The Deal With A Demon King

By HninAung913

128K 12.7K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 19

901 122 4
By HninAung913

နျူးတယောက် စာကြည့်ဆောင်ဘက်မှ ထွက်ပြေးလာပြီးသည့်နောက် မက်မွန်တောထဲရှိ အပင်တစ်ပင်အောက်တွင်သာ အချိန်အတော်ကြာသည်အထိ ငြိမ်ငြိမ်လေးထိုင်နေမိသည်။ လောင်ရဲ့က သူ့ကိစ္စနှင့်သူ အခုထိပြန်မလာသေးပူံရသည်။ သူ့ရင်တွေ တလှပ်လှပ်ခုန်မြန်နေ၏။ အသက်ကသာ ကလေးပေါက်စလောက်ရှင်သန်ရသေးသော်လည်း သူလုပ်လိုက်သည့်ပြစ်မှုတွေက သူ့အသက်ထက်တောင် များလာနေသလိုခံစားနေရသည်။ သူ၏ နှဖူးရှိ ပွင့်ချပ်လေးလည်း အနည်းငယ်အရောင်မှိန်နေတော့သည်။

သူတွေးနေရင်း လေအနည်းငယ်တိုက်တာကြောင့် မက်မွန်ပွင့်တို့မှာသူ့ပေါ်သို့ကြွေကြလာကြသည်။ အပွင့်ငယ်လေးတစ်ပွင့်က ပေါင်ပေါ်ကိုကျလာတာကြောင့် သူကောက်လိုက်မိသည်။ ထိုအပွင့်ငယ်လေးကို ကြည့်ရင်း သူတစ်ခုခုကိုသတိရမိကာ သူ၏ရင်ဘတ်ဝတ်ရုံအတွင်းထဲကို စမ်းလိုက်မိတော့

“ ဟင်…..ဘယ်…ဘယ်.ရောက်သွားတာလဲ…”

နျူးမှာ သူ၏ကိုယ်အပေါ်ပိုင်း ဗလာဖြစ်သည်အထိပင် အင်္ကျီကိုချွတ်ပြီး စမ်းနေတော့၏။ သူရှာနေ့သည့်အရာကို သူမတွေ့ချေ။ သူ ထပ်မံကာ မတ်တပ်ကောက်ရပ်ပြီး သူ့အောက်ပိုင်းအထိပါစမ်းသည်။

“ မတွေ့..မတွေ့ဘူး။ ဘယ်…ဘယ်မှာ ကျခဲ့တာလဲ”

မက်မွန်တောထဲကို သူပတ်ရှာကြည့်လိုက်မိပြီးသော်လည်း သူမတွေ့ချေ။ တဝဲဝဲကျနေသော သူ၏ဆံနွယ် ဖြူဖြူများကိုပင် ဆွဲလိုက်မိ၏။ သူ ထိုအရာလေးကို အလွန်သဘောကျသည်။ ထို မက်မွန်သလင်းကျောက်ပန်းလေးကို……

“ စာကြည့်ဆောင်ဘက်…”

အစောပိုင်းက ယွင်းရန်နှင့် အတူသွားသည့် လမ်းတလျောက်နှင့်အတူ စာကြည့်ဆောင်အတွင်းကိုပါ လိုက်ရှာရန်ဆုံးဖြတ်လိုက်သည်။ ယွင်းရန်ကို မတွေ့ဖို့တော့ သူမသိမသာလေးဆုတောင်းနေမိသည်။ ထိုသူကိုတွေ့ရသည်က သူ့အတွက် စိတ်ရှုပ်စရာပင်။

စာကြည့်ဆောင်ရှေ့တွင် ကုန်းကုန်း ကုန်းကုန်းနှင့် ထိုသလင်းကျောက်ကိုရှာနေသည်။ စာကြည့်ဆောင်တွင် သူနှင့်အနည်းငယ်ရင်းနှီးသည့် နတ်သူငယ်လေးက ထွက်လာပြီး သူ့ကိုမေး၏။

“ ပစ္စည်းပျောက်လို့လား….”

“ အင်း…မက်မွန်ပန်းပုံစံ သလင်းကျောက်ကလေး…တွေ့မိသေးလား”

သူ့မေးခွန်းကို ထိုနတ်သူငယ်လေးက

“ မက်မွန်းပန်းပုံစံလေး ဟူတ်လား….အဲ့တာလေးဆို ခုနက မင်းနဲ့တူတူလာတဲ့ နတ်မင်းလား သူ့လက်ထဲမှာတွေ့မိတယ်။ သူ ဒီကနေထွက်မသွားခင် မြှောက်ကြည့်နေတာ”

နျူးက ထိုနတ်သူငယ်လေး ၏လက်ကိုလှမ်းဆွဲလိုက်ရင်းမေးသည်။

“ သူရော…ဒီကနေထွက်သွားပြီလား”

“ ဒီနေရာကနေတော့ ထွက်သွားပြီပေါ့။ ဘယ်သွားတာ ဘာဆိုတာတော့ မသိဘူး”

နျူးသည် ထိုနတ်သူငယ်လေး၏လက်ကို ပြန်လွှတ်ပေးလိုက်ပြီးနောက် စာကြည့်ဆောင်အပြင်ဘက်သို့ ထွက်ပြေးသွားလေတော့သည်။

………………………………………………

“ သူက လောင်ရဲ့ပြောသလို မိစ္ဆာဘုရင်ဆိုရင် ကောင်းကင်ဘုံနန်းတော်ထဲမှာပဲ နေမှာ…သူတို့ဆွေးနွေးပွဲရှိတယ်လို့ပြောတယ်………

ဆွေးနွေးပွဲက ပြီးသွားတာလား…ဘာလို့ ညီလာခံထဲမှာ တယောက်မှမတွေ့တော့တာလဲ”

နျူးက သူ၏ခေါင်းလေးထွက်ရုံသာ တံခါးမကြီးအကွယ်မှ ရပ်ကြည့်နေပြီး အထဲရှိ ရွှေရောင်တဝင်းဝင်းသန်းကာနေသော အဆောက်အဦးကြီးအား လှမ်းကြည့်နေသည်။

“ ဘာလုပ်နေတာလဲ…”

“ အားးးးး”

သူ၏နောက်မှ ရုတ်တရက်မေးလိုက်သည့် အသံကြောင့် သူထိတ်လန့်သွားလေ၏။ နောက်ကို လှည့်ကြည့်လိုက်ပြီး နှစ်လှမ်းခန့်ပင် နောက်သို့ ဆုတ်လိုက်မိသည်။ သူ၏ နှဖူးရှိ အရာလေးပင် အနီရောင်သို့ တခဏလောက်ပြောင်းလဲသွား၏။ အသက်ကိုပြင်းပြင်းရှုပြီးနော​က် သူထိုအသံပိုင်ရှင်ကို ကြည့်မိသည်။

“ ကောင်း….ကောင်းကင် မင်းကြီး…”

ရှန်းဝူပိုင်က သူ၏ရှေ့တွင် တည်ငြိမ်စွာရပ်နေပြီးနောက် နျူးကို ပြုံးပြသည်။ သူ၏ဘေးပတ်ပတ်လည်တွင် မည်သည့် အစောင့်ရဲမက်များမှတော့ ရှိမနေပဲ သူတယောက်တည်းသာ ရောက်လာပုံရသည်။

“ နျူး…မလား…လောင်ရဲ့ ရဲ့ မက်မွန်တောထဲက နတ်သူငယ်…”

နျူးက ချက်ချင်း ဂါရဝပြုလိုက်သည်။ လောင်ရဲ့ဆီသို့ ထိုလူတစ်ခါလာတုန်းက သူတို့ တွေ့ဖူးပြီး သူတို့ ဝင်ပင်တိုက်ဖူးသည်။ အဲ့တုန်းက နျူးက ရိုင်းပြခဲ့သလိုဖြစ်ခဲ့တာမို့ လောင့်ရဲ့ဆူတာ​ကို တစ်နေကုန်ခံလိုက်ရသေး၏။ပြီးတော့ လောင်ရဲ့က ဤသူနှင့် ဝေးဝေးနေရန် နှင့် အနားကိုမသွားရန် သူ့ကိုအထပ်ထပ်မှာကြားထားသည်။  ထို့ကြောင့် နှုတ်ဆက်ပြီးလျှင်လည်း အလျှင်အမြန် တန်းပြေးရမည်။

“ မှန်….မှန်လှပါ…ကောင်းကင်မင်းကြီးကို ဂါရဝပြုတယ်။ သွားခွင့်ပြုပါအုန်း”

“ ခဏလေး…”

နျူးက ချက်ချင်း ဝတ်ရုံကိုမကာ ထွက်ပြေးတာမို့ ရှန်းဝူပိုင်က ပြုံးလျက်ပင် နျူး၏ လက်ကိုလှမ်းဆွဲပစ်လိုက်သည်။ နျူးသည် တမဟုတ်ချင်း သူ့ဆီသို့ ယိုင်ကျသွား၏။ သူက နျူးကို ပုခုံးနှစ်ဖက်မှ လှမ်းဖမ်းလိုက်သည်။ ပြီးနောက် သေချာငုံ့ကြည့်ရင်း

