C-89 "Successful pitch."
ျပီးခဲ့တဲ့ အေခါက္ကလိုပင္ သူတို႕ကို လာေရာက္ ေခၚေဆာင္သူက ဆံပင္ကို ေနာက္လွန္ျဖီးထားေသာ ကေလးပဲ ျဖစ္သည္။
ထိုေကာင္ေလး၏ ခႏၶာကိုယ္က အျခားသူမ်ား အနားကပ္ျခင္း တားျဖစ္ထားေသာ ျမင့္ျမတ္ေသာ အရွိန္အဝါေတြ ထုတ္လႊတ္ေနသည္။ You XiaoMo က သူ႕အဆင့္အတန္းကို ေသခ်ာသေလာက္ေတာ့ ရွိသည္။ သူက YunShui ေတာင္ထြတ္၏ ဒ႑ာရီလာ အေစာင့္မ်ားထဲက တစ္ေယာက္ ျဖစ္ႏိုင္သည္။ ဒီအၾကီးအကဲ၏ အျပင္ပန္း သ႑ာန္က သူ႕စိတ္ထဲတြင္ ေတြးထားသည့္ ပံုရိပ္ႏွင့္ ေတာ္ေတာ္ေလး ကြာျခားေနသည္သာ ရွိသည္။
သူတို႕ ႏွစ္ဦးကို ျခံဝန္း၏အျပင္ဘက္သို႕ ေခၚသြားျပီး ထိုေကာင္ေလးက အသံတိတ္ ေပ်ာက္ကြယ္သြားျပန္သည္။
You XiaoMo လည္း ထူးဆန္းေထြလာမ်ားကို ျမင္ရတာ က်င့္သားရေနျပီ ျဖစ္ေသာေၾကာင့္ Ling Xiao ႏွင့္သာ အရင္တစ္ေခါက္က သူတို႕ သြားခဲ့ေသာ လမ္းအတို္ငး္ အထဲကို အတူဝင္ခဲ့ၾကသည္။ ၾကီးမားေသာ ေမွာ္ေဆးပင္ စိုက္ခင္း၏ အေရွ႕တြင္ တဲအိမ္ေလး တစ္ခု ရွိသည္။ ထိုအခ်ိန္တြင္ အေရွ႕က သြားေနေသာ Ling Xiao က ရုတ္တရတ္ ရပ္လုိက္သည္။ You XiaoMo က အဲဒါကို သတိမထားမိပဲ သူ႕ေနာက္ေက်ာကို ေခါင္းႏွင့္ ဝင္တိုးမိေတာ့သည္။ နာသြားေသာ သူ႕ႏွာေခါင္းကို ပြတ္ရင္း ေျပာေတာ့မလို ရွိေနေသးသည္ Ling Xiao က ရုတ္တရတ္ သူ႔ပါးစပ္ကို အုပ္ထဲ့လိုက္သည္။
You XiaoMo က ေခါင္းေမာ့ကာ မ်က္လံုးမ်ားႏွင့္ သာ "ဘာျဖစ္လုိ႕လဲ"
"တစ္ေယာက္ေယာက္ ရွိေနတယ္"
Ling Xiao ပါးစပ္က ထိုစကားမ်ားကို အသံတိတ္ ေျပာလုိက္ကာ You XiaoMo နားလည္သလား ဆိုတာ ဂရုမစိုက္။ တဲအိမ္ေလးထဲက လႈပ္ရွားမႈမ်ားကို သာ သူ႕နားစြင့္လုိက္သည္။
You XiaoMo ကေတာ့ မီတာ သံုးဆယ္ေလာက္ ေဝးေနေသးေသာ သစ္သားတဲအိမ္ေလးကို လွမ္းၾကည့္ လိုက္သည္။ သူ႕ႏႈတ္ခမ္းမ်ားကေတာ့ စူေထာ္လို႕။
ခဏၾကာေတာ့ Ling Xiao က You XiaoMo ပါးစပ္မွာ အုပ္ထားေသာ သူ႕လက္ကို ဖယ္ကာ လမ္းဆက္ေလွ်ာက္ရန္ အရိပ္အေခ် ျပေလသည္။
You XiaoMo က ထို အရိပ္အကဲကို ျမင္သည္။ သူတို႕ စကားေျပာႏိုင္ျပီ ဆိုတာ သိသြားေတာ့ သူ အျမန္ေမးေတာ့သည္ "ခုဏေလးက ဘာျဖစ္တာလဲ။ သစ္သားတဲအိမ္ေလးထဲမွာ ဦးေလးYe အျပင္ တစ္ေယာက္ေယာက္ ရွိေနတယ္ေတာ့ လာမေျပာနဲ႕ ဘယ္သူမွလဲ ထြက္မလာပဲနဲ႕"
"အဲဒိလူက ထြက္သြားျပီ။ မင္းမျမင္တာ မထူးဆန္းဘူး"
Ling Xiao က သူ႔ကို ဖံုးကြယ္မထားပဲ ဆက္ေျပာသည္။ "သူတို႕ေတြက မင္းအေၾကာင္း ေျပာေနတာ။ အဲဒိလူကို Tang Fan လႊတ္လိုက္တာ။ Tang Fan က Ye Han မင္းကို သူ႕လက္ေထာက္အျဖစ္ လက္ခံခ်င္တာ ၾကားေတာ့ မင္းကို မေခၚဖို႕ လူတစ္ေယာက္လႊတ္ျပီးေတာ့ ေျပာတာ"
"ဘာလို႕လဲ" You XiaoMo အနည္းငယ္ ဝမ္းနည္းစြာႏွင့္ ေမးလိုက္သည္။
ဘာလို႕ လူတိုင္းက သူ႔ကို ဦးေလးYe ရဲ႕ လက္ေထာက္ မျဖစ္ေစခ်င္ရတာလဲ။ သူ႕ရင္ထဲက သိေနေပမယ့္လဲ အျခားသူေတြရဲ႕ ပါးစပ္ကေန ၾကားရတဲ့ အခါက်ေတာ့လဲ သူ အရမ္းမွားယြင္းေနသလို ခံစားရသည္။
"ေမးေနဖို႕ လိုလုိ႕လား"
Ling Xiao က သူ႕ကို တစ္ခ်က္ ၾကည့္လုိက္ျပီး ခပ္ေပါ့ေပါ့ပဲ ဆက္ေျပာသည္ "Ye Han ဆိုတာ TianXin ဂိုဏ္းက လူတိိုင္းက သူ႕ေဘးမွာပဲ ေနခ်င္တာ ခံရတဲ့သူ။ Tang Fan ေတာင္ ခၽြင္းခ်က္ မဟုတ္ဘူး။ Tang Fan နဲ႕ ရင္းႏွီးတဲ့ ေတာင္ထြတ္ဆိုလို႕ ေကာင္းကင္ေတာင္ထြတ္ပဲ ရွိတယ္။ သူက TianXin ဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္ ျဖစ္ေနေပမယ့္ Ye Han ေဘးမွာ ရွိေစခ်င္တဲ့သူက ေကာင္းကင္ေတာင္ထြတ္က လူပဲ ျဖစ္ေစခ်င္တာ။ ျပီးေတာ့ မင္းက ေျမကမၻာေတာင္ထြတ္ကေလ သူ လက္ခံလုိက္ရင္ ထူးဆန္းသြားမွာေပ့ါ "
You XiaoMo က ႏႈတ္ခမ္း ဆူေထာ္က "ကၽြန္ေတာ္က TianXin ဂိုဏ္းသား တစ္ေယာက္ပဲကို....."
