Unicode
*ဒေါက်....ဒေါက်...ဒေါက်.... ဒေါက်*
ညင်သာလှသည့် ခပ်တိုးတိုးတံခါးခေါက်သံ
တစ်ခုသည် အခန်းထဲဆီသို့တိုးဝင်စီးနင်းလာသည်။
"သခင်လေး ဒီနေ့ မိဘမဲ့ဂေဟာသွားမှာမိို့
ပြင်ဆင်သင့်ပါပြီ။"
တောင်းပန်တိုးလျှိုးတဲ့လေသံမျိူးနှင့်စကားသံ
တခုထွက်ပေါ်လာသည်။ အခန်းထဲကကောင်လေး စိတ်အနှောင့်အယှက်ဖြစ်မှာစိုးသည့်နဲ့ပုံလည်းပေါက်နေသည်။အချိန်ကိုက်မှာပင်
အခန်းထဲက ကောင်လေးသည်လည်း
အိပ်မှုံစဝါးနှင့် နိုးထလာသည်။
အိပ်ချင်ပါတယ်ဆို အပြင်ဘက်က အသံကြားတယ်။ဘယ်သူပါလိမ့်?ငါ မနက်စာအတွက်
အော်ဒါလည်း မမှာမိပါဘူး။
ပိုင်ချင်းယွီလည်းပျင်းပျင်းရိရိနဲ့နဲ့တံခါးသွား
ဖွင့်လိုက်သည်။အဘယ်ကြောင့်မှန်းမသိ
မိမိခန္ဓာကိုယ်သည် နုန်းနေသကဲ့သို့ခံစားရသည်။ အားသိပ်မရှိသလိုပဲမျိုး။
"ဘယ်သူလဲ " တံခါးဆွဲဖွင့်လိုက်တော့ အသက်50ကျော်အရွယ် ဦးလေးကြီးတစ်ယောက်သည်အပြင်ဘက်တွင်
ရိုရိုကျိူးကျိုးပုံစံနှင့် မတ်တပ်ရပ်နေသည်။
သူမေးလိုက်တော့ ဦးလေးကြီးက
"သခင်လေးကလည်းဦးလေးပဲ နှိုးနေကျကို။"
လို့ ပြန်ဖြေလာသည်။ ပိုင်ချင်းယွီတစ်ယောက်
အံအားသင့်သွားရသည်။
ဘာကို သခင်လေးလဲ?သူဖြင့်
ဒီဦးလေးကြီးကိုလည်း မမြင်ဖူးပါဘူး။
အရူးလည်းမဖြစ်နိူင်ဘူး။ ရုပ်ကလည်းလူကောင်း
ပုံစံပါပဲ။အခန်းများမှားနေတာများလားဟ။
သူတစ်ယောက်တွေးနေတုန်းမှာပင်
ရုတ်တရက်ခေါင်းကထိုးကိုက်လာသည်။
သူမသိသည့်မှတ်ဉာဏ်များသည်
အလုံးအရင်းနှင့်ရုတ်တတ်ရောက်လာသည်။
"အာ့"
ခေါင်းကိုကိုင်ပြီး အလွန်နာကျင်နေသည့်ပုံဖြင့်
အသံထွက်လာသည့်သခင်လေးကိုကြည့်ပြီး
သူစိတ်ပူသွားရသည်။
"သခင်လေး အဆင်ပြေ.."ပြောလို့မဆုံးခင်မှာပင် ရှေ့သို့လဲကျလာသည့် ၁၅နှစ်အရွယ်ခန္ဓာကိုယ်လေးကို ပြေးထိန်းလိုက်ရသည်။ လက်ထဲမှာပင် မေ့မြောသွားသည့်သခင်လေးကို အိပ်ယာပေါ်အသာချပြီး family doctor ဆီဖုန်းဆက်လိုက်တော့သည်။
ပိုင်ချင်းယွီတစ်ယောက် နေ့လည်ခင်းအချိန်မှာပဲ ပြန်နိုးလာသည်။ မယုံကြည်စရာကောင်းဘူးဆိုပေမယ့်သူဟာ ဝိဉာဉ်ကူးပြောင်းလာသည်တဲ့လေ။ဘယ်လိုဖြစ်နိုင်မှာလဲလို့တွေးပေမဲ့
သူ့ခေါင်းထဲတွင် အလကားရသည့်မှတ်ဉာဏ်
များသည် ကိန်းခိုနေသည်။သူ့ကိုယ်သူရူးသွားသလားဟုပင်ထင်မှတ်နေမိသည်။
အတည်ပြုရန်မှန်ရှေ့ကို သွားရပ်ပြီးကြည့်လိုက်သည့်အချိန်တွင် မရင်းနှီးသောမျက်နှာသည်သူ့ကိုပြန်ကြည့်နေသည်။ဝတ္ထုဇာတ်လမ်းများ၊တီဗွီစီးရီးများတွင်သဘာဝလွန်ဖြစ်ရပ်များကိုကြည့်ရသည်ကို သူအရမ်းကြိုက်သည်။သို့သော်လက်တွေ့သိပ္ပံကိုသာယုံကြည်သည်။
