Part 26

856 141 17
                                    

Unicode

လီဝူရန်သည်ယခုသူရှေ့ရှိ light screenတွင် *Blue Cloud*ဆိုသည့်စာတန်းကိုမော့ကြည့်ရင်းအထဲသို့ဝင်သင့်မဝင်သည့်တွေးနေသည်။ဒီနေရာကclubတစ်ခုတဲ့။သူနှင့်လုံးဝကိုစိမ်းသက်သောနေရာတစ်ခုဖြစ်သည်။

ဒီနေရာကိုလာတဲ့သူအများစုကမူးမူးရူးရူးတွေများဖြစ်နေမလား။သူမရောက်ဖူးတော့မသိပါ။
အမှန်အတိုင်းပြောရရင်သူမဝင်ချင်ဘူး။သူပြန်သွားသင့်လား?

မရဘူး။သူမှမဝင်ရင်မင်ထန်းဒုက္ခအကြီးအကျယ်ရောက်သွားလိမ့်မယ်။

မင်ထန်းကအခုဆိူအခုအချုပ်ခန်းထဲမှာနေရတာယနေ့နှင့်ဆိုလျှင်လေးရက်ရှိနေပြီ။ပထမဆုံးမင်ထန်းအဖမ်းခံရတဲ့ရက်က မားနှင့်အတူရဲစခန်းကိုသွားခဲ့သည်။သို့သော်မင်ထန်းကိုထုတ်လို့မရခဲ့။ရဲစခန်းကစခန်းမှူးပြောတဲ့အတိုင်းမားကတစ်ဖက်ကလူနဲ့ညှိနှိုင်းဖို့သွားသော်လည်းမအောင်မြင်ခဲ့။တရားစွဲပြီးထောင်ချမည်ဟုသာပြောသည်တဲ့။

ထိုအယုတ်တမာကိုသူကိုယ်တိုင်သွားကာညှိနှိုင်းဖို့ဆုံးဖြတ်ခဲ့သည်။သူတို့တွင်အချိန်ပိုင်းလုပ်ကာနှစ်ယောက်သားစုထားတဲ့ပိုက်ဆံအနည်းငယ်ရှိသည်။ထိုငွေကအမှန်တွင်နောက်နှစ်၌နိုင်ငံခြားတွင်ပညာသင်ဆုဖြင့်ကျောင်းတက်ရန်အတွက်စုထားခဲ့သည့်ငွေဖြစ်သည်။လိုရမည်ရအနေဖြင့်လျော်ကြေးပေးဖို့ငွေကိုပါတစ်ပါတည်းယူဆောင်သွားခဲ့သည်။

ဆေးရုံကိုရောက်ပြီးအတတ်နိုင်ဆုံးအောက်ကျို့ခံကာ တောင်းပန်ခဲ့သည်။မင်ထန်းသာလွတ်မည်ဆိုလျှင်ရှိစုမဲ့စုပိုင်ဆိုင်သမျှအကုန်ပေးအပ်ရန်လည်း ဝန်မလေးခဲ့။သို့သော်လူချမ်းသာဖြစ်ပုံရသည့် လူယုတ်မာကသူတို့၏တပဲခြောက်ပြားငွေ
ကိုစိတ်မဝင်စားသလို ခယကျိုးနွံမှုအားလည်းလက်မခံခဲ့ပါ။

သူအယုတ်တမာဟုခေါ်နေသည့်လူရဲ့နာမည်ကရှောက်ကျစ်ပင်းတဲ့။လူပေါ်ကြော့သခင်လေးတစ်ယောက်ဖြစ်ပြီးဆေးရုံကိုသုံးရက်ပဲနေကာဆင်းသွားးသည်။နောက်ဆုံး၌သူ၏တောင်းဆိုမှုဖြင့် ခက်ခက်ခဲခဲညှိနှိုင်းမှုဖြင့်တစ်ခုရခဲ့သည်။၎င်းကား သူနှင့်နောက်ထပ်ဆွေးနွေးမှုတစ်ခုထပ်လုပ်ရမည်ဖြစ်ပြီးနေရာကတော့သူရှေ့ရှိဤကလပ်တွ
င်ဖြစ်သည်။ဆွေးနွေးမှုကအောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ မင်ထန်းအားတရားစွဲခြင်းကိုယုတ်သိမ်းပေးမည်ဟု ကတိပေးခဲ့သောကြောင့်သူလာခဲ့ခြင်းဖြစ်သည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now