[Unicode]
"ထန်ကော၊ ဘယ်အတန်းလဲ?"
ယန်ထန်မျက်လုံးတွေက စာရွက်ကပ်ထားတဲ့ဘုတ်ပေါ်ရောက်သွားပြီးနောက်၊ သူကပြန်ဖြေလာတယ်
"အတန်း ၁"
စကားအဆုံးမှာ ဖက်တီးကတိုးတိုးကျိန်ဆဲလိုက်ရင်း၊ အနားတိုးကာပြောတယ်
"ငါက အတန်း ၇တဲ့"
(မူရင်းမှာကတည်းက Fattyလို့ပဲရေးလို့ပါ)
"အတန်း ၇ကကောင်းတာပေါ့၊ ပထမထပ်ကလွယ်တယ်လေ"
ယန်ထန်ကပြောရင်းနဲ့ပဲ ခြေလှမ်းတွေကိုနောက်ပြန်ဆုတ်လိုက်ကာ၊ သူ့အတန်းဆီဦးတည်လိုက်တယ်။
နောက်ကျောမှာမျက်စိမရှိဘူးလေ၊ အဲ့တော့လူတစ်ယောက်ကိုနင်းမိသွားလေရဲ့။
ထိုလူရဲ့မျက်လုံးတွေက ရှေ့ဆံပင်ရှည်ရှည်တွေနဲ့ဖုံးအုပ်ထားတယ်၊ မှန်ထူထူမျက်မှန်ကြီးကိုလည်းတပ်ထားသေး။
ယန်ထန်လို ၁၈၀စင်တီမီတာနီးနီးဝိတ်နဲ့ တက်နင်းမိတာတောင်မှ၊ ထိုလူကအသံလုံးဝမထွက်ဘူး။
မျက်မှောင်ကြုတ်သွားပြီး၊ ပေသွားတဲ့ဖိနပ်ဖြူဖြူလေးကိုသာ ငုံ့ကြည့်နေတယ်။
သူကအရပ်မပုပါဘူး၊ ဒါပေမဲ့အတော်လေးပိန်တယ်။
ယန်ထန်စိုက်ကြည့်တာကိုခံရချိန််မှာ၊ တစ်ခုခုကိုဖုံးကွယ်ချင်သည့်အလား သူ့ရှေ့ဆံပင်တွေကိုထိကိုင်နေတယ်။
ထို့နောက်မှာတော့၊ လူအုပ်ကြီးကြားထဲက ပိုစတာနားကိုသာတိုးကပ်သွားတယ်။
သူ့ကိုအာရုံမစိုက်တာတွေ့လိုက်ရတော့၊ ယန်ထန်ကလည်း တောင်းပန်မနေတော့ဘူး။
ဖက်တီးကိုသာ စာသင်အဆောက်အအုံဆီဆွဲခေါ်သွားလိုက်တယ်။
ယန်ထန်မိသားစုက နည်းနည်းလေးအာဏာရှိတယ်။
ထိပ်ဆုံးအတန်းဆီရောက်ရဖို့ သူ့အဖေက အဆောက်အအုံဘယ်နှစ်ခုလောက်လှူထားလဲမသိပါဘူး။
"ထန်ကော၊ ယွဲ့အာ မနေ့ကဖုန်းခေါ်တယ်။ ဟိုတစ်ယောက်က သူ့ကိုကျောင်းအနောက်ဖက်ဂိတ်မှာ ပိတ်စောင့်နေပြန်ပြီတဲ့"
ယန်ထန်က အပြုံးတစ်ခုနဲ့လှည့်ကြည့်လာပြီး
"သူကခုန်နေတုန်းပဲလား?"