အိမ်မက်များမက်နေလေသလားဟု လက်ကိုဆွဲဆိတ်ကြည့်ပြန်တော့လည်း အသေနာသည်။
ဖြူဖြူဖွေးဖွေးလက်ကလေးသည် ချက်ချင်းပင်ရဲတွတ်သွားသည်။အမှန်တရားကိုမယုံကြည်သော်ငြား မှန်ထဲတွင်ကလေးရုပ်မပျောက်သေးသော မျက်နှာနုနုကသက်သေပါဟူ၍
ပြောပြပေးနေလေသည်။
ဤခန္ဓာကိုယ်ပိုင်ရှင်နာမည်သည် သူ့မူလနာမည်
နှင့်အတူတူပင်ဖြစ်သည်။
အသက်ကဖြင့် အတော်လေးကိုကွာသည်။
သူသည်နှစ်ဆယ့်ငါးနှစ်အရွယ် ယောကျာ်းသားတစ်ယောက်ဖြစ်သော်လည်း ဤခန္ဓာလေးကတော့ တစ်ဆယ့်ငါးနှစ်သာရှိသေးလေသည်။
တကယ်တော့ ဒီခန္ဓာကိုယ်ပိုင်ရှင်သည် သနားစရာလေးပင်ဖြစ်သည်။ လွန်ခဲ့သည့်တစ်ပတ်ကတွင်မှ မိဘနှစ်ပါးလုံးသည် ကားအက်စီးတန့်ဖြစ်ပြီးဆုံးသွားကြသည်။ မြို့တော်ရဲ့ ဒိတ်ဒိတ်ကြဲ မိသားစု၅စုထဲမှာ မပါဝင်သော်လည်း
တော်တော်လေးချမ်းသာကြွယ်ဝသည့်
အထဲတွင်ပါသည်။
ပင်မမိသားစုတွင် တစ်ဦးထဲသောသားလေးဖြစ်သည့်အတွက် အမွေအတွက် ပြိုင်လုစရာမလိုဘူးဟူ၍ မတွေးလိုက်ပါနှင့်။
ကုမ္ပဏီရှယ်ယာတွေများကို ငမ်းငမ်းတက်လိုချင်
နေသောမိသားစုအခွဲများ ရှိနေသေးသည်။
မူလပိုင်ရှင်သည် အေးတိအေးစက်နှင့်ဆိုပေမဲ့ ရိုးသားဖြူစင်သည့်သူဖြစ်လို့
မြေခွေးတွေအလယ်က ယုန်ပေါက်လေးဖြစ်
နေရှာသည်။သူကိုယ်တိုင်လည်း အတော်ကြီးမဟုတ်တော့ အင်း.....မသေအောင်တော့ ကြိုးစားရုန်းကန်ရမှာပဲ။ဟင်း....ဘဝကလည်း မျက်လှည့်ဆန်လိုက်လေ။
နောက်တစ်နေ့သာယာသည့်မနက်ခင်းလေးတစ်ခု
ပိုင်ချင်းယွီတစ်ယောက် နိုးလာပြီဖြစ်သည်။
မနက်ခြောက်နာရီတွင် နှိုးစက်မလိုပဲ
ထတတ်သည်မှာ သူ၏ယခင်ဘဝကတည်းက
အကျင့်တစ်ခုဖြစ်သည်။
ဒီနေ့တော့မိဘမဲ့ ဂေဟာသွားရမယ့်နေ့ပင်ဖြစ်သည်။မနေ့က သူနေမကောင်းဘူးဆိုသည့် အကြောင်းပြချက်ဖြင့်မသွားလိုက်ရပေ။
အဘယ့်ကြောင့်မူလပိုင်ရှင်သည် မိဘမဲ့ဂေဟာသွားမည်လဲဟုဆိုလျှင် ကလေးမွေးစားဖို့ဖြစ်သည်။ဟုတ်ပါသည်။ မမှားပါဘူး
ကလေးမွေးစားမှာပါ ။
ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီရှယ်ယာများကို မျက်စောင်းထိုးနေကြသည့် ပိုင်မိသားစုအခွဲများကို ရွဲ့ချင်သည်က တစ်ကြောင်း။
သူ့အစားကျည်ကာသည့်အနေဖြင့် သုံးချင်သည့်အတွက် ကလေးတစ်ယောက်ကိုသာအမွေစားအမွေခံအနေနဲ့ မွေးစားမယ်ဆိုလျှင်
သူ့ကို တိုက်ခိုက်မည့်မြားများနည်းနည်းဖြစ်စေ
လျော့လိုလျော့ငြားဆိုသည့်အတွေးဖြင့်ဖြစ်သည်။
အမှန်တကယ်တွင် မူလပိုင်ရှင်လိုဖြူစင်သည့်
သူက ယခုလိုအကြံဉာဏ်မျိိုးမတွေးတတ်ပါ။
သူ့ဦးလေးများထဲမှတစ်ယောက်ဖြစ်သည့်
သူ့အပေါ်တွင်ကောင်းသည့်ဦးလေးတစ်ယောက် ပေးသောအကြံဉာဏ်ဖြစ်၍
