လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၅(ရန်စခြင်း)

9.4K 1.3K 9
By Indolent-Senorita

Scroll down for Zawgyi .

Unicode

ရိုက်ကွင်းက​နေ ထွက်လာပြီးတဲ့​နောက်မှာ ​ပေါ်ယွီက ဖရဲသီး​လေးကို မူကြို​ကျောင်းက​နေ သွားကြိုလိုက်ပြီး သူတို့ Supermarket ထဲမှာ အတူတူ ​ပျော်​ပျော်ရွှင်ရွှင် ​စျေး၀ယ်ထွက်ကြသည်။

ည​နေ ငါးနာရီ ၀န်းကျင်​လောက် ​ရောက်တဲ့အခါ Supermarketရဲ့ အသား​ရောင်းတဲ့​နေရာဟာ ​စျေး၀ယ်ဖို့ အ​ပြေးအလွှား​ရောက်လာကြတဲ့ လူ​တွေနဲ့ အပြည့်ဖြစ်သွားသည်။စင်္ကြန်လမ်းကျဉ်း​တွေထဲမှာ လူ​တွေအများကြီး ဖြစ်နေသည်။ဒါ​ကြောင့် ​ပေါ်ယွီက တစ်ချိန်တည်းမှာ အလုပ်​တွေ အများကြီးပြီးသွား​အောင် အ​ကောင်းဆုံး ကြိုးစား​ပေမယ့်လည်း သူ ပစ္စည်း​တွေ ​ရွေးထည့်​နေချိန်မှာ ဖရဲသီး​​လေးကို ရှာမ​တွေ့​တော့​ချေ။

ဖရဲသီး​လေးဟာ အပြုံး​လေးတစ်ခု​တောင် မရှိ​တော့ဘဲ သူ့ရဲ့နှုတ်ခမ်း​လေးကို ဖိကိုက်ထားသည်။ပြီး​တော့ အရင်တုန်းက ​ပေါ်ယွီ သူ့ကို သင်​ပေးခဲ့ဖူးတာ​လေးကို မှတ်မိသွားပြီး သူ့ရဲ့​ခြေ​ထောက်​လေး​တွေကို မကာ Supermarketက ၀န်ထမ်းတစ်​ယောက်ဆီသွားဖို့လုပ်လိုက်သည်။

လူအုပ်ထဲမှာ ဘယ်သူကမှ Supermarketထဲမှာ လမ်း​ပျောက်​နေတဲ့ က​လေး​လေးကို သတိမထားမိကြ​ပေ။လူတိုင်း တွန်းထိုးကာတိုး​ဝှေ့​နေကြသည်။ဖရဲသီး​လေးကို သူ့ရဲ့အ​နောက်က လူ​တွေက ပြင်းပြင်းထန်ထန် တွန်းမိသွားတာ​ကြောင့် ဖရဲသီး​လေး ဟန်ချက်ပျက်ပြီး ချက်ချင်းပဲ ကြမ်းပြင်​​ပေါ်ကို လဲကျသွား​တော့သည်။

သန်မာတဲ့ လက်​မောင်း​တွေနဲ့ ​ယောကျ်ားတစ်​ယောက်က ဖရဲသီး​လေးကို ​ကောက်​ပွေ့လိုက်ပြီး လူအုပ်ကြီး တွန်းထိုးတာကို ခံရမှာက​နေ ကာကွယ်​ပေးလိုက်သည်။

အဲဒီအမျိုးသားက ​လေး​ထောင့်သဏ္ဍာန် ​မေးရိုး​တွေနဲ့ အရမ်းကို သူရဲ​ကောင်းဆန်​နေပြီး သူ့ရဲ့နှုတ်ခမ်းပါးကို ဖိကိုက်ထားကာ လူ​တွေကို ချဉ်းကပ်ဖို့ ​ကြောက်ရွံ့​အောင် ပြုလုပ်နေသည်။

သူက အနက်​ရောင် အ​နောက်တိုင်း၀တ်စုံနဲ့ leather shoeကို ၀တ်ဆင်ထားပြီး Supermarketကို ​စျေးလာ၀ယ်တဲ့ လူတစ်​ယောက်နဲ့ လုံး၀ မတူဘဲ စီးပွား​ရေးလုပ်ငန်းရှင်တစ်​ယောက်နဲ့ တူ​နေသည်။

အဲဒီအမျိုးသားကို မြင်တဲ့အခါ ဖရဲသီး​လေးရဲ့ ​ကြောက်လန့်​နေတဲ့ နှလုံးသား​လေးဟာ တဖြည်းဖြည်း သက်သာသွားသည်။

သူက ဒီဦး​လေးကြီးဟာ စာကြည့်စားပွဲအံဆွဲထဲမှာ ပါးပါး ဖွက်ထားတဲ့ albumထဲက ဓါတ်ပုံ​တွေထဲမှာ ပါတဲ့ ဦး​လေးကြီးဆိုတာကို မှတ်မိသည်။

အဲဒီအမျိုးသားက ဖရဲသီး​လေးကို ကြည့်ကာ ကြမ်းပြင်​ပေါ် ပြန်ချ​ပေးပြီး ​ပြောလိုက်သည်။ " မင်းရဲ့ မိဘ​တွေက ဘယ်မှာလဲ ? "

" ပါးပါးက ဟိုးနား​လေးမှာ ​ကျောက်ပုစွန်ထုပ်​တွေ ၀ယ်​​နေတယ် ဦးဦး , သားပါးပါးကို ရှာဖို့ သားကို လိုက်ပို့လို့ရမလား ? "
ဖရဲသီး​လေးက အဲဒီအမျိုးသားရဲ့ ​ဘောင်းဘီစကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး ​နောက်လက်တစ်ဖက်က စိတ်လှုပ်ရှားစွာနဲ့ လက်သီးဆုပ်​လေးကို ကျစ်ကျစ်ပါ​အောင် ဆုပ်ထား​လေသည်။

အမျိုးသားက ဖရဲသီး​လေး သူ့ကို ​မျှော်လင့်တကြီး ကြည့်​နေတာကို မြင်တဲ့အခါ သူ့ရဲ့မျက်နှာဟာ ပိုပြီး ဖိစီးသွားသည်။

ဒီက​လေး​လေးက ​ပေါ်ယွီနဲ့ တစ်​ထေရာတည်း ချွတ်စွပ်ကို တူ​နေသည်။အဲဒါကပဲ တစ်ချက်ကြည့်လိုက်တာနဲ့ သူဟာ ​ပေါ်ယွီရဲ့က​လေး ဖြစ်ရမယ်ဆိုတာကို ​ပြောနိုင်သည်။

အဲဒီအချက်က အမျိုးသားကို စိတ်မ​ကောင်းဖြစ်​အောင် လုပ်လို့​နေသည်။

ဖရဲသီး​လေးက သူ့ကို ကြောက်ပြီး ​နောက်ကို ​ခြေလှမ်း​ဆုတ်သွား​လေသည်။ဒါ​ပေမယ့် ဖရဲသီး​လေးဟာ လက်တစ်ဖက်နဲ့ သူ့ရဲ့​ဘောင်းဘီစကို ဆက်ပြီး ဆုပ်ကိုင်ထားဆဲဖြစ်ကာ ​လေး​လေးနက်နက် ​ပြောလိုက်သည်။
" ဦးဦး , သား ပါးပါးကို လိုချင်တယ် "

အမျိုးသားရဲ့ နှလုံးသားဟာ နူးညံ့သွား​တော့သည်။ကြည့်ရတာ သူ ဒီက​လေး​လေးကို ​ခေါ်ပြီး ​ပေါ်ယွီ ဒါမှမဟုတ် တခြားလူတစ်​ယောက်​ယောက်ကို ရှာ​ပေးလိုက်ဖို့ စဉ်းစား​နေမိတာပဲ ဖြစ်သည်။

" စုန့်ရှီလင် , မင်း ငါ့သားကို ဘာလုပ်ချင်​နေတာလဲ ? "

​ပေါ်ယွီ စိုးရိမ်တကြီးနဲ့ cartကို တွန်းလိုက်သည်။စုန်ရှီလင်နဲ့ ဖရဲသီး​လေးက အတူတူ ရှိ​နေတာကို မြင်လိုက်ရတာ​ကြောင့် ​ပေါ်ယွီ့ရဲ့မျက်လုံး​တွေဟာ ရုတ်တရက် ​မှောင်မည်းသွားသည်။

ဖရဲသီး​လေးက စုန့်ရှီလင်ရဲ့ ​ဘောင်းဘီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်ကို လွှတ်ချလိုက်ပြီး ​ပေါ်ယွီရဲ့​ဘေးနားကို ​ပြေးသွားကာ ​ပေါ်ယွီရဲ့​ပေါင်တံ​တွေထဲမှာ သူ့​​ခေါင်း​လေးကို တိုး​ဝှေ့လိုက်သည်။ဒါ​ပေမယ့် သူ စကားတစ်လုံးမှ မ​ပြောရဲ​ချေ။

ဖရဲသီး​လေးက သူတို့နှစ်​ယောက်ရဲ့ က​လေးဖြစ်တယ်ဆိုတာ ဒီအမျိုးသား သိသွားမှာကို ​ပေါ်ယွီ ​ကြောက်လန့်​နေတာ​ကြောင့် ဖြစ်နိုင်​ပေသည်။​​ပေါ်ယွီရဲ့ ​လေသံက သိသိသာသာ ​ဒေါသ​တွေနဲ့ ပြည့်​​နေသည်။ " စုန့်ရှီလင် , မင်း ငါ့ရဲ့သားကို ဘာလုပ်​နေတာလဲ ? "

သူ့အမြင်မှာ စုန့်ရှီလင်က ဖရဲသီး​လေးကို အနိုင်ကျင့်​နေတယ်ဆိုပြီး အထင်မှား​နေတာ​ကြောင့် ​ပေါ်ယွီ အရမ်းကို ​ဒေါသထွက်​နေ​လေသည်။

စုန့်ရှီလင်ကို မျက်နှာချင်းဆိုင်​နေတဲ့ အချိန်တုန်းက ဖရဲသီး​လေးရဲ့ ထိတ်လန့်​ကြောက်ရွံ့​နေတဲ့ မျက်နှာအမူအရာကို ​ပေါ်ယွီရဲ့ စိတ်ထဲမှာ မ​မေ့​ပျောက်နိုင်​သေး​ပေ။

စုန့်ရှီလင်က စကား​ပြော​ကောင်းတဲ့ ​ယောကျာ်းတစ်​ယောက် မဟုတ်​ချေ။ပြီး​​တော့ ​ပေါ်ယွီရဲ့ ရန်လို​နေတဲ့ သ​ဘောထားက သူ့ကို ရှင်းပြပြီး သူ့စကား​တွေ ဖြုန်းတီးပစ်ဖို့ ပိုပြီး စိတ်မပါ​အောင် လုပ်​နေသည်။သူ ​ပေါ်ယွီကို တစ်ချက် စိုက်ကြည့်လိုက်ပြီး လှည့်ထွက်သွား​တော့သည်။

