လက်တွဲဖော် ( My Dear )

Od Yoeyarthit

13.6K 1K 872

အချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော........... Více

အခန်း ( ၁ ) - နှစ်ယောက်တည်းကမ္ဘာ
အခန်း ( ၂ ) - ပိုင်စေနှင့် ဝေးတို့ရဲ့တွေ့ဆုံမှု
အခန်း ( ၃ ) - ဝေးရဲ့ရွေးချယ်မှု
အခန်း ( ၄ ) - အိမ်ထောင်သည်ဘဝဆိုတာ
အခန်း ( ၅ ) - မောင်နဲ့လည်ပတ်ခဲ့သော ပွဲစျေးည
အခန်း ( ၆ ) - အမှတ်တမဲ့ရင်းနှီးခဲ့ရပါသော သူစိမ်း
အခန်း ( ၇ ) - စုံတွဲလက်စွပ် ပြီးတော့ တက်တူး
အခန်း ( ၈ ) - မောင့်အတွက်ရည်ရွယ်၍
အခန်း ( ၉ ) - သူငယ်ချင်းဟောင်းနှင့်တွေ့ဆုံခြင်း
အခန်း ( ၁၁ ) - ပျက်ပြယ်သွားခဲ့သော
အခန်း ( ၁၂ ) - အချစ်ရဲ့အာနိသင်
အခန်း ( ၁၃ ) - အသက်ဝင်နေဆဲ အတိတ်များ
အခန်း ( ၁၄ ) - ပထမဆုံးခြေလှမ်းဟုသတ်မှတ်သည်
အခန်း ( ၁၅ ) - အစပျိုးခဲ့မိသူ
အခန်း ( ၁၆ ) - သူတို့တွေ့ကြပြီ
အခန်း ( ၁၇ ) - မောင်မရှိသော ည
အခန်း - ( ၁၈ )
အခန်း ( ၁၉ ) - ပြန်လည်ဆုံတွေ့ချိန်
အခန်း ( ၂၀ ) - ကိုမြတ်ဦး+ပိုးကဗျာမှူး
အခန်း ( ၂၁ ) - သက္ကရာဇ်မှူး
အခန်း ( ၂၂ ) - တိမ်းညွှတ်လာသည့် သံယောဇဥ်
အခန်း ( ၂၃ ) - တရားဝင်မွေးစားခြင်း
!!!!!!
တောင်းဆိုခြင်း (ခ) အကူအညီတောင်းခံခြင်း။
အခန်း (၂၄) ရေစက်ဆိုး
အခန်း ( ၂၅) ရင်တွင်းဒဏ်ရာ

အခန်း ( ၁၀ ) - မောင့်ရဲ့ မွေးနေ့ဝယ်

339 34 59
Od Yoeyarthit

{ Unicode Version }

မနက်ခင်း လင်းအာရုံနှင့်အတူ ကုတင်ထက်မှ ပိုင်စေနှင့်ဝေးတို့သည် နှစ်ဦးလုံးအဝတ်အစားကင်းမဲ့လျက် အိပ်မောကျနေလေရဲ့...။

ကျေးငှက်သာရကငယ်တို့၏ သာယာလှသည့် တွန်ကြူးသံတွေကြောင့် ဝေးသည် အိပ်ရာမှနိုးလာခဲ့လေသည်။

ဝေး ​အိပ်ရာထက်မှ ထမည်အပြု ကျောဘက်မှ သိုင်းဖက်ထားသည့် ပိုင်စေ့ရဲ့လက်တွေကြောင့် ဝေးမှာထဖို့ရန်အတွက် အခက်ကြုံနေ၏။

ဝေးလည်း ပိုင်စေ့ဘက်လှည့်ကာ ပိုင်စေ့ရဲ့မေးစေ့လေးအား ကိုက်ချလိုက်သည်။

ထွက်ပြူကာစ မုတ်ဆိတ်မွှေးရေးရေးတို့ဟာ ဝေးရဲ့နှုတ်ခမ်းလွှာကို ခပ်စူးစူးဖြစ်စေကာ ကျီစယ်နေပြန်၏။

" အာ့...ဘာလို့ကိုက်တာလဲ ''

ပိုင်စေသည် ထိုသို့ပြောကာ ဝေးအား ကျောပေး၍ တစ်ဖက်သို့ လှည့်သွားလေ၏။

ထို့နောက် အိပ်ရာမှထရန်ပြင်နေသောဝေးသည် ထမသွားသေးဘဲ ကျောပေးထားသည့် ပိုင်စေ့ရဲ့ခါးလေးကို ဖက်ထားလျက် မှိန်းနေလိုက်တော့၏။

ရုတ်တရက်ဆန်စွာ ပိုင်စေသည် ဝေးရဲ့လက်ကိုဆွဲယူလိုက်ကာ မိမိ၏ ဖွားဖက်တော်ပေါ်သို့တင်ပေးလိုက်၏။

ဝေး အယောင်ယောင်အမှားမှားနှင့် ဆုပ်ကိုင်လိုက်မိပြီးမှ အနည်းငယ်ထကြွနေသည့် ပိုင်စေ၏ဖွားဖက်တော်ကြောင့် လက်ကိုအမြန်ရုတ်ကာ အိပ်ရာထက်မှဆင်း၏။

ထို့နောက် တုပ်တုပ်မျှပင်မလုပ်သော ပိုင်စေ၏ခါးအား လက်သီးနှင့်ထိုးကာ ဆုံးမခဲ့ပြီး ရေကန်ရှိရာသို့ထွက်လာခဲ့တော့သည်။

ဝေး ထွက်သွားပြီဆိုမှ ပိုင်စေသည်အိပ်ရာပေါ်တွင် အပြုံးကြီးပြုံးကာ ကျန်နေခဲ့လေရဲ့။

ဝေး မျက်နှာသစ်ပြီးသည်နှင့် ပထမဦးစွာ ထမင်းအိုးတည်ရန် ဆန်ဆေးလေသည်။

ထို့နောက် ထမင်းအိုးကို မီးဖိုပေါ်တွင်နေရာပေးကာ မနေ့ကဝယ်ထားသည့် ဝက်အူချောင်းကိုချက်ရန်ပြင်ဆင်လိုက်သည်။

နောက်ဆုံးအနေနှင့် မုန်ညင်းဖြူကိုပါးပါးလေးလှီကာ ငရုတ်သီးစပ်စပ်လေးနှင့်ကြော်ဖို့ စီစဉ်ထား၏။

တစ်နာရီခန့်အကြာတွင် ကိစ္စအားလုံးပြီးပြတ်သွားလေ၏။

မနက်စာ,စားရန်အဆင်သင့်ပြင်ပြီး ဖြစ်သလို မောင့်အတွက်လည်း အလုပ်သွားဖို့ရန်အတွက် ထမင်းချိုင့်ပြင်ပြီးခဲ့လေပြီ။

အခု ဝေးလုပ်ရမည့်တစ်ခုတည်းသောအလုပ်မှာ မောင့်အား သွားနှိုးရန်ပင်ဖြစ်သည်။

ထို့ကြောင့် ဝေး မောင်ရှိရာအိပ်ခန်းထဲသို့ ဒုတိယံမိဝင်ရောက်သွားခဲ့၏။

ကုတင်ဘေးစောင်းတွင်ထိုင်ကာ ပိုင်စေ့ပခုံးအားကိုင်ကာ နှိုး၏။

" မောင် ထတော့၊ အလုပ်သွားရဦးမှာလေ....၊ ထ ထ ''

" ဘယ်နနာရီရှိသေးလို့လဲ ''

ပိုင်စေက အိပ်မှုန်စုံမွှားအသံဖြင့် မေးလေ၏။

" ၆နာရီကျော်ပြီ မောင် ''

" စောသေးတယ် ''

ထိုမျှသာဆိုပြီးနောက် ပိုင်စေသည် ဝေးအား ဆွဲချလိုက်ပြီး နောက်ကျောဘက်မှဖက်ကာ ရင်ခွင်ထဲဆွဲသွင်းထားလိုက်၏။

ဝေးလည်း ပိုင်စေစိတ်ချမ်းသာစေရန် ဘာတစ်ခွန်းမျှပင် မပြောမိ၊ ခန္ဓာကိုယ်ဟာလည်း မရုန်းမိ။

နွေးထွေးသည်၊ ရင်ခုန်သည်၊ လုံခြုံမှုရှိသည်၊ အချစ်တို့ကိုခံစားမိလေသည်။

ထိုခံစားချက်တွေကို ပိုင်စေ့ရဲ့ ရင်ခွင်အတွင်းမှာသာ ခံစားရနိုင်သည်ဟု ဝေး တစ်ထစ်ချယုံကြည်ထား၏။

ရုတ်တရက်။

" အာ့...မောင် ''

ပိုင်စေ မပြောမဆိုနှင့် ဝေးရဲ့ဂုတ်သားလေးအား နီရဲလုမတတ်ကိုက်ခဲလိုက်တော့ ဝေးဆီမှ ညည်းသံသဲ့သဲ့ကြားရသည်။

ထိုမျှသာမကသေးဘဲ ပိုင်စေ့ရဲ့ အငယ်ကောင်ဟာ အစွမ်းကုန်တက်ကြွကာ ဝေးရဲ့နေရာလေးကို ထောက်ထားလေ၏။

" ချစ်တယ်ကွာ ဝေးရာ၊ မောင် ဝေးကိုချစ်တယ် ''

ပိုင်စေ့ လက်တွေကလည်း ဝေးရဲ့ရင်ဘက်အနှံ့ ပွတ်သပ်ကျီစပ်ကာ နေရာနှစ်ခုအား ညှစ်ချေပေးနေပြန်သည်။

" အာ့..မောင်..အင့် မနက်စောကြီး..အာ့ ''

" ခဏလေးပါ ဝေးရာ ''

" အာ့..အင်း မနေ့ညကလည်း ပေးပြီးသားကို....အင့် ''

" အခု ထပ်လိုချင်လို့ကွာ...ဝေး မောင့်ကိုမချစ်ဘူးလား ''

ဝေးမှာ ဆက်မပြောနိုင်၊ '' မောင့်ကိုမချစ်ဘူးလား '' ဆိုသည့်စကားနဲ့တင် ဝေး မောင့်ကို ပေးဆပ်ခဲ့ရသည်မှာများပြီ။

တစ်ခါတစ်ရံ ထိုစကားဟာ မောင့်ရဲ့ ဝေးအပေါ် အနိုင်ယူနေကျစကားတစ်ခွန်းလားဟုပင် ဝေးမှာ သံသယဝင်နေတတ်ခဲ့ပြီ။

သို့ပေမယ့် ဝေး အတေးအမှတ်တော့မထားခဲ့မိ။

ကိုယ်ကချစ်ခဲ့ရသူမဟုတ်လား။

အချစ်ဖြင့်တည်ဆောက်ထားသော ဘဝတစ်ခုတွင် သာသည်၊နာသည်ဟူ၍ မတွေးထားသင့်ကြောင်း ဝေး လက်ခံထားပါသည်။ ထိုအတွေးတို့မှာစီးပွားရေးဆန်လွန်းလှသည်ဟု ဝေးယူဆထား၍ဖြစ်သည်။

တခဏအကြာ အဝတ်အစားကင်းမဲ့သွားသော ဝေးနှင့်ပိုင်စေတို့ရဲ့ ခန္ဓာကိုယ်နှစ်ခုဟာ အိပ်ရာထက်ဝယ် စုန်ချည်ဆန်ချည်လှုပ်ရှားနေကြလေ၏။

.
.
.

