The Deal With A Demon King

By HninAung913

130K 12.8K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 18

932 117 10
By HninAung913

“ အဲ့ဒီစာအုပ်က အဲ့မှာရှိတယ်ဆိုတာ တကယ်ပဲ သေချာလို့လား။”

“ လွန်ခဲ့တဲ့ နှစ်တရာကတော့ အဲ့မှာထားတာသေချာတယ်။”

“ ပြောချင်တာ အခုက မသေချာတော့ဘူးပေါ့။ “

ယွင်းရန်က နျူး၏နောက်မှ လိုက်လာရင်းမေးခွန်းထုတ်နေသည်။ သူတို့သွားရာလမ်းကအနည်းငယ်ဝေးတာကြောင့် ယွင်းရန်က ပျင်းလာပြီဖြစ်သည်။ ဤနတ်သူငယ်ပေါက်စလေးက ခုန်လျှိုးသွားရန် အစီအစဥ်ရှိပုံမရပဲ အေးအေးဆေးဆေးပင် လမ်းလျောက်နေပါ၏။ တကယ်ကိုပဲ ထိုနတ်သူငယ်လေးသည် ကောင်းကင်ဘုံကြီးတစ်ခုလုံးကို လမ်းပတ်လျောက်မည်ဆိုပါက မည်မျှလောက် ပင်ပန်းလိမ့်မည်နည်း ဟု ယွင်းရန်မတွေးပဲမနေနိုင်။ ယွင်းရန်၏ စကားကြောင့် နျူးက သူ၏ခြေလှမ်းများကို ရပ်တန့်လို​က်သည်။ ထို့နောက် သူ၏နောက်ဘက်မှ ပွစိပွစိပြောနေသော သူအား လှမ်းကြည့်လိုက်၏။

“ မသေချာတော့ဘူးလို့လည်း မဟုတ်ပါဘူး။ နျူးက ဖတ်ပြီးသား စာအုပ်တွေဆို နောက်တခါ ကိုင်လေ့မရှိတာကြောင့် သတိမထားမိဘူး။ အဲ့တာကြောင့် တပ်အပ်မပြောနိုင်ဘူး။”

“ အော်….”

ယွင်းရန်က ခေါင်းညိမ့်သည်။ နျူးက ရှေ့သို့ဆက်ကာသွား၏။ ယွင်းရန်က နျူး၏နောက်ကျောပြင်ကိုကြည့်လိုက်ပြီးတဲ့နောက် ခြေလှမ်းအနည်းငယ် မြန်မြန်လှမ်းလိုက်ရင်း နျူးနှင့် ဘေးချင်းကပ်ဆက်လျောက်သည်။ ပြီးနောက် သူမနေနိုင်ပဲ မေးခွန်းဆက်မေးပြန်ပါ၏။ ယွင်းရန်က ပုံမှန်ဆိုလျင် စကားများရသည်ကို စိတ်ပါသူမဟုတ်ချေ။ မည်သူနှင့်မျှလည်း လိုအပ်သည်ထပ် စကားကိုပိုမပြောတတ်။ သို့ေသာ်လည်း ထိုကောင်လေးကြောင့် သူ့တွင် မနေနိုင်မထိုင်နိုင်စွာ မေးခွန်းများစွာ ရှိလာရတော့သည်။

“ ဘာလို့ ခုန်လျှိုးမသွားတာလဲ။ စွမ်းအားမလောက်လို့လား။”

“ ရောက်ပြီ။”

ဤတခေါက် ယွင်းရန်၏အမေးကိုတော့ အကျော်ခံလိုက်ရပါ​တော့သည်။ တကယ်ကိုလျှောက်လာရင်းပင် မည်သည့်အချိန်ကမှနိးမသိလိုက်စွာ သူတို့ ကောင်းကင်စာကြည့်ဆောင်ရှေ့သို့ ရောက်လာကြတော့သည်။ ကြီးမားကျယ်ဝန်းသော အဆောင်တော်ကြီးဖြစ်ပြီး အဆောင်ရှိ အမိုးနှင့် အတွင်းဘက် မျက်နှာကျက်တို့သည် ရွေအိုရောင်အဖြစ် အရောင်တောက်ကာနေပြီး ကျန်သော ထောက်တိုင်နှင့်အခြားပစ္စည်းကြီးငယ်များသည် အဖြူရောင်ဖြစ်သည်။ အလွန်တရာကျယ်ဝန်းသော စက်ဝိုင်းပုံသဏ္ဍာန်စာကြည့်ဆောင်ဖြစ်ပြီး ယွင်းရန်၏ စာကြည့်ဆောင်နှင့်ယှဥ်လျှင် သုံးဆနီးပါးပိုကျယ်ဝန်းသည်။

အဆောင်ထဲသို့ သူတို့ဝင်လိုက်သည်နှင့် မိမိတို့နှင့် သက်ဆိုင်ရာအလုပ်ကိုယ်စီကို လုပ်ကိုင်နေကြသော နတ်သူငယ်တစ်ချို့ကိုတွေ့ရသည်။ သူတို့ဝင်လာသည်ကိုပင် တချက်လှည့်မကြည့်ပါချေ။ နျူးသည်လည်း မျိုးစုံသော စာပေများ စာရွက်များ ပေလိပ်များ ထားသော​ စင်များဆီသို့သွားကာ စတင်ကာရှာဖွေပါလေတော့သည်။

အလွန်ကိုကြီးမားသော စာကြည့်ဆောင်ကြီးဖြစ်သည့်အလျောက် စာအုပ်၊ စာပေများထားသည့် တစ်ချို့နေရာများကတော့ လစ်ဟကာနေပါသည်။ သို့သော်လည်း အဘယ်ကြောင့်ထိုသို့လစ်ဟာနေရသည်ကိုတော့ သက်တမ်းနုနယ်သည့် နတ်သူငယ်အများစုက မသိကြပါချေ။

ယွင်းရန်က သူ့လက်နှစ်ဖက်လုံးကိုနောက်ပစ်ထားလျက်ပင် နျူးဆီသို့လျောက်လာသည်။ တစ်ဆင့်ချင်းကို လှန်လှောရှာဖွေကာ အလုပ်ရှုပ်နေပုံရသော နျူး၏ဘေးတွင် ရပ်လိုက်ပြီး

“ ရှာတွေ့ပြီလား။”

“ ရှာနေတယ်…”

“ ဒါဆို ဆက်ရှာ….”