"ကျွတ် ထန်ကော၊ ယွဲ့အာကစိတ်ရှုပ်နေလို့ပါ သူ့ကိုစိတ်မဆိုးပါနဲ့"
ယွဲ့အာနာမည်က ဝူယွဲ့၊ သူတို့နဲ့အတူကြီးပြင်းလာခဲ့တာ။
ဝူယွဲ့က အမှတ်သုံးအထက်တန်းကျောင်းကိုမဝင်ခဲ့ဘူး၊ သူ့အိမ်ကလည်းငွေကြေးမချမ်းသာလှဘူးလေ။
အဲ့တော့ အနီးအနားကကျောင်းကိုပဲတက်လိုက်တယ်။
အဲ့ကျောင်းမှာက လူပေါင်းမျိုးစုံရှိတယ်၊ ပစ်မှတ်ဖြစ်သွားနိုင်ဖို့ကလည်း လွယ်လွယ်လေးရယ်။
ဝူယွဲ့ကောင်မလေးက ဟိုဟာဒီဟာပူဆာနေတာကိုတွေ့ကတည်းက၊ ဒီကောင်မလေးကို ယန်ထန်သိပ်သဘောမကျခဲ့ဘူး။
ဝူယွဲ့ကတော့အချစ်ရူးကာ အခုတော့ပြဿနာရှာခံနေရပြီ။
"အဲ့ဒါတွေက ဝူယွဲ့ကိုယ်တိုင်ဖန်တီးတာမဟုတ်လို့လား?"
ယန်ထန်က စကားဆုံးပြီးတဲ့နောက်မှာ၊ ဖက်တီးဘယ်လိုတွေးလဲဆိုတာကို ဂရုစိုက်မနေတော့ဘူး။အတန်းဆီသို့သာ လျှောက်လာလိုက်တယ်။
ဖက်တီးကြောင့်အချိန်ဆွဲခံရပြီးနောက်မှာ၊ အတန်းကတော်တော်လူပြည့်နေပြီ။
ယန်ထန်က အရှေ့တန်းမှာထိုင်ဖို့စိတ်ကူးမရှိဘူး၊ အဲ့တော့နောက်ဆုံးအတန်းဆီပဲ တည့်မတ်စွာလျှောက်သွားလိုက်တယ်။
ဒီအထက်တန်းကျောင်းရှိလူအတော်များများက အလယ်တန်းတူတူပဲဖြစ်ခဲ့ကျတာ။ အချင်းချင်းကောင်းစွာသိကျပြီး၊ မျက်နှာသစ်ကိုမြင်ချိန်မှာတော့ ပေါ်ပေါ်တင်တင်ပဲဆွေးနွေးနေကျတယ်။
ယန်ထန်ကအရပ်ရှည်ပြီး ချောတယ်။
ဒါပေမဲ့ စကားမပြောတဲ့အချိန်မျိုးဆို၊ သူ့ပုံစံကအေးတိအေးစက်ဟန်ပန်မျိုး။
သူ့ကို တော်ရုံစကားလာမပြောရဲကျဘူး။
Yo! တိုက်ဆိုင်ချက်ပဲ
နောက်ဆုံးအတန်းတွေရဲ့ တစ်ခုတည်းသောလွတ်နေရာက ကော်ရစ်ဒါနဲ့နီးတဲ့အခြမ်းပဲ။
အနောက်ဘက်တံခါးနဲ့လည်းနီးတော့ လူအဝင်အထွက်တွေကြောင့် အဆင်မပြေလှဘူး။
အဲ့တော့ သူ့အတွက်နေရာက ဒီမှာပဲရှိတော့တယ်။
သူ့ဘေးရှိလူက ယန်ထန်ကိုမော့ကြည့်လာတယ်။
ထို့နောက် မျက်မှန်ထူထူကြီးတွေနဲ့ဖုံးကွယ်ထားတဲ့ မျက်လုံးတွေဟာ အောက်ပြန်ငုံ့သွားတယ်။
ယန်ထန်က သူ့လွယ်အိတ်ကိုစားပွဲပေါ်ပစ်တင်လိုက်ပြီး၊ ဆရာမဝင်ခင်မှာပဲ မှောက်အိပ်လိုက်တယ်။
ခဏအကြာမှာတော့ တကယ်အိပ်ပျော်သွားလေရဲ့။
စက်တင်ဘာလရဲ့ရာသီဥတုက သိပ်မပူလှဘူး။
လေထုဟာ စာအုပ်အသစ်ပေါ်ကမှင်နံ့တို့နဲ့ ပြည့်နှက်လို့နေတယ်၊ သက်တောင့်သက်သာပုံစံမျိုးလေး။
ဆရာရဲ့အသံကိုနားထောင်လျက်ပဲ၊ ယန်ထန်ဟာ သမ်းဝေရင်း နိုးလာတယ်။
အင်္ဂလိပ်ဆရာက စာမေးပွဲအတွက် လိုအပ်တဲ့စာရွက်တွေအကြောင်းပြောနေတာ။
ယန်ထန်ရဲ့ပျင်းရိပျင်းတွဲ့ပုံစံကိုမြင်သွားတဲ့အခါမှာ အော်မေးလာတယ်
"ဟေး၊ ဟိုကျောင်းသား! မင်းရဲ့စာရွက်ကဘယ်မှာလဲ?"