အဲဒီအခါကျမှ ​ပေါ်ယွီ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိသည်။

စုန့်ရှီလင်က သူ့အတွက်​တော့ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ ဖြစ်သည်။သူ သူ့ဆန္ဒအ​လျောက် လိုလိုလားလား ထွက်သွားတာက ​ကောင်းတဲ့ကိစ္စမဟုတ်နိုင်​ချေ။

သိပ်မ​ဝေးတဲ့​နေရာ​အရောက်တွင် လူအုပ်ထဲမှာ ပုန်းကွယ်​နေတဲ့ သက်​တော်​စောင့်က စုန့်ရှီလင်​နောက်က​နေ အမှီလိုက်သွားသည်။

​ပေါ်ယွီ သူ့မျက်လုံး​တွေကို ​အောက်ချကြည့်လိုက်ပြီး လက်တစ်ဖက်မှာ ဖရဲသီး​လေးကို ဆွဲကာ ထွက်​ပေါက်ဆီကို မြန်မြန်သွားလိုက်သည်။

အချိန်နှစ်နှစ် ကုန်ဆုံးခဲ့ပြီး​နောက်မှာ သူ သူ့ရဲ့အရင်ရည်းစားကို ​နောက်တစ်ကြိမ် ပြန်တွေ့ခဲ့သည်။သူ့ရဲ့အချစ်ကို ထွက်သွားခွင့်​ပေးလိုက်ပြီလို့ ​ထင်ခဲ့တဲ့ ​ပေါ်ယွီဟာ ချက်ချင်းပဲ သူ့နှလုံးသားထဲမှာ မသက်မသာဖြစ်မှု​တွေကို ခံစားလိုက်ရသည်။

စုန့်အုပ်စုရဲ့ ဥက္ကဋ္ဌ စုန့်ရှီလင်က တစ်ချိန်တည်းမှာ Supermarketကို ဘာ​ကြောင့် ​ရောက်လာရသလဲဆိုတာ ​ပေါ်ယွီ မသိ​ပေ။

ဒါက မ​တော်တဆဖြစ်တာ မဟုတ်ပင်မယ့် ​ရှောင်လွဲလို့ မ​ရတော့​ချေ။

အိမ်ကို ပြန်​ရောက်ပြီး​နောက်မှာ ​ပေါ်ယွီ မကြာခဏ သူ့ဦး​နှောင်ထဲမှာ တ၀ဲလည်လည် စွဲကျန်​နေတတ်တဲ့ တဝီဝီမြည်သံကြီးကို ကြား​နေရပြီး စိုးရိမ်ထိတ်လန့်​နေဆဲဖြစ်သည်။တစ်ခါတစ်ရံ စုန့်ရှီလင်က ဖရဲသီး​လေးကို စိတ်၀င်စား​နေမှာ သူ စိုးရိမ်မိသည်။တစ်ခါတစ်​လေကျ​တော့ စုန့်ရှီလင်က သူ့အိမ်ကို ​ရောက်လာမှာ ပူပင်​နေရသည်။တစ်ခွန်းတည်း​ပြောရရင် သူ့စိတ်ထဲမှာ ​အေးချမ်းငြိမ်သက်တယ်ဆိုတာ မရှိ​တော့​ပေ။

အိမ်ပြန်ရောက်တဲ့အခါ ဖရဲသီး​လေးက ပိုအဆင်​ပြေလာပြီး ​ပေါ်ယွီရဲ့လက်ကို ကိုင်ကာ စိုးရိမ်စွာ ​ပြောလိုက်သည်။ " ​တောင်းပန်ပါတယ် ပါးပါး စိတ်မဆိုးပါနဲ့ "

​ပေါ်ယွီရဲ့ ခန္ဓာကိုယ်က ​တောင့်တင်းသွားသည်။သူ ​ဆောင့်​ကြောင့်ထိုင်လိုက်ပြီး ဖရဲသီး​လေးကို သူ့လက်​မောင်း​တွေထဲ ထည့်ကာ နူးနူးညံ့ညံ့အသံ​လေးနဲ့ ​ပြောဖို့ ကြိုးစားလိုက်သည်။ " ဖရဲသီး​လေး အဲဒီဦး​လေးကြီးက ဖရဲသီး​လေးကို အဲဒီတုန်းက ဘာ​ပြောခဲ့​သေးလဲ ? "

ဖရဲသီး​လေးက ပြင်းပြင်းထန်ထန် ​ခေါင်းခါလိုက်ပြီး အ​မောတ​ကော ရှင်းပြ​တော့သည်။
" အဲဒီဦးဦးက ဘာမှ မ​ပြောခဲ့ပါဘူး "

" ဦးဦးကို သားက ပါးပါးကို ကူရှာ​ပေးဖို့ ​မေးလိုက်တာ " ဖရဲသီး​လေးက သူ့​ခေါင်း​လေးကို ငုံ့လိုက်ပြီး သူ့ရဲ့မျက်ရည်တွေဟာ ပဲ​စေ့လုံးကြီး​တွေလိုမျိုး သူ့ရဲ့မျက်နှာလေး​ပေါ်က​နေ ကြမ်းပြင်​ပေါ်ကို ကျ​နေကာ စကားကို ရှိုက်​ပြော​နေရရှာ​လေသည်။

" သူက ဘာမှ မ​ပြောခဲ့ဘူး​ပေါ့ ? " ​ပေါ်ယွီ စိတ်ကို တည်ငြိမ်​အောင် ထားလိုက်ပြီး စုန့်ရှီလင် ဘာ​ကြောင့် Supermarketထဲမှာ ​ပေါ်လာရသလဲဆိုတာကို စူးစမ်းလိုက်သည်။

​ပေါ်ယွီက သူ့ကို ​နောက်တစ်ကြိမ် ​မေးလာတဲ့အခါ ဖရဲသီး​လေးက စိတ်ထိခိုက်​နေဟန်​လေးနဲ့ ​ခေါင်းငြိမ့်ပြပြီး စကား​ပြောဖို့ကို ငြင်းပယ်လိုက်သည်။

က​လေးက စိတ်ထိခိုက်​နေတယ်ဆိုတာကို သိတာ​ကြောင့် လူ​တွေအများကြီးရှိ​နေရဲ့သားနဲ့ဖရဲသီး​လေးကို cartထဲ ထည့်​ခေါ်မသွားဘဲ သူ့​နောက်က​​နေ လိုက်လာဖို့ ခွင့်ပြုလိုက်မိတာကို ​ပေါ်ယွီ နက်နက်နဲနဲ ​နောင်တရ​နေမိသည်။

သူ အဲဒါကို ​​မေ့​လျော့​နေခဲ့မိတာဖြစ်သည်။

ဖရဲသီး​လေးက ​ကြောက်လန့်မှု​ကြောင့် ​ပေါ်ယွီရဲ့လည်ပင်းကို သူ့လက်​လေး​တွေနဲ့ ဆွဲဖက်လိုက်ပြီး ​ပေါ်ယွီရဲ့လည်ပင်းကြားမှာ သူ့​ခေါင်း​လေးကို တင်းကြပ်စွာ တိုး​ခွေ့ကာ ငို​နေသည်။ " ပါးပါး စိတ်မဆိုးပါနဲ့​တော့ ဟုတ်ပြီလား ? "

​ပေါ်ယွီက ​​ဖျော့တော့​နေတဲ့ မျက်နှာနဲ့ သူ့နှုတ်ခမ်းကို ဖိကိုက်ထားကာ ဖရဲသီးလေးရဲ့​ကျောကို ညင်ညင်သာသာ​လေး ပုတ်​ပေးရင်း ပြောလိုက်သည်။ " ပါးပါး စိတ်မဆိုးပါဘူး ပါးပါးက အခု .......... အဲဒါကို ​မေ့လိုက်​တော့ အဲဒီကိစ္စကို ​နောက်မှ ​ပြောရ​အောင် ဘာပဲဖြစ်ဖြစ် ဖရဲသီး​လေးက သူ့ရဲ့သားပဲ​လေ ပြီး​တော့ အဲဒါက အချစ်​ဟောင်းတစ်ခုပဲဟာ "

​ပေါ်ယွီက ​နောက်ဆုံး စကားနှစ်ခွန်းကို ခပ်တိုးတိုး ​ရေရွတ်လိုက်သည်။ဒါ​ကြောင့် သူတို့ရဲ့​ခေါင်းတွေကို အတူတူ မှီတွယ်ထားတဲ့ ဖရဲသီး​လေးက အဲဒီစကား​တွေကို မကြားလိုက်​ပေ။

တခြားတစ်ဖက်မှာ​တော့ စုန့်ရှီလင်က ချက်ချင်း Supermarketထဲက​နေ ထွက်မသွားဘဲ ကားဆီကို ပြန်ပြီး ၀င်​ပေါကို ​စောင့်​ကြည့်ဖို့ ဆက်​နေ​နေသည်။ခဏ​လောက်ကြာတဲ့အခါ ​ပေါ်ယွီဟာ သူ့လက်​မောင်းထဲမှာ က​လေး​လေးနဲ့အတူ ထွက်လာပြီး ဖြူ​ဖျော့​နေတာကို သူ မြင်လိုက်ရသည်။

စုန့်ရှီလင်ရဲ့ ဒူး​​ပေါ်က လက်​ချောင်း​တွေဟာ မရည်ရွယ်ဘဲ တင်းတင်း ဆုပ်မိသွားသည်။သဘာ၀တရားကြီးကို​တောင် ဂရုမစိုက် စိတ်မ၀င်စားတဲ့ သူက အခုဖြစ်​နေတဲ့ စိုးရိမ်​သောက​တွေနဲ့ ပြသာနာ​တွေဟာ ဘာကိုဆိုလို​နေမှန်း သူ သ​ဘောမ​ပေါက်​ပေ။ရုတ်တရက် သူ့ဖုန်းက တစ်ဖက်မှာ မြည်လာခဲ့သည်။

ဖုန်းကိုင်လိုက်တဲ့အခါ ချီယန်ရဲ့ ဖြတ်လတ်တက်ကြွပြီး ရွှင်ပျ​နေတဲ့ အသံက ထွက်​ပေါ်လာသည်။ " ကျွန်​တော် ခင်ဗျားအကြိုက် ဂဏန်း​ပေါင်းထားတယ် ညစာလာစားမလားဟင် ? "

ချီယန်ရဲ့ အသံက ရင်းနှီးကျွမ်း၀င်​လို့​နေသည်။စုန့်ရှီလင်က သူ့ရဲ့စကား​တွေကို မျက်​မှောင်ကြုတ်လိုက်ပြီး ​အေးစက်စွာ ​ပြောလိုက်သည်။ " ငါ အလုပ်များ​နေတုန်းပဲ ​နောက်တစ်​ခေါက်ကျမှ အဲဒီအ​ကြောင်း ပြောရ​အောင် "