ပိုင်စေသည် ရေချိုးပြီးနောက် အဝတ်အစားလဲရန်အတွက် အိပ်ခန်းထဲသို့ ပြန်ရောက်နေပြန်သည်။

ဝတ်စုံပြည့်ဝတ်ဆင်ပြီးသွားသည့်နောက်တွင် ပိုင်စေသည် အံဆွဲအတွင်းမှ သူပတ်နေကျနာရီလေးအား ရှာဖွေလိုက်သော်လည်း မတွေ့။

ထိုနာရီလေးအစား ဒိုင်ခွက်ကြီးကြီး၊ ငွေရောင်လက်ပတ်လေးကြိုးလေးနှင့်နာရီတစ်လုံးကိုသာတွေ့ရ၏။

ဒိုင်ခွက်အတွင်းတွင်မူ ကိန်းဂဏန်းတို့အစား သေးငယ်သော စိန်ပွင့်လေးတွေဟာ နေရာယူထားလေ၏။

အနုမြူရောင် နာရီလက်တံလေးဟာဆိုရင် ဘယ်အလင်းရောင်အကူမှမပါဘဲ တဖိတ်ဖိတ်တောက်လျက်ပင်။

ပိုင်စေ မယုံမကြည်နိုင်ဖြစ်နေတုန်း သူ့ခါးဆီသို့ လာရောက်ရစ်ပတ်နွယ်နေသည့် လက်တစ်စုံကြောင့် ပိုင်စေအခြေအနေကို နားလည်သဘောပေါက်လိုက်ပြီ။

" ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ မောင်။ ''

" ဒါ ဝေးရဲ့ မွေးနေ့လက်ဆောင်ပေါ့လေ ''

" ဟုတ်တယ် မောင်၊ မောင်ကြိုက်ရဲ့လား။ ''

" ကြိုက်တယ်၊ တန်ဖိုးလည်းထားတယ် ဝေး၊ တစ်ခုပဲဖြေနော်...ဒါကိုဘယ်ကပိုက်ဆံနဲ့ဝယ်လိုက်တာလဲ။ ''

" မောင် ပေးတဲ့ပိုက်ဆံတွေထဲက အချိုးကျစုပြီး ဝယ်ပေးတာပါ မောင်ရယ်၊ တခြားအတွေးတွေလျှောက်မဝင်ပါနဲ့...နော်။ ''

" ဟုတ်ပါပြီ၊ မောင် ဝေးကိုတောင်းပန်ပါတယ်။ ''

" ဘာအတွက်လဲ မောင်။ ''

" မနက်က ကိစ္စပါ၊ မောင် ဝေးကို မောင့်ရဲ့မွေးနေ့လက်ဆောင်အဖြစ်ယူခဲ့တာလေ၊ ဝေး မောင့်မွေးနေ့ကို မေ့နေတယ်ဆိုပြီးတော့ပေါ့။ ''

" ရတယ်လေ၊ နောက်ကျ မွေးနေ့ရောက်မှပေးတော့မယ်၊ တစ်နှစ်မှတစ်ညပဲ ဘယ်လိုလဲ။ ''

" အွန်း..မရပါဘူး၊ မောင်က စတာလေ၊ ဝေးက လိမ္မာပါတယ်၊ အာဘွား....။ ''

ပိုင်စေသည် ဝေး၏ပါးနှစ်ဖက်လုံးအား ရစရာမရှိအောင်ပင် နမ်းနေတော့သည်။

" လာ မောင်၊ ဝေး ဝတ်ပေးမယ်။ ''

" ဟုတ်။ ''

ဝေးနာရီလေးကို ယူလိုက်ပြီး ပိုင်စေကမ်းပေးလာသည့် လက်ကောက်ဝတ်တွင် ဆင်မြန်းပေးလိုက်သည်။

ချစ်ရပါသော မောင်ဟာ ဝေး အတွက်တော့ပိုပြီးခန့်ညာလွန်းလှသည်၊ တည်ကြည်မှုရှိသည်၊ ဝေး ကိုဆွဲဆောင်နိုင်စွမ်းရှိသည်။

ထို့ကြောင့် ဝေး မောင့်ကို ချစ်သည်။

" ဝေးရဲ့မောင်က ချောမောခန့်ညားလွန်းတယ်၊ အခု ဒီနာရီလေးနဲ့ဆိုတော့ ပိုပြီးကြည့်ကောင်းလာတယ်။ ''

ဝေး ခြေဖျားထောက်ကာ ပိုင်စေ့ရဲ့လည်တိုင်လေးအား တွယ်ထားလေသည်။

ပိုင်စေလည်း အလိုက်သင့်လေးပြန်ဖက်လိုက်ပြီး ဝမ်းသာမျက်ရည်များကျလာတော့၏။

" မောင် ဝေးကိုအရမ်းချစ်တယ်။ ''

" ဝေးရောပဲ မောင်။ ''

ထိုသို့ဖက်တွယ်နေရင်းသိပ်မကြာ အလုပ်သွားရန်အချိန်ကပ်လာ၍ မနက်စာဝိုင်းတွင် နေရာယူလိုက်ကြလေတော့သည်။

.
.
.

ဝေး ဒီတစ်နေ့တာအတွက် အေးအေးလူလူနေရန် အချိန်ရသည်။

မောင့်ရဲ့မွေးနေ့ဖြစ်တာကြောင့် ကိုစွမ်းဆီမှ ဤတစ်နေ့တာအတွက် ကြိုတင်ခွင့်တောင်းကာ ခွင့်ယူခဲ့ခြင်းဖြစ်သည်။

ညေန မောင်ပြန်လာလျှင် အားလုံး အဆင်သင့်ဖြစ်နေစေရန် စီစဉ်ရပေဦးမည်။

လွန်ခဲ့သောနှစ်ရက်ခန့်က ကြိုတင်မှာယူထားသည့် ကိတ်နှင့်ပန်းစည်း လာပို့မည့် Deliveryသမားအား စောင့်ဆိုင်းရမည်။

ထို့နောက်တွင် ဖယောင်းတိုင်၊ နေရာအခင်းအကျင်း၊ အပြင်အဆင်အနည်းငယ်တော့ ပြင်ဆင်ရပေမည်။

နောက်ဆုံးအနေနှင့် မြို့ထဲတွင် ဝိုင်တစ်ပုလင်းခန့်တော့ သွားဝယ်ရမည်။

မောင်အလုပ်ပြန်လာချိန်တွင် ကိတ်အတူတူခွဲကာ အောင်ပွဲခံဝိုင်အနည်းငယ်စီသောက်ရင်း ဤတစ်ညတာကို အနှောင့်အယှက်ကင်းစွာနှင့် ပျော်ရွှင်စွာဖြတ်သန်းကြပေလိမ့်မည်။

ဤသည်ကား ဝေးရဲ့စိတ်ကူးထဲမှ မောင့်ရဲ့မွေးနေ့ပဲလေးပင်။

.
.
.

" ဟေ့ ပိုင်စေသား၊ ဦးအောင်ဆီက ဖုန်းလာနေတယ်၊ မင်းနဲ့ပြောချင်လို့တဲ့ ''

အလုပ်ထဲမှ လူတစ်ယောက်က ပိုင်စေ့အား လှမ်းအော်ပြောလာတော့ ပိုင်စေထိုသူ့အားကြည့်ကာ ခေါင်းညိတ်ပြခဲ့၏။

ထို့နောက် လုပ်ငန်းဖုန်းထား,ထားရာ ကောင်တာဆီသို့လျှောက်လာပြီး ဖုန်းဖြေလိုက်သည်။

" ဟယ်လို.....ဦးအောင်၊ ကျွန်တော်ပါ...ပိုင်စေသားပါ ''

" ..................''

" ဟုတ်...ဒီည​နေလား ''

" .................... ''

" ဟို...ကျွန်တော့်မှာ ကိစ္စလေးရှိသေးလို့.... ''

" .................... ''

" သြော် ဟုတ်...၊ ရပါတယ်...ကျွန်တော်သွားကြိုပေးပါ့မယ်ဗျ ''

" ..................... ''

" ဟုတ်ကဲ့ ဦးအောင် ''

ဖုန်းချပြီးနောက်မှာတော့ ပိုင်စေ လေပူတစ်ချက်ပြင်းပြင်းမှုတ်ထုတ်လိုက်၏။

ထိုလေနှင့်အတူ အခုညနေဖြေရှင်းပေးရမည့် ကိစ္စကြီးကိုပါ ပါသွားစေချင်သည်။

" ဘာတဲ့လဲ ဟေ့ကောင် ''

ပိုင်စေ လှည့်ကြည့်လိုက်တော့ မျက်နှာရူးသူငယ်ချင်းဖြစ်သူ သီဟ။

" ဦးအောင်ပါကွာ...၊ ညနေ ၅နာရီလောက် သူ့တူမဆိုတဲ့အမျိုးသမီးကို သွားကြိုပေးခိုင်းတာ၊ ငါ ညနေ စောစောပြန်ပါမယ်ဆိုမှပဲကွာ....ကျွတ်စ် ''

" ဒါဆို ဦးအောင်တူမဆိုတာ တခြားမဟုတ်လောက်ဘူး၊ ဦးအောင်ပြောဖူးတဲ့ ဒီဆိုင်ကို ဦးစီးဦးဆောင်လုပ်မယ့်လူသစ်ဆိုတာနေမှာ၊ အဲ့ဒါကြောင့် ဒီကိုလာတာနေမှာ ''

" သူ့ဘာသာသူ ဘာဖြစ်ဖြစ်ပါ၊ ဒီနေ့မှ လာရတယ်လို့၊ မင်းသွားကြိုပေးမလား သီဟ ''