ယန်ထန်ကမျက်ခုံးပင့်လိုက်ကာ ပတ်ဝန်းကျင်ကိုတစ်ချက်လှည့်ပတ်ကြည့်ရှုလိုက်ပြီးမှ ပြန်ဖြေတယ်
"ဆရာ၊ ကျွန်တော်က တစ်ခြားအလယ်တန်းကျောင်းကလေ။ စာရွက်တွေမတူဘူး"
ဒီကျောင်းသားသစ်က အနောက်တံခါးမှတဆင့်ဝင်လာတယ်ဆိုတာကို ဆရာကသိထားတယ်။
တည်ငြိမ်နေတဲ့မျက်နှာပေးကိုမြင်ချိန်မှာ မျက်မှောင်ကြုတ်သွားရပြီး
"ငှါးရမယ်ဆိုတာပါ မသိတော့ဘူးလား! ဘာလို့နောက်ဆုံးအတန်းမသွားတာလဲ? အတန်းမတက်ချင်လည်း ထွက်သွား! တစ်ခြားကျောင်းသားတွေကို အနှောင့်အယှက်မပေးနဲ့"
ယန်ထန်က မတ်တပ်ထရပ်လိုက်တယ်။
ဘေးခုံကိုတစ်ချက်ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြစ်ထွန်းသွားတယ်။
လက်မြှောက်လိုက်ကာ ဆရာ့ကိုပြောတယ်
"ဆရာ၊ သူ့မှာလည်းစာရွက်မရှိဘူး"
ယန်ထန်နဲ့ကွဲပြားစွာပဲ၊ ဘေးခုံကတစ်ယောက်က ကိုယ့်အားကိုယ်ကိုးပြီး အဆင့်တစ်နဲ့ဝင်လာခဲ့တာ။
ကျောင်းက သုံးနှစ်လုံးလုံးအတွက် ကျူရှင်စရိတ်လည်းမတောင်းသလို၊ ဘေကျင်းတက္ကသိုလ်သာဝင်နိုင်ခဲ့ရင် ယွမ်နှစ်သောင်းတောင်ဆုချပေးဦးမှာ။
ဒီသတင်းက တစ်ကျောင်းလုံးပြန့်ပြီးနေပြီ။
ဒါပေမဲ့ ဒီဆရာကြီးကဘယ်သူလဲဆိုတာကိုတော့ ဘယ်သူမှမသိရသေးဘူး။
ကျောင်းသားတွေကမသိပေမဲ့ ဆရာတွေကတော့သိတာပေါ့။
အင်္ဂလိပ်ဆရာက ယန်ထန်ကိုအပြင်ထွက်ခိုင်းပြီးနေပြီ၊ အခုတော့ ဘေးခုံကပါ ယန်ထန်စနက်နဲ့ပြဿနာထဲပါသွားရရှာတယ်။
ဆရာက ဘေးကျပ်နံကျပ်ဖြစ်နေရပြီ။
"...မင်း၊ မင်းလည်းထွက်သွား!"
ယန်ထန်က သူ့အပြုံးတွေကိုမဖုံးကွယ်တော့ဘဲ၊ ဘေးခုံကို ပုခုံးဖက်လိုက်တယ်။
အခန်းပြင်အတူတူထွက်ရမဲ့ ညီအစ်ကိုနှစ်ယောက်ဟန်မျိုးဖြင့်ပေါ့။
"တစ်ယောက်တည်းရပ်ရတာ ပျင်းဖို့ကောင်းတယ်၊ မင်းကိုအဖော်ခေါ်လို့ စိတ်မဆိုးဘူးမလား?"
အဖော်ကခေါ်ပြီးနေပြီ၊ အခုမှပြောတော့ ဘာအသုံးဝင်နိုင်မှာမို့လို့လဲ။
ထိုလူကပြန်မဖြေဘူး၊ ခေါင်းခါပြပြီးနောက် စာသင်ခန်းဆီသို့သာ အာရုံပို့ထားတယ်။
ပြီးတော့ အသည်းအသန်စာလိုက်မှတ်နေတယ်!
