Ideal (18)

665 74 0
                                    

"ဟိုကောင်မလေး ဘယ်ရောက်သွားတာလဲ"

ဟိုတယ်ရှေ့က ကွင်းပြင်တွင်Natureအတွက်ဆိုပြီး ကြိုဆိုပွဲလုပ်ပေးမည်။မိခင်တစ်ယောက်အနေနဲ့ သားသမီးကိုပြန်တွေ့တာ လူအများကိုထုတ်ကြွားချင်သည်လေ။ပြန်တွေ့သမီးကလည်း နယ်နယ်ရရမဟုတ်ပဲ အာရှရဲ့နတ်သမီး၊အချစ်ခံလူစားလေး သူမကသာ ဒီ"နေရီရီ"ရဲ့ သမီးလေးဟု လူအများကသိသွားခဲ့လျှင် ဒါကဘယ်လောက်တောင်မှ ကောင်းလိုက်မလဲ။

"မေကြီး စိတ်ကိုအေးအေးထား"

ပွဲ၏အလယ်မှာရောက်နေသည်မို့ ဒေါ်အေးချမ်း၏ပျက်ယွင်းစပြုနေသောမျက်နှာကို ဦးငြိမ်းအေးဝင်ထိန်းပေးလေသည်။

"မေမေ မမအခန်းထဲမှာမရှိတော့ဘူး"
အေးရိပ်လည်း ကြံရာမရသည့်အဆုံးNatureမရှိတော့ကြောင်းကို သတင်းပေးလိုက်ရသည်။တကယ်ဆို စီစဥ်ထားသည်က ဒီလိုမဟုတ်ပေ။Natureနဲ့ လူတစ်ယောက်၏ဖြစ်ပျက်နေပုံကိုမိခင်မြင်အောင်ပြရန်အတွက် ဆေးအထိပါအကွက်ချစီစဥ်ပြီးကာမှ လုပ်ကြံခံရသူသည် ပျောက်နေသည်။

"အကို ရှင်ကြားလား၊ဒီကောင်မလေး ကျမတို့ဒီလောက်စီစဥ်ပေးတာတောင်မှ"

"ကိုကြားပါတယ်ကွာ...မင်းစိတ်ထိန်းအုံး။ဘေးမှာလူတွေနဲ့"

"ဒီကောင်မ မထွက်ထွက်လာအောင်ကျမလုပ်ပြမယ်"

ဒေါ်အေးချမ်းသည် ပွဲသို့လာရောက်သည့် သူများကိုတချက်ဝှေ့လိုက်ပြီး ရုတ်တရပ်ဆိုသလိုသူမခေါင်းထဲ ဝင်လာသည့်အကြံကိုအကောင်အထည်ဖော်ရန်အတွက်...."အဟမ်း အားလုံးပဲ"

ကိုင်ထားသော ဝိုင်ခွက်ကို တူနဲ့တီးကာ အသံပြုသည့်ပွဲစီစဥ်သူ သူဌေးကတော်ကြောင့် ပွဲရှိလူအားလုံးသည်  သူမ၏အသံကိုအာရုံပြုလေသည်။

"ဒီနေ့ပွဲလေးကို ကျင်းပရတဲ့ရည်ရွယ်ချက်က ကျမတို့နဲ့နှစ်ပေါင်းများစွာကွဲနေတဲ့ ကျမတို့ရဲ့သမီးလေးသဘာဝနဲ့အားလုံးကို မိတ်ဆတ်ပေးချင်လို့ပါ"

ဒီအပြောကြောင့် ပွဲရှိလူအားလုံးသည် ပိုလို့စိတ်ဝင်စားကြသည်။"နေရီရီ"ဟော်တယ်ပိုင်ရှင်လင်မယားမှာ သမီးရှိတယ်လို့ကြားဖူးပေမဲ့ ပျောက်ဆုံးနေသည်ဟုနှစ်ပေါင်းများစွာသိလာရပြီးမှ အခုလိုပြန်တွေ့ရသည်ကို ပွဲလာရောက်သူများသည်ဝမ်းသာကြသည်။စိတ်ထားကောင်းလွန်းသောသူဌေးလင်မယား၏ သမီးလေးက ဘယ်သို့ဘယ်ပုံရှိချင်ကို မြင်ချင်လှ၏။

Ideal (Completed)Where stories live. Discover now