[Unicode]
နေ့လည်ခင်းမှာ ကျောင်းကပိတ်ထားတယ်။
နေ့လည်စာစားဖို့အတွက် ကန်တင်းကိုသွားဖို့လိုတယ်။
အခုတလော၊ ဖက်တီးက ကောင်မလေးတစ်ယောက်ကိုသဘောကျနေတာ။
ဝိတ်ချမယ်လို့ကြိမ်းဝါးပြီး နေ့လည်စာမစားတော့ဘူး။
ယန်ထန်ကတိတ်တဆိတ်ကျိန်ဆဲမိရင်း ခုံကထဖို့ပြင်ချိန်မှာပဲ၊ စားပွဲဖော်လေးဟာလည်း နေ့လည်စာစားလေ့မရှိတာကို သတိရသွားတယ်။
ဝိတ်ချတာတော့မဖြစ်နိုင်ဘူး။
ဝိတ်သာချရင် အရိုးတွေပဲကျန်တော့မဲ့လူမျိုးလေ။
ကန်တင်းသွားဖို့ အနောက်တံခါးကထွက်ချိန်မှာပဲ၊ စားပွဲဖော်လေးရဲ့နောက်ကျောကို ဖျတ်ခနဲမြင်လိုက်ရတယ်။
ထင်းရှူးပင်လိုပဲ၊ သန်မာပြီး ဖြောင့်မတ်တယ်။
"ဟေး၊ ကန်တင်းမှာ တစ်ခုဝယ်တစ်ခုရတယ်။ ငါမစားနိုင်တော့ဘူး၊ မင်းကိုပေးမယ်"
ပူနွေးနွေးဖက်ထုပ်တွေဟာ ဟယ်ရှင်းချွမ်လက်ထဲရောက်လာခဲ့တယ်။
ယန်ထန်ကတော့ စားပွဲပေါ်မှောက်အိပ်ဖို့ပြင်နေပြီ။
သူ့ရဲ့စကားသံဟာ အတက်အနိမ့်လုံးဝရှိမနေဘဲ၊ ဘယ်လိုမှအရေးမကြီးသည့်အလားပင်။
ဟယ်ရှင်းချွမ်က ဖက်ထုပ်တွေကိုငုံ့ကြည့်မိလိုက်တယ်၊ အစာအိမ်ကတော့အနည်းငယ်နာနေပြီ။
ဖက်ထုပ်ကိုစားရင်း ရေလည်းသောက်လိုက်ကာ၊ နာနေတဲ့အစာအိမ်ကတော့ သက်သာသွားခဲ့ပြီဖြစ်တယ်။
နေ့ခင်းပိုင်းအတန်းတွေက အနုပညာဘာသာရပ်တွေချည်းပဲ၊ လူတိုင်းဟာ အိပ်ငိုက်နေရတယ်။
ယန်ထန်ကတော့ အတန်းအစကနေအဆုံးထိ အိပ်ပျော်နေခဲ့တယ်။
သမ်းဝေရင်း ပစ္စည်းတွေသိမ်းနေကာ၊ ထို့နောက်မှာတော့ အနောက်တံခါးပေါက်ကနေပဲ ထွက်ခွါသွားလိုက်တယ်။
ဟယ်ရှင်းချွမ်က အိမ်စာပြီးအောင်လုပ်နေပြီး၊ အတန်းပြီးတဲ့အထိစောင့်နေလိုက်တယ်။
အတန်းပြီးချိန်မှာ ကန်တင်းဆီရောက်လာခဲ့တယ်။
ကန်တင်းအန်တီကြီးက ဒီအရပ်ရှည်ရှည်ကျောင်းသားလေးကို အရမ်းသဘောကျတယ်။
ဒါပေမဲ့၊ ဒီကျောင်းသားလေးမိသားစုက အဆင်မပြေဘူးဆိုတာကိုတော့ လူတိုင်းနီးပါးသိထားတယ်။