နျူးက အလုပ်ရှုပ်နေသည့်ကြားမှ သူ့ဘေးတွင် နားလာပူနေသော ယွင်းရန်ကိုတချက်လှမ်းကြည့်လိုက်သည်။ သူ၏ နှဖူးနှင့် မျက်ခုံးနှစ်ခုကြားရှိ နှင်းပွင့်ချပ်သဏ္ဍာန်အမှတ်ကလေးသည် အစိမ်းရောင် ပြောင်း ပြောင်းသွားသည်မှာ အကြိမ်ရေအတော်များနေချေပြီ။ နျူး၏ စိတ်ရှုပ်နေသော ပုံစံကို ယွင်းရန်မြင်တော့ သူ သဘောကျစွာပြုံးမိသည်။ ပြီးနောက် သူ တဖက်သို့လှည့်ရင်း စာကြည့်ဆောင်အတွင်းရှိ တခြားအရာများကို ကြည့်မိသည်။

စာကြည့်ဆောင်တွင် စာရွက် စာတမ်းများ စာအပ်များ ပေလိပ်များကို စီသည့်သူကစီကာ စာကြည့်ဆောင်နှင့် အခြားသော စာအုပ်မှတ်တမ်းများထားသည့် နေရာကို သန့်ရှင်းရေးလုပ်နေသူများက လုပ်နေပြီး အဆောင်ကြီးတစ်ခုလုံးမျက်စိတစ်ဆုံးတွင် သူတို့သာရှိသည်။ လွန်ခဲ့သော နှစ် ၈၀၀က မှတ်တမ်းတွေနှင့်အတူ အခြားသော စာအုပ်များကို သူဤနေရာမှ ယူသွားခဲ့ဖူးသည်။ သူ့ကိုမည်သို့ပင် ထင်ထင် သူစိတ်မဝင်စား။ အစဦးကတည်းကပင် သူက မိစ္ဆာဘုရင်ဟူသော အမည်နာမကိုခံယူလိုက်ချေပြီမို့ သူမည်သိူ့ပင် ပြုမူပြုမူ၊ တခြားသူများကလည်း မည်သိူ့ပင် တုံ့ပြန်တုံ့ပြန် ဘယ်အရာကမှ အရေးမပါတော့ချေ။ ပြီးတော့ သူ့ရဲ့နတ်သားဘဝမှ ဤသို့ပြောင်းလဲရခြင်းကိုလည်း နောက်ဆုံးတွင် သူရင့်ကျက်စွာ လက်ခံလိုက်ပြီး သင်ပုန်းချေလိုက်နိုင်ပြီဖြစ်သည်။ သို့ပေသိ ဤစာကြည့်ဆောင်၏ စာစုမှတ်တမ်းအများစုက သူ၏ကြိုးစားမှုများလည်း ရှိနေခဲ့တာကြောင့် သူ ဤနေရာကိုလွမ်းဆွတ်မိတာအမှန်ပင်။ သူ မှတ်တမ်းစာအုပ်တွေကိုသာ လုယူလာနိုင်ခဲ့ပြီး စာကြည့်ဆောင်ကြီးတစ်ခုလုံးကိုတော့ ရွေ့ရန်က ခက်ခဲခဲ့သည်။

“ တွေ့ပြီ…”

နောက်မှ ကြားလိုက်ရသောအသံကြောင့် ယွင်းရန်ပြန်အသိဝင်လာသည်။ သူ နျူးဘက်ကိုပြန်လှည့်လိုက်တော့ ထိုကောင်လေးက အနည်းငယ် ဟောင်းနွမ်းနေတဲ့ စာအုပ်ကိုကိုင်ကာထားသည်။ သူက ယွင်းရန်ကို ဝှေ့ပြလိုက်ပြီးမှ စာအုပ်ကိုဖြန့်ကြည့်လိုက်ရင်းဆိုသည်။

“ ဒီစာအုပ်က ပထမတွဲရှိသေးတယ်လို့ လောင်ရဲ့ကပြောတယ်။ လွန်ခဲ့တဲ့ နှစ်ရှစ်ရာကျော်လောက်က မကောင်းမကန်းတကောင်က ကောင်းကင်ဘုံစာကြည့်ဆောင်ရဲ့ စာအုပ်တွေ အကုန်လုံးနီးပါးကို လုယူသွားလို့ အားလုံးက မနည်းပြန်စုဆောင်းထားခဲ့ရင်း ဒီလောက်ပြန်ရှိလာခဲ့တာတဲ့။ နျူးကတော့ အဲ့အချိန်တုန်းက မရှိသေးလို့ မ​ကြုံလိုက်ရဘူး။ “

နျူးက စာရွက်တချို့ကိုလှန်လှောကြည့်နေရင်း ဆိုသည်။ ကျောက်မီးနဂါး အကြောင်းပါသော စာမျက်နှာကိုသူရှာနေခြင်းဖြစ်သည်။ ယွင်းရန်၏မျက်နှာအမူအရာကို သူမကြည့်။ ယွင်းရန်က ခေါင်းငုံ့ကာ ပြောနေသော နျူးကိူငုံ့ကြည့်ရင်း သူက အေးစက်စွာဆိုလာသည်။