​ပြောပြီးတာနဲ့ စုန့်ရှီလင်က ဖုန်းချလိုက်သည်။

ချီယန် စားပွဲ​ပေါ်က အရသာရှိတဲ့ အစားအစာ​ဆွေကို ကြည့်​နေမိသည်။ဂဏန်းကိုင်တာက​နေ ရလာတဲ့ ဒဏ်ရာအပြည့်နဲ့ သူ့လက်​တွေက ​အောက်ကို တွဲ​လောင်းကျ​နေကာ သူ့ရဲ့နှုတ်ခမ်းက မဲ့​ကျနေပြီး အရှုံးသမားတစ်​ယောက်ရဲ့ ခံစားချက်မျိုး ရ​နေသည်။

သူ ​နောက်တစ်ခါ အငြင်းခံလိုက်ရတာပဲ ။

ချီယန် ​ပြော​နေတုန်းကို ဖုန်းချလိုက်ပြီး​နောက် စုန့်ရှီလင် ကားပြတင်း​ပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။အ​ဖေနဲ့သားရဲ့
ပုံရိပ်​တွေက လူအုပ်ထဲက​နေ ​ပျောက်ကွယ်သွားပြီ ဖြစ်သည်။

စုန့်ရှီလင်ရဲ့ လက်​ချောင်း​တွေက အချင်းချင်း အတင်း ပွတ်တိုက်​နေသည်။သူက အတွင်း​ရေးမှူးချူကို ဖုန်း​ခေါ်ပြီး ​အေးစက်စွာ ​ပြောလိုက်သည်။ " မနက်ဖြန်မနက် ရုံးခန်းထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်က ​ပေါ်ယွီရဲ့ အချက်အလက်​တွေကို တင်ထားလိုက် "

စုန့်ရှီလင်က အမည်မသိ​မေးခွန်း​တွေရဲ့ အ​ဖြေကို စူးစမ်းရှာ​ဖွေ​နေရတာ ကျင့်သားရ​နေပြီဖြစ်သည်။ဒါ​ပေမယ့် ​ပေါ်ယွီကို​တော့ သူ စိတ်​ပြောင်းသွားသည်။

အတွင်း​ရေးမှူးချူဟာ သူ့ရဲ့မ​ကျေနပ်ချက်​တွေကို မ​ဖော်ပြရဲပါ​ချေ။ဒါ​ကြောင့် ခါးသီး​နေတဲ့ စိတ်ခံစားချက်​တွေနဲ့အတူ သူ တိတ်တဆိတ်​ ပြောလိုက်သည်။ " ဟုတ်ကဲ့ , ဥက္ကဋ္ဌ "

စုန့်ရှီလင် သူ့ဖုန်းကို အ​​ဝေးပစ်ချကာ ​​ပေါ့ပါးစွာ ပြောလိုက်သည်။ " ကုမ္ပဏီကိုပဲ ပြန်​မောင်း​တော့ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျယ်ဟွားက ကျီရှူကို ​အေးစက်စွာ ကြည့်လိုက်သည်။ " ​ရှောင်ရင်းကို အခု ဖုန်း​ခေါ်​နေတာ မင်းလား , မင်းမလား ? "

​ရှောင်ရင်းက အိမ်ပိုင်ရှင်ရဲ့ သမီးဖြစ်ပြီး ကျယ်ဟွားရဲ့ ချစ်သူ​ကောင်မ​လေးလည်း ဖြစ်သည်။

ကျီရှူက ထိတ်လန့်သွားပြီး ​ပြောလိုက်သည်။
" ကျယ်ဟွား , ငါက ရှောင်ရင်းကို ကိစ္စတစ်ခုအ​ကြောင်း ​ပြောရုံတင်ပါ ငါတို့ကို အထင်မလွဲပါနဲ့ "

ကျယ်ဟွားက ​​ဒေါသထွက်​ပြီး ကျီရှူ ချက်ပြုတ်ထားတဲ့ ညစာ​တွေကို စားပွဲ​ပေါ်က​နေ ကြမ်းပြင်ဆီ တွန်းချလိုက်သည်။
" လူတစ်​ယောက်က သူ့သူငယ်ချင်းရဲ့ မိန်းမနဲ့ ဘာကိစ္စမှ မရှိနိုင်ဘူး ။ ကျီရှူ , မင်းရဲ့ရည်းစားက တခြားလူ မြှူဆွယ်တာ ခံလိုက်ရတယ် ။ မင်း ဘယ်လိုများ ငါ့​ကောင်မ​လေးကို ဖျား​ယောင်းရတာလဲ ? "

ကျီရှူ​​နေရာမှာ သရုပ်​ဆောင်တဲ့ ​ပေါ်ယွီက အံ့အားသင့်သွားပြီး သူ့ရဲ့အ​တွေးထဲမှာ စိတ်အ​နှောင့်အယှက်ဖြစ်သွားသည်။အဘယ်​ကြောင့်ဆို​သော် ချီယန် ​ပြော​နေတဲ့စာသား​တွေက ဇာတ်ညွှန်းထဲမှာ ဘယ်တုန်းကမှ မပါ၀င်​ပေ။

တစ်ခါတစ်ရံမှာ သရုပ်​ဆောင်​တွေက သူတို့ရဲ့စာသား​တွေကို အ​ခြေအ​နေအရ ချက်ချင်း ​ပြောင်း​ပြောလိုက်ရတာမျိုး ရှိတယ်ဆို​ပေမယ့် ချီယန် ​ပြောလိုက်တဲ့ စာသား​တွေက​တော့ ဆက်​ပြောရမယ့်စကားကို အနည်းငယ် အဆင်မ​ပြေ ဖြစ်သွား​စေသည်။

ကြည့်ရတာ ချီယန်က ​ပေါ်ယွီ့ကို တမင်တကာ အဲဒီစာသား​တွေကို ​ပြောလိုက်ပုံရသည်။

ဒါ​ပေမယ့် ပြန်ပြီးတုံ့ပြန်ဖို့ အံ့သြ​​နေတဲ့ ​ပေါ်ယွီဟာ ​နောက်စက္ကန့်မှာပဲ သူ့ရဲ့နှဖူးက​နေစပြီး ရှပ်အင်္ကျီအဖြူ​ပေါ်ကို ​ကော်ဖီ​အေး​တွေ တစ်စက်ချင်း ​လောင်းချခံလိုက်ရသည်။​ပေါ်ယွီ အရမ်းပဲကသိက​အောက် ဖြစ်သွား​တော့သည်။

ဒါရိုက်တာ၀မ်က " CUT ! " ဆိုပြီး တစ်ခွန်း​တောင် မညွှန်ကြား​ပေ။

​ပေါ်ယွီက သူ့​ကျောမှာ အ​တောင်ပံ​တွေ ​ပေါက်​နေပြီး သန့်စင်မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါး မဟုတ်​ချေ။သူက ချီယန် စာသား​တွေ ဖြတ်​ပြောလိုက်တာကို အကြိမ်ကြိမ် ​ဒေါသထွက်​နေသည်။အဲဒါ​ကြောင့် ပါးရိုက်နားရိုက်လုပ်လိုက်မှာက သူ့ရဲ့ အစီအစဉ်ဖြစ်သည်။

​ဒေါသမျက်၀န်း​တွေနဲ့ ​ပေါ်ယွီက သူ့ရဲ့လက်ကို ဆွဲထုတ်လိုက်ပြီး ​အေးစက်ကာ မာနကြီးတဲ့ ပုံစံနဲ့ သူ့ရဲ့ရှပ်င်္ကျီအဖြူ​ပေါ်က ကြယ်သီး​တွေကို တစ်လုံးချင်း ဖြုတ်လိုက်သည်။အခု ​ပေါ်ယွီရဲ့ပုံစံက အမျက်​ချောင်း​ချောင်း ထွက်လုနီးပါးဖြစ်​​နေတဲ့ အထက်တန်းစား သခင်​လေးတစ်​ယောက်လိုမျိုး ဖြစ်​နေသည်။

​ပေါ်ယွီက တပ်မက်ဖွယ်​ကောင်းပင်မယ့်လည်း အန္တရာယ်များသည်။

တတိယ​မြောက်အမျိုးသား ဇာတ်ရံဟာ ရက်မှုသိပ္ပံပညာရှင်တစ်​ယောက်ဖြစ်ပြီး ​အေး​​အေးချမ်းချမ်း​နေတတ်တဲ့ အ​ဖေဖြစ်ခါစ လူတစ်​ယောက်ဖြစ်ကာ သူ စိတ်ဆိုး​​ဒေါသထွက်တယ်ဆိုတာ မရှိသ​လောက်ရှားပါးသည်။ သူ့ရဲ့ပထမဆုံး ချစ်သူ​ကောင်မ​လေးက သူ့အ​ပေါ် လှည့်စားခဲ့တာကို သူ သိသွားခဲ့တဲ့အချိန်တုန်းက​တောင်မှ သူဟာ တိတ်တိတ်​လေး သည်းခံ​နေခဲ့သည်။

ဒါ​ပေမယ့် သူ့သူငယ်ချင်းရဲ့ အထင်လွဲတာကို ခံရပြီး​နောက်မှာ နူးညံ့သိမ်​မွေ့ပြီး ရိုးရိုးကုပ်ကုပ် ​​နေတတ်တဲ့သူက ​ဒေါသထွက်တတ်လာ​တော့သည်။

ထက်မြက်ပြတ်သားပြီး ဆန့်ကျင်ကွဲပြားတဲ့ ကိုယ်ရည်ကိုယ်​သွေးတွေရှိတဲ့ ​ပေါ်ယွီက အရမ်း ချစ်စရာ​ကောင်းတာလိုက်တာ။

ရိုက်ကွင်း​နေရာမှာ တချို့အမျိုးသမီး ၀န်ထမ်း​တွေလည်း ရှိသည်။​ပေါ်ယွီက ဒီလို အ၀တ်အစားချွတ်ပြတဲ့ showပွဲမျိုးကို လုပ်လိုက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့​ပေ။သူတို့ရဲ့လက်​တွေကို အလိုလို ပါးစပ်မှာအုပ်လိုက်မိကြသည်။သူတို့ရဲ့ဗိုက်ထဲမှာ လိပ်ပြာ​​လေး​တွေ ပျံ​နေကြပြီး အရမ်းကို စိတ်လှုပ်ရှား​နေသည်။

​ပေါ်ယွီက အရမ်း​ချောတာပဲ ! အရမ်းကို ​ချောပြီးရင်း ​ချော​နေတာပဲ !!!

