Ideal (26)

731 63 4
                                    

"မောနင်း..."

"အင်း ခေါင်းကိုက်သေးလား"

"Unnieလေ Natureအတွက်အမူးပြေစွပ်ပြုတ်လေး လုပ်ပေးထားတယ်။ကုန်အောင်သောက်လိုက်နော်"

"ကျေးဇူးUnnie။ ဂျင်းယူလေးရော ဘာစားလည်း"

"ကော်ဖီ..."

ဂျင်းယူက သောက်လက်စဖြစ်နေတဲ့ ကော်ဖီခွက်ကို မြှောက်ပြရင်းပြောသည်။ဂျင်းယူကအခုရွယ်လေးမှာ ကော်ဖီခါးခါးကိုမသောက်သင့်ပေမဲ့ ပြောလို့မနိုင်၍သူတို့တအိမ်လုံးလက်လျော့ထားရခြင်း။

ဂျင်ဟော့နဲ့ မင်ဆောဟီတို့နှစ်ဦးဟန်းနီးမွန်းခရီးကပြန်ရောက်သည့်နေ့တွင် အထုတ်အပိုးများနှင့်တကွNatureနေထိုင်ရာ အိမ်သို့ရောက်လာပြီး သုံးယောက်အတူနေခဲ့သည်မှာ ဂျင်းယူဒီအရွယ်ရောက်သည်အထိပင်။အစပိုင်းက Natureကသူတစ်ယောက်ထဲအဆင်ပြေပါတယ်လို့ပြောပြီး ငြင်းခဲ့ပေမဲ့လည်း ဂျင်ဟော့ကဘယ်လိုမှလက်မခံပဲ Natureအိမ်မှာနေခဲ့ခြင်းဖြစ်သည်။

အကြောင်းပြချက်ကတော့ အရက်သမားလေးNatureကို စိတ်မချလို့ဟုဆို၏။အစကဒီအိမ်ကြီးမှာ Natureတစ်ယောက်ထဲ၊ နောက်ပိုင်းဂျင်ဟော့တို့လင်မယား အခုဆိုဂျင်းယူအထိပါ သိုက်ဝန်းလာကြသည်။အရင်ကလိုအထီးမကျန်ပေမဲ့လည်း အသဲကွဲတဲ့ဒဏ်ရာကတော့ အခုထိသွေးမတိတ်သလိုပင်ရှိနေ၏။

"ကုန်အောင်သောက်လေ Natureရဲ့....အစားအစာကိုလေးစားရမယ်၊အလကားမလုပ်ရဘူး မရှိတဲ့ကလေးတွေဆို...."

"ရပြီ ရပြီUnnie။ အိုင် ကုန်အောင်သောက်လိုက်မယ်"

ဆောဟီရဲ့စကားတွေထပ်မလာခင် Natureကပင်ကြားဖြတ်ဝင်ပြောလိုက်သည်။ဒီနှစ်တွေအတွင်းမှာ ဆောဟီက Natureအတွက် အမေတစ်ယောက်လို၊အမတစ်ယောက်ရှိနေပေးတော့ Natureစိတ်ထဲပျော်မိတာအမှန်ပင် သို့သော်လည်း တစ်ခါတစ်လေတော့နားပူရသည်။

စားပွဲ၏ထိပ်တွင်ထိုင်နေတဲ့ ကင်ဂျင်ဟော့ကတော့ဇနီးဖြစ်သူနဲ့ Natureကိုကြည့်ပြီး ပြုံးမိသည်။ဂျင်ဟော့အတွက် ဆောဟီကတကယ့်အိမ်ထောင်ဖက်ကောင်းပင်။ဂျင်ဟော့လုပ်သမျှအရာရာတိုင်းကို နားလည်ပေးပြီး ကူညီပေးတတ်တဲ့ဆောဟီလိုလူမျိုးနဲ့ဆုံတွေ့ခွင့်ရတာက Natureအတွက်ရော သူ့အတွက် အကောင်းဆုံးဆုလာဘ်တစ်ခုဖြစ်၏။မဟုတ်ရင် သူတို့နှစ်ယောက်လုံး အခုလိုအတူတူရှိနေနိုင်မည်မှာ ဘယ်လိုမှမဖြစ်နိုင်။

Ideal (Completed)Where stories live. Discover now