“  မင်း ကိုယ်တိုင် မမြင်လိုက်ရပဲနဲ့ သူကမ​ေကာင်းတဲ့သူပါလို့ မင်းဘယ်လိုသိနိုင်လဲ။ သူများပြောတဲ့စကားတိုင်းကို ဒီအတိုင်းယုံလိုက်တာပဲလား။”

ယွင်းရန်၏အသံကအနည်းငယ် အေးစက်နေသည်။ ထိုစကားကြောင့် နျူးက သူလှန်နေတဲ့စာရွက်အပိုင်းလေးကို ကိူင်နေရင်းပင် ယွင်းရန်ကိုမော့ကြည့်လာ၏။ ယွင်းရန်က သူ့ကိုအကြည့်စူးစူးဖြင့် ကြည့်နေသည်။ ထိုအချိန်က စာကြည့်ဆောင်ရှိ အရာအများစုကိုလုယူခဲ့သူက သူဆိုသည်ကို ကောင်းကင်ဘုံရှိ အကြီးအကဲများအားလုံးက နှုတ်ပိတ်ထားခဲ့ကြသည်။ လုယူသွားသည့်သူက မည်သူဖြစ်ကြောင်းကို တော်ရုံ နတ်သူငယ်များက မသိနိုင်ပဲ စာမှတ်တမ်းများပျောက်ကွယ်သွားပြီး တစ်စုံတဦးက ယူဆောင်သွားခဲ့သည်ဆိုတာကိုသာ သိခဲ့ကြသည်။ ပြီးတော့ သေချာသည့်တချက်က ထိုသူက အလွန်စွမ်းအားကြီးမားသည်ဆိုတာပင်ဖြစ်သည်။

နျူးက သူကိုကြည့်ရုံသာကြည့်နေပြီး ယွင်းရန်ကပင်ဆက်ပြောလာသည်။

“ ပြီးတော့ လောင်ရဲ့…တကယ်ပဲသူက အဲ့လိုပြောတာလား။”

ထိုအခါမှ နျူးဆီမှအသံထွက်လာသည်။

“ ဘယ်..ဟာကိုလဲ”

“ အဲ့ဒီ…မကောင်းမကန်း… ဆိုတာ…”

နျူးက ‘ ဂလု' ဟူသောအသံပင်မြည်လောက်သည်အထိ တံတွေးမြိုချလိုက်မိပြီး သူ့လက်ထဲရှိစာအုပ်ကိုအသာလေးပိတ်လိုက်သည်။

 
သူတော့ ပြဿနာတတ်ပြီ။

 
ပြီးမှ သူက ယွင်းရန်ကို မဝံ့မရဲကြည့်ရင်းပင်
 
“ မ…မဟူတ်ဘူး...”

ထိုအဖြေကြောင့် ယွင်းရန်က မျက်မှောင်ကြုတ်ကာ

“ အဲ့တာဆို…ဘာလို့ လောင်ရဲ့ပြောတယ်လို့ပြောတာလဲ။ “

တကယ်တော့ ထိုစကားလုံးကို လောင်ရဲ့ ထံမှမဟုတ်ပဲ ရေနတ်ဘုရား၏သားတော်များနှင့် သူဆော့ကစားစဥ်က လူပြည်ကိုသွားလည်ဖြစ်သော ထိုနှစ်ယောက်၏ အတွေ့အကြုံများကိုေပြာပြရင်း တတ်လာသော အသုံးအနှုန်းဖြစ်သည်။ သူ့ ပါးစပ်က ထိန်းမရပဲ ထွက်လာမိ၏။ ထိုသူက အစဦးကတည်းက သူလည်ပတ်ထားသည့်ကိစ္စကိုပင် တိုင်တောမည်လုပ်နေသည့်သူမို့ ဤသို့ရိုင်းစိုင်းသော စကားမျိုးကို​တတ်နေကြောင်း လောင်ရဲ့အား တိုင်လိုက်ပါက သူ့တွင် ပြေးပေါက်မရှိတော့ချေ။ သူဒီ သက်တမ်းတလျောက် မက်မွန်တောထဲတွင်သာ ကုန်ဆုံးသွားရနိုင်ချေရှိသည်။

နျူးက ယွင်းရန်၏အမေးကို လျစ်လျူရှူချင်ယောင်ဆောင်လိုက်ပြီး စာအုပ်ကိုယွင်းရန်လက်ထဲသို့ တိုးပေးလိုက်သည်။

“ ရော့…ဖတ်ပြီးရင် ပြန်ထားလိုက်…”

နျူးက ချက်ချင်းပင် ထိုနေရာမှ ထွက်ပြေးရန်ကြိုးစားလိုက်သည်။ ယွင်းရန်က စာအုပ်ကို လက်တဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီးနောက် နျူး၏ဂုတ်ရှိ အင်္ကျီစကိုလှမ်းဆွဲသည်။

“ ဒါက ဘယ်ကိုပြေးမှာလဲ။ လိမ်လည်တဲ့တစ်မှုထပ်တိုးလို့လား”

“ဖယ်….”

