​ေျပာင္း​ေနၿပီျဖစ္သည္။သူ ​ေပၚယြီရဲ႕အ​ေ႐ွ႕မွာ ​ေျခ​ေလးလက္​ေလးလႈပ္ဖို႔ကို​ေတာင္ စိတ္လႈပ္႐ွား​ေနတာ​ေၾကာင့္ သူ႕ကိုယ္သူ ျပင္းျပင္းထန္ထန္ ထိန္းခ်ဳပ္​ေနရသည္။

ဒါ႐ိုက္တာ​ေဟာ္က ​ေပၚယြီရဲ႕​ေနာက္ဆုံး႐ိုက္ထားတဲ့ ဓါတ္ပုံ​ေတြကို ျမင္တဲ့အခါ သူလည္း ခဏ​ေလာက္ ၾကက္​ေသ​ေသသြားခဲ့သည္။အဲဒီ​ေနာက္ သူ ​ေပၚယြီဆီကို အံ့အားသင့္​ေနတဲ့မ်က္ႏွာႀကီးနဲ႔ ​ေျပးလာ​​ေတာ့သည္။ဒါက လုံး၀ကို သူ႕စိတ္ကူးထဲက ကုခ်န္က်င္းပဲ!!!

ကုခ်န္က်င္းဆိုတာ စစ္သူႀကီးငယ္​ေလးရဲ႕အမည္ျဖစ္သည္။

​ေမာ့အန္းယြီက စိတ္ပ်က္လက္ပ်က္ျဖစ္သြားသလို ခံစားလိုက္ရၿပီး စိတ္လႈပ္႐ွား​ေနတဲ့ ဒါ႐ိုက္တာ​ေဟာ္ကို တစ္ခ်က္​ေလာက္ၾကည့္ကာ ဘာစကားမွမ​ေျပာဘဲ သူ႕အၾကည့္​ေတြကို ႐ုတ္သိမ္းလိုက္သည္။

ဒါ႐ိုက္တာ​ေဟာ္က စိတ္လႈပ္႐ွားစြာ loudspeaker ကို ​ေျမႇာက္ၿပီး ​​ေျပာလိုက္သည္။ " အလုပ္,လုပ္ခ်ိန္​ေရာက္ၿပီ !!! အလုပ္,လုပ္ခ်ိန္ !!! "

••••••••••••••••••••••••••••••••••••••••••••••••••••

အင္ပါယာနန္းၿမိဳ႕​ေတာ္တြင္ အရင္အတိုင္းပဲ လမ္း​ေတြ​ေပၚမွာ လူ​ေတြအျပည့္နဲ႔ ဆူညံ​ေနၿပီး ​ေအး​ေအးခ်မ္းခ်မ္း ​ေစ်း​ေရာင္း​ေနၾကသူ​ေတြနဲ႔ ျပည့္ႏွက္​ေနသည္။​ေက်ာက္စိမ္းတုံး​ေလးလိုမ်ိဳး ​ေခ်ာ​ေမာခန္႔ညားၿပီး က်က္သ​ေရ႐ွိတဲ့ စစ္သူႀကီးငယ္​ေလးဟာ လက္မထပ္ရ​ေသးတဲ့ အမ်ိဳးသမီး​ေလး​ေတြရဲ႕ ​ေဘးက​ေန ျဖတ္သြားလိုက္သည္။အဲဒီအမ်ိဳးသမီး​ေလး​ေတြက သူမတို႔ရဲ႕ ​ေမႊးပ်ံ႕ရနံ႔သင္း​ေနတဲ့ လက္ကိုင္ပဝါ​ေတြကို ​ေျမျပင္​ေပၚမွာ က်ဲလိုက္ၾကၿပီး စစ္သူႀကီးငယ္​ေလးကို လက္ထက္ရဖို႔ တိတ္တိတ္​ေလး ဆု​ေတာင္း​ေနၾကသည္။

​ေပါ့​ေပါ့ပါးပါး ​ေနတတ္ၿပီး ရည္မြန္​​ေပမယ့္ သိကၡာတရား႐ွိတဲ့ စစ္သူႀကီးငယ္​ေလးက သူတို႔​ေတြကို ျပန္ၿပီးမတုံ႔ျပန္ဘဲ ယပ္​ေတာင္​ေလးကိုခပ္ကာ အ​ေစခံ​ေကာင္မ​ေလး​ေတြနဲ႔ ကစားဖို႔အတြက္ စံအိမ္ဆီကို ျပန္သြား​ေလသည္။

​ေနာက္ဇာတ္၀င္ခန္းတြင္ သံသယမ်ားတတ္တဲ့ ဧကရာဇ္အိုႀကီးက ​ေနာက္ဆုံးမွာ သူ႕ရဲျဆိုးသြမ္းတဲ့ ကိုယ္လုပ္​ေတာ္​ေတြနဲ႔ ​ေကာက္က်စ္စဥ္းလဲတဲ့ မိန္းမစိုး​ေတြရဲ႕ ​ေသြးထိုးလႈံ႕​ေဆာ္မႈ​ေၾကာင့္ လ်ိဳ႕ဝွက္အမိန္႔ျပန္တမ္းတစ္ခု ခ်မွတ္ခဲ့သည္ ; တရား၀င္ဇနီးက​ေန ​​ေမြးဖြားလာၿပီး စစ္ပြဲရဲ႕ နတ္ဘုရားစစ္သူႀကီးကို အမည္ရတဲ့ အႀကီးဆုံးသားျဖစ္သူဟာ စစ္​ေျမျပင္မွာ ​ေသဆုံးဖို႔ ဖိအား​ေပးခံခဲ့ရသည္။ဒုတိယသားက​ေတာ့ ​ေၾကာက္စရာ​ေကာင္းတဲ့ လူတစ္​ေယာက္က တမင္တကာ လက္ထိုးသူစာရင္းကို အသိ​ေပးလိုက္တာ​ေၾကာင့္ ၿမိဳ႕တံခါးမွာ ​ေခါင္းျဖတ္အသတ္ခံလိုက္ရသည္။