ထိုစကားဆိုတော့ သီဟသည် '' မင်းပြဿနာမင်းရှင်း၊ လာမရှုပ်နှင့် '' ဟူသည့် ပုံစံဖြင့် လက်နှစ်ဖက်မြှောက်ပြလေ၏။

" လာကြာ အခုလုပ်စရာရှိတာလုပ်ရအောင် လာ ''

" အေးပါကွာ ''

ပိုင်စေ စိတ်မပါလက်မပါနှင့် သီဟနောက်ကိုသာ လိုက်သွားခဲ့လေသည်။

Serviceလိုက်ရန်အတွက် ပိုင်စေနှင့်သီဟတို့သည် ရုံးကားကိုယူကာ ထွက်သွားကြတော့၏။

ပိုင်စေနှင့်သီဟတို့သည် ငယ်မွေးခြံပေါက်ကတည်းက ခင်လာကြသူများမဟုတ်။

ပိုင်စေ မန္တလေးရောက်ကာစတွင် ဝင်လုပ်ခဲ့သော ဦးအောင်၏ဆိုင်ခွဲတွင် သီဟသည်လည်း အလုပ်သမားအသစ်ပင်။

ထိုအချိန်မှစ၍ service လိုက်ရန်အဖွဲ့ခွဲတော့ ပိုင်စေနှင့်သီဟတို့ တစ်တွဲတည်းဖြစ်ခဲ့ပြီး ပစ္စည်းလိုက်ပို့ရမည့်အဖွဲ့ခွဲတော့လည်း အတူတူပင်ဖြစ်သည်။

အဲ့နောက်ပိုင်းတွင် ပိုင်စေနှင့်သီဟတို့ အတွဲညီလာခဲ့ပြီး လူရင်းတွေကဲ့သို့ပင် ခင်မင်ရင်းနှီးလာခဲ့တော့သည်။

#######

ဝေး တစ်အိမ်လုံးအား ပြောင်လက်နေသည်အထိ သန့်ရှင်းရေးလုပ်ထားသည်။

အမှိုက်တစ်စ၊ဖုန်တစ်စပင် မရှိရလေအောင် အစွမ်းကုန်သန့်ရှင်းထား၏။

ဘုရားစင်ရှေ့ဧည့်ခန်းနေရာမျိုးတွင် စားပွဲတစ်လုံးခင်းကျင်းထားပြီး မောင့်အတွက် မွေးနေ့ကိတ်ကိုလည်း ပြင်ဆင်ထား၏။

တစ်အိမ်လုံး နေရာအနှံ့ မီးမထွန်းညှိရသေးသည့် ဖယောင်းတိုင်များစွာကိုလည်း စိုက်ထားပြန်ပြီး မျက်နှာကြက်တွင်လည်း ရောင်စုံစက္ကူလိပ်များနှင့် ရောင်စုံပူဖောင်းတို့ကား ချိတ်ဆွဲထားလျက်ရှိသည်။

စားပွဲပေါ်တွင်လည်း ကိတ်အပြင် ဝိုင်တစ်လုံးနှင့် ဖန်ခွက်နှစ်ခွက်။

ဖယောင်းတိုင်ခပ်လတ်လတ် သုံးတိုင်အပြင် ဟင်းလျာအချို့ကိုလည်း တည်ခင်းထားလေ၏။

မျက်နှာချင်းဆိုင် ထိုင်ခုံနှစ်လုံးကို နေရာချထားပေးပြီးနောက် အရာအားလုံးဟာ အဆင်သင့်ပင်ဖြစ်ခဲ့ပြီ။

ထို အခြင်းအရာအားလုံးကို ဝေးတစ်ယောက်တည်းသာ ပြင်ဆင်စီမံခဲ့ရ၍ အခုတော့ ဝေးတစ်ယောက် မောပန်းသွားခဲ့လေပြီ။

အချိန်ကား ၅နာရီပင်ထိုးလုပြီဖြစ်သည့်အတွက် ဝေး ခြံတံခါးအသင့်ဖွင့်ကာ မောင့်အားစောင့်နေရုံမျှပင် ကျန်တော့သည်။

မောင်ပြန်လာရင် ဝတ်ရန်အတွက် အဝတ်အစားအသစ်ကိုလည်း ဝေး ပြင်ဆင်ထားပြီးပြီဖြစ်၏။

ဝေး ခြံထဲတွင် လမ်းလျှောက်ရင်းတစ်ဖုံ၊ ဝရန်တာလေးတွင်ရပ်ကာတစ်သွယ်၊ နာရီတကြည့်ကြည့်ဖြင့် မောင့်အား စောင့်နေတော့သည်။

နာရီသံတစ်ဂျက်ဂျက်ဟာ ဝေးရဲ့စိတ်ကို ထိုးဆွနေသယောင်ပင်။

အချိန်သည်ကား ညနေ၅နာရီမှသည် ညဦးပိုင်း ၇ နာရီသို့ပင် ရောက်ရှိလာခဲ့လေပြီ။

ဝေး မစောင့်စည်းနိုင်စွာဖြင့် မောင့်အားဖုန်းခေါ်လိုက်တော့သည်။

၄၊၅ ကြိမ်ထိတိုင် တစ်ဖက်မှ '' ဆက်သွယ်မှုဧရိယာပြင်ပ '' ဟူသည့်စကားပြန်တွေကို ဝေး လျစ်လျူရှူ့ကာ နောက်ဆုံး ဖုန်းဆက်ပိတ်လိုက်ပြီး စားပွဲပေါ်တွင် မှောက်အိပ်နေလိုက်သည်။

စားပွဲပေါ်မှောက်အိပ်နေသည့်ပုံရသည့် ဝေးဆီမှ တစ်ချက်တစ်ချက် ရှိုက်သံနှင့်အတူ ကျောပြင်ငယ်လေးဟာ တသိမ့်သိမ့်တုန်လျက်သာ။

သို့ပေမယ့်......သို့သော်....မောင်သည်ကား.....။

########

ညနေ ၆ နာရီခန့်တွင်ဖြစ်သည်။

" ကျွတ်စ်....ဘာလဲကွာ၊ မလာသေးတာလား၊ လွဲ​သွားတာလား ''

ဆိုင်မှပေးလိုက်သည့်ကား၏ ရှေ့ခေါင်းခန်းတွင်ထိုင်နေသည့် ပိုင်စေသည် ကားစတီယာရင်အား လက်စောင်းနှင့်ရိုက်ချလိုက်၏။

ဦးအောင်၏အကူအညီတောင်းမှုကြောင့် ပိုင်စေသည် ဦးအောင်၏တူမဆိုသူကို ကားဂိတ်တွင်လာကြိုနေခြင်းကဖြစ်သည်။

ပိုင်စေ ဝေးနှင့် အချိန်ဖြုန်းချင်ပေမယ့် ဦးအောင်က အတင်းတောင်းဆိုလာတော့လည်း ပိုင်စေ့မှာ ငြင်းဆန်နိုင်စွမ်းမရှိ။

ဝေးနှင့်သူ့ကို ရန်ကုန်မှာတစ်မျိုး၊ မန္တလေးရောက်တော့တစ်သွယ် အစစအရာရာ အဆင်ပြေအောင်ကူညီပေးခဲ့သည့် ဦးအောင်ရဲ့ကျေးဇူးတရားတွေကလည်း မေ့ထား၍ပင်မရတော့လည်း....။

အခုမု ကူညီလိုက်တာ ငါးပါးမှောက်ပါလေရောဟု နောင်တရနေမိသည်။

ညနေ ၅နာရီဆိုက်မည်ဟု ပြောထားသောကားသည် ယခု ၆နာရီကျော်သည်ထိပင်ရောက်မလာသေး။

ပိုင်စေ သည်းခံနိုင်စွမ်းမဲ့ကာ ဦးအောင်အား ဖုန်းဆက်ပြောလေတော့ ဦးအောင်၏တူမစီးလာသည့်ကားသည် ကားဘီးပေါက်သွား၍ အနည်းငယ်နောက်ကျမည်ဖြစ်သည်ကို ပိုင်စေသိလိုက်ရသည်။

သို့ပေမယ့် ထိုအနည်းငယ်ဟူသော အချိန်သည် တစ်နာရီခန့်ပင်ရှိလေတော့မည်။

ပိုင်စေ ကားပေါ်မှဆင်းကာ ဝေးဆီ ဖုန်းဆက်ရန် ဖုန်းကိုထုတ်လိုက်ချိန် တစ်စုံတစ်ယောက်သည် ပိုင်စေ့အားတွန်းတိုက်ကာ အဝေးသို့ပြေးထွက်သွားသည်။

ပိုင်စေ လှမ်းကြည့်လိုက်တော့ ငုံးဥ၊ သရက်သီးစသည်တို့ကို ရောင်းချနေသည့် ကလေးတစ်ယောက်ပင်ဖြစ်၍ ပိုင်စေအပြစ်မဆိုသာတော့။

လမ်းပေါ်တွင် မှောက်လျက်အနေအထားနှင့်နေရာယူထားသည့် ဖုန်းအား ပိုင်စေ ကောက်ကိုင်ပြီးကြည့်လိုက်တော့ ဖုန်းဟာ အက်ကွဲရာအပြည့်နှင်ပင်။

ပိုင်စေသည် ရတနာသုံးပါး ဦးထိပ်ထားကာ ဖုန်းပါဝါခလုတ်ဖွင့်လိုက်သော်လည်း ကံဆိုးစွာနှင့် ဖုန်းလေးမှာ ပါဝါပင်မပေါ်လာခဲ့။

အဆင်မပြေချင်လျှင် ဘာတစ်ခုမှအဆင်မပြေသည့်အတွက် ပိုင်စေ့ဒေါသစိတ်အစုံဟာ မမြင်ရသေးသည့် အမျိုးသမီးဆီသို့သာ ပြုံကျသွားတော့သည်။

ပိုင်စေ စိတ်ပျက်လက်ပျက်နှင့် ကားထဲဝင်ထိုင်ကာ စီးကရက်ကိုသာ တရှိုက်မက်မက် ဖွာနေလိုက်တော့သည်။

.
.
.