ယန်ထန်ကစိတ်ပျက်သွားရပြီး၊ အရိုးမရှိသည့်အလား မှီတွဲ့နေလေရဲ့။
ဘေးရှိလူငယ်က အရပ်ရှည်ပြီး ကြည့်ကောင်းတယ်။
ဖြတ်သွားတဲ့စီနီယာမမတွေကတောင် ဒီအသစ်လေးကိုလှမ်းလှမ်းကြည့်နေကျသေး။
အရည်အသွေးကတော့ အထက်တန်းစားပဲ။
ယန်ထန်ကတော့ တောထဲကမျောက်အရိုင်းနဲ့တူနေတယ်။
အရှေ့ကိုသာစိုက်ကြည့်နေပြီး ဘယ်အရာကမှ သူ့မျက်လုံးထဲမဝင်ရောက်နိုင်သလိုပဲ။
ယန်ထန်က သူ့ဘေးရှိစာသင်ဖက်လေးကို တစ်ချက်ကြည့်လိုက်တယ်၊ ထို့နောက် နံရံကိုမှီချရင်းပဲ သမ်းဝေလာတယ်။
စာသင်နှစ်အစရဲ့ နေ့သစ်လေး။
ပြဿနာမရှာဖို့ပြောတဲ့ သင်္ကေတများလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]
"ထန္ေကာ၊ ဘယ္အတန္းလဲ?"
ယန္ထန္မ်က္လုံးေတြက စာ႐ြက္ကပ္ထားတဲ့ဘုတ္ေပၚေရာက္သြားၿပီးေနာက္၊ သူကျပန္ေျဖလာတယ္
"အတန္း ၁"
စကားအဆုံးမွာ ဖက္တီးကတိုးတိုးက်ိန္ဆဲလိုက္ရင္း၊ အနားတိုးကာေျပာတယ္
"ငါက အတန္း ၇တဲ့"
(မူရင္းမွာကတည္းက Fattyလို႔ပဲေရးလို႔ပါ)
"အတန္း ၇ကေကာင္းတာေပါ့၊ ပထမထပ္ကလြယ္တယ္ေလ"
ယန္ထန္ကေျပာရင္းနဲ႔ပဲ ေျခလွမ္းေတြကိုေနာက္ျပန္ဆုတ္လိုက္ကာ၊ သူ႔အတန္းဆီဦးတည္လိုက္တယ္။
ေနာက္ေက်ာမွာမ်က္စိမရွိဘူးေလ၊ အဲ့ေတာ့လူတစ္ေယာက္ကိုနင္းမိသြားေလရဲ႕။
ထိုလူရဲ႕မ်က္လုံးေတြက ေရွ႕ဆံပင္ရွည္ရွည္ေတြနဲ႔ဖုံးအုပ္ထားတယ္၊ မွန္ထူထူမ်က္မွန္ႀကီးကိုလည္းတပ္ထားေသး။
ယန္ထန္လို ၁၈၀စင္တီမီတာနီးနီးဝိတ္နဲ႔ တက္နင္းမိတာေတာင္မွ၊ ထိုလူကအသံလုံးဝမထြက္ဘူး။
မ်က္ေမွာင္ၾကဳတ္သြားၿပီး၊ ေပသြားတဲ့ဖိနပ္ျဖဴျဖဴေလးကိုသာ ငုံ႔ၾကည့္ေနတယ္။
သူကအရပ္မပုပါဘူး၊ ဒါေပမဲ့အေတာ္ေလးပိန္တယ္။
ယန္ထန္စိုက္ၾကည့္တာကိုခံရခ်ိန္္မွာ၊ တစ္ခုခုကိုဖုံးကြယ္ခ်င္သည့္အလား သူ႔ေရွ႕ဆံပင္ေတြကိုထိကိုင္ေနတယ္။
ထို႔ေနာက္မွာေတာ့၊ လူအုပ္ႀကီးၾကားထဲက ပိုစတာနားကိုသာတိုးကပ္သြားတယ္။
သူ႔ကိုအာ႐ုံမစိုက္တာေတြ႕လိုက္ရေတာ့၊ ယန္ထန္ကလည္း ေတာင္းပန္မေနေတာ့ဘူး။
ဖက္တီးကိုသာ စာသင္အေဆာက္အအုံဆီဆြဲေခၚသြားလိုက္တယ္။
ယန္ထန္မိသားစုက နည္းနည္းေလးအာဏာရွိတယ္။
ထိပ္ဆုံးအတန္းဆီေရာက္ရဖို႔ သူ႔အေဖက အေဆာက္အအုံဘယ္ႏွစ္ခုေလာက္လႉထားလဲမသိပါဘူး။
"ထန္ေကာ၊ ယြဲ႕အာ မေန႔ကဖုန္းေခၚတယ္။ ဟိုတစ္ေယာက္က သူ႔ကိုေက်ာင္းအေနာက္ဖက္ဂိတ္မွာ ပိတ္ေစာင့္ေနျပန္ၿပီတဲ့"
ယန္ထန္က အၿပဳံးတစ္ခုနဲ႔လွည့္ၾကည့္လာၿပီး
"သူကခုန္ေနတုန္းပဲလား?"
