Ideal (15)

683 75 0
                                    

"အိုင့်ရဲ့Worldတွေကြောင့် အိုင်ရပ်တည်နေတာ၊ဒီလိုအချစ်တွေ ကာကွယ်မှုတွေနဲ့ထိုက်တန်အောင် အိုင်ကြိုးစားနေဆဲဖြစ်ပေမဲ့ ပိုပြီးကြိုးစားမယ်"

ပြည့်ပြည့်၏ချစ်တယ်အပြောကို Natureသည်ထိုသို့အဖြေပေးတော့ ပြည့်ပြည့်လေးခဗျာ နွမ်းလျနေသည်။Natureကတော့ သူမရဲ့Fanတွေ သူမအပေါ်ထားရှိတဲ့အချစ်ကြောင့် ရှေ့ဆက်ရန်အားများရရှိသလိုဖြစ်နေသည်။

"ကလေး..ကလေး'

"ဟင်..."

"ခဏရပ်ပေး အဲ့နားလေးမှာရပ်နော်"

Natureသည် ပြည့်ပြည့်ရပ်ခိုင်းတဲ့နေရာမှာရပ်လိုက်သည်။Natureစက်ဘီးကို ရပ်လိုက်တယ်ဆိုတာနဲ့ ပြည့်ပြည့်သည် ချက်ချင်းပင် စက်ဘီး၏အနောက်ဘက်သို့ပြန်ပြေးလေသည်။

"အန်တီ အုန်းပေါင်းက ၅၀၀ဖိုး၊ မုန့်စိမ်းပေါင်းက ၅၀၀ဖိုးပေး.....ဟင်းထုပ်လေးလဲထဲ့ပေး "

စျေးသည်အန်တီကြီးသည် ခေါင်းပေါ်မှစျေးတောင်းကို ချကာ ပြည်ပြည့်ပြောသည်မှာကိုထဲ့ပေးလေသည်။ခဏကြာတော့ ပြည့်ပြည့်သည် အထုတ်များကိုဆွဲကာ Natureဆီသို့ပြန်လာလေသည်။

"ကလေး ဒီမှာကြည့်"

"မုန့်လား...အော် ပြည့်ရယ်၊အိုင့်ကို အဲ့နားမှာရပ်ခိုင်းရင်လည်း ရတာပဲကို"

"မရပါဘူး တော်ကြာကလေးကဘယ်သူမှန်း လူတွေသိကုန်မှာပေါ့...မြန်မြန်သွားရအောင် ဟိုစျေးသည်အန်တီကြီးက ပြည့်တို့နားရောက်တော့မယ်"

"OK..."

Natureသည် ပြည့်ပြည့်ကိုဟိုတယ်သို့ပဲခေါ်လာလိုက်သည်။ဟိုတယ်အခန်းကိုရောက်တော့ Natureဝတ်ထားသောအရာများကို ဖယ်ချလိုက်လေသည်။ထိုအခါမှ သူမသည်ပေါ့ပါးသွားဟန်ရှိသည်။Natureသည် အမောဖြေနေရင်း နောက်မှဝင်လာသောပြည်ပြည့်ကြောင့် ထလိုက်ကာ....
"လာ ပြည့်၊ဒီမှာထိုင်"

Natureသည် ဒဏ်ရာရှိနေသည့်ပြည့်ပြည့်၏ပခုံးတစ်ဖက်ကို ညင်သာစွာပင်ထိတွေ့ကာ အခြေအနေကြည့်လိုက်သည်။ပြီးနောက် သူမ၏အိတ်ထဲတွင်ရှိသော ဆေးအိတ်ကိုယူလိုက်သည်။

"Natureက ဆေးဆောင်ထားတာ"

Natureသည် ဆေးထုတ်ကိုမြှောက်ပြလိုက်ရင်း...
"အိုင်မှ မဆောင်ထားရင် ဘယ်သူဆောင်မှာလဲ"
ပြောပြီး Natureသည် ပြည့်ပြည့်၏ဒဏ်ရာကို ဆေးထည့်ပေးလေသည်။

Ideal (Completed)Where stories live. Discover now