သိပ်မကြာခင် ဖြာထွက်နေသည့် မီးအလင်းရောင်နှင့်အတူ expressကားတစ်စီး ဆိုက်ရောက်လာခဲ့လေသည်။

ထို့ကြောင့် ပိုင်စေလည်းကားပေါ်မှဆင်းကာ မိမိကြိုရမည့်သူအားရှာဖွေရတော့၏။

ခက်သည်က ပိုင်စေလည်း ထိုအမျိုးသမီးကို မမြင်ဖူးခဲ့သလို ထိုအမျိုးသမီးဟာလည်း ပိုင်စေ့ကို မတွေ့မမြင်ဖူးခဲ့ပေ။

ကားပေါ်မှ ဧည့်သည်များတဖွဲဖွဲဆင်းသွားသော်လည်း ပိုင်စေ ထိုအတိုင်းသာရပ်နေမိပြန်သည်။

ဘယ်သူ့ကိုသွားကြိုရမည်လည်းမသိ။ ခက်တော့ခက်ချေပြီ။

တဒင်္ဂအတွင်း ခရီးဆောင်အိတ်နှစ်လုံးနှင့်အတူ မြန်မာဆန်ဆန်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဟာ ပိုင်စေ့နားတွင် လာရပ်လေသည်။

အသက်၃၀အထက်ရှိသော ထိုအမျိုးသမီးသည် ခန္ဓာကိုယ်ကျစ်လစ်ပြီး ကောက်ကြောင်းအပြည့်နှင့်ဆွဲဆောင်မှုရှိလွန်းလှ၏။

တင်ပါးတစ်ဝိုက်ထိ ဝဲကာဖြာကျနေသည့် ဖြောင့်စင်းနေသော ဆံသားနက်နက်တွေဟာ မီးရောင်အောက်မှာပင် ကြည့်ကောင်းနေသည်။

တစ်ချက်တစ်ချက် ထိုအမျိုးသမီးဆီမှ အီပျစ်မနေသည့် ရေမွှေးနံ့ခပ်သင်းသင်းဟာလည်း လေညင်းတစ်ချက်အဝေ့တွင် ရစ်သီရစ်သီနှင့်...။

မြန်မာအင်္ကျီကိုမှ အသားနှင့်တစ်ထပ်တည်းကျစွာ ဝတ်ဆင်ထားပုံက မြင်သူတိုင်းနှစ်ခါပြန်ငေးရအောင်ပင် လှပကျော့ရှင်းနေမှုပင်။

ခပ်နက်နက် မျက်ခုံးသွယ်သွယ်တို့ဟာလည်း ခပ်ကျယ်ကျယ်မျက်ဝန်းတစ်စုံနှင့် လိုက်ဖက်ကာပနံသင့်နေပြန်သည်။

နှင်းဆီနီရောင် နှုတ်ခမ်းလွှာတို့ကို ကော့ညွှတ်နေသည်အထိပြုံးကာ ပိုင်စေ့အား ကြည့်နေသောထိုအမျိုးသမီး။

" တို့ကို လာကြိုတာထင်တယ် ''

" ဗျာ.... ''

" တို့ဦးလေးရဲ့ဆိုင်က ကားလေ ''

ဟုဆိုကာ ထိုအမျိုးသမီးသည် ပိုင်စေ့ကျောဘက်မှ ကားအား လက်ညှိုးထိုးပြလေသည်။

ဆိုင်က ကားဖြစ်၍ ကားနောက်ခန်းသည် ဆိုင်နာမည်ပါသည့် Boxer ကားမျိုးဖြစ်သည်ကို ပိုင်စေမေ့သွားဟန်တူ၏။

" ဟုတ်..ဟုတ်ပါတယ်ဗျ၊ ဦးအောင်က လွှတ်လိုက်လို့ပါ ''

" ဟုတ်တယ်၊ တို့က နွယ်သစ်ခက်ပါ၊ ဦးအောင်ရဲ့တူမပေါ့၊ တွေ့ရတာဝမ်းသာပါတယ်ရှင် ''

သူ(မ) ထံမှ ကမ်းပေးလာသည့် လက်တစ်ဖက်အား ပိုင်စေပြန်လည်ကမ်းပေးကာ လက်တွဲနှုတ်ဆက်လိုက်တော့ နူးညံ့သည့်လက်လေးအား ပိုင်စေခံစားမိလိုက်၏။

ခန္ဓာကိုယ်တစ်ခုလုံးလည်း တရှိန်းရှိန်းနှင့် ကြက်သီးမွှေးညင်းများပင်ထလာခဲ့၏။

ခရီးဆောင်အိတ်နှစ်ခုလုံးအား Boxerခန်းထဲတွင်ထားကာ ကားရှေ့ခန်းထဲတွင် နွယ်သစ်ခက်အား နေရာယူစေ၏။

ထို့နောက် လျှပ်စစ်ပစ္စည်းဆိုင်နာမည်ပါ Boxerကားလေးသည် ကားကွင်းအတွင်းမှ ထွက်ခွာလာခဲ့သည်။

စကားတပြောပြောနှင့် မောင်းလာနေရင်းမှ ပိုင်စေသိလိုက်ရသည်က မနွယ်သစ်ခက်ဟာ မိန်းကလေးတန်မဲ့ ဖော်ရွှေမှုရှိကြောင်းသိလိုက်ရသည်။

မိမိထက် အသက်ကြီးပေမယ့် အရပ်အမောင်းဟာ မိမိထက်ပင် နိမ့်မှန်း ပိုင်စေသတိထားမိ၏။

ထိုအရာတွေကို နောက်ထားကာ ဝေးဆီ စိတ်ရောက်နေပေမယ့် ဖော်ရွှေလွန်းလှသည့် နွယ်သစ်ခက်သည် စကားအပြတ်မခံခဲ့။

" ပိုင် တို့တစ်ခုခုစားချင်တယ်၊ ကားစစီးကတည်းက ခုထိ ဘာမွမစားရေသးဘူး ''

" ဟုတ်...ကျွန်တော် ဆိုင်တစ်ဆိုင်ရောက်ရင် ရပ်ပေးမယ်လေ မမနွယ် ''

' မမနွယ် ' ။ ဟုတ်သည်။ နွယ်သစ်ခက်ကိုယ်တိုင် ပိုင်စေအား ထိုသို့ခေါ်ရန် ပြောဆိုခဲ့ခြင်းကြောင့် ပိုင်စေ ထိုနာမ်စားအား အသုံးပြုခဲ့လိုက်ခြင်းဖြစ်သည်။

ဟုတ် ဟုသာ နှုတ်မှဖြေလိုက်ပေမယ့် စိတ်ထဲမှာ ကျိန်ဆဲနေပုံမှာ နွယ်သစ်ခက် တစ်ယောက်ရစရာပင်ရှိတော့မည်မဟုတ်။

" ဒီဆိုင်မှာ စားကြရအောင် မမနွယ် ''

စားသောက်ဆိုင်တစ်ခုရှေ့တွင် ထိုကားလေးတစ်စီးရပ်သွားခဲ့လေပြီ။

#######

အချိန် ည ၇နာရီခွဲခန့်။

တစ်ဖက်တစ်ချက်မှ လမ်းမီးတိုင်ဆီမှ ဖြာထွက်လာသည့် ညမီးရောင်ကြောင့် လမ်းတစ်ခုလုံး လင်းထိန်နေပါတော့၏။

လမ်းတစ်ခုလုံးရှိ အိမ်တိုင်းတွင် အပြိုင်အဆိုင်ဖွင့်ထားသည့် မီးရောင်တို့ဖြင့် လက်လက်ထကာ လင်းမြဲလင်းနေ၏။

တစ်ခုတည်းသော အိမ်လေးတစ်လုံးသာ မှောင်အတိကျနေလေတော့ သူသူငါငါ စဥ်းစားစရာပင်။

ခြံဝန်းထဲတွင်သာ အမှောင်ကျနေပေမယ့် အိမ်ထဲတွင်တော့ ဆီမီးရောင်ဝါဝါထိန်ထိန်တို့ကို မထင်မရှားတွေ့နေရ၏။

ထိုအိမ်ထဲတွင် ကောင်လေးတစ်ဦးသည် မွေးနေ့ပွဲကို တစ်ယောက်တည်း ကျင်းပနေဟန်တူသည်။

မည်သူ့ကိုမျှပင် မဖိတ်ကြားပဲ အိမ်တံခါးပိတ်ကာ တစ်ယောက်တည်းကျင်းပနေလေသည်။

တစ်ဝက်မျှပင်ကျိုးနေသော ဝိုင်ပုလင်းနှင့်အတူ ခွဲချင်သလိုခွဲထားသည့်အတွက် ပုံပျက်နေသည့် မွေးနေ့ကိတ်တို့က အတူတကွ။

ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲ့နေသည့် ဟင်းလျာများစွာရဲ့​အနှစ်တို့ဟာလည်း နှမျောတသဖြစ်ဖွယ်အတိ။

မီးတောက်နေသည့် ဖယောင်းတိုင်အချို့နှင့် မီးငြိမ်းနေသည့် ဖယောင်းတိုင်တို့ဟာ အရေအတွက်မမျှတခဲ့။

စိတ်ပျက်လက်ပျက်နှင့် ဝိုင်သောက်နေကာ ကိတ်ခွဲကာစားနေသည့် ထိုကောင်လေး၏ မျက်ဝန်းတို့တွင် ဝမ်းနည်းမှုနှင့်နာကျဥ်းမှုတို့ကြောင့် ဖြစ်တည်လာသည့် မျက်ရည်စများနှင့်သာ ပြည့်နှက်နေတော့၏။

##########

( 16.8.2021)

မနက်ဖြန် ၁၇ ရက်နေ့ဟာ ကျွန်တော့်မွေးနေ့ဖြစ်လို့ နေသိပ်မကောင်းတဲ့ကြားကနေ အမှတ်တရအဖြစ် update တင်ပေးလိုက်ပါတယ်ဗျ။

_____________________________________________________________

{ Zawgyi Version }

မနက္ခင္း လင္းအာ႐ုံႏွင့္အတူ ကုတင္ထက္မွ ပိုင္ေစႏွင့္ေဝးတို႔သည္ ႏွစ္ဦးလုံးအဝတ္အစားကင္းမဲ့လ်က္ အိပ္ေမာက်ေနေလရဲ႕...။

ေက်းငွက္သာရကငယ္တို႔၏ သာယာလွသည့္ တြန္ၾကဴးသံေတြေၾကာင့္ ေဝးသည္ အိပ္ရာမွနိုးလာခဲ့ေလသည္။

ေဝး အိပ္ရာထက္မွ ထမည္အျပဳ ေက်ာဘက္မွ သိုင္းဖက္ထားသည့္ ပိုင္ေစ့ရဲ႕လက္ေတြေၾကာင့္ ေဝးမွာထဖို႔ရန္အတြက္ အခက္ႀကဳံေန၏။