"ကြၽတ္ ထန္ေကာ၊ ယြဲ႕အာကစိတ္ရႈပ္ေနလို႔ပါ သူ႔ကိုစိတ္မဆိုးပါနဲ႔"
ယြဲ႕အာနာမည္က ဝူယြဲ႕၊ သူတို႔နဲ႔အတူႀကီးျပင္းလာခဲ့တာ။
ဝူယြဲ႕က အမွတ္သုံးအထက္တန္းေက်ာင္းကိုမဝင္ခဲ့ဘူး၊ သူ႔အိမ္ကလည္းေငြေၾကးမခ်မ္းသာလွဘူးေလ။
အဲ့ေတာ့ အနီးအနားကေက်ာင္းကိုပဲတက္လိုက္တယ္။
အဲ့ေက်ာင္းမွာက လူေပါင္းမ်ိဳးစုံရွိတယ္၊ ပစ္မွတ္ျဖစ္သြားႏိုင္ဖို႔ကလည္း လြယ္လြယ္ေလးရယ္။
ဝူယြဲ႕ေကာင္မေလးက ဟိုဟာဒီဟာပူဆာေနတာကိုေတြ႕ကတည္းက၊ ဒီေကာင္မေလးကို ယန္ထန္သိပ္သေဘာမက်ခဲ့ဘူး။
ဝူယြဲ႕ကေတာ့အခ်စ္႐ူးကာ အခုေတာ့ျပႆနာရွာခံေနရၿပီ။
"အဲ့ဒါေတြက ဝူယြဲ႕ကိုယ္တိုင္ဖန္တီးတာမဟုတ္လို႔လား?"
ယန္ထန္က စကားဆုံးၿပီးတဲ့ေနာက္မွာ၊ ဖက္တီးဘယ္လိုေတြးလဲဆိုတာကို ဂ႐ုစိုက္မေနေတာ့ဘူး။အတန္းဆီသို႔သာ ေလွ်ာက္လာလိုက္တယ္။
ဖက္တီးေၾကာင့္အခ်ိန္ဆြဲခံရၿပီးေနာက္မွာ၊ အတန္းကေတာ္ေတာ္လူျပည့္ေနၿပီ။
ယန္ထန္က အေရွ႕တန္းမွာထိုင္ဖို႔စိတ္ကူးမရွိဘူး၊ အဲ့ေတာ့ေနာက္ဆုံးအတန္းဆီပဲ တည့္မတ္စြာေလွ်ာက္သြားလိုက္တယ္။
ဒီအထက္တန္းေက်ာင္းရွိလူအေတာ္မ်ားမ်ားက အလယ္တန္းတူတူပဲျဖစ္ခဲ့က်တာ။ အခ်င္းခ်င္းေကာင္းစြာသိက်ၿပီး၊ မ်က္ႏွာသစ္ကိုျမင္ခ်ိန္မွာေတာ့ ေပၚေပၚတင္တင္ပဲေဆြးေႏြးေနက်တယ္။
ယန္ထန္ကအရပ္ရွည္ၿပီး ေခ်ာတယ္။
ဒါေပမဲ့ စကားမေျပာတဲ့အခ်ိန္မ်ိဳးဆို၊ သူ႔ပုံစံကေအးတိေအးစက္ဟန္ပန္မ်ိဳး။
သူ႔ကို ေတာ္႐ုံစကားလာမေျပာရဲက်ဘူး။
Yo! တိုက္ဆိုင္ခ်က္ပဲ
ေနာက္ဆုံးအတန္းေတြရဲ႕ တစ္ခုတည္းေသာလြတ္ေနရာက ေကာ္ရစ္ဒါနဲ႔နီးတဲ့အျခမ္းပဲ။
အေနာက္ဘက္တံခါးနဲ႔လည္းနီးေတာ့ လူအဝင္အထြက္ေတြေၾကာင့္ အဆင္မေျပလွဘူး။
အဲ့ေတာ့ သူ႔အတြက္ေနရာက ဒီမွာပဲရွိေတာ့တယ္။