“ တစ်ခုခု လုပ်စရာရှိလို့ လာတာမလား။ အရေးကြီးမယ် ထင်တယ်။ ကိုယ် ကူညီလို့ ရရင်ရမှာပေါ့။ မဟုတ်ဘူးလား”

နျူးက ကြောင်တောင်တောင်လေးနှင့်ပင် သူ့ကိုမော့ကြည့်လာ၏။ ရှန်းဝူပိုင်က ပုခုံးနှစ်ဖက်စလုံးမှနေ၍ သူ့တကိုယ်လုံးကို ထိန်းချုပ်ထားသကဲ့သို့ သူမည်သို့မျှ လှုပ်မရပါချေ။

ထိုနေရာမှ ရှောင်ထွက်လာရန်က မည်သို့မျှမဖြစ်နိုင်တာကြောင့် ရှန်းဝူပိုင် ခေါ်ဆောင်ရာသိူ့သာ သူလိုက်လာခဲ့လိုက်ရသည်။ ရှန်းဝူပိုင်က ကြီးကျယ်ခန်းနားလွန်းသော ထိုညီလာခံအဆောင်ကြီးထဲသိူ့သာ သူ့ကိုခေါ်လာပြီး ဘေးတွင် ရှိသော နားနေရန်အခန်းငယ်များထဲမှ တခန်းသို့ သူ့ကိုခေါ်လာသည်။ ရှန်းဝူပိုင်က စားပွဲဝိုင်းရှိရာဘေး ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်၏။ နျူးကတော့ သူ့နောက် တောက်လျောက် ခေါင်းငုံ့ကာ ငြိမ်ငြိမ်လေး လိုက်နေရင်း ရှန်းဝူပိုင်ထိုင်လိူက်သည့်အခါ သူကမူ မလှမ်းမကမ်းတွင် မတ်တပ်ရပ်လိုက်သည်။

ရှန်းဝူပိုင်က ခေါင်းငုံ့ကာငြိမ်ငြိမ်လေး ရပ်နေသော နျူးအား တချက်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာပြုံးလိုက်မိ၏။ ပြီးမှ သူက နျူးကို လှမ်းကြည့်ပြီး

“ ညီလာခံကို လာတာဆိုတော့ ကိစ္စတစ်ခုခုရှိလို့နေမှာပေါ့။ ဟုတ်တယ်မလား”

“ အဲ့….အဲ့ဒါက….”

နျူးက ယွင်းရန်ကို ရှာဖို့မေးချင်တာမို့ သူမေးဖို့ပြင်လိုက်သော်လည်း လောင်ရဲ့စကားကြောင့် သူ့မှာတွန့်ဆုတ်နေရသည်။

“ ကိုယ့်ကိုပြောလို့ရပါတယ်…”

ရှန်းဝူပိုင်က အလွန်ညှင်သာသောအသံဖြင့်ပြောလာသည်။ ထိုအသံက နွေဦးလေပြေလိုပင် နွေးထွေးပြီး အေးချမ်းသည့် အငွေ့အသက်ကို ရစေ၏။ နျူးက ရှန်းဝူပိုင်ကို လှမ်းကြည့်မိသည်။ ပြီးနော​က် ချက်ချင်း ခေါင်းငုံ့သွားပြန်၏။ ရှန်းဝူပိုင်က မတ်တပ်ပြန်ရပ်လိုက်ပြီး သူ့အနားသိူ့လျောက်လာသည်။

“ စတွေ့ကတည်းက မင်းကိုသတိထားမိနေတာ။ မင်းက ပွင့်ချပ်ကမွေးတာဖြစ်လို့ အခြားသူတွေထက်ပိုထူးခြားတယ်။ ပြီးတော့ လောင်ရဲ့ပြောပုံအရဆို မင်းက စာအုပ်တွေဖတ်ရတာကို သဘောကျတဲ့ပုံပဲ....”

“ လောင်ရဲ့က အဲ့လိုပြောတာလား”

စာအုပ်တွေအကြောင်းပြောတော့ နျူး၏ခေါင်းကအသာမော့ကာလာသည်။ ရှန်းဝူပိုင်က တချက်ကြည့်လိုက်ပြီးနောက် ပြုံးမိ၏။ ပြီးနောက် သူကမတ်တပ်ရပ်လိုက်ပြီး နျူးအနားသိူ့လျောက်လာသည်။ နျူး၏ အရပ်က ရှန်းဝူပိုင်၏ရင်ဘတ်နားလောက်တွင်ပင်အဆုံးသတ်၏။ ရှန်းဝူပိုင်က နျူး၏အောက်ဘက်ဝတ်ရုံစနားရှိ အနည်းငယ် ထိုးထွက်နေသော ခြေချောင်းနီနီလေးတွေကို တချက်ကြည့်လိုက်ရင်း

“ မင်း ကိုယ့်ကိုကြောက်စရာမလိူပါဘူး။ ကိုယ်က မင်းထက် သက်တမ်းပိုများများနေခဲ့ဖူးတာမလို့ ကောင်းကင်စာကြည့်ဆောင်မှာ တချိန်ကရှိဖူးတဲ့စာပေတွေ မှန်သမျှကို ကိုယ်ဖတ်ဖူးတယ်။ ပြုစုဖူးတယ်။

ပြီးတော့ တကယ် တကယ့်ကိုအဖိုးတန်တဲ့ စာပေတွေလည်း ကိုယ့်ရဲ့အဆောင်တော်မှာ ရှိနေသေးတယ်။

တကယ်လို​့ မင်း သိချင်တာရှိရင် ကိုယ့်ဆီကို အချိန်မရွေးလာမေးလို့ရသလို လာဆွေးနွေးလို့လည်းရပါတယ်။”

“ တကယ်လား… ..မဟုတ်…မှန်…မှန်လှပါ”

နျူးကတကယ်ကိုပင် လောကကြီးအကြောင်း စပ်စုရတာကြိုက်သလို စာအုပ်တွေကနေလည်း ထူးဆန်းသည့်အရာများ သိရှိရတာကိုသဘောကျသည်။ ယခု ကောင်းကင်ဘုံစာကြည့်ဆောင်တွင် ရှိသောစာအုပ်များက သူ့အတွက်တော့ များသောပမာဏဖြစ်သော်လည်း တချိန်က လုယက်ခံရဖူးသည်ဟူသော သတင်းကြားပြီးနောက် အလွန်ပင်တန်ဖိုးကြီးမားသော စာပေများက ထို လုယက်သူဆီသို့ ပါသွားကြောင်း သူသိလိုက်ရသည်။ ထိုအချိန်က သူ့အနေနှင့် အလွန်ကိုပင် နှမြောတသဖြစ်ရပြီး သူထိုသူကိုပင် ကျိန်ဆဲမိချင်စိတ်ပေါက်ခဲ့၏။သို့သော်လည်း ကောင်းကင်ဘုံကပင် ထိုကိစ္စကိုမပေါက်ကြားစေတော့ပဲ တိတ်တဆိတ်သာ ဆက်ထားစေလိုက်တာကြောင့် စာပေများသည်လည်း ပြန်ရနိုင်ချေမရှိတော့သလို ထိုသူက မည်မျှ အင်အားကြီးသည်ကိုတော့ သူအနည်းငယ်သဘောပေါက်မိသည်။

ပြီးတော့ ကောင်းကင်မင်းကြီး၏ ကိုယ်ပိုင်စာကြည့်ဆောင်သည်က သူ့လိုနတ်သူငယ်လေးတစ်ယောက် နတ်သက်တမ်းကုန်ဆုံးသည့်အချိန်ထိတောင်မှ စိတ်ကူးမယဥ်ရဲသည့်အရာဖြစ်၏။ အခုတော့ ကောင်းကင်မင်းကြီး ကိုယ်တိုင်က သူ့ကိုကမ်းလှမ်းနေချေပြီ။ သန့်ရှင်းရေးပင် လုပ်ရလျှင်တောင် ကုံကောင်းဟု သူတွေးခဲ့သည့်နေရာကိုလေ…….

