UNICODE
အပိုင်း ၂
"အမေ့.."
"ဟေ့.."
သားအမိနှစ်ယောက် ရောင်းသူဝယ်သူ အသံတူပဲ။
"ဘေးအိမ်က ဦးလေးနဲ့ ရင်းနှီးလား.."
အမေက မျက်မှောင်ကုတ်တယ်။ ပြီးတော့..
"ထူးဆန်းတာတွေမေးပြန်ပြီမောင်ရယ်..နင်လဲ သိရက်နဲ့ ငမူးသားဖကို ငါက ရူးနေလို့သွားမိတ်ဆက်ရမှာလား.."
အမေ့စကားကြီးကို ကျွန်တော် မကြိုက်ပါဘူး။
"အမေကလဲ..ကောင်လေးက မမူးပါဘူး.."
အမေ့မျက်စောင်းက ကျွန်တော့်ဆီ ဒိုင်းခနဲ။
"မူးမူး မမူးမူး..ငြိမ်ငြိမ်နေ သွားမပတ်သက်နဲ့..ဒီအရွယ်လေးနဲ့မှ မူးရင်လဲ..ငါပြောလို့မကောင်းလို့နော်ဟင်း...မောင်နော် သွားအစမလုပ်နဲ့ နင်ဒီလိုတုံးနေပုံနဲ့ ဟိုက ဗီဇတွေနဲ့ တကယ်မဖြစ်ဘူးနော်..နင့်ရောင်းစားသွားလိမ့်မယ်.."
"ဟာ အမေကလဲဗျာ.."
"မောင်နော်..မအေက ပြောရင် ဟုတ်ကဲ့ မပြောတတ်ဘူးလား.."
"ဟာဗျာ..ဟုတ်ကဲ့..ဟုတ်ကဲ့.."
မကျေမနပ်ဖြေတော့ အမေက မျက်စောင်း ထပ်ထိုးတယ် ။ ပြီးတော့ "ငါစောင့်ကြည့်နေမှာနော်" ဆိုပြီး ထပ်ကြိမ်းတယ်။
အမေ ဘယ်လိုတားတား ကျွန်တော် နေ့တိုင်းမျှော်ကြည့်ရာအရပ်ဟာ ဘေးအိမ် ဖြစ်လာခဲ့တယ်။
"အမေရယ်..အဲ့ကလေးက မောင့်ကို ကူညီခဲ့တာပါ" လို့ ပြောတော့..
"အမယ်လေး သူများဂေါ်ဖီထုတ်ကို လွှင့်ပစ်တယ်ဟုတ်လား..ဗီဇဆိုးလေးနေမယ်..မောင့်ကို အမေက ဘယ်လိုမွေးခဲ့ရတယ်မှတ်လဲ..တစ်သက်လုံး အရိပ်တကြည့်ကြည့်လုပ်ပြီးထားခဲ့ရတာ အခုလို လူတွေနဲ့ပေါင်းဖို့ မဟုတ်ဘူး" တဲ့။
ဒီလိုမှန်းသိရင် ဖြစ်စဉ်ကို ထိန်ချန်ပြီးပြောခဲ့တာပေါ့..ဒါပေမဲ့ ကျွန်တော်က မလိမ်တတ်ဘူး... တစ်ခုခုကိုလိမ်တော့မယ်ဆို မျက်နှာကြီးရဲတက်လာပြီး ချွေးစေးတွေ ပြန်လာခဲ့တာ။ ပြီးရင် ခြေတွေလက်တွေ ကပ်ကုန်တဲ့အထိ..အလွဲလွဲအမှားမှား။
YOU ARE READING
"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)