(21)

1.2K 74 2
                                    

Unicode

"ဪ...သားတောင် ပြန်လာပြီလား "

"ဟုတ်မေမေ ဒါနဲ့ ညီမလေးရော..."

"သားရဲ့ ညီမလေးက ရောက်ထဲက အခန်းထဲမှာပဲလေ..."

"ဟုတ် ဒါဆို သား ညီမလေးဆီ ခနသွားလိုက်ဦးမယ်..."

"အေးအေး သား..."

မြူနဲ့ ညီမလေး ဖြစ်ခဲ့တဲ့ အကြောင်းကို သိချင်လွန်းတာကြောင့် ချက်ချင်းပဲ ညီမလေးရဲ့
အခန်းကို လျှောက်လာမိသည်...

ဒေါက်...ဒေါက်...ဒေါက်

"တံခါးဖွင့်ထားတယ်..."

"ညီမလေး...."

"ဪ...ဘာပြောစရာရှိလို့လဲ ကိုကို...."

"နေ့ခင်းက မြူနဲ့ ညီမလေး ပြသနာဖြစ်လာကြတာလား
မြူ အရမ်းဒေါသထွက်နေလို့..."

"ဟုတ်လား အကဲပိုလိုက်တာ အပြင်လေး ခနခေါ်ပြီး
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတာကို အဲ့လောက် ဒေါသထွက်စရာ လိုလို့လား ....."

"ဟင်းးးးး မဟုတ်ဘူးလေ ညီမလေးရဲ့ မြူက ငယ်ငယ်လေးထဲက လူတွေနဲ့ ဆက်ဆံရတာ မကြိုက်ဘူးဆိုတာ ညီမလေးလဲ သိနေတာပဲ...."

"အခု ကိုကိုက သစ်ခက်ကို သူ့အတွက်နဲ့ ဆူနေတာလား
သစ်ခက်က ကိုယ်သဘောကျတဲ့ သူကို သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင် ရုံလေးလေ သစ်ခက် ဘာမှားလို့လဲ....."

"ဟင်!!!ညီ ညီမလေး ဘာပြောလိုက်တာ..."

"ဟုတ်တယ် သစ်ခက် မြူ့ကို သဘောကျတယ်
မေမေကလဲ သဘောတူတယ် အဲ့တာကြောင့် သစ်ခက်ကို
သူသဘောကျလာအောင် ကြိုးစားနေတာ...."

"......."

ကျွန်တော် နားကြားများမှားတာလား  ညီမလေးက မြူ့ကို...

"အဲ့တာကြောင့် ကိုကိုလဲ သစ်ခက်ကို ကူညီပေးလေနော်
သစ်ခက် မြူ့ကို တကယ်သဘောကျတာပါ..."

"ဒါပေမယ့် ညီမလေး မြူ့ဘက်က...."

"သစ်ခက် သိပါတယ် မြူက သစ်ခက်ကို ခံစားချက်မရှိဘူးဆိုတာ ဒါပေမယ့် သစ်ခက် ဂရုမစိုက်ဘူးကိုကို သူ သစ်ခက်ကို သဘောကျလာအောင်
သစ်ခက် ကြိုးစားမှာ ကိုကိုလဲ သစ်ခက်ကို ကူညီပေးလေနော်...."

Reflection.. (Completed)Where stories live. Discover now