နျူးက ဘေးသို့စောင်းရင်း ယွင်းရန်၏လက်ကိုသူ၏လက်ဖြင့် ဖြတ်ရိုက်ချလိူက်၏။ သူ၏အားက ယွင်းရန်နှင့်ယှဥ်လျှင် အဆပေါင်းများစွာ အားနည်းလိမ့်မည်။ သို့သော်လည်း ယွင်းရန်သည် နျူး၏အမူအရာနှင့်အတူ သူ၏နှဖူးနှင့်မျက်ခုံးနှစ်ခုကြားရှိ အရာလေး ကြက်သွေးရောင်ပြောင်းသွားချိန်တွင်တော့ သူ၏လက်များသည် ရုတ်ချည်းပင် ထိုအင်္ကျီစအားလွှတ်ပေးလိုက်မိပါတော့သည်။ နျူးသည် သူ၏ ဝတ်ရုံကိုမကာ အဆောင်အပြင်သို့ ထွက်ပြေးလေတော့သည်။

ယွင်းရန်က ဒီအတိုင်းထိုနေရာတွင်သာရပ်နေမိပြီး ထိုကောင်လေးနောက်ကျောကိုကြည့်နေမိသည်။ သိူ့သော်လည်း သူလိုက်သွားရန် ဆန္ဒမရှိချေ။ သူ့ဘာသာ မိမိကို ဘယ်လိုထင်ထင် အားလုံးနှင့်အတူပင်။ သို့သော် လောင်ရဲ့ကမတူ။ ဒီကောင်းကင်ဘုံတွင် သူ့အတွက်ကျန်ရစ်သောအသိဟူသည် လောင်ရဲ့သာကျန်ရှိတော့သည်။ ထိုအဘိုးကြီး မိမိပြောင်းလဲခံယူလိုက်သော မျိုးနွယ်စုကြောင့် စိတ်ဆိုးနေတာ နှစ်ပေါင်းများစွာကြာချေပြီ။ ထိုအဆင့်က စိတ်ဆိုးသည်ဟုမခေါ်နိုင်တော့ပဲ သေခန်းဖြတ်လိုက်သည်ဟုပင် ပြောလို့ရချေမည်။

ယွင်းရန် ခြေတလှမ်းတိုးရန်ပြင်တော့ အောက်ဘက်တွင် ခပ်လင်းလင်းအရာလေးတစ်ခုကို သူတွေ့လိုက်ရသည်။ သူ့အကြည့်ကို ဖမ်းစားလိုက်နိုင်တာကြောင့် ခါးကိုကိုင်းကာ ကောက်လိုက်သည်။ မက်မွန်ပွင့်ပုံသဏ္ဍာန် သလင်းကျောက်လေးဖြစ်၏။ သူ အနည်းငယ်လှုပ်ကြည့်လိုက်ပြီး အဆောင်၏ရှေ့မုဒ်ဝကိုလှမ်းကြည့်လိူက်သည်။ ကြည့်ရသည်မှာ ထိုနတ်သူငယ်လေး ကျကျန်ခဲ့ပုံရသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~

 Long long time no update par...
အရမ်းကြာသွားလို့လည်း ဆောတီးပါ။ ဒီအခြေအနေတွေနဲ့မို့ မတင်ဖြစ်တာကော အစတည်းက ပျင်းတာရော ပေါင်းသွားတာပါ။ အခုတောင် သင်္ကြန်အတွင်းမှာ အရမ်းကိုအား​နေလို့ ရေးဖြစ်ထားတာပါ။ အပိုင်းတော်တော်များများ ရေးဖြစ်ထားလို့ အဆင်ပြေရင် ပြေသလို လိုင်းရရင် ရသလိုလေး တင်ပေးသွားပါမယ်။ တခြား Fictionတွေလည်း အသစ်ရေးနေတာတွေရှိပါတယ်။ တခါတလေ လိုင်းရချိန်လေးရှိရင် ဝင်ပြီး Add ထားလို့ရပြီး ပျင်းရင်တော့ ဖတ်ကြည့်ကြပါ။

အပျင်းပြေလိုပြေစေငြား တင်ခြင်းပါ။ အခုချိန်ထိ အခြေအနေတွေက မတည်ငြိမ်သေးတော့ အားလုံးပဲ ဂရုစိုက်ကြပါ။ ပြီးတော့ အားလုံးပဲ Fighting ပါ ❤💪

“ အဲ့ဒီစာအုပ္က အဲ့မွာရွိတယ္ဆိုတာ တကယ္ပဲ ေသခ်ာလို႔လား။”

“ လြန္ခဲ့တဲ့ ႏွစ္တရာကေတာ့ အဲ့မွာထားတာေသခ်ာတယ္။”

“ ေျပာခ်င္တာ အခုက မေသခ်ာေတာ့ဘူးေပါ့။ “

ယြင္းရန္က န်ဴး၏ေနာက္မွ လိုက္လာရင္းေမးခြန္းထုတ္ေနသည္။ သူတို႔သြားရာလမ္းကအနည္းငယ္ေဝးတာေၾကာင့္ ယြင္းရန္က ပ်င္းလာၿပီျဖစ္သည္။ ဤနတ္သူငယ္ေပါက္စေလးက ခုန္လၽွိုးသြားရန္ အစီအစဥ္ရွိပုံမရပဲ ေအးေအးေဆးေဆးပင္ လမ္းေလ်ာက္ေနပါ၏။ တကယ္ကိုပဲ ထိုနတ္သူငယ္ေလးသည္ ေကာင္းကင္ဘုံႀကီးတစ္ခုလုံးကို လမ္းပတ္ေလ်ာက္မည္ဆိုပါက မည္မၽွေလာက္ ပင္ပန္းလိမ့္မည္နည္း ဟု ယြင္းရန္မေတြးပဲမေနနိုင္။ ယြင္းရန္၏ စကားေၾကာင့္ န်ဴးက သူ၏ေျခလွမ္းမ်ားကို ရပ္တန္႔လို​က္သည္။ ထို႔ေနာက္ သူ၏ေနာက္ဘက္မွ ပြစိပြစိေျပာေနေသာ သူအား လွမ္းၾကည့္လိုက္၏။

“ မေသခ်ာေတာ့ဘူးလို႔လည္း မဟုတ္ပါဘူး။ န်ဴးက ဖတ္ၿပီးသား စာအုပ္ေတြဆို ေနာက္တခါ ကိုင္ေလ့မရွိတာေၾကာင့္ သတိမထားမိဘူး။ အဲ့တာေၾကာင့္ တပ္အပ္မေျပာနိုင္ဘူး။”

“ ေအာ္….”