ယုံကြည်ပြီးမွေးစားဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
ပိုင်ချင်းယွီတစ်ယောက်ရေချိုးခန်းထဲတွင်
ရေချိုးပြီးနောက်မှန်တင်ခုံရှေ့က မှန်ကိုကြည့်လိုက်ပြီး သူပြူံးလိုက်မိသည်။
ဟက်....တကယ့်ကို ကလေးမျက်နှာလေးပဲ။
ဖြူဖွေးပြီး ပန်းနုရောင်သန်းနေသည့်
မျက်နှာလေး တနည်းပြောရလျှင်တော်တော်လေး ချစ်ဖို့ကောင်းသည်။
ဗီရိုကိုဖွင့်ကြည့်လိုက်တော့ သူသိပ်ကြိုက်သည့် အဖြူရောင်ရှပ်အကျီများကိုတွေ့လိုက်ရသည်။ မူလပိုင်ရှင်သည် သူ့ကဲ့သို့အဖြူရောင်ကိုသာ
နှစ်ခြိုက်ဟန်တူသည်။အဆင်ပြေသည့်
အကျီယူဝတ်လိုက်သည်။
အဝတ်အစားဟူသည် သူ့အတွက်တော့ အရမ်းကြီးအရေးပါသည့် အခန်းကဏ္ဍတွင်မပါဝင်ပေ။
သာမန်ဝတ်စုံဆိုလျှင်ကိုရပြီဖြစ်သည်။
နည်းနည်းပါးပါးပြင်ဆင်ပြီးအောက်ထပ်ဆင်းလာလိုက်သည်။ ထမင်းစားခန်းရှိ စားပွဲပေါ်တွင်အသင့်ပြင်ထားသည့်မနက်စာကို မူလပိုင်ရှင်အတိုင်းပုံမပျက် စားလိုက်သည်။
"ကားအဆင်သင့်ပြင်ထားလိုက်တော့!!"
အိမ်တော်ထိန်းလု: "ဟုတ်ကဲ့ သခင်လေး"
ပုံမှန်ဆိုလျှင် သူ့ထက်အသက်ကြီးသူများကို
ရိုရိုသေသေ ဆက်ဆံလေ့ရှိသော်လည်း
မူလပိုင်ရှင်အတိုင်းသာ ဟန်မပျက်နေလိုက်သည်။ပေါ်သွား၍မဖြစ်။မဟုတ်ပါက သရဲ တစ္ဆေပြီး ပရောဂဆရာနှင့်နှင်ထုတ်မှလေ လွင်ဝိညာဥ်ဖြစ်နေမှာစိုးရသည်။
ထို့နောက်မှာတော့ မိဘမဲ့ဂေဟာသို့
ထွက်လာခဲ့သည်။ တရိပ်ရိပ်ပြေးနေသည့် ကားပေါ်ကနေ ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်မိသည်။ ပြောရမယ်ဆိုလျှင် သူလုံးဝမရင်းနှီးယသည့်နေရာတွေပါသာဖြစ်သည်။
ဘာကြောင့်လဲဆိုလျှင် သူကူးပြောင်းလာသည့်နေရာသည် သူ့ကမ္ဘာတွင်မဟုတ်ဘဲ
သူတခါမှမကြားဘူးသည့်နာမည်တွေချည်းဖြစ်နေသည်။ မြို့နာမည်တွေ လမ်းတွေ အဆုံးပြောရရင် သူယခုရှိနေသည့် နိုင်ငံ၏နာမည်ပင်
တခါမှမကြားဖူးလို့ဖြစ်သည်။
ပြေးလွှားနေတဲ့ ကားလေးသည် ပိတ်ထားသည်။ ခြံတခါးရှေ့ကို ရပ်သွားချိန်မှာတော့
အတွင်းဘက်မှတံခါးလာဖွင့်သည်ကို
မြင်လိုက်ရသည်။
မကြာခင်မှာပင်ဆော့ကစားနေသည့်
ကလေးများ၏ အသံဆာဆာကို ကြားရတော့သည်။သူသည်အမှန်တကယ်တော့
ကလေးများကိုမချစ်တတ်ပေ။
မူလပိုင်ရှင်အတိုင်းသာ ဟန်မပျက်နေဖို့ရာ
ကလေးမွေးစားဖို့ရောက်လာခဲ့ရတာဖြစ်သည်။
ဟိုကြည့်ဒီကြည့်ကြည့်နေရင်းနှင့်ပင်
သူဆွဲကိုယ်ဆွဲဖြစ်နေသည့်ကလေးတစ်စုကို
မြင်လိုက်ရသည်။တစ်ခုခုကို လုနေပုံရသည်။
အတိအကျပြောရမယ်ဆိုလျှင် တစ်ယောက်ထဲဆီကနေသုံးယောက်က ဝိုင်းလုနေတာဖြစ်သည်။
သြော် မုန့်လုနေတာပဲ.....
