Unicode
ခမ်းနားထည်ဝါလှသော စံအိမ်တော်၏ အပေါ်ထပ်ရှိ ရေချိုးခန်းထဲဲ၌ ရေစီးကျသံတစ်စက်စက်ကြားနေရသည်။အခန်းထဲရှိကောင်လေး၏ ဖြူဖွေးသွယ်လျနေသော ခန္ဓာကိုယ်ပေါ်တွင်ကား ရေမှုန်ရေစက်များသည်ကား အလုအယက်ပြေးလွှားနေကြသည်။
သိပ်မကြာမီကာလမှာပင် ရေချိုးခန်းတံခါးသည် ပွင့်လာပြီး အခန်းထဲမှကောင်လေးထွက်လာသည်။ ပိုင်ချင်းယွီBathrobeကို ဝတ်ဆင်၍ တဘက်ဖြင့်ခေါင်းကို သုတ်နေစဉ် အိပ်ရာပေါ်ရှိဖုန်းမှ အသံကြားလိုက်ရသည်။
"Ring.....Ring"
"Hello"
ပိုင်ချင်းယွီဖုန်းကိုင်လိုက်သည်။ဖုန်း screen ပေါ်ရှိနာမည်သည်ကား ဦးလေးဖူရွှီတဲ့......"ရှောင်ယွီ ဒီနေ့ ဂေဟာကို သွားတယ်ဆို။
ဦးလေးကို ဘာလို့အကြောင်းမကြားရတာလဲ။
တစ်ယောက်ထဲသွားတာ အဆင်ပြေရဲ့လား။ဟိုနေ့တုန်းက ရှောင်ယွီလေးမူးလဲပီး မသွားဖြစ်ဘူးဆိုလို့ မလာခဲ့လိုက်တာ။ ဒီနေ့သွားမယ်လို့မထင်ထားဘူး။ခုတောင်မှ ကုမ္ပဏီက ပြန်ရောက်ရောက်ခြင်း သိလို့ ဖုန်းဆက်လိုက်တာ။"ဦးလေးဖူရွှီဆိုတဲ့သူတော့ မသိဘူး။ပိုင်ချင်းယွီတော့ ထိုဦးလေးဆိုသူအစား မောသွားသည်။ရေလေးသောက်ပါဦးဟု ရေခွက်လေးပင်ကမ်းချင်မိသွားသည်။
"ဟုတ် ခုတစ်လော ကုမ္ပဏီကိစ္စတွေကြောင့်
ဦးလေးအလုပ်များနေမယ်ထင်လို့ပါ။ကျွန်တော်တစ်ယောက်တည်းလည်း အဆင်ပြေတာနဲ့ ဦးလေးကို သက်သက်ကြီး ဒုက္ခပေးသလိုဖြစ်မှာစိုးတာနဲ့ မခေါ်ဖြစ်လိုက်တာပါ""မဟုတ်တာ ဦးလေးက ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ်။
မွေးစားဖို့ကလေးကိုရော ကြည့်ခဲ့ပြီလား။ ကလေးက ဘယ်အရွယ်လဲ။""ကိုးနှစ်အရွယ်ပါ ဦးလေး....
တရားဝင်မွေးစားဖို့စာချုပ်ကို မနက်ဖြန်ချုပ်ဆိုမှာဆိုတော့ ဦးလေးလိုက်ခဲ့ရလိမ့်မယ်နော်။
ကလေးကိုတော့ ချက်ချင်းမခေါ်သေးဘူး။ သုံးရက်လောက်နေမှ အပြီးခေါ်မှာ နှုတ်ဆတ်ချိန်ပေးတဲ့သဘောပါ""အင်းပါ။ အဆင်ပြေသလိုသာလုပ်။
ဦးလေးက ရှောင်ယွီဘက်ကပဲ။
ဒါဆို နားတော့လေ....
ဦးလေးဖုန်းချလိုက်တော့မယ်။"
YOU ARE READING
I just wanna save you!!Please have mercy on me!!!