ယြင္းရန္က ေခါင္းညိမ့္သည္။ န်ဴးက ေရွ႕သို႔ဆက္ကာသြား၏။ ယြင္းရန္က န်ဴး၏ေနာက္ေက်ာျပင္ကိုၾကည့္လိုက္ၿပီးတဲ့ေနာက္ ေျခလွမ္းအနည္းငယ္ ျမန္ျမန္လွမ္းလိုက္ရင္း န်ဴးႏွင့္ ေဘးခ်င္းကပ္ဆက္ေလ်ာက္သည္။ ၿပီးေနာက္ သူမေနနိုင္ပဲ ေမးခြန္းဆက္ေမးျပန္ပါ၏။ ယြင္းရန္က ပုံမွန္ဆိုလ်င္ စကားမ်ားရသည္ကို စိတ္ပါသူမဟုတ္ေခ်။ မည္သူႏွင့္မၽွလည္း လိုအပ္သည္ထပ္ စကားကိုပိုမေျပာတတ္။ သို႔ေသာ္လည္း ထိုေကာင္ေလးေၾကာင့္ သူ႔တြင္ မေနနိုင္မထိုင္နိုင္စြာ ေမးခြန္းမ်ားစြာ ရွိလာရေတာ့သည္။

“ ဘာလို႔ ခုန္လၽွိုးမသြားတာလဲ။ စြမ္းအားမေလာက္လို႔လား။”

“ ေရာက္ၿပီ။”

ဤတေခါက္ ယြင္းရန္၏အေမးကိုေတာ့ အေက်ာ္ခံလိုက္ရပါ​ေတာ့သည္။ တကယ္ကိုေလၽွာက္လာရင္းပင္ မည္သည့္အခ်ိန္ကမွနိးမသိလိုက္စြာ သူတို႔ ေကာင္းကင္စာၾကည့္ေဆာင္ေရွ႕သို႔ ေရာက္လာၾကေတာ့သည္။ ႀကီးမားက်ယ္ဝန္းေသာ အေဆာင္ေတာ္ႀကီးျဖစ္ၿပီး အေဆာင္ရွိ အမိုးႏွင့္ အတြင္းဘက္ မ်က္ႏွာက်က္တို႔သည္ ေရြအိုေရာင္အျဖစ္ အေရာင္ေတာက္ကာေနၿပီး က်န္ေသာ ေထာက္တိုင္ႏွင့္အျခားပစၥည္းႀကီးငယ္မ်ားသည္ အျဖဴေရာင္ျဖစ္သည္။ အလြန္တရာက်ယ္ဝန္းေသာ စက္ဝိုင္းပုံသ႑ာန္စာၾကည့္ေဆာင္ျဖစ္ၿပီး ယြင္းရန္၏ စာၾကည့္ေဆာင္ႏွင့္ယွဥ္လၽွင္ သုံးဆနီးပါးပိုက်ယ္ဝန္းသည္။

အေဆာင္ထဲသို႔ သူတို႔ဝင္လိုက္သည္ႏွင့္ မိမိတို႔ႏွင့္ သက္ဆိုင္ရာအလုပ္ကိုယ္စီကို လုပ္ကိုင္ေနၾကေသာ နတ္သူငယ္တစ္ခ်ိဳ႕ကိုေတြ႕ရသည္။ သူတို႔ဝင္လာသည္ကိုပင္ တခ်က္လွည့္မၾကည့္ပါေခ်။ န်ဴးသည္လည္း မ်ိဳးစုံေသာ စာေပမ်ား စာရြက္မ်ား ေပလိပ္မ်ား ထားေသာ​ စင္မ်ားဆီသို႔သြားကာ စတင္ကာရွာေဖြပါေလေတာ့သည္။

အလြန္ကိုႀကီးမားေသာ စာၾကည့္ေဆာင္ႀကီးျဖစ္သည့္အေလ်ာက္ စာအုပ္၊ စာေပမ်ားထားသည့္ တစ္ခ်ိဳ႕ေနရာမ်ားကေတာ့ လစ္ဟကာေနပါသည္။ သို႔ေသာ္လည္း အဘယ္ေၾကာင့္ထိုသို႔လစ္ဟာေနရသည္ကိုေတာ့ သက္တမ္းႏုနယ္သည့္ နတ္သူငယ္အမ်ားစုက မသိၾကပါေခ်။

ယြင္းရန္က သူ႔လက္ႏွစ္ဖက္လုံးကိုေနာက္ပစ္ထားလ်က္ပင္ န်ဴးဆီသို႔ေလ်ာက္လာသည္။ တစ္ဆင့္ခ်င္းကို လွန္ေလွာရွာေဖြကာ အလုပ္ရွုပ္ေနပုံရေသာ န်ဴး၏ေဘးတြင္ ရပ္လိုက္ၿပီး

“ ရွာေတြ႕ၿပီလား။”

“ ရွာေနတယ္…”

“ ဒါဆို ဆက္ရွာ….”

