(36)

1.1K 49 0
                                    

Unicode

"boss ..လက်က ဘယ်လိုဖြစ်တာလဲ.."

ပထမ ဒဏ်ရာပင် ပျောက်လုလုရှိသေးသည်
အခု လက်က ပတ်တီးနဲ့ ပြန်ဖြစ်သွားတဲ့ boss ကြောင့်
စွမ်းခန့် မေးမိခြင်းဖြစ်သည်....

"ဒီတိုင်း ထိမိတာ...!! "

ဘေးနားမှာ ကိုကိုရှိနေတာကြောင့် စကားသံ မမာအောင် ထိန်းပြောနေရခြင်းဖြစ်သည်...ပုံမှန် နှစ်ယောက်ထဲ ရှိချိန်ဆို
စွမ်းခန့်ဦးတို့ ဒီလိုတောင် မေးရဲမည်မဟုတ်..ကိုယ့်အော်သံနှင့်ပင် လန့်နေသည်မဟုတ်လား..

" ညနေစာအတွက် ပြင်ထားလိုက်တော့ ခနနေရင်
ဆင်းလာခဲ့မယ်  လာကိုကို..အပေါ်တတ်မယ်.."

အတင်းဆွဲခေါ်နေတဲ့ မြူ့ကြောင့် လူက သူ့လက်ကြီးတွေ ဆွဲခေါ်ရာနောက် ပါသွားရသည်... အဲ့ ‌လူဆိုးကောင်လေးဟာလေ စွမ်းခန့်ရှေ့မှာ အားနာရကောင်းမှန်းလဲ မသိ....

"ကိုကို  ကျွန်တော် ရေအရင်ချိုးလိုက်မယ်နော်..."

သဘက်တစ်ထည်ကိုင်ကာ ရေချိုးခန်းဆီ ဦးတည်နေတဲ့
လူဆိုးကောင်လေးရှေ့ကနေ ပျိုး ပိတ်ရပ်လိုက်သည်....

"ဘာလို့လဲ ကိုကို..."

"ခနနေမှချိုး..အခုမှ အပြင်ကပြန်လာတာကို အပူရှပ်မယ်.."

"ကိုကိုရာ..ကျွန်တော်က ချိုးနေကျပါ အေးဆေး.."

"မရဘူး..ငယ်ငယ်ထဲက အဲ့ဒီ့အကျင့်ကို ပြင်ပေးချင်နေတာ
အခွင့်မသာခဲ့လို..အခုပြင် အဲ့အကျင့်ကို..."

ရေချိုးခန်းရှေ့ ပိတ်ရပ်ကာ ပြောနေပုံက ကိုယ်မှ နားမထောင်ရင် ထငိုတော့မည့် ကလေးလိုလို...

"အဟက်..!! ချစ်စရာလေး..."

ဖြူဖွေးဖွေး ပါးလေးနှစ်ဖက်အား တစ်ဖက်စီ ငုံ့နမ်းတော့
မရှောင်သည့်တိုင် နှုတ်ခမ်းဖူးဖူးလေးက ဆူပုတ်နေဆဲ...

သဘောကတော့ နားမထောင်ရင် စိတ်ဆိုးပါမည်ပေါ့...

"အင်းပါ..ခနနေမှ ချိုးမယ် ဟုတ်ပီလား... ရုပ်လေးကိုလဲ ကြည့်ပါဦး ဒါလား ကျွန်တော့်ထက် ခြောက်နှစ်ကြီးတာ...
ဆူပုတ်နေတာ ငါးနှစ်သားလေးလိုပဲ..."

Reflection.. (Completed)Where stories live. Discover now