မာနႀကီးတဲ့ စစ္သူႀကီးငယ္​ေလးတစ္​ေယာက္တည္းသာ အသက္႐ွင္က်န္ရစ္ခဲ့သည္။

​ေနာက္ထပ္ဇာတ္၀င္ခန္း။

စစ္သူႀကီးငယ္​ေလးရဲ႕ အျဖဴ​ေရာင္၀တ္စုံဟာ အညစ္အ​ေၾကးဖုန္​ေတြနဲ႔ စြန္းထင္​ေနသည္။သူက ႐ႈပ္ပြ​ေနတဲ့ဆံႏြယ္​ေတြနဲ႔အတူ ​ေျမႀကီးေပၚမွာ အခက္​ေတြ႕စြာနဲ႔ ဒူး​ေထာက္​ေနၿပီး သူ႕ရဲ႕ဒုတိယအစ္ကို ​ေခါင္းျဖတ္ခံလိုက္ရတဲ့ ၿမိဳ႕တံခါးကို ဝိုးတဝါးၾကည့္​ေန​ေလသည္။

အနက္​ေရာင္၀တ္စုံ၀တ္ၿပီး မ်က္ႏွာဖုံးတပ္ထားတဲ့ လူတစ္​ေယာက္က သူ႕​​ေဘးမွာ မတ္တပ္ရပ္​ေနကာ စိတ္မ႐ွည္စြာနဲ႔ ​သူ႕ရဲ႕​ေမး​ေစ့ကို ​ေမာ့လိုက္သည္။ " မင္း ကလဲ့စား​ေခ်ခ်င္ရင္ အခ်ိန္ဆြဲမ​ေနနဲ႔ ။ ကြန္ဖူး​ေလ့က်င့္ဖို႔အတြက္ လုံလုံ​ေလာက္​ေလာက္ စား​ေသာက္ရမယ္ ။ ၿပီးရင္​ေတာ့ ဧကရာဇ္အိုႀကီးကို ဒုကၡ​ေပးဖို႔ ျပန္သြား​ေပါ့ "

" ကြၽန္​ေတာ္ ...... ကလဲ့စား​ေခ်ခ်င္တယ္ " ႏွလုံးသားကင္းမဲ့သြားတဲ့ စစ္သူႀကီးငယ္​ေလးက ခိုင္မာျပတ္သားတဲ့အမူအရာနဲ႔ မ်က္ႏွာဖုံး၀တ္ထားတဲ့လူကို ​ေမာ့ၾကည့္ကာ ထပ္​ေျပာလိုက္သည္။ " ကြၽန္​ေတာ္ ကလဲ့စား​ေခ်ခ်င္တယ္ "

မ်က္ႏွာဖုံးနဲ႔လူက ရယ္​ေမာကာ သစ္ပင္​ေပၚက​ေန ခုန္ခ်လိုက္သည္။သူ႕ရဲ႕လက္ကို စစ္သူႀကီးငယ္​ေလးရဲ႕ခါးမွာ ရစ္ပတ္လိုက္ၿပီး ​ေပါ့ပါးစြာ သူ႕​ေျခ​ေထာက္​ေတြကို ခုန္လိုက္တဲ့အခါ ခ်က္ခ်င္းပဲ မိုင္တစ္ရာ​ေလာက္အကြာကို ​ေရာက္႐ွိသြားသည္။

" Cut !!! "

ဒါ႐ိုက္တာ​ေဟာ္က နဖူး​ေပၚမွာ႐ွိ​ေနတဲ့ ​ေခြၽး​ေတြကို သုတ္ၿပီး ​ေလွကား​ေပၚမွာ ရပ္​ေနၾကရတုန္းပဲျဖစ္တဲ့ ​ေပၚယြီနဲ႔​ေမာ့အန္းယြီတို႔ကို ျမန္ျမန္ ​ေအာက္ခ်​ေပးဖို႔ ၀န္ထမ္း​ေတြကို ​ေျပာလိုက္သည္။

​ေမာ့အန္းယြီက ​ေလွကား​ေပၚက​ေနဆင္းလာၿပီး မ်က္ႏွာဖုံးကိုခြၽတ္ကာ လက္​ေထာက္တစ္​ေယာက္ကမ္း​ေပးလာတဲ့ ​ေရႏွစ္ဘူးကို ယူလိုက္သည္။အဲဒီ​ေနာက္ သူ တစ္ဘူးကို ​ေပၚယြီဆီ ​ေပးလိုက္သည္။ " အပူ႐ွပ္မွာစိုးလို႔ ​ေရနည္းနည္း​ေလာက္​ေသာက္လိုက္ပါဦး "

__________ အခုက ​ေဆာင္းဦးရာသီဆို​ေပမယ့္ ​ေန႔ခင္းဘက္​ေတြမွာ ရာသီဥတုပူ​ေနဆဲပင္ျဖစ္သည္။သူတို႔​ေတြက အလႊာ​ေတြအထပ္ထပ္ပါတဲ့ ​ေ႐ွး​ေခတ္၀တ္စုံ​ေတြကို ၀တ္လိုက္တဲ့အခါ ပိုၿပီးပူအိုက္သြားသလို ခံစားရသည္။ည​ေရာက္​ေတာ့ သူတို႔​ေတြ အလုပ္ၿပီးတဲ့အခါ သူတို႔ရဲ႕အ၀တ္အစား​ေတြက ​ေခြၽး​ေတြနဲ႔ စို႐ႊဲ​ေနလို႔သည္။

႐ိုက္ကူး​ေရး​ေန႔ ​ေတာ္​ေတာ္မ်ားမ်ားကို ျဖတ္သန္းၿပီး​ေနာက္ ​ေပၚယြီမွာ ​​ေမာ့အန္းယြီအ​ေပၚ ​ေကာင္းထဲ့ထင္ျမင္ခ်က္တစ္ခု႐ွိလာသည္။​​ေမာ့အန္းယြီက အျပင္ပန္းမွာ ​ေအးစက္​ေနပင္မယ့္ ​ေႏြး​ေထြးတဲ့ႏွလုံးသား႐ွိတယ္လို႔ ထင္မိသည္။သူ ​ေမာ့အန္းယြီဆီက ​ေရဘူးကို ယူၿပီး ​ေရအမ်ားႀကီးတစ္ငုံ ​ေသာက္လိုက္သည္။