န်ဴးက အလုပ္ရွုပ္ေနသည့္ၾကားမွ သူ႔ေဘးတြင္ နားလာပူေနေသာ ယြင္းရန္ကိုတခ်က္လွမ္းၾကည့္လိုက္သည္။ သူ၏ ႏွဖူးႏွင့္ မ်က္ခုံးႏွစ္ခုၾကားရွိ ႏွင္းပြင့္ခ်ပ္သ႑ာန္အမွတ္ကေလးသည္ အစိမ္းေရာင္ ေျပာင္း ေျပာင္းသြားသည္မွာ အႀကိမ္ေရအေတာ္မ်ားေနေခ်ၿပီ။ န်ဴး၏ စိတ္ရွုပ္ေနေသာ ပုံစံကို ယြင္းရန္ျမင္ေတာ့ သူ သေဘာက်စြာျပဳံးမိသည္။ ၿပီးေနာက္ သူ တဖက္သို႔လွည့္ရင္း စာၾကည့္ေဆာင္အတြင္းရွိ တျခားအရာမ်ားကို ၾကည့္မိသည္။

စာၾကည့္ေဆာင္တြင္ စာရြက္ စာတမ္းမ်ား စာအပ္မ်ား ေပလိပ္မ်ားကို စီသည့္သူကစီကာ စာၾကည့္ေဆာင္ႏွင့္ အျခားေသာ စာအုပ္မွတ္တမ္းမ်ားထားသည့္ ေနရာကို သန္႔ရွင္းေရးလုပ္ေနသူမ်ားက လုပ္ေနၿပီး အေဆာင္ႀကီးတစ္ခုလုံးမ်က္စိတစ္ဆုံးတြင္ သူတို႔သာရွိသည္။ လြန္ခဲ့ေသာ ႏွစ္ ၈၀၀က မွတ္တမ္းေတြႏွင့္အတူ အျခားေသာ စာအုပ္မ်ားကို သူဤေနရာမွ ယူသြားခဲ့ဖူးသည္။ သူ႔ကိုမည္သို႔ပင္ ထင္ထင္ သူစိတ္မဝင္စား။ အစဦးကတည္းကပင္ သူက မိစၧာဘုရင္ဟူေသာ အမည္နာမကိုခံယူလိုက္ေခ်ၿပီမို႔ သူမည္သိူ႔ပင္ ျပဳမူျပဳမူ၊ တျခားသူမ်ားကလည္း မည္သိူ႔ပင္ တုံ႔ျပန္တုံ႔ျပန္ ဘယ္အရာကမွ အေရးမပါေတာ့ေခ်။ ၿပီးေတာ့ သူ႔ရဲ့နတ္သားဘဝမွ ဤသို႔ေျပာင္းလဲရျခင္းကိုလည္း ေနာက္ဆုံးတြင္ သူရင့္က်က္စြာ လက္ခံလိုက္ၿပီး သင္ပုန္းေခ်လိုက္နိုင္ၿပီျဖစ္သည္။ သို႔ေပသိ ဤစာၾကည့္ေဆာင္၏ စာစုမွတ္တမ္းအမ်ားစုက သူ၏ႀကိဳးစားမွုမ်ားလည္း ရွိေနခဲ့တာေၾကာင့္ သူ ဤေနရာကိုလြမ္းဆြတ္မိတာအမွန္ပင္။ သူ မွတ္တမ္းစာအုပ္ေတြကိုသာ လုယူလာနိုင္ခဲ့ၿပီး စာၾကည့္ေဆာင္ႀကီးတစ္ခုလုံးကိုေတာ့ ေရြ႕ရန္က ခက္ခဲခဲ့သည္။

“ ေတြ႕ၿပီ…”

ေနာက္မွ ၾကားလိုက္ရေသာအသံေၾကာင့္ ယြင္းရန္ျပန္အသိဝင္လာသည္။ သူ န်ဴးဘက္ကိုျပန္လွည့္လိုက္ေတာ့ ထိုေကာင္ေလးက အနည္းငယ္ ေဟာင္းႏြမ္းေနတဲ့ စာအုပ္ကိုကိုင္ကာထားသည္။ သူက ယြင္းရန္ကို ေဝွ႕ျပလိုက္ၿပီးမွ စာအုပ္ကိုျဖန္႔ၾကည့္လိုက္ရင္းဆိုသည္။

“ ဒီစာအုပ္က ပထမတြဲရွိေသးတယ္လို႔ ေလာင္ရဲ့ကေျပာတယ္။ လြန္ခဲ့တဲ့ ႏွစ္ရွစ္ရာေက်ာ္ေလာက္က မေကာင္းမကန္းတေကာင္က ေကာင္းကင္ဘုံစာၾကည့္ေဆာင္ရဲ့ စာအုပ္ေတြ အကုန္လုံးနီးပါးကို လုယူသြားလို႔ အားလုံးက မနည္းျပန္စုေဆာင္းထားခဲ့ရင္း ဒီေလာက္ျပန္ရွိလာခဲ့တာတဲ့။ န်ဴးကေတာ့ အဲ့အခ်ိန္တုန္းက မရွိေသးလို႔ မ​ၾကဳံလိုက္ရဘူး။ “

န်ဴးက စာရြက္တခ်ိဳ႕ကိုလွန္ေလွာၾကည့္ေနရင္း ဆိုသည္။ ေက်ာက္မီးနဂါး အေၾကာင္းပါေသာ စာမ်က္ႏွာကိုသူရွာေနျခင္းျဖစ္သည္။ ယြင္းရန္၏မ်က္ႏွာအမူအရာကို သူမၾကည့္။ ယြင္းရန္က ေခါင္းငုံ႔ကာ ေျပာေနေသာ န်ဴးကိူငုံ႔ၾကည့္ရင္း သူက ေအးစက္စြာဆိုလာသည္။

