Unicode
"အဟမ်း....အဟမ်း"
ပတ်ဝန်းကျင်ကိိုမေ့နေသောထိုကလေးနှစ်ယောက် သူ့ကို သတိထားမိစေရန်အတွက် ချောင်းနှစ်ချက်လောက် ဟန့်လိုက်ရသည်။
သူ့အသံကိုကြားသည်နှင့်ထိုကလေးနှစ်ယောက်က တစ်ပြိုင်တည်းလှည့်ကြည့်လာသည်။သူမျက်လုံးထဲ မြင်လိုက်ရတဲ့ သေးသေးလေးပုံရိပ်နှစ်ခုအနက် ချိုက်မင်ထန်းဆိုတဲ့ ကလေးလေးကို အသေအချာကြည့်လိုက်မိသည်။
မူရင်းဝတ္ထုအတိုင်းသာဆိုဒီကလေး ကိုးနှစ်သာ ရှိဦးမည်ဖြစ်သည် ။သေးသွယ်ပြီးပကတိဖြူစင်တဲ့မျက်နှာလေးကချစ်ဖို့ကောင်းသည်မှာ အမှန်ပင်။ အထူးသဖြင့် သိပ်လှတဲ့မျက်ဝန်းတွေပင်။
စာရေးဆရာကိုယ်တိုင်လည်း ထိုကလေးရဲ့မျက်ဆံနက်နက်တွေသည် အကြည့်ခံရသူကို သံလိုက်တစ်ခုလို ဆွဲငင်နိုင်ကြောင်း ဝတ္ထုထဲတွင်
အလေးပေးဖော်ပြထားခဲ့သည်။ဝမ်းနည်းဖို့ကောင်းသည့်အမှန်တရားတစ်ခုကတော့ ထိုမျက်ဝန်းများ၏ပိုင်ရှင်သည်လောကကြီးကိုအချိန်အကြာကြီး ကြည့်ခွင်မရခြင်းပင်ဖြစ်သည်။တခြားသူကို အပိုင်ပေးလိုက်ရသည်။
ပိုင်ချင်းယွီ ၎င်းဝတ္ထုကို ဆက်မဖတ်ချင်ရ
တော့သည့်အကြောင်းအရင်းတစ်ရပ်
ဟုဆိုရလျှင်လည်းမမှားပေ။ကျိုးချင်ရှန်းဆိုတဲ့စာရေးဆရာအစုတ်ပလုတ်သည် သိပ်ကို ရက်စက်ပါသည်။
စာဖတ်သူများအရမ်းချစ်သည့်ဇာတ်ကောင် ချိုက်မင်ထန်းသည် ဇာတ်လမ်း၏ သုံးပုံတစ်ပုံမှာပင်သေဆုံးသွားခဲ့သည့်။ဘာလို့ချစ်ကြလဲဟုတ်လား?
အဓိက ဇာတ်လိုက်လို့ထင်ခဲ့လို့လေ။စာလုံးရေသုံးကျော်အောင်အမွှန်းတင်ပြီးဖွဲ့နွဲ့ထားတဲ့စကားလုံးများအောက်တွင် စာဖတ်သူတွေမှာ ချိုက်မင်ထန်းကိုကြွေဆင်းခဲ့ရတာဖြစ်သည် ။ချိုက်မင်ထန်းက ဇာတ်လိုက်မဟုတ်ဘူးဆိုတာ မည်သူကမျှ သံသယမဝင်ခဲ့ဘူး။
ဇာတ်လမ်းကိုဖီးလ်တက်ကာ ဖတ်နေကြသည့်
အချိန်မှာပင်စိတ်မမှန်တဲ့ စာရေးဆရာသည်
ပြည်သူ့အချစ်တော် ချိုက်မင်ထန်းကို ရုတ်တရက်ကြီးသတ်ပစ်လိုက်သည်တဲ့လေ။ထိုကလေးပိစိလေးကိုငေးကြည့်ရင်းအတွေးပေါင်းသောင်းခြောက်ထောင်တွေးနေသည့်
ပိုင်ချင်းယွီ မသိလိုက်တာတစ်ခုက ချိုက်မင်ထန်းပေါက်စလေးမှာလည်းသူ့ကို အကြာကြီးပြန်လည်ငေးကြည့်နေပြီးထိုအကိုကြီး၏မျက်လုံးများသည် အရမ်းလှသည်ဟုတွေးနေလေရဲ့။
YOU ARE READING
I just wanna save you!!Please have mercy on me!!!