ဒါရိူက်တာ၀မ်က စိတ်​ကျေနပ်စွာ ​ခေါင်းငြိမ့်လိုက်ပြီး ကင်မရာထဲက ​ပေါ်ယွီကို သ​ဘောကျ​နေတဲ့ မျက်လုံး​တွေနဲ့ ကြည့်​နေသည်။

​ပေါ်ယွီက တကယ့်ကို ပန်းပုထုဆစ်​ပေးဖို့ ထိုက်တန်တဲ့ အဖိုးတန် ​ကျောက်စိမ်းတုံးတစ်တုံးပဲ ။

အစတုန်းက မိမိကိုယ်ကို ​ကျေနပ်အားရ​နေတဲ့ ချီယန်ဟာ အရှက်ရသွားသည်။သူ ​​ပေါ်ယွီ့ကို တမင်သက်သက် အရှက်ခွဲဖို့ ကြိုးစားခဲ့​ပေမယ့် ​ပေါ်ယွီက ဒီလိုလုပ်လိုက်နိုင်လိမ့်မယ်လို့ သူ မ​တွေးဘူးပါ​ချေ။

ရှပ်အင်္ကျီကြယ်သီး​​တွေကို တတိယ​မြောက်အလုံးအထိ ဖြုတ်လိုက်ပြီးချိန်မှာ ​ပေါ်ယွီ ရပ်လိုက်သည်။သူက ချီယန့်ဆီ ​လျှောက်သွားလိုက်ပြီး နက်နဲတဲ့ မျက်လုံး​တွေနဲ့ ​အေးစက်စွာ ပြောလိုက်သည်။ " မင်းရဲ့ရည်းစားလား ငါ သူ့ကို စက်ဆုပ်လွန်းလို့ "

ချီယန် အကူအညီမဲ့စွာနဲ့ အသက်ရှူ​နေတာကို ရပ်တန့်လိုက်မိပြီး ​ပေါ်ယွီ့ကို ကြက်​သေ​သေကြည့်​နေကာ စကားပြန်မ​ပြောနိုင်​တော့​ချေ။

" Cut !!! "

" လူတိုင်းပဲ , ရိုက်ကွင်းအဆုံးသတ်ပါပြီ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

​ပေါ်ယွီ မှန်​ရှေ့မှာ မတ်တက်ရပ်​နေပြီး ရှပ်အင်္ကျီအသစ်တစ်ထည်ကို ယူကာ လဲ၀တ်လိုက်သည်။သူ့ရဲ့လက်​ချောင်း​တွေဟာ အနည်းငယ် တုန်ယင်​နေပြီး ညှိုးကျ​နေတဲ့ မျက်လုံး​တွေနဲ့အတူ သူ့ရဲ့ဗိုက်ကို ထိလိုက်သည်။

သူ့ဗိုက်​​ပေါ်က အမာရွတ်ဟာ သူ အရင်တုန်းက ​တွေ့ကြုံခဲ့ရဖူးတဲ့ မယုံနိုင်စရာ ကိစ္စကို ကိုယ်စားပြု​လေသည်။

" ​​ဒေါက် ___ ​ဒေါက် " တစ်စုံတစ်​ယောက်က နား​နေခန်း အပြင်ဘက်က​နေ တံခါး​ခေါက်လိုက်သည်။

​ပေါ်ယွီ ကြယ်သီး မြန်မြန် တပ်ပြီး တံခါးဖွင့်လိုက်တဲ့အခါ တံခါးအပြင်ဘက်တွင် သူ့ရဲ့မျက်နှာ​ပေါ်မှာ အပြုံး​တစ်ခုကို ချိတ်ဆွဲထားပြီး မတ်တပ်ရပ်​နေတဲ့ ချီယန်ကို ​တွေ့လိုက်ရသည်။သူ အကူအညီမဲ့စွာနဲ့ မျက်ခုံးပင့်လိုက်မိသည်။ " ဒီထဲကို ဘယ်လို ၀င်လာတာ
လဲ ? "

ရိုက်ကွင်းမှာ လူ​တွေ ရှိ​နေကြတုန်းပဲဖြစ်သည်။ဒါ​ကြောင့် ​ပေါ်ယွီက ဒီလူ​တွေအများကြီး​ရှေ့မှာ ချီယန်ကို အရှက်ရ​စေမှာ မဟုတ်​ပေ။

သူကလည်း နှစ်​ပေါင်းများစွာ ချီယန် ပုံ​​ဖော်ခဲ့တဲ့ သူ့ရဲ့ပုံရိပ်​ကောင်းကို ဖျက်ဆီးဖို့ ဆန္ဒမရှိပါ​ချေ။

ချီယန် ​တောင်းပန်လိုက်သည်။ " ဒီ​​နေ့ သရုပ်​ဆောင်တာမှာ ငါ အရမ်း ဒုက္ခ​ပေးမိသွားတယ် ။ ငါ မင်းကို ကြို​ပြောလိုက်သင့်တာကို။
​တောင်းပန်ပါတယ် "

​ပေါ်ယွီက ဒီ​ဖျော်​ဖြေ​ရေးရုပ်ရှင်​လောကမှာ ​နေလာခဲ့တာ နှစ်​ပေါင်းများစွာ ကြာ​နေပြီဖြစ်သည်။ဒါ​ကြောင့် သူ ​မေ့​လျော့တာနဲ့ တမင်သက်သက်လုပ်တာရဲ့ကြားက ကွဲပြားချက်ကို ရှင်းရှင်းလင်းလင်း သိသည်။

ဒါ​ပေမယ့် ချီယန်က ဒီလိုမျိုး ဆန္ဒအ​လျောက် သူ့ဆီလာပြီး ​တောင်းပန်​နေတယ်ဆို​တော့ကား ​ပေါ်ယွီ မသိချင်​ယောင်​ဆောင်​ပေးလိုက်သည်။ " ငါ သိပြီ "

ချီယန်က အချိန်အကြာကြီး အ​ကြောင်းပြချက်ကို ပြင်ဆင်ထားခဲ့​ပေမယ့် အကျပ်ရိုက်​နေတဲ့ မျက်နှာအမူအရာနဲ့အတူ သူ စီလာခဲ့တဲ့ စကားလုံး​တွေက သူ့၀မ်းဗိုက်ထဲမှာ တစ်ဆို့​နေသည်။

​ပေါ်ယွီ သူ့လက်တွေကို ရင်ဘတ်​ပေါ်တင်ကာ ​မေးလိုက်သည်။ " မင်းက ငါနဲ့ ဘာအ​ကြောင်း​တွေကိုများ ထပ်ပြီး ​ပြောချင်​သေးလို့လဲ ? "

" HOONNN ----- NNNK " ရုတ်တရက် အနက်​ရောင်ကားတစ်စီးက ရိုက်ကွင်းရဲ့ အ၀င်၀မှာ ရပ်လိုက်သည်။

" အဲဒါက ငါ့ကို လာ​ခေါ်တဲ့ ရှစ်လင်​လေ ။ မင်း သူနဲ့ စကား​ပြောချင်​သေးလား ? " ခဏ​လောက်ရပ်လိုက်ပြီး ချီယန်က ​ပေါ်ယွီကို ရန်စကာ ကိုယ့်ကိုကိုယ် ​ကျေနပ်အားရ​နေတဲ့ပုံစံနဲ့ ပြုံးပြလာသည်။ " ငါ ​စိတ်မ​ကောင်းပါဘူး ။ ငါ သူနဲ့မင်း အရင်တုန်းက ဆက်ဆံ​ရေးရှိခဲ့တယ်ဆိုတာ ​မေ့သွားတယ် ။ အဲဒါ​ကြောင့် သူ့ကို ငါ လာမကြိုဖို့ ​ပြောခဲ့ပါ​​သေးတယ် "

" အဆင်​ပြေပါတယ် ငါတို့ဆက်ဆံ​ရေးက လူမြင်မခံနိုင်တာမှ မဟုတ်ဘဲ " ​ပေါ်ယွီ သူ့ကို ​ယောင်ဝါးဝါး သတိ​ပေးလိုက်သည်။ " ဒါ​ပေမယ့် ငါ မှတ်မိသ​လောက်​တော့ သူက အရမ်းစိတ်မရှည်တတ်ဘူး​နော် သူ ကြာကြာ မ​စောင့်နိုင်ရင် ထွက်သွားလိမ့်မယ် မင်းမှာ ဘာမှလုပ်စရာမရှိရင် သူ့ကို အကြာကြီး မ​စောင့်ခိုင်းတာ ​ကောင်းလိမ့်မယ် "

ချီယန်ရဲ့ မျက်နှာ​ပေါ်က အပြုံးဟာ တဖြည်းဖြည်း တန်းသွားသည်။ " အိုး ...... ကျွန်​တော့်ကို သတိ​ပေးလို့ ​ကျေးဇူးတင်ပါတယ် အဲဒါဆို အရင်သွားနှင့်လိုက်ပါဦး
မယ် "

သူ သူ့ရဲ့​ခြေ​ထောက်​တွေကို မပြီး ​ပေါ်ယွီ ပြန်​ဖြေတာကို​တောင် မ​စောင့်​တော့ဘဲ ထွက်သွား​လေသည်။

​ပေါ်ယွီက​တော့ ချီယန်ရဲ့ ​တောင့်တင်း​နေတဲ့​ကျောပြင်ကို အလွန်​လေးနက်တဲ့အမူအရာနဲ့
ကြည့်​နေသည်။
.
.
.
.
.
.
.
.
.
.

Zawgyi

႐ိုက္ကြင္းက​ေန ထြက္လာၿပီးတဲ့​ေနာက္မွာ ​ေပၚယြီက ဖရဲသီး​ေလးကို မူႀကိဳ​ေက်ာင္းက​ေန သြားႀကိဳလိုက္ၿပီး သူတို႔ Supermarket ထဲမွာ အတူတူ ​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္ ​ေစ်း၀ယ္ထြက္ၾကသည္။

ည​ေန ငါးနာရီ ၀န္းက်င္​ေလာက္ ​ေရာက္တဲ့အခါ Supermarketရဲ႕ အသား​ေရာင္းတဲ့​ေနရာဟာ ​ေစ်း၀ယ္ဖို႔ အ​ေျပးအလႊား​ေရာက္လာၾကတဲ့ လူ​ေတြနဲ႔ အျပည့္ျဖစ္သြားသည္။စႀကၤန္လမ္းက်ဥ္း​ေတြထဲမွာ လူ​ေတြအမ်ားႀကီး ျဖစ္ေနသည္။ဒါ​ေၾကာင့္ ​ေပၚယြီက တစ္ခ်ိန္တည္းမွာ အလုပ္​ေတြ အမ်ားႀကီးၿပီးသြား​ေအာင္ အ​ေကာင္းဆုံး ႀကိဳးစား​ေပမယ့္လည္း သူ ပစၥည္း​ေတြ ​ေ႐ြးထည့္​ေနခ်ိန္မွာ ဖရဲသီး​​ေလးကို ႐ွာမ​ေတြ႕​ေတာ့​ေခ်။

ဖရဲသီး​ေလးဟာ အျပဳံး​ေလးတစ္ခု​ေတာင္ မ႐ွိ​ေတာ့ဘဲ သူ႕ရဲ႕ႏႈတ္ခမ္း​ေလးကို ဖိကိုက္ထားသည္။ၿပီး​ေတာ့ အရင္တုန္းက ​ေပၚယြီ သူ႕ကို သင္​ေပးခဲ့ဖူးတာ​ေလးကို မွတ္မိသြားၿပီး သူ႕ရဲ႕​ေျခ​ေထာက္​ေလး​ေတြကို မကာ Supermarketက ၀န္ထမ္းတစ္​ေယာက္ဆီသြားဖို႔လုပ္လိုက္သည္။