​ေမာ့အန္းယြီလည္း ပါးစပ္နဲ႔အျပည့္ ​ေရခဲ​ေရကို ​ေမာ့​ေသာက္လိုက္သည္။သူ႕အ​ေပၚမွာ ​ေပၚယြီက ယုံၾကည္မႈ႐ွိတာကို စိတ္​ေက်နပ္​ေနတာ​ေၾကာင့္ သူ အရမ္းကို စိတ္အ​ေျခအ​ေန သိပ္​ေကာင္း​​ေနသည္။

အ၀တ္အစား​ေတြနဲ႔အဆင္တန္ဆာ​ေတြကို ဖယ္ၿပီးသြားတဲ့အခါ ​ေမာ့အန္းယြီက ​ေျပးလာၿပီး ​ေျပာလိုက္သည္။ " ​ေပၚယြီ , ဒီ​ေန႔ည ကြၽန္​ေတာ္တို႔အားလုံး အနားယူတဲ့​ေနနဲ႔ hotpot စားၿပီး သီခ်င္းသြားဆိုၾကမလို႔ ခင္ဗ်ား​ေရာ လိုက္မလား ? "

​ေပၚယြီ ​ေခါင္းခါလိုက္သည္။သူ အိမ္က က​ေလး​ေလးအတြက္ စိတ္ပူရ​ေသးသည္။ဒါ့ျပင္ ဒီ​ေန႔ ႐ိုက္ကြင္းကလည္း ခက္ခဲခဲ့တာ​ေၾကာင့္ သူ အိမ္ျပန္ၿပီး​ေတာ့သာ အနားယူခ်င္​ေနၿပီျဖစ္သည္။

​​ေမာ့အန္းယြီက ျပဳံး​ေနဆဲပင္ျဖစ္သည္။ၿပီး​ေတာ့ သူက ​ေပၚယြီ ျငင္းလိုက္တာကို စိတ္အ​ေႏွာင့္အယွက္ျဖစ္ပုံမရ​ေခ်။ " အဲဒါဆို ကြၽန္​ေတာ္ သူတို႔နဲ႔ သြားလိုက္​ေတာ့မယ္​ေနာ္ "

​ေပၚယြီက ​ေမာ့အန္းယြီကို လက္ယမ္းျပၿပီး car parking ​ေနရာကို လမ္း​ေလွ်ာက္သြားလိုက္သည္။

​ေပၚယြီ ထြက္သြားတာနဲ႔ တစ္ၿပိဳင္နက္ ​​ေမာ့အန္းယြီရဲ႕မ်က္ႏွာဟာ ခ်က္ခ်င္း​ ေျပာင္းလဲသြားၿပီး ​ေဒါသအရိပ္အ​ေယာင္​ေတြ လ်င္ျမန္စြာ ထြက္​ေပၚလာ​ေတာ့သည္။

အဲဒီ​ေနာက္မွာ ၀န္ထမ္း​ေလးတစ္​ေယာက္က ​ေရာက္လာၿပီး ​ေမာ့အန္းယြီရဲ႕မ်က္ႏွာအမူအရာကို သတိမထားမိဘဲ ​ေပ်ာ္႐ႊင္စြာ ​ေျပာလိုက္သည္။ " ​ေမာ့ , အားလုံး အဆင္သင့္ျဖစ္​ေနၾကၿပီ ဒါနဲ႔ ​ေပၚက သြားမွာလား မသြားဘူးတဲ့လား ? "

​ေမာ့အန္းယြီက ​ေပါ့​ေပါ့ပါးပါး ျပန္​ေျပာလိုက္သည္။ " သူ႕မွာ လုပ္စရာ႐ွိ​ေသးတယ္တဲ့ အဲဒါ​ေၾကာင့္ သူ အရင္ျပန္ႏွင့္သြားၿပီ အခုတင္ ကြၽန္​ေတာ္႕ကို ကြၽန္​ေတာ္႕ရဲ႕ကိုယ္စားလွယ္က ဖုန္းဆက္တယ္ ကြၽန္​ေတာ္လည္း မသြားႏိုင္​ေတာ့ဘူး အဲဒါ​ေၾကာင့္ မင္းတို႔​ေတြပဲ ​ေပ်ာ္ခဲ့လိုက္ၾကပါ "

၀န္ထမ္း​ေလးက စိတ္ပ်က္မႈ​ေတြနဲ႔ ျပည့္ႏွက္သြားသည္။သူက ​ေပၚယြီတို႔ ​​ေမာ့အန္းယြီတို႔နဲ႔အတူ အစားတစ္နပ္​ေလာက္​ေတာ့ စားရ​ေတာ့မယ္လို႔ ​ေတြးခဲ့တာျဖစ္သည္။ဒါ​ေပမယ့္ သူတို႔ေတြက တစ္ခ်ိန္တည္းမွာပဲ မအားလပ္ၾက​ေပ။

​ေမာ့အန္းယြီက ၀န္ထမ္း​ေလးရဲ႕ပုခုံးကို ၀တ္​ေက်တမ္း​ေက် ပုတ္​ေပးၿပီး ​ေျပာလိုက္သည္။ " ​ေက်းဇူးျပဳၿပီး ကြၽန္​ေတာ္ အရင္ျပန္ႏွင့္​ေတာ့မယ္ဆိုတာ ဒါ႐ိုက္တာ​ေဟာ္ကို ​ေျပာ​ေပးပါဦး "

​ေျပာၿပီးတာနဲ႔ သူ လ်င္ျမန္စြာ car parking ​ေနရာကို သြားလိုက္သည္။

ည​ေနခင္းအခ်ိန္က ကားအၾကပ္ဆုံးအခ်ိန္ပဲျဖစ္သည္။​ေပၚယြီ ​ေ႐ွ႕​ေနာက္တန္းစီ​ေနတဲ့ ယာဥ္တန္း႐ွည္ႀကီးကိုၾကည့္ၿပီး စိတ္ညစ္သြားသည္။