သူ႔ေဘးရွိလူက ယန္ထန္ကိုေမာ့ၾကည့္လာတယ္။
ထို႔ေနာက္ မ်က္မွန္ထူထူႀကီးေတြနဲ႔ဖုံးကြယ္ထားတဲ့ မ်က္လုံးေတြဟာ ေအာက္ျပန္ငုံ႔သြားတယ္။
ယန္ထန္က သူ႔လြယ္အိတ္ကိုစားပြဲေပၚပစ္တင္လိုက္ၿပီး၊ ဆရာမဝင္ခင္မွာပဲ ေမွာက္အိပ္လိုက္တယ္။
ခဏအၾကာမွာေတာ့ တကယ္အိပ္ေပ်ာ္သြားေလရဲ႕။
စက္တင္ဘာလရဲ႕ရာသီဥတုက သိပ္မပူလွဘူး။
ေလထုဟာ စာအုပ္အသစ္ေပၚကမွင္နံ႔တို႔နဲ႔ ျပည့္ႏွက္လို႔ေနတယ္၊ သက္ေတာင့္သက္သာပုံစံမ်ိဳးေလး။
ဆရာရဲ႕အသံကိုနားေထာင္လ်က္ပဲ၊ ယန္ထန္ဟာ သမ္းေဝရင္း ႏိုးလာတယ္။
အဂၤလိပ္ဆရာက စာေမးပြဲအတြက္ လိုအပ္တဲ့စာ႐ြက္ေတြအေၾကာင္းေျပာေနတာ။
ယန္ထန္ရဲ႕ပ်င္းရိပ်င္းတြဲ႕ပုံစံကိုျမင္သြားတဲ့အခါမွာ ေအာ္ေမးလာတယ္
"ေဟး၊ ဟိုေက်ာင္းသား! မင္းရဲ႕စာ႐ြက္ကဘယ္မွာလဲ?"
ယန္ထန္ကမ်က္ခုံးပင့္လိုက္ကာ ပတ္ဝန္းက်င္ကိုတစ္ခ်က္လွည့္ပတ္ၾကည့္ရႈလိုက္ၿပီးမွ ျပန္ေျဖတယ္
"ဆရာ၊ ကြၽန္ေတာ္က တစ္ျခားအလယ္တန္းေက်ာင္းကေလ။ စာ႐ြက္ေတြမတူဘူး"
ဒီေက်ာင္းသားသစ္က အေနာက္တံခါးမွတဆင့္ဝင္လာတယ္ဆိုတာကို ဆရာကသိထားတယ္။
တည္ၿငိမ္ေနတဲ့မ်က္ႏွာေပးကိုျမင္ခ်ိန္မွာ မ်က္ေမွာင္ၾကဳတ္သြားရၿပီး
"ငွါးရမယ္ဆိုတာပါ မသိေတာ့ဘူးလား! ဘာလို႔ေနာက္ဆုံးအတန္းမသြားတာလဲ? အတန္းမတက္ခ်င္လည္း ထြက္သြား! တစ္ျခားေက်ာင္းသားေတြကို အေႏွာင့္အယွက္မေပးနဲ႔"
ယန္ထန္က မတ္တပ္ထရပ္လိုက္တယ္။
ေဘးခုံကိုတစ္ခ်က္ၾကည့္လိုက္ၿပီး အၿပဳံးတစ္ခုျဖစ္ထြန္းသြားတယ္။
လက္ေျမႇာက္လိုက္ကာ ဆရာ့ကိုေျပာတယ္
"ဆရာ၊ သူ႔မွာလည္းစာ႐ြက္မရွိဘူး"
ယန္ထန္နဲ႔ကြဲျပားစြာပဲ၊ ေဘးခုံကတစ္ေယာက္က ကိုယ့္အားကိုယ္ကိုးၿပီး အဆင့္တစ္နဲ႔ဝင္လာခဲ့တာ။