အထက်လူကြီးတွေကတောင် ကျောင်းသားလေးကိုကူညီဖို့ပြောထားတာပဲ။
အဲ့တော့ အန်တီကြီးက အစားအသောက်များများကို နေ့တိုင်းထည့်ပေးလေ့ရှိတယ်။
နည်းနည်းလေးတောင်မှ စိတ်မလုံစရာအကြောင်းမရှိဘူး။
"အန်တီ...အရမ်းများနေပြီ"
ကန်တင်းအန်တီကြီးက နောက်ထပ်ဇွန်းအပြည့်ကိုထည့်ပေးလိုက်ပြီးနောက် စကားဆိုလာတယ်
"ဒီအချိန်ကြီး ဘယ်ကျောင်းသားမှလာမစားဘူး၊ အဲ တတိယနှစ်တွေကလွဲလို့ပေါ့။ သားကိုသာမထည့်ပေးရရင် အကုန်အလကားဖြစ်ကုန်မှာ၊ စိတ်ချလက်ချသာစား သားအများကြီးစားတာမြင်ရင် အန်တီလည်းပျော်ရတာပေါ့"
ဟယ်ရှင်းချွမ်ကအပြုံးလေးဖြင့် အန်တီကြီးရဲ့စေတနာကိုလက်ခံလိုက်ကာ၊ မေးခွန်းတစ်ခုမေးလာတယ်
"အန်တီ ဒီနေ့ဖက်ထုပ်ကို တစ်ခုဝယ်တစ်ခုပေးတာမျိုး လုပ်သေးလား?"
"အာ? တစ်ခုဝယ်တစ်ခုပေးတာလား? အဲ့လိုတော့မကြားမိပါဘူး၊ ဘာလို့လဲ သားမဝသေးလို့လား? အန်တီဖက်ထုပ်တွေထပ်ပေးရမလား?"
"မဟုတ်ဘူး အန်တီ၊ ကျွန်တော်ဝနေပါပြီ"
ဟယ်ရှင်းချွမ်ကပြုံးပြလိုက်ပြီး နေရာဆီပြန်လာခဲ့တယ်။
ဇွန်းကိုကိုင်ထားမိပေမဲ့ ထမင်းစားမဝင်သေးဘူး။
တစ်နေ့မှာ တစ်နပ်ပဲစားရတာ၊ ညနေကျရင်လည်း အချိန်ပိုင်းအလုပ်လုပ်ရဦးမယ်။
အဲ့တော့ အခုချိန်မှာထမင်းများများစားထားမှဖြစ်မှာ၊ ကြာရှည်အဆာခံနိုင်အောင်ပေါ့။
စားသောက်ပြီးနောက်မှာ၊ ပန်းကန်တွေကို ဘေစင်ပေါ်သွားတင်လိုက်တယ်။
ခဏလောက်စဉ်းစားလိုက်ပြီး၊ ဖက်ထုပ်တွေကို သွားပြန်ဝယ်လာခဲ့တယ်။
နေ့ခင်းတုန်းက သူစားခဲ့တာကအကောင်းဆုံးပဲ။
ပါစတာပူပူနွေးနွေးကို ထမင်းနဲ့ရောထားတယ်၊ အသားပြားဖတ်လေးတွေနဲ့ အာလူးပါးပါးလေးတွေလည်းပါဝင်သေး။
ချိုမြိန်ပြီးနူးညံ့တဲ့အရသာလေး။
"ဒါကဘာလဲ?"
ဟယ်ရှင်းချွမ်က တစ်ချက်လှမ်းကြည့်လိုက်ပြီး အဖြေပြန်ပေးလာတယ်။
"ချောကလက်"
"မဟုတ်ဘူးလေ...ဒါကချောကလက်မှန်း ငါသိတာပေါ့၊ ဘာလို့ငါ့စားပွဲပေါ်မှာလဲ?"