Ling Xiao က ဟြန္႕ခနဲ လုပ္ကာ ေပါ့ေပါ့ပါးပါးႏွင့္ " Tang Fan က မင္းထင္ေနသလို မွ်တျပီး ဘက္မလိုက္ တတ္တဲ့သူမွ မဟုတ္တာ။ သူလဲပဲ တစ္ကိုယ္ေကာင္းဆန္တဲ့ စိတ္ ဆႏၵရွိတဲ့ သာမာန္ လူတစ္ေယာက္ပဲ ျပီးေတာ့ သူက ထိပ္ပိုင္းေရာက္ေနတာ ၾကာလွျပီ။ ဘယ္ေလာက္ပဲ ျမင့္ျမတ္ပါေစ တစ္ကိုယ္ေကာင္းစိတ္ေလး နဲနဲပဲ ေလ်ာ့ႏိုင္တဲ့သူပဲေလ။ ျပီးေတာ့ Tang Fan က ဘယ္တုန္းကမွ သူေတာင္စင္ သူေတာ္ေကာင္း တစ္ေယာက္ မဟုတ္ဘူး။ ေနာက္ထပ္ အၾကိမ္နည္းနည္းေလာက္ မင္းၾကံဳလိုက္ရရင္ မင္းလဲ က်င့္သားရသြားမွာ"
You XiaoMo ႏႈတ္ခမ္းစူေနသည္။ သူက က်င့္သားရသြားဖို႕ စိတ္ဆႏၵလံုးလံုး မရွိပါဘူးေနာ္။ ဒီကမၻာၾကီးက မေမွ်ာ္မွန္းႏိုင္တဲ့ အႏၱရာယ္ေတြ မ်ားလြန္းသည္။ သူက ကမၻာေျမ ကိုပဲ ျပန္သြားခ်င္တာပါ။
"အဲဒိလူက ဦးေလးYe ကို ဘာေျပာတာလဲ ဆိုတာ ၾကားလို္က္လား" You XiaoMo ေမးလိုက္သည္။
အဲဒိစကားကို ၾကားေတာ့ Ling Xiao က သူ႕လက္တစ္ဖက္ကို You XiaoMo ပခံုးေပၚ လွမ္းမတင္ပဲ မေနႏိုင္ ျပီးေတာ့ လက္ေခ်ာင္းတစ္ေခ်ာင္းႏွင့္ သူ႕ေမးေလးကို ေမာ့ေစျပီး အေလးမထားသံႏွင့္ "ဒါေပ့ါ။ သူက အျပင္ဘက္မွာ အကာအရံထားေပမယ့္ အဲဒိအဆင့္က ကိုယ့္ကို ခက္ခဲေစတာမွမဟုတ္ပဲ။မင္း သိခ်င္လို႕လား"
You XiaoMo ထူေထာ္ေနရင္းက ထပ္ေထာ္သြားျပန္သည္။ သူ ဘာလို႕ အေႏွာင့္အယွက္ ေပးခံေနရတယ္လို႕ပဲ ခံစားေနရတာပါလိမ့္။ ဒီလူမနက္ အိပ္ယာထကတည္းက တစ္ခုခု မွားခဲ့တာ ျဖစ္မည္။ မဟုတ္ဘူးဆိုရင္ သူ ကပဲ အထင္အျမင္ လြဲမွားေနတာလား။
Ling Xiao က သူဘာမွ မေျဖတာ ျမင္ေတာ့ ဘာမွလဲ ခံစားမေနပဲ "တကယ္ေတာ့ ငါမင္းကို မေျပာလဲ မင္းမွန္းလို႕ ရေနတာပဲ။ အဲဒိလူက မင္း TianXin ဂိုဏ္းကို ဝင္လာတာ ႏွစ္လေလာက္ပဲ ရွိတယ္ ဒီေတာ့မွာ မွတ္တမ္းမွတ္ရာလဲ မရွိေသးဘူးဆိုတဲ့ အခ်က္ကို အေၾကာင္းျပခ်က္အေနနဲ့ သံုးသြားတာ မင္းကို လက္ေထာက္အျဖစ္ ေခၚဖို႕ ေမ့ထားလုိ္က္ျပီးေတာ့ Tang YunQi ကို မင္းေနရာကို သံုးေစခ်င္ေနတာ။ ဒါေပမယ့္ Ye Han ကလဲ ညွိႏႈိင္းလြယ္တဲ့ သူမွ မဟုတ္တာ။ သူက မင္းအျပင္ အျခား္သူေတြ မလုပ္ႏိုင္ဘူး ေျပာေနတာ။ အဲဒိလူကလည္း Tang Fan ဆီက အမိန္႕ရထားေတာ့ လက္မေလ်ာ့ဘူး။ အဆံုးသတ္က်ေတာ့ မင္းရဲ႕ ေနာက္ခံကို သံသယရွိေနတယ္ ျပီးေတာ့ မင္းက သူလွ်ိဳတစ္ေယာက္ ျဖစ္ႏိုင္တယ္တဲ့လို႕ ေျပာလုိ္က္ေရာ။ မင္းရဲ႕ ေျခသံ ၾကားတဲ့ အထိ ေျပာေနၾကတာ ျပီးေတာ့ အဲဒိလူက ထြက္သြားတယ္။ အဲဒိေလာက္ပါပဲ "
You XiaoMo ထပ္ျပီးေတာ့ သံုးခါေလာက္ ႏႈတ္ခမ္းေထာ္သြားျပီးသည္။ ေနာက္ဆံုးက စကားေတြက သူ႕ကို အျပစ္ေနတာလို႕ ဘာလို႕မ်ား ခံစားေနရတာပဲ။ သူက ေမွာ္ဆရာ ေပါက္စေလးပဲ ဟာကို။ အဲဒိလို မယံုႏိုင္စရာ ထိတ္လန္႕ဖို႕ ေကာင္းတဲ့ ဟာေတြ သူ႕နာမည္မွာ ထပ္ထဲ့ဖို႕ မလိုပါဘူး။
"ဝင္ခဲ့" Ye Han အသံ တဲ ထဲက ထြက္လာသည္။
အဲဒိေတာ့မွပဲ သူ တဲအိမ္ေလး ဆီကို သတိလက္လြတ္ ေလွ်ာက္ေနတာကို You XiaoMo သတိျပဳမိသည္။ ျပီးေတာ့ သူ တံခါးကို တြန္းကာ Ling Xiao ႏွင့္ အထဲ ဝင္သြားလိုက္သည္။
Ye Han က ေမွာ္ေဆးပင္ စင္တစ္စင္ ေရွ႕တြင္ မတ္တပ္ရပ္ေနကာ သူတို႕ကို ေက်ာခို္င္းျပီး ေဆးပင္ေတြ ကို ေနရာတက် ထားေနသည္။ တံခါးဖြင့္လုိ္က္သံ ၾကားေတာ့ သူလွည့္လာသည္။ သူ႕မ်က္ႏွာက တည္ျငိမ္ေနကာ လြန္ခဲ့ေသာ သံုးရက္က လိုပဲ။ လြန္ခဲ့ေသာ မိနစ္ပို္င္းေလးက အၾကီးအက်ယ္ ေဒါသထြက္မထားသည့္အလားပင္။
"အဲဒိေတာ့ မင္းဘယ္လို စဥ္းစားထားလဲ"
Ye Han ကလည္း ေကြ႕ဝိုက္ေျပာတာ မၾကိဳက္လွပဲ တည့္တည့္မတ္မတ္ပင္ ထုိင္ျပီးတာနဲ႕ ေမးေတာ့သည္။