“  မင္း ကိုယ္တိုင္ မျမင္လိုက္ရပဲနဲ႔ သူကမ​ေကာင္းတဲ့သူပါလို႔ မင္းဘယ္လိုသိနိုင္လဲ။ သူမ်ားေျပာတဲ့စကားတိုင္းကို ဒီအတိုင္းယုံလိုက္တာပဲလား။”

ယြင္းရန္၏အသံကအနည္းငယ္ ေအးစက္ေနသည္။ ထိုစကားေၾကာင့္ န်ဴးက သူလွန္ေနတဲ့စာရြက္အပိုင္းေလးကို ကိူင္ေနရင္းပင္ ယြင္းရန္ကိုေမာ့ၾကည့္လာ၏။ ယြင္းရန္က သူ႔ကိုအၾကည့္စူးစူးျဖင့္ ၾကည့္ေနသည္။ ထိုအခ်ိန္က စာၾကည့္ေဆာင္ရွိ အရာအမ်ားစုကိုလုယူခဲ့သူက သူဆိုသည္ကို ေကာင္းကင္ဘုံရွိ အႀကီးအကဲမ်ားအားလုံးက ႏွုတ္ပိတ္ထားခဲ့ၾကသည္။ လုယူသြားသည့္သူက မည္သူျဖစ္ေၾကာင္းကို ေတာ္႐ုံ နတ္သူငယ္မ်ားက မသိနိုင္ပဲ စာမွတ္တမ္းမ်ားေပ်ာက္ကြယ္သြားၿပီး တစ္စုံတဦးက ယူေဆာင္သြားခဲ့သည္ဆိုတာကိုသာ သိခဲ့ၾကသည္။ ၿပီးေတာ့ ေသခ်ာသည့္တခ်က္က ထိုသူက အလြန္စြမ္းအားႀကီးမားသည္ဆိုတာပင္ျဖစ္သည္။

န်ဴးက သူကိုၾကည့္႐ုံသာၾကည့္ေနၿပီး ယြင္းရန္ကပင္ဆက္ေျပာလာသည္။

“ ၿပီးေတာ့ ေလာင္ရဲ့…တကယ္ပဲသူက အဲ့လိုေျပာတာလား။”

ထိုအခါမွ န်ဴးဆီမွအသံထြက္လာသည္။

“ ဘယ္..ဟာကိုလဲ”

“ အဲ့ဒီ…မေကာင္းမကန္း… ဆိုတာ…”

န်ဴးက ‘ ဂလု' ဟူေသာအသံပင္ျမည္ေလာက္သည္အထိ တံေတြးၿမိဳခ်လိုက္မိၿပီး သူ႔လက္ထဲရွိစာအုပ္ကိုအသာေလးပိတ္လိုက္သည္။

 
သူေတာ့ ျပႆနာတတ္ၿပီ။

 
ၿပီးမွ သူက ယြင္းရန္ကို မဝံ့မရဲၾကည့္ရင္းပင္
 
“ မ…မဟူတ္ဘူး...”

ထိုအေျဖေၾကာင့္ ယြင္းရန္က မ်က္ေမွာင္ၾကဳတ္ကာ

“ အဲ့တာဆို…ဘာလို႔ ေလာင္ရဲ့ေျပာတယ္လို႔ေျပာတာလဲ။ “

တကယ္ေတာ့ ထိုစကားလုံးကို ေလာင္ရဲ့ ထံမွမဟုတ္ပဲ ေရနတ္ဘုရား၏သားေတာ္မ်ားႏွင့္ သူေဆာ့ကစားစဥ္က လူျပည္ကိုသြားလည္ျဖစ္ေသာ ထိုႏွစ္ေယာက္၏ အေတြ႕အၾကဳံမ်ားကိုေျပာျပရင္း တတ္လာေသာ အသုံးအႏွုန္းျဖစ္သည္။ သူ႔ ပါးစပ္က ထိန္းမရပဲ ထြက္လာမိ၏။ ထိုသူက အစဦးကတည္းက သူလည္ပတ္ထားသည့္ကိစၥကိုပင္ တိုင္ေတာမည္လုပ္ေနသည့္သူမို႔ ဤသို႔ရိုင္းစိုင္းေသာ စကားမ်ိဳးကို​တတ္ေနေၾကာင္း ေလာင္ရဲ့အား တိုင္လိုက္ပါက သူ႔တြင္ ေျပးေပါက္မရွိေတာ့ေခ်။ သူဒီ သက္တမ္းတေလ်ာက္ မက္မြန္ေတာထဲတြင္သာ ကုန္ဆုံးသြားရနိုင္ေခ်ရွိသည္။

န်ဴးက ယြင္းရန္၏အေမးကို လ်စ္လ်ဴရွူခ်င္ေယာင္ေဆာင္လိုက္ၿပီး စာအုပ္ကိုယြင္းရန္လက္ထဲသို႔ တိုးေပးလိုက္သည္။

“ ေရာ့…ဖတ္ၿပီးရင္ ျပန္ထားလိုက္…”

န်ဴးက ခ်က္ခ်င္းပင္ ထိုေနရာမွ ထြက္ေျပးရန္ႀကိဳးစားလိုက္သည္။ ယြင္းရန္က စာအုပ္ကို လက္တဖက္ျဖင့္ ဆုပ္ကိုင္ထားလိုက္ၿပီးေနာက္ န်ဴး၏ဂုတ္ရွိ အကၤ်ီစကိုလွမ္းဆြဲသည္။

“ ဒါက ဘယ္ကိုေျပးမွာလဲ။ လိမ္လည္တဲ့တစ္မွုထပ္တိုးလို႔လား”

“ဖယ္….”

