Nature အတွေးတို့ကိုဖျောက်လိုက်ပြီး ဒေါ်အေးချမ်းခေါ်ရာသို့ လိုက်သွားလေသည်။ဒေါ်အေးချမ်းသည် Nature၏ ကိုယ်လေးကိုဖက်ကာပင် အိမ်ထဲသို့ခေါ်လာလေသည်။
Natureတို့ အိမ်ထဲကိုရောက်သည့်အချိန်တွင် ဧည့်ခန်းတွင်ထိုင်နေသော ဦးငြိမ်းအေးကိုမြင်ရသည်။ထိုဘေးတွင် ဦးငြိမ်းအေးကို နှိပ်ပေးနေသော ကောင်လေးတစ်ယောက်ရှိသည်။
"သမီး.."
အနှိပ်ခံနေရာမှ ချက်ချင်းဆိုသလို ထလာပြီး ဦးငြိမ်းအေးသည် Nature၏ ဘေးသို့သွားလေသည်။"အကိုရယ်...ဖြေးဖြေး ထပါရှင်"
"ရပါတယ်ကွာ..သမီးလိုက်လာမယ်လို့လဲ ကြိုမပြောဘူး.."
"အကို့ကိုသာ မပြောတာပါ၊ကျမ မီးဖိုချောင်ကို ဖုန်းဆက်ထားတယ် သမီးလေးထမင်းစားရ အဆင်ပြေအောင်လို့လေ..."
"ကဲ ဟုတ်ပါပြီ...လာ သမီးထိုင်"
သူတို့သုံးယောက်သာ တစ်ကမ္ဘာဖြစ်နေပြီး ထိုင်နေသော ကောင်လေးထံသို့သူတို့ အာရုံမရှိသလိုဖြစ်နေသည်။
"သမီး ဒီမှာထိုင်ရအောင်"
ဒေါ်အေးချမ်းသည် ခုံရှည်တစ်ခုတွင် Natureအားထိုင်စေပြီး သူမလေး၏တစ်ဖက်တစ်ချက်တွင် သူတို့ လင်မယားထိုင်လေသည်။"အေးရိပ်မင်း...ဒီဘေးကိုလာလေ"
Natureသည် ဒေါ်အေးချမ်းဘေးရှိ နေရာအလွတ်အား ပြကာ ခေါ်လေသည်။သူမသည် အခုမှတွေ့ဖူးသော လူတစ်ယောက်ကို ရင်းနှီးသလိုပင်ဆက်ဆံလေသည်။ဒါသည် သူမ၏နတ်သမီး အပြုအမူပင်။ဘယ်လိုလူပဲဖြစ်နေပါစေ သူမသည် အစဥ်သဖြင့် အရေးတယူဆက်ဆံခဲ့သည် မဟုတ်လား။အခုဆို အေးရိပ်မင်းသည် သူမ၏မွေးစားမောင်လေးလေ...မိုချီနဲ့ဂျင်ဟော့နှစ်ယောက်သာရှိခဲ့သည် သူမဘဝမှာ အခုတော့ မိသားစုဝင်ဆိုသော လူအသစ်များဝင်လာလေသည်။ထို့ကြောင့် ထိုမိသားစုဝင်တစ်ယောက်ချင်းစီကို သူမဂရုစိုက်ပေးမည်ဟု ဆုံးဖြတ်ထားသည်။
"ကြီးကြီး ထမင်းစားလို့ ရပါပြီ"
Nature အေးရိပ်ကိုပြောနေတုန်းမှာ အသက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးသည် ဧည့်ခန်းသို့လာကာပင် ထမင်းစားရန်ခေါ်လေသည်။ထို့ကြောင့် ဒေါ်အေးချမ်းတို့သည်...
"ကဲ ထမင်းသွားစားရအောင် သမီးရေ"
YOU ARE READING
Ideal (Completed)
Poetryလူအများကြီးဆီကနေပြီး အချစ်တွေအများကြီးကို လက်ခံခဲ့နိုင်တယ်၊လူအများကြီးကိုလည်း အချစ်တွေပေးခဲ့တယ် ဒါပေမဲ့အထီးကျန်တယ်