You XiaoMo က သူ႕ကို ခပ္ေဖ်ာ့ေဖ်ာ့ေလး ျပံဳးျပေသာ Ling Xiao ကို ဖ်တ္ခနဲ ၾကည့္လုိက္သည္။ သူ႕အၾကည့္ေတြကို အျမန္လႊဲျပီးေတာ့ ခဏေလာက္ တုန္႕ဆို္င္းေနျပီးမွ စကားစေျပာေလသည္။ "ဦးေလးYe က ကၽြန္ေတာ္လို လူကို သေဘာက်တာ ကၽြန္ေတာ္ အရမ္းဝမ္းသာပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က ဒီလို ၾကင္နာမႈမ်ိဳးနဲ႕ မထိုက္တန္ပါဘူး။ ကၽြန္ေတာ္က ဒီရာထူးနဲ႕ မသင့္ေတာ္ဘူးလို႕ ကၽြန္ေတာ္ ထင္ပါတယ္။ ဒီေတာ့ ကၽြန္ေတာ့္ထက္ ပို္ေကာင္းတဲ့သူကိုပဲ ဒီေနရာကို ေပးသင့္တယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္ "
သူ႕စကားမ်ားကို ၾကားေတာ့ Ye Han က မအံၾသသြား။ သူ႕ကို တစ္ခ်က္ေလာက္ ၾကည့္ျပီးမွသာ သက္ပ်င္းေဖ်ာ့ေဖ်ာ့ ခ်ျပီးေတာ့ "ၾကည့္ရတာ မင္းလဲ ၾကားျပီးျပီ ထင္တယ္။ လြန္ခဲ့တဲ့ သံုးရက္တုန္းက ငါ ေတာ္ေတာ္ေလး အလ်င္စလို လုပ္မိတာပဲ။ မင္းကို ဘယ္လိုေတာင္ ျပႆနာေတြ ျဖစ္ေစမယ္ ဆိုတာ ငါမေတြးလုိက္မိဘူး"
"အဲဒိလို မဟုတ္ပါဘူး ဦးေလးYe"
You XiaoMo ကအဲဒိလို တာဝန္ခံသည့္ စကားေတြ ၾကားလုိက္ေတာ့ "ဒီကိစၥကို ဒုကၡမ်ားတယ္လို႕ ကၽြန္ေတာ္ ဘယ္တုန္းကမွ မခံစားပါဘူး။ အဲဒါက..အဲဒါက....."
သူ႕ဦးေနွာက္ကို ျပင္းျပင္းထန္ထန္ အလုပ္ေပးေပမယ့္ You XiaoMo မွာ သူဘယ္လို ေျပာသင့္တယ္ ဆိုတာ ေတြးမရဘူး ျဖစ္ေနတာနဲ႕ သူ႕ေဘးက Ling Xiao ကိုသာ ၾကည့္လိုက္ေတာ့သည္။
Ling Xiao က သူ႕ရဲ႕ အႏူးအညြတ္ေတာင္းပန္ေနသည့္ အၾကည့္ကိုျမင္ေတာ့ သူ႕ကို ခ်က္ခ်င္း စဥ္းစား မိသည့္ အေပၚတြင္ အလြန္ေပ်ာ္ရႊင္သြားသည္။ အခုက သူတုိ႕ သံုးေယာက္ထဲသာရွိေတာ့ေသာေၾကာင့္ပဲ You XiaoMoမွာ အျခားေရြးခ်ယ္ စရာ မရွိေခ်။ Ling Xiao ကေတာ့ အဲဒိအခ်က္ကို လ်စ္လ်ဴရႈကာ တစ္သတ္မတ္ ထဲပဲ ေတြးေတာ့သည္။
"ဦးေလးYe၊ ဒီကိစၥက ဦးေလးက ကၽြန္ေတာ္တို႕ ႏွစ္ေယာက္ထက္ ပိုသိလိမ့္မယ္လို႕ ကၽြန္ေတာ္ ယံုပါတယ္။ ဦးေလးရဲ႕ အဆင့္အတန္းက အရမ္းထူးျခားတယ္ေလ။ ဦးေလးရဲ႕ ေဘးမွာ တပည့္ပဲ ျဖစ္ျဖစ္ လက္ေထာက္ပဲ ျဖစ္ျဖစ္ TianXinဂိုဏ္းကို တစ္ရာ ရာႏႈန္းျပည့္ ခ်စ္ခင္ေလးစားတဲ့သူ ျဖစ္ဖို႕လိုတယ္။ ဒါေပမယ့္ You XiaoMo က က်ေတာ့ မတူဘူးေလ။ သူက TianXin ဂိုဏ္းရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြ လက္မခံရေသးဘူး (သစၥာမခံရေသးဘား)။ ဒီေတာ့ Tian Xin ဂိုဏ္းကလဲ သူ႕ကို မယံုေသးဘူးေလ။ ဒီလို ဂိုဏ္းသား တစ္ေယာက္က YunShui ေတာင္ထြတ္ကို ဝင္လိုက္ ထြက္လိုက္ လုပ္ဖို႕ ဆိုတာကို ဂိုဏ္းခ်ဳပ္ၾကီးကလဲ သေဘာတူမွာ မဟုတ္ဘူး။ အဲဒိေရွးရိုးစြဲၾကီးေတြကလည္းပဲ လက္ခံမွာ မဟုတ္ဘူး"
YunShui ေတာင္ထြတ္ဆိုတာက TianXin ဂိုဏ္း၏ အသည္းသပြတ္လို႕ ေခၚႏို္င္သည္။ ဆံခ်ည္ တမွ်င္ေလာက္ ထိမိလွ်င္ေတာင္ တစ္ကိုယ္လံုးကို ထိခိုက္ေစႏိုင္သည္။
"အာ့ ဟုတ္ပါတယ္ ဦးေလးYe။ ဦးေလး လက္ေထာက္ တစ္ေယာက္ေလာက္ တကယ္လိုတာ ဆိုရင္ ကၽြန္ေတာ့ အစ္ကိုၾကီးနဲ႕ ဒုတိယအစ္ကိုက လုပ္ေပးႏိုင္ပါတယ္။ သူတို႕က အဆင့္ေလး ေမွာ္ဆရာေတြပါ။ သူတုိ႕ရဲ႕ အေတြ႕အၾကံဳကလည္း ကၽြန္ေတာ့္ထက္ မ်ားပါတယ္ ကၽြန္ေတာ့္ထက္ ေသခ်ာေပါက္ ပိုလုပ္ႏိုင္မွာပါ။ တကယ္ပါ ကၽြန္ေတာ့္ကို မယံုဘူးဆိုရင္ သူတုိ႕ကို စမ္းသပ္လုိ႕ ရပါတယ္ ဦးေလး"
You XiaoMo က အျမန္ ဝင္ေျပာလုိက္သည္။ သူအခုေတာ့ Ling Xiao၏ ခြဲျခမ္းစိတ္ျဖာ မႈကို နားလည္သြားျပီ။ တကယ္ပဲ သူက လက္ေထာက္တစ္ေယာက္ဆိုေသာ ဒီလမ္းကို ေလွ်ာက္ဖို႕ ခက္ခဲလြန္းလွသည္။ ေျပာင္းလဲဖို႕ ေခါင္းမာေနမယ့္အစား ဒီအခြင့္အေရးကို အစ္ကိုၾကီးႏွင့္ ဒုတိယအစ္ကို ကို ေပးလုိက္တာ ပိုမေကာင္းဘူးလား။ ဒီလိုဆိုရင္ ဒီအခြင့္အေရးကလဲ အလဟသတ္ ျဖစ္မသြားေတာ့ဘူး။
Ye Han က ငိုရမလား ရယ္ရမလား မသိ။ ဒီလုိ ေလးနက္တဲ့ ေခါင္းစဥ္ၾကီးက သူ႕ဆီက ဒီလုိ ၾကားလိုက္ေတာ့လဲ သူ႕ရဲ႕ ေလးနက္မႈၾကီးကို ထပ္ထိန္းမထားႏိုင္ေတာ့။ ဒီဂိုဏ္းသားေလးက ဒီလို အခြင့္ေရး ေကာင္းၾကီးိကု လြတ္လိုက္ရမွာ စိုးရိမ္စြာနဲ႕ သူ႕အစ္ကိုေတြကို ခပ္ျမန္ျမန္ တိုးပို႕လုိက္သည္လုိ႕ေတာင္ သူတကယ္ၾကီး ခံစားရသည္။
Ling Xiao ကေတာ့ သူ႕အစ္ကိုၾကီးကို ဆက္ေတြးေနမွန္း ၾကားလုိက္ေတာ့ ခပ္ျမန္ျမန္ ေက်ာ္သြားခ်င္ေပမယ့္ ရုတ္တရတ္ အေတြးတစ္ခု ဝင္လာသည္။ သူသည္လဲ Ye Han မေျပာခင္ အျမန္ဝင္တြန္းေပးလိုက္သည္။
