Unicode
ပိုင်ချင်းယွီတစ်ယောက် ပုံမှန်အိပ်ယာမှထချိန်သို့ရောက်ပြီဖြစ်သော်လည်းမထနိုင်သေးပဲ မနေ့ညမှအိမ်မက်အကြောင်း စဉ်းစားခန်းဖွင့်နေသည်။
ထူးဆန်းလှသည်။ပုံမှန်တခြားအိမ်မက်တွေဆိုရင် မနက်ရောက်ရင် ဘာမှစဉ်းစားလို့မရပေ။ယခုက
အိမ်မက်ဟုဆိုသော်ငြား မနေ့ညက အကြောင်းအရာတွေကို အတိအကျမှတ်မိနေသည်။သူတစ်ကယ်ပဲ ထိုလူငယ်လေးနှင့်
တွေ့ခဲ့တာလား.....
ဒါဆိုရင်တော့ ထိုလူငယ်လေးစကားအတိုင်း ပိုင်ဇနီးမောင်နှံရဲ့ သေဆုံးမှုအမှန်ကို ဖော်ထုတ်ရမည်ဖြစ်သည်။ပိုင်ချင်းယွီ အောက်ထပ်သို့ဆင်းလာသောအခါ
ဟိုကေလးစုတ္က ထမင်းစားခန်းတွင်ရောက်နေနှင့်ပြီဖြစ်သည်။ကိုယ်တော်က ကျောင်းဝတ်စုံတောင်ဝတ်ထားပြီပါပကောလား။"သခင်လေး သခင်ငယ်လေးက ဗိုက်ဆာတယ်ဆိုလို့ ဦးလေးလည်း....."
"ရတယ်"ဦးလေးလုစကား၏ဆိုလိုရင်းကို နားလည်သဖြင့် လက်ကာပြီး အဆင်ပြေကြောင်းပြောလိုက်ရသည်။
တကယ္ဆို မိမိက ဤအိမ်၏သခင်လေးဖြစ်သော်လည်း သခင်ငယ်လေး ထမင်းအရင်စားသည်ကို ခွင့်ပြုပေးလိုက်သောကြောင့် ဦးလေးလုက ဆူခံထိမွာ စိုးနေခြင်းဖြစ်သည်။ဦးလေးလုကသာ ကာပြောနေသော်လည်း ဟိုကေလးစုတ္ကေတာ့ သူလာသည်ကို အဖတ်ပင်မလုပ်ပေ။အားရပါးရစားနေသည်ကို ကြည့်ရသည်မှာ အတော်လေး ဗိုက်ဆာနေပုံရသည်။သူကလည်း သူပင်.... ယနေ့မှ အိပ်ယာထနောက်ကျသည့်အပြင် စဉ်းစားခန်းဖွင့်နေ၍ အချိန်ပိုကြာသွားခြင်းဖြစ်သည်။
"စားပြီးသွားရင် ကိုယ့်ကို ဧည့်ခန်းမှာ စောင့်နေပေး....."
ပိုင်ချင်းယွီ ထိုင်ခုံကို ဆွဲထိုင်ကာ ပြောလိုက်ခြင်း
ဖြစ်သည်။ပါးစပ်ထဲပေါင်မုန့်ထည့်နေသည့်လက်တို့
ခေတ္တရပ်တန့်သွားပြီး ခေါင်းအသာ ညိတ်ပြလေသည်။*******
ပိုင်ချင်းယွီ စားသောက်ခန််းမှထွက်လာသောအခါ ထိုကေလးက ဧည့်ခန်းမှာစောင့်နေလေသည်။
မျက်နှာအမူအရာမှာ တည်တည်လေးဖြစ်သော်လည်း sofaပေါ်ထိုင်နေသည့် ခြေထောက်လေးတွေ လှုပ်ယမ်းနေသည်။ကလေးပီပီ ကျောင်းအသစ်တက်ရမည်ကို စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။
YOU ARE READING
I just wanna save you!!Please have mercy on me!!!