ေဝးလည္း ပိုင္ေစ့ဘက္လွည့္ကာ ပိုင္ေစ့ရဲ႕ေမးေစ့ေလးအား ကိုက္ခ်လိဳက္သည္။

ထြက္ျပဴကာစ မုတ္ဆိတ္ေမႊးေရးေရးတို႔ဟာ ေဝးရဲ႕ႏႈတ္ခမ္းလႊာကို ခပ္စူးစူးျဖစ္ေစကာ က်ီစယ္ေနျပန္၏။

" အာ့...ဘာလို႔ကိုက္တာလဲ ''

ပိုင္ေစသည္ ထိုသို႔ေျပာကာ ေဝးအား ေက်ာေပး၍ တစ္ဖက္သို႔ လွည့္သြားေလ၏။

ထို႔ေနာက္ အိပ္ရာမွထရန္ျပင္ေနေသာေဝးသည္ ထမသြားေသးဘဲ ေက်ာေပးထားသည့္ ပိုင္ေစ့ရဲ႕ခါးေလးကို ဖက္ထားလ်က္ မွိန္းေနလိုက္ေတာ့၏။

႐ုတ္တရက္ဆန္စြာ ပိုင္ေစသည္ ေဝးရဲ႕လက္ကိုဆြဲယူလိုက္ကာ မိမိ၏ ဖြားဖက္ေတာ္ေပၚသို႔တင္ေပးလိုက္၏။

ေဝး အေယာင္ေယာင္အမွားမွားႏွင့္ ဆုပ္ကိုင္လိုက္မိၿပီးမွ အနည္းငယ္ထႂကြေနသည့္ ပိုင္ေစ၏ဖြားဖက္ေတာ္ေၾကာင့္ လက္ကိုအျမန္႐ုတ္ကာ အိပ္ရာထက္မွဆင္း၏။

ထို႔ေနာက္ တုပ္တုပ္မွ်ပင္မလုပ္ေသာ ပိုင္ေစ၏ခါးအား လက္သီးႏွင့္ထိုးကာ ဆုံးမခဲ့ၿပီး ေရကန္ရွိရာသို႔ထြက္လာခဲ့ေတာ့သည္။

ေဝး ထြက္သြားၿပီဆိုမွ ပိုင္ေစသည္အိပ္ရာေပၚတြင္ အၿပဳံးႀကီးၿပဳံးကာ က်န္ေနခဲ့ေလရဲ႕။

ေဝး မ်က္ႏွာသစ္ၿပီးသည္ႏွင့္ ပထမဦးစြာ ထမင္းအိုးတည္ရန္ ဆန္ေဆးေလသည္။

ထို႔ေနာက္ ထမင္းအိုးကို မီးဖိုေပၚတြင္ေနရာေပးကာ မေန႕ကဝယ္ထားသည့္ ဝက္အူေခ်ာင္းကိုခ်က္ရန္ျပင္ဆင္လိုက္သည္။

ေနာက္ဆုံးအေနႏွင့္ မုန္ညင္းျဖဴကိုပါးပါးေလးလွီကာ င႐ုတ္သီးစပ္စပ္ေလးႏွင့္ေၾကာ္ဖို႔ စီစဥ္ထား၏။

တစ္နာရီခန႔္အၾကာတြင္ ကိစၥအားလုံးၿပီးျပတ္သြားေလ၏။

မနက္စာ,စားရန္အဆင္သင့္ျပင္ၿပီး ျဖစ္သလို ေမာင့္အတြက္လည္း အလုပ္သြားဖို႔ရန္အတြက္ ထမင္းခ်ိဳင့္ျပင္ၿပီးခဲ့ေလၿပီ။

အခု ေဝးလုပ္ရမည့္တစ္ခုတည္းေသာအလုပ္မွာ ေမာင့္အား သြားႏွိုးရန္ပင္ျဖစ္သည္။

ထို႔ေၾကာင့္ ေဝး ေမာင္ရွိရာအိပ္ခန္းထဲသို႔ ဒုတိယံမိဝင္ေရာက္သြားခဲ့၏။

ကုတင္ေဘးေစာင္းတြင္ထိုင္ကာ ပိုင္ေစ့ပခုံးအားကိုင္ကာ ႏွိုး၏။

" ေမာင္ ထေတာ့၊ အလုပ္သြားရဦးမွာေလ....၊ ထ ထ ''

" ဘယ္နနာရီရွိေသးလို႔လဲ ''

ပိုင္ေစက အိပ္မႈန္စုံမႊားအသံျဖင့္ ေမးေလ၏။

" ၆နာရီေက်ာ္ၿပီ ေမာင္ ''

" ေစာေသးတယ္ ''

ထိုမွ်သာဆိုၿပီးေနာက္ ပိုင္ေစသည္ ေဝးအား ဆြဲခ်လိဳက္ၿပီး ေနာက္ေက်ာဘက္မွဖက္ကာ ရင္ခြင္ထဲဆြဲသြင္းထားလိုက္၏။

ေဝးလည္း ပိုင္ေစစိတ္ခ်မ္းသာေစရန္ ဘာတစ္ခြန္းမွ်ပင္ မေျပာမိ၊ ခႏၶာကိုယ္ဟာလည္း မ႐ုန္းမိ။

ႏြေးေထြးသည္၊ ရင္ခုန္သည္၊ လုံၿခဳံမႈရွိသည္၊ အခ်စ္တို႔ကိုခံစားမိေလသည္။

ထိုခံစားခ်က္ေတြကို ပိုင္ေစ့ရဲ႕ ရင္ခြင္အတြင္းမွာသာ ခံစားရနိုင္သည္ဟု ေဝး တစ္ထစ္ခ်ယဳံၾကည္ထား၏။

႐ုတ္တရက္။

" အာ့...ေမာင္ ''

ပိုင္ေစ မေျပာမဆိုႏွင့္ ေဝးရဲ႕ဂုတ္သားေလးအား နီရဲလုမတတ္ကိုက္ခဲလိုက္ေတာ့ ေဝးဆီမွ ညည္းသံသဲ့သဲ့ၾကားရသည္။

ထိုမွ်သာမကေသးဘဲ ပိုင္ေစ့ရဲ႕ အငယ္ေကာင္ဟာ အစြမ္းကုန္တက္ႂကြကာ ေဝးရဲ႕ေနရာေလးကို ေထာက္ထားေလ၏။

" ခ်စ္တယ္ကြာ ေဝးရာ၊ ေမာင္ ေဝးကိုခ်စ္တယ္ ''

ပိုင္ေစ့ လက္ေတြကလည္း ေဝးရဲ႕ရင္ဘက္အႏွံ႕ ပြတ္သပ္က်ီစပ္ကာ ေနရာႏွစ္ခုအား ညွစ္ေခ်ေပးေနျပန္သည္။

" အာ့..ေမာင္..အင့္ မနက္ေစာႀကီး..အာ့ ''

" ခဏေလးပါ ေဝးရာ ''

" အာ့..အင္း မေန႕ညကလည္း ေပးၿပီးသားကို....အင့္ ''

" အခု ထပ္လိုခ်င္လို႔ကြာ...ေဝး ေမာင့္ကိုမခ်စ္ဘူးလား ''

ေဝးမွာ ဆက္မေျပာနိုင္၊ '' ေမာင့္ကိုမခ်စ္ဘူးလား '' ဆိုသည့္စကားနဲ႕တင္ ေဝး ေမာင့္ကို ေပးဆပ္ခဲ့ရသည္မွာမ်ားၿပီ။

တစ္ခါတစ္ရံ ထိုစကားဟာ ေမာင့္ရဲ႕ ေဝးအေပၚ အနိုင္ယူေနက်စကားတစ္ခြန္းလားဟုပင္ ေဝးမွာ သံသယဝင္ေနတတ္ခဲ့ၿပီ။

သို႔ေပမယ့္ ေဝး အေတးအမွတ္ေတာ့မထားခဲ့မိ။

ကိုယ္ကခ်စ္ခဲ့ရသူမဟုတ္လား။

အခ်စ္ျဖင့္တည္ေဆာက္ထားေသာ ဘဝတစ္ခုတြင္ သာသည္၊နာသည္ဟူ၍ မေတြးထားသင့္ေၾကာင္း ေဝး လက္ခံထားပါသည္။ ထိုအေတြးတို႔မွာစီးပြားေရးဆန္လြန္းလွသည္ဟု ေဝးယူဆထား၍ျဖစ္သည္။

တခဏအၾကာ အဝတ္အစားကင္းမဲ့သြားေသာ ေဝးႏွင့္ပိုင္ေစတို႔ရဲ႕ ခႏၶာကိုယ္ႏွစ္ခုဟာ အိပ္ရာထက္ဝယ္ စုန္ခ်ည္ဆန္ခ်ည္လႈပ္ရွားေနၾကေလ၏။

.
.
.

ပိုင္ေစသည္ ေရခ်ိဳးၿပီးေနာက္ အဝတ္အစားလဲရန္အတြက္ အိပ္ခန္းထဲသို႔ ျပန္ေရာက္ေနျပန္သည္။

ဝတ္စုံျပည့္ဝတ္ဆင္ၿပီးသြားသည့္ေနာက္တြင္ ပိုင္ေစသည္ အံဆြဲအတြင္းမွ သူပတ္ေနက်နာရီေလးအား ရွာေဖြလိုက္ေသာ္လည္း မေတြ႕။

ထိုနာရီေလးအစား ဒိုင္ခြက္ႀကီးႀကီး၊ ေငြေရာင္လက္ပတ္ေလးႀကိဳးေလးႏွင့္နာရီတစ္လုံးကိုသာေတြ႕ရ၏။

ဒိုင္ခြက္အတြင္းတြင္မူ ကိန္းဂဏန္းတို႔အစား ေသးငယ္ေသာ စိန္ပြင့္ေလးေတြဟာ ေနရာယူထားေလ၏။

အႏုျမဴေရာင္ နာရီလက္တံေလးဟာဆိုရင္ ဘယ္အလင္းေရာင္အကူမွမပါဘဲ တဖိတ္ဖိတ္ေတာက္လ်က္ပင္။

ပိုင္ေစ မယုံမၾကည္နိုင္ျဖစ္ေနတုန္း သူ႕ခါးဆီသို႔ လာေရာက္ရစ္ပတ္ႏြယ္ေနသည့္ လက္တစ္စုံေၾကာင့္ ပိုင္ေစအေျခအေနကို နားလည္သေဘာေပါက္လိုက္ၿပီ။

" ေပ်ာ္႐ႊင္စရာ ေမြးေန႕ေလးျဖစ္ပါေစ ေမာင္။ ''