"ဦးေလးYe ညီေလး ေျပာတာလဲ မွန္ပါတယ္။ ကၽြန္ေတာ္လဲ အဲဒိ ညီေနာင္ႏွစ္ေယာက္နဲ႕ ေတြ႕ဖူးတယ္။ သူတို႕ စရိုက္က အျခားသူေတြနဲက ယွဥ္ရင္ ေတာ္ေတာ္ေလး ေကာင္းတယ္။ အစ္ကိုၾကီး Fang ChenLe က ေျပာလို႕ ဆိုလို႕ေကာင္းတဲ့ နူးညံ့ေဖာ္ေရြတဲ့ သူပါ။ သူ႕နာမည္ၾကီးမႈကေတာ့ ေတာ္ေတာ္ေလး ျမင့္တယ္။ ဒုတိအစ္ကိုျဖစ္တဲ့ Fu ZiLin ကေတာ့ နည္းနည္းေတာ့ ေအးစက္ေပမယ့္ တစ္ခုခု လုပ္ရင္ေတာ့ အရမ္းေလးနက္ပါတယ္။ သူတို႕ ႏွစ္ေယာက္လံုးကို လက္ခံခ်င္တယ္ ဆိုရင္ ဦေလး ေနာင္တရစရာ မျဖစ္ဘူးလို႕ ကၽြန္ေတာ္ အာမခံပါတယ္"
ဒီစကားမ်ား ၾကားေတာ့ You XiaoMo က အံ့ၾသတၾကီး မ်က္လံုးၾကီး ျပဴးကာ Ling Xiao ကို ၾကည့္ေတာ့သည္။
Ling Xiao က သူ႕အစ္ကိုေတြ ကို္ယ္စား ေျပာေပးတာကို ယံုဖို႕ေတာင္ ခက္လွသည္။ Ling Xiao က အစ္ကိုၾကီးကုိ သိပ္ သေဘာမက်ဘူးလို႕ သူမွတ္မိေနပါသည္။ ျပီးေတာ့ သူက အဲဒိႏွစ္ေယာက္ကို သူ႕ထက္ေတာင္ ပိုနားလည္ေနေသးသည္။
အံ့ၾသတဲ့သူက You XiaoMo တစ္ေယာက္ထဲေတာင္ မဟုတ္ Ye Han လဲ ပါသည္။
သို႕ေသာ္ Ye Han ကေတာ့ You XiaoMo လို သူ႕အေတြးေတြကို မ်က္ႏွာေပၚ မျပ။ သူက သူ႕ရင္ထဲမွာသာ အံအားသင့္သြားတာ ျဖစ္သြားတာ ျဖစ္သည္။
Ling Xiao က တစ္ကယ္ၾကီး တစ္ေယာက္ေယာက္ကို ေထာက္ခံေနသည္ ျပီးေတာ့ အဲဒိလူေတြက ေျမကမၻာေတာင္ထြတ္က လူေတြ။ Tang Fan သာ သိသြားရင္ ဒီတပည့္ေၾကာင့္ ေဒါသထြက္လြန္းကာ ေသေလာက္သည္။ သို႕ေသာ္လည္း သူကေတာ့ ဒီ Ling Xiao ကို သူက ပိုသေဘာက်သည္။ Tang Fan သာ တကယ္ၾကီးေဒါသထြက္ရင္ေတာ့ မေကာင္းလွ။
"ဦးေလးYe ေကာ ဘယ္လို ထင္လဲဟင္" You XiaoMo သတိေလး ထားျပီး ေမးလိုက္သည္။
Ye Han ကေတာ့ခပ္တည္တည္ၾကီး မေနႏိုင္ေတာ့။ ဒါက ဂ်ဴနီယာတစ္ေယာက္ သူ႕ကို ပထမဆံုးအၾကိမ္ ဒီလို ေျပာရဲတာ ျဖစ္သည္။ ျပီးေတာ့ သူ႕ဆံုးျဖတ္ခ်က္ေတာင္ ေမးေနေသးသည္။ ဒီလို အခ်ိန္ေလး အတြင္းမွာ သူ စဥ္းစားလို႕ ၇တယ္လို႕ ေျပာလို႕ ရလို႕လား။
သူတို႕ ႏွစ္ေယာက္အေပၚ Ye Han ၏ အျမင္က အဆိုးၾကီး မဟုတ္ေပမယ့္ ဒီလို ကိစၥၾကီး ဆိုတာကို သူ အခ်ိန္တုိေလးအတြင္းမွာ ဆံုျဖတ္လို႕ မရ။ မဟုတ္လွ်င္ ေသခ်ာေပါက္ တစ္ေယာက္ေယာက္က စိတ္တိုေနလိမ့္မည္။
"ဦေးလးက မင္းကို အေျဖတန္းေပးလုိက္လို႕ေတာ့ မရဘူး။ ဒီလို ဆိုရင္ေကာ ဘယ္လိုလဲ။ သူတို႕ကို ဒီကိုလာဖို႕ ေျပာလုိက္။ ငါက သူတို႕ကို ကိုယ္တုိင္ စစ္ေဆးလိုက္မယ္။ ငါ့ကို အထင္ၾကီးေစမယ္ ဆိုရင္ေတာ့ သူတို႕ကို လက္ေထာက္အျဖစ္ လက္ခံေပးမယ္" Ye Han ေျပာလုိက္သည္။
"ဒါဆိုလဲ ကၽြန္ေတာ္ အမ်ားၾကီး ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္ သူတို႕ကို ေျပာျပလိုက္ပါ့မယ္"
You XiaoMo မ်က္ႏွာက ေပ်ာ္ရႊင္ျမဴးတူးမႈေရာ အံၾသမႈပါ ထင္ဟပ္လ်က္ ခ်က္ခ်င္း ေျပာလုိက္သည္။
Ye Han ကေတာ့ ေခါင္းခါမိသည္။ သူ႕ အစ္ကိုမ်ား ဒီအခြင့္အေရး ရတဲ့ အတြက္ ျဖဴစင္လွေသာ ေပ်ာ္ရႊင္မႈျဖင့္ အတြင္းစိတ္ထဲကေနကို ေပ်ာ္ရႊင္ ျမဴးတူးသြားတဲ့ ဒီလို အေပ်ာ္မ်ိဳး သူ မျမင္ရတာ အခ်ိန္ေတာ္ေတာ္ ၾကာခဲ့ျပီ။ ႏွေျမာလိုက္တာ...သူ႕မွာ ဆရာ ရွိျပီးသာ ျဖစ္တာ ႏွေျမာလိုက္တာ။ မဟုတ္ပါက သူ႕ကို တပည့္အျဖစ္ ထားဖို႕ဆိုတာ မေကာင္းတဲ့ ဆံုးျဖတ္ခ်က္လဲ မဟုတ္ပါဘူး။ အဲဒိလို ေတြးမိေတာ့ Ye Han က အတြင္းစိတ္ထဲ ထိတ္လန္႕သြားသည္။ သူက တပည့္ထားဖို႕ မစဥ္းစားေတာ့တာ ၾကာၾကာလွခဲ့ျပီေလ။ အခုေတာ့ သူ ႏွစ္ၾကိမ္သာ ေတြ႕ဖူးေသာ ေကာင္ေလးက သူ႕ကို ဒီအေတြးကို ေပးစြမ္းေနသည္ ေတာ္ေတာ္ေလး အံၾသဖို႕ ေကာင္းလွသည္။
အခြင့္အေရး အၾကီးၾကီး လြတ္သြားေသာ You XiaoMo ကေတာ့ အဲဒါကို မသိပဲ Ling Xiao ဆြဲေခၚသြားရာေနာက္ ေတာင္ေအာက္ကို စိတ္လႈပ္ရွားမႈ အျပည့္ႏွင့္ ပါသြားေလးသည္။ ၾကည့္ရတာေတာ့ သူ႕အစ္ကိုေတြကို ဒီသတင္းေကာင္း ေပးဖို႕ မေစာင့္ႏိုင္ေတာ့သလိုပင္။