ရှန်းဝူပိုင်၏ စကားကြောင့် နျူးက အားရဝမ်းသာစွာဖြင့် သူ့ခေါင်းကိုမော့ကာ လှမ်းမေးလိုက်သော်လည်း ရှန်းဝူပိုင်နှင့်အကြည့်ချင်းဆံုလေတော့ ချက်ချင်းပင် သူ့ခေါင်းကိုပြန်ငုံ့လိုက်ပြီး ယဥ်ကျေးလိုက်သည်။ သူ့နှဖူးရှိ ပွင့်ချပ်ကလေးမှာ အလွန်ပင်တောက်ပနေချေ၏။ သူ့ နှဖူးရှိ  ရှန်းဝူပိုင်က နျူး၏ ဝမ်းသာနေသော်လည်း မလွတ်လပ်တာကြောင့် အခက်တွေ့နေသော အမူအရာကြောင့် ရယ်ချင်စိတ်ကိုထိန်းရင်း ချောင်းတချက်ဟန့်လိုက်သည်။

“ အဟမ်း…..….ဒါဆို နောက်နေ့တွေ အားတဲ့အခါ ကိုယ့်ရဲ့ ထျန်းရှန်း အဆောင်ကိုလာခဲ့လေ”

“ အင်း….အင်း…”

နျူးက ဝမ်းသာအားရခေါင်းညိမ့်သည်။ တချို့သော အတွဲလိုက်ရှိသည့် စာအုပ်များသည် နောက်ပိုင်းပျောက်နေတာမျိုးရှိသလို ရှေ့ပိုင်း မရှိတာမျိုးလည်း ရှိသည်။ ထိုသို့သော အရာမျိုးကျ သူတကယ်ကိုပင် တန်းလန်းကျန်ခဲ့သလိုခံစားရတာမို့ ထိုသူကမ်းလှမ်းမှုကို ပျော်ပျော်ကြီးလက်ခံရန်ဆုံးဖြတ်လိုက်တော့သည်။ သူ့အတွေးထဲတွင် အပျော်တွေနှင့်သာ ပြည့်နှက်နေပါ၏။ လာရင်း ကိစ္စကိုလည်း သူသတိမရတော့သလို လောင်ရဲ့၏သတိပေးစကားတို့သည်လည်း သူ့အတွက် အသုံးမဝင်တော့ပါချေ။

………………..

အဲ့ဒီနေ့ကစပြီး နျူးက လောင်ရဲ့အလုပ်ကြောင့် မက်မွန်တောတွင် မရှိသည့်အခါတိုင်း ရှန်းဝူပိုင်ဆီသို့ သွားသည်။ ရှန်းဝူပိုင်က သူ့၏ကိစ္စရေးရာများဖြင့် အလုပ်ရှုပ်နေတတ်သော်လည်း နျူး သူ့ဆီရောက်လာဖြစ်ပါက အပြင်တွင်ရှိနေချိန်မှလွဲ၍ သူ့အဆောင်တွင်တော့ သူ၏ကိစ္စရေးရာကို ရွေ့ဆိုင်းပြီး အမြဲလက်ခံကာ သူ့စာကြည့်ဆောင်တွင် နျူးအား နေရာပေးကာ သူပါအတူအချိန်ဖြုန်းလေ့ရှိသည်။ အကြိမ်ရေ အနည်းငယ်များလာတော့ နျူးက ရှန်းဝူပိုင်ကို ကြောက်ရွံ့နေတာမျိုးမရှိတော့။ နှစ်ဦးသားစကားအပြောအဆိုကလည်း အတော်အဆင်ပြေလာသည်။ နျူးက ရှန်းဝူပိုင်ကို လေးစားသောအမူအရာပြပေမဲ့ သူကလွတ်လွတ်လပ်လပ်ပဲ ဆက်ဆံလာသည်။ အစဦးကတည်းက လွတ်လွတ်လပ်လပ်နေတတ်သည့်သူမို့  ရှန်းဝူပိုင်ကလည်း နျူးကို လေးလံစေမည်​့ ကောင်းကင်ဘုံစည်းကမ်းရေးရာတို့ကို ဂရုမထားချေ။

နျူးက ထျန်းရှန်းအဆောင်သို့ရောက်တိုင်း ဖတ်မကုန်နိူင်လောက်သော စာအူပ်စင်တန်းများကိုကြည့်ရင်း ပီတိဖြာရသည်။ သူ သိပ်မကြာခင်တွင်ပဲ ဤစာအုပ်တွေကို ကုန်စင်အောင်ဖတ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

ရှန်းဝူပိုင်က ကောင်းကင်ဘုံမြောက်ဘက်အပိုင်းတွင် ကိစ္စတစ်ခုပေါ်လာတာမို့ ယနေ့တွင် နျူးအားအဖော်မပြုပေးနိုင်ချေ။ ထိုကိစ္စက လောင်ရဲ့လည်း ပါသွားပုံရ၏။ နျူးသည် ရှန်းဝူပိုင်၏ စာကြည့်ဆောင်တွင် အတော်ကြာသည်အထိနေရင်း ရှန်းဝူပိုင်ကို စောင့်နေခဲ့သည်။ အစောင့်နတ်သားများကလည်း နျူးကို သိနေပြီမို့ မည်သည့်အခက်တွေ့စေမည့်အရာမျိုးမှ မလုပ်ပဲ အပြင်တွင်သာ တိတ်တဆိတ်စောင့်ဆိုင်းသည့်အလုပ်ကိုသာ လုပ်သည်။

ကောင်းကင်ဘုံ၏ ခြုံလွှမ်းနေသော အလင်းရောင်က အပြာရောင်မှိန်မှိန်ထွန်းလင်းသည့် ညတာသို့ပြောင်းလဲသွားချေပြီ။ လနတ်သမီးနှင့် ညနတ်သားတို့က သူတို့၏ ညတာကို ကောင်းမွန်စွာ ပုံမှန်လည်ပတ်နေစေ၏။ ရှန်းဝူပိုင် သူ၏အဆောင်သိူ့ ပြန်ရောက်ချိန်တွင် နျူးက မပြန်သေးချေ။ သို့သော်လည်း နျူးကငြိမ်သက်နေပါ၏။ ရှန်းဝူပိုင် စာကြည့်စားပွဲ၏ ဘေးနားသိူ့ ဖြည်းဖြည်းချင်း လျှောက်လိုက်ပြီး ထိုစားပွဲပေါ်တွင် ခေါင်းတင်ကာ အိပ်ပျော်နေသော နျူးကို ကြည့်လိုက်မိသည်။ မှိတ်တုတ်မှိတ်တုတ် လင်းလိုက် မှိန်လိုက်ဖြစ်နေသော နှဖူးထက်ရှိ ပွင့်ချပ်ကလေးသည် ထိုနတ်သူငယ်လေး၏ ရှူပ်ထွေးနေသော စိတ်အခြေအနေကို ဖော်ညွှန်းထားသည်။ တခါတလေ ပုံမှန်ထက်ပိုကာ လင်းလက်လာပုံက ကြည့်ရသည်မှာ ကောင်းမွန်သော အိမ်မက်နှင့်တွေ့နေပုံရသည်။

ရှန်းဝူပိုင်က နျူးဘေးတွင် ခပ်ဖြည်းဖြည်းချင်းဝင်ထိုင်လိုက်သည်။ သူ ထိုအခိုက်အတန့်ကို အကြာကြီးငေးချင်စိတ်ရှိတာမို့ ထိုသူကို မနိုးစေချင်။ နျူးက သူ၏ အဖြူရောင်ဆံနွယ်ရှည်တွေကို အကုန်စုကာ ဆံထုံးသဏ္ဍာန်ထုံးခွေရင်း မက်မွန်ကိုင်းခြောက်ဖြင့် ထိန်းထားသည်။ သိူ့သော်လည်း အနည်းငယ်ဝဲကျနေသော ဆံနွယ်ခပ်တိုတိုလေးတို့က သူ၏ မျက်နှာနေရာတချို့ကို ကွယ်ထားသည်။

ရှန်းဝူပိုင်က ထိုဆံနွယ်တို့ကို ဖယ်ရှားပေးဖို့ သူ၏လက်ကိုလှမ်းလိုက်သည်။ နျူး၏ ပါးပြင်နှင့် နီးလေလေ သူ၏ရင်ဘတ်တစ်နေရာက ပြင်းပြင်းထန်ထန် သူ့ကိုရိုက်နှက်လာသလိုခံစားရသည်။ သူ ဤသိူ့သော ခံစားချက်မျိုး မည်သည့်အခါကမျှမဖြစ်ခဲ့ဖူးချေ။ သူလက်ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး ထိုလက်ဖြင့် သူ၏ ရင်ဘတ်ကိုသာ ဖိလိုက်သည်။

“ ဟင်းးးးး…….”

ထိုအချိန်တွင်ပင် ငြိမ်သက်နေသော နျူးက နိုးထလာပါ၏။ နျူးက စားပွဲထက် မျက်နှာအပ်ထားသော သူ၏ခေါင်းကို ဖြည်းဖြည်းချင်း ထောင်လိုက်သည်။ သူ့ဘေးတွင် မိမိ၏ရင်ဘတ်ကို ဖိကိုင်ကာငြိမ်နေသော ရှန်းဝူပိုင်ကိုသူတွေ့တော့မှ အနည်းငယ် မျက်ဝန်းတို့ ပိုပွင့်လာပြီး

“ ကောင်းကင်မင်းကြီး….ပြန်လာပါပြီလား…ကြာလိုက်တာ…”

ထိုအခါမှ ရှန်းဝူပိုင်မှာ အသိဝင်လာတော့သည်။ သူက ချက်ချင်း သူ၏လက်ကိုပြန်ချလို​က်ပြီး နျူးကိုကြည့်ကာ ပြုံးလျက်

“ ဟုတ်တယ်……ကိစ္စတချိုကြောင့် ကြန့်ကြာနေတာ။ ဒါနဲ့ ဘာလို့ မက်မွန်တောကို မပြန်သေးတာလဲ”

“ မက်မွန်တောကိုလား…မက်မွန်တောကို… …လောင်ရဲ့…လောင်ရဲ့ ပြန်ရောက်နေပြီပေါ့…”

“ အင်း…..ကိုယ်နဲ့ အတူပြန်လာတာဆိုတော့ သူပြန်ရောက်ပြီပေါ့…”

“ သေပြီ…နျူးတော့သေပြီ….အမြန်…အမြန်….”

