Ideal (24)

802 67 0
                                    

"မေမေ..ကျတော်ရောက်ပါပြီ"

ဒေါ်အေးချမ်းသည် အေးရိပ်ကို သေသေချာချာကြည့်လိုက်သည်။သူမ၏အကြည့်သည် ခက်ထန်သည်၊ပြီးတော့ ရက်စက်သောအရိပ်များလွှမ်းခြုံနေလေ၏။

"အေးရိပ်မင်း မင်းကိုငါဒီလိုဖြစ်အောင်မွေးခဲ့တာမဟုတ်ဘူးနော်"

"မမ အကုန်ယူသွားပါတယ်မေမေ၊"

"ဘာ.."

"ဟုတ်ကဲ့ မမသူ့ပစ္စည်းတွေအကုန်ယူပြီး ထွက်သွားတာပါ"

"ဖြန်း.."
ထိုင်ခုံပေါ်မှ ထရပ်လိုက်ပြီး သူမသည် အေးရိပ်မင်း၏ပါးပြင်အားရိုက်ချလိုက်လေသည်။

သူမတွေးခဲ့တာတွေအကုန်လုံးက အခုတော့ သဲထဲကိုရေသွန်သလိုဖြစ်နေပြီလေ။ပုံမှန်အတိုင်းဆိုရင်လည်း သူမတို့အဆင်ပြေနေပါလျက်နဲ့ အခုဒီလိုအရှက်ရစရာကိစ္စက ဟိုကောင်မလေးကြောင့်ဖြစ်ရသည်။

"မေကြီး မင်း.."
ထိုအခါမှ တချိန်လုံးမှာ ငြိမ်နေသည့် ဦးငြိမ်းအေး၏အသံထွက်လာသည်။

သူတို့မိသားစုသည် နာမည်နဲ့မှမလိုက်ပူလောင်နေရသည်။အေးရိပ်သည် သူ့အားမွေးစားထားသည့်လူတွေရဲ့ အပြုအမူတွေကို သူပိုပိုပြီးစိတ်ပျက်လာလေသည်။

"Hello.."

အေးရိပ်သည် ဖုန်းကိုင်ပြီးနောက် Speaker ပါဖွင့်ပေးဖြစ်သည်။ဖုန်းထဲကနေထွက်လာသည့် ဦးသက်ကို၏အသံကို ဒေါ်အေးချမ်းတို့နှစ်ယောက်သည် ဘာမှမတတ်နိုင်ဖြစ်ကာ အေးရိပ်အား လွတ်ပေးလိုက်ရသည်။

အေးရိပ်ပြန်မထွက်သွားခင်တွင် ဒေါ်အေးချမ်းသည် အေးရိပ်အား..."မင်း စောစောပြန်လာခဲ့"

"ဟုတ်ကဲ့ မေမေ"

အေးရိပ်သည် ယဥ်းကျေးသည်၊ရိုသေသည်။သူဟာ အချစ်မေတ္တာကိုလိုအပ်နေတဲ့လူတစ်ယောက်ဖြစ်သည်။သူ့ဘေးမှာ သူနဲ့တစ်သက်လုံးမခွဲမခွာ ရှိနေပေးမည့်သူမျိုးကို သူလိုအပ်သည်။ဒါကြောင့်လည်း သူ Natureကို ဆေးခပ်လိုက်ခြင်းဖြစ်သည်။

ဖြစ်ပြီးသားတွေက ဘယ်လိုမှပြင်လို့မရတော့၊ သူမှားခဲ့သည်။ဒါကြောင့် အခုဖြစ်နေတဲ့ဘာမှန်းမသိတဲ့အခြေအနေမှာ သူတတ်နိုင်သလောက်Natureကို ကာကွယ်ပေးရမည်ဟု ဆုံးဖြတ်ထားသည်။

Ideal (Completed)Where stories live. Discover now