မူႀကိဳ​ေက်ာင္းက ည​ေန​ေလးနာရီဆိုရင္ ဆင္းၿပီျဖစ္သည္။သူ႕ရဲ႕အလုပ္​ေၾကာင့္ ​ေပၚယြီက ဆရာမခ်န္ကို ဖရဲသီး​ေလးနဲ႔ နာရီအနည္းငယ္​ေလာက္ထပ္ၿပီး အတူတူ႐ွိ​ေန​ေပးဖို႔ ​ေတာင္းဆိုထားကာ သူမက လတိုင္း အခ်ိန္ပိုအတြက္ လစာရ​ေလသည္။

အရင္က သူ မ်ား​​ေသာအားျဖင့္ မူႀကိဳ​ေက်ာင္းကို ​ေနာက္အက်ဆုံး ငါးနာရီ​ေလာက္ဆိုရင္ ​ေရာက္ၿပီျဖစ္သည္။ဒါ​ေပမယ့္ ဒီ​ေန႔ သူ ယာဥ္​ေၾကာထဲမွာ ပိတ္မိ​ေနတာ​ေၾကာင့္ ​ေျခာက္နာရီထိုး​ေလာက္မွ ​ေရာက္​ေတာ့မွာျဖစ္သည္။သူ႕ရဲ႕အူတူတူသား​ေလးက ျပသာနာ႐ွာမလား မ႐ွာဘူးလားဆိုတာ​ေတာ့ သူ မသိ​ေပ။

ညအခ်ိန္​ေရာက္လာၿပီျဖစ္သည္။ဟြားခ်န္ၿမိဳ႕​ေတာ္က မီး​ေရာင္စုံနဲ႔ ထိန္ထိန္လင္းကာ ​ေတာက္ပ​ေနသည္။

မိသားစုအိမ္တိုင္းရဲ႕ ျပတင္း​ေပါက္​ေတြဆီက​ေန အစားအစာနံ႔​ေတြ ပ်ံ႕လြင့္လာတဲ့ အခ်ိန္က်မွပဲ ​ေပၚယြီ မူႀကိဳ​ေက်ာင္းဆီကို ​ေရာက္​ေတာ့သည္။

ဆရာမခ်န္ဟာ လြန္ခဲ့တဲ့ဆယ္မိနစ္​ေလာက္တုန္းက ​ေပၚယြီဆီက​ေန ဖုန္းတစ္​ေကာရ႐ွိခဲ့သည္။သူမက သူမရဲ႕လက္​ေမာင္း​ေတြထဲမွာ ဖရဲသီး​ေလးကို ခ်ီထားၿပီး မူႀကိဳ​ေက်ာင္းတံခါး​ေပါက္​ေ႐ွ႕မွာ မတ္တပ္ရပ္​ေနသည္။​ေပၚယြီ​ ​ေရာက္လာတဲ့အခါ သူမ လ်င္ျမန္စြာ ထြက္လာခဲ့သည္။

ဖရဲသီး​ေလးက ​ေပၚယြီကို စကားလည္းမ​ေျပာ ဖက္​ေပးဖို႔လည္းမ​ေျပာဘဲ တည္ၿငိမ္တဲ့အမူအရာ​ေလးနဲ႔ သူ႕​ေခါင္း​ေလးကို ​ေနာက္လွည့္လိုက္သည္။

​ေပၚယြီရဲ႕ႏွလုံးသား​ေလးဟာ အံ့အားသင့္သြား​ေလသည္။

ဆရာမခ်န္က အကူအညီမဲ့စြာနဲ႔ သူမရဲ႕ႏႈတ္ခမ္းကို လႈပ္ကာ အသံမထြက္ဘဲ စကား​ေျပာလိုက္သည္။ဖရဲသီး​ေလး စိတ္ဆိုး​ေနတယ္။ အဲဒီ​ေနာက္ သူမက ဖရဲသီး​ေလးကို ​ေပၚယြီဆီေပးၿပီး ​ေျပာလိုက္သည္။
" မစၥတာ​ေပၚ , ကြၽန္မ အရင္ျပန္ႏွင့္​ေတာ့
မယ္ "

" ကြၽန္​ေတာ္ မင္းကို ကား​​ေမာင္းၿပီး အိမ္ျပန္ပို႔​ေပးပါရ​ေစ " ​ေပၚယြီ လက္တစ္ဖက္က ဖရဲသီး​ေလးကို ကိုင္ထားၿပီး တျခားတစ္ဖက္က ကား​ေသာ့ကို ကိုင္ထားသည္။

ဒီဆရာမ​ေလးမွာ ကားမပါဘူးဆိုတာနဲ႔ သူ႕ကိုသာ ​ေစာင့္မ​ေနရရင္ အိမ္ျပန္​ေရာက္တာ အ​ေတာ္ၾကာ​ေန​ေလာက္ၿပီဆိုတာကို ​ေပၚယြီ သိသည္။ဒါ​ေၾကာင့္ သူ သူမကို အားနာ​ေနၿပီး သူမတစ္​ေယာက္တဘ္း အိမ္ကို မျပန္​ေစခ်င္​ေပ။

ဆရာမခ်န္က ျပဳံးကာ သိပ္မ​ေဝးတဲ့​ေနရာမွာ ရပ္​ေနတဲ့ လူငယ္အမ်ိဳးသားတစ္ေယာက္ကို လက္ညိႇဳးၫႊန္ျပလိုက္သည္။

​ေပၚယြီ လ်င္ျမန္စြာ နားလည္သြားၿပီး ကားဆီျပန္သြားလိုက္​ေတာ့သည္။ဆရာမခ်န္က သူ႕​ေကာင္​ေလးနဲ႔ ထြက္သြားၾကတဲ့အခ်ိန္အထိ ​ေပၚယြီ မသြားရ​ေသး​ေပ။

မနီးမ​ေဝး​ေနရာမွာ ရပ္ထားတဲ့ ၿပိဳင္ကားအျဖဴ​ေရာင္​ေလးရဲ႕ပိုင္႐ွင္ဟာ အဲဒီျမင္ကြင္းကို တိတ္တဆိတ္ ၾကည့္​ေနခဲ့သည္။

ကားထဲတြင္ ​ေမာ့အန္းယြီက steering wheel ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားၿပီး ​ေပၚယြီနဲ႔​ေပၚယြီ႕လက္​​ေမာင္းထဲက က​ေလး​ေလးကို မ်က္​ေတာင္မခတ္ စိုက္ၾကည့္​ေနသည္။သူက နက္႐ိႈင္းတဲ့ မ်က္လုံး​ေတြနဲ႔အတူ ႏႈတ္ခမ္းကို တင္းတင္း​ေစ့ပိတ္ထားသည္။ဘယ္သူကမွ သူ ဘာ​ေတြ​ေတြး​ေနသလဲဆိုတာ မသိႏိုင္​ေပ။