ပိုင်ချင်းယွီတစ်ယောက် ပြသာနာရှင်းပေးမလို့
ရှေ့ကို တိုးလိုက်တဲ့အချိန်တွင် နောက်ထပ်ကလေးတစ်ယောက်ရောက်လာသည်။
ထိုကလေးက လုနေသည့်ကလေးသုံးယောက်ကို သူ့အားလေးနဲ့တွန်းလှဲလိုက်သည်။
ပြီးတော့ တခုခုပြောလိုက်ဟန်တူသည်။
ဟိုကလေးသုံးယောက်လည်းထွက်ပြေးသွားသည်။
အင်း .....ဒီကောင်လေးက တော်သားပဲ....
သူ့ထက်လူကောင်နည်းနည်းထွားသည့်ကလေးတများကို တွန်းပစ်နိုင်သည့်အပြင် ထွက်ပြေးသွားအောင်တောင် လုပ်လိုက်နိုင်တယ်
သူလည်းထိုကလေးနှစ်ယောက်ဆီသို့ထွက်လာခဲ့လိုက်သည်။ခြေသံလုံလုံနှင့်လျှောက်လာသည့်
သူ့ကို ကလေးနှစ်ယောက်က သတိထားမိပုံမရ။
အနားနားရောက်ခါနီးတွင်မှ စကားပြောသံများကိုကြားရတော့သည်။
ကလေးလေး 1: ဝူရန် ငါကမင်းကိုအခုလိုမျိုးတစ်သက်လုံးလေ ကာကွယ်ပေးသွားမှာ။
ကလေးလေး 2: မင်ထန်းနော်....
ဘာကိုဝူရန်လဲ?ငါက မင်းထက်ခြောက်လ
ကြီးတာနော်။ ကော လို့ခေါ်ပါဆိုနေ။
ကလေးလေး 1:မင်းက အစ်ကိုနဲ့မှမတူပဲ။
ငါ့အတွက်တော့ မင်းက ကလေးလေးပဲ။
သူ့ဘာသာပြောပြီးဟိုကလေးရဲ့ခေါင်းကို ခပ်ဖွဖွလေးပုတ်နေသည်။
တကယ်တည်း သူတို့က ကလေးတွေမှဟုတ်ရဲ့လား?မသိရင်သမီးရည်းစားကြနေတာပဲ။
wait?ငါ ဒီမြင်ကွင်းကို ရင်းနှီးနေသလိုပဲ။ ပြောရမယ်ဆိုရင် စကားလုံးတွေကို ရင်းနှီးနေတာ။
ဘယ်မှာကြားဖူးတာပါလိမ့်?
မင်ထန်း ဝူရန် ဘယ်မှာကြားဖူး.....
အာ....ချိုက်မင်ထန်း.. .
လီဝူရန်... ဒါ......ဒါ...ဒါက
Heartbeat ဆိုတဲ့ နာမည်ကြီး နိုဗယ်ထဲက
ဇာတ်ေကာင်တွေမဟုတ်ဘူးလား?
ပြောရမယ်ဆိုရင် ဒါကြီးက အပိုင်းတစ်မှာပါတဲ့ ဇာတ်ဝင်ခန်းမဟုတ်ဘူးလား ?
အား ငါ့ကို ကယ်ကြပါဦး!!!
ငါက ငါဘယ်တော့မှ ထပ်မဖတ်ဘူးလို့
ကျိန်ဆိုထားတဲ့ ဝတ္ထုထဲကိုမှ ကူးပြေားင်လာတယ်တဲ့ ငါ့ရဲ့ ဘလပ်လစ်စ်ထဲက နံပါတ်တစ်
နိုဗယ်ထဲကိုမှကူးပြောင်းလာတာတဲဲ့
သူမကိုးကွယ်တဲ့ဘုရားသခင်က
သူ့ကိုလာနောက်နေတာလား?