နျူးက သူ့ခေါင်းသူ နှစ်ချက်ခန့်ခေါက်လိုက်ပြီးနောက် ချက်ချင်းပင် နေရာမှထလိုက်ပြီး သူ၏ဝတ်ရုံကိုပင် ခြေထောက်တို့ပေါ်သည်အထိမကာ ခြေကုန်သုတ်တင်ပြေးပါလေတော့သည်။

………………………

“ လောင်....လောင်ရဲ့....”

အလျှင်အမြန် ပြေးလာပါသော နျူးကိုကြည့်ပြီး လောင်ရဲ့က စကားမဆိုသေး။ နျူးက မောဟိုက်နေပုံရသော်လည်း သူ၏ကိုယ်ခန္တာကတော့ ပုံမှန်အတိုင်း မပြောင်းလဲသေးချေ။ နျူး၏ ပုံစံကို အကဲခတ်လိုက်ပြီး လောင်ရဲ့ကမေးလာသည်။

“ လျှောက်ဆော့ နေပြန်ပြီလား.....”

“ အမ်....အင်း....ဟုတ်တယ်....”

နျူးမှာ လိမ်ညာလိုက်တာကြောင့် သူ၏နှဖူးရှိ အမှတ်ကလေးအား လောင်ရဲ့မမြင်အောင် ဖုံးလိုက်ရင်း ဖြေသည်။လောင်ရဲ့က ပုံမှန်အတိုင်းတွေးလိုက်ရင်း မောပန်းလာပုံရကာ သူ၏ အိမ်ဆောင်ထဲကိုဝင်သွားလေတော့သည်။ ထိုအခါမှ နျူးမှာ သက်ပြင်းချရတော့သည်။

ရှန်းဝူပိုင်၏ အဆောင်တွင်တရေးမှေးလာလိူက်တာမို့ သူ အိပ်ချင်စိတ်မရှိတော့ချေ။ ထို့ကြောင့် သူတို့အဆောင်၏ ရှေ့ဘက်အခန်းတွင်ရှိသော စားပွဲကိုသာ မေးတင်ထားရင်း အပြင်ဘက်က ပန်းနုရောင်မက်မွန်တောကြီးကို အပြာရောင်ဖုံးလွှမ်းနေပုံအား ကြည့်နေမိသည်။ ပြီးတော့ သူ တွေးကြည့်သည်။ ဘာကြောင့်များ လောင်ရဲ့က ကောင်းကင်မင်းကြီးနဲ့ သူ့ကို အဆက်အဆံမလုပ်စေချင်တာဘာလိမ့်။ သူက အရမ်း နိမ့်ကျလို့များလား။ တကယ်လို့ အဲ့လိုဆိုခဲ့ရင်တောင် အခုလို အနေအထားနဲ့ဆို ရှန်းဝူပိုင်က သူနဲ့ စာဖတ်ဖော်သူငယ်ချင်းဟုပင် ယူဆလို့ရနေချေပြီ။ စာဖတ်တယ်ဆိုတာကလည်း ရယ်ရယ်မောမောနဲ့ လွတ်လွတ်လပ်လပ် ပဲမို့ ရေနတ်ဘုရားရဲ့ သားတွေနဲ့ ဆော့သလိုပဲ။ အဲ့တော့ သူတို့က သူငယ်ချင်းတွေပဲ မဟုတ်လား။

နျူးက သူ့ခေါင်းကိုစားပွဲပေါ်တွင် ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက် လှည့်ကာ တင်ထားရင်း အတွေးများစွာဖြင့် သက်ပြင်းချလိုက်မိသည်။

“ ဟူးး.....ကောင်းကင်မင်းကြီးဆီကို တရားဝင်သွားလို့ရရင်ကောင်းမယ်။ ဘာပဲဖြစ်ဖြစ် ဒါက ဆော့တာမျိုးမှမဟုတ်တာ။ ငါလည်း ပေါက်ကရလျှောက်လူပ်နေတာ မဟုတ်ဘုး။ စာပေလေ့လာနေတာကို....”

နျူးက သူ့ဘာသာပြောရင်း ချက်ချင်းခေါင်းထောင်လာသည်။ ဟုတ်သည်။ အကာ်၍ သူသာလောင်ရဲ့၏ ခွင့်ပြုချက်ကိုရပြီဆိုလျှင် ကောင်းကင်မင်းကြီး၏ စာကြည့်ဆောင်ရှိ စာအူပ်များကို အချိန်နည်းနည်း လေးနှင့် အကြောင်းနည်းနည်းလောက်သာ ဖတ်စရာမလိုတော့ပဲ သူ သွားချင်သည်ဘအချိန်တိုင်းသွားနိုင်ပြီဖြစ်သည်။ ထို့အပြင် ရှန်းဝူပိုင်ကလည်း သူ့ကို မည်သည့်အချိန်မဆို လာနိုင်ကြောင်းပြောထားတာမို့ သူမရှိလည်း ပူစရာမလို။

“ ဟုတ်တယ်.....နည်းနည်းလေး သတ္တိရှိဖို့ပဲလိုတယ်”

“နျူး.... အနားမယူသေးဘူးလား....”

ထိုအချိန်မှာပဲ မလှမ်းမကမ်းရှိ အခန်းထဲမှ လောင်ရဲ့၏ အသံကထွက်လာသည်။ နျူးက ချက်ချင်း မတ်တ့်ကောက်ရပ်လိုက်ပြီး

“ နားပြီ....လောင်ရဲ့လည်း နားတော့..”

“အင်း....”

လောင်ရဲ့က အသံခပ်တိုးတိုးသာ ပြန်ပြုလိုက်ပြီးနောက် အသံတိတ်သွားသည်။ နျူးလည်း သူ၏အခန်းထဲသို့ အမြန်ပင်ပြေးဝင်လိုက်ပါတော့၏။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~
Thank you for Reading and Voting My Fiction ❤❤

န်ဴးတေယာက္ စာၾကည့္ေဆာင္ဘက္မွ ထြက္ေျပးလာၿပီးသည့္ေနာက္ မက္မြန္ေတာထဲရွိ အပင္တစ္ပင္ေအာက္တြင္သာ အခ်ိန္အေတာ္ၾကာသည္အထိ ၿငိမ္ၿငိမ္ေလးထိုင္ေနမိသည္။ ေလာင္ရဲ့က သူ႔ကိစၥႏွင့္သူ အခုထိျပန္မလာေသးပူံရသည္။ သူ႔ရင္ေတြ တလွပ္လွပ္ခုန္ျမန္ေန၏။ အသက္ကသာ ကေလးေပါက္စေလာက္ရွင္သန္ရေသးေသာ္လည္း သူလုပ္လိုက္သည့္ျပစ္မွုေတြက သူ႔အသက္ထက္ေတာင္ မ်ားလာေနသလိုခံစားေနရသည္။ သူ၏ ႏွဖူးရွိ ပြင့္ခ်ပ္ေလးလည္း အနည္းငယ္အေရာင္မွိန္ေနေတာ့သည္။

သူေတြးေနရင္း ေလအနည္းငယ္တိုက္တာေၾကာင့္ မက္မြန္ပြင့္တို႔မွာသူ႔ေပၚသို႔ေႂကြၾကလာၾကသည္။ အပြင့္ငယ္ေလးတစ္ပြင့္က ေပါင္ေပၚကိုက်လာတာေၾကာင့္ သူေကာက္လိုက္မိသည္။ ထိုအပြင့္ငယ္ေလးကို ၾကည့္ရင္း သူတစ္ခုခုကိုသတိရမိကာ သူ၏ရင္ဘတ္ဝတ္႐ုံအတြင္းထဲကို စမ္းလိုက္မိေတာ့

“ ဟင္…..ဘယ္…ဘယ္.ေရာက္သြားတာလဲ…”

န်ဴးမွာ သူ၏ကိုယ္အေပၚပိုင္း ဗလာျဖစ္သည္အထိပင္ အကၤ်ီကိုခၽြတ္ၿပီး စမ္းေနေတာ့၏။ သူရွာေန႔သည့္အရာကို သူမေတြ႕ေခ်။ သူ ထပ္မံကာ မတ္တပ္ေကာက္ရပ္ၿပီး သူ႔ေအာက္ပိုင္းအထိပါစမ္းသည္။

