"Regarding the second edition"

23.8K 1.2K 164
                                    

UNICODE

မင်္ဂလာပါရှင်။

သွဲ့တို့ မတွေ့ဖြစ်တာ သိပ်ကြာသွားပြီ ထင်ပါရဲ့နော်။ တမင်သက်သက် ပုန်းနေခဲ့တာ မဟုတ်ဘဲ ဒီကာလတွေမှာ စိတ်အားဖြင့်သော်လည်းကောင်း လူအားဖြင့်သော်လည်းကောင်း လွန်စွာ မအားလပ်ခဲ့တာမို့ ချစ်စွာသော ညီအစ်ကို မောင်နှမတွေကို အကြာကြီး ပစ်ထားမိသလို ဖြစ်ခဲ့ပါတယ်။ စာတွေမပြန်ဖြစ်၊ အဆက်အသွယ်တွေ ပြတ်တောက်စေခဲ့မိရင် စိတ်ရင်းနဲ့ အားနာရပါတယ်ရှင်။ အခုတော့ မောင့်ဗီဇလေးတို့ကြောင့် သွဲ့ဟာ ဒီနေရာလေးကို ရောက်လာခဲ့ပါတယ်။

ပထမဆုံး ပြောချင်တာက ဒုအကြိမ် ပြန်ထုတ်မယ်လို့ တွေးပြီးကတည်းက ငွေဈေးတွေ မြင့်တက်လာတာမို့ အကယ်၍များ ပြန်ကျသွားအုံးမလား ဆိုတဲ့ အတွေးနဲ့ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်း မူလမှန်းထားတဲ့ ကာလ အပိုင်းအခြားထက် များစွာ နောက်ကျသွားရပြီး ယခု ၈ လပိုင်းကုန်ကို ရောက်လာတဲ့ အထိပါပဲ။ ဒီထက် နောက်ဆုတ်ရင် ပိုဆိုးမဲ့ အခြေအနေ ဖြစ်နေတာမို့ သွဲ့တို့ဟာ အားနာနာနဲ့ပဲ ထုတ်ဝေဖို့ စီစဉ်လိုက်ရပါတယ်။

သိတဲ့အတိုင်း မောင့်ဗီဇဟာ စာသိပ်များတာမို့ မဖြစ်မနေ နှစ်အုပ်ခွဲရပါတယ်။ ခွဲလိုက်တဲ့ နှစ်အုပ်ကလဲ အထူကြီးတွေ ဖြစ်တဲ့အပြင် အတော်အတန် ရှည်တဲ့အချပ်ပို အသစ်လဲ ပါဝင်လာအုံးမှာမို့ ဈေးတွက်ကြတဲ့အခါ ချွေးဒီးဒီးကျရသလို စာအုပ်ချစ်သူတွေအတွက် မျက်နှာပူအားနာခဲ့ရပါတယ်။ ဒီအတွက်ကြောင့် တိုက်နဲ့သွဲ့ အတော်လေးကို ခေါင်းချင်းဆိုင် တိုင်ပင်ရပါတယ် ဈေးသက်သက်သာသာနဲ့သာ စာဖတ်သူတွေဆီ ရောက်စေချင်တာ မှန်သောစကားပါ။ ဒါကြောင့်ပဲ တတ်နိုင်သလောက် ဈေးကို လျှော့တွက်ပြီး SC တစ်မျိုးတည်းသာ ထုတ်ဝေဖို့ လုပ်ခဲ့ပေမဲ့ ဒုအကြိမ်မှာ HC ကို အထူးမျှော်လင့်သူတွေရဲ့ တောင်းဆိုမှု အများအပြားကြောင့် ခေါင်းနပန်းကြီးရ ပြန်ပါတယ်။ HC နှစ်အုပ်တွဲဟာ သွဲ့တို့ကို အတော်လေး အကျပ်ရိုက်စေပါတယ်။

အတန်ကြာ တိုင်ပင်ခေါင်းခြောက် အပြီးမှာတော့ ဦးယာတို့တုန်းကလိုပဲ နှစ်သက်ရာ ရွေးချယ်ခွင့် အနေနဲ့ HC or SC VERSION နှစ်မျိုးကို မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ဖို့ စီစဉ်ပေးလိုက်ရပါတယ်။ ဒီနေရာမှာ တောင်းဆိုချင်တာက သွဲ့တို့ဟာ စာဖတ်သူတွေကို လေးစားလို့၊ အလိုလိုက်ချင်လို့ ထပ်တိုး စီစဉ်ပေးလိုက်ရတာမို့ HC ရဲ့ ဈေးနှုန်းလေးကို သည်းခံပေးဖို့နဲ့ မဖြစ်မနေ HC HARDCORE FAN ဖြစ်နေပြီး ငွေကြေးအတွက် စိတ်မညစ်ရမှသာ ဝယ်ယူဖို့ ထပ်လောင်း ပြောပါရစေရှင်။

🎉 You've finished reading "မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED) 🎉
"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now