💐1 August 2021💐
Zawgyi
*ေဒါက္....ေဒါက္...ေဒါက္.... ေဒါက္*
ညင္သာလွသည့္ ခပ္တိုးတိုးတံခါးေခါက္သံ
တစ္ခုသည္ အခန္းထဲဆီသို႔တိုးဝင္စီးနင္းလာသည္။
"သခင္ေလး ဒီေန႕ မိဘမဲ့ေဂဟာသြားမွာမိို႔
ျပင္ဆင္သင့္ပါၿပီ။"
ေတာင္းပန္တိုးလွ်ိုးတဲ့ေလသံမ်ိဴးႏွင့္စကားသံ
တခုထြက္ေပၚလာသည္။ အခန္းထဲကေကာင္ေလး စိတ္အႏွောင့္အယွက္ျဖစ္မွာစိုးသည့္နဲ႕ပုံလည္းေပါက္ေနသည္။အခ်ိန္ကိုက္မွာပင္
အခန္းထဲက ေကာင္ေလးသည္လည္း
အိပ္မႈံစဝါးႏွင့္ နိုးထလာသည္။
အိပ္ခ်င္ပါတယ္ဆို အျပင္ဘက္က အသံၾကားတယ္။ဘယ္သူပါလိမ့္?ငါ မနက္စာအတြက္
ေအာ္ဒါလည္း မမွာမိပါဘူး။
ပိုင္ခ်င္းယြီလည္းပ်င္းပ်င္းရိရိနဲ႕နဲ႕တံခါးသြား
ဖြင့္လိုက္သည္။အဘယ္ေၾကာင့္မွန္းမသိ
မိမိခႏၶာကိုယ္သည္ ႏုန္းေနသကဲ့သို႔ခံစားရသည္။ အားသိပ္မရွိသလိုပဲမ်ိဳး။
"ဘယ္သူလဲ " တံခါးဆြဲဖြင့္လိုက္ေတာ့ အသက္50ေက်ာ္အ႐ြယ္ ဦးေလးႀကီးတစ္ေယာက္သည္အျပင္ဘက္တြင္
ရိုရိုက်ိဴးက်ိဳးပုံစံႏွင့္ မတ္တပ္ရပ္ေနသည္။
သူေမးလိုက္ေတာ့ ဦးေလးႀကီးက
"သခင္ေလးကလည္းဦးေလးပဲ ႏွိုးေနက်ကိဳ။"
လို႔ ျပန္ေျဖလာသည္။ ပိုင္ခ်င္းယြီတစ္ေယာက္
အံအားသင့္သြားရသည္။
ဘာကို သခင္ေလးလဲ?သူျဖင့္
ဒီဦးေလးႀကီးကိုလည္း မျမင္ဖူးပါဘူး။
အ႐ူးလည္းမျဖစ္နိူင္ဘူး။ ႐ုပ္ကလည္းလူေကာင္း
ပုံစံပါပဲ။အခန္းမ်ားမွားေနတာမ်ားလားဟ။
သူတစ္ေယာက္ေတြးေနတုန္းမွာပင္
႐ုတ္တရက္ေခါင္းကထိုးကိုက္လာသည္။
သူမသိသည့္မွတ္ဉာဏ္မ်ားသည္
အလုံးအရင္းႏွင့္႐ုတ္တတ္ေရာက္လာသည္။
"အာ့"
ေခါင္းကိုကိုင္ၿပီး အလြန္နာက်င္ေနသည့္ပုံျဖင့္
အသံထြက္လာသည့္သခင္ေလးကိုၾကည့္ၿပီး
သူစိတ္ပူသြားရသည္။
"သခင္ေလး အဆင္ေျပ.."ေျပာလို႔မဆုံးခင္မွာပင္ ေရွ႕သို႔လဲက်လာသည့္ ၁၅ႏွစ္အ႐ြယ္ခႏၶာကိုယ္ေလးကို ေျပးထိန္းလိုက္ရသည္။ လက္ထဲမွာပင္ ေမ့ေျမာသြားသည့္သခင္ေလးကို အိပ္ယာေပၚအသာခ်ၿပီး family doctor ဆီဖုန္းဆက္လိုက္ေတာ့သည္။
ပိုင္ခ်င္းယြီတစ္ေယာက္ ေန႕လည္ခင္းအခ်ိန္မွာပဲ ျပန္နိုးလာသည္။ မယုံၾကည္စရာေကာင္းဘူးဆိုေပမယ့္သူဟာ ဝိဉာဥ္ကူးေျပာင္းလာသည္တဲ့ေလ။ဘယ္လိုျဖစ္နိုင္မွာလဲလို႔ေတြးေပမဲ့
သူ႕ေခါင္းထဲတြင္ အလကားရသည့္မွတ္ဉာဏ္
မ်ားသည္ ကိန္းခိုေနသည္။သူ႕ကိုယ္သူ႐ူးသြားသလားဟုပင္ထင္မွတ္ေနမိသည္။
အတည္ျပဳရန္မွန္ေရွ႕ကို သြားရပ္ၿပီးၾကည့္လိုက္သည့္အခ်ိန္တြင္ မရင္းႏွီးေသာမ်က္ႏွာသည္သူ႕ကိုျပန္ၾကည့္ေနသည္။ဝတၳဳဇာတ္လမ္းမ်ား၊တီဗြီစီးရီးမ်ားတြင္သဘာဝလြန္ျဖစ္ရပ္မ်ားကိုၾကည့္ရသည္ကို သူအရမ္းႀကိဳက္သည္။သို႔ေသာ္လက္ေတြ႕သိပၸံကိုသာယုံၾကည္သည္။
