"ကလေးရေ ဒီမှာကလေးပုံလေး.."
မီးဖိုခန်းတွင်ကျန်ခဲ့သော ပြည့်ပြည့်သည် ဖုန်းကိုကြည့်မိရင်း Nature၏ပုံကိုမြင်လိုက်တာမို့ Natureအားအော်ခေါ်နေခြင်း။ထိုအချိန် ပြန်ရန်ပြင်နေသော အေးရိပ်သည် ပြည့်ပြည့်ကိုမြင်တော့..."ငါပြန်တော့မယ်"
"အင်း ပြန်လေ"
ပြည့်ပြည်၏ အာရုံသည်အေးရိပ်ထံတွင်မရှိနေ၊သူမကိုင်ထားသော ဖုန်းကိုသာကြည့်နေသည်။ဒါကို Natureလည်း မြင်တာမို့ ပြည့်ပြည့်လက်ထဲမှဖုန်းကို ယူကြည့်လိုက်သည်။
ပြည့်ပြည့်ဖုန်းလေး Natureလက်ထဲရောက်သွားတော့ ပြည့်ပြည့်Nature၏ခါးကိုဖက်လိုက်ပြီး Natureခါးစောင်းဘေးလေးမှ ခေါင်းလေးထွက်ကာ ဖုန်းကိုကြည့်လေသည်။
"အိုင့်ပုံပဲကို..."
"ကလေးaccလေ၊ပြီးတော့ ပုံကလည်းအသစ်"
ပြောရင်းနဲ့နှုတ်ခမ်းလေးထော်လာတဲ့ ပြည့်ပြည့်ကြောင့် Natureသည် သူမ၏ခါးဘေးမှ ခေါင်းလေးကို လက်ဖြင့်ပုတ်လိုက်သည်။
"အိုပါးဆီမှာ အိုင့်ပုံတွေများတယ်"
"ကျတော့်ကို ခွင့်ပြုပါအုံး"
"ဂရုစိုက်ပြန်နော် အေးရိပ်၊ မနက်ဖြန်လည်းလာခဲ့လေ..."
"ဟုတ် မမ"
ပြောပြီးအေးရိပ်သည် ထိုအိမ်မှ ထွက်သွားလိုက်လေသည်။အေးရိပ် ပြည့်ပြည့်တို့နှစ်ယောက်ရဲ့အပြုအမူတွေကို သံသယမဝင်ချင်ပါ။ပြည့်ပြည့်ဘက်က ဇွတ်တိုးရင်တောင်မှ သူမတို့နှစ်ယောက်ကဖြစ်နိုင်ဘူးမလား..ဒီတိုင်းခင်ကြတာပဲ နေမှာပါလေ။"ကလေး..."
"ထမင်းချက်မယ်လေ ပြည့်၊လာ..."
Natureသည် ပြည့်ပြည့်ကိုလက်ဆွဲကာပင် မီးဖိုခန်းထဲသို့ခေါ်သွားသည်။မီးဖိုထဲရောက်တော့ စားပွဲခုံတွင်ပြည့်ပြည့်အားနေရာချပေးပြီး သူမကတော့ဟင်းချက်ရန်အတွက် ပြင်ဆင်သည်။ပြည့်ပြည့်သည် Nature၏ လှုပ်ရှားမှုများကို မျက်တောင်မခတ်တမ်းကြည့်နေသည်။ဟင်းချက်ဖို့ရန်အတွက် ဟင်းရွက်လှီးတာကအစ လိုအပ်သည်များကို ယူတာအဆုံး သူမသည် ဂန္တဝင်ဆန်လေသည်။
YOU ARE READING
Ideal (Completed)
Poetryလူအများကြီးဆီကနေပြီး အချစ်တွေအများကြီးကို လက်ခံခဲ့နိုင်တယ်၊လူအများကြီးကိုလည်း အချစ်တွေပေးခဲ့တယ် ဒါပေမဲ့အထီးကျန်တယ်