လူအုပ္ထဲမွာ ဘယ္သူကမွ Supermarketထဲမွာ လမ္း​ေပ်ာက္​ေနတဲ့ က​ေလး​ေလးကို သတိမထားမိၾက​ေပ။လူတိုင္း တြန္းထိုးကာတိုး​ေဝွ႔​ေနၾကသည္။ဖရဲသီး​ေလးကို သူ႕ရဲ႕အ​ေနာက္က လူ​ေတြက ျပင္းျပင္းထန္ထန္ တြန္းမိသြားတာ​ေၾကာင့္ ဖရဲသီး​ေလး ဟန္ခ်က္ပ်က္ၿပီး ခ်က္ခ်င္းပဲ ၾကမ္းျပင္​​ေပၚကို လဲက်သြား​ေတာ့သည္။

သန္မာတဲ့ လက္​ေမာင္း​ေတြနဲ႔ ​ေယာက်္ားတစ္​ေယာက္က ဖရဲသီး​ေလးကို ​ေကာက္​ေပြ႕လိုက္ၿပီး လူအုပ္ႀကီး တြန္းထိုးတာကို ခံရမွာက​ေန ကာကြယ္​ေပးလိုက္သည္။

အဲဒီအမ်ိဳးသားက ​ေလး​ေထာင့္သ႑ာန္ ​ေမး႐ိုး​ေတြနဲ႔ အရမ္းကို သူရဲ​ေကာင္းဆန္​ေနၿပီး သူ႕ရဲ႕ႏႈတ္ခမ္းပါးကို ဖိကိုက္ထားကာ လူ​ေတြကို ခ်ဥ္းကပ္ဖို႔ ​ေၾကာက္႐ြံ႕​ေအာင္ ျပဳလုပ္ေနသည္။

သူက အနက္​ေရာင္ အ​ေနာက္တိုင္း၀တ္စုံနဲ႔ leather shoeကို ၀တ္ဆင္ထားၿပီး Supermarketကို ​ေစ်းလာ၀ယ္တဲ့ လူတစ္​ေယာက္နဲ႔ လုံး၀ မတူဘဲ စီးပြား​ေရးလုပ္ငန္း႐ွင္တစ္​ေယာက္နဲ႔ တူ​ေနသည္။

အဲဒီအမ်ိဳးသားကို ျမင္တဲ့အခါ ဖရဲသီး​ေလးရဲ႕ ​ေၾကာက္လန္႔​ေနတဲ့ ႏွလုံးသား​ေလးဟာ တျဖည္းျဖည္း သက္သာသြားသည္။

သူက ဒီဦး​ေလးႀကီးဟာ စာၾကည့္စားပြဲအံဆြဲထဲမွာ ပါးပါး ဖြက္ထားတဲ့ albumထဲက ဓါတ္ပုံ​ေတြထဲမွာ ပါတဲ့ ဦး​ေလးႀကီးဆိုတာကို မွတ္မိသည္။

အဲဒီအမ်ိဳးသားက ဖရဲသီး​ေလးကို ၾကည့္ကာ ၾကမ္းျပင္​ေပၚ ျပန္ခ်​ေပးၿပီး ​ေျပာလိုက္သည္။ " မင္းရဲ႕ မိဘ​ေတြက ဘယ္မွာလဲ ? "

" ပါးပါးက ဟိုးနား​ေလးမွာ ​ေက်ာက္ပုစြန္ထုပ္​ေတြ ၀ယ္​​ေနတယ္ ဦးဦး , သားပါးပါးကို ႐ွာဖို႔ သားကို လိုက္ပို႔လို႔ရမလား ? "
ဖရဲသီး​ေလးက အဲဒီအမ်ိဳးသားရဲ႕ ​ေဘာင္းဘီစကို လက္တစ္ဖက္နဲ႔ ဆုပ္ကိုင္ထားၿပီး ​ေနာက္လက္တစ္ဖက္က စိတ္လႈပ္႐ွားစြာနဲ႔ လက္သီးဆုပ္​ေလးကို က်စ္က်စ္ပါ​ေအာင္ ဆုပ္ထား​ေလသည္။

အမ်ိဳးသားက ဖရဲသီး​ေလး သူ႕ကို ​ေမွ်ာ္လင့္တႀကီး ၾကည့္​ေနတာကို ျမင္တဲ့အခါ သူ႕ရဲ႕မ်က္ႏွာဟာ ပိုၿပီး ဖိစီးသြားသည္။

ဒီက​ေလး​ေလးက ​ေပၚယြီနဲ႔ တစ္​ေထရာတည္း ခြၽတ္စြပ္ကို တူ​ေနသည္။အဲဒါကပဲ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ သူဟာ ​ေပၚယြီရဲ႕က​ေလး ျဖစ္ရမယ္ဆိုတာကို ​ေျပာႏိုင္သည္။

အဲဒီအခ်က္က အမ်ိဳးသားကို စိတ္မ​ေကာင္းျဖစ္​ေအာင္ လုပ္လို႔​ေနသည္။

ဖရဲသီး​ေလးက သူ႕ကို ေၾကာက္ၿပီး ​ေနာက္ကို ​ေျခလွမ္း​ဆုတ္သြား​ေလသည္။ဒါ​ေပမယ့္ ဖရဲသီး​ေလးဟာ လက္တစ္ဖက္နဲ႔ သူ႕ရဲ႕​ေဘာင္းဘီစကို ဆက္ၿပီး ဆုပ္ကိုင္ထားဆဲျဖစ္ကာ ​ေလး​ေလးနက္နက္ ​ေျပာလိုက္သည္။
" ဦးဦး , သား ပါးပါးကို လိုခ်င္တယ္ "

အမ်ိဳးသားရဲ႕ ႏွလုံးသားဟာ ႏူးညံ့သြား​ေတာ့သည္။ၾကည့္ရတာ သူ ဒီက​ေလး​ေလးကို ​ေခၚၿပီး ​ေပၚယြီ ဒါမွမဟုတ္ တျခားလူတစ္​ေယာက္​ေယာက္ကို ႐ွာ​ေပးလိုက္ဖို႔ စဥ္းစား​ေနမိတာပဲ ျဖစ္သည္။

" စုန္႔႐ွီလင္ , မင္း ငါ့သားကို ဘာလုပ္ခ်င္​ေနတာလဲ ? "

​ေပၚယြီ စိုးရိမ္တႀကီးနဲ႔ cartကို တြန္းလိုက္သည္။စုန္႐ွီလင္နဲ႔ ဖရဲသီး​ေလးက အတူတူ ႐ွိ​ေနတာကို ျမင္လိုက္ရတာ​ေၾကာင့္ ​ေပၚယြီ႕ရဲ႕မ်က္လုံး​ေတြဟာ ႐ုတ္တရက္ ​ေမွာင္မည္းသြားသည္။

ဖရဲသီး​ေလးက စုန္႔႐ွီလင္ရဲ႕ ​ေဘာင္းဘီစကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားတဲ့ သူ႕ရဲ႕လက္ကို လႊတ္ခ်လိုက္ၿပီး ​ေပၚယြီရဲ႕​ေဘးနားကို ​ေျပးသြားကာ ​ေပၚယြီရဲ႕​ေပါင္တံ​ေတြထဲမွာ သူ႕​​ေခါင္း​ေလးကို တိုး​ေဝွ႔လိုက္သည္။ဒါ​ေပမယ့္ သူ စကားတစ္လုံးမွ မ​ေျပာရဲ​ေခ်။

ဖရဲသီး​ေလးက သူတို႔ႏွစ္​ေယာက္ရဲ႕ က​ေလးျဖစ္တယ္ဆိုတာ ဒီအမ်ိဳးသား သိသြားမွာကို ​ေပၚယြီ ​ေၾကာက္လန္႔​ေနတာ​ေၾကာင့္ ျဖစ္ႏိုင္​ေပသည္။​​ေပၚယြီရဲ႕ ​ေလသံက သိသိသာသာ ​ေဒါသ​ေတြနဲ႔ ျပည့္​​ေနသည္။ " စုန္႔႐ွီလင္ , မင္း ငါ့ရဲ႕သားကို ဘာလုပ္​ေနတာလဲ ? "

သူ႕အျမင္မွာ စုန္႔႐ွီလင္က ဖရဲသီး​ေလးကို အႏိုင္က်င့္​ေနတယ္ဆိုၿပီး အထင္မွား​ေနတာ​ေၾကာင့္ ​ေပၚယြီ အရမ္းကို ​ေဒါသထြက္​ေန​ေလသည္။

စုန္႔႐ွီလင္ကို မ်က္ႏွာခ်င္းဆိုင္​ေနတဲ့ အခ်ိန္တုန္းက ဖရဲသီး​ေလးရဲ႕ ထိတ္လန္႔​ေၾကာက္႐ြံ႕​ေနတဲ့ မ်က္ႏွာအမူအရာကို ​ေပၚယြီရဲ႕ စိတ္ထဲမွာ မ​ေမ့​ေပ်ာက္ႏိုင္​ေသး​ေပ။

စုန္႔႐ွီလင္က စကား​ေျပာ​ေကာင္းတဲ့ ​ေယာက်ာ္းတစ္​ေယာက္ မဟုတ္​ေခ်။ၿပီး​​ေတာ့ ​ေပၚယြီရဲ႕ ရန္လို​ေနတဲ့ သ​ေဘာထားက သူ႕ကို ႐ွင္းျပၿပီး သူ႕စကား​ေတြ ျဖဳန္းတီးပစ္ဖို႔ ပိုၿပီး စိတ္မပါ​ေအာင္ လုပ္​ေနသည္။သူ ​ေပၚယြီကို တစ္ခ်က္ စိုက္ၾကည့္လိုက္ၿပီး လွည့္ထြက္သြား​ေတာ့သည္။

အဲဒီအခါက်မွ ​ေပၚယြီ စိတ္သက္သာရာရၿပီး သက္ျပင္းခ်လိုက္မိသည္။

စုန္႔႐ွီလင္က သူ႕အတြက္​ေတာ့ ခ်ိန္ကိုက္ဗုံးတစ္လုံးလိုပဲ ျဖစ္သည္။သူ သူ႕ဆႏၵအ​ေလ်ာက္ လိုလိုလားလား ထြက္သြားတာက ​ေကာင္းတဲ့ကိစၥမဟုတ္ႏိုင္​ေခ်။

သိပ္မ​ေဝးတဲ့​ေနရာ​အေရာက္တြင္ လူအုပ္ထဲမွာ ပုန္းကြယ္​ေနတဲ့ သက္​ေတာ္​ေစာင့္က စုန္႔႐ွီလင္​ေနာက္က​ေန အမွီလိုက္သြားသည္။

​ေပၚယြီ သူ႕မ်က္လုံး​ေတြကို ​ေအာက္ခ်ၾကည့္လိုက္ၿပီး လက္တစ္ဖက္မွာ ဖရဲသီး​ေလးကို ဆြဲကာ ထြက္​ေပါက္ဆီကို ျမန္ျမန္သြားလိုက္သည္။

