Part 22

914 143 13
                                    

Unicode

"ဘယ်ရဲစခန်းမှာလဲ?"

"အမှတ်(......)ဖြောင်းဝီဒုံပါ"

ပိုင်ချင်းယွီကမေးလာသည်မို့ဦးလေးလုက
ဖြေပေးလာသည်။

ဖြောင်းဝီဒုံလား?သူထင်တာမမှားဘူးပဲ။

ဤဖြစ်ရပ်သည်မူလဇာတ်လမ်းတွင်ပါဝင်သောဇာတ်ကွက်တစ်ခုဖြစ်သည်။ပြသာနာဖြစ်ရသောအကြောင်းမှာလည်း မှန်းကြည့်ဖို့ရာတောင်မလိုသောဇာတ်လိုက်အစွမ်းလီဝူရန်ကြောင့်သာဖြစ်သည်။ဇာတ်လိုက်နှစ်ယောက်၏ဇာတ်ကြောင်းတိုးတက်ဖို့အတွက်စာရေးဆရာဖန်တီးထားသော ဇာတ်ကွက်တစ်ခုပေါ့။မြှားနတ်မောင်
ဓားစာခံကတော့ထုံးစံအတိုင်း ချစ်သူကောင်လေးကိုအပြည့်အဝကာကွယ်ပေးတတ်သည့် boyfriend materialကြီးချိုက်မင်ထန်းပါပဲ။

ကျိုးရှီချန်းစောင့်ကြည့်နေလိုက်!

ငါကမင်းရဲ့သားနှစ်ယောက်တွေ့ဆုံမယ့်ဒီအခွင့်အရေးကိုကျိန်းသေပေါက်ဖျက်ဆီးပြမယ်။

"ရဲစခန်းကိုအခုသွားမှာမလို့မင်းပြန်လို့ရပြီ"

ပိုင်ချင်းယွီသည်သူ၏အတွင်းရေးမှူးဖြစ်သူအား
ပြောကြားလိုက်သည်။

"Bossကျွန်တော်လိုက်ခဲ့ရမလား"

"ရတယ်မလိုဘူး။ငါ့ဘာသာကားမောင်းသွားလိုက်မယ်။မင်းကငါခိုင်းထားတဲ့ကိစ္စတွေကိုသာလုပ်လိုက်"

"ဟုတ် ဘော့စ်"

အတွင်းရေးမှူးအခန်းထဲမှအရင်ထွက်သွားပြီးနောက် ဦးလေးလုကခပ်ဖွဖွသက်ပြင်းချရင်းပြောလာသည်။

"သခင်ငယ်လေးက အိမ်မှာဆိုအရမ်းလိမ္မာပါတယ်။အနေအထိုင်လည်းသိမ်မွေ့အေးချမ်းပါရဲ့သားနဲ့အပြင်မှာကျဘာလို့ပြသာနာပဲရှာနေရတာလဲမသိဘူး။"

အိမ်တော်ထိန်းလု၏စကားကိုပိုင်ချင်းယွီကမျက်မှောင်ကြုံ့ကာအလိုမကျဟန်ဖြင့်...

"ကလေးကပြသာနာရှာတာမဟုတ်ဘူး။
ပြသာနာက ကလေးကိုလာရှာတာ..."

ဟုတုံ့ပြန်ခွန်းတုံ့ဆိုလိုက်ပြီးထွက်သွားလေသည်။

ဦးလေးလုမှာပါးစပ်လေးအဟောင်းသားဖြင့်
ကျန်ခဲ့ရင်း

ပြသာနာရှာတာကကျိန်းသေသခင်ငယ်လေးပဲ
ကို ပြသာနာကသခင်ငယ်လေးကိုလာရှာတာတဲ့လား။ပြသာနာမှာခြေထောက်များပါလေသလား?
ဒါက ဘယ်လိုဘက်လိုက်မှုကြီးလဲ?သခင်လေးက
သခင်ငယ်လေးကိုအရမ်းအလိုလိုက်လွန်းနေတာမဟုတ်ဘူးလား?

I just wanna save you!!Please have mercy on me!!! Where stories live. Discover now