Ideal (25)

1K 65 0
                                    

"One.."

"အင်းး"

Rena သူငယ်ချင်းဖြစ်သူ Oneကိုကြည့်လိုက်ပြီး စိတ်ပျက်ချင်သလိုဖြစ်လာသည်။မနက် နေ့ ည ခေါက်ဆွဲဗူးကိုသာ စားနေပြီး အရူးတစ်ယောက်လိုမျိုး ဆံပင်တွေဖွာလန်ပြီး မပြင်မဆင်ရှိတဲ့သူဟာအခုလက်တလောရေပန်းစားနေတဲ့ တေးရေးဆရာOneပါတဲ့။

ဘယ်သူကယုံမှာလဲ ဒီလိုစုတ်ပျက်နေပုံမျိုးနဲ့။

"One နင့်အချစ် ပြန်ရောက်နေပြီ"

"ရောက်ပြီလား သွားတွေ့မယ်လေ၊ ခစ် ခစ်..."

"လက်မှတ်စီစဥ်လိုက်ရတော့မလား ငါအတည်လုပ်မှာနော်One။ ပြီးမှ ငါ့ကိုအပြစ်မပြောနဲ့"

"ဟားးး Renaရယ်။နင်ဘာလို့ ဒီလောက်တောင်လောနေတာလဲ။ကာယကံရှင် ငါတောင်မှနင့်လောက်မလောဘူးဆိုတာသိရဲ့လား"

"ငါနင်တို့နှစ်ယောက်ပြန်တွေ့မယ့်အချိန်ရောက်စေချင်ပြီဟာ.....တစ်ယောက်တစ်ယောက်တွေ့ရင် နင်တို့နှစ်ယောက်ဘယ်လိုဖြစ်မလဲဆိုတာကို ငါသိချင်တယ်။ဒါနဲ့ နင့်ရဲ့Debut showအတွက် တကယ်ပဲThe Colourနဲ့ချိတ်မှာလား။"

"အင်း ချိတ်လိုက်လေ...."

"နင့်ကိုကြည့်ရတာ ငါတော့မူးလာပြီ၊နည်းနည်းလေးတော့ ပြင်ပါအုံးဟယ်။ကြည့်အုံး ဒီဟာတွေနဲ့...."
Renaတစ်ယောက် အခန်းထဲရှိ ပစ္စည်းတွေကိုကြည့်ပြီး ပိုလို့ပင်မူးသွားရသည်။တနေ့တနေ့ နေ့ရှိသမျှကို ဟိုဟာတီးလိုက် ဒီဟာတီးလိုက်နဲ့ အရူးတစ်ယောက်လိုစုတ်ပြတ်နေတဲ့သူငယ်ချင်းနဲ့ နှစ်တော်တော်ကြာ နေလာရတာ သူမတကယ်စိတ်ဆင်းရဲတာအမှန်ပင်။

ဆက်ပြီး ဒီအခန်းထဲမရှိချင်တော့တာမို့ Renaအပြင်ထွက်ပြီး The Coloursဘက်သို့ဆက်သွယ်လိုက်သည်။ဖုန်းကနေတဆင့် Oneဆိုတဲ့နာမည်ပဲပြောရသေးတယ် တဖက်ကတော်တော်လေးပြာနေသလိုရှိသည်။

ဒီနှစ်တွေမှာ အနှစ်အရသာပြည့်ဝတဲ့ အပင်လေးတွေကို စားသုံးမဲ့သူမရှိသလိုမျိုးပဲ။Oneရဲ့လက်ရာကောင်း တေးသီချင်းတွေကို သီဆိုမဲ့သူမရှိသေးတာက အားလုံးကိုဖမ်းစားနိုင်တဲ့အကြောင်းပြချက်တွေထဲကတစ်ခုပင်။Oneကသီချင်းဝယ်ရန်အတွက် ဆက်သွယ်လာတဲ့ ကုမ္ပဏီပေါင်းများစွာကိုငြင်းခဲ့သည်။

Ideal (Completed)Where stories live. Discover now