Unicode
ပိုင်ချင်းယွီ ချိုက်မင်ထန်းအားဒီမှာပဲစောင့်မနေတော့ဘဲ အောက်ထပ်ရှာရန်သာဆုံးဖြတ်လိုက်သည်။စိတ်ပျက်ဖို့ကောင်းသည့်
ဤအခန်းရှေ့တွင်ထိုင်မနေချင်တော့ပါ။ထို့ကြောင့်သာဆင်းလာခဲ့လိုက်သည်။ဧရိယာကျယ်ဆေးရုံအတွင်းပြေးလွှားနေကြသောသူနာပြုများ၊ပူပန်သောကစိတ်ကိုအထင်းသားမြင်နေရသည့် လူနာရှင်များနှင့်အရေးပေါ်အတွက်အလျင်လိုနေကြသောလူနာတွန်းယာဥ်များကြားမူးနောက်နောက်ပင်ဖြစ်ချင်လာသည်။ပိုင်ချင်းယွီအရင်ဆုံး
မျက်လုံးနှင့်ဝေ့ကာရှာကြည့်လိုက်သည်။ဒီကောင်လေးဘယ်မှာ ဘာလုပ်နေတာပါလိမ့်?
အမှန်တကယ်တော့ချိုက်မင်ထန်းသွားတာမကြာသေးပါ။သို့သော်သိရအောင်ဖုန်းတချက်တော့ဆက်ဖို့ဆုံးဖြတ်လိုက်သည်။ဖုန်းဝင်ပြီးမကြာဘူး
ချိုက်မင်ထန်းကကိုင်သည်။"မင်းဘယ်မှာလဲ?ကိုယ်အောက်ထပ်ရောက်နေပြီ!!မင်းမအားသေးဘူးဆိုကာားထဲမှာဘဲစောင့်ရမလား?"
"ဟင့်အင်!အဲ့မှာဘဲစောင့်နေ"
ပိုင်ချင်းယွီ ထိုင်စရာနေရာအတွက်ရှာကြည့်လိုက်တော့လူအချို့ထိုင်နေသည့်ခုံတန်းများတွင်ထိုင်ခုံအလွတ်အနည်းငယ်အားတွေ့လိုက်ရသည်။
"ဟုတ်ပြီ!!မင်းက ကြာဦးမှာလား?"
သူမေးနေစဥ်တစ်ယောက်ယောက်က သူ့ပခုံးအား
နောက်ဘက်မှလက်နှင့်ပုတ်လိုက်သည်။သူလည်းနောက်ကိုချက်ချင်းလှည့်ကြည့်လိုက်သည်။"မကြာဘူး!!"
မြင်လိုက်ရသည့်သူကြောင့်ပိုင်ချင်းယွီကြောင်အသွားရသည်။ "မကြာဘူး!"ဆိုသည့်စကားသံကို ဖုန်းထဲမှာရော အပြင်မှာပါကြားလိုက်ရသည်။
ယခုပိုင်ချင်းယွီ၏ဖုန်းလေးကိုနားတွင်ကိုင်ထားရင်း သူ၏ရုတ်တရတ်ရောက်လာမှုကြောင့် မျက်လုံးလေးများပြူးနေသည့်ချစ်စဖွယ်ကြောင်အအ အမူအရာလေးကြောင့်ချိုက်မင်ထန်းပြုံးမိတော့သည်။ပိုင်ချင်းယွီ၏မျက်နှာကိုအမြဲတမ်းတစ်ပုံစံတည်းမြင်နေရသည့်သူ့အတွက် ဤအမူအရာလေးကထူးဆန်းသလိုရယ်ချင်စဖွယ်လေးလည်းကောင်းလှသည်။
YOU ARE READING
I just wanna save you!!Please have mercy on me!!!