ရယ္ဟြမ္က သူ႕လက္ထဲက ပန္းကန္ကို ခ်လိုက္ၿပီး လက္သုတ္ပဝါနဲ႔ သူ႕ပါးစပ္ကို ​ေၾကာ့​ေၾကာ့​ေမာ့​ေမာ့​ေလး သုတ္လိုက္သည္။အဲဒီ​ေနာက္ သူ ​ေျပာလိုက္သည္။ " ​ေမာ့အန္းယြီက ႐ူး​ေန​တာပဲ !!! သူက အသုံးစရိတ္​ေတြအမ်ားႀကီးသုံးထားတဲ့ ႐ႈပ္႐ွင္ကားႀကီးကိုက်​ေတာ့ ျငင္းၿပီး web series မွာ သ႐ုပ္​ေဆာင္ဖို႔ ​ေ႐ြးလိုက္တယ္​ေလ သူ အသိစိတ္လြတ္​ေနတာပဲျဖစ္ရမယ္ "

ခ်ီယန္က ဝိုင္တစ္ငုံ​ေသာက္ၿပီး ဆက္​ေျပာလိုက္သည္။ " web series က ဘာအမ်ိဳးအစားလဲ ? "

" အဲဒီ web series ရဲ႕ နာမည္က <The Young General> လို႔​ေခၚတယ္ရယ္ ကြၽန္​ေတာ္ အဲဒီဇာတ္ၫႊန္းကို ျမင္ဖူးတယ္ အစ္ကိုခ်ီ , အဲဒီဟာက အစ္ကို အခု႐ိုက္​ေနတဲ့ ​ေ႐ွး​ေခတ္ drama လို မ​ေကာင္းဘူး " ရယ္ဟြမ္က ခ်ီယန္႔ရဲ႕ဖိနပ္ကို လ်က္ဖို႔ ဘယ္​ေသာအခါမွ မ​ေမ့​ေပ။ " အဲဒီ web series က အကုန္လုံး ၾကည့္မ​​ေကာင္းဘူး "

ခ်ီယန္က ရယ္ဟြမ့္ရဲ႕အ​ေျပာကို စိတ္​ေက်နပ္သြားၿပီး အနည္းငယ္ ျပဳံးလိုက္သည္။ " ငါ ၾကားတာ​ေတာ့ ​ေပၚယြီက အဲဒီဇာတ္လမ္းတြဲမွာ ဇာတ္လိုက္​ေနရာက သ႐ုပ္​ေဆာင္မွာဆို သူ web series ​ေတြမွာ သ႐ုပ္​ေဆာင္ဖို႔ ​ေ႐ြးလိမ့္မယ္လို႔ ငါ တစ္ခါမွ မ​ေတြးဖူးဘူး "

ရယ္ဟြမ္ ​ေျပာလိုက္သည္။ " ​ေပၚယြီက ႏွစ္ႏွစ္​ေလာက္ သ႐ုပ္မ​ေဆာင္ခဲ့တာ အခုခ်ိန္မွာ ပရိသတ္ဘယ္​ေလာက္ကမ်ား သူ႕ကို မွတ္မိ​ေနမွာတဲ့လဲ ? သူ web series ​ေတြ​ေလာက္မွာပဲ ဇာတ္လိုက္​ေနရာက သ႐ုပ္​ေဆာင္ႏိုင္​ေတာ့တာ​ေလ တျခားတီဗြီဇာတ္လမ္းတြဲ​ေတြမွာဆိုရင္ သူ တတိယ​ေျမာက္ ဒါမွမဟုတ္ စတုထၳ​ေျမာက္ အမ်ိဳးသားဇာတ္ရံ​ေနရာ​ေလာက္မွာပဲ သ႐ုပ္​ေဆာင္လို႔ရမွာ "

သူ ဟိုးအရင္ ​ေပၚယြီနဲ႔ သ႐ုပ္​ေဆာင္ခဲ့တုန္းက သူဟာ တတိယ​ေျမာက္အမ်ိဳးသားဇာတ္ရံ​ေနရာမွာ သ႐ုပ္​ေဆာင္ခဲ့ရတာကို စဥ္းစားမိသြားတဲ့အခါ ခ်ီယန္ ​ေက်နပ္၀မ္းသာသြားသည္။သူ ရယ္ဟြမ္ရဲ႕​ေနရာကို နားလည္သည္​ေလ။

ရယ္ဟြမ္ကလည္း သူ႕ကို နားလည္ၿပီး အဲဒီကိစၥကို ျပန္ဆြဲမထုတ္​ေပ။သူ ဝိုင္ခြက္ကို မၿပီး တစ္ငုံ​​ေသာက္ခ်လိုက္သည္။

••••••••••••••••••••••••••••••••••••••••••••••••••••

ပရိသတ္​ေလးဟာ အသုံးျပဳသူမွတ္ခ်က္ အနည္းငယ္သာ႐ွိၿပီး နာမည္မႀကီးတဲ့ အြန္လိုင္းသုံးစြဲသူတစ္​ေယာက္ျဖစ္သည္။ဒါ​ေပမယ့္ ၀န္​ထမ္း​ေတြက ခုနစ္နာရီဆယ္မိနစ္​ေလာက္မွာ ​​ေ႐ွး​ေခတ္၀တ္စုံနဲ႔ဓါတ္ပုံအတြဲလိုက္ႀကီးကို အြန္လိုင္း​ေပၚ တင္လိုက္တဲ့အခ်ိန္မွာ ပရိသတ္​ေလးရဲ႕ တရား၀င္ website ဟာ မ်ားျပားလွစြာ​ေသာ အြန္လိုင္းအသုံးျပဳသူ​ေတြရဲ႕ ​ေမႊ​​ေႏွာက္ျခင္းကို ခံလိုက္ရၿပီး website ပ်က္လုနီးပါး ျဖစ္သြား​ေတာ့သည္။