ယန်ထန်က လွယ်အိတ်ကိုဘေးချကာ၊ ချောကလက်ကိုကောက်ယူလိုက်တယ်။
သတ္တုပြားအုပ်ထားတဲ့ အလုံးသေးသေးလေးဟာ ချိုမြမြအနံ့တွေထွက်ပေါ်လို့နေတယ်။
ဟယ်ရှင်းချွမ်က ပြောလာတယ်
"ငါကညပိုင်းဆို ချိုချဉ်ဆိုင်မှာအလုပ်လုပ်တာ၊ ဒါကို မနေ့တုန်းကငါကိုယ်တိုင်လုပ်ထားတာ"
ယန်ထန်ကမျက်ခုံးပင့်ပြပြီး၊ သတ္တုပြားကိုခွါလိုက်ကာ ချောကလက်ကိုပါးစပ်ထဲထည့်လိုက်တယ်။
ချောကလက်ရဲ့အရသာဟာ ကွတ်ကီးအပိုင်းအစလေးတွေနဲ့ရောယှက်ထားတယ်။
အရသာကထူးဆန်းပေမဲ့ လက်မခံနိုင်လောက်တဲ့အထိတော့မဟုတ်ဘူး။
"မထင်ရဘူးပဲ၊ မင်းကဒါမျိုးလုပ်တတ်တယ်လို့"
ပြောရင်းနဲ့ပဲ၊ ပန်ကိတ်တစ်ခုကို ယန်ထန်ကကမ်းပေးလာတယ်။
"အန်တီကြီးက ကြက်သွန်မြိတ်တွေထည့်ပေးလိုက်တယ်။ အဲ့အနံ့ကိုသဘောမကျဘူး၊ မင်းကိုပေးမယ်လေ အလကားမဖြစ်တော့ဘူးပေါ့"
ပြောပြီးနောက်မှာ၊ သူ့လွယ်အိတ်ထဲက ပေါင်မုန့်နဲ့နွားနို့ဗူးကိုထုတ်လိုက်တယ်။
ဟယ်ရှင်းချွမ်က မငြင်းပါဘူး၊ ပန်ကိတ်ကိုလှမ်းယူကာ စတင်စားလိုက်တယ်။
ရှားရှားပါးပါးမနက်စာလေး။
နောက်ပိုင်းမှာတော့၊ ဟယ်ရှင်းချွမ်ဟာ ချိုချဉ်မျိုးစုံကို ယန်ထန်အတွက်ယူလာပေးတယ်။
ယန်ထန်ကလည်း မုန့်မျိုးစုံဝယ်ကျွေးလေ့ရှိတယ်။
ဘယ်တော့မှ အမှန်အတိုင်းမပြောပြကျဘူး။
တစ်ယောက်မျက်နှာ တစ်ယောက်ထောက်ကျတယ်လေ။
စိတ်အားထက်သန်မှုများ အပြည့်အဝဖြင့်။
ကာယအချိန်အပြီးမှာ၊ ဖက်တီးကဟောဟဲဆိုက်ရင်း ပြေးထွက်လာတယ်။
သူပြေးပုံကိုကြည့်ရင်း ယန်ထန်ကရယ်နေရတယ်။
ဘတ်စကတ်ဘောကိုပုတ်နေပြီး ပြောလိုက်တယ်
"နောက်တစ်ခါကျရင် လှိမ့်သာလာခဲ့၊ အဲ့ဒါမှပိုမြန်ဦးမယ်"
ဖက်တီးက သူ့ဟာသကိုလျစ်လျူရှုလိုက်ပြီး
"သူတို့တွေ! ပိတ်ထားကျပြီ...ယွဲ့အာကို၊ ကျောင်းအနောက်ဘက်ဂိတ်မှာ...ထန်ကောကို စောင့်နေကျတယ်..."