“ မေတြ႕..မေတြ႕ဘူး။ ဘယ္…ဘယ္မွာ က်ခဲ့တာလဲ”

မက္မြန္ေတာထဲကို သူပတ္ရွာၾကည့္လိုက္မိၿပီးေသာ္လည္း သူမေတြ႕ေခ်။ တဝဲဝဲက်ေနေသာ သူ၏ဆံႏြယ္ ျဖဴျဖဴမ်ားကိုပင္ ဆြဲလိုက္မိ၏။ သူ ထိုအရာေလးကို အလြန္သေဘာက်သည္။ ထို မက္မြန္သလင္းေက်ာက္ပန္းေလးကို……

“ စာၾကည့္ေဆာင္ဘက္…”

အေစာပိုင္းက ယြင္းရန္ႏွင့္ အတူသြားသည့္ လမ္းတေလ်ာက္ႏွင့္အတူ စာၾကည့္ေဆာင္အတြင္းကိုပါ လိုက္ရွာရန္ဆုံးျဖတ္လိုက္သည္။ ယြင္းရန္ကို မေတြ႕ဖို႔ေတာ့ သူမသိမသာေလးဆုေတာင္းေနမိသည္။ ထိုသူကိုေတြ႕ရသည္က သူ႔အတြက္ စိတ္ရွုပ္စရာပင္။

စာၾကည့္ေဆာင္ေရွ႕တြင္ ကုန္းကုန္း ကုန္းကုန္းႏွင့္ ထိုသလင္းေက်ာက္ကိုရွာေနသည္။ စာၾကည့္ေဆာင္တြင္ သူႏွင့္အနည္းငယ္ရင္းႏွီးသည့္ နတ္သူငယ္ေလးက ထြက္လာၿပီး သူ႔ကိုေမး၏။

“ ပစၥည္းေပ်ာက္လို႔လား….”

“ အင္း…မက္မြန္ပန္းပုံစံ သလင္းေက်ာက္ကေလး…ေတြ႕မိေသးလား”

သူ႔ေမးခြန္းကို ထိုနတ္သူငယ္ေလးက

“ မက္မြန္းပန္းပုံစံေလး ဟူတ္လား….အဲ့တာေလးဆို ခုနက မင္းနဲ႔တူတူလာတဲ့ နတ္မင္းလား သူ႔လက္ထဲမွာေတြ႕မိတယ္။ သူ ဒီကေနထြက္မသြားခင္ ေျမႇာက္ၾကည့္ေနတာ”

န်ဴးက ထိုနတ္သူငယ္ေလး ၏လက္ကိုလွမ္းဆြဲလိုက္ရင္းေမးသည္။

“ သူေရာ…ဒီကေနထြက္သြားၿပီလား”

“ ဒီေနရာကေနေတာ့ ထြက္သြားၿပီေပါ့။ ဘယ္သြားတာ ဘာဆိုတာေတာ့ မသိဘူး”

န်ဴးသည္ ထိုနတ္သူငယ္ေလး၏လက္ကို ျပန္လႊတ္ေပးလိုက္ၿပီးေနာက္ စာၾကည့္ေဆာင္အျပင္ဘက္သို႔ ထြက္ေျပးသြားေလေတာ့သည္။

………………………………………………

“ သူက ေလာင္ရဲ့ေျပာသလို မိစၧာဘုရင္ဆိုရင္ ေကာင္းကင္ဘုံနန္းေတာ္ထဲမွာပဲ ေနမွာ…သူတို႔ေဆြးေႏြးပြဲရွိတယ္လို႔ေျပာတယ္………

ေဆြးေႏြးပြဲက ၿပီးသြားတာလား…ဘာလို႔ ညီလာခံထဲမွာ တေယာက္မွမေတြ႕ေတာ့တာလဲ”

န်ဴးက သူ၏ေခါင္းေလးထြက္႐ုံသာ တံခါးမႀကီးအကြယ္မွ ရပ္ၾကည့္ေနၿပီး အထဲရွိ ေရႊေရာင္တဝင္းဝင္းသန္းကာေနေသာ အေဆာက္အဦးႀကီးအား လွမ္းၾကည့္ေနသည္။

“ ဘာလုပ္ေနတာလဲ…”

“ အားးးးး”

သူ၏ေနာက္မွ ႐ုတ္တရက္ေမးလိုက္သည့္ အသံေၾကာင့္ သူထိတ္လန္႔သြားေလ၏။ ေနာက္ကို လွည့္ၾကည့္လိုက္ၿပီး ႏွစ္လွမ္းခန္႔ပင္ ေနာက္သို႔ ဆုတ္လိုက္မိသည္။ သူ၏ ႏွဖူးရွိ အရာေလးပင္ အနီေရာင္သို႔ တခဏေလာက္ေျပာင္းလဲသြား၏။ အသက္ကိုျပင္းျပင္းရွုၿပီးေနာ​က္ သူထိုအသံပိုင္ရွင္ကို ၾကည့္မိသည္။

“ ေကာင္း….ေကာင္းကင္ မင္းႀကီး…”

ရွန္းဝူပိုင္က သူ၏ေရွ႕တြင္ တည္ၿငိမ္စြာရပ္ေနၿပီးေနာက္ န်ဴးကို ျပဳံးျပသည္။ သူ၏ေဘးပတ္ပတ္လည္တြင္ မည္သည့္ အေစာင့္ရဲမက္မ်ားမွေတာ့ ရွိမေနပဲ သူတေယာက္တည္းသာ ေရာက္လာပုံရသည္။

“ န်ဴး…မလား…ေလာင္ရဲ့ ရဲ့ မက္မြန္ေတာထဲက နတ္သူငယ္…”

န်ဴးက ခ်က္ခ်င္း ဂါရဝျပဳလိုက္သည္။ ေလာင္ရဲ့ဆီသို႔ ထိုလူတစ္ခါလာတုန္းက သူတို႔ ေတြ႕ဖူးၿပီး သူတို႔ ဝင္ပင္တိုက္ဖူးသည္။ အဲ့တုန္းက န်ဴးက ရိုင္းျပခဲ့သလိုျဖစ္ခဲ့တာမို႔ ေလာင့္ရဲ့ဆူတာ​ကို တစ္ေနကုန္ခံလိုက္ရေသး၏။ၿပီးေတာ့ ေလာင္ရဲ့က ဤသူႏွင့္ ေဝးေဝးေနရန္ ႏွင့္ အနားကိုမသြားရန္ သူ႔ကိုအထပ္ထပ္မွာၾကားထားသည္။  ထို႔ေၾကာင့္ ႏွုတ္ဆက္ၿပီးလၽွင္လည္း အလၽွင္အျမန္ တန္းေျပးရမည္။

“ မွန္….မွန္လွပါ…ေကာင္းကင္မင္းႀကီးကို ဂါရဝျပဳတယ္။ သြားခြင့္ျပဳပါအုန္း”

“ ခဏေလး…”

န်ဴးက ခ်က္ခ်င္း ဝတ္႐ုံကိုမကာ ထြက္ေျပးတာမို႔ ရွန္းဝူပိုင္က ျပဳံးလ်က္ပင္ န်ဴး၏ လက္ကိုလွမ္းဆြဲပစ္လိုက္သည္။ န်ဴးသည္ တမဟုတ္ခ်င္း သူ႔ဆီသို႔ ယိုင္က်သြား၏။ သူက န်ဴးကို ပုခုံးႏွစ္ဖက္မွ လွမ္းဖမ္းလိုက္သည္။ ၿပီးေနာက္ ေသခ်ာငုံ႔ၾကည့္ရင္း

“ တစ္ခုခု လုပ္စရာရွိလို႔ လာတာမလား။ အေရးႀကီးမယ္ ထင္တယ္။ ကိုယ္ ကူညီလို႔ ရရင္ရမွာေပါ့။ မဟုတ္ဘူးလား”

န်ဴးက ေၾကာင္ေတာင္ေတာင္ေလးႏွင့္ပင္ သူ႔ကိုေမာ့ၾကည့္လာ၏။ ရွန္းဝူပိုင္က ပုခုံးႏွစ္ဖက္စလုံးမွေန၍ သူ႔တကိုယ္လုံးကို ထိန္းခ်ဳပ္ထားသကဲ့သို႔ သူမည္သို႔မၽွ လွုပ္မရပါေခ်။

ထိုေနရာမွ ေရွာင္ထြက္လာရန္က မည္သို႔မၽွမျဖစ္နိုင္တာေၾကာင့္ ရွန္းဝူပိုင္ ေခၚေဆာင္ရာသိူ႔သာ သူလိုက္လာခဲ့လိုက္ရသည္။ ရွန္းဝူပိုင္က ႀကီးက်ယ္ခန္းနားလြန္းေသာ ထိုညီလာခံအေဆာင္ႀကီးထဲသိူ႔သာ သူ႔ကိုေခၚလာၿပီး ေဘးတြင္ ရွိေသာ နားေနရန္အခန္းငယ္မ်ားထဲမွ တခန္းသို႔ သူ႔ကိုေခၚလာသည္။ ရွန္းဝူပိုင္က စားပြဲဝိုင္းရွိရာေဘး ထိုင္ခုံတစ္ခုတြင္ ဝင္ထိုင္လိုက္၏။ န်ဴးကေတာ့ သူ႔ေနာက္ ေတာက္ေလ်ာက္ ေခါင္းငုံ႔ကာ ၿငိမ္ၿငိမ္ေလး လိုက္ေနရင္း ရွန္းဝူပိုင္ထိုင္လိူက္သည့္အခါ သူကမူ မလွမ္းမကမ္းတြင္ မတ္တပ္ရပ္လိုက္သည္။

ရွန္းဝူပိုင္က ေခါင္းငုံ႔ကာၿငိမ္ၿငိမ္ေလး ရပ္ေနေသာ န်ဴးအား တခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္ ေခါင္းငုံ႔ကာျပဳံးလိုက္မိ၏။ ၿပီးမွ သူက န်ဴးကို လွမ္းၾကည့္ၿပီး

“ ညီလာခံကို လာတာဆိုေတာ့ ကိစၥတစ္ခုခုရွိလို႔ေနမွာေပါ့။ ဟုတ္တယ္မလား”

“ အဲ့….အဲ့ဒါက….”

