Part 18

967 154 7
                                    

Unicode

ညနေခင်းတွင်တော့ ပိုင်ချင်းယွီသည် ချိိုက်မင်ထန်းကိုခေါ်ကာ အဒေါ်စန်းကျင်၏မွေးနေပွဲသို့ထွက်လာခဲ့သည်။အဒေါ်ယွဲ့စန်းကျင်က အခြားသူမဟုတ်ပေ။ပိုင်ချင်းယွီ၏မိခင်​ ပိုင်ကတော်၏
အမအရင်းခေါက်ခေါက်ဖြစ်သည်။

သူတို့ပွဲကိုရောက်သွားသည့်အချိန်တွင် လူအတော်များများက ရောက်နေပြီ​ဖြစ်သည်။သို့သော် နောက်ကျသည်ဟုမဆိုလို။အိမ်တော်ခြံဝန်းထဲတွင်ပင် ပြုလုပ်ကျင်းပသော မွေးနေ့ပွဲဖြစ်ပြီး
ဧည့်သည်အများစုကသူတို့၏ကားများကိုအလိုက်တသိမယူလာကြဘဲ အိမ်ကသာလိုက်ပို့ကြသည်။

ပိုင်ချင်းယွီလည်း ဦးလေးချောင်ကို ခြံရှေ့တွင်ကားကိုခဏရပ်ကာနောက်တစ်ရီခန့်တွင် လာကြို ရန်ပြောကြားလိုက်ပြီးအိမ်တော်သိူ့ပြန်စေလိုက်သည်။

ခြံထဲသို့ဝင်လိုက်သည်နှင့်ညင်သာသိမ့်မွေ့သော
စန္ဒယားသံက လွင့်ပါးလာသည်။အသံလာရာက
ပွဲ၏တစ်နေရာတွင် စန္ဒားတီးနေသောအနုပညာရှင်တစ်ယောက်ထံမှ​ဖြစ်သည်။ညနေခင်းကာလဖြစ်သော်လည်း မီးအရောင်စုံတို့က
ရှိနေလေနှင့်ပြီ။အစားအသောက်အခင်းအကျင်းသည်ကား ကြိုက်ရာကိုယ်တိုင်ယူဆောင်ကာ သုံးဆောင်ရသော ဘူဖေးပုံစံမျိုးဖြစ်သည်။

မွေးနေ့ပွဲကဧည့်သည်အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး အဒေါ်စန်းကျင်၏ မိတ်ဆွေများသူငယ်ချင်းများဖြစ်ကြသည်။စီးပွားရေးအရပတ်သက်ပုံရသော လူကြီးလူကောင်းအမျိုးသားတစ်ချို့ကိုလည်းတွေ့ရသည်။အဒေါ်စန်းကျင်သည် ခင်ပွန်းဆုံးပါးသွားပြီဖြစ်သော ရိုးသားသည့်အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းကိုအမျိုးသားများနှင့်အတူတန်းတူလုပ်ကိုင်နိုင်စွမ်းရှိသည့် လူအများအထင်မသေးရဲသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်။

ပိုင်ချင်းယွီနှင့်ချိုက်မင်ထန်းတို့သည် မွေးနေ့ရှင်
သူမရှိရာသို့ သွားရောက်နှုတ်ဆက်ကြသည်။
လက်ဆောင်များကို ထားရှိရန်သီးသန့်နေရာရှိသော်လည်း တူအရင်းဖြစ်သည့်သူက ကိုယ်တိုင်လက်ထဲသို့သွားရောက်ပေးသည်က ပိုမိုသင့်တော်မည်ဟုထင်သောကြောင့် သူမဆီသို့အထူးတလည်သွားရခြင်းပင်။သူမသူတို့ဝိုင်းဆီသို့မလာခင်ပေါ့။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now