နီနီ

833 27 2
                                    

"အမေ အမေ့တို့အမေကို မှတ်မိရဲ့လား။"

အမေဟုခေါ်ပါသော ကျွန်မ အမေ၏ အမေ။ ကျွန်မ၏ အဖွား။ သူမသည် သူမအသက်(၈)လတွင် မိခင်ကို ဆုံးရှုံးခဲ့ရသူဖြစ်၏။ သူမတွင် အရင်းအချာဟူ၍ အကိုတစ်ယောက်သာရှိသည်။

သူမ၏ မိဘနှစ်ပါးတို့ လက်ထပ်ခဲ့ပုံမှာဆန်း၏။ ပြောကြားချက်များအရ ကျွန်မ အဖွား၏ မိဘများသည် အစိမ်းရောင်ဝတ်စုံဖြင့် လက်ထပ်ပွဲဆင်နွှဲခဲ့ကြသည်ဟုဆိုကြသည်။

ကျွန်မအဖွား၏ အမေ သေသောအခါတွင်လည်း သူမ၏ယောကျာ်းအား လုံးဝမတွေ့ချင်ဟုဆိုပြီး သူမ၏ (၈)လအရွယ် သမီးငယ်အား မုန့်ပုံးနှင့်အပြည့်ထဲ့ထားသော ရွှေစင်များဖြင့် ချန်ထားရစ်ခဲ့သည်ဟု ပြောကြသည်။

"အမေတို့ အမေက ဘယ်အရွယ်မှာဆုံးတာလဲ"

"အမေ့အသက် ၃နှစ်မှာ။"

ကျွန်မအဖွားသည် ဤသို့ဖြေပေးသည်။ အမှန်သော်ကား သူမ၏အမေဆုံးပါးသွားသည့် အချိန်မှာ သူမအသက်(၈)လသာရှိသေးသည်။ သို့သော်လည်း သူမ၏ မှတ်ဉာဏ်ထဲတွင် သူမအသက်(၃)နှစ်အရွယ်မှ သူမ အမေကွယ်လွန်သည်ဟု ထင်မှတ်နေသည်။

ဘယ်ကြောင့်ဆိုသော်....

"နီနီ ညည်းအဖြစ်ချင်ဆုံးဆန္ဒကဘာလဲ။"

၃နှစ်အရွယ် နီနီ့အား ဂိုဏ်းဆရာ၏အမေးသည် အင်မတန်မှ လေးနက်လွန်း၏။

"ကျွန်မ အမေ့ကိုတွေ့ချင်တယ် ဆရာလေး။"

လူမှန်းသိတတ်စ အရွယ်မှစ၍ တစ်ခါမှ မမြင်ဖူးခဲ့ပါသော မိခင်အား တမ်းတနေသော ကလေးငယ်သည် ကျွန်မ၏ အဖွား ဒေါ်နီနီဖြစ်သည်။

"ဒါဆို ဟိုးက နံရံကိုပဲကြည့်။
တစ်ခါပဲကြည့်ရမှာ။ ညည်းသေချာလေးကြည့်ထား"

ထိုသို့ဆိုပြီး ဂိုဏ်းဆရာသည် ကြက်တောင်မွှေးတစ်ခုအား နံရံဆီသို့ပစ်ပေါက်လိုက်တော့ နံရံမှ ပေါ်ထွက်လာသော အမျိုးသမီးသည် ကျွန်မအဖွား၏ အမေဖြစ်လို့နေသည်တဲ့။

အသက်(၇၀) ပြည့်ပြီဖြစ်သော ကျွန်မအဖွား၏ Vedio callတွင် ....

"Hello ကိုမြတ်သိန်းလား။"

"အေး နီနီ။ နင်ဘာတွေလုပ်နေလဲ"

"ငါလား။ ထမင်းချက် ဟင်းချက် ဟိုလုပ်ဒီလုပ် နားရတယ်ကို မရှိပါဘူးဟယ်။ အစုံပါပဲ"

You've reached the end of published parts.

⏰ Last updated: Oct 02, 2021 ⏰

Add this story to your Library to get notified about new parts!

Ideal (Completed)Where stories live. Discover now