န်ဴးက ယြင္းရန္ကို ရွာဖို႔ေမးခ်င္တာမို႔ သူေမးဖို႔ျပင္လိုက္ေသာ္လည္း ေလာင္ရဲ့စကားေၾကာင့္ သူ႔မွာတြန္႔ဆုတ္ေနရသည္။

“ ကိုယ့္ကိုေျပာလို႔ရပါတယ္…”

ရွန္းဝူပိုင္က အလြန္ညႇင္သာေသာအသံျဖင့္ေျပာလာသည္။ ထိုအသံက ေႏြဦးေလေျပလိုပင္ ေႏြးေထြးၿပီး ေအးခ်မ္းသည့္ အေငြ႕အသက္ကို ရေစ၏။ န်ဴးက ရွန္းဝူပိုင္ကို လွမ္းၾကည့္မိသည္။ ၿပီးေနာ​က္ ခ်က္ခ်င္း ေခါင္းငုံ႔သြားျပန္၏။ ရွန္းဝူပိုင္က မတ္တပ္ျပန္ရပ္လိုက္ၿပီး သူ႔အနားသိူ႔ေလ်ာက္လာသည္။

“ စေတြ႕ကတည္းက မင္းကိုသတိထားမိေနတာ။ မင္းက ပြင့္ခ်ပ္ကေမြးတာျဖစ္လို႔ အျခားသူေတြထက္ပိုထူးျခားတယ္။ ၿပီးေတာ့ ေလာင္ရဲ့ေျပာပုံအရဆို မင္းက စာအုပ္ေတြဖတ္ရတာကို သေဘာက်တဲ့ပုံပဲ....”

“ ေလာင္ရဲ့က အဲ့လိုေျပာတာလား”

စာအုပ္ေတြအေၾကာင္းေျပာေတာ့ န်ဴး၏ေခါင္းကအသာေမာ့ကာလာသည္။ ရွန္းဝူပိုင္က တခ်က္ၾကည့္လိုက္ၿပီးေနာက္ ျပဳံးမိ၏။ ၿပီးေနာက္ သူကမတ္တပ္ရပ္လိုက္ၿပီး န်ဴးအနားသိူ႔ေလ်ာက္လာသည္။ န်ဴး၏ အရပ္က ရွန္းဝူပိုင္၏ရင္ဘတ္နားေလာက္တြင္ပင္အဆုံးသတ္၏။ ရွန္းဝူပိုင္က န်ဴး၏ေအာက္ဘက္ဝတ္႐ုံစနားရွိ အနည္းငယ္ ထိုးထြက္ေနေသာ ေျခေခ်ာင္းနီနီေလးေတြကို တခ်က္ၾကည့္လိုက္ရင္း

“ မင္း ကိုယ့္ကိုေၾကာက္စရာမလိူပါဘူး။ ကိုယ္က မင္းထက္ သက္တမ္းပိုမ်ားမ်ားေနခဲ့ဖူးတာမလို႔ ေကာင္းကင္စာၾကည့္ေဆာင္မွာ တခ်ိန္ကရွိဖူးတဲ့စာေပေတြ မွန္သမၽွကို ကိုယ္ဖတ္ဖူးတယ္။ ျပဳစုဖူးတယ္။

ၿပီးေတာ့ တကယ္ တကယ့္ကိုအဖိုးတန္တဲ့ စာေပေတြလည္း ကိုယ့္ရဲ့အေဆာင္ေတာ္မွာ ရွိေနေသးတယ္။

တကယ္လို​့ မင္း သိခ်င္တာရွိရင္ ကိုယ့္ဆီကို အခ်ိန္မေရြးလာေမးလို႔ရသလို လာေဆြးေႏြးလို႔လည္းရပါတယ္။”

“ တကယ္လား… ..မဟုတ္…မွန္…မွန္လွပါ”

န်ဴးကတကယ္ကိုပင္ ေလာကႀကီးအေၾကာင္း စပ္စုရတာႀကိဳက္သလို စာအုပ္ေတြကေနလည္း ထူးဆန္းသည့္အရာမ်ား သိရွိရတာကိုသေဘာက်သည္။ ယခု ေကာင္းကင္ဘုံစာၾကည့္ေဆာင္တြင္ ရွိေသာစာအုပ္မ်ားက သူ႔အတြက္ေတာ့ မ်ားေသာပမာဏျဖစ္ေသာ္လည္း တခ်ိန္က လုယက္ခံရဖူးသည္ဟူေသာ သတင္းၾကားၿပီးေနာက္ အလြန္ပင္တန္ဖိုးႀကီးမားေသာ စာေပမ်ားက ထို လုယက္သူဆီသို႔ ပါသြားေၾကာင္း သူသိလိုက္ရသည္။ ထိုအခ်ိန္က သူ႔အေနႏွင့္ အလြန္ကိုပင္ ႏွေျမာတသျဖစ္ရၿပီး သူထိုသူကိုပင္ က်ိန္ဆဲမိခ်င္စိတ္ေပါက္ခဲ့၏။သို႔ေသာ္လည္း ေကာင္းကင္ဘုံကပင္ ထိုကိစၥကိုမေပါက္ၾကားေစေတာ့ပဲ တိတ္တဆိတ္သာ ဆက္ထားေစလိုက္တာေၾကာင့္ စာေပမ်ားသည္လည္း ျပန္ရနိုင္ေခ်မရွိေတာ့သလို ထိုသူက မည္မၽွ အင္အားႀကီးသည္ကိုေတာ့ သူအနည္းငယ္သေဘာေပါက္မိသည္။

ၿပီးေတာ့ ေကာင္းကင္မင္းႀကီး၏ ကိုယ္ပိုင္စာၾကည့္ေဆာင္သည္က သူ႔လိုနတ္သူငယ္ေလးတစ္ေယာက္ နတ္သက္တမ္းကုန္ဆုံးသည့္အခ်ိန္ထိေတာင္မွ စိတ္ကူးမယဥ္ရဲသည့္အရာျဖစ္၏။ အခုေတာ့ ေကာင္းကင္မင္းႀကီး ကိုယ္တိုင္က သူ႔ကိုကမ္းလွမ္းေနေခ်ၿပီ။ သန္႔ရွင္းေရးပင္ လုပ္ရလၽွင္ေတာင္ ကုံေကာင္းဟု သူေတြးခဲ့သည့္ေနရာကိုေလ…….