" ဒါ ေဝးရဲ႕ ေမြးေန႕လက္ေဆာင္ေပါ့ေလ ''

" ဟုတ္တယ္ ေမာင္၊ ေမာင္ႀကိဳက္ရဲ႕လား။ ''

" ႀကိဳက္တယ္၊ တန္ဖိုးလည္းထားတယ္ ေဝး၊ တစ္ခုပဲေျဖေနာ္...ဒါကိုဘယ္ကပိုက္ဆံနဲ႕ဝယ္လိုက္တာလဲ။ ''

" ေမာင္ ေပးတဲ့ပိုက္ဆံေတြထဲက အခ်ိဳးက်စဳၿပီး ဝယ္ေပးတာပါ ေမာင္ရယ္၊ တျခားအေတြးေတြေလွ်ာက္မဝင္ပါနဲ႕...ေနာ္။ ''

" ဟုတ္ပါၿပီ၊ ေမာင္ ေဝးကိုေတာင္းပန္ပါတယ္။ ''

" ဘာအတြက္လဲ ေမာင္။ ''

" မနက္က ကိစၥပါ၊ ေမာင္ ေဝးကို ေမာင့္ရဲ႕ေမြးေန႕လက္ေဆာင္အျဖစ္ယူခဲ့တာေလ၊ ေဝး ေမာင့္ေမြးေန႕ကို ေမ့ေနတယ္ဆိုၿပီးေတာ့ေပါ့။ ''

" ရတယ္ေလ၊ ေနာက္က် ေမြးေန႕ေရာက္မွေပးေတာ့မယ္၊ တစ္ႏွစ္မွတစ္ညပဲ ဘယ္လိုလဲ။ ''

" အြန္း..မရပါဘူး၊ ေမာင္က စတာေလ၊ ေဝးက လိမၼာပါတယ္၊ အာဘြား....။ ''

ပိုင္ေစသည္ ေဝး၏ပါးႏွစ္ဖက္လုံးအား ရစရာမရွိေအာင္ပင္ နမ္းေနေတာ့သည္။

" လာ ေမာင္၊ ေဝး ဝတ္ေပးမယ္။ ''

" ဟုတ္။ ''

ေဝးနာရီေလးကို ယူလိုက္ၿပီး ပိုင္ေစကမ္းေပးလာသည့္ လက္ေကာက္ဝတ္တြင္ ဆင္ျမန္းေပးလိုက္သည္။

ခ်စ္ရပါေသာ ေမာင္ဟာ ေဝး အတြက္ေတာ့ပိုၿပီးခန႔္ညာလြန္းလွသည္၊ တည္ၾကည္မႈရွိသည္၊ ေဝး ကိုဆြဲေဆာင္နိုင္စြမ္းရွိသည္။

ထို႔ေၾကာင့္ ေဝး ေမာင့္ကို ခ်စ္သည္။

" ေဝးရဲ႕ေမာင္က ေခ်ာေမာခန႔္ညားလြန္းတယ္၊ အခု ဒီနာရီေလးနဲ႕ဆိုေတာ့ ပိုၿပီးၾကည့္ေကာင္းလာတယ္။ ''

ေဝး ေျခဖ်ားေထာက္ကာ ပိုင္ေစ့ရဲ႕လည္တိုင္ေလးအား တြယ္ထားေလသည္။

ပိုင္ေစလည္း အလိုက္သင့္ေလးျပန္ဖက္လိုက္ၿပီး ဝမ္းသာမ်က္ရည္မ်ားက်လာေတာ့၏။

" ေမာင္ ေဝးကိုအရမ္းခ်စ္တယ္။ ''

" ေဝးေရာပဲ ေမာင္။ ''

ထိုသို႔ဖက္တြယ္ေနရင္းသိပ္မၾကာ အလုပ္သြားရန္အခ်ိန္ကပ္လာ၍ မနက္စာဝိုင္းတြင္ ေနရာယူလိုက္ၾကေလေတာ့သည္။

.
.
.

ေဝး ဒီတစ္ေန႕တာအတြက္ ေအးေအးလူလူေနရန္ အခ်ိန္ရသည္။

ေမာင့္ရဲ႕ေမြးေန႕ျဖစ္တာေၾကာင့္ ကိုစြမ္းဆီမွ ဤတစ္ေန႕တာအတြက္ ႀကိဳတင္ခြင့္ေတာင္းကာ ခြင့္ယူခဲ့ျခင္းျဖစ္သည္။

ေညန ေမာင္ျပန္လာလွ်င္ အားလုံး အဆင္သင့္ျဖစ္ေနေစရန္ စီစဥ္ရေပဦးမည္။

လြန္ခဲ့ေသာႏွစ္ရက္ခန႔္က ႀကိဳတင္မွာယူထားသည့္ ကိတ္ႏွင့္ပန္းစည္း လာပို႔မည့္ Deliveryသမားအား ေစာင့္ဆိုင္းရမည္။

ထို႔ေနာက္တြင္ ဖေယာင္းတိုင္၊ ေနရာအခင္းအက်င္း၊ အျပင္အဆင္အနည္းငယ္ေတာ့ ျပင္ဆင္ရေပမည္။

ေနာက္ဆုံးအေနႏွင့္ ၿမိဳ႕ထဲတြင္ ဝိုင္တစ္ပုလင္းခန႔္ေတာ့ သြားဝယ္ရမည္။

ေမာင္အလုပ္ျပန္လာခ်ိန္တြင္ ကိတ္အတူတူခြဲကာ ေအာင္ပြဲခံဝိုင္အနည္းငယ္စီေသာက္ရင္း ဤတစ္ညတာကို အႏွောင့္အယွက္ကင္းစြာႏွင့္ ေပ်ာ္႐ႊင္စြာျဖတ္သန္းၾကေပလိမ့္မည္။

ဤသည္ကား ေဝးရဲ႕စိတ္ကူးထဲမွ ေမာင့္ရဲ႕ေမြးေန႕ပဲေလးပင္။

.
.
.

" ေဟ့ ပိုင္ေစသား၊ ဦးေအာင္ဆီက ဖုန္းလာေနတယ္၊ မင္းနဲ႕ေျပာခ်င္လို႔တဲ့ ''

အလုပ္ထဲမွ လူတစ္ေယာက္က ပိုင္ေစ့အား လွမ္းေအာ္ေျပာလာေတာ့ ပိုင္ေစထိုသူ႕အားၾကည့္ကာ ေခါင္းညိတ္ျပခဲ့၏။

ထို႔ေနာက္ လုပ္ငန္းဖုန္းထား,ထားရာ ေကာင္တာဆီသို႔ေလွ်ာက္လာၿပီး ဖုန္းေျဖလိုက္သည္။

" ဟယ္လို.....ဦးေအာင္၊ ကြၽန္ေတာ္ပါ...ပိုင္ေစသားပါ ''

" ..................''

" ဟုတ္...ဒီညေနလား ''

" .................... ''

" ဟို...ကြၽန္ေတာ့္မွာ ကိစၥေလးရွိေသးလို႔.... ''

" .................... ''

" ေၾသာ္ ဟုတ္...၊ ရပါတယ္...ကြၽန္ေတာ္သြားႀကိဳေပးပါ့မယ္ဗ် ''

" ..................... ''

" ဟုတ္ကဲ့ ဦးေအာင္ ''

ဖုန္းခ်ၿပီးေနာက္မွာေတာ့ ပိုင္ေစ ေလပူတစ္ခ်က္ျပင္းျပင္းမႈတ္ထုတ္လိုက္၏။

ထိုေလႏွင့္အတူ အခုညေနေျဖရွင္းေပးရမည့္ ကိစၥႀကီးကိုပါ ပါသြားေစခ်င္သည္။

" ဘာတဲ့လဲ ေဟ့ေကာင္ ''

ပိုင္ေစ လွည့္ၾကည့္လိုက္ေတာ့ မ်က္ႏွာ႐ူးသူငယ္ခ်င္းျဖစ္သူ သီဟ။

" ဦးေအာင္ပါကြာ...၊ ညေန ၅နာရီေလာက္ သူ႕တူမဆိုတဲ့အမ်ိဳးသမီးကို သြားႀကိဳေပးခိုင္းတာ၊ ငါ ညေန ေစာေစာျပန္ပါမယ္ဆိုမွပဲကြာ....ကြၽတ္စ္ ''

" ဒါဆို ဦးေအာင္တူမဆိုတာ တျခားမဟုတ္ေလာက္ဘူး၊ ဦးေအာင္ေျပာဖူးတဲ့ ဒီဆိုင္ကို ဦးစီးဦးေဆာင္လုပ္မယ့္လူသစ္ဆိုတာေနမွာ၊ အဲ့ဒါေၾကာင့္ ဒီကိုလာတာေနမွာ ''

" သူ႕ဘာသာသူ ဘာျဖစ္ျဖစ္ပါ၊ ဒီေန႕မွ လာရတယ္လို႔၊ မင္းသြားႀကိဳေပးမလား သီဟ ''

ထိုစကားဆိုေတာ့ သီဟသည္ '' မင္းျပႆနာမင္းရွင္း၊ လာမရႈပ္ႏွင့္ '' ဟူသည့္ ပုံစံျဖင့္ လက္ႏွစ္ဖက္ျမႇောက္ျပေလ၏။

" လာၾကာ အခုလုပ္စရာရွိတာလုပ္ရေအာင္ လာ ''

" ေအးပါကြာ ''

ပိုင္ေစ စိတ္မပါလက္မပါႏွင့္ သီဟေနာက္ကိုသာ လိုက္သြားခဲ့ေလသည္။

Serviceလိုက္ရန္အတြက္ ပိုင္ေစႏွင့္သီဟတို႔သည္ ႐ုံးကားကိုယူကာ ထြက္သြားၾကေတာ့၏။

ပိုင္ေစႏွင့္သီဟတို႔သည္ ငယ္ေမြးၿခံေပါက္ကတည္းက ခင္လာၾကသူမ်ားမဟုတ္။

ပိုင္ေစ မႏၱေလးေရာက္ကာစတြင္ ဝင္လုပ္ခဲ့ေသာ ဦးေအာင္၏ဆိုင္ခြဲတြင္ သီဟသည္လည္း အလုပ္သမားအသစ္ပင္။

ထိုအခ်ိန္မွစ၍ service လိုက္ရန္အဖြဲ႕ခြဲေတာ့ ပိုင္ေစႏွင့္သီဟတို႔ တစ္တြဲတည္းျဖစ္ခဲ့ၿပီး ပစၥည္းလိုက္ပို႔ရမည့္အဖြဲ႕ခြဲေတာ့လည္း အတူတူပင္ျဖစ္သည္။