ယန်ထန်နှုတ်ခမ်းထက်ကအပြုံးတို့ဟာ ပျောက်ကွယ်သွားရပြီ။
ဘတ်စကတ်ဘောကို ဘေးလွှင့်ပစ်လိုက်ပြီး၊ ကျောင်းအနောက်ဘက်ဂိတ်ဆီသို့ ခြေလှမ်းတွေပြင်လိုက်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
ေန႔လည္စာစားဖို႔အတြက္ ကန္တင္းကိုသြားဖို႔လိုတယ္။
အခုတေလာ၊ ဖက္တီးက ေကာင္မေလးတစ္ေယာက္ကိုသေဘာက်ေနတာ။
ဝိတ္ခ်မယ္လို႔ႀကိမ္းဝါးၿပီး ေန႔လည္စာမစားေတာ့ဘူး။
ယန္ထန္ကတိတ္တဆိတ္က်ိန္ဆဲမိရင္း ခုံကထဖို႔ျပင္ခ်ိန္မွာပဲ၊ စားပြဲေဖာ္ေလးဟာလည္း ေန႔လည္စာစားေလ့မရွိတာကို သတိရသြားတယ္။
ဝိတ္ခ်တာေတာ့မျဖစ္ႏိုင္ဘူး။
ဝိတ္သာခ်ရင္ အ႐ိုးေတြပဲက်န္ေတာ့မဲ့လူမ်ိဳးေလ။
ကန္တင္းသြားဖို႔ အေနာက္တံခါးကထြက္ခ်ိန္မွာပဲ၊ စားပြဲေဖာ္ေလးရဲ႕ေနာက္ေက်ာကို ဖ်တ္ခနဲျမင္လိုက္ရတယ္။
ထင္းရွဴးပင္လိုပဲ၊ သန္မာၿပီး ေျဖာင့္မတ္တယ္။
"ေဟး၊ ကန္တင္းမွာ တစ္ခုဝယ္တစ္ခုရတယ္။ ငါမစားႏိုင္ေတာ့ဘူး၊ မင္းကိုေပးမယ္"
ပူေႏြးေႏြးဖက္ထုပ္ေတြဟာ ဟယ္ရွင္းခြၽမ္လက္ထဲေရာက္လာခဲ့တယ္။
ယန္ထန္ကေတာ့ စားပြဲေပၚေမွာက္အိပ္ဖို႔ျပင္ေနၿပီ။
သူ႔ရဲ႕စကားသံဟာ အတက္အနိမ့္လုံးဝရွိမေနဘဲ၊ ဘယ္လိုမွအေရးမႀကီးသည့္အလားပင္။
ဟယ္ရွင္းခြၽမ္က ဖက္ထုပ္ေတြကိုငုံ႔ၾကည့္မိလိုက္တယ္၊ အစာအိမ္ကေတာ့အနည္းငယ္နာေနၿပီ။
ဖက္ထုပ္ကိုစားရင္း ေရလည္းေသာက္လိုက္ကာ၊ နာေနတဲ့အစာအိမ္ကေတာ့ သက္သာသြားခဲ့ၿပီျဖစ္တယ္။
ေန႔ခင္းပိုင္းအတန္းေတြက အႏုပညာဘာသာရပ္ေတြခ်ည္းပဲ၊ လူတိုင္းဟာ အိပ္ငိုက္ေနရတယ္။
ယန္ထန္ကေတာ့ အတန္းအစကေနအဆုံးထိ အိပ္ေပ်ာ္ေနခဲ့တယ္။
သမ္းေဝရင္း ပစၥည္းေတြသိမ္းေနကာ၊ ထို႔ေနာက္မွာေတာ့ အေနာက္တံခါးေပါက္ကေနပဲ ထြက္ခြါသြားလိုက္တယ္။
ဟယ္ရွင္းခြၽမ္က အိမ္စာၿပီးေအာင္လုပ္ေနၿပီး၊ အတန္းၿပီးတဲ့အထိေစာင့္ေနလိုက္တယ္။
အတန္းၿပီးခ်ိန္မွာ ကန္တင္းဆီေရာက္လာခဲ့တယ္။
ကန္တင္းအန္တီႀကီးက ဒီအရပ္ရွည္ရွည္ေက်ာင္းသားေလးကို အရမ္းသေဘာက်တယ္။