အခ်ိန္ႏွစ္ႏွစ္ ကုန္ဆုံးခဲ့ၿပီး​ေနာက္မွာ သူ သူ႕ရဲ႕အရင္ရည္းစားကို ​ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ခဲ့သည္။သူ႕ရဲ႕အခ်စ္ကို ထြက္သြားခြင့္​ေပးလိုက္ၿပီလို႔ ​ထင္ခဲ့တဲ့ ​ေပၚယြီဟာ ခ်က္ခ်င္းပဲ သူ႕ႏွလုံးသားထဲမွာ မသက္မသာျဖစ္မႈ​ေတြကို ခံစားလိုက္ရသည္။

စုန္႔အုပ္စုရဲ႕ ဥကၠ႒ စုန္႔႐ွီလင္က တစ္ခ်ိန္တည္းမွာ Supermarketကို ဘာ​ေၾကာင့္ ​ေရာက္လာရသလဲဆိုတာ ​ေပၚယြီ မသိ​ေပ။

ဒါက မ​ေတာ္တဆျဖစ္တာ မဟုတ္ပင္မယ့္ ​ေ႐ွာင္လြဲလို႔ မ​ရေတာ့​ေခ်။

အိမ္ကို ျပန္​ေရာက္ၿပီး​ေနာက္မွာ ​ေပၚယြီ မၾကာခဏ သူ႕ဦး​ေႏွာင္ထဲမွာ တ၀ဲလည္လည္ စြဲက်န္​ေနတတ္တဲ့ တဝီဝီျမည္သံႀကီးကို ၾကား​ေနရၿပီး စိုးရိမ္ထိတ္လန္႔​ေနဆဲျဖစ္သည္။တစ္ခါတစ္ရံ စုန္႔႐ွီလင္က ဖရဲသီး​ေလးကို စိတ္၀င္စား​ေနမွာ သူ စိုးရိမ္မိသည္။တစ္ခါတစ္​ေလက်​ေတာ့ စုန္႔႐ွီလင္က သူ႕အိမ္ကို ​ေရာက္လာမွာ ပူပင္​ေနရသည္။တစ္ခြန္းတည္း​ေျပာရရင္ သူ႕စိတ္ထဲမွာ ​ေအးခ်မ္းၿငိမ္သက္တယ္ဆိုတာ မ႐ွိ​ေတာ့​ေပ။

အိမ္ျပန္ေရာက္တဲ့အခါ ဖရဲသီး​ေလးက ပိုအဆင္​ေျပလာၿပီး ​ေပၚယြီရဲ႕လက္ကို ကိုင္ကာ စိုးရိမ္စြာ ​ေျပာလိုက္သည္။ " ​ေတာင္းပန္ပါတယ္ ပါးပါး စိတ္မဆိုးပါနဲ႔ "

​ေပၚယြီရဲ႕ ခႏၶာကိုယ္က ​ေတာင့္တင္းသြားသည္။သူ ​ေဆာင့္​ေၾကာင့္ထိုင္လိုက္ၿပီး ဖရဲသီး​ေလးကို သူ႕လက္​ေမာင္း​ေတြထဲ ထည့္ကာ ႏူးႏူးညံ့ညံ့အသံ​ေလးနဲ႔ ​ေျပာဖို႔ ႀကိဳးစားလိုက္သည္။ " ဖရဲသီး​ေလး အဲဒီဦး​ေလးႀကီးက ဖရဲသီး​ေလးကို အဲဒီတုန္းက ဘာ​ေျပာခဲ့​ေသးလဲ ? "

ဖရဲသီး​ေလးက ျပင္းျပင္းထန္ထန္ ​ေခါင္းခါလိုက္ၿပီး အ​ေမာတ​ေကာ ႐ွင္းျပ​ေတာ့သည္။
" အဲဒီဦးဦးက ဘာမွ မ​ေျပာခဲ့ပါဘူး "

" ဦးဦးကို သားက ပါးပါးကို ကူ႐ွာ​ေပးဖို႔ ​ေမးလိုက္တာ " ဖရဲသီး​ေလးက သူ႕​ေခါင္း​ေလးကို ငုံ႔လိုက္ၿပီး သူ႕ရဲ႕မ်က္ရည္ေတြဟာ ပဲ​ေစ့လုံးႀကီး​ေတြလိုမ်ိဳး သူ႕ရဲ႕မ်က္ႏွာေလး​ေပၚက​ေန ၾကမ္းျပင္​ေပၚကို က်​ေနကာ စကားကို ႐ိႈက္​ေျပာ​ေနရ႐ွာ​ေလသည္။

" သူက ဘာမွ မ​ေျပာခဲ့ဘူး​ေပါ့ ? " ​ေပၚယြီ စိတ္ကို တည္ၿငိမ္​ေအာင္ ထားလိုက္ၿပီး စုန္႔႐ွီလင္ ဘာ​ေၾကာင့္ Supermarketထဲမွာ ​ေပၚလာရသလဲဆိုတာကို စူးစမ္းလိုက္သည္။

​ေပၚယြီက သူ႕ကို ​ေနာက္တစ္ႀကိမ္ ​ေမးလာတဲ့အခါ ဖရဲသီး​ေလးက စိတ္ထိခိုက္​ေနဟန္​ေလးနဲ႔ ​ေခါင္းၿငိမ့္ျပၿပီး စကား​ေျပာဖို႔ကို ျငင္းပယ္လိုက္သည္။

က​ေလးက စိတ္ထိခိုက္​ေနတယ္ဆိုတာကို သိတာ​ေၾကာင့္ လူ​ေတြအမ်ားႀကီး႐ွိ​ေနရဲ႕သားနဲ႔ဖရဲသီး​ေလးကို cartထဲ ထည့္​ေခၚမသြားဘဲ သူ႕​ေနာက္က​​ေန လိုက္လာဖို႔ ခြင့္ျပဳလိုက္မိတာကို ​ေပၚယြီ နက္နက္နဲနဲ ​ေနာင္တရ​ေနမိသည္။

သူ အဲဒါကို ​​ေမ့​ေလ်ာ့​ေနခဲ့မိတာျဖစ္သည္။

ဖရဲသီး​ေလးက ​ေၾကာက္လန္႔မႈ​ေၾကာင့္ ​ေပၚယြီရဲ႕လည္ပင္းကို သူ႕လက္​ေလး​ေတြနဲ႔ ဆြဲဖက္လိုက္ၿပီး ​ေပၚယြီရဲ႕လည္ပင္းၾကားမွာ သူ႕​ေခါင္း​ေလးကို တင္းၾကပ္စြာ တိုး​ေခြ႕ကာ ငို​ေနသည္။ " ပါးပါး စိတ္မဆိုးပါနဲ႔​ေတာ့ ဟုတ္ၿပီလား ? "

​ေပၚယြီက ​​ေဖ်ာ့ေတာ့​ေနတဲ့ မ်က္ႏွာနဲ႔ သူ႕ႏႈတ္ခမ္းကို ဖိကိုက္ထားကာ ဖရဲသီးေလးရဲ႕​ေက်ာကို ညင္ညင္သာသာ​ေလး ပုတ္​ေပးရင္း ေျပာလိုက္သည္။ " ပါးပါး စိတ္မဆိုးပါဘူး ပါးပါးက အခု .......... အဲဒါကို ​ေမ့လိုက္​ေတာ့ အဲဒီကိစၥကို ​ေနာက္မွ ​ေျပာရ​ေအာင္ ဘာပဲျဖစ္ျဖစ္ ဖရဲသီး​ေလးက သူ႕ရဲ႕သားပဲ​ေလ ၿပီး​ေတာ့ အဲဒါက အခ်စ္​ေဟာင္းတစ္ခုပဲဟာ "

​ေပၚယြီက ​ေနာက္ဆုံး စကားႏွစ္ခြန္းကို ခပ္တိုးတိုး ​ေရ႐ြတ္လိုက္သည္။ဒါ​ေၾကာင့္ သူတို႔ရဲ႕​ေခါင္းေတြကို အတူတူ မွီတြယ္ထားတဲ့ ဖရဲသီး​ေလးက အဲဒီစကား​ေတြကို မၾကားလိုက္​ေပ။

တျခားတစ္ဖက္မွာ​ေတာ့ စုန္႔႐ွီလင္က ခ်က္ခ်င္း Supermarketထဲက​ေန ထြက္မသြားဘဲ ကားဆီကို ျပန္ၿပီး ၀င္​ေပါကို ​ေစာင့္​ၾကည့္ဖို႔ ဆက္​ေန​ေနသည္။ခဏ​ေလာက္ၾကာတဲ့အခါ ​ေပၚယြီဟာ သူ႕လက္​ေမာင္းထဲမွာ က​ေလး​ေလးနဲ႔အတူ ထြက္လာၿပီး ျဖဴ​ေဖ်ာ့​ေနတာကို သူ ျမင္လိုက္ရသည္။

စုန္႔႐ွီလင္ရဲ႕ ဒူး​​ေပၚက လက္​ေခ်ာင္း​ေတြဟာ မရည္႐ြယ္ဘဲ တင္းတင္း ဆုပ္မိသြားသည္။သဘာ၀တရားႀကီးကို​ေတာင္ ဂ႐ုမစိုက္ စိတ္မ၀င္စားတဲ့ သူက အခုျဖစ္​ေနတဲ့ စိုးရိမ္​ေသာက​ေတြနဲ႔ ျပသာနာ​ေတြဟာ ဘာကိုဆိုလို​ေနမွန္း သူ သ​ေဘာမ​ေပါက္​ေပ။႐ုတ္တရက္ သူ႕ဖုန္းက တစ္ဖက္မွာ ျမည္လာခဲ့သည္။

ဖုန္းကိုင္လိုက္တဲ့အခါ ခ်ီယန္ရဲ႕ ျဖတ္လတ္တက္ႂကြၿပီး ႐ႊင္ပ်​ေနတဲ့ အသံက ထြက္​ေပၚလာသည္။ " ကြၽန္​ေတာ္ ခင္ဗ်ားအႀကိဳက္ ဂဏန္း​ေပါင္းထားတယ္ ညစာလာစားမလားဟင္ ? "

ခ်ီယန္ရဲ႕ အသံက ရင္းႏွီးကြၽမ္း၀င္​လို႔​ေနသည္။စုန္႔႐ွီလင္က သူ႕ရဲ႕စကား​ေတြကို မ်က္​ေမွာင္ၾကဳတ္လိုက္ၿပီး ​ေအးစက္စြာ ​ေျပာလိုက္သည္။ " ငါ အလုပ္မ်ား​ေနတုန္းပဲ ​ေနာက္တစ္​ေခါက္က်မွ အဲဒီအ​ေၾကာင္း ေျပာရ​ေအာင္ "

​ေျပာၿပီးတာနဲ႔ စုန္႔႐ွီလင္က ဖုန္းခ်လိုက္သည္။

ခ်ီယန္ စားပြဲ​ေပၚက အရသာ႐ွိတဲ့ အစားအစာ​ေဆြကို ၾကည့္​ေနမိသည္။ဂဏန္းကိုင္တာက​ေန ရလာတဲ့ ဒဏ္ရာအျပည့္နဲ႔ သူ႕လက္​ေတြက ​ေအာက္ကို တြဲ​ေလာင္းက်​ေနကာ သူ႕ရဲ႕ႏႈတ္ခမ္းက မဲ့​က်ေနၿပီး အ႐ႈံးသမားတစ္​ေယာက္ရဲ႕ ခံစားခ်က္မ်ိဳး ရ​ေနသည္။

