Part 20

964 155 12
                                    

Unicode

"ဦးဦး"

အတွေးထဲတွင်နစ်မြုပ်နေသော ပိုင်ချင်းယွီတစ်ယောက် သူမကြိုက်ပါဘူးဟုဆိုသော ကလေးတစ်ယောက်၏ခေါ်သံတစ်ခုကြောင့် နိုးထသွားခဲ့သည်။ငုံ့ကြည့်လိုက်တော့ သူ့ပေါင်အထက်နားလောက်သာရှိသော ကလေးငယ်လေးအား တွေ့မြင်လိုက်ရသည်။တစ်ဆက်တည်း ပိုင်ချင်းယွီ၏
လေးကိုင်းသဏ္ဌာန်မျက်ခုံးနက်နက်တို့ စုကြုတ်သွားရသည်။

ဘာ...ဘာကြီး!! ဦးဦးဟုတ်လား!!

ဘယ်သူ့ကို ဦးဦးလို့ခေါ်နေတာလဲ?

သူ့ရဲ့ဒီမျက်နှာချောချောလေးကိုမှမထောက်။

ဒီကလေးစုတ်ကတော့!!

တကယ်ဆိုသူ့အသက်က ထိပ်စီးဂဏန်းနှစ်အောက်မှာပဲ ရှိပါသေးတယ်။ဒါကို ဦးဦးတဲ့လား?
အရင်ဘဝကရုပ်ကိုဦးဦးလို့ခေါ်ရင်တောင်
အဲ့လောက်စိတ်တိုမှာမဟုတ်ဘူး။

ပိုင်ချင်းယွီသည် ရုပ်ရည်နှင့်ပတ်သတ်လာလျှင်အလွန် sensitive ဖြစ်လေ့ရှိသည်။သူ၏ရုပ်ရည်ကို ရှိရင်းစွဲအသက်ထက်ရင့်သည်ဟုထင်မှာအကြောက်ဆုံးပင်။

မိန်းကလေးတွေကိုသူတို့ရဲ့အသက်ရယ် ရုပ်ရည်ရယ်နဲ့ပတ်သတ်ပြီးတော့ မမေးမိပါစေနဲ့တဲ့။
မိန်းကလေးတစ်ယောက်ကို သူမရဲ့ရုပ်ရည်ကို
ကြည့်ကာ သူမအသက်ကို ခန့်မှန်းလို့ မှားသွားခဲ့ရင်တောင် မင်းရဲ့ခန့်မှန်းမှုမှာ သူမအတွက်အဆင်ပြေတယ်ဆိုရင် ကိစ္စမရှိဘူး။အကယ်၍
မင်းခန့်မှန်းတာက သူမအသက်ထက်အများကြီးငယ်နေမယ်ဆိုရင်တော့ သူမက depressionဝင်သွားပြီး အခန့်မသင့်ရင် အမေးမတော်တလုပ်ဆိုတဲ့အတိုင်း ပါးရိုက်ခံရပါလိမ့်မယ်။
ထိုစကားစုကို ဘယ်မှာဖတ်ဖူးလဲဆိုတာကိုတော့ဖြင့်ပိုင်ချင်းယွီသည်မမှတ်မိတော့ပါ။

သူသည်မိန်းကလေးတစ်ယောက်မဟုတ်ပါ။သို့သော်သူ၏ရုပ်ရည်ကို လက်ရှိအသက်ထက်နုစေချင်တာအမှန်ပင်။မည်သူမဆို သူတို့ရုပ်ရည်ကိုရှိရင်းစွဲအသက်ထက် အိုဆိုးမှာ သူ့လိုပဲစိုးရိမ်ကြလိမ့်မယ်လို့ထင်သည်။

နောက်ပြီးသူ့သည် တစ်ယောက်ယောက်က သူ့အသက်ကိုလာမေးခဲ့လျှင်လည်းလုံးဝကိုမကြိုက်ပါ။သူ့တွင် ဘယ်သူမှမသိသော လျှို့ဝှက်ချက်သေးသေးလေးလည်းရှိသေးသည်။၎င်းကား သူသည်မရှောင်လွှဲနိုင်သော်ငြား အိုမှာအလွန်ကြောက်သည်။အိုမင်းခြင်းသည် လူတိုင်းကြုံတွေ့ရမည့်မလွန်ဆန်နိုင်သော ဇရာဒုက္ခဖြစ်ပေမယ့်လည်း.......

I just wanna save you!!Please have mercy on me!!! Where stories live. Discover now