Part 25

863 130 23
                                    

Unicode

"မင်ထန်း ဒီကားကသိပ်ကြည့်သူမရှိဘူးနော်!!"

"ဟုတ်တယ် ကိုယ်လည်းစဥ်းစားမိတယ်!!
ဒီကားက trailerထွက်ထားကတည်းကနာမည်သိပ်မကြီးဘူး!!အဲ့ဒါကြောင့်လာကြည့်သူတအားနည်းနေတာ!ကိုယ်တောင်တွေးနေသေးတယ်။ကိုယ်တို့ပဲလာကြည့်တာလားလို့!!"

"နည်းတယ်ဆိုပေမယ့်မင်းပြောသလောက်ကြီးတော့မဟုတ်ပါဘူးနော်"

"ဟုတ်ပါပြီ။ကိုယ်ကစကားအဖြစ်ပြောလိုက်တာပါ။ဒါနဲ့ရန် ကိုယ်အထဲထိမလိုက်တော့ဘူးနော်!!
မင်းပဲသွားလိုက်တော့"

သန့်စင်ခန်းရှေ့ရောက်တွင်ချိုသာသည့်နူးညံ့သည့်ချိုက်မင်ထန်း၏မူဟန်ကအလိုလိုက်သော
ချစ်သူတစ်ယောက်ဖြစ်မှန်းသိသာလှစေသည်။

"ဘာလဲဒီကိုကို ကိုရှက်လို့လား?"

စနောက်ပြောရင်းသွားဖွေးဖွေးလေးများပေါ်အောင်ပြုံးနေသည့်ရန်၏အပြုံးကတကယ်ရင်အေးစေသည်။

"မဟုတ်ပါဘူးဗျာ!!ကျွန်တော်မျိုးကြီးသွားဖို့မလိုအပ်သေးလို့ပါခင်ဗျ"

"မောင်မင်းကမလိုပေမယ့် ကိုယ်တော်ကတော့
သဘာဝတရားကြီးခေါ်သံကြောင့်ကြွမြန်းတော်
တော်မူလိုက်ဦးမယ်ကွယ့်"

နောက်တီးနောက်တောက်ပြောပြီးလှုပ်လီလှုပ်ပဲ့ဖြင့်သန့်စင်ခန်းဝင်သွားသောချစ်ရသူကအမှန်ချစ်စရာကောင်းလွန်းသည်။

လက်ပိုက်ကာနံရံကိုမှီရင်းကြည်နူးရိပ်အပြည့်ဖြင့်နှုတ်ခမ်းတွင်အပြုံးတစ်ခုကိုချိတ်ဆွဲထားသော
လူငယ်လေးကအချစ်တွင်လုံးဝကျရှုံးနေသည်။

လီဝူရန်သန့်စင်ခန်းထဲဝင်လာတော့အထဲတွင်လူတစ်ယောက်သာရှိသည်။ထိုလူလည်း သူ့ကိစ္စသူရှင်းနေပုံရသည်။လီဝူရန်လည်းက်ိုယ့်ပြသာနာအားဖြေရှင်းလိုက်သည်။

"ဟူး....ခုမှပဲပေါ့သွားတော့တယ်"

ဘောင်းဘီဇစ်ကိုအသာဆွဲလိုက်ပြီးထွက်လာမယ်လုပ်တော့ဘယ်ချိန်ကသူ့နားတွင်ရောက်နေမှန်းမသိရသော အမည်မသိအမျိုးသားသည် သူ့အားဆတ်ခနဲဆွဲလိုက်သည်။ထိုလူကိုကြည့်လိုက်တော့မျက်သားများရဲနေသည်။ပုံကြည့်ရတာအရက်သောက်ထားပုံရသည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now