ေက်ာင္းက သုံးႏွစ္လုံးလုံးအတြက္ က်ဴရွင္စရိတ္လည္းမေတာင္းသလို၊ ေဘက်င္းတကၠသိုလ္သာဝင္ႏိုင္ခဲ့ရင္ ယြမ္ႏွစ္ေသာင္းေတာင္ဆုခ်ေပးဦးမွာ။
ဒီသတင္းက တစ္ေက်ာင္းလုံးျပန္႔ၿပီးေနၿပီ။
ဒါေပမဲ့ ဒီဆရာႀကီးကဘယ္သူလဲဆိုတာကိုေတာ့ ဘယ္သူမွမသိရေသးဘူး။
ေက်ာင္းသားေတြကမသိေပမဲ့ ဆရာေတြကေတာ့သိတာေပါ့။
အဂၤလိပ္ဆရာက ယန္ထန္ကိုအျပင္ထြက္ခိုင္းၿပီးေနၿပီ၊ အခုေတာ့ ေဘးခုံကပါ ယန္ထန္စနက္နဲ႔ျပႆနာထဲပါသြားရရွာတယ္။
ဆရာက ေဘးက်ပ္နံက်ပ္ျဖစ္ေနရၿပီ။
"...မင္း၊ မင္းလည္းထြက္သြား!"
ယန္ထန္က သူ႔အၿပဳံးေတြကိုမဖုံးကြယ္ေတာ့ဘဲ၊ ေဘးခုံကို ပုခုံးဖက္လိုက္တယ္။
အခန္းျပင္အတူတူထြက္ရမဲ့ ညီအစ္ကိုႏွစ္ေယာက္ဟန္မ်ိဳးျဖင့္ေပါ့။
"တစ္ေယာက္တည္းရပ္ရတာ ပ်င္းဖို႔ေကာင္းတယ္၊ မင္းကိုအေဖာ္ေခၚလို႔ စိတ္မဆိုးဘူးမလား?"
အေဖာ္ကေခၚၿပီးေနၿပီ၊ အခုမွေျပာေတာ့ ဘာအသုံးဝင္ႏိုင္မွာမို႔လို႔လဲ။
ထိုလူကျပန္မေျဖဘူး၊ ေခါင္းခါျပၿပီးေနာက္ စာသင္ခန္းဆီသို႔သာ အာ႐ုံပို႔ထားတယ္။
ၿပီးေတာ့ အသည္းအသန္စာလိုက္မွတ္ေနတယ္!
ယန္ထန္ကစိတ္ပ်က္သြားရၿပီး၊ အ႐ိုးမရွိသည့္အလား မွီတြဲ႕ေနေလရဲ႕။
ေဘးရွိလူငယ္က အရပ္ရွည္ၿပီး ၾကည့္ေကာင္းတယ္။
ျဖတ္သြားတဲ့စီနီယာမမေတြကေတာင္ ဒီအသစ္ေလးကိုလွမ္းလွမ္းၾကည့္ေနက်ေသး။
အရည္အေသြးကေတာ့ အထက္တန္းစားပဲ။
ယန္ထန္ကေတာ့ ေတာထဲကေမ်ာက္အ႐ိုင္းနဲ႔တူေနတယ္။
အေရွ႕ကိုသာစိုက္ၾကည့္ေနၿပီး ဘယ္အရာကမွ သူ႔မ်က္လုံးထဲမဝင္ေရာက္ႏိုင္သလိုပဲ။
ယန္ထန္က သူ႔ေဘးရွိစာသင္ဖက္ေလးကို တစ္ခ်က္ၾကည့္လိုက္တယ္၊ ထို႔ေနာက္ နံရံကိုမွီခ်ရင္းပဲ သမ္းေဝလာတယ္။
စာသင္ႏွစ္အစရဲ႕ ေန႔သစ္ေလး။
ျပႆနာမရွာဖို႔ေျပာတဲ့ သေကၤတမ်ားလား။