ဒါေပမဲ့၊ ဒီေက်ာင္းသားေလးမိသားစုက အဆင္မေျပဘူးဆိုတာကိုေတာ့ လူတိုင္းနီးပါးသိထားတယ္။
အထက္လူႀကီးေတြကေတာင္ ေက်ာင္းသားေလးကိုကူညီဖို႔ေျပာထားတာပဲ။
အဲ့ေတာ့ အန္တီႀကီးက အစားအေသာက္မ်ားမ်ားကို ေန႔တိုင္းထည့္ေပးေလ့ရွိတယ္။
နည္းနည္းေလးေတာင္မွ စိတ္မလုံစရာအေၾကာင္းမရွိဘူး။
"အန္တီ...အရမ္းမ်ားေနၿပီ"
ကန္တင္းအန္တီႀကီးက ေနာက္ထပ္ဇြန္းအျပည့္ကိုထည့္ေပးလိုက္ၿပီးေနာက္ စကားဆိုလာတယ္
"ဒီအခ်ိန္ႀကီး ဘယ္ေက်ာင္းသားမွလာမစားဘူး၊ အဲ တတိယႏွစ္ေတြကလြဲလို႔ေပါ့။ သားကိုသာမထည့္ေပးရရင္ အကုန္အလကားျဖစ္ကုန္မွာ၊ စိတ္ခ်လက္ခ်သာစား သားအမ်ားႀကီးစားတာျမင္ရင္ အန္တီလည္းေပ်ာ္ရတာေပါ့"
ဟယ္ရွင္းခြၽမ္ကအၿပဳံးေလးျဖင့္ အန္တီႀကီးရဲ႕ေစတနာကိုလက္ခံလိုက္ကာ၊ ေမးခြန္းတစ္ခုေမးလာတယ္
"အန္တီ ဒီေန႔ဖက္ထုပ္ကို တစ္ခုဝယ္တစ္ခုေပးတာမ်ိဳး လုပ္ေသးလား?"
"အာ? တစ္ခုဝယ္တစ္ခုေပးတာလား? အဲ့လိုေတာ့မၾကားမိပါဘူး၊ ဘာလို႔လဲ သားမဝေသးလို႔လား? အန္တီဖက္ထုပ္ေတြထပ္ေပးရမလား?"
"မဟုတ္ဘူး အန္တီ၊ ကြၽန္ေတာ္ဝေနပါၿပီ"
ဟယ္ရွင္းခြၽမ္ကၿပဳံးျပလိုက္ၿပီး ေနရာဆီျပန္လာခဲ့တယ္။
ဇြန္းကိုကိုင္ထားမိေပမဲ့ ထမင္းစားမဝင္ေသးဘူး။
တစ္ေန႔မွာ တစ္နပ္ပဲစားရတာ၊ ညေနက်ရင္လည္း အခ်ိန္ပိုင္းအလုပ္လုပ္ရဦးမယ္။
အဲ့ေတာ့ အခုခ်ိန္မွာထမင္းမ်ားမ်ားစားထားမွျဖစ္မွာ၊ ၾကာရွည္အဆာခံႏိုင္ေအာင္ေပါ့။
စားေသာက္ၿပီးေနာက္မွာ၊ ပန္းကန္ေတြကို ေဘစင္ေပၚသြားတင္လိုက္တယ္။
ခဏေလာက္စဥ္းစားလိုက္ၿပီး၊ ဖက္ထုပ္ေတြကို သြားျပန္ဝယ္လာခဲ့တယ္။
ေန႔ခင္းတုန္းက သူစားခဲ့တာကအေကာင္းဆုံးပဲ။
ပါစတာပူပူေႏြးေႏြးကို ထမင္းနဲ႔ေရာထားတယ္၊ အသားျပားဖတ္ေလးေတြနဲ႔ အာလူးပါးပါးေလးေတြလည္းပါဝင္ေသး။
ခ်ိဳၿမိန္ၿပီးႏူးညံ့တဲ့အရသာေလး။
"ဒါကဘာလဲ?"
ဟယ္ရွင္းခြၽမ္က တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး အေျဖျပန္ေပးလာတယ္။
"ေခ်ာကလက္"
"မဟုတ္ဘူးေလ...ဒါကေခ်ာကလက္မွန္း ငါသိတာေပါ့၊ ဘာလို႔ငါ့စားပြဲေပၚမွာလဲ?"