န်ဴးက ေဘးသို႔ေစာင္းရင္း ယြင္းရန္၏လက္ကိုသူ၏လက္ျဖင့္ ျဖတ္ရိုက္ခ်လိူက္၏။ သူ၏အားက ယြင္းရန္ႏွင့္ယွဥ္လၽွင္ အဆေပါင္းမ်ားစြာ အားနည္းလိမ့္မည္။ သို႔ေသာ္လည္း ယြင္းရန္သည္ န်ဴး၏အမူအရာႏွင့္အတူ သူ၏ႏွဖူးႏွင့္မ်က္ခုံးႏွစ္ခုၾကားရွိ အရာေလး ၾကက္ေသြးေရာင္ေျပာင္းသြားခ်ိန္တြင္ေတာ့ သူ၏လက္မ်ားသည္ ႐ုတ္ခ်ည္းပင္ ထိုအကၤ်ီစအားလႊတ္ေပးလိုက္မိပါေတာ့သည္။ န်ဴးသည္ သူ၏ ဝတ္႐ုံကိုမကာ အေဆာင္အျပင္သို႔ ထြက္ေျပးေလေတာ့သည္။

ယြင္းရန္က ဒီအတိုင္းထိုေနရာတြင္သာရပ္ေနမိၿပီး ထိုေကာင္ေလးေနာက္ေက်ာကိုၾကည့္ေနမိသည္။ သိူ႔ေသာ္လည္း သူလိုက္သြားရန္ ဆႏၵမရွိေခ်။ သူ႔ဘာသာ မိမိကို ဘယ္လိုထင္ထင္ အားလုံးႏွင့္အတူပင္။ သို႔ေသာ္ ေလာင္ရဲ့ကမတူ။ ဒီေကာင္းကင္ဘုံတြင္ သူ႔အတြက္က်န္ရစ္ေသာအသိဟူသည္ ေလာင္ရဲ့သာက်န္ရွိေတာ့သည္။ ထိုအဘိုးႀကီး မိမိေျပာင္းလဲခံယူလိုက္ေသာ မ်ိဳးႏြယ္စုေၾကာင့္ စိတ္ဆိုးေနတာ ႏွစ္ေပါင္းမ်ားစြာၾကာေခ်ၿပီ။ ထိုအဆင့္က စိတ္ဆိုးသည္ဟုမေခၚနိုင္ေတာ့ပဲ ေသခန္းျဖတ္လိုက္သည္ဟုပင္ ေျပာလို႔ရေခ်မည္။

ယြင္းရန္ ေျခတလွမ္းတိုးရန္ျပင္ေတာ့ ေအာက္ဘက္တြင္ ခပ္လင္းလင္းအရာေလးတစ္ခုကို သူေတြ႕လိုက္ရသည္။ သူ႔အၾကည့္ကို ဖမ္းစားလိုက္နိုင္တာေၾကာင့္ ခါးကိုကိုင္းကာ ေကာက္လိုက္သည္။ မက္မြန္ပြင့္ပုံသ႑ာန္ သလင္းေက်ာက္ေလးျဖစ္၏။ သူ အနည္းငယ္လွုပ္ၾကည့္လိုက္ၿပီး အေဆာင္၏ေရွ႕မုဒ္ဝကိုလွမ္းၾကည့္လိူက္သည္။ ၾကည့္ရသည္မွာ ထိုနတ္သူငယ္ေလး က်က်န္ခဲ့ပုံရသည္။

~~~~~~~~~~~~~~~~~~~~~~~~~~~

 Long long time no update par...
အရမ္းၾကာသြားလို႔လည္း ေဆာတီးပါ။ ဒီအေျခအေနေတြနဲ႔မို႔ မတင္ျဖစ္တာေကာ အစတည္းက ပ်င္းတာေရာ ေပါင္းသြားတာပါ။ အခုေတာင္ သၾကၤန္အတြင္းမွာ အရမ္းကိုအား​ေနလို႔ ေရးျဖစ္ထားတာပါ။ အပိုင္းေတာ္ေတာ္မ်ားမ်ား ေရးျဖစ္ထားလို႔ အဆင္ေျပရင္ ေျပသလို လိုင္းရရင္ ရသလိုေလး တင္ေပးသြားပါမယ္။ တျခား Fictionေတြလည္း အသစ္ေရးေနတာေတြရွိပါတယ္။ တခါတေလ လိုင္းရခ်ိန္ေလးရွိရင္ ဝင္ၿပီး Add ထားလို႔ရၿပီး ပ်င္းရင္ေတာ့ ဖတ္ၾကည့္ၾကပါ။

အပ်င္းေျပလိုေျပေစျငား တင္ျခင္းပါ။ အခုခ်ိန္ထိ အေျခအေနေတြက မတည္ၿငိမ္ေသးေတာ့ အားလုံးပဲ ဂ႐ုစိုက္ၾကပါ။ ၿပီးေတာ့ အားလုံးပဲ Fighting ပါ ❤💪

Continue Reading

You'll Also Like

130K 12.8K 59
မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......
111K 2.4K 33
ကျွန်တော်က ကျွန်တော့်ကောင်မလေးကို *စာအုပ်လေး* လို့ ချစ်စနိုးခေါ်တယ်။ လောကမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးဖြစ်နေပါစေ လိုအပ်ချက် တစ်ခုတော့ ရှိ...
231K 17.6K 51
Iyaye musamman mata sukan sadaukar da dukkan farincikinsu domin kyautata rayuwar 'ya'yansu. Haka ce ta faru ga Maamu har zuwa lokacin da Allah Ya azu...
232K 32.3K 200
Book-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...