Part 21

956 135 8
                                    

Unicode

ပိုင်ချင်းယွီနှင့်ချိုက်မင်ထန်းတို့နှစ်ယောက်လုံးသည် အဖွားရန်ကိုနှုတ်ဆက်ကာမွေးနေ့ပါတီမှထွက်လာခဲ့လိုက်ကြသည်။

အပြင်တွင်အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်နေသော်လည်း ကားထဲတွင်မူနွေးထွေးနေသည်။အိမ်သို့ပြန်ရာလမ်းတစ်လျှောက်တွင် ချိုက်မင်ထန်းသည်သူ့အားတစ်စုံတစ်ရာမေးမြန်းလိုသောအကြည့်ဖြင့် မကြာမကြာကြည့်နေသည်။သို့သော်လည်း
အဆုံးသတ်တွင်မူ မြိုသိပ်ဟန်ဖြင့်မည့်သည့်စကားမျှဆိုမလာချေ။

ချိုက်မင်ထန်းသည်စကားနည်းသူဆိုသော်ငြား
ရှက်ကြောက်တတ်သူမဟုတ်ပေ။ကိုယ်လိုချင်တာကိုပြောရဲဆိုရဲလုပ်ရဲကိုင်ရဲကာ ရအောင်ယူတတ်သောသူမျိုးဖြစ်သည်။ယခုကား သူ့ကိုပြောစရာတစ်ခုခုရှိနေသည့်တိုင် ဖွင့်ဟမလာပြန်။

သူမဟုတ်တဲ့ပုံစံနဲ့ဒီကောင်လေး
ဘာဖြစ်နေတာလဲ?

ထုံးစံအတိုင်းတိတ်ဆိတ်ခြင်းသာကြီးစိုးလျက်အိမ်ပြန်လာခဲ့ကြသည်။ခြံဝမှအိမ်တော်ထဲမဝင်မီ
ကားအတွင်းပိုင်းထဲမှ ပိုင်ချင်းယွီ ကောင်းကင်ကိုမော့ကြည့်ရာဝယ် လပြည့်ရောက်ရန်သိပ်မလိုတော့သော လမင်းကြီးသည်မပြည့်တပြည့်ပုံစံ
ဖြင့်သာအဖော်အဖြစ်ကြယ်တစ်ပွင့်နှစ်ပွင့်နှင့်အတူတည်ရှိရင်းတောက်ပဝင်းထိန်နေသည်။

သူတို့အိမ်တော်သို့ပြန်ရောက်သောအခါ အချိန်သည်ကားရှစ်နာရီပင်ခွဲလုနေပြီ။ပါတီကိုမသွားခင်က ရေချိုးခဲ့ပြီးဖြစ်၍ ယခုထပ်မံမချိုးတော့ဘဲ အဝတ်လဲကာ ကုမ္ပဏီမှစနေပြီဖြစ်သော
ပရောဂျက်အတွက်လိုအပ်သော စာရင်းအနည်းငယ်ကိုပြန်စစ်လိုက်သည်။

ခါတိုင်းနေ့များကလို အလူပ်အချိန်ကိုမကြာစေဘဲ အမြန်သာအိပ်ယာဝင်တော့သည်။ပါတီမှာကတည်းက ပင်ပန်းနေပြီဖြစ်ရာ သူ့ရဲ့အိပ်ယာလေးကိုလွမ်းဆွတ်နေတာဖြစ်သည်။ခေါင်းအုံး
နှင့်ခေါင်းထိမိပြီး မကြာမီပင်နွမ်းနယ်မှုကြောင့် အသံရှူသံမှန်မှန်ဖြင့် အသေကောင်လိုအိပ်မောကျသွားတော့သည်။

************************

ချိုက်မင်ထန်းသည် လက်ထဲတွင်တခုခုကိုထည့်ထားပုံရသည့်သေတ္တာပုံစံပန်းရောင်လေးထောင့်ဗူးလေးကိုဂရုတစိုက်သယ်ဆောင်ကာလမ်းလျှောက်နေသည်။မျက်နှာတွင်လည်း ကြည်နူးရိပ်များယှက်သန်းလျှက်။မကြာမကြာဆိုသလို လက်ထဲမှသေတ္တာလေးအားငုံ့ကြည့်ကာ ပြုံးနေသေးသည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now