Part 13

940 146 4
                                    

Unicode

ညအချိန်သည် ရှစ်နာရီသို့ထိုးနေပြီဖြစ်သော်လည်း ပိုင်ချင်းယွီသည်စာကြည့်ခန်းတွင် လပ်တော့တစ်လုံးဖြင့်မီတင်းလုပ်နေရဆဲ။

"ဆောက်ပြီးသားတခြားအဆောက်အအုံတခုကိုပဲ
ဝယ်ပြီးလုပ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲမောင်ရင်?"

"ဟုတ်ကဲ့။ဒီလိုဆိုရင်​ကျွန်တော်တို့အစကနေပြန်ပလန်ချရမှာပဲ"

"Sမြို့က သိပ်မတွင်ကျယ်သေးဘူးမဟုတ်လား?
အရှုံးပေါ်ရင် ဘယ်လိုလုပ်မလဲ?"

" မြို့သစ်​ဆိုတော့ကျွန်တော်တို့ Aမြို့လိုတော့
ဘယ်ဟုတ်ပါ့မလဲ။ဒါပေမယ့် စိတ်မပူပါနဲ့ ။မြေကွက်ရဲ့အနီးအနားပတ်ဝန်းကျင်တစ်ဝိုက်မှာ လက်ရှိအစိုးရရဲ့ဖွံဖြိုးရေးစီမံကိန်း​တွေလည်း ရှိ​နေတယ်။မြေကွက်ကလမ်းမကြီးရဲ့ဘေးမှာရှိတာမလို့ ကုန်ပစ္စည်းကိုတခါတည်းကြေငြာပြီးသားဖြစ်လိမ့်မယ်။ခုချိန်မှာအရမ်းကြီးမစည်းကားသေးဘူးဆိုပေမယ့် သိသာသာသာကိုပြောင်းရွှေ့အိမ်ယာအရေအတွက်က ထပ်တိုးလာနေတယ်။လူဦးရေတိုးလာတာနဲ့အမျှ ပရောဂျက်အပြီးအချိန်ကိုက်ကျွန်တော်တို့ကုန်ပစ္စည်းကိုဝယ်လိုအားလည်းတက်လာပါလိမ့်မယ် "

"မောင်ရင်ပြောတဲ့အတိုင်းသာဆို တကယ်ပဲအဆင်ပြေတာပဲ။ချက်ချင်းလက်ငင်းမဟုတ်
ပေမယ့်အမြတ်ရာခိုင်နှုန်းကလည်း
ဖြေးဖြေးချင်းတက်သွားမယ်ထင်တယ်။"
ထိပ်အနည်းငယ်ပြောင်နေသော တတိယရှယ်ယာအများဆုံးဒါရိုက်တာရှောက်၏အပြုသဘောဆောင်သောစကားအဆုံး ကျန်လူကြီးများလည်း ခေါင်းတငြိမ့်ငြိမ့်ဖြစ်လာကြသည်။

"ဒါဆို ဒီတခေါက်ပရောဂျက်ရဲ့အဆောက်အအုံ
နေရာအတွက် XXလမ်းမဘေးက မြေကွက်လပ်အလွတ်ကို လေလံဆွဲဖို့သဘောတူလိုက်ပြီနော်။
အကယ်၍ပြောချင်တာများတခုခုရှိသေးရင်ပြော
နိုင်ပါတယ်။မရှိရင်တော့ မီတင်းအဆုံးသတ်ပါတော့မယ်။"

လေလံဆွဲရမည့်နေ့သည်နောက်တစ်ပတ်တွင်ဖြစ်သည့်အတွက် အချိန်သည်အတော်လေးကပ်နေပြီဖြစ်သည်။ကုမ္ပဏီကြီးတခု၏စီမံကိန်းကြီးတခုဖြစ်ပြီး မြေနေရာအတွက်ယခုမှသာဆုံးဖြတ်ချက်ချနိုင်ခြင်းသည် အတော်လေး ကိုးရိုးကားယားနိုင်လှသည်။အစပထမတွင်ပရောဂျက်တခုလုံးကိုတာဝန်ယူသောအဓိကမန်နေဂျာသည် အဆင်ပြေစွာဆောင်ရွက်နိုင်သောလည်း မြေနေရာအတွက်တွင်မူ ပြသာနာကြုံလာသည်။လေလံဆွဲရမည့်ပမာဏသည်တခြားပြိုင်ဘက်များနှင့်လုရမည်ဖြစ်သည့်အတွက်များလွန်းသည်ဟုဆိုကာ ရှယ်ယာရှင်တချို့ကကန့်ကွက်ကြသည်။တိတိကျကျဆိုရလျှင် ရှစ်ယောက်ပင်ဖြစ်သည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now