သူ ​ေနာက္တစ္ခါ အျငင္းခံလိုက္ရတာပဲ ။

ခ်ီယန္ ​ေျပာ​ေနတုန္းကို ဖုန္းခ်လိုက္ၿပီး​ေနာက္ စုန္႔႐ွီလင္ ကားျပတင္း​ေပါက္ အျပင္ဘက္ကို ၾကည့္လိုက္သည္။အ​ေဖနဲ႔သားရဲ႕
ပုံရိပ္​ေတြက လူအုပ္ထဲက​ေန ​ေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။

စုန္႔႐ွီလင္ရဲ႕ လက္​ေခ်ာင္း​ေတြက အခ်င္းခ်င္း အတင္း ပြတ္တိုက္​ေနသည္။သူက အတြင္း​ေရးမႉးခ်ဴကို ဖုန္း​ေခၚၿပီး ​ေအးစက္စြာ ​ေျပာလိုက္သည္။ " မနက္ျဖန္မနက္ ႐ုံးခန္းထဲမွာ လြန္ခဲ့တဲ့ႏွစ္ႏွစ္က ​ေပၚယြီရဲ႕ အခ်က္အလက္​ေတြကို တင္ထားလိုက္ "

စုန္႔႐ွီလင္က အမည္မသိ​ေမးခြန္း​ေတြရဲ႕ အ​ေျဖကို စူးစမ္း႐ွာ​ေဖြ​ေနရတာ က်င့္သားရ​ေနၿပီျဖစ္သည္။ဒါ​ေပမယ့္ ​ေပၚယြီကို​ေတာ့ သူ စိတ္​ေျပာင္းသြားသည္။

အတြင္း​ေရးမႉးခ်ဴဟာ သူ႕ရဲ႕မ​ေက်နပ္ခ်က္​ေတြကို မ​ေဖာ္ျပရဲပါ​ေခ်။ဒါ​ေၾကာင့္ ခါးသီး​ေနတဲ့ စိတ္ခံစားခ်က္​ေတြနဲ႔အတူ သူ တိတ္တဆိတ္​ ေျပာလိုက္သည္။ " ဟုတ္ကဲ့ , ဥကၠ႒ "

စုန္႔႐ွီလင္ သူ႕ဖုန္းကို အ​​ေဝးပစ္ခ်ကာ ​​ေပါ့ပါးစြာ ေျပာလိုက္သည္။ " ကုမၸဏီကိုပဲ ျပန္​ေမာင္း​ေတာ့ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

က်ယ္ဟြားက က်ီ႐ွဴကို ​ေအးစက္စြာ ၾကည့္လိုက္သည္။ " ​ေ႐ွာင္ရင္းကို အခု ဖုန္း​ေခၚ​ေနတာ မင္းလား , မင္းမလား ? "

​ေ႐ွာင္ရင္းက အိမ္ပိုင္႐ွင္ရဲ႕ သမီးျဖစ္ၿပီး က်ယ္ဟြားရဲ႕ ခ်စ္သူ​ေကာင္မ​ေလးလည္း ျဖစ္သည္။

က်ီ႐ွဴက ထိတ္လန္႔သြားၿပီး ​ေျပာလိုက္သည္။
" က်ယ္ဟြား , ငါက ေ႐ွာင္ရင္းကို ကိစၥတစ္ခုအ​ေၾကာင္း ​ေျပာ႐ုံတင္ပါ ငါတို႔ကို အထင္မလြဲပါနဲ႔ "

က်ယ္ဟြားက ​​ေဒါသထြက္​ၿပီး က်ီ႐ွဴ ခ်က္ျပဳတ္ထားတဲ့ ညစာ​ေတြကို စားပြဲ​ေပၚက​ေန ၾကမ္းျပင္ဆီ တြန္းခ်လိုက္သည္။
" လူတစ္​ေယာက္က သူ႕သူငယ္ခ်င္းရဲ႕ မိန္းမနဲ႔ ဘာကိစၥမွ မ႐ွိႏိုင္ဘူး ။ က်ီ႐ွဴ , မင္းရဲ႕ရည္းစားက တျခားလူ ျမႇဴဆြယ္တာ ခံလိုက္ရတယ္ ။ မင္း ဘယ္လိုမ်ား ငါ့​ေကာင္မ​ေလးကို ဖ်ား​ေယာင္းရတာလဲ ? "

က်ီ႐ွဴ​​ေနရာမွာ သ႐ုပ္​ေဆာင္တဲ့ ​ေပၚယြီက အံ့အားသင့္သြားၿပီး သူ႕ရဲ႕အ​ေတြးထဲမွာ စိတ္အ​ေႏွာင့္အယွက္ျဖစ္သြားသည္။အဘယ္​ေၾကာင့္ဆို​ေသာ္ ခ်ီယန္ ​ေျပာ​ေနတဲ့စာသား​ေတြက ဇာတ္ၫႊန္းထဲမွာ ဘယ္တုန္းကမွ မပါ၀င္​ေပ။

တစ္ခါတစ္ရံမွာ သ႐ုပ္​ေဆာင္​ေတြက သူတို႔ရဲ႕စာသား​ေတြကို အ​ေျခအ​ေနအရ ခ်က္ခ်င္း ​ေျပာင္း​ေျပာလိုက္ရတာမ်ိဳး ႐ွိတယ္ဆို​ေပမယ့္ ခ်ီယန္ ​ေျပာလိုက္တဲ့ စာသား​ေတြက​ေတာ့ ဆက္​ေျပာရမယ့္စကားကို အနည္းငယ္ အဆင္မ​ေျပ ျဖစ္သြား​ေစသည္။

ၾကည့္ရတာ ခ်ီယန္က ​ေပၚယြီ႕ကို တမင္တကာ အဲဒီစာသား​ေတြကို ​ေျပာလိုက္ပုံရသည္။

ဒါ​ေပမယ့္ ျပန္ၿပီးတုံ႔ျပန္ဖို႔ အံ့ၾသ​​ေနတဲ့ ​ေပၚယြီဟာ ​ေနာက္စကၠန္႔မွာပဲ သူ႕ရဲ႕ႏွဖူးက​ေနစၿပီး ႐ွပ္အက်ႌအျဖဴ​ေပၚကို ​ေကာ္ဖီ​ေအး​ေတြ တစ္စက္ခ်င္း ​ေလာင္းခ်ခံလိုက္ရသည္။​ေပၚယြီ အရမ္းပဲကသိက​ေအာက္ ျဖစ္သြား​ေတာ့သည္။

ဒါ႐ိုက္တာ၀မ္က " CUT ! " ဆိုၿပီး တစ္ခြန္း​ေတာင္ မၫႊန္ၾကား​ေပ။

​ေပၚယြီက သူ႕​ေက်ာမွာ အ​ေတာင္ပံ​ေတြ ​ေပါက္​ေနၿပီး သန္႔စင္ျမင့္ျမတ္တဲ့ နတ္ဘုရားတစ္ပါး မဟုတ္​ေခ်။သူက ခ်ီယန္ စာသား​ေတြ ျဖတ္​ေျပာလိုက္တာကို အႀကိမ္ႀကိမ္ ​ေဒါသထြက္​ေနသည္။အဲဒါ​ေၾကာင့္ ပါး႐ိုက္နား႐ိုက္လုပ္လိုက္မွာက သူ႕ရဲ႕ အစီအစဥ္ျဖစ္သည္။

​ေဒါသမ်က္၀န္း​ေတြနဲ႔ ​ေပၚယြီက သူ႕ရဲ႕လက္ကို ဆြဲထုတ္လိုက္ၿပီး ​ေအးစက္ကာ မာနႀကီးတဲ့ ပုံစံနဲ႔ သူ႕ရဲ႕႐ွပ္က်ႌအျဖဴ​ေပၚက ၾကယ္သီး​ေတြကို တစ္လုံးခ်င္း ျဖဳတ္လိုက္သည္။အခု ​ေပၚယြီရဲ႕ပုံစံက အမ်က္​ေခ်ာင္း​ေခ်ာင္း ထြက္လုနီးပါးျဖစ္​​ေနတဲ့ အထက္တန္းစား သခင္​ေလးတစ္​ေယာက္လိုမ်ိဳး ျဖစ္​ေနသည္။

​ေပၚယြီက တပ္မက္ဖြယ္​ေကာင္းပင္မယ့္လည္း အႏၲရာယ္မ်ားသည္။

တတိယ​ေျမာက္အမ်ိဳးသား ဇာတ္ရံဟာ ရက္မႈသိပၸံပညာ႐ွင္တစ္​ေယာက္ျဖစ္ၿပီး ​ေအး​​ေအးခ်မ္းခ်မ္း​ေနတတ္တဲ့ အ​ေဖျဖစ္ခါစ လူတစ္​ေယာက္ျဖစ္ကာ သူ စိတ္ဆိုး​​ေဒါသထြက္တယ္ဆိုတာ မ႐ွိသ​ေလာက္႐ွားပါးသည္။ သူ႕ရဲ႕ပထမဆုံး ခ်စ္သူ​ေကာင္မ​ေလးက သူ႕အ​ေပၚ လွည့္စားခဲ့တာကို သူ သိသြားခဲ့တဲ့အခ်ိန္တုန္းက​ေတာင္မွ သူဟာ တိတ္တိတ္​ေလး သည္းခံ​ေနခဲ့သည္။

ဒါ​ေပမယ့္ သူ႕သူငယ္ခ်င္းရဲ႕ အထင္လြဲတာကို ခံရၿပီး​ေနာက္မွာ ႏူးညံ့သိမ္​ေမြ႕ၿပီး ႐ိုး႐ိုးကုပ္ကုပ္ ​​ေနတတ္တဲ့သူက ​ေဒါသထြက္တတ္လာ​ေတာ့သည္။

ထက္ျမက္ျပတ္သားၿပီး ဆန္႔က်င္ကြဲျပားတဲ့ ကိုယ္ရည္ကိုယ္​ေသြးေတြ႐ွိတဲ့ ​ေပၚယြီက အရမ္း ခ်စ္စရာ​ေကာင္းတာလိုက္တာ။

႐ိုက္ကြင္း​ေနရာမွာ တခ်ိဳ႕အမ်ိဳးသမီး ၀န္ထမ္း​ေတြလည္း ႐ွိသည္။​ေပၚယြီက ဒီလို အ၀တ္အစားခြၽတ္ျပတဲ့ showပြဲမ်ိဳးကို လုပ္လိုက္လိမ့္မယ္လို႔ ဘယ္သူမွ မထင္ထားခဲ့​ေပ။သူတို႔ရဲ႕လက္​ေတြကို အလိုလို ပါးစပ္မွာအုပ္လိုက္မိၾကသည္။သူတို႔ရဲ႕ဗိုက္ထဲမွာ လိပ္ျပာ​​ေလး​ေတြ ပ်ံ​ေနၾကၿပီး အရမ္းကို စိတ္လႈပ္႐ွား​ေနသည္။

​ေပၚယြီက အရမ္း​ေခ်ာတာပဲ ! အရမ္းကို ​ေခ်ာၿပီးရင္း ​ေခ်ာ​ေနတာပဲ !!!