အဲ့ေနာက္ပိုင္းတြင္ ပိုင္ေစႏွင့္သီဟတို႔ အတြဲညီလာခဲ့ၿပီး လူရင္းေတြကဲ့သို႔ပင္ ခင္မင္ရင္းႏွီးလာခဲ့ေတာ့သည္။

#######

ေဝး တစ္အိမ္လုံးအား ေျပာင္လက္ေနသည္အထိ သန႔္ရွင္းေရးလုပ္ထားသည္။

အမွိုက္တစ္စ၊ဖုန္တစ္စပင္ မရွိရေလေအာင္ အစြမ္းကုန္သန႔္ရွင္းထား၏။

ဘုရားစင္ေရွ႕ဧည့္ခန္းေနရာမ်ိဳးတြင္ စားပြဲတစ္လုံးခင္းက်င္းထားၿပီး ေမာင့္အတြက္ ေမြးေန႕ကိတ္ကိုလည္း ျပင္ဆင္ထား၏။

တစ္အိမ္လုံး ေနရာအႏွံ႕ မီးမထြန္းညွိရေသးသည့္ ဖေယာင္းတိုင္မ်ားစြာကိုလည္း စိုက္ထားျပန္ၿပီး မ်က္ႏွာၾကက္တြင္လည္း ေရာင္စုံစကၠဴလိပ္မ်ားႏွင့္ ေရာင္စုံပူေဖာင္းတို႔ကား ခ်ိတ္ဆြဲထားလ်က္ရွိသည္။

စားပြဲေပၚတြင္လည္း ကိတ္အျပင္ ဝိုင္တစ္လုံးႏွင့္ ဖန္ခြက္ႏွစ္ခြက္။

ဖေယာင္းတိုင္ခပ္လတ္လတ္ သုံးတိုင္အျပင္ ဟင္းလ်ာအခ်ိဳ႕ကိုလည္း တည္ခင္းထားေလ၏။

မ်က္ႏွာခ်င္းဆိုင္ ထိုင္ခုံႏွစ္လုံးကို ေနရာခ်ထားေပးၿပီးေနာက္ အရာအားလုံးဟာ အဆင္သင့္ပင္ျဖစ္ခဲ့ၿပီ။

ထို အျခင္းအရာအားလုံးကို ေဝးတစ္ေယာက္တည္းသာ ျပင္ဆင္စီမံခဲ့ရ၍ အခုေတာ့ ေဝးတစ္ေယာက္ ေမာပန္းသြားခဲ့ေလၿပီ။

အခ်ိန္ကား ၅နာရီပင္ထိုးလုၿပီျဖစ္သည့္အတြက္ ေဝး ၿခံတံခါးအသင့္ဖြင့္ကာ ေမာင့္အားေစာင့္ေန႐ုံမွ်ပင္ က်န္ေတာ့သည္။

ေမာင္ျပန္လာရင္ ဝတ္ရန္အတြက္ အဝတ္အစားအသစ္ကိုလည္း ေဝး ျပင္ဆင္ထားၿပီးၿပီျဖစ္၏။

ေဝး ၿခံထဲတြင္ လမ္းေလွ်ာက္ရင္းတစ္ဖုံ၊ ဝရန္တာေလးတြင္ရပ္ကာတစ္သြယ္၊ နာရီတၾကည့္ၾကည့္ျဖင့္ ေမာင့္အား ေစာင့္ေနေတာ့သည္။

နာရီသံတစ္ဂ်က္ဂ်က္ဟာ ေဝးရဲ႕စိတ္ကို ထိုးဆြေနသေယာင္ပင္။

အခ်ိန္သည္ကား ညေန၅နာရီမွသည္ ညဦးပိုင္း ၇ နာရီသို႔ပင္ ေရာက္ရွိလာခဲ့ေလၿပီ။

ေဝး မေစာင့္စည္းနိုင္စြာျဖင့္ ေမာင့္အားဖုန္းေခၚလိုက္ေတာ့သည္။

၄၊၅ ႀကိမ္ထိတိုင္ တစ္ဖက္မွ '' ဆက္သြယ္မႈဧရိယာျပင္ပ '' ဟူသည့္စကားျပန္ေတြကို ေဝး လ်စ္လ်ဴရႉ႕ကာ ေနာက္ဆုံး ဖုန္းဆက္ပိတ္လိုက္ၿပီး စားပြဲေပၚတြင္ ေမွာက္အိပ္ေနလိုက္သည္။

စားပြဲေပၚေမွာက္အိပ္ေနသည့္ပုံရသည့္ ေဝးဆီမွ တစ္ခ်က္တစ္ခ်က္ ရွိုက္သံႏွင့္အတူ ေက်ာျပင္ငယ္ေလးဟာ တသိမ့္သိမ့္တုန္လ်က္သာ။

သို႔ေပမယ့္......သို႔ေသာ္....ေမာင္သည္ကား.....။

########

ညေန ၆ နာရီခန႔္တြင္ျဖစ္သည္။

" ကြၽတ္စ္....ဘာလဲကြာ၊ မလာေသးတာလား၊ လြဲသြားတာလား ''

ဆိုင္မွေပးလိုက္သည့္ကား၏ ေရွ႕ေခါင္းခန္းတြင္ထိုင္ေနသည့္ ပိုင္ေစသည္ ကားစတီယာရင္အား လက္ေစာင္းႏွင့္ရိုက္ခ်လိဳက္၏။

ဦးေအာင္၏အကူအညီေတာင္းမႈေၾကာင့္ ပိုင္ေစသည္ ဦးေအာင္၏တူမဆိုသူကို ကားဂိတ္တြင္လာႀကိဳေနျခင္းကျဖစ္သည္။

ပိုင္ေစ ေဝးႏွင့္ အခ်ိန္ျဖဳန္းခ်င္ေပမယ့္ ဦးေအာင္က အတင္းေတာင္းဆိုလာေတာ့လည္း ပိုင္ေစ့မွာ ျငင္းဆန္နိုင္စြမ္းမရွိ။

ေဝးႏွင့္သူ႕ကို ရန္ကုန္မွာတစ္မ်ိဳး၊ မႏၱေလးေရာက္ေတာ့တစ္သြယ္ အစစအရာရာ အဆင္ေျပေအာင္ကူညီေပးခဲ့သည့္ ဦးေအာင္ရဲ႕ေက်းဇူးတရားေတြကလည္း ေမ့ထား၍ပင္မရေတာ့လည္း....။

အခုမု ကူညီလိုက္တာ ငါးပါးေမွာက္ပါေလေရာဟု ေနာင္တရေနမိသည္။

ညေန ၅နာရီဆိုက္မည္ဟု ေျပာထားေသာကားသည္ ယခု ၆နာရီေက်ာ္သည္ထိပင္ေရာက္မလာေသး။

ပိုင္ေစ သည္းခံနိုင္စြမ္းမဲ့ကာ ဦးေအာင္အား ဖုန္းဆက္ေျပာေလေတာ့ ဦးေအာင္၏တူမစီးလာသည့္ကားသည္ ကားဘီးေပါက္သြား၍ အနည္းငယ္ေနာက္က်မည္ျဖစ္သည္ကို ပိုင္ေစသိလိုက္ရသည္။

သို႔ေပမယ့္ ထိုအနည္းငယ္ဟူေသာ အခ်ိန္သည္ တစ္နာရီခန႔္ပင္ရွိေလေတာ့မည္။

ပိုင္ေစ ကားေပၚမွဆင္းကာ ေဝးဆီ ဖုန္းဆက္ရန္ ဖုန္းကိုထုတ္လိုက္ခ်ိန္ တစ္စုံတစ္ေယာက္သည္ ပိုင္ေစ့အားတြန္းတိုက္ကာ အေဝးသို႔ေျပးထြက္သြားသည္။

ပိုင္ေစ လွမ္းၾကည့္လိုက္ေတာ့ ငုံးဥ၊ သရက္သီးစသည္တို႔ကို ေရာင္းခ်ေနသည့္ ကေလးတစ္ေယာက္ပင္ျဖစ္၍ ပိုင္ေစအျပစ္မဆိုသာေတာ့။

လမ္းေပၚတြင္ ေမွာက္လ်က္အေနအထားႏွင့္ေနရာယူထားသည့္ ဖုန္းအား ပိုင္ေစ ေကာက္ကိုင္ၿပီးၾကည့္လိုက္ေတာ့ ဖုန္းဟာ အက္ကြဲရာအျပည့္ႏွင္ပင္။

ပိုင္ေစသည္ ရတနာသုံးပါး ဦးထိပ္ထားကာ ဖုန္းပါဝါခလုတ္ဖြင့္လိုက္ေသာ္လည္း ကံဆိုးစြာႏွင့္ ဖုန္းေလးမွာ ပါဝါပင္မေပၚလာခဲ့။

အဆင္မေျပခ်င္လွ်င္ ဘာတစ္ခုမွအဆင္မေျပသည့္အတြက္ ပိုင္ေစ့ေဒါသစိတ္အစုံဟာ မျမင္ရေသးသည့္ အမ်ိဳးသမီးဆီသို႔သာ ၿပဳံက်သြားေတာ့သည္။

ပိုင္ေစ စိတ္ပ်က္လက္ပ်က္ႏွင့္ ကားထဲဝင္ထိုင္ကာ စီးကရက္ကိုသာ တရွိုက္မက္မက္ ဖြာေနလိုက္ေတာ့သည္။

.
.
.

