Ideal (8)

722 80 0
                                    

"နေရီရီ" ဆိုသော ဆိုင်းဘုတ်ကို Nature ကြည့်နေသည်၊အရင်က "နေရီရီ"ဆိုသော....သေးငယ်လှသော ယွန်းထည်ဆိုင်လေးသည်...ယခုအခါတွင်တော့ သိပ်ကိုမှ ခန်းနားထည်ဝါနေသည်။

ထိုစဥ် ဧည့်ကြိုဝန်ထမ်း ကသူမ၏ရှေ့သို့ရောက်လာကာ....
"Hello..."

ခန္ဓာကိုယ်တစ်ခုလုံးတွင်...မျက်လုံးတစ်နေရာစာ သာ နေရာလွတ်ရှိသော မိန်းကလေးကို ကောင်တာရှိသူများသည်လည်း...ကြည့်ကွက်ကြည့်ကွက်နှင့် အထူးအဆန်းဖြစ်နေကြသည်....

"Hello..where are u from?"

Natureသည် လာမေးသော ဝန်ထမ်းကို တချက်အကဲခတ်လိုက်ပြီး...
"I stay here.."

"Yes..thank u .Come in..come in."

Natureသည် ဧည့်ကြိုဝန်ထမ်းနောက်သို့လိုက်သွားပြီး ကောင်တာတွင် သူမ၏ မှတ်ပုံတင်ကို ပြလိုက်လေသည်။ကောင်တာရှိ မိန်းကလေးများသည် မှတ်ပုံတင်တွင် မြင်လိုက်ရသော နာမည်ကြောင့်...
"ဟို...ဟို..ဗီဇာ ကဒ်ဖြစ်ဖြစ်ပြလို့ရမလားရှင်"

ကောင်တာရှိ အမျိုးသမီးငယ်လေးသည် မှတ်ပုံတင်တွင်ပါဝင်သော အမည်အားမဖတ်တတ်ပေ..သူမက ဒီနေရာကို ခဏအစားဝင်ပေးထားရသည်လေ...နိုင်ငံပေါင်းစုံက လူပေါင်းစုံရဲ့ အမည်ကို သူမလို ၁၀တန်းအောင်ကာ စ လေးက ဖတ်တတ်ပါ့မလား....။ထို့ကြောင့် Natureသည် တချက်အကဲခတ်လိုက်ပြီ....

"သဘာဝ လို့ပဲမှတ်လိုက်ပါ၊ဂျပန် ကနေ လာတာ၊
အလည်သဘောမျိုးပဲ"

သူမသည် မြန်မာစကားကို မြန်မာလိုပင် ကျွမ်းကျင်စွာပြောလိုက်သည်။ထိုအခါမှ ကောင်တာက သူသည်လည်း..သူမအတွက် အခန်းသော့ကို ပေးလေသည်။

ထို့နောက် Natureကို ဧည့်ကြို ဝန်ထမ်းလေးသည် သူမနေရာမည့် နေရာသို့လိုက်ပို့ပေးသည်....

Natureသည် အခန်းထဲရောက်တာနဲ့ အခန်း၏ ပြတင်းပေါက်ကနေပြီး အပြင်ဘက်သို့ကြည့်လိုက်သည်။ထို့နောက်တွင် သူမသည် သူမဝတ်ဆင်ထားသော အပေါ်ထပ်နှင့် သူမ၏ခေါင်းပေါ်တွင်ရှိသော ပဝါကို ပါဖယ်ချလိုက်သည်။

"They built a great with the money that they sold their child...."

သူမသည် ထိုစကားကိုပြောပြီးနောက် ကောင်းကင်ပေါ်သို့ အတန်ကြမော့ကြည့်ပြီးနောက် မျက်ရည်များကျလာသည်...
"I miss U,Daddy"

Ideal (Completed)Where stories live. Discover now