ရွန္းဝူပိုင္၏ စကားေၾကာင့္ န်ဴးက အားရဝမ္းသာစြာျဖင့္ သူ႔ေခါင္းကိုေမာ့ကာ လွမ္းေမးလိုက္ေသာ္လည္း ရွန္းဝူပိုင္ႏွင့္အၾကည့္ခ်င္းဆံုေလေတာ့ ခ်က္ခ်င္းပင္ သူ႔ေခါင္းကိုျပန္ငုံ႔လိုက္ၿပီး ယဥ္ေက်းလိုက္သည္။ သူ႔ႏွဖူးရွိ ပြင့္ခ်ပ္ကေလးမွာ အလြန္ပင္ေတာက္ပေနေခ်၏။ သူ႔ ႏွဖူးရွိ  ရွန္းဝူပိုင္က န်ဴး၏ ဝမ္းသာေနေသာ္လည္း မလြတ္လပ္တာေၾကာင့္ အခက္ေတြ႕ေနေသာ အမူအရာေၾကာင့္ ရယ္ခ်င္စိတ္ကိုထိန္းရင္း ေခ်ာင္းတခ်က္ဟန္႔လိုက္သည္။

“ အဟမ္း…..….ဒါဆို ေနာက္ေန႔ေတြ အားတဲ့အခါ ကိုယ့္ရဲ့ ထ်န္းရွန္း အေဆာင္ကိုလာခဲ့ေလ”

“ အင္း….အင္း…”

န်ဴးက ဝမ္းသာအားရေခါင္းညိမ့္သည္။ တခ်ိဳ႕ေသာ အတြဲလိုက္ရွိသည့္ စာအုပ္မ်ားသည္ ေနာက္ပိုင္းေပ်ာက္ေနတာမ်ိဳးရွိသလို ေရွ႕ပိုင္း မရွိတာမ်ိဳးလည္း ရွိသည္။ ထိုသို႔ေသာ အရာမ်ိဳးက် သူတကယ္ကိုပင္ တန္းလန္းက်န္ခဲ့သလိုခံစားရတာမို႔ ထိုသူကမ္းလွမ္းမွုကို ေပ်ာ္ေပ်ာ္ႀကီးလက္ခံရန္ဆုံးျဖတ္လိုက္ေတာ့သည္။ သူ႔အေတြးထဲတြင္ အေပ်ာ္ေတြႏွင့္သာ ျပည့္ႏွက္ေနပါ၏။ လာရင္း ကိစၥကိုလည္း သူသတိမရေတာ့သလို ေလာင္ရဲ့၏သတိေပးစကားတို႔သည္လည္း သူ႔အတြက္ အသုံးမဝင္ေတာ့ပါေခ်။

………………..

အဲ့ဒီေန႔ကစၿပီး န်ဴးက ေလာင္ရဲ့အလုပ္ေၾကာင့္ မက္မြန္ေတာတြင္ မရွိသည့္အခါတိုင္း ရွန္းဝူပိုင္ဆီသို႔ သြားသည္။ ရွန္းဝူပိုင္က သူ႔၏ကိစၥေရးရာမ်ားျဖင့္ အလုပ္ရွုပ္ေနတတ္ေသာ္လည္း န်ဴး သူ႔ဆီေရာက္လာျဖစ္ပါက အျပင္တြင္ရွိေနခ်ိန္မွလြဲ၍ သူ႔အေဆာင္တြင္ေတာ့ သူ၏ကိစၥေရးရာကို ေရြ႕ဆိုင္းၿပီး အျမဲလက္ခံကာ သူ႔စာၾကည့္ေဆာင္တြင္ န်ဴးအား ေနရာေပးကာ သူပါအတူအခ်ိန္ျဖဳန္းေလ့ရွိသည္။ အႀကိမ္ေရ အနည္းငယ္မ်ားလာေတာ့ န်ဴးက ရွန္းဝူပိုင္ကို ေၾကာက္ရြံ့ေနတာမ်ိဳးမရွိေတာ့။ ႏွစ္ဦးသားစကားအေျပာအဆိုကလည္း အေတာ္အဆင္ေျပလာသည္။ န်ဴးက ရွန္းဝူပိုင္ကို ေလးစားေသာအမူအရာျပေပမဲ့ သူကလြတ္လြတ္လပ္လပ္ပဲ ဆက္ဆံလာသည္။ အစဦးကတည္းက လြတ္လြတ္လပ္လပ္ေနတတ္သည့္သူမို႔  ရွန္းဝူပိုင္ကလည္း န်ဴးကို ေလးလံေစမည္​့ ေကာင္းကင္ဘုံစည္းကမ္းေရးရာတို႔ကို ဂ႐ုမထားေခ်။

န်ဴးက ထ်န္းရွန္းအေဆာင္သို႔ေရာက္တိုင္း ဖတ္မကုန္နိူင္ေလာက္ေသာ စာအူပ္စင္တန္းမ်ားကိုၾကည့္ရင္း ပီတိျဖာရသည္။ သူ သိပ္မၾကာခင္တြင္ပဲ ဤစာအုပ္ေတြကို ကုန္စင္ေအာင္ဖတ္နိုင္လိမ့္မည္ဟု ယုံၾကည္သည္။

ရွန္းဝူပိုင္က ေကာင္းကင္ဘုံေျမာက္ဘက္အပိုင္းတြင္ ကိစၥတစ္ခုေပၚလာတာမို႔ ယေန႔တြင္ န်ဴးအားအေဖာ္မျပဳေပးနိုင္ေခ်။ ထိုကိစၥက ေလာင္ရဲ့လည္း ပါသြားပုံရ၏။ န်ဴးသည္ ရွန္းဝူပိုင္၏ စာၾကည့္ေဆာင္တြင္ အေတာ္ၾကာသည္အထိေနရင္း ရွန္းဝူပိုင္ကို ေစာင့္ေနခဲ့သည္။ အေစာင့္နတ္သားမ်ားကလည္း န်ဴးကို သိေနၿပီမို႔ မည္သည့္အခက္ေတြ႕ေစမည့္အရာမ်ိဳးမွ မလုပ္ပဲ အျပင္တြင္သာ တိတ္တဆိတ္ေစာင့္ဆိုင္းသည့္အလုပ္ကိုသာ လုပ္သည္။

ေကာင္းကင္ဘုံ၏ ျခဳံလႊမ္းေနေသာ အလင္းေရာင္က အျပာေရာင္မွိန္မွိန္ထြန္းလင္းသည့္ ညတာသို႔ေျပာင္းလဲသြားေခ်ၿပီ။ လနတ္သမီးႏွင့္ ညနတ္သားတို႔က သူတို႔၏ ညတာကို ေကာင္းမြန္စြာ ပုံမွန္လည္ပတ္ေနေစ၏။ ရွန္းဝူပိုင္ သူ၏အေဆာင္သိူ႔ ျပန္ေရာက္ခ်ိန္တြင္ န်ဴးက မျပန္ေသးေခ်။ သို႔ေသာ္လည္း န်ဴးကၿငိမ္သက္ေနပါ၏။ ရွန္းဝူပိုင္ စာၾကည့္စားပြဲ၏ ေဘးနားသိူ႔ ျဖည္းျဖည္းခ်င္း ေလၽွာက္လိုက္ၿပီး ထိုစားပြဲေပၚတြင္ ေခါင္းတင္ကာ အိပ္ေပ်ာ္ေနေသာ န်ဴးကို ၾကည့္လိုက္မိသည္။ မွိတ္တုတ္မွိတ္တုတ္ လင္းလိုက္ မွိန္လိုက္ျဖစ္ေနေသာ ႏွဖူးထက္ရွိ ပြင့္ခ်ပ္ကေလးသည္ ထိုနတ္သူငယ္ေလး၏ ရွူပ္ေထြးေနေသာ စိတ္အေျခအေနကို ေဖာ္ညႊန္းထားသည္။ တခါတေလ ပုံမွန္ထက္ပိုကာ လင္းလက္လာပုံက ၾကည့္ရသည္မွာ ေကာင္းမြန္ေသာ အိမ္မက္ႏွင့္ေတြ႕ေနပုံရသည္။

ရွန္းဝူပိုင္က န်ဴးေဘးတြင္ ခပ္ျဖည္းျဖည္းခ်င္းဝင္ထိုင္လိုက္သည္။ သူ ထိုအခိုက္အတန္႔ကို အၾကာႀကီးေငးခ်င္စိတ္ရွိတာမို႔ ထိုသူကို မနိုးေစခ်င္။ န်ဴးက သူ၏ အျဖဴေရာင္ဆံႏြယ္ရွည္ေတြကို အကုန္စုကာ ဆံထုံးသ႑ာန္ထုံးေခြရင္း မက္မြန္ကိုင္းေျခာက္ျဖင့္ ထိန္းထားသည္။ သိူ႔ေသာ္လည္း အနည္းငယ္ဝဲက်ေနေသာ ဆံႏြယ္ခပ္တိုတိုေလးတို႔က သူ၏ မ်က္ႏွာေနရာတခ်ိဳ႕ကို ကြယ္ထားသည္။

ရွန္းဝူပိုင္က ထိုဆံႏြယ္တို႔ကို ဖယ္ရွားေပးဖို႔ သူ၏လက္ကိုလွမ္းလိုက္သည္။ န်ဴး၏ ပါးျပင္ႏွင့္ နီးေလေလ သူ၏ရင္ဘတ္တစ္ေနရာက ျပင္းျပင္းထန္ထန္ သူ႔ကိုရိုက္ႏွက္လာသလိုခံစားရသည္။ သူ ဤသိူ႔ေသာ ခံစားခ်က္မ်ိဳး မည္သည့္အခါကမၽွမျဖစ္ခဲ့ဖူးေခ်။ သူလက္ကို ခ်က္ခ်င္းျပန္႐ုတ္လိုက္ၿပီး ထိုလက္ျဖင့္ သူ၏ ရင္ဘတ္ကိုသာ ဖိလိုက္သည္။

“ ဟင္းးးးး…….”