သိပ္မၾကာခင္ ျဖာထြက္ေနသည့္ မီးအလင္းေရာင္ႏွင့္အတူ expressကားတစ္စီး ဆိုက္ေရာက္လာခဲ့ေလသည္။

ထို႔ေၾကာင့္ ပိုင္ေစလည္းကားေပၚမွဆင္းကာ မိမိႀကိဳရမည့္သူအားရွာေဖြရေတာ့၏။

ခက္သည္က ပိုင္ေစလည္း ထိုအမ်ိဳးသမီးကို မျမင္ဖူးခဲ့သလို ထိုအမ်ိဳးသမီးဟာလည္း ပိုင္ေစ့ကို မေတြ႕မျမင္ဖူးခဲ့ေပ။

ကားေပၚမွ ဧည့္သည္မ်ားတဖြဲဖြဲဆင္းသြားေသာ္လည္း ပိုင္ေစ ထိုအတိုင္းသာရပ္ေနမိျပန္သည္။

ဘယ္သူ႕ကိုသြားႀကိဳရမည္လည္းမသိ။ ခက္ေတာ့ခက္ေခ်ၿပီ။

တဒဂၤအတြင္း ခရီးေဆာင္အိတ္ႏွစ္လုံးႏွင့္အတူ ျမန္မာဆန္ဆန္ဝတ္ဆင္ထားသည့္ အမ်ိဳးသမီးတစ္ဦးဟာ ပိုင္ေစ့နားတြင္ လာရပ္ေလသည္။

အသက္၃၀အထက္ရွိေသာ ထိုအမ်ိဳးသမီးသည္ ခႏၶာကိုယ္က်စ္လစ္ၿပီး ေကာက္ေၾကာင္းအျပည့္ႏွင့္ဆြဲေဆာင္မႈရွိလြန္းလွ၏။

တင္ပါးတစ္ဝိုက္ထိ ဝဲကာျဖာက်ေနသည့္ ေျဖာင့္စင္းေနေသာ ဆံသားနက္နက္ေတြဟာ မီးေရာင္ေအာက္မွာပင္ ၾကည့္ေကာင္းေနသည္။

တစ္ခ်က္တစ္ခ်က္ ထိုအမ်ိဳးသမီးဆီမွ အီပ်စ္မေနသည့္ ေရေမႊးနံ႕ခပ္သင္းသင္းဟာလည္း ေလညင္းတစ္ခ်က္အေဝ့တြင္ ရစ္သီရစ္သီႏွင့္...။

ျမန္မာအကၤ်ီကိုမွ အသားႏွင့္တစ္ထပ္တည္းက်စြာ ဝတ္ဆင္ထားပုံက ျမင္သူတိုင္းႏွစ္ခါျပန္ေငးရေအာင္ပင္ လွပေက်ာ့ရွင္းေနမႈပင္။

ခပ္နက္နက္ မ်က္ခုံးသြယ္သြယ္တို႔ဟာလည္း ခပ္က်ယ္က်ယ္မ်က္ဝန္းတစ္စုံႏွင့္ လိုက္ဖက္ကာပနံသင့္ေနျပန္သည္။

ႏွင္းဆီနီေရာင္ ႏႈတ္ခမ္းလႊာတို႔ကို ေကာ့ၫႊတ္ေနသည္အထိၿပဳံးကာ ပိုင္ေစ့အား ၾကည့္ေနေသာထိုအမ်ိဳးသမီး။

" တို႔ကို လာႀကိဳတာထင္တယ္ ''

" ဗ်ာ.... ''

" တို႔ဦးေလးရဲ႕ဆိုင္က ကားေလ ''

ဟုဆိုကာ ထိုအမ်ိဳးသမီးသည္ ပိုင္ေစ့ေက်ာဘက္မွ ကားအား လက္ညွိုးထိုးျပေလသည္။

ဆိုင္က ကားျဖစ္၍ ကားေနာက္ခန္းသည္ ဆိုင္နာမည္ပါသည့္ Boxer ကားမ်ိဳးျဖစ္သည္ကို ပိုင္ေစေမ့သြားဟန္တူ၏။

" ဟုတ္..ဟုတ္ပါတယ္ဗ်၊ ဦးေအာင္က လႊတ္လိုက္လို႔ပါ ''

" ဟုတ္တယ္၊ တို႔က ႏြယ္သစ္ခက္ပါ၊ ဦးေအာင္ရဲ႕တူမေပါ့၊ ေတြ႕ရတာဝမ္းသာပါတယ္ရွင္ ''

သူ(မ) ထံမွ ကမ္းေပးလာသည့္ လက္တစ္ဖက္အား ပိုင္ေစျပန္လည္ကမ္းေပးကာ လက္တြဲႏႈတ္ဆက္လိုက္ေတာ့ ႏူးညံ့သည့္လက္ေလးအား ပိုင္ေစခံစားမိလိုက္၏။

ခႏၶာကိုယ္တစ္ခုလုံးလည္း တရွိန္းရွိန္းႏွင့္ ၾကက္သီးေမႊးညင္းမ်ားပင္ထလာခဲ့၏။

ခရီးေဆာင္အိတ္ႏွစ္ခုလုံးအား Boxerခန္းထဲတြင္ထားကာ ကားေရွ႕ခန္းထဲတြင္ ႏြယ္သစ္ခက္အား ေနရာယူေစ၏။

ထို႔ေနာက္ လွ်ပ္စစ္ပစၥည္းဆိုင္နာမည္ပါ Boxerကားေလးသည္ ကားကြင္းအတြင္းမွ ထြက္ခြာလာခဲ့သည္။

စကားတေျပာေျပာႏွင့္ ေမာင္းလာေနရင္းမွ ပိုင္ေစသိလိုက္ရသည္က မႏြယ္သစ္ခက္ဟာ မိန္းကေလးတန္မဲ့ ေဖာ္ေ႐ႊမႈရွိေၾကာင္းသိလိုက္ရသည္။

မိမိထက္ အသက္ႀကီးေပမယ့္ အရပ္အေမာင္းဟာ မိမိထက္ပင္ နိမ့္မွန္း ပိုင္ေစသတိထားမိ၏။

ထိုအရာေတြကို ေနာက္ထားကာ ေဝးဆီ စိတ္ေရာက္ေနေပမယ့္ ေဖာ္ေ႐ႊလြန္းလွသည့္ ႏြယ္သစ္ခက္သည္ စကားအျပတ္မခံခဲ့။

" ပိုင္ တို႔တစ္ခုခုစားခ်င္တယ္၊ ကားစစီးကတည္းက ခုထိ ဘာမြမစားေရသးဘူး ''

" ဟုတ္...ကြၽန္ေတာ္ ဆိုင္တစ္ဆိုင္ေရာက္ရင္ ရပ္ေပးမယ္ေလ မမႏြယ္ ''

' မမႏြယ္ ' ။ ဟုတ္သည္။ ႏြယ္သစ္ခက္ကိုယ္တိုင္ ပိုင္ေစအား ထိုသို႔ေခၚရန္ ေျပာဆိုခဲ့ျခင္းေၾကာင့္ ပိုင္ေစ ထိုနာမ္စားအား အသုံးျပဳခဲ့လိုက္ျခင္းျဖစ္သည္။

ဟုတ္ ဟုသာ ႏႈတ္မွေျဖလိုက္ေပမယ့္ စိတ္ထဲမွာ က်ိန္ဆဲေနပုံမွာ ႏြယ္သစ္ခက္ တစ္ေယာက္ရစရာပင္ရွိေတာ့မည္မဟုတ္။

" ဒီဆိုင္မွာ စားၾကရေအာင္ မမႏြယ္ ''

စားေသာက္ဆိုင္တစ္ခုေရွ႕တြင္ ထိုကားေလးတစ္စီးရပ္သြားခဲ့ေလၿပီ။

#######

အခ်ိန္ ည ၇နာရီခွဲခန့်။

တစ္ဖက္တစ္ခ်က္မွ လမ္းမီးတိုင္ဆီမွ ျဖာထြက္လာသည့္ ညမီးေရာင္ေၾကာင့္ လမ္းတစ္ခုလုံး လင္းထိန္ေနပါေတာ့၏။

လမ္းတစ္ခုလုံးရွိ အိမ္တိုင္းတြင္ အၿပိဳင္အဆိုင္ဖြင့္ထားသည့္ မီးေရာင္တို႔ျဖင့္ လက္လက္ထကာ လင္းၿမဲလင္းေန၏။

တစ္ခုတည္းေသာ အိမ္ေလးတစ္လုံးသာ ေမွာင္အတိက်ေနေလေတာ့ သူသူငါငါ စဥ္းစားစရာပင္။

ၿခံဝန္းထဲတြင္သာ အေမွာင္က်ေနေပမယ့္ အိမ္ထဲတြင္ေတာ့ ဆီမီးေရာင္ဝါဝါထိန္ထိန္တို႔ကို မထင္မရွားေတြ႕ေနရ၏။

ထိုအိမ္ထဲတြင္ ေကာင္ေလးတစ္ဦးသည္ ေမြးေန႕ပြဲကို တစ္ေယာက္တည္း က်င္းပေနဟန္တူသည္။

မည္သူ႕ကိုမွ်ပင္ မဖိတ္ၾကားပဲ အိမ္တံခါးပိတ္ကာ တစ္ေယာက္တည္းက်င္းပေနေလသည္။

တစ္ဝက္မွ်ပင္က်ိဳးေနေသာ ဝိုင္ပုလင္းႏွင့္အတူ ခြဲခ်င္သလိုခြဲထားသည့္အတြက္ ပုံပ်က္ေနသည့္ ေမြးေန႕ကိတ္တို႔က အတူတကြ။

ၾကမ္းျပင္ေပၚတြင္ ျပန့္က်ဲ့ေနသည့္ ဟင္းလ်ာမ်ားစြာရဲ႕အႏွစ္တို႔ဟာလည္း ႏွေမ်ာတသျဖစ္ဖြယ္အတိ။

မီးေတာက္ေနသည့္ ဖေယာင္းတိုင္အခ်ိဳ႕ႏွင့္ မီးၿငိမ္းေနသည့္ ဖေယာင္းတိုင္တို႔ဟာ အေရအတြက္မမွ်တခဲ့။

စိတ္ပ်က္လက္ပ်က္ႏွင့္ ဝိုင္ေသာက္ေနကာ ကိတ္ခြဲကာစားေနသည့္ ထိုေကာင္ေလး၏ မ်က္ဝန္းတို႔တြင္ ဝမ္းနည္းမႈႏွင့္နာက်ဥ္းမႈတို႔ေၾကာင့္ ျဖစ္တည္လာသည့္ မ်က္ရည္စမ်ားႏွင့္သာ ျပည့္ႏွက္ေနေတာ့၏။

##########

( 16.8.2021)

မနက္ျဖန္ ၁၇ ရက္ေန႕ဟာ ကြၽန္ေတာ့္ေမြးေန႕ျဖစ္လို႔ ေနသိပ္မေကာင္းတဲ့ၾကားကေန အမွတ္တရအျဖစ္ update တင္ေပးလိုက္ပါတယ္ဗ်။

_____________________________________________________________

Pokračovat ve čtení

Mohlo by se ti líbit

28.9K 2.6K 25
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။
2.4M 205K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...
27K 2.6K 25
လူတစ်ယောက်ဆီက ဘာကိုမှ မမျှော်လင့်ဘဲ သူ့အနားမှာ တစ်သက်လုံးနေနိုင်လား...ဟင်...မင်း နေနိုင်ပါ့မလား 🌙 လူတစ္ေယာက္ဆီက ဘာကိုမွ မေမွ်ာ္လင့္ဘဲ သူ႔အနားမွာ တစ...
3M 265K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...