Unicode
C-89 "Successful pitch."ပြီးခဲ့တဲ့ အခေါက်ကလိုပင် သူတို့ကို လာရောက် ခေါ်ဆောင်သူက ဆံပင်ကို နောက်လှန်ဖြီးထားသော ကလေးပဲ ဖြစ်သည်။ထိုကောင်လေး၏ ခန္ဓာကိုယ်က အခြားသူများ အနားကပ်ခြင်း တားဖြစ်ထားသော မြင့်မြတ်သော အရှိန်အဝါတွေ ထုတ်လွှတ်နေသည်။ You XiaoMo က သူ့အဆင့်အတန်းကို သေချာသလောက်တော့ ရှိသည်။ သူက YunShui တောင်ထွတ်၏ ဒဏ္ဍာရီလာ အစောင့်များထဲက တစ်ယောက် ဖြစ်နိုင်သည်။ ဒီအကြီးအကဲ၏ အပြင်ပန်း သဏ္ဍာန်က သူ့စိတ်ထဲတွင် တွေးထားသည့် ပုံရိပ်နှင့် တော်တော်လေး ကွာခြားနေသည်သာ ရှိသည်။သူတို့ နှစ်ဦးကို ခြံဝန်း၏အပြင်ဘက်သို့ ခေါ်သွားပြီး ထိုကောင်လေးက အသံတိတ် ပျောက်ကွယ်သွားပြန်သည်။You XiaoMo လည်း ထူးဆန်းထွေလာများကို မြင်ရတာ ကျင့်သားရနေပြီ ဖြစ်သောကြောင့် Ling Xiao နှင့်သာ အရင်တစ်ခေါက်က သူတို့ သွားခဲ့သော လမ်းအတိုင်း အထဲကို အတူဝင်ခဲ့ကြသည်။ ကြီးမားသော မှော်ဆေးပင် စိုက်ခင်း၏ အရှေ့တွင် တဲအိမ်လေး တစ်ခု ရှိသည်။ ထိုအချိန်တွင် အရှေ့က သွားနေသော Ling Xiao က ရုတ်တရတ် ရပ်လိုက်သည်။ You XiaoMo က အဲဒါကို သတိမထားမိပဲ သူ့နောက်ကျောကို ခေါင်းနှင့် ဝင်တိုးမိတော့သည်။ နာသွားသော သူ့နှာခေါင်းကို ပွတ်ရင်း ပြောတော့မလို ရှိနေသေးသည် Ling Xiao က ရုတ်တရတ် သူ့ပါးစပ်ကို အုပ်ထဲ့လိုက်သည်။You XiaoMo က ခေါင်းမော့ကာ မျက်လုံးများနှင့် သာ "ဘာဖြစ်လို့လဲ""တစ်ယောက်ယောက် ရှိနေတယ်"Ling Xiao ပါးစပ်က ထိုစကားများကို အသံတိတ် ပြောလိုက်ကာ You XiaoMo နားလည်သလား ဆိုတာ ဂရုမစိုက်။ တဲအိမ်လေးထဲက လှုပ်ရှားမှုများကို သာ သူ့နားစွင့်လိုက်သည်။You XiaoMo ကတော့ မီတာ သုံးဆယ်လောက် ဝေးနေသေးသော သစ်သားတဲအိမ်လေးကို လှမ်းကြည့် လိုက်သည်။ သူ့နှုတ်ခမ်းများကတော့ စူထော်လို့။ခဏကြာတော့ Ling Xiao က You XiaoMo ပါးစပ်မှာ အုပ်ထားသော သူ့လက်ကို ဖယ်ကာ လမ်းဆက်လျှောက်ရန် အရိပ်အချေ ပြလေသည်။You XiaoMo က ထို အရိပ်အကဲကို မြင်သည်။ သူတို့ စကားပြောနိုင်ပြီ ဆိုတာ သိသွားတော့ သူ အမြန်မေးတော့သည် "ခုဏလေးက ဘာဖြစ်တာလဲ။ သစ်သားတဲအိမ်လေးထဲမှာ ဦးလေးYe အပြင် တစ်ယောက်ယောက် ရှိနေတယ်တော့ လာမပြောနဲ့ ဘယ်သူမှလဲ ထွက်မလာပဲနဲ့""အဲဒိလူက ထွက်သွားပြီ။ မင်းမမြင်တာ မထူးဆန်းဘူး"Ling Xiao က သူ့ကို ဖုံးကွယ်မထားပဲ ဆက်ပြောသည်။ "သူတို့တွေက မင်းအကြောင်း ပြောနေတာ။ အဲဒိလူကို Tang Fan လွှတ်လိုက်တာ။ Tang Fan က Ye Han မင်းကို သူ့လက်ထောက်အဖြစ် လက်ခံချင်တာ ကြားတော့ မင်းကို မခေါ်ဖို့ လူတစ်ယောက်လွှတ်ပြီးတော့ ပြောတာ""ဘာလို့လဲ" You XiaoMo အနည်းငယ် ဝမ်းနည်းစွာနှင့် မေးလိုက်သည်။ဘာလို့ လူတိုင်းက သူ့ကို ဦးလေးYe ရဲ့ လက်ထောက် မဖြစ်စေချင်ရတာလဲ။ သူ့ရင်ထဲက သိနေပေမယ့်လဲ အခြားသူတွေရဲ့ ပါးစပ်ကနေ ကြားရတဲ့ အခါကျတော့လဲ သူ အရမ်းမှားယွင်းနေသလို ခံစားရသည်။"မေးနေဖို့ လိုလို့လား"Ling Xiao က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပဲ ဆက်ပြောသည် "Ye Han ဆိုတာ TianXin ဂိုဏ်းက လူတိုင်းက သူ့ဘေးမှာပဲ နေချင်တာ ခံရတဲ့သူ။ Tang Fan တောင် ချွင်းချက် မဟုတ်ဘူး။ Tang Fan နဲ့ ရင်းနှီးတဲ့ တောင်ထွတ်ဆိုလို့ ကောင်းကင်တောင်ထွတ်ပဲ ရှိတယ်။ သူက TianXin ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေပေမယ့် Ye Han ဘေးမှာ ရှိစေချင်တဲ့သူက ကောင်းကင်တောင်ထွတ်က လူပဲ ဖြစ်စေချင်တာ။ ပြီးတော့ မင်းက မြေကမ္ဘာတောင်ထွတ်ကလေ သူ လက်ခံလိုက်ရင် ထူးဆန်းသွားမှာပေ့ါ "You XiaoMo က နှုတ်ခမ်း ဆူထော်က "ကျွန်တော်က TianXin ဂိုဏ်းသား တစ်ယောက်ပဲကို....."Ling Xiao က ဟွန့်ခနဲ လုပ်ကာ ပေါ့ပေါ့ပါးပါးနှင့် " Tang Fan က မင်းထင်နေသလို မျှတပြီး ဘက်မလိုက် တတ်တဲ့သူမှ မဟုတ်တာ။ သူလဲပဲ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ် ဆန္ဒရှိတဲ့ သာမာန် လူတစ်ယောက်ပဲ ပြီးတော့ သူက ထိပ်ပိုင်းရောက်နေတာ ကြာလှပြီ။ ဘယ်လောက်ပဲ မြင့်မြတ်ပါစေ တစ်ကိုယ်ကောင်းစိတ်လေး နဲနဲပဲ လျော့နိုင်တဲ့သူပဲလေ။ ပြီးတော့ Tang Fan က ဘယ်တုန်းကမှ သူတောင်စင် သူတော်ကောင်း တစ်ယောက် မဟုတ်ဘူး။ နောက်ထပ် အကြိမ်နည်းနည်းလောက် မင်းကြုံလိုက်ရရင် မင်းလဲ ကျင့်သားရသွားမှာ"You XiaoMo နှုတ်ခမ်းစူနေသည်။ သူက ကျင့်သားရသွားဖို့ စိတ်ဆန္ဒလုံးလုံး မရှိပါဘူးနော်။ ဒီကမ္ဘာကြီးက မမျှော်မှန်းနိုင်တဲ့ အန္တရာယ်တွေ များလွန်းသည်။ သူက ကမ္ဘာမြေ ကိုပဲ ပြန်သွားချင်တာပါ။"အဲဒိလူက ဦးလေးYe ကို ဘာပြောတာလဲ ဆိုတာ ကြားလိုက်လား" You XiaoMo မေးလိုက်သည်။အဲဒိစကားကို ကြားတော့ Ling Xiao က သူ့လက်တစ်ဖက်ကို You XiaoMo ပခုံးပေါ် လှမ်းမတင်ပဲ မနေနိုင် ပြီးတော့ လက်ချောင်းတစ်ချောင်းနှင့် သူ့မေးလေးကို မော့စေပြီး အလေးမထားသံနှင့် "ဒါပေ့ါ။ သူက အပြင်ဘက်မှာ အကာအရံထားပေမယ့် အဲဒိအဆင့်က ကိုယ့်ကို ခက်ခဲစေတာမှမဟုတ်ပဲ။မင်း သိချင်လို့လား"You XiaoMo ထူထော်နေရင်းက ထပ်ထော်သွားပြန်သည်။ သူ ဘာလို့ အနှောင့်အယှက် ပေးခံနေရတယ်လို့ပဲ ခံစားနေရတာပါလိမ့်။ ဒီလူမနက် အိပ်ယာထကတည်းက တစ်ခုခု မှားခဲ့တာ ဖြစ်မည်။ မဟုတ်ဘူးဆိုရင် သူ ကပဲ အထင်အမြင် လွဲမှားနေတာလား။Ling Xiao က သူဘာမှ မဖြေတာ မြင်တော့ ဘာမှလဲ ခံစားမနေပဲ "တကယ်တော့ ငါမင်းကို မပြောလဲ မင်းမှန်းလို့ ရနေတာပဲ။ အဲဒိလူက မင်း TianXin ဂိုဏ်းကို ဝင်လာတာ နှစ်လလောက်ပဲ ရှိတယ် ဒီတော့မှာ မှတ်တမ်းမှတ်ရာလဲ မရှိသေးဘူးဆိုတဲ့ အချက်ကို အကြောင်းပြချက်အနေနဲ့ သုံးသွားတာ မင်းကို လက်ထောက်အဖြစ် ခေါ်ဖို့ မေ့ထားလိုက်ပြီးတော့ Tang YunQi ကို မင်းနေရာကို သုံးစေချင်နေတာ။ ဒါပေမယ့် Ye Han ကလဲ ညှိနှိုင်းလွယ်တဲ့ သူမှ မဟုတ်တာ။ သူက မင်းအပြင် အခြာ်းသူတွေ မလုပ်နိုင်ဘူး ပြောနေတာ။ အဲဒိလူကလည်း Tang Fan ဆီက အမိန့်ရထားတော့ လက်မလျော့ဘူး။ အဆုံးသတ်ကျတော့ မင်းရဲ့ နောက်ခံကို သံသယရှိနေတယ် ပြီးတော့ မင်းက သူလျှိုတစ်ယောက် ဖြစ်နိုင်တယ်တဲ့လို့ ပြောလိုက်ရော။ မင်းရဲ့ ခြေသံ ကြားတဲ့ အထိ ပြောနေကြတာ ပြီးတော့ အဲဒိလူက ထွက်သွားတယ်။ အဲဒိလောက်ပါပဲ "You XiaoMo ထပ်ပြီးတော့ သုံးခါလောက် နှုတ်ခမ်းထော်သွားပြီးသည်။ နောက်ဆုံးက စကားတွေက သူ့ကို အပြစ်နေတာလို့ ဘာလို့များ ခံစားနေရတာပဲ။ သူက မှော်ဆရာ ပေါက်စလေးပဲ ဟာကို။ အဲဒိလို မယုံနိုင်စရာ ထိတ်လန့်ဖို့ ကောင်းတဲ့ ဟာတွေ သူ့နာမည်မှာ ထပ်ထဲ့ဖို့ မလိုပါဘူး။"ဝင်ခဲ့" Ye Han အသံ တဲ ထဲက ထွက်လာသည်။အဲဒိတော့မှပဲ သူ တဲအိမ်လေး ဆီကို သတိလက်လွတ် လျှောက်နေတာကို You XiaoMo သတိပြုမိသည်။ ပြီးတော့ သူ တံခါးကို တွန်းကာ Ling Xiao နှင့် အထဲ ဝင်သွားလိုက်သည်။Ye Han က မှော်ဆေးပင် စင်တစ်စင် ရှေ့တွင် မတ်တပ်ရပ်နေကာ သူတို့ကို ကျောခိုင်းပြီး ဆေးပင်တွေ ကို နေရာတကျ ထားနေသည်။ တံခါးဖွင့်လိုက်သံ ကြားတော့ သူလှည့်လာသည်။ သူ့မျက်နှာက တည်ငြိမ်နေကာ လွန်ခဲ့သော သုံးရက်က လိုပဲ။ လွန်ခဲ့သော မိနစ်ပိုင်းလေးက အကြီးအကျယ် ဒေါသထွက်မထားသည့်အလားပင်။"အဲဒိတော့ မင်းဘယ်လို စဉ်းစားထားလဲ"Ye Han ကလည်း ကွေ့ဝိုက်ပြောတာ မကြိုက်လှပဲ တည့်တည့်မတ်မတ်ပင် ထိုင်ပြီးတာနဲ့ မေးတော့သည်။You XiaoMo က သူ့ကို ခပ်ဖျော့ဖျော့လေး ပြုံးပြသော Ling Xiao ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သူ့အကြည့်တွေကို အမြန်လွှဲပြီးတော့ ခဏလောက် တုန့်ဆိုင်းနေပြီးမှ စကားစပြောလေသည်။ "ဦးလေးYe က ကျွန်တော်လို လူကို သဘောကျတာ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီလို ကြင်နာမှုမျိုးနဲ့ မထိုက်တန်ပါဘူး။ ကျွန်တော်က ဒီရာထူးနဲ့ မသင့်တော်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒီတော့ ကျွန်တော့်ထက် ပိုကောင်းတဲ့သူကိုပဲ ဒီနေရာကို ပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ် "သူ့စကားများကို ကြားတော့ Ye Han က မအံသြသွား။ သူ့ကို တစ်ချက်လောက် ကြည့်ပြီးမှသာ သက်ပျင်းဖျော့ဖျော့ ချပြီးတော့ "ကြည့်ရတာ မင်းလဲ ကြားပြီးပြီ ထင်တယ်။ လွန်ခဲ့တဲ့ သုံးရက်တုန်းက ငါ တော်တော်လေး အလျင်စလို လုပ်မိတာပဲ။ မင်းကို ဘယ်လိုတောင် ပြဿနာတွေ ဖြစ်စေမယ် ဆိုတာ ငါမတွေးလိုက်မိဘူး""အဲဒိလို မဟုတ်ပါဘူး ဦးလေးYe"You XiaoMo ကအဲဒိလို တာဝန်ခံသည့် စကားတွေ ကြားလိုက်တော့ "ဒီကိစ္စကို ဒုက္ခများတယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မခံစားပါဘူး။ အဲဒါက..အဲဒါက....."သူ့ဦးနှောက်ကို ပြင်းပြင်းထန်ထန် အလုပ်ပေးပေမယ့် You XiaoMo မှာ သူဘယ်လို ပြောသင့်တယ် ဆိုတာ တွေးမရဘူး ဖြစ်နေတာနဲ့ သူ့ဘေးက Ling Xiao ကိုသာ ကြည့်လိုက်တော့သည်။Ling Xiao က သူ့ရဲ့ အနူးအညွတ်တောင်းပန်နေသည့် အကြည့်ကိုမြင်တော့ သူ့ကို ချက်ချင်း စဉ်းစား မိသည့် အပေါ်တွင် အလွန်ပျော်ရွှင်သွားသည်။ အခုက သူတို့ သုံးယောက်ထဲသာရှိတော့သောကြောင့်ပဲ You XiaoMoမှာ အခြားရွေးချယ် စရာ မရှိချေ။ Ling Xiao ကတော့ အဲဒိအချက်ကို လျစ်လျူရှုကာ တစ်သတ်မတ် ထဲပဲ တွေးတော့သည်။"ဦးလေးYe၊ ဒီကိစ္စက ဦးလေးက ကျွန်တော်တို့ နှစ်ယောက်ထက် ပိုသိလိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်။ ဦးလေးရဲ့ အဆင့်အတန်းက အရမ်းထူးခြားတယ်လေ။ ဦးလေးရဲ့ ဘေးမှာ တပည့်ပဲ ဖြစ်ဖြစ် လက်ထောက်ပဲ ဖြစ်ဖြစ် TianXinဂိုဏ်းကို တစ်ရာ ရာနှုန်းပြည့် ချစ်ခင်လေးစားတဲ့သူ ဖြစ်ဖို့လိုတယ်။ ဒါပေမယ့် You XiaoMo က ကျတော့ မတူဘူးလေ။ သူက TianXin ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ လက်မခံရသေးဘူး (သစ္စာမခံရသေးဘား)။ ဒီတော့ Tian Xin ဂိုဏ်းကလဲ သူ့ကို မယုံသေးဘူးလေ။ ဒီလို ဂိုဏ်းသား တစ်ယောက်က YunShui တောင်ထွတ်ကို ဝင်လိုက် ထွက်လိုက် လုပ်ဖို့ ဆိုတာကို ဂိုဏ်းချုပ်ကြီးကလဲ သဘောတူမှာ မဟုတ်ဘူး။ အဲဒိရှေးရိုးစွဲကြီးတွေကလည်းပဲ လက်ခံမှာ မဟုတ်ဘူး"YunShui တောင်ထွတ်ဆိုတာက TianXin ဂိုဏ်း၏ အသည်းသပွတ်လို့ ခေါ်နိုင်သည်။ ဆံချည် တမျှင်လောက် ထိမိလျှင်တောင် တစ်ကိုယ်လုံးကို ထိခိုက်စေနိုင်သည်။"အာ့ ဟုတ်ပါတယ် ဦးလေးYe။ ဦးလေး လက်ထောက် တစ်ယောက်လောက် တကယ်လိုတာ ဆိုရင် ကျွန်တော့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုက လုပ်ပေးနိုင်ပါတယ်။ သူတို့က အဆင့်လေး မှော်ဆရာတွေပါ။ သူတို့ရဲ့ အတွေ့အကြုံကလည်း ကျွန်တော့်ထက် များပါတယ် ကျွန်တော့်ထက် သေချာပေါက် ပိုလုပ်နိုင်မှာပါ။ တကယ်ပါ ကျွန်တော့်ကို မယုံဘူးဆိုရင် သူတို့ကို စမ်းသပ်လို့ ရပါတယ် ဦးလေး"You XiaoMo က အမြန် ဝင်ပြောလိုက်သည်။ သူအခုတော့ Ling Xiao၏ ခွဲခြမ်းစိတ်ဖြာ မှုကို နားလည်သွားပြီ။ တကယ်ပဲ သူက လက်ထောက်တစ်ယောက်ဆိုသော ဒီလမ်းကို လျှောက်ဖို့ ခက်ခဲလွန်းလှသည်။ ပြောင်းလဲဖို့ ခေါင်းမာနေမယ့်အစား ဒီအခွင့်အရေးကို အစ်ကိုကြီးနှင့် ဒုတိယအစ်ကို ကို ပေးလိုက်တာ ပိုမကောင်းဘူးလား။ ဒီလိုဆိုရင် ဒီအခွင့်အရေးကလဲ အလဟသတ် ဖြစ်မသွားတော့ဘူး။Ye Han က ငိုရမလား ရယ်ရမလား မသိ။ ဒီလို လေးနက်တဲ့ ခေါင်းစဉ်ကြီးက သူ့ဆီက ဒီလို ကြားလိုက်တော့လဲ သူ့ရဲ့ လေးနက်မှုကြီးကို ထပ်ထိန်းမထားနိုင်တော့။ ဒီဂိုဏ်းသားလေးက ဒီလို အခွင့်ရေး ကောင်းကြီးိကု လွတ်လိုက်ရမှာ စိုးရိမ်စွာနဲ့ သူ့အစ်ကိုတွေကို ခပ်မြန်မြန် တိုးပို့လိုက်သည်လို့တောင် သူတကယ်ကြီး ခံစားရသည်။Ling Xiao ကတော့ သူ့အစ်ကိုကြီးကို ဆက်တွေးနေမှန်း ကြားလိုက်တော့ ခပ်မြန်မြန် ကျော်သွားချင်ပေမယ့် ရုတ်တရတ် အတွေးတစ်ခု