အိမ္မက္မ်ားမက္ေနေလသလားဟု လက္ကိုဆြဲဆိတ္ၾကည့္ျပန္ေတာ့လည္း အေသနာသည္။
ျဖဴျဖဴေဖြးေဖြးလက္ကေလးသည္ ခ်က္ခ်င္းပင္ရဲတြတ္သြားသည္။အမွန္တရားကိုမယုံၾကည္ေသာ္ျငား မွန္ထဲတြင္ကေလး႐ုပ္မေပ်ာက္ေသးေသာ မ်က္ႏွာႏုႏုကသက္ေသပါဟူ၍
ေျပာျပေပးေနေလသည္။
ဤခႏၶာကိုယ္ပိုင္ရွင္နာမည္သည္ သူ႕မူလနာမည္
ႏွင့္အတူတူပင္ျဖစ္သည္။
အသက္ကျဖင့္ အေတာ္ေလးကိုကြာသည္။
သူသည္ႏွစ္ဆယ့္ငါးႏွစ္အ႐ြယ္ ေယာက်ာ္းသားတစ္ေယာက္ျဖစ္ေသာ္လည္း ဤခႏၶာေလးကေတာ့ တစ္ဆယ့္ငါးႏွစ္သာရွိေသးေလသည္။
တကယ္ေတာ့ ဒီခႏၶာကိုယ္ပိုင္ရွင္သည္ သနားစရာေလးပင္ျဖစ္သည္။ လြန္ခဲ့သည့္တစ္ပတ္ကတြင္မွ မိဘႏွစ္ပါးလုံးသည္ ကားအက္စီးတန့္ျဖစ္ၿပီးဆုံးသြားၾကသည္။ ၿမိဳ႕ေတာ္ရဲ႕ ဒိတ္ဒိတ္ႀကဲ မိသားစု၅စုထဲမွာ မပါဝင္ေသာ္လည္း
ေတာ္ေတာ္ေလးခ်မ္းသာႂကြယ္ဝသည့္
အထဲတြင္ပါသည္။
ပင္မမိသားစုတြင္ တစ္ဦးထဲေသာသားေလးျဖစ္သည့္အတြက္ အေမြအတြက္ ၿပိဳင္လုစရာမလိုဘူးဟူ၍ မေတြးလိုက္ပါႏွင့္။
ကုမၸဏီရွယ္ယာေတြမ်ားကို ငမ္းငမ္းတက္လိုခ်င္
ေနေသာမိသားစုအခြဲမ်ား ရွိေနေသးသည္။
မူလပိုင္ရွင္သည္ ေအးတိေအးစက္ႏွင့္ဆိုေပမဲ့ ရိုးသားျဖဴစင္သည့္သူျဖစ္လို႔
ေျမေခြးေတြအလယ္က ယုန္ေပါက္ေလးျဖစ္
ေနရွာသည္။သူကိုယ္တိုင္လည္း အေတာ္ႀကီးမဟုတ္ေတာ့ အင္း.....မေသေအာင္ေတာ့ ႀကိဳးစား႐ုန္းကန္ရမွာပဲ။ဟင္း....ဘဝကလည္း မ်က္လွည့္ဆန္လိုက္ေလ။
ေနာက္တစ္ေန႕သာယာသည့္မနက္ခင္းေလးတစ္ခု
ပိုင္ခ်င္းယြီတစ္ေယာက္ နိုးလာၿပီျဖစ္သည္။
မနက္ေျခာက္နာရီတြင္ ႏွိုးစက္မလိုပဲ
ထတတ္သည္မွာ သူ၏ယခင္ဘဝကတည္းက
အက်င့္တစ္ခုျဖစ္သည္။
ဒီေန႕ေတာ့မိဘမဲ့ ေဂဟာသြားရမယ့္ေန႕ပင္ျဖစ္သည္။မေန႕က သူေနမေကာင္းဘူးဆိုသည့္ အေၾကာင္းျပခ်က္ျဖင့္မသြားလိုက္ရေပ။
အဘယ့္ေၾကာင့္မူလပိုင္ရွင္သည္ မိဘမဲ့ေဂဟာသြားမည္လဲဟုဆိုလွ်င္ ကေလးေမြးစားဖို႔ျဖစ္သည္။ဟုတ္ပါသည္။ မမွားပါဘူး
ကေလးေမြးစားမွာပါ ။
ဘာေၾကာင့္လဲဆိုေတာ့ ကုမၸဏီရွယ္ယာမ်ားကို မ်က္ေစာင္းထိုးေနၾကသည့္ ပိုင္မိသားစုအခြဲမ်ားကို ႐ြဲ႕ခ်င္သည္က တစ္ေၾကာင္း။
သူ႕အစားက်ည္ကာသည့္အေနျဖင့္ သုံးခ်င္သည့္အတြက္ ကေလးတစ္ေယာက္ကိုသာအေမြစားအေမြခံအေနနဲ႕ ေမြးစားမယ္ဆိုလွ်င္
သူ႕ကို တိုက္ခိုက္မည့္ျမားမ်ားနည္းနည္းျဖစ္ေစ
ေလ်ာ့လိုေလ်ာ့ျငားဆိုသည့္အေတြးျဖင့္ျဖစ္သည္။
အမွန္တကယ္တြင္ မူလပိုင္ရွင္လိုျဖဴစင္သည့္
သူက ယခုလိုအႀကံဉာဏ္မ်ိိုးမေတြးတတ္ပါ။
သူ႕ဦးေလးမ်ားထဲမွတစ္ေယာက္ျဖစ္သည့္
သူ႕အေပၚတြင္ေကာင္းသည့္ဦးေလးတစ္ေယာက္ ေပးေသာအႀကံဉာဏ္ျဖစ္၍
ယုံၾကည္ၿပီးေမြးစားဖို႔ ဆုံးျဖတ္လိုက္တာျဖစ္သည္။
ပိုင္ခ်င္းယြီတစ္ေယာက္ေရခ်ိဳးခန္းထဲတြင္
ေရခ်ိဳးၿပီးေနာက္မွန္တင္ခုံေရွ႕က မွန္ကိုၾကည့္လိုက္ၿပီး သူၿပဴံးလိုက္မိသည္။
ဟက္....တကယ့္ကို ကေလးမ်က္ႏွာေလးပဲ။
ျဖဴေဖြးၿပီး ပန္းႏုေရာင္သန္းေနသည့္
မ်က္ႏွာေလး တနည္းေျပာရလွ်င္ေတာ္ေတာ္ေလး ခ်စ္ဖို႔ေကာင္းသည္။
ဗီရိုကိုဖြင့္ၾကည့္လိုက္ေတာ့ သူသိပ္ႀကိဳက္သည့္ အျဖဴေရာင္ရွပ္အက်ီမ်ားကိုေတြ႕လိုက္ရသည္။ မူလပိုင္ရွင္သည္ သူ႕ကဲ့သို႔အျဖဴေရာင္ကိုသာ
ႏွစ္ၿခိဳက္ဟန္တူသည္။အဆင္ေျပသည့္
အက်ီယူဝတ္လိုက္သည္။
အဝတ္အစားဟူသည္ သူ႕အတြက္ေတာ့ အရမ္းႀကီးအေရးပါသည့္ အခန္းက႑တြင္မပါဝင္ေပ။
သာမန္ဝတ္စုံဆိုလွ်င္ကိုရၿပီျဖစ္သည္။
နည္းနည္းပါးပါးျပင္ဆင္ၿပီးေအာက္ထပ္ဆင္းလာလိုက္သည္။ ထမင္းစားခန္းရွိ စားပြဲေပၚတြင္အသင့္ျပင္ထားသည့္မနက္စာကို မူလပိုင္ရွင္အတိုင္းပုံမပ်က္ စားလိုက္သည္။
"ကားအဆင္သင့္ျပင္ထားလိုက္ေတာ့!!"
အိမ္ေတာ္ထိန္းလု: "ဟုတ္ကဲ့ သခင္ေလး"
ပုံမွန္ဆိုလွ်င္ သူ႕ထက္အသက္ႀကီးသူမ်ားကို
ရိုရိုေသေသ ဆက္ဆံေလ့ရွိေသာ္လည္း
မူလပိုင္ရွင္အတိုင္းသာ ဟန္မပ်က္ေနလိုက္သည္။ေပၚသြား၍မျဖစ္။မဟုတ္ပါက သရဲ တစ္ေဆၿပီး ပေရာဂဆရာႏွင့္ႏွင္ထုတ္မွေလ လြင္ဝိညာဥ္ျဖစ္ေနမွာစိုးရသည္။
ထို႔ေနာက္မွာေတာ့ မိဘမဲ့ေဂဟာသို႔
ထြက္လာခဲ့သည္။ တရိပ္ရိပ္ေျပးေနသည့္ ကားေပၚကေန ေဘးပတ္ဝန္းက်င္ကို စူးစမ္းၾကည့္မိသည္။ ေျပာရမယ္ဆိုလွ်င္ သူလုံးဝမရင္းႏွီးယသည့္ေနရာေတြပါသာျဖစ္သည္။
ဘာေၾကာင့္လဲဆိုလွ်င္ သူကူးေျပာင္းလာသည့္ေနရာသည္ သူ႕ကမၻာတြင္မဟုတ္ဘဲ
သူတခါမွမၾကားဘူးသည့္နာမည္ေတြခ်ည္းျဖစ္ေနသည္။ ၿမိဳ႕နာမည္ေတြ လမ္းေတြ အဆုံးေျပာရရင္ သူယခုရွိေနသည့္ နိုင္ငံ၏နာမည္ပင္
တခါမွမၾကားဖူးလို႔ျဖစ္သည္။
ေျပးလႊားေနတဲ့ ကားေလးသည္ ပိတ္ထားသည္။ ၿခံတခါးေရွ႕ကို ရပ္သြားခ်ိန္မွာေတာ့
အတြင္းဘက္မွတံခါးလာဖြင့္သည္ကို
ျမင္လိုက္ရသည္။
မၾကာခင္မွာပင္ေဆာ့ကစားေနသည့္
ကေလးမ်ား၏ အသံဆာဆာကို ၾကားရေတာ့သည္။သူသည္အမွန္တကယ္ေတာ့
ကေလးမ်ားကိုမခ်စ္တတ္ေပ။
မူလပိုင္ရွင္အတိုင္းသာ ဟန္မပ်က္ေနဖို႔ရာ
ကေလးေမြးစားဖို႔ေရာက္လာခဲ့ရတာျဖစ္သည္။
ဟိုၾကည့္ဒီၾကည့္ၾကည့္ေနရင္းႏွင့္ပင္
သူဆြဲကိုယ္ဆြဲျဖစ္ေနသည့္ကေလးတစ္စုကို
ျမင္လိုက္ရသည္။တစ္ခုခုကို လုေနပုံရသည္။
အတိအက်ေျပာရမယ္ဆိုလွ်င္ တစ္ေယာက္ထဲဆီကေနသုံးေယာက္က ဝိုင္းလုေနတာျဖစ္သည္။
ေၾသာ္ မုန့္လုေနတာပဲ.....
ပိုင္ခ်င္းယြီတစ္ေယာက္ ျပသာနာရွင္းေပးမလို႔
ေရွ႕ကို တိုးလိုက္တဲ့အခ်ိန္တြင္ ေနာက္ထပ္ကေလးတစ္ေယာက္ေရာက္လာသည္။
ထိုကေလးက လုေနသည့္ကေလးသုံးေယာက္ကို သူ႕အားေလးနဲ႕တြန္းလွဲလိုက္သည္။
ၿပီးေတာ့ တခုခုေျပာလိုက္ဟန္တူသည္။
ဟိုကေလးသုံးေယာက္လည္းထြက္ေျပးသြားသည္။
အင္း .....ဒီေကာင္ေလးက ေတာ္သားပဲ....
သူ႕ထက္လူေကာင္နည္းနည္းထြားသည့္ကေလးတမ်ားကို တြန္းပစ္နိုင္သည့္အျပင္ ထြက္ေျပးသြားေအာင္ေတာင္ လုပ္လိုက္နိုင္တယ္
သူလည္းထိုကေလးႏွစ္ေယာက္ဆီသို႔ထြက္လာခဲ့လိုက္သည္။ေျခသံလုံလုံႏွင့္ေလွ်ာက္လာသည့္
သူ႕ကို ကေလးႏွစ္ေယာက္က သတိထားမိပုံမရ။
အနားနားေရာက္ခါနီးတြင္မွ စကားေျပာသံမ်ားကိုၾကားရေတာ့သည္။
ကေလးေလး 1: ဝူရန္ ငါကမင္းကိုအခုလိုမ်ိဳးတစ္သက္လုံးေလ ကာကြယ္ေပးသြားမွာ။
ကေလးေလး 2: မင္ထန္းေနာ္....
ဘာကိုဝူရန္လဲ?ငါက မင္းထက္ေျခာက္လ
ႀကီးတာေနာ္။ ေကာ လို႔ေခၚပါဆိုေန။
ကေလးေလး 1:မင္းက အစ္ကိုနဲ႕မွမတူပဲ။
ငါ့အတြက္ေတာ့ မင္းက ကေလးေလးပဲ။
သူ႕ဘာသာေျပာၿပီးဟိုကေလးရဲ႕ေခါင္းကို ခပ္ဖြဖြေလးပုတ္ေနသည္။
တကယ္တည္း သူတို႔က ကေလးေတြမွဟုတ္ရဲ႕လား?မသိရင္သမီးရည္းစားၾကေနတာပဲ။
wait?ငါ ဒီျမင္ကြင္းကို ရင္းႏွီးေနသလိုပဲ။ ေျပာရမယ္ဆိုရင္ စကားလုံးေတြကို ရင္းႏွီးေနတာ။
ဘယ္မွာၾကားဖူးတာပါလိမ့္?
မင္ထန္း ဝူရန္ ဘယ္မွာၾကားဖူး.....
အာ....ခ်ိဳက္မင္ထန္း.. .
လီဝူရန္... ဒါ......ဒါ...ဒါက
Heartbeat ဆိုတဲ့ နာမည္ႀကီး နိုဗယ္ထဲက
ဇာတ္ေကာင်တွေမဟုတ်ဘူးလား?
ေျပာရမယ္ဆိုရင္ ဒါႀကီးက အပိုင္းတစ္မွာပါတဲ့ ဇာတ္ဝင္ခန္းမဟုတ္ဘူးလား ?
အား ငါ့ကို ကယ္ၾကပါဦး!!!
ငါက ငါဘယ္ေတာ့မွ ထပ္မဖတ္ဘူးလို႔
က်ိန္ဆိုထားတဲ့ ဝတၳဳထဲကိုမွ ကူးေျပားင္လာတယ္တဲ့ ငါ့ရဲ႕ ဘလပ္လစ္စ္ထဲက နံပါတ္တစ္
နိုဗယ္ထဲကိုမွကူးေျပာင္းလာတာတဲဲ့
သူမကိုးကြယ္တဲ့ဘုရားသခင္က
သူ႕ကိုလာေနာက္ေနတာလား?
💐1 August 2021💐