Ideal (19)

640 72 0
                                    

"ပြည့်ဘယ်လိုသိလဲ"

ဖက်ထားလျက်ကနေ ရုတ်ရပ်ဆိုသလိုထ,မေးသော Natureကြောင့် ပြည့်ပြည့်လည်း အဖြစ်အပျက်များကို သတိရမိသည်။တကယ်ဆို သူမလည်းမသိပေ။သူမသိသည်က Natureကို လူတွေနဲ့ထိတွေ့စေမှာဆိုသည့်အချက်ပင်....

"ပြည့်မသိဘူး....ပြည့်ကို ကိုကြီးပြောတာတော့ ကြီးကြီးက ကလေးကို သူ့သမီးအဖြစ်ပွဲထုတ်မှာတဲ့"

Natureရင်ခွင်ထဲကနေ နှုတ်ခမ်းလေးထော်ထော်ပြီးပြောနေတဲ့ကောင်မလေးကို အသဲယားလာကာ...
"မွ..ချစ်လို့"

ထိုအပြုအမူကြောင့် ပြည့်ပြည့်သည် နေရာမှာတင်ကြက်သေ သေသွား၏။

"ပြည့်"

"ဟင်..."

"အိုင့်ကို နေစရာရှာပေးပါလား၊အဆင်ပြေလောက်မဲ့နေရာလေ...အိုင် ဟိုတယ်ကိုပြန်မသွားချင်တော့ဘူး၊အိမ်လေးတစ်ခုလောက်ဖြစ်ဖြစ်ရရင်မဆိုးဘူး"

"ပြည့်လုပ်ပေးမယ်နော်...အခုတော့ ပြည့်အိမ်ကိုအရင်ပြန်ပြီးပိုက်ဆံသွားယူမယ်"

နတ်သမီးလေးကို အဆင်ပြေအောင်ထားချင်ပေမဲ့ ပြည့်ပြည့်၏အနေအထားက ထင်သလောက်မဟုတ်ပေ။သူမအရွယ်နဲ့ နတ်သမီးလေးပြောတဲ့ အိမ်တလုံးကိုဝယ်ပေးရန်မပြောနဲ့ ငှါးဖို့ရန်ပင်မတတ်နိုင်။မိဘများက အဆင်ပြေသောလူတန်းစားဖြစ်နေသော်လည်း ပြည့်ပြည့်ဆိုသော သူမသည်အမြဲတမ်း အကြွေးများပတ်လည်ဝိုင်းနေသူ...ထိုကိစ္စ၏အဓိကတရားခံမှာ ကင်ဂျင်ဟော့ဆိုသည့်အဖိုးကြီးပင်။

သင်းက Natureနဲ့ပတ်သက်ပြီးတစ်ခုပြီးတစ်ခုထုတ် ၊ပြည့်ပြည့်ရသမျှက ထိုလူ့ဆီသို့သာ ပေးလိုက်ရသည်။ဒါတောင် တချို့ပစ္စည်းများကို ပြည့်ပြည့်မဝယ်နိုင်၍ ဝမ်းနည်းရသည့်အခါတောင်ရှိသည်။Alblumပဲဖြစ်ဖြစ်၊goods တွေပဲဖြစ်ဖြစ် Natureနဲ့ပက်သတ်သမျှက အရမ်းကိုမှလိုချင်စရာတွေဖြစ်နေသည်။

အခုလိုအရေးပေါ်ဖြစ်နေချိန်မှာ သူများတွေလို စုထားဆောင်းထားတဲ့ပိုက်ဆံလေးသာရှိရင်ဘယ်လောက်တောင်ကောင်းမလဲ...

"ပြည့်.."

"ဟမ်"

"ဘာတွေတွေးနေတာလဲ အိုင်ခေါ်နေတာကြာလှပြီ။လေတွေလည်းမှုတ်ထုတ်နေတာ ဘာတွေတွေးပြီးမောနေတာလဲကွယ်..."

Ideal (Completed)Where stories live. Discover now