《 အား , အား , အား , အရမ္း​ေခ်ာတာပဲ ​​ေက်းဇူးျပဳၿပီး ဓါးကိုင္ထားတဲ့ အျဖဴ​ေရာင္​ေလးနဲ႔ မိတ္ဆက္​ေပးၾကပါ အား , အား , အား 》

《 အား , အား , အား , အား , ဒါက ငါ့ရဲ႕ ​ေမာ့​ေမာ့ပဲ ​ေမာ့​ေမာ့ရဲ႕အ​ေနာက္မွာ ​ေခ်ာ​ေမာခန္႔ညား​​ေနတဲ့ ​ေကာင္​ေလးက ဘယ္သူလဲ ? သူတို႔ႏွစ္​ေယာက္က အတြဲ​ေတြလိုပဲ ! အရမ္းခ်စ္စရာ​ေကာင္းၿပီး ​ေခ်ာလိုက္တာ ! အား , အား , အား 》

《 ​ေခ်ာလိုက္တာ ! Computer screen ​ေပၚမွာ သိမ္းထားမယ္ ဖုန္း screen ​ေပၚမွာလည္း သိမ္းထားမယ္ ငါ​ေလး ​ေန႔တိုင္း screen ကို ထိုင္လ်က္​ေန​ေတာ့မယ္ ! LOL ! 》

အတိုခ်ဳပ္ရရင္​ေတာ့ ႏွစ္ႏွစ္ၾကာၿပီး​ေနာက္မွာ အျဖဴ​ေရာင္၀တ္စုံနဲ႔ က်က္သ​ေရ႐ွိၿပီး တင့္တယ္​ေနတဲ့ ​ေပၚယြီဟာ Weibo Hot Search list ထဲက Top Three ​မွာ ​ေနရာယူထား​ေလသည္။

နန္းပလႅင္​ေပၚမွာ ထိုင္​ေနတဲ့ ဧကရာဇ္ရဲ႕ အမိန္႔​ေတာ္​ေၾကာင့္ စစ္သူႀကီးငယ္​ေလးကို ႏွစ္​ေပါင္းမ်ားစြာ လိုက္လံ႐ွာ​ေဖြ​ေနၾကသည္။သူ႕ကိုယ္သူ တစ္​ေနရာၿပီးတစ္​ေနရာ အခ်ိန္အၾကာႀကီး ပုန္း​ေအာင္းခဲ့ၿပီး​ေနာက္မွာ​ေတာ့ ၾကံရာမရျဖစ္​ေနတဲ့ စစ္သူႀကီးငယ္​ေလးက မ်က္ႏွာဖုံးနဲ႔အမ်ိဳးသား႐ွိရာ ​ေဆာင္ၾကာၿမိဳင္ကို အ​ေျပးအလႊားသြားခဲ့သည္။

" ငါ မိန္းက​ေလး​ေတြ မလိုဘူး " အျပင္းအထန္ အထိတ္တလန္႔ျဖစ္​ေနတဲ့ စစ္သူႀကီးငယ္​ေလးက မားမားကို ထြက္သြားဖို႔​ေျပာလိုက္သည္။သူ ဝိုင္အိုးကို မလိုက္ၿပီး ​ေလးနက္တဲ့မ်က္ႏွာအမူအရာနဲ႔ ျပန္ခ်ထားလိုက္သည္။

အစ္ကိုအႀကီးဆုံးက ဖခင္ႏွင့္တူသည္ ဆိုတဲ့ဆို႐ိုး႐ွိသည္။အစ္ကိုျဖစ္သူႏွစ္​ေယာက္လုံးဟာ ​ေသဆုံးသြားၾကၿပီျဖစ္သည္။ဒါ​ေၾကာင့္ စစ္သူႀကီးငယ္​ေလးက ဒီသုံးႏွစ္မွာ အသားမစား၊အရက္မ​ေသာက္ဘဲ မိန္းမ​ေတြနဲ႔ ကလူက်ီစယ္တာမ်ိဳးကိုလည္း လုံး၀လုပ္​ေတာ့မွာမဟုတ္​ေပ။

မ်က္ႏွာဖုံးအုပ္ထားတဲ့ အမ်ိဳးသားဟာ ​ေအး​ေအး​ေဆး​ေဆး ဝိုင္ကို အရသာခံ​ေန​ေလသည္။သူ စစ္သူႀကီးငယ္​ေလးကို မ​ေလွာင္​ေျပာင္ရ​ေသးခင္မွာပဲ အျပင္က​ေနလာတဲ့ အသံ​ေတြကို ၾကားလိုက္ရသည္။သူ႕ရဲ႕မ်က္ႏွာအမူအရာက ခ်က္ခ်င္းပဲ ​ေျပာင္းလဲသြား​ေတာ့သည္။

" ဘန္း !!! " စစ္သားအုပ္ႀကီးက အျပင္က​ေန အခန္းတံခါးကို ဖ်က္ဆီးလိုက္သည္။

စစ္သား​ေတြရဲ႕ သတၱိ႐ွိတဲ့ ​ေခါင္း​ေဆာင္ျဖစ္သူက ​ေယာက်္ားဆန္စြာ ​ေျခလွမ္းက်ဲက်ဲနဲ႔ အခန္းထဲကို ၀င္လာခဲ့သည္။သူ အထဲမွာ အိမ္​ေျခရာမဲ့ စစ္သူႀကီးငယ္​ေလးကို ​မ​ေတြ႕ရ​ေခ်။ဒါ​ေပမယ့္ အိပ္ရာ​​ေပၚမွာ ​ေယာက်္ားတစ္​ေယာက္နဲ႔မိန္းမတစ္​ေယာက္ လူးလွိမ့္​ေနတာကို​ေတာ့ ျမင္လိုက္ရ​ေလသည္။႐ုတ္တရက္ သူ ​ေတာင့္တင္းသြား​ေတာ့သည္။

" မင္း ဘယ္သူလဲ ? " ​ေယာက်္ားျဖစ္သူရဲ႕အသံက ကြဲအက္​ေနၿပီး ​ေဒါသအနည္းငယ္ပါလို႔​ေနသည္။ " ထြက္သြား !!! "

