Ideal (1)

7.1K 187 4
                                    


"Hello...."

တောင်ကိုးရီးယာနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်နေသော Summer music festivalတစ်ခုတွင် ယခုအလှည့်ကျ သီဆိုမည့်သူမှာ Idolပေါင်းများစွာထဲက ထူးချွန်ပြီးပြောင်မြောက်လှသော Nature ၏အလှည့်ဖြစ်သည်။

ဂါဝန်အဖြူရောင် အတိုကိုဝတ်ဆင်ထားသောကြောင့် သူမသည် ရိုးရှင်းစွာဖြင့်လှပလျက်ရှိနေသည်။မြင့်မားလှသော သူမ၏အရပ်ကြောင့် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းသည် ပို၍ပြည့်စုံနေလေသည်။

"Hello everyone,I'm nature...."

"ဝှီးး....ဝှစ်....Wuri nature....ဖြောင်းးးး ဖြောင်းးး၊
လှရက်လိုက်တာ...."

ပရိတ်သတ်တွေထဲမှ ထွက်လာသော အသံကြောင့် natureသည် ခဏတော့ငြိမ်လိုက်သည်။သူမ၏ Styleသည် အနေအေးသောဘက်သို့သွားသည်။သူမဒီဖျော်ဖြေရေးလမ်းကြောင်းပေါ်မှာရပ်တည်လာတာ ၂၂နှစ်ရှိပြီ၊သူမနဲ့ပတ်သတ်ပြီး Scandalဆိုတာမျိုး.....မကောင်းသတင်းဆိုတာမျိုးက တကယ်ကိုရှားပါးလှသည်။

ကုန်ကုန်ပြောရလျှင် Natureက Japanကလာတယ်ဆိုတာကလွဲပြီး သူမအကြောင်းကျန်တာဘာမှရေရေရာရာမသိကြပေ။သူမ၏အလှသည် အရှေ့တိုင်းဆန်သည်၊တော်ဝင်ဆန်သည်.....အသံသည် ကြည်လင်သည်။သူမသည် အရာရာတွင်ကြိုးစားချင်စိတ်ရှိသူတစ်ဦးဖြစ်ပြီး အနေအေး လွန်းတာကြောင့် သူမ၏ပရိတ်သတ်များသည် သူမအပေါ်တွင် လေးစားပြီးချစ်မြတ်နိူးကြသည်။

"Now...I sing for " question."
Pls follow me"

ထို့နောက် natureသည် သူမ၏Soloသီချင်းတွေထဲက တစ်ပုဒ်ဖြစ်သော 'question'သီချင်းကို စတင်၍ဆိုလေသည်။ ထောင်နဲ့ချီသော ပရိတ်သတ်များကလည်း သူမ၏သီချင်းတွင် လိုက်ပါစီးမြောလျက်ရှိသည်။

🎶It's just a question...U know.
Whenever I ask U, i'm fraiding....pls don't leave me🎶

"Nature yrrrrr....ဘယ်တော့များမှတွေ့ရမလဲ ၊
Screenကြီးကို ဖောက်ပြီး ငါဝင်လာမှာနော်"

"ဟဲ့ ပြည့်ပြည့် တိုးတိုးလုပ်၊teacher ကြည့်နေတယ်"

ပြည့်ပြည့်သည် သူငယ်ချင်းဖြစ်သူအား မျက်စောင်းထိုးကြည့်လိုက်သည်။အခုချိန်မှာ မြန်မာစာသင်တာကို ကြည့်ရမလား၊ nature ရဲ့liveကို ကြည့်ရမလား...စဥ်းစားနေစရာမှမလိုတာ။စာသင်တာက ဆရာမအပိုင်းဖြစ်ပြီး....natureကိုကြည့်ရမှာက ပြည့်ပြည့်အပိုင်းဖြစ်သည်။

Ideal (Completed)Wo Geschichten leben. Entdecke jetzt