ယန္ထန္က လြယ္အိတ္ကိုေဘးခ်ကာ၊ ေခ်ာကလက္ကိုေကာက္ယူလိုက္တယ္။
သတၱဳျပားအုပ္ထားတဲ့ အလုံးေသးေသးေလးဟာ ခ်ိဳျမျမအနံ႔ေတြထြက္ေပၚလို႔ေနတယ္။
ဟယ္ရွင္းခြၽမ္က ေျပာလာတယ္
"ငါကညပိုင္းဆို ခ်ိဳခ်ဥ္ဆိုင္မွာအလုပ္လုပ္တာ၊ ဒါကို မေန႔တုန္းကငါကိုယ္တိုင္လုပ္ထားတာ"
ယန္ထန္ကမ်က္ခုံးပင့္ျပၿပီး၊ သတၱဳျပားကိုခြါလိုက္ကာ ေခ်ာကလက္ကိုပါးစပ္ထဲထည့္လိုက္တယ္။
ေခ်ာကလက္ရဲ႕အရသာဟာ ကြတ္ကီးအပိုင္းအစေလးေတြနဲ႔ေရာယွက္ထားတယ္။
အရသာကထူးဆန္းေပမဲ့ လက္မခံႏိုင္ေလာက္တဲ့အထိေတာ့မဟုတ္ဘူး။
"မထင္ရဘူးပဲ၊ မင္းကဒါမ်ိဳးလုပ္တတ္တယ္လို႔"
ေျပာရင္းနဲ႔ပဲ၊ ပန္ကိတ္တစ္ခုကို ယန္ထန္ကကမ္းေပးလာတယ္။
"အန္တီႀကီးက ၾကက္သြန္ၿမိတ္ေတြထည့္ေပးလိုက္တယ္။ အဲ့အနံ႔ကိုသေဘာမက်ဘူး၊ မင္းကိုေပးမယ္ေလ အလကားမျဖစ္ေတာ့ဘူးေပါ့"
ေျပာၿပီးေနာက္မွာ၊ သူ႔လြယ္အိတ္ထဲက ေပါင္မုန္႔နဲ႔ႏြားႏို႔ဗူးကိုထုတ္လိုက္တယ္။
ဟယ္ရွင္းခြၽမ္က မျငင္းပါဘူး၊ ပန္ကိတ္ကိုလွမ္းယူကာ စတင္စားလိုက္တယ္။
ရွားရွားပါးပါးမနက္စာေလး။
ေနာက္ပိုင္းမွာေတာ့၊ ဟယ္ရွင္းခြၽမ္ဟာ ခ်ိဳခ်ဥ္မ်ိဳးစုံကို ယန္ထန္အတြက္ယူလာေပးတယ္။
ယန္ထန္ကလည္း မုန္႔မ်ိဳးစုံဝယ္ေကြၽးေလ့ရွိတယ္။
ဘယ္ေတာ့မွ အမွန္အတိုင္းမေျပာျပက်ဘူး။
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ေထာက္က်တယ္ေလ။
စိတ္အားထက္သန္မႈမ်ား အျပည့္အဝျဖင့္။
ကာယအခ်ိန္အၿပီးမွာ၊ ဖက္တီးကေဟာဟဲဆိုက္ရင္း ေျပးထြက္လာတယ္။
သူေျပးပုံကိုၾကည့္ရင္း ယန္ထန္ကရယ္ေနရတယ္။
ဘတ္စကတ္ေဘာကိုပုတ္ေနၿပီး ေျပာလိုက္တယ္
"ေနာက္တစ္ခါက်ရင္ လွိမ့္သာလာခဲ့၊ အဲ့ဒါမွပိုျမန္ဦးမယ္"
ဖက္တီးက သူ႔ဟာသကိုလ်စ္လ်ဴရႈလိုက္ၿပီး
"သူတို႔ေတြ! ပိတ္ထားက်ၿပီ...ယြဲ႕အာကို၊ ေက်ာင္းအေနာက္ဘက္ဂိတ္မွာ...ထန္ေကာကို ေစာင့္ေနက်တယ္..."
ယန္ထန္ႏႈတ္ခမ္းထက္ကအၿပဳံးတို႔ဟာ ေပ်ာက္ကြယ္သြားရၿပီ။
ဘတ္စကတ္ေဘာကို ေဘးလႊင့္ပစ္လိုက္ၿပီး၊ ေက်ာင္းအေနာက္ဘက္ဂိတ္ဆီသို႔ ေျခလွမ္းေတြျပင္လိုက္တယ္။