Part 3(Unicode+Zawgyi)

110K 11.5K 1.2K
                                    

UNICODE

အပိုင်း

ဒီလိုနဲ့ ကျွန်တော့်ရဲ့မိုးတွင်းလေးက ခါတိုင်းနှစ်တွေနဲ့မတူဘဲ စတင်ပြီး စွတ်စို..စိမ်းလမ်းလာခဲ့တယ်။

လူတစ်ယောက်ကို နေ့တိုင်း မပျက်မကွက် တွေ့ရရင် ပျော်ရပါသလား။ ပျော်ရွှင်ခြင်းဆိုတာကို လူကြီးတွေက ဘယ်လိုအဓိပ္ပါယ် ဖွင့်ကြပါသလဲ။

ကျွန်တော့်အတွက်ကတော့..

မနက်ခင်းတိုင်း ရှူတည်တည်မျက်နှာပေးလေးကို မြင်ရတာက မိုးဦးကဗျာလေးတစ်ပုဒ်ကို ရွတ်နေရသလိုပေါ့။ နုသစ်တယ်၊ လတ်ဆတ်တယ်။ အဖေ့ကြောင့် ကဗျာလေးတွေကို ချစ်တတ်ခဲ့တဲ့ ကျွန်တော်က ဘေးအိမ်ကကောင်လေးကို ကဗျာတစ်ပုဒ်လို စတင်တွေးတောလာမိတယ်။

ညီလေးတစ်ယောက်လိုလား၊ အဖော်တစ်ယောက်လိုလား၊ သူငယ်ချင်းတစ်ယောက်လိုလား၊ ဘယ်လို တွယ်တာမိမှန်းတောင် ကိုယ့်ဘာသာ မသိတဲ့ ကျွန်တော်က.. ဘေးအိမ်ကကောင်လေးကို စူးစမ်းရင်း၊ ကျွန်တော့်နေ့တွေကို ဖြတ်သန်းရင်းပေါ့။

သေချာကြည့်မိတိုင်း အံ့ဩစရာကောင်းအောင်လှတဲ့ နှာတံတွေရယ်၊ အမြဲသပ်ရပ်ပြီး တိတိရိရိ လှီးဖြတ်ထားတဲ့ လက်သည်းခြေသည်းတွေရယ်၊ လေးထောင့်ကျကျ မျက်နှာလေးရယ်၊ စူးရဲနေပေမဲ့ အမြဲညိုနေတဲ့ မျက်ဝန်းတွေရယ်။

လူတစ်ယောက်ကို အကဲခတ်ရတာ ဒီလောက်စိတ်ဝင်စားဖို့ ကောင်းပါသလား။

သိပ်ခက်တဲ့ သင်္ချာတစ်ပုဒ်လိုပေါ့..အရာအားလုံးဟာ သေချာကြည့်လေ..ကျွန်တော်မဖြေရှင်းနိုင်လေ။ ဘေးအိမ်ကကောင်လေးက ကျွန်တော် ခက်ခက်ခဲခဲ ပုံဖော်နေရတဲ့ ရုပ်ရှင်အနှေးပြကွက်တစ်ခုလို။

သေချာစူးစမ်းချင်လို့ စိုက်ကြည့်မိတိုင်း ဘေးအိမ်ကကောင်လေးက မကြိုက်သလို မျက်နှာလွှဲဖယ်တယ်။

အားလုံးခြုံကြည့်ရင် လူချောလေးလို့ တီးတိုးသတ်မှတ်မိပေမဲ့ ဘေးအိမ်ကကောင်လေးရဲ့ နာမည်ကို အခုထိ ကျွန်တော်..မသိပါဘူး။ သိဖို့လဲ ဘယ်နည်းနဲ့မှ မကြိုးစားခဲ့ပါဘူး။

"ဟိတ်.."

အနောက်ကနေ ကျောကုန်းကို ပုတ်ပြီးခေါ်တော့ ဘေးအိမ်ကကောင်လေးက စက်ဘီးနင်းနေရင်း ခေါင်းတစ်ချက် ဆတ်ပြတယ်။ သိတယ်..ပြောဆိုတဲ့ ပုံစံမျိုး..

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now