Part 31(Unicode+Zawgyi)

76.7K 7K 1.8K
                                    

UNICODE

ရွာနီးတစ်ဝိုက်အထိ မောင်းထုထားတာမို့ ချောင်းတစ်ခုပဲ ခြားတဲ့ ကပ်ရပ်ရွာတွေကပါ ရောက်လာတယ်။ မနက်ခင်းလေးမှာ ဟောပြောပွဲ လုပ်မဲ့ကွင်းပြင်လေးထဲ လူတွေ ခဲနေပြီ။ ကိုးနာရီဆို စမှာမို့ ပထမဆုံး ပြောရမဲ့ မဝေမာက အဆင်သင့်ဖြစ်နေပြီ။ ထူးဆန်းတာက ကိုးအိမ်တန်းရွာလေးမှာ အပျိုလေးတွေ လှိုင်လှိုင်ပေါပါတယ်။ အားလုံးဟာ သနပ်ခါးအဖွေးသားနဲ့ တကယ်ကို ရိုးသားပြီး ကြည်ကြည်လင်လင် မျက်နှာလေးတွေ။ မျက်လုံးချင်းဆုံတိုင်း ချစ်စဖွယ် ပြုံးပြတတ်ကြသေးတယ်။

ဒီရွာလေးက ချောင်းပတ်ပတ်လည် ဝန်းရံထားတာမို့ ရေကြီးတတ်တဲ့အထဲ ပါပေမဲ့ ရေပြန်ကျသွားတိုင်း အညစ်အကြေးတွေက ပိတ်ဆို့နေတဲ့ ရေဆိုးမြောင်းတွေထဲ စုတင်ကျန်ရစ်ခဲ့ပါတယ်။ အဓိက,ကတော့ ရေသေတွေထဲ ခြင်တွေခိုအောင်းလာပြီး မိုးတွင်းကာလဆို သွေးလွန်တုပ်ကွေးနဲ့ ဝမ်းရောဂါ ဖြစ်နိုင်ချေ အလွန်များပါတယ်။ ရေဆိုးမြောင်းတွေ ဖော်ပစ်ဖို့နဲ့ လိုအပ်ရင် မြောင်းတွေထဲထည့်ဖို့ ဝေပေးရမဲ့ ဆေးထုတ်တွေနဲ့ မနက်ကတည်းက ကျွန်တော်တို့ အလုပ်ရှုပ်နေကြတာ။

တစ်ချိန်လုံး အနားကို လာလာကပ်နေတဲ့ ဇကြောင့် အလုပ်က ထင်သလောက် ခရီးမပေါက်။ ဆေးပစ္စည်းတွေ ဟိုနေရာကနေ ဒီနေရာရွေ့တာမျိုးအထိ ကျွန်တော့်ကို ဘာတစ်ခုမှ မကိုင်ခိုင်းဘူး။ အားလုံးဟာ ပေါ့ပေါ့ပါးပါးတွေမို့ သယ်ရတာ အခက်အခဲမရှိပေမဲ့ ကျွန်တော်တစ်ခု မ,လာတာမြင်တိုင်း ဆွဲဆွဲလုတတ်တယ်။ သူ့ကြင်နာမှုကို ကျေးဇူးတင်မြတ်နိုးရပေမဲ့ အခါခါတိုင်းကျ ရွာသားတချို့ရဲ့ စူးစမ်းလာတဲ့ မျက်ဝန်းဒဏ်ကို စတင်ခံနေရပြီ။

ကျွန်တော်တို့နှစ်ယောက် အတူတူရပ်နေပြီဆို အပျိုလေးတွေကော၊ အပျိုကြီးတွေပါ အကုန်ဝိုင်းကြည့်တတ်တာမို့ ဇကို ခပ်ဝေးဝေးအထိ တွန်းထုတ်ထားဖို့ စဉ်းစားနေရတယ်။

"ဇ"

"အင်း"

"ဒါတွေ ဝိုင်းမသယ်နဲ့တော့...ပေါ့ပေါ့လေးတွေကို"

"သိတယ်လေ"

"အင်း အဲ့တာဆို လုမသယ်နဲ့တော့"

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now