သူတို႔ ဒီ​ေယာက်ာ္းနဲ႔မိန္းမကို အ​ေႏွာင့္အယွက္​ေပးမိလိုက္ၿပီဆိုတာကို စစ္သား​ေတြက သိသြားတာ​ေၾကာင့္ ဒီ​ေနရာက​ေန လ်င္ျမန္စြာ ထြက္သြားၾက​ေတာ့သည္။

အခန္းက ​ေနာက္တစ္ႀကိမ္ တိတ္ဆိတ္သြားတဲ့အခါ ​ေအာက္မွာလွဲ​ေလ်ာင္း​ေနတဲ့ 'အမ်ိဳးသမီး' ျဖစ္သူက အမ်ိဳးသားကို ​ေဘးတြန္းခ်လိုက္သည္။စစ္သူႀကီးငယ္​ေလးက အမ်ိဳးသားရဲ႕ခႏၶာကိုယ္​ေအာက္ပိုင္းတစ္​ေနရာကို မ်က္ႏွာနီနီနဲ႔ ၫႊန္ျပလိုက္ၿပီး စိတ္ဆိုးစြာ ​ေျပာလိုက္သည္။ " ခင္ဗ်ားက ၀တ္႐ုံလက္ျပတ္လား ? "

[ T / N ; အမွန္​ေတာ့ ​ေနာက္ဆုံးစာ​ေၾကာင္းကို You are gay ? လို႔​ေရးထားတာ ဒါ​ေပမယ့္ အဲ့ဒါ​ေ႐ွး​ေခတ္ဆို​ေတာ့ gay ဆိုတဲ့အသုံးက႐ွိမွာ မဟုတ္ဘူး​ေလ လိင္တူႏွစ္သက္တဲ့သူလား ဆိုက်​ေတာ့လည္း စကား​ေျပာႀကီးဆို​ေတာ့ နည္းနည္း​ေထာက္​ေနတယ္ထင္လို႔ ၀တ္႐ုံလက္ျပတ္လို႔ပဲ​ေရးလိုက္​ေတာ့တယ္ ]

အမ်ိဳးသားရဲ႕မ်က္ႏွာက အရင္ဆုံး ​ေအးစက္လာသည္။အဲဒီ​ေနာက္ သူက စစ္သူႀကီးငယ္​ေလးရဲ႕အနားကို တိုးကပ္သြားၿပီး နား႐ြက္ဖ်ား​ေတြ နီသလိုျဖစ္​ေနတဲ့ စစ္သူႀကီးငယ္​ေလးကို ဟိုလိုလို ဒီလိုလို စကား​ေျပာလိုက္သည္။ " ကိုယ္က တ႐ုတ္ျပည္ရဲ႕​ေႏြဦးနဲ႔​ေဆာင္းဦးကာလထဲက ​ေဝ့ႏိုင္ငံရဲ႕ဘုရင္မင္းျမတ္နဲ႔ မီက်စ္႐ွာတို႔လိုမ်ိဳး မင္းနဲ႔အတူ မက္မြန္ပန္း​ေတြကို မွ်​ေဝခံစားဖို႔ ဆႏၵ႐ွိတယ္ အဲဒါ​ေၾကာင့္ မင္း​က​ေရာ ဟန္မင္းဆက္ရဲ႕ဧကရာဇ္နဲ႔တုန္း႐ွန္႔လိုမ်ိဳး ကိုယ့္အတြက္ မင္းရဲ႕၀တ္႐ုံလက္ကို ျဖတ္ခ်င္လား ? "

အနီ​ေရာင္ခန္းဆီး ကန္႔လန္႔ကာ​ေတြ ​ေအာက္မွာ စစ္သူႀကီးငယ္​ေလးက ​ေယာက်္ားလား မိန္းမလား ​ေျပာရခက္တဲ့ တစ္ဖက္လူကိုဘၾကည့္​ေနသည္။သူ႕မ်က္ႏွာ​ေလးက အနီ​ေရာင္​ေျပာင္းသြားၿပီး ခဏ​ေလာက္တုံ႔ဆိုင္း​ေနတဲ့ အမူအရာ​ေလးနဲ႔ ဘာမွ​ေျပာမလာခဲ့​ေပ။

" Cut ! " ဒါ႐ိုက္တာ​ေဟာ္ စိတ္လႈပ္႐ွားစြာနဲ႔ သူ႕လက္​ေတြကို ပြတ္လိုက္မိသည္။သူ ဘယ္၀န္ထမ္းကိုမွ သူတို႔ႏွစ္​ေယာက္အနားကို သြားဖို႔ ခြင့္မျပဳ​ေပ။သူကသာ အိပ္ရာ​ေပၚက​ေနဆင္းလာတဲ့ အမ်ိဳးသားၾကယ္ပြင့္ႏွစ္​ေယာက္ဆီကို လ်င္ျမန္သြာ သြားလိုက္သည္။

​ေပၚယြီက မ်က္ႏွာ​ေပၚမွာ ႐ွက္႐ြံ႕​ေနတဲ့အမူအရာမ႐ွိဘဲ အရမ္းကို တည္ၿငိမ္​ေနသည္။​ဒါ႐ိုက္တာ​ေဟာ္ အူလိႈက္သည္းလိႈက္ အကူအညီမဲ့စြာ ​ေတြးလိုက္မိသည္။သူက တကယ့္ကို professional သ႐ုပ္​ေဆာင္ပါပဲ လက္႐ွိ​ေလာကကို တန္းၿပီး ျပန္​ေရာက္လာႏိုင္တယ္။

တျခား professional မင္းသားျဖစ္တဲ့ ​ေမာ့အန္းယြီမွာ​ေတာ့ အနည္းငယ္ ပုံမွန္အတိုင္းမဟုတ္တဲ့ မ်က္ႏွာအမူအရာမ်ိဳး႐ွိ​ေနသည္။ကံ​ေကာင္းစြာနဲ႔ သူက အခု​ ​ေ႐ွး​ေခတ္၀တ္စုံကို ၀တ္ထားဆဲျဖစ္သည္။တစ္နည္း​ေျပာရရင္ သူ ႐ွက္​ေနတယ္ဆိုတာကို ႐ွာ​ေတြ႕ဖို႔ မျဖစ္ႏိုင္​ေခ်။
[ T / N ; မ်က္ႏွာဖုံးမခြၽတ္ရ​ေသးလို႔ပါ ]

