Part 23

863 143 7
                                    

Unicode




ရှည်လျားဖြောင့်တန်းသောလမ်းမထက်ဝယ် အခြားယာဥ်များနှင့်အတူ အနက်ရောင်
bentleyကားလေးသည်တရိပ်ရိပ်ပြေးလွှားနေသည်။

"တောင်းပန်ပါတယ်"

ကားနောက်ခန်းတွင်ထိုင်နေသောအရွယ်ရောက်
လူကြီးတစ်ယောက်၏ခန္ဓာကိုယ်ရှိသောဆယ်ကျော်သက်ကျောင်းသားလေးချိုက်မင်ထန်း၏စကားသံဖြစ်သည်။

ကားကိုအေးဆေးစွာမောင်းနှင်နေသောပိုင်ချင်းယွီကအမေးစကားဖြင့်တုံ့ပြန်လာသည်။

"ထပ်ပြီးတော့လား?"

ထိုထပ်ပြီးတော့လားဆိုသည့်စကားက အရင်တစ်ခါကျောင်းတွင်ပြသာနာဖြစ်တုန်းက ချိုက်မင်ထန်းက တောင်းပန်ခဲ့သည်နှင့်ပတ်သတ်ပြီးပြောခြင်းဖြစ်သည်။အဆက်အစပ်မရှိသော်ငြား
သူပြောလိုသည့်အဓိပ္ပါကိုချိုက်မင်လည်း သိမှာကျိန်းသေဖြစ်သည်။

"မင်းသိလား?လူတစ်ယောက်ကိုလွယ်လွယ်နဲ့မတောင်းပန်ရဘူး!!အမှားမလုပ်ထားရင်ပေါ့"

"ဒါမယ့်ကျွန်တော်ကအမှားလုပ်ထားတယ်လေ"
ချိုက်မင်ထန်း၏စကားသံထဲတွင်ရှက်ရွံ့မှုအနည်းငယ်ပါဝင်နေသယောင်။

"မင်းကိုယ်မင်းတော့သိသေးသားပဲ"

"တကယ်တော့ ကျွန်တော်မှားတယ်လို့တော့သိပ်မခံစားရဘူး!!ခင်ဗျားကြောင့်သာ!!"
ချိုက်မင်ထန်း သူတကယ်ကိုမှားယွင်းနေတယ်လို့မခံစားရတာဖြစ်သည်။တောင်းပန်တယ်ဆိုတာက ဒီလူ့ကိုသူ့အတွက်နဲ့ရဲစခန်းလိုနေရာမျိုးကို​ခြေချစေမိလို့သာဖြစ်သည်။

"ဘာပြောတယ်!မှားတယ်လို့မခံစားရဘူးဟုတ်လား?ရန်ဖြစ်ပြီးရဲစခန်းရောက်တာ မှန်နေတယ်ပေါ့!!"

"အဲဒီလူကသန့်စင်ခန်းထဲမှာဝူရန့်ကိုအဓမ္မပြုဖို့ကြိုးစားနေတာကိုကျွန်တော်ကဒီတိုင်းနေပြီးလက်ပိုက်ကြည့်နေရမှာလား?
ဝူရန့်နေရာမှာတခြားသူသာဆိုရင်လည်း ကျွန်တော်ဒီလိုပဲလုပ်မှာ?လူတစ်ယောက်ရဲ့ဘဝကိုဖျက်ဆီးပစ်ဖို့ဝန်မလေးတဲ့သူကိုကျွန်တော်ကလည်း ပျက်စီးစေဖို့ဝန်လေးနေမှာမဟုတ်ဘူး?"

ပိုင်ချင်းယွီ သက်ပြင်းကိုဟူးခနဲ တိတ်တဆိတ်ပဲ
ချပစ်လိုက်ပြီးပြသာနာကိုဒီလိုဖြေရှင်းစေခဲ့တဲ့
စာရေးဆရာကိုသာအပြစ်တင်လိုက်သည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now