ထိုအခ်ိန္တြင္ပင္ ၿငိမ္သက္ေနေသာ န်ဴးက နိုးထလာပါ၏။ န်ဴးက စားပြဲထက္ မ်က္ႏွာအပ္ထားေသာ သူ၏ေခါင္းကို ျဖည္းျဖည္းခ်င္း ေထာင္လိုက္သည္။ သူ႔ေဘးတြင္ မိမိ၏ရင္ဘတ္ကို ဖိကိုင္ကာၿငိမ္ေနေသာ ရွန္းဝူပိုင္ကိုသူေတြ႕ေတာ့မွ အနည္းငယ္ မ်က္ဝန္းတို႔ ပိုပြင့္လာၿပီး

“ ေကာင္းကင္မင္းႀကီး….ျပန္လာပါၿပီလား…ၾကာလိုက္တာ…”

ထိုအခါမွ ရွန္းဝူပိုင္မွာ အသိဝင္လာေတာ့သည္။ သူက ခ်က္ခ်င္း သူ၏လက္ကိုျပန္ခ်လို​က္ၿပီး န်ဴးကိုၾကည့္ကာ ျပဳံးလ်က္

“ ဟုတ္တယ္……ကိစၥတခ်ိဳေၾကာင့္ ၾကန္႔ၾကာေနတာ။ ဒါနဲ႔ ဘာလို႔ မက္မြန္ေတာကို မျပန္ေသးတာလဲ”

“ မက္မြန္ေတာကိုလား…မက္မြန္ေတာကို… …ေလာင္ရဲ့…ေလာင္ရဲ့ ျပန္ေရာက္ေနၿပီေပါ့…”

“ အင္း…..ကိုယ္နဲ႔ အတူျပန္လာတာဆိုေတာ့ သူျပန္ေရာက္ၿပီေပါ့…”

“ ေသၿပီ…န်ဴးေတာ့ေသၿပီ….အျမန္…အျမန္….”

န်ဴးက သူ႔ေခါင္းသူ ႏွစ္ခ်က္ခန္႔ေခါက္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ ေနရာမွထလိုက္ၿပီး သူ၏ဝတ္႐ုံကိုပင္ ေျခေထာက္တို႔ေပၚသည္အထိမကာ ေျခကုန္သုတ္တင္ေျပးပါေလေတာ့သည္။

………………………

“ ေလာင္....ေလာင္ရဲ့....”

အလၽွင္အျမန္ ေျပးလာပါေသာ န်ဴးကိုၾကည့္ၿပီး ေလာင္ရဲ့က စကားမဆိုေသး။ န်ဴးက ေမာဟိုက္ေနပုံရေသာ္လည္း သူ၏ကိုယ္ခႏၲာကေတာ့ ပုံမွန္အတိုင္း မေျပာင္းလဲေသးေခ်။ န်ဴး၏ ပုံစံကို အကဲခတ္လိုက္ၿပီး ေလာင္ရဲ့ကေမးလာသည္။

“ ေလၽွာက္ေဆာ့ ေနျပန္ၿပီလား.....”

“ အမ္....အင္း....ဟုတ္တယ္....”

န်ဴးမွာ လိမ္ညာလိုက္တာေၾကာင့္ သူ၏ႏွဖူးရွိ အမွတ္ကေလးအား ေလာင္ရဲ့မျမင္ေအာင္ ဖုံးလိုက္ရင္း ေျဖသည္။ေလာင္ရဲ့က ပုံမွန္အတိုင္းေတြးလိုက္ရင္း ေမာပန္းလာပုံရကာ သူ၏ အိမ္ေဆာင္ထဲကိုဝင္သြားေလေတာ့သည္။ ထိုအခါမွ န်ဴးမွာ သက္ျပင္းခ်ရေတာ့သည္။

ရွန္းဝူပိုင္၏ အေဆာင္တြင္တေရးေမွးလာလိူက္တာမို႔ သူ အိပ္ခ်င္စိတ္မရွိေတာ့ေခ်။ ထို႔ေၾကာင့္ သူတို႔အေဆာင္၏ ေရွ႕ဘက္အခန္းတြင္ရွိေသာ စားပြဲကိုသာ ေမးတင္ထားရင္း အျပင္ဘက္က ပန္းႏုေရာင္မက္မြန္ေတာႀကီးကို အျပာေရာင္ဖုံးလႊမ္းေနပုံအား ၾကည့္ေနမိသည္။ ၿပီးေတာ့ သူ ေတြးၾကည့္သည္။ ဘာေၾကာင့္မ်ား ေလာင္ရဲ့က ေကာင္းကင္မင္းႀကီးနဲ႔ သူ႔ကို အဆက္အဆံမလုပ္ေစခ်င္တာဘာလိမ့္။ သူက အရမ္း နိမ့္က်လို႔မ်ားလား။ တကယ္လို႔ အဲ့လိုဆိုခဲ့ရင္ေတာင္ အခုလို အေနအထားနဲ႔ဆို ရွန္းဝူပိုင္က သူနဲ႔ စာဖတ္ေဖာ္သူငယ္ခ်င္းဟုပင္ ယူဆလို႔ရေနေခ်ၿပီ။ စာဖတ္တယ္ဆိုတာကလည္း ရယ္ရယ္ေမာေမာနဲ႔ လြတ္လြတ္လပ္လပ္ ပဲမို႔ ေရနတ္ဘုရားရဲ့ သားေတြနဲ႔ ေဆာ့သလိုပဲ။ အဲ့ေတာ့ သူတို႔က သူငယ္ခ်င္းေတြပဲ မဟုတ္လား။

န်ဴးက သူ႔ေခါင္းကိုစားပြဲေပၚတြင္ ဟိုဘက္လွည့္လိုက္ သည္ဘက္လွည့္လိုက္ လွည့္ကာ တင္ထားရင္း အေတြးမ်ားစြာျဖင့္ သက္ျပင္းခ်လိုက္မိသည္။

“ ဟူးး.....ေကာင္းကင္မင္းႀကီးဆီကို တရားဝင္သြားလို႔ရရင္ေကာင္းမယ္။ ဘာပဲျဖစ္ျဖစ္ ဒါက ေဆာ့တာမ်ိဳးမွမဟုတ္တာ။ ငါလည္း ေပါက္ကရေလၽွာက္လူပ္ေနတာ မဟုတ္ဘုး။ စာေပေလ့လာေနတာကို....”

န်ဴးက သူ႔ဘာသာေျပာရင္း ခ်က္ခ်င္းေခါင္းေထာင္လာသည္။ ဟုတ္သည္။ အကာ္၍ သူသာေလာင္ရဲ့၏ ခြင့္ျပဳခ်က္ကိုရၿပီဆိုလၽွင္ ေကာင္းကင္မင္းႀကီး၏ စာၾကည့္ေဆာင္ရွိ စာအူပ္မ်ားကို အခ်ိန္နည္းနည္း ေလးႏွင့္ အေၾကာင္းနည္းနည္းေလာက္သာ ဖတ္စရာမလိုေတာ့ပဲ သူ သြားခ်င္သည္ဘအခ်ိန္တိုင္းသြားနိုင္ၿပီျဖစ္သည္။ ထို႔အျပင္ ရွန္းဝူပိုင္ကလည္း သူ႔ကို မည္သည့္အခ်ိန္မဆို လာနိုင္ေၾကာင္းေျပာထားတာမို႔ သူမရွိလည္း ပူစရာမလို။

“ ဟုတ္တယ္.....နည္းနည္းေလး သတၱိရွိဖို႔ပဲလိုတယ္”

“န်ဴး.... အနားမယူေသးဘူးလား....”

ထိုအခ်ိန္မွာပဲ မလွမ္းမကမ္းရွိ အခန္းထဲမွ ေလာင္ရဲ့၏ အသံကထြက္လာသည္။ န်ဴးက ခ်က္ခ်င္း မတ္တ့္ေကာက္ရပ္လိုက္ၿပီး

“ နားၿပီ....ေလာင္ရဲ့လည္း နားေတာ့..”

“အင္း....”

ေလာင္ရဲ့က အသံခပ္တိုးတိုးသာ ျပန္ျပဳလိုက္ၿပီးေနာက္ အသံတိတ္သြားသည္။ န်ဴးလည္း သူ၏အခန္းထဲသို႔ အျမန္ပင္ေျပးဝင္လိုက္ပါေတာ့၏။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~
Thank You for Reading and Voting my fiction ❤❤

Continue Reading

You'll Also Like

7.3K 673 83
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်
42K 1.6K 6
Mature on ထားပါတယ်။ အဆင်မပြေရင် မဖတ်ကြဖို့ တောင်းဆိုပါတယ်။ S 1 မဖတ်ပဲနဲ့ S 2 ကနေပဲ စဖတ်လဲ အဆင်ပြေပါတယ်။ Note - အထွန်းသည် ငပျင်းတစ်ယောက်ဖြစ်တာကြောင့်...
25.9K 2.9K 37
Marrim frymë çdo ditë e kjo na duket gjëja më normale, por shumë njerëz i numërojnë frymëmarrjet. Frymëmarrja e fundit që numëruan mund të jetë e fun...
137 12 4
Për qefin e shpirtit tem ... E noshta t'dikujt tjetër ktu...