Part 29 (Unicode+Zawgyi)

71.8K 7.1K 1.6K
                                    

UNICODE

"မောင်"

နောက်ကျောက ခေါ်သံထွက်လာကတည်းက လှည့်ကြည့်စရာ မလိုအောင် သိနေပါပြီ။ နေ့လယ်ထမင်းစားနားပြီး နားနေဆောင်ထဲ ခဏတစ်ဖြုတ် ခြေဆန့်လက်ဆန့်လုပ်ဖို့ ရောက်လာခဲ့တာ။ ဆရာဝန်များ နားနေဆောင်အထိ ရောက်ရောက်လာတတ်တာက သူမပဲ ရှိတယ်မဟုတ်လား။

"ဩ ဝတီ...ကိစ္စရှိလားဗျ"

နေကောင်းပြီးခါစမို့ထင်တယ် မျက်နှာနုနုလေးက နွမ်းနေပေမဲ့ သူမက လှပနေဆဲပါပဲ။ ကျွန်တော့်ဆီ အားနာသလို အကြည့်တစ်ချက် လွင့်လာပြီးမှ...

"မောင် ခဏလောက်များ အချိန်ရရင်..."

ကျွန်တော် သက်ပြင်းရှိုက်မိတယ်။ ဦးမြင့်မိုရ် ပြောသွားတာတွေက မလုံလောက်သေးဘူးလား။ သမီးဖြစ်သူကပါ နောက်ထပ် ပြောစရာတွေ ကျန်နေသေးတာလား။ စော်ကားဖို့ စကားလုံးတွေ ဘယ်လောက်များ ကျန်နေအုံးမလဲ။ ဒီတစ်ခါ တကယ်အားမနာနိုင်တော့ပါဘူး။

"တကယ်လို့ မကိုဋ် အတိတ်နဲ့ဆိုင်တာဆိုရင် ကျွန်တော် နားထောင်ဖို့ မလိုဘူး ဝတီ"

ဝတီက သဘောပေါက်သလို ခေါင်းတဆတ်ဆတ်ညိတ်တယ်။ သူမ မျက်ဝန်းမှာ အနိုင်ယူလိုစိတ်တွေ၊ မာနတရားတွေ ဘာတစ်ခုမှ မမြင်ရပါဘူး။ ဒီအတိုင်း ကျွန်တော့်ကို အားနာနေသလို ငေးကြည့်နေပြီးမှ...

"မကောင်းကြောင်း ပြောဖို့ မဟုတ်ပါဘူးမောင်...မောင်နဲ့ ဒီအတိုင်း ခဏလောက်...ဝတီ ခဏလောက် စကားပြောချင်ရုံပါ... ဝတီတို့ သားဖကို မောင် ဒီလောက်တောင် စိတ်ပျက်သွားလားဟင်"

ကျွန်တော် ဆံပင်တွေကို ဆွဲဖွပစ်မိတယ်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ။

"ဝတီ အထင်မှားနေပြီထင်တယ်...ကျွန်တော်က လူတစ်ယောက်အကြောင်းကို ခရေစေ့တွင်းကျ မသိနိုင်ဘဲ ဘယ်သူ့ကိုမှ တရားလွန် စိတ်ပျက်တယ်ဆိုတာမျိုး မရှိပါဘူး လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ်တော့ မှန်ကန်နေကြတာပဲလေ"

ဝတီက ယဲ့ယဲ့လေး ပြုံးပြီးမှ...

"ဒါကြောင့်ပဲ မောင့်ကို လူတွေ သဘောကျကြတာနေမှာ"

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now