"ချစ်ခဲ့ပါတယ်....အခုထိလည်းချစ်နေဆဲ"
Natureဆက်မပြောတာမို့ ပြည့်ပြည့်ကပဲဆက်ပြောပေးလိုက်သည်။
"အိုင့်ကိုခွင့်ပြုပါအုံး...."
"ဒီတခါလည်း ပြည့်ကိုထားခဲ့အုံးမှာလား...။ပြည့်ကသီချင်းရေးရင် ကလေးကသီချင်းဆိုလေ။ဒီလို လိုက်ဖက်တဲ့အခြေနေရောက်ဖို့ ပြည့်အရမ်းကိုကြိုးစားခဲ့တာပါ......ပြည့်ရဲ့လက်တွေ အထူးသဖြင့်ပြည့်ရဲ့လက်သန်းလေး...."
ပြောရင်းနဲ့ပြည့်ပြည့်သည် သူမ၏လက်သန်းကိုထောင်ပြလေသည်။လက်သန်းလေးက တခြားလက်ချောင်းလက်ချောင်းတွေနဲ့မတူပဲ အနည်းငယ်ကွေးနေသည်။
"ဘာဖြစ်တာလဲ ပြည့်။"
Natureသည် ချက်ချင်းပင် ပြည့်ပြည့်အနားသို့ရောက်လာပြီး ပြည့်ပြည့်ရဲ့ လက်သန်းလေးကိုကြည့်ကာ မေးခွန်းထုတ်လေသည်။"တူရိယာတွေမှမတီးရဘူးဆိုရင် ဒီလက်ချောင်းတွေအကုန်လုံးကိုချိုးပစ်မယ်ဆိုပြီး...."
"အိုး ပြည့်ရယ်"
"ကလေးသိလား ပြည့်ရဲ့နိမ့်ကျမှုတွေကြောင့် ပြည့်ရဲ့မပြည့်ဝတဲ့စိတ်ထားကြောင့် ကိုကြီး ကိုကြီးက...."
ဆက်မပြောပဲပြည့်ပြည့်ကငိုနေသည်မို့ Natureလည်းပြည့်ပြည့်ရဲ့ လက်လေးကိုအသာအယာကိုင်ကာ ပြည့်ပြည့်ကိုသာကြည့်နေလိုက်သည်။သူမ မရှိတဲ့အချိန်တွေကို ပြည့်ပြည့်တစ်ယောက်ထဲဘယ်လောက်တောင်နာကျင်ခံစားနေခဲ့ရမလဲ။
"ဘာမှမဖြစ်ဘူးနော် ပြည့်..."
"ကိုကြီးသေသွားတယ်...ပြည့် ပြည့်ကဖေကြီးနဲ့စိတ်ဆိုးပြီးအိမ်ကထွက်လာတဲ့အချိန် tourကားတစ်စီးက ပြည့်ရှေ့ကိုဝင်လာတာကို...ကိုကြီးက ပြည့်အစား"
"ပြည့်ရယ်...."
"ဒီလောက်ထိဖြစ်နေတာတောင်မှ ပြည့်အမေရိက ကိုရအောင်ထွက်လာပြီးအနုပညာကျောင်းတတ်ခဲ့တယ်။ပြည့်စိတ်ထဲမှာ ပြည့်အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်ဆိုတာ သိပေမဲ့ ပြည့်လေ ကလေးအနားမှာနေချင်တယ်။"
Natureပြည့်ပြည့်ကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိတော့ပေ။ဒီမိန်းခလေးငယ်ဟာ သူမရဲ့စာတိုလေးအတွက်နဲ့ အပြစ်ကင်းစင်တဲ့သူမရဲ့စိတ်ထားလေးကိုဒဏ်ရာပေးခဲ့လေသည်။
ESTÁS LEYENDO
Ideal (Completed)
Poesíaလူအများကြီးဆီကနေပြီး အချစ်တွေအများကြီးကို လက်ခံခဲ့နိုင်တယ်၊လူအများကြီးကိုလည်း အချစ်တွေပေးခဲ့တယ် ဒါပေမဲ့အထီးကျန်တယ်