ဒါ႐ိူက္တာ၀မ္က စိတ္​ေက်နပ္စြာ ​ေခါင္းၿငိမ့္လိုက္ၿပီး ကင္မရာထဲက ​ေပၚယြီကို သ​ေဘာက်​ေနတဲ့ မ်က္လုံး​ေတြနဲ႔ ၾကည့္​ေနသည္။

​ေပၚယြီက တကယ့္ကို ပန္းပုထုဆစ္​ေပးဖို႔ ထိုက္တန္တဲ့ အဖိုးတန္ ​ေက်ာက္စိမ္းတုံးတစ္တုံးပဲ ။

အစတုန္းက မိမိကိုယ္ကို ​ေက်နပ္အားရ​ေနတဲ့ ခ်ီယန္ဟာ အ႐ွက္ရသြားသည္။သူ ​​ေပၚယြီ႕ကို တမင္သက္သက္ အ႐ွက္ခြဲဖို႔ ႀကိဳးစားခဲ့​ေပမယ့္ ​ေပၚယြီက ဒီလိုလုပ္လိုက္ႏိုင္လိမ့္မယ္လို႔ သူ မ​ေတြးဘူးပါ​ေခ်။

႐ွပ္အက်ႌၾကယ္သီး​​ေတြကို တတိယ​ေျမာက္အလုံးအထိ ျဖဳတ္လိုက္ၿပီးခ်ိန္မွာ ​ေပၚယြီ ရပ္လိုက္သည္။သူက ခ်ီယန္႔ဆီ ​ေလွ်ာက္သြားလိုက္ၿပီး နက္နဲတဲ့ မ်က္လုံး​ေတြနဲ႔ ​ေအးစက္စြာ ေျပာလိုက္သည္။ " မင္းရဲ႕ရည္းစားလား ငါ သူ႕ကို စက္ဆုပ္လြန္းလို႔ "

ခ်ီယန္ အကူအညီမဲ့စြာနဲ႔ အသက္႐ွဴ​ေနတာကို ရပ္တန္႔လိုက္မိၿပီး ​ေပၚယြီ႕ကို ၾကက္​ေသ​ေသၾကည့္​ေနကာ စကားျပန္မ​ေျပာႏိုင္​ေတာ့​ေခ်။

" Cut !!! "

" လူတိုင္းပဲ , ႐ိုက္ကြင္းအဆုံးသတ္ပါၿပီ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

​ေပၚယြီ မွန္​ေ႐ွ႕မွာ မတ္တက္ရပ္​ေနၿပီး ႐ွပ္အက်ႌအသစ္တစ္ထည္ကို ယူကာ လဲ၀တ္လိုက္သည္။သူ႕ရဲ႕လက္​ေခ်ာင္း​ေတြဟာ အနည္းငယ္ တုန္ယင္​ေနၿပီး ညိႇဳးက်​ေနတဲ့ မ်က္လုံး​ေတြနဲ႔အတူ သူ႕ရဲ႕ဗိုက္ကို ထိလိုက္သည္။

သူ႕ဗိုက္​​ေပၚက အမာ႐ြတ္ဟာ သူ အရင္တုန္းက ​ေတြ႕ၾကဳံခဲ့ရဖူးတဲ့ မယုံႏိုင္စရာ ကိစၥကို ကိုယ္စားျပဳ​ေလသည္။

" ​​ေဒါက္ ___ ​ေဒါက္ " တစ္စုံတစ္​ေယာက္က နား​ေနခန္း အျပင္ဘက္က​ေန တံခါး​ေခါက္လိုက္သည္။

​ေပၚယြီ ၾကယ္သီး ျမန္ျမန္ တပ္ၿပီး တံခါးဖြင့္လိုက္တဲ့အခါ တံခါးအျပင္ဘက္တြင္ သူ႕ရဲ႕မ်က္ႏွာ​ေပၚမွာ အျပဳံး​တစ္ခုကို ခ်ိတ္ဆြဲထားၿပီး မတ္တပ္ရပ္​ေနတဲ့ ခ်ီယန္ကို ​ေတြ႕လိုက္ရသည္။သူ အကူအညီမဲ့စြာနဲ႔ မ်က္ခုံးပင့္လိုက္မိသည္။ " ဒီထဲကို ဘယ္လို ၀င္လာတာ
လဲ ? "

႐ိုက္ကြင္းမွာ လူ​ေတြ ႐ွိ​ေနၾကတုန္းပဲျဖစ္သည္။ဒါ​ေၾကာင့္ ​ေပၚယြီက ဒီလူ​ေတြအမ်ားႀကီး​ေ႐ွ႕မွာ ခ်ီယန္ကို အ႐ွက္ရ​ေစမွာ မဟုတ္​ေပ။

သူကလည္း ႏွစ္​ေပါင္းမ်ားစြာ ခ်ီယန္ ပုံ​​ေဖာ္ခဲ့တဲ့ သူ႕ရဲ႕ပုံရိပ္​ေကာင္းကို ဖ်က္ဆီးဖို႔ ဆႏၵမ႐ွိပါ​ေခ်။

ခ်ီယန္ ​ေတာင္းပန္လိုက္သည္။ " ဒီ​​ေန႔ သ႐ုပ္​ေဆာင္တာမွာ ငါ အရမ္း ဒုကၡ​ေပးမိသြားတယ္ ။ ငါ မင္းကို ႀကိဳ​ေျပာလိုက္သင့္တာကို။
​ေတာင္းပန္ပါတယ္ "

​ေပၚယြီက ဒီ​ေဖ်ာ္​ေျဖ​ေရး႐ုပ္႐ွင္​ေလာကမွာ ​ေနလာခဲ့တာ ႏွစ္​ေပါင္းမ်ားစြာ ၾကာ​ေနၿပီျဖစ္သည္။ဒါ​ေၾကာင့္ သူ ​ေမ့​ေလ်ာ့တာနဲ႔ တမင္သက္သက္လုပ္တာရဲ႕ၾကားက ကြဲျပားခ်က္ကို ႐ွင္း႐ွင္းလင္းလင္း သိသည္။

ဒါ​ေပမယ့္ ခ်ီယန္က ဒီလိုမ်ိဳး ဆႏၵအ​ေလ်ာက္ သူ႕ဆီလာၿပီး ​ေတာင္းပန္​ေနတယ္ဆို​ေတာ့ကား ​ေပၚယြီ မသိခ်င္​ေယာင္​ေဆာင္​ေပးလိုက္သည္။ " ငါ သိၿပီ "

ခ်ီယန္က အခ်ိန္အၾကာႀကီး အ​ေၾကာင္းျပခ်က္ကို ျပင္ဆင္ထားခဲ့​ေပမယ့္ အက်ပ္႐ိုက္​ေနတဲ့ မ်က္ႏွာအမူအရာနဲ႔အတူ သူ စီလာခဲ့တဲ့ စကားလုံး​ေတြက သူ႕၀မ္းဗိုက္ထဲမွာ တစ္ဆို႔​ေနသည္။

​ေပၚယြီ သူ႕လက္ေတြကို ရင္ဘတ္​ေပၚတင္ကာ ​ေမးလိုက္သည္။ " မင္းက ငါနဲ႔ ဘာအ​ေၾကာင္း​ေတြကိုမ်ား ထပ္ၿပီး ​ေျပာခ်င္​ေသးလို႔လဲ ? "

" HOONNN ----- NNNK " ႐ုတ္တရက္ အနက္​ေရာင္ကားတစ္စီးက ႐ိုက္ကြင္းရဲ႕ အ၀င္၀မွာ ရပ္လိုက္သည္။

" အဲဒါက ငါ့ကို လာ​ေခၚတဲ့ ႐ွစ္လင္​ေလ ။ မင္း သူနဲ႔ စကား​ေျပာခ်င္​ေသးလား ? " ခဏ​ေလာက္ရပ္လိုက္ၿပီး ခ်ီယန္က ​ေပၚယြီကို ရန္စကာ ကိုယ့္ကိုကိုယ္ ​ေက်နပ္အားရ​ေနတဲ့ပုံစံနဲ႔ ျပဳံးျပလာသည္။ " ငါ ​စိတ္မ​ေကာင္းပါဘူး ။ ငါ သူနဲ႔မင္း အရင္တုန္းက ဆက္ဆံ​ေရး႐ွိခဲ့တယ္ဆိုတာ ​ေမ့သြားတယ္ ။ အဲဒါ​ေၾကာင့္ သူ႕ကို ငါ လာမႀကိဳဖို႔ ​ေျပာခဲ့ပါ​​ေသးတယ္ "

" အဆင္​ေျပပါတယ္ ငါတို႔ဆက္ဆံ​ေရးက လူျမင္မခံႏိုင္တာမွ မဟုတ္ဘဲ " ​ေပၚယြီ သူ႕ကို ​ေယာင္ဝါးဝါး သတိ​ေပးလိုက္သည္။ " ဒါ​ေပမယ့္ ငါ မွတ္မိသ​ေလာက္​ေတာ့ သူက အရမ္းစိတ္မ႐ွည္တတ္ဘူး​ေနာ္ သူ ၾကာၾကာ မ​ေစာင့္ႏိုင္ရင္ ထြက္သြားလိမ့္မယ္ မင္းမွာ ဘာမွလုပ္စရာမ႐ွိရင္ သူ႕ကို အၾကာႀကီး မ​ေစာင့္ခိုင္းတာ ​ေကာင္းလိမ့္မယ္ "

ခ်ီယန္ရဲ႕ မ်က္ႏွာ​ေပၚက အျပဳံးဟာ တျဖည္းျဖည္း တန္းသြားသည္။ " အိုး ...... ကြၽန္​ေတာ္႕ကို သတိ​ေပးလို႔ ​ေက်းဇူးတင္ပါတယ္ အဲဒါဆို အရင္သြားႏွင့္လိုက္ပါဦး
မယ္ "

သူ သူ႕ရဲ႕​ေျခ​ေထာက္​ေတြကို မၿပီး ​ေပၚယြီ ျပန္​ေျဖတာကို​ေတာင္ မ​ေစာင့္​ေတာ့ဘဲ ထြက္သြား​ေလသည္။

​ေပၚယြီက​ေတာ့ ခ်ီယန္ရဲ႕ ​ေတာင့္တင္း​ေနတဲ့​ေက်ာျပင္ကို အလြန္​ေလးနက္တဲ့အမူအရာနဲ႔
ၾကည့္​ေနသည္။
.
.
.
.
.
.
.
.
.
.

Continue Reading

You'll Also Like

242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
6.4K 308 12
Original name - 没钱离婚 English name - No money to divorce Type - Webnovel Author(s) - Shou Chu首初 Genre - Drama Romance Sci-fi Yaoi Start date - 18.3.20...