​ေပၚယြီ သူ႕ကို ဖ်က္ကနဲ ၾကည့္လိုက္သည္။

​ေမာ့အန္းယြီက ႐ွက္​ေနတယ္။

ဒါ႐ိုက္တာ​ေဟာ္က ၾကယ္ပြင့္ႏွစ္ေယာက္ၾကားမွာ ႐ွိ​ေနတဲ့ လွ်ိဳ႕ဝွက္ဆက္သြယ္မႈႀကီးကို နားမလည္ဘဲ ​ေနာက္ထပ္ဇာတ္၀င္ခန္းကို ႐ွင္းျပ​ေနသည္။ " ​ေနာက္ဇာတ္၀င္ခန္းကက်​ေတာ့ သစၥာ​ေဖာက္ကို ​ေျဖ႐ွင္းဖို႔ နန္း​ေတာ္ကို ဂိုဏ္းခ်ဳပ္က ​ေရာက္လာၿပီး စစ္သူႀကီးငယ္​ေလးက​ေတာ့ မ​ေတာ္တဆ အမွတ္မထင္နဲ႔ အႏၲရာယ္႐ွိတဲ့​ေနရာကို သြားမိသြားမယ္ "

" ကြၽန္​ေတာ္ အရင္ဆုံး ​သန္႔စင္ခန္း သြားခ်င္လို႔ပါ " ႐ုတ္တရက္ ဂိုဏ္းခ်ဳပ္​ေနရာမွာ သ႐ုပ္​ေဆာင္တဲ့ ​ေမာ့အန္းယြီက ​​ေျပာလိုက္သည္။

ဒါ႐ိုက္တာ​ေဟာ္ဟာ မ​​ေမွ်ာ္လင့္ဘဲ စကားျဖတ္​ေျပာခံလိုက္ရတဲ့အခါ သူ႕ရဲ႕စိတ္လႈပ္႐ွား​ေနတဲ့မ်က္ႏွာအမူအရာက ​ေပ်ာက္ကြယ္သြားသည္။

​ေပၚယြီရဲ႕မ်က္ႏွာမွာ ခပ္​ေဖ်ာ့​ေဖ်ာ့ အျပဳံးတစ္ခု ​ေပၚလာသည္။သူ အ​ေပးအယူအတြက္ ကူညီလိုက္သည္။ " မင္း ႐ိုက္ကြင္းမစခင္က ​​ေရ​ေတြအမ်ားႀကီး​ေသာက္ထားတာ အခုခ်ိန္ထိ ​ေအာင့္ထားရတာ ခက္ခဲမွာပဲ သန္႔စင္ခန္းသြားလိုက္ပါ "

ဒါ႐ိုက္​တာေဟာ္ရဲ႕မ်က္ႏွာ​ေပၚမွာ ႐ွက္႐ြံ႕မႈ​ေတြနဲ႔မ​ေက်နပ္ခ်က္​ေတြအစား စိတ္သက္သာရာရၿပီး ရယ္​ေမာျခင္း​ေတြက အစားထိုးလာ​ေတာ့သည္။

ဒီအဓိပၸါယ္ျပည့္၀တဲ့ ပူး​ေပါင္း​ေဆာင္႐ြက္​ေပးမႈက ​ေမာ့အန္းယြီကို ပိုၿပီး႐ွက္​ေအာင္လုပ္​ေနသည္။သူ ဘာမွျပန္မ​ေျပာ​ေတာ့ဘဲ သန္႔စင္ခန္းဆီ ​ေလွ်ာက္သြားလိုက္သည္။

​ေပၚယြီ သူ႕လွ်ာကို သပ္လိုက္သည္။ဒီလူငယ္​ေလးကို စိတ္ဆိုး​​ေအာင္လုပ္ရတာ လြယ္လိုက္တာ။

ဒါ႐ိုက္တာ​ေဟာ္က ​ေခ်ာင္းဟန္႔ၿပီး ဆက္​ေျပာလာသည္။ " ဒါနဲ႔ မနက္ျဖန္က်ရင္ ငါတို႔ အင္တာနက္​ေပၚမွာ အပိုင္းတစ္ကို တင္​ေတာ့မွာ ​ေၾကာ္ညာအတြက္ အဲဒါကို အား​ေပးဖို႔ မ​ေမ့နဲ႔​ေနာ္ "

႐ိုက္ကူး​ေရးက အပိုင္းသုံးပိုင္း​ေလာက္ထိ ႐ိုက္ကူးၿပီးၿပီျဖစ္သည္။တစ္ပတ္မွာ တစ္ပိုင္းတင္ၿပီး အဲဒီတစ္ပိုင္းရဲ႕ၾကည့္႐ွဴႏႈန္းအရ ပထမဆုံးအပိုင္းကို တင္ရမယ့္အခ်ိန္ျဖစ္သည္။

​ေပၚယြီ ​ေခါင္းၿငိမ့္ျပလိုက္သည္။

••••••••••••••••••••••••••••••••••••••••••••••••••••

​ေရခ်ိဳးခန္းထဲတြင္ ​ေမာ့အန္းယြီရဲ႕မ်က္ႏွာက နီရဲ​ေနၿပီး သူ႕လက္​ေတြက​ေတာ့ ခပ္မွန္မွန္​ေလး လႈပ္႐ွား​ေနသည္။သူ႕စိတ္ထဲမွာ ႐ွက္​ေသြးျဖာ​ေနတဲ့မ်က္ႏွာ​ေလးနဲ႔ ​ေပၚယြီဟာ သူ႕​ေအာက္မွာ လွဲ​ေလ်ာင္း​ေနတဲ့ ပုံရိပ္​ေလးက တဝဲလည္လည္ျဖစ္​ေနသည္။

သူ႕ႏႈတ္ခမ္း​ေတြဟာ ​ေ႐ြ႕လ်ားသြားၿပီး သူ အသံမထြက္ဘဲ ႐ြတ္လိုက္မိသည္။
" ေပၚယြီ "
.
.
.
.
.
.
.
.
.
.

Continue Reading

You'll Also Like

12.9K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...
503K 83.3K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်