ဝင်လာသည်။ သူသည်လဲ Ye Han မပြောခင် အမြန်ဝင်တွန်းပေးလိုက်သည်။"ဦးလေးYe ညီလေး ပြောတာလဲ မှန်ပါတယ်။ ကျွန်တော်လဲ အဲဒိ ညီနောင်နှစ်ယောက်နဲ့ တွေ့ဖူးတယ်။ သူတို့ စရိုက်က အခြားသူတွေနဲက ယှဉ်ရင် တော်တော်လေး ကောင်းတယ်။ အစ်ကိုကြီး Fang ChenLe က ပြောလို့ ဆိုလို့ကောင်းတဲ့ နူးညံ့ဖော်ရွေတဲ့ သူပါ။ သူ့နာမည်ကြီးမှုကတော့ တော်တော်လေး မြင့်တယ်။ ဒုတိအစ်ကိုဖြစ်တဲ့ Fu ZiLin ကတော့ နည်းနည်းတော့ အေးစက်ပေမယ့် တစ်ခုခု လုပ်ရင်တော့ အရမ်းလေးနက်ပါတယ်။ သူတို့ နှစ်ယောက်လုံးကို လက်ခံချင်တယ် ဆိုရင် ဦလေး နောင်တရစရာ မဖြစ်ဘူးလို့ ကျွန်တော် အာမခံပါတယ်"ဒီစကားများ ကြားတော့ You XiaoMo က အံ့သြတကြီး မျက်လုံးကြီး ပြူးကာ Ling Xiao ကို ကြည့်တော့သည်။Ling Xiao က သူ့အစ်ကိုတွေ ကိုယ်စား ပြောပေးတာကို ယုံဖို့တောင် ခက်လှသည်။ Ling Xiao က အစ်ကိုကြီးကို သိပ် သဘောမကျဘူးလို့ သူမှတ်မိနေပါသည်။ ပြီးတော့ သူက အဲဒိနှစ်ယောက်ကို သူ့ထက်တောင် ပိုနားလည်နေသေးသည်။အံ့သြတဲ့သူက You XiaoMo တစ်ယောက်ထဲတောင် မဟုတ် Ye Han လဲ ပါသည်။သို့သော် Ye Han ကတော့ You XiaoMo လို သူ့အတွေးတွေကို မျက်နှာပေါ် မပြ။ သူက သူ့ရင်ထဲမှာသာ အံအားသင့်သွားတာ ဖြစ်သွားတာ ဖြစ်သည်။Ling Xiao က တစ်ကယ်ကြီး တစ်ယောက်ယောက်ကို ထောက်ခံနေသည် ပြီးတော့ အဲဒိလူတွေက မြေကမ္ဘာတောင်ထွတ်က လူတွေ။ Tang Fan သာ သိသွားရင် ဒီတပည့်ကြောင့် ဒေါသထွက်လွန်းကာ သေလောက်သည်။ သို့သော်လည်း သူကတော့ ဒီ Ling Xiao ကို သူက ပိုသဘောကျသည်။ Tang Fan သာ တကယ်ကြီးဒေါသထွက်ရင်တော့ မကောင်းလှ။"ဦးလေးYe ကော ဘယ်လို ထင်လဲဟင်" You XiaoMo သတိလေး ထားပြီး မေးလိုက်သည်။Ye Han ကတော့ခပ်တည်တည်ကြီး မနေနိုင်တော့။ ဒါက ဂျူနီယာတစ်ယောက် သူ့ကို ပထမဆုံးအကြိမ် ဒီလို ပြောရဲတာ ဖြစ်သည်။ ပြီးတော့ သူ့ဆုံးဖြတ်ချက်တောင် မေးနေသေးသည်။ ဒီလို အချိန်လေး အတွင်းမှာ သူ စဉ်းစားလို့ ၇တယ်လို့ ပြောလို့ ရလို့လား။သူတို့ နှစ်ယောက်အပေါ် Ye Han ၏ အမြင်က အဆိုးကြီး မဟုတ်ပေမယ့် ဒီလို ကိစ္စကြီး ဆိုတာကို သူ အချိန်တိုလေးအတွင်းမှာ ဆုံဖြတ်လို့ မရ။ မဟုတ်လျှင် သေချာပေါက် တစ်ယောက်ယောက်က စိတ်တိုနေလိမ့်မည်။"ဦေးလးက မင်းကို အဖြေတန်းပေးလိုက်လို့တော့ မရဘူး။ ဒီလို ဆိုရင်ကော ဘယ်လိုလဲ။ သူတို့ကို ဒီကိုလာဖို့ ပြောလိုက်။ ငါက သူတို့ကို ကိုယ်တိုင် စစ်ဆေးလိုက်မယ်။ ငါ့ကို အထင်ကြီးစေမယ် ဆိုရင်တော့ သူတို့ကို လက်ထောက်အဖြစ် လက်ခံပေးမယ်" Ye Han ပြောလိုက်သည်။"ဒါဆိုလဲ ကျွန်တော် အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော် သူတို့ကို ပြောပြလိုက်ပါ့မယ်"You XiaoMo မျက်နှာက ပျော်ရွှင်မြူးတူးမှုရော အံသြမှုပါ ထင်ဟပ်လျက် ချက်ချင်း ပြောလိုက်သည်။Ye Han ကတော့ ခေါင်းခါမိသည်။ သူ့ အစ်ကိုများ ဒီအခွင့်အရေး ရတဲ့ အတွက် ဖြူစင်လှသော ပျော်ရွှင်မှုဖြင့် အတွင်းစိတ်ထဲကနေကို ပျော်ရွှင် မြူးတူးသွားတဲ့ ဒီလို အပျော်မျိုး သူ မမြင်ရတာ အချိန်တော်တော် ကြာခဲ့ပြီ။ နှမြောလိုက်တာ...သူ့မှာ ဆရာ ရှိပြီးသာ ဖြစ်တာ နှမြောလိုက်တာ။ မဟုတ်ပါက သူ့ကို တပည့်အဖြစ် ထားဖို့ဆိုတာ မကောင်းတဲ့ ဆုံးဖြတ်ချက်လဲ မဟုတ်ပါဘူး။ အဲဒိလို တွေးမိတော့ Ye Han က အတွင်းစိတ်ထဲ ထိတ်လန့်သွားသည်။ သူက တပည့်ထားဖို့ မစဉ်းစားတော့တာ ကြာကြာလှခဲ့ပြီလေ။ အခုတော့ သူ နှစ်ကြိမ်သာ တွေ့ဖူးသော ကောင်လေးက သူ့ကို ဒီအတွေးကို ပေးစွမ်းနေသည် တော်တော်လေး အံသြဖို့ ကောင်းလှသည်။အခွင့်အရေး အကြီးကြီး လွတ်သွားသော You XiaoMo ကတော့ အဲဒါကို မသိပဲ Ling Xiao ဆွဲခေါ်သွားရာနောက် တောင်အောက်ကို စိတ်လှုပ်ရှားမှု အပြည့်နှင့် ပါသွားလေးသည်။ ကြည့်ရတာတော့ သူ့အစ်ကိုတွေကို ဒီသတင်းကောင်း ပေးဖို့ မစောင့်နိုင်တော့သလိုပင်။