Unicode
အောဂတ်စ်လ၏ရက်အချို့သည်လျှင်မြန်စွာကုန်
လွန်သွားခဲ့သည်။မိုးလရာသီဖြစ်၍ယခင်နေ့က
ရွာသွန်းခဲ့သောမိုး၏အစိုဓာတ်သည်ရှိနေသေးသည်။ပိုင်ချင်းယွီသည် လေလံပွဲသို့သွားရာလမ်းတွင်ဖြစ်ကာအနက်ရောင်ကားအတွင်းတွင်
ကားမောင်းသူလက်ထောက်အတွင်းရေးမှူးနှင့်
သူသာရှိပြီး တိတ်ဆိတ်နေသည်။ အတွင်းရေးမှူးသည် ဘော့စ်ဖြစ်သူအားဖော်ဖော်ရောရောစကားမပြောရဲသလို သူကိုယ်တိုင်ကလည်းပြောချင်စိတ်ရှိမနေပါလေ။ပျင်းရိဖွယ်ကောင်းသော
အခြေအနေသည် မကြာမီပင်ကားကျပ်ခြင်းနှင့်တိုးရကာ ပို၍သာစိတ်ညစ်ညူးစရာကောင်းတော့သည်။Aမြို့သည် လူမှုနေထိုင်မှုအဆင့်အတန်းမြင့်ကာ ဖွံ့ဖြိုးပြီးမြို့တစ်မြို့ဖြစ်
သော်လည်းတစ်ခါတစ်ရံကားကျပ်ခြင်းနှင့်ကြုံရတတ်သည်။ ။သို့သော်လည်း နေ့တိုင်းမဟုတ်ပဲတကယ်ကိုတခါတရံမှသာဖြစ်သည်။အထူး
သဖြင့်မနက်ပိုင်းနှင့်ညနေပိုင်းများတွင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်ထိုအချိန်များသည်
ရုံးသွားချိန်၊ကျောင်းဆင်းချိန်များဖြစ်ကာ
အမျိုးမျိုးသောဘဝများ၏တစ်နေ့တာလုပ်ငန်း
စတင်ချိန်နှင့်ပြီးဆုံးချိန်များဖြစ်သောကြောင့်
ပင်ဖြစ်သည်။အရှေ့တန်းရှိစီတန်းနေသောကားများကို
ကြည့်လိုစိတ်မရှိသောကြောင့် ကားပြတင်းမှဖြတ်ကာ အပြင်ဝန်းကျင်ကိုကြည့်လိုက်သည်။
မိုးထိမြင့်အဆောက်အအုံပေါ်ရှိ"စုန့်ဂရု"ဟူသော စာတန်းအကြီးကြီးကိုမြင်လိုက်ရရာ ဦးနှောက်ထဲသတိပေးချက်များဆူညံသွားသည်။
ထို့ကြောင့် ရှေ့ခန်းရှိအတွင်းရေးမှူးကို
မေးလိုက်သည်။"မင်း ငါခိုင်းထားတဲ့ကိစ္စလုပ်ပြီးပြီလား?"
ရုတ်တရက်ထမေးလိုက်၍ထင်သည် ။
အံသြသံဖြင့် ပြန်ဖြေလာသည်။"ဗျာ!!ဘယ်ကိစ္စကိုပြောနေတာလဲ မသိဘူး။"
"မင်းကိုငါဟိုတခါ ညကြီးဖုန်းဆက်ပြီး
ဖုန်းဆင်းကဒ်တစ်ခုဝယ်ခိုင်းထားလေ။
ဝယ်ပြီးပြီဆိုရင် ငါ့ကိုဘာလို့ချက်ချင်း
လာမပေးရတာလဲ?"
YOU